အခန္း ၈ လမ္းမေလ်ွာက္ႏိုင္
ေယာင္ေယာင္ အလယ္တန္း မတက္ခင္ သူမက သူမ ရဲ့အေမဘက္က အဘိုးဆီမွာသာေနခဲ့တာပင္
ေျပာရရင္ သူမ အေမဘက္က အဘိုးေခၚသြားတာက တအားတင္းက်ပ္တာမ်ိဳးမရိွ ဖန္ဘိုးေဘးေတြက ပိုးထည္လုပ္ငန္းကိုလုပ္ကိုင္ၾကၿပီး ႏွစ္ေပါင္းမ်ားစြာၾကာေတာ့ ေျပာင္းေရႊ့လာၾကတာ သူတို႔က ေယာင္ေယာင္ အဘိုး လက္ထပ္ေရာက္တဲ့ခ်ိန္ထိ အခက္ခဲေတျြဖတ္ေက်ာ္လာရတာ ၿပီးေတာ့ သူ႔မ်ိဳးဆက္မွာ သူပဲက်န္ခဲ့တာ လူႀကီးေတြက အေဆာက္အဦးျမင့္ႀကီးေတြမွာေနသားမက်ၾကဘူး သူေသတဲ့ထိ အဘိုးက ၿမိဳ႔ေဟာင္းက ရိုးရွင္းတဲ့တရုတ္ရိုးရာအိမ္ေလးမွာပဲေနသြားခဲ့တာ
ၿမိဳ႔ေဟာင္းက အိမ္ေတြဆိုေပမယ့္ ေရွးက်တဲ့ ပံုံစံမ်ိဳးမဟုတ္ဘဲ ဒီတိုင္း အိမ္အိုေတြဆိုတဲ့သေဘာေလာက္ပဲ အဲ့မွာေနတဲ့လူေတြကလည္း လူႀကီးေတြ လူအိုေတြမ်ားသည္။ ၿမိဳ႔စၿပီးတိုးတက္လာေတာ့ ၿမိဳ႔ေဟာင္းက အရင္ ဖယ္ခံရမွာေလ ဒါမဲ့လည္း ႀကီးၾကပ္သူေတြက ေနထိုင္တဲ့လူႀကီးေတြကို သနားတာနဲ႔ သူတို႔ကို ဒီတိုင္း ထားခဲ့တာ စစ္ပြဲကေတာင္ အိမ္ေတြၿပိဳက်ေအာင္မလုပ္ႏိုင္ဘူး အခုထိလည္း အဲ့အိမ္ေတြက အေကာင္းတိုင္းပဲ အခုက် အဲ့ၿမိဳ႔ေဟာင္းေလးက လူသိမ်ားတဲ့ေနရာေလးေတာင္ျဖစ္လို႔
ေယာင္ေယာင္ ငယ္ငယ္တုန္းက လုပ္ရတာ အႀကိဳက္ဆံုးက အိမ္တိုင္းကို သူမ အဘိုးနဲ႔ သြားလည္တာပဲ သူမေလးက အေျပာခ်ိဳၿပီးသြက္ေတာ့ လူႀကီးေတြက သူမဆိုငံု႔ထားမတတ္ ခ်စ္ၾကသည္ေလ ဘာစားစား ဘာေဆာ့ေဆာ့ သူမကို သက္ၫွာေပးၾကသည္။
အဲ့တုန္းက ခ်င္းက်င္းက ၿမိဳ႔ေဟာင္းေလးမွာ ကေလးဗိုလ္ပဲ သတၲိကလည္းရိွရန္ျဖစ္တာလည္း ေတာ္သည္။ သူ႔ရဲ့ သဘာဝ ရန္သူ ေယာင္ေယာင္နဲ႔မေတြ့ခင္ထိေပါ့ေလ ေယာင္ေယာင္က လူႀကီးေတြေရ႔ွမွာ လိမ္မာခ်င္ေယာင္ေဆာင္တတ္သေလာက္ သူတို႔ေနောက္ကြယ္မွာက် လုပ္ခ်င္ရာလုပ္သည္။ နာမည္လည္းႀကီးသည္။ သူမ ေက်ာင္းဝင္ေပါက္ကို လာၿပီး သူမကို ရိုက္ဖို႔ေစာင့္ေနတဲ့သူေတြကလည္း ႏွစ္ေယာက္သံုးေယာက္မကဘူး ၿမိဳ႔ေဟာင္းက ေကာင္ေလးေတြက သူမကို ရန္ျဖစ္ကူၾကၿပီး ဆိုးဆိုးဝါးဝါး ခိုက္ထိၾကသည္။ သူမကေတာ့ ေယာက်္ားေလးေတြေနာက္မွာ လက္ခုပ္္ေတြတီးၿပီး သူတို႔ကို ဆဲတာေပါ့ ေအာ္ဆဲလို႔ ေမာသြားရင္ အိမ္ျပန္ၿပီး ညစာစားဖို႔ အဲ့ေနရာကို ပစ္ထားခဲ့ေရာ
ေနာက္ပိုင္း သူမ ကို ျမင္တာနဲ႔ လူေတြက ေျပးခ်င္လာၾကေရာ ခ်င္းက်င္းက သူမကိုဖြက္ထားေပးခ်င္ေပမယ့္ သူတို႔ အဘိုးေတြက သူငယ္ခ်င္းေကာင္းေတြေလ ေယာင္ေယာင္က အျပစ္ေျပာတတ္တဲ့ေနရာမွာဆရာႀကီးဆိုေတာ့ သူက သူ႔ကေလးဘဝက သူမေၾကာင့္ ဖ်က္ဆီးခံရေတာ့တာပဲ
အဲ့တုန္းက သူက ေယာင္ေယာင္က ေနာက္ခံပင္ သူက ေျပာခ်င္တာေတြ အမ်ားႀကီးရိွေပမယ့္ မ်ိဳသိပ္ထားရတဲ့ ကိုကိုေလးေပါ့
ခ်င္းက်င္းက ေယာင္ေယာင္ေၾကာင့္ ၿမိဳ႔ေလးတဝက္ကို ပတ္ေပးခဲ့ရၿပီး ၿမိဳ႔ေဟာင္းကို ျပန္လာခဲ့ၾကသည္။ ကမ႓ာႀကီးက တိုးတက္မႈျပန္လြန္းတာကို သူတို႔လက္ခံရမည္။ ေရ႔ွကို ဆက္သြားေနရမွာ ျဖစ္ၿပီးေတာ့ ေနာက္ျပန္လွည့္ၾကၫ့္ဖို႔ အခ်ိန္လည္းမရိွ
ခ်င္းက်င္းက ေယာင္ေယာင္နဲ႔ အတူ စက္ဘီးကကိုတြန္းၿပီး ၿမိဳ႔ေဟာင္း ျမစ္ေလးဆီ ပတ္ခဲ့ၾကသည္။ လမ္းေပၚက လူေတြအကုန္လံုးက ႏိုင္ငံျခားသားေတြ သို႔ ဒရာမာ ကားတစ္ကား ရိုက္ေနၾကတဲ့သူေတြ လမ္းေထာင့္မွာ ဆိုင္ေသးေသးေလးတခ်ိဳ႕ရိွၿပီး မုန္႔ေတြ ေက်ာက္မ်က္ရတနာေတြ အဝတ္ေတြ ေရာင္းေနၾကသည္။ တစ္ခါတစ္ေလ ရင္းႏွီးတဲ့ လူေတြကိုေတြ့ရင္ ႏႈတ္ဆက္ၾကသည္။ သူတို႔ ျပန္ဖို႔လုပ္ေတာ့ ခ်င္းက်င္းက ေယာင္ေယာင္ကို အိမ္ကို ျပန္သြားၾကည့္ခ်င္လားလို႔ေမးသည္။ ေယာင္ေယာင္က ေခါင္းခါျပကာ ျငင္းလိုက္သည္။
သူမက ရတနာကို လႊင့္ပစ္လိုက္တဲ့ကေလးတစ္ေယာက္နဲ႔တူသည္။ တေန့က် သူမ ျပန္သတိရလာတဲ့ခ်ိန္ သူမ သိလိုက္ရတာက ရတာကို ဆံုးရႈံးလိုက္ရတာသူမတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကိုပင္
ေယာင္ေယာင္ကလူအိုႀကီးေတြရဲ့ႏွလံုးသားကို ရုတ္တရက္ နည္းနည္းနားလည္သြားသလိုပင္
သူမက အတ္ိတ္ကို ျပန္သတိရေနတဲ့ သူနဲ႔တူသည္။ သူမ အတိတ္မွာထားခဲ့တဲ့ ေျခရာေတြကို ျပန္နင္းေနတဲ့သူ အတိတ္ကိုရွာေဖြေနတဲ့သူ မေန့က ျဖစ္ခဲ့သလို အကုန္လံုးကို ျဖည္းၿဖ္ညးခ်င္း ျပန္မွတ္မိလာတဲ့ထိ
ခ်င္းက်င္းက ေယာင္ေယာင္လက္ကိုက္ိုင္ထားကာ ျဖည္းျဖည္းခ်င္းေလ်ွာက္လာၾကသည္။ လြန္ခဲ့တဲ့ႏွစ္ေတြက သူတို႔ေလ်ွာက္သလိုပဲ သူမ ေလ်ွာက္လိုက္တိုင္းလည္း အရိုးမရိွသလို ပ်င္းရိေနတတ္ၿပီး သူကသာ သူမကိုဆြဲေခၚရတာပင္ ေလ်ွာက္လိုက္တိုင္းလည္း သူက ပင္ပန္းၿပီးေသေတာ့မလိုပဲ သူမကိုလည္း ေဒါသတႀကီးဆူပူတတ္တာက "ဒုကၡေပးတဲ့ ဟာေလး စိတ္အေနွာင့္အယွက္ေပးတဲ့ဟာေလး" လို႔ပင္
သူမက ေျမျပင္ေပၚမွာထိုင္ကာ ဆက္မေလ်ွာက္ေတာ့ သူဘယ္လိုပဲ ေျပာေျပာ ေသရမယ္ဆိုရင္ေတာင္ မထခ်င္ေတာ့ အဆံုးက် သူလည္း သူ႔ကံၾကမၼာကိုလက္ခံၿပီး သူမေလးကို ကုန္းပိုးရေတာ့တာပဲ
ၿပီးရင္ေတာ့ သူ႔နားရြက္ကို ဆြဲၿပီး သူမက ေအာ္မွာက "ဘယ္သူက ဒုကၡေပးတာလဲ" လို႔ပင္
"ငါက ဒုကၡေပးတဲ့သူပါ"
"ဘယ္သူက စိတ္အေနွာင့္အယွက္ေပးတာလဲ?"
"ငါက စိတ္အေနွာင့္အယွက္ေပးတာ"
ၿမိဳ႔ေဟာင္းက ကေလးေတြက သူတို႔ ရယ္ၾကရင္ ေလွာင္ၿပီး သူတို႔ လိုလိုက္လုပ္ရင္ သူက သူမကိုခ်ေပးၿပီး သူတို႔ကို လိုက္ဖမ္းၿပီး ရိုက္ေရာ ကေလးေတြက ငိုၿပီးအေမကိုေအာ္ေခၚရင္ သူ႔ေနာက္က သူမက ရယ္ၿပီး သူ႔ကိုအားေပးတတ္သည္။ သူတို႔ကို ရိုက္ၿပိးေတာ့ သူက ဒီ ဒုကၡေပးတဲ့ဟာေလးကို ဆက္ၿပီးေက်ာပိုးရျပန္သည္။
ေယာင္ေယာင္က ေတြးမိတာနဲ႔ ၿပံဳးလိုက္သည္။
ခ်င္းက်င္းက သူမ ဘာကို ၿပံဳးေနတာလဲ ေမးေပမယ့္ သူမက ျပန္မေျဖဘဲ သူ႔ကိုသာၾကည့္ၿပီး ၿပံဳးေနခဲ့သည္။
ခ်င္းက်င္းက ဂရုမစိုက္ သူမကို ကူကယ္ရာမဲ့စြာၾကည့္ကာ သူမက ၿပံဳးေနၿပီးေနာက္ ငိုခဲ့သည္။ သူမက အရင္က အရမ္းသန္မာခဲ့တာ ရန္ျဖစ္ရင္ေတာင္မငိုဘူး ရႈံးရင္ေတာင္ ေမာက္မာတဲ့ဘုရင္မလိုပဲ တကယ္တန္းက သူမ ငယ္တုန္းက လူေတြ သူမအေပၚဆက္ဆံတဲ့သေဘာထားကိုမျမင္ခဲ့တာ သူမ အေဖကလည္း သူမကို သေဘာမက်ဘူး သူ႔ေရ႔ွမွာဆို အလိုလိုက္ခံရဖူးတာမ်ိဳးမရိွဘူး သူမကို မုန္းတဲ့သူေတြရိွတာေတာင္ သူမက ဂရုမစိုက္သလိုေနတာ ငိုလည္းမငိုေတာ့ဘူး ဘာလို႔လဲ ဆိုေတာ့ သူမငိုရင္ေတာင္အဲ့လူေတြက သူမကို ဂရုမစိုက္ဘူးဆိုတာ သိလို႔ေလ
သူမကို ဂရုစိုက္တဲ့သူ ဂရုမစိုက္တဲ့သူ အကုန္လံုးကို သူမရင္ထဲမွာ ရွင္းရွင္းလင္းလင္းသိၿပီးသားပင္
မနာလိုမႈက လူေတြကို ရူးေအာင္လုပ္ိႏိုင္တယ္
မနာလိုမႈေၾကာင့္ သူမေတာင္မသိလိုက္တဲ့ လူတစ္ေယာက္ျဖစ္လာခဲ့တဲ့ထိေလ
ရွည္လ်ားတဲ့ အိမ္မက္ဆိုးႀကီးတစ္ခုကို မက္ၿပီး ႏိုးလာရသလိုပင္
သူမ ထငိုတာေၾကာင့္ ခ်င္းက်င္းလည္း လန္႔သြားေတာ့သည္။ အျမန္တစ္ရႈးရွာၿပီး သူမကို သုတ္္ေပးေပမယ့္ မ်က္ရည္ေတြက ဆက္တိုက္က်ေနဆဲ သူလည္း ဆက္တိုက္ သုတ္ေပးေနရဆဲ အရင္ကနဲ႔မတူ အရင္ကဆို သူမငိုရင္ သူက "မိန္းကေလးေတြက တအား ျပသာနာရွာတာပဲ" လို႔ေျပာမွာ သူအက်ႌလက္နဲ႔ သူမ မ်က္ရည္ေတြကို သုတ္ေပးၿပီးေတာ့ေလ အခုက် သူက ေခါင္းေလးငံု႔ၿပီး အမူအရာေတြက ႏူးညံ့လို႔ သူမကိုမ်က္ရည္သုတ္ေပးတာကလည္း ညင္ညင္သာသာေလး သူမနာက်င္သြားမွာေၾကာက္ေနသလိုမ်ိဳး
သူေျပာင္းလဲသြားတယ္ အရမ္းကို ထူးထူးဆန္းဆန္းနဲ႔ေလ
သူ႔ကိုေမးလိုက္သည္။ "ဘာလုပ္ၾကမလဲ အခု ငါလမ္းမေလ်ွာက္ႏိုင္ေတာ့ဘူး"
သူက ေရ႔ွကိုဆက္ေလ်ွာက္တဲ့သူ အကုန္လံုး ေရ႔ွကိုပဲဆက္ေလ်ွာက္ေနၾကတာ သူမ တစ္ေယာက္တည္းရပ္ေနတာ သူမက အတိတ္မွာၿဖ္စခဲ့သမ်ွကို လက္မလႊတ္ႏိုင္ျဖစ္ေနတာ အမွတ္တရေတြနစ္ျမဳပ္ၿပီး ဆက္လည္းမေလ်ွာက္ ထြက္လည္းမသြားခ်င္ျဖစ္ေနတာ တစ္ေန့က် သူ႔ကိုထပ္မျမင္ရေတာ့ဘူးဆိုတာကို သူမ သေဘာေပါက္သြားတယ္ သူမရဲ့ ေမာက္မာမႈေတြေၾကာင့္ေလ အျငင္းခံရမွာကိုေၾကာက္လို႔ ေမာက္မာခ်င္ေယာင္ေဆာင္တယ္ ဒါမဲ့ သူမက ညဏ္မေကာင္းေတာ့ လူတိုင္း အရူးလုပ္တာခံရတယ္
ခ်င္းက်င္းက ဝမ္းနည္းေနတဲ့မ်က္လံုးေတြနဲ႔ သူမကိုၾကည့္ကာ "ဘာမွမျဖစ္ပါဘူး ကိုယ္အေဖာ္လုပ္ေပးမွာေပါ့"
ေယာင္ေယာင္ မ်က္လံုးထဲ မ်က္ရည္ေတြ ျပည့္ေနတာေၾကာင့္ သူ႔ အမူအရာကို ေသခ်ာမျမင္ရဘူး ဒါမဲ့ သူ႔စကားေတြေၾကာင့္ စိတ္ေအးခ်မ္းသြားတာေတာ့ အမွန္ပင္
ေယာင္ေယာင္ အျမန္ငိုၿပီးေရ႔ွကို အျမန္ဆက္ေလ်ွာက္သြားသည္။ ခ်င္းက်င္းကိုလည္းဆြဲေပါၿပီးေတာ့ေပါ့ လံုးဝ မငိုခဲ့သလိုပဲခ်င္းက်င္းလည္း ဘာမွဆက္မေျပာေတာ့ဘူး
အခန်း ၈ လမ်းမလျှောက်နိုင်
ယောင်ယောင် အလယ်တန်း မတက်ခင် သူမက သူမ ရဲ့အမေဘက်က အဘိုးဆီမှာသာနေခဲ့တာပင်
ပြောရရင် သူမ အမေဘက်က အဘိုးခေါ်သွားတာက တအားတင်းကျပ်တာမျိုးမရှိ ဖန်ဘိုးဘေးတွေက ပိုးထည်လုပ်ငန်းကိုလုပ်ကိုင်ကြပြီး နှစ်ပေါင်းများစွာကြာတော့ ပြောင်းရွှေ့လာကြတာ သူတို့က ယောင်ယောင် အဘိုး လက်ထပ်ရောက်တဲ့ချိန်ထိ အခက်ခဲတွေဖြတ်ကျော်လာရတာ ပြီးတော့ သူ့မျိုးဆက်မှာ သူပဲကျန်ခဲ့တာ လူကြီးတွေက အဆောက်အဦးမြင့်ကြီးတွေမှာနေသားမကျကြဘူး သူသေတဲ့ထိ အဘိုးက မြို့ဟောင်းက ရိုးရှင်းတဲ့တရုတ်ရိုးရာအိမ်လေးမှာပဲနေသွားခဲ့တာ
မြို့ဟောင်းက အိမ်တွေဆိုပေမယ့် ရှေးကျတဲ့ ပုံံစံမျိုးမဟုတ်ဘဲ ဒီတိုင်း အိမ်အိုတွေဆိုတဲ့သဘောလောက်ပဲ အဲ့မှာနေတဲ့လူတွေကလည်း လူကြီးတွေ လူအိုတွေများသည်။ မြို့စပြီးတိုးတက်လာတော့ မြို့ဟောင်းက အရင် ဖယ်ခံရမှာလေ ဒါမဲ့လည်း ကြီးကြပ်သူတွေက နေထိုင်တဲ့လူကြီးတွေကို သနားတာနဲ့ သူတို့ကို ဒီတိုင်း ထားခဲ့တာ စစ်ပွဲကတောင် အိမ်တွေပြိုကျအောင်မလုပ်နိုင်ဘူး အခုထိလည်း အဲ့အိမ်တွေက အကောင်းတိုင်းပဲ အခုကျ အဲ့မြို့ဟောင်းလေးက လူသိများတဲ့နေရာလေးတောင်ဖြစ်လို့
ယောင်ယောင် ငယ်ငယ်တုန်းက လုပ်ရတာ အကြိုက်ဆုံးက အိမ်တိုင်းကို သူမ အဘိုးနဲ့ သွားလည်တာပဲ သူမလေးက အပြောချိုပြီးသွက်တော့ လူကြီးတွေက သူမဆိုငုံ့ထားမတတ် ချစ်ကြသည်လေ ဘာစားစား ဘာဆော့ဆော့ သူမကို သက်ညှာပေးကြသည်။
အဲ့တုန်းက ချင်းကျင်းက မြို့ဟောင်းလေးမှာ ကလေးဗိုလ်ပဲ သတ္တိကလည်းရှိရန်ဖြစ်တာလည်း တော်သည်။ သူ့ရဲ့ သဘာဝ ရန်သူ ယောင်ယောင်နဲ့မတွေ့ခင်ထိပေါ့လေ ယောင်ယောင်က လူကြီးတွေရှေ့မှာ လိမ်မာချင်ယောင်ဆောင်တတ်သလောက် သူတို့နေောက်ကွယ်မှာကျ လုပ်ချင်ရာလုပ်သည်။ နာမည်လည်းကြီးသည်။ သူမ ကျောင်းဝင်ပေါက်ကို လာပြီး သူမကို ရိုက်ဖို့စောင့်နေတဲ့သူတွေကလည်း နှစ်ယောက်သုံးယောက်မကဘူး မြို့ဟောင်းက ကောင်လေးတွေက သူမကို ရန်ဖြစ်ကူကြပြီး ဆိုးဆိုးဝါးဝါး ခိုက်ထိကြသည်။ သူမကတော့ ယောကျ်ားလေးတွေနောက်မှာ လက်ခုပ််တွေတီးပြီး သူတို့ကို ဆဲတာပေါ့ အော်ဆဲလို့ မောသွားရင် အိမ်ပြန်ပြီး ညစာစားဖို့ အဲ့နေရာကို ပစ်ထားခဲ့ရော
နောက်ပိုင်း သူမ ကို မြင်တာနဲ့ လူတွေက ပြေးချင်လာကြရော ချင်းကျင်းက သူမကိုဖွက်ထားပေးချင်ပေမယ့် သူတို့ အဘိုးတွေက သူငယ်ချင်းကောင်းတွေလေ ယောင်ယောင်က အပြစ်ပြောတတ်တဲ့နေရာမှာဆရာကြီးဆိုတော့ သူက သူ့ကလေးဘဝက သူမကြောင့် ဖျက်ဆီးခံရတော့တာပဲ
အဲ့တုန်းက သူက ယောင်ယောင်က နောက်ခံပင် သူက ပြောချင်တာတွေ အများကြီးရှိပေမယ့် မျိုသိပ်ထားရတဲ့ ကိုကိုလေးပေါ့
ချင်းကျင်းက ယောင်ယောင်ကြောင့် မြို့လေးတဝက်ကို ပတ်ပေးခဲ့ရပြီး မြို့ဟောင်းကို ပြန်လာခဲ့ကြသည်။ ကမ္ဘာကြီးက တိုးတက်မှုပြန်လွန်းတာကို သူတို့လက်ခံရမည်။ ရှေ့ကို ဆက်သွားနေရမှာ ဖြစ်ပြီးတော့ နောက်ပြန်လှည့်ကြည့်ဖို့ အချိန်လည်းမရှိ
ချင်းကျင်းက ယောင်ယောင်နဲ့ အတူ စက်ဘီးကကိုတွန်းပြီး မြို့ဟောင်း မြစ်လေးဆီ ပတ်ခဲ့ကြသည်။ လမ်းပေါ်က လူတွေအကုန်လုံးက နိုင်ငံခြားသားတွေ သို့ ဒရာမာ ကားတစ်ကား ရိုက်နေကြတဲ့သူတွေ လမ်းထောင့်မှာ ဆိုင်သေးသေးလေးတချို့ရှိပြီး မုန့်တွေ ကျောက်မျက်ရတနာတွေ အဝတ်တွေ ရောင်းနေကြသည်။ တစ်ခါတစ်လေ ရင်းနှီးတဲ့ လူတွေကိုတွေ့ရင် နှုတ်ဆက်ကြသည်။ သူတို့ ပြန်ဖို့လုပ်တော့ ချင်းကျင်းက ယောင်ယောင်ကို အိမ်ကို ပြန်သွားကြည့်ချင်လားလို့မေးသည်။ ယောင်ယောင်က ခေါင်းခါပြကာ ငြင်းလိုက်သည်။
သူမက ရတနာကို လွှင့်ပစ်လိုက်တဲ့ကလေးတစ်ယောက်နဲ့တူသည်။ တနေ့ကျ သူမ ပြန်သတိရလာတဲ့ချိန် သူမ သိလိုက်ရတာက ရတာကို ဆုံးရှုံးလိုက်ရတာသူမတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုပင်
ယောင်ယောင်ကလူအိုကြီးတွေရဲ့နှလုံးသားကို ရုတ်တရက် နည်းနည်းနားလည်သွားသလိုပင်
သူမက အတ်ိတ်ကို ပြန်သတိရနေတဲ့ သူနဲ့တူသည်။ သူမ အတိတ်မှာထားခဲ့တဲ့ ခြေရာတွေကို ပြန်နင်းနေတဲ့သူ အတိတ်ကိုရှာဖွေနေတဲ့သူ မနေ့က ဖြစ်ခဲ့သလို အကုန်လုံးကို ဖြည်းဖြ်ညးချင်း ပြန်မှတ်မိလာတဲ့ထိ
ချင်းကျင်းက ယောင်ယောင်လက်ကိုက်ိုင်ထားကာ ဖြည်းဖြည်းချင်းလျှောက်လာကြသည်။ လွန်ခဲ့တဲ့နှစ်တွေက သူတို့လျှောက်သလိုပဲ သူမ လျှောက်လိုက်တိုင်းလည်း အရိုးမရှိသလို ပျင်းရိနေတတ်ပြီး သူကသာ သူမကိုဆွဲခေါ်ရတာပင် လျှောက်လိုက်တိုင်းလည်း သူက ပင်ပန်းပြီးသေတော့မလိုပဲ သူမကိုလည်း ဒေါသတကြီးဆူပူတတ်တာက "ဒုက္ခပေးတဲ့ ဟာလေး စိတ်အနှောင့်အယှက်ပေးတဲ့ဟာလေး" လို့ပင်
သူမက မြေပြင်ပေါ်မှာထိုင်ကာ ဆက်မလျှောက်တော့ သူဘယ်လိုပဲ ပြောပြော သေရမယ်ဆိုရင်တောင် မထချင်တော့ အဆုံးကျ သူလည်း သူ့ကံကြမ္မာကိုလက်ခံပြီး သူမလေးကို ကုန်းပိုးရတော့တာပဲ
ပြီးရင်တော့ သူ့နားရွက်ကို ဆွဲပြီး သူမက အော်မှာက "ဘယ်သူက ဒုက္ခပေးတာလဲ" လို့ပင်
"ငါက ဒုက္ခပေးတဲ့သူပါ"
"ဘယ်သူက စိတ်အနှောင့်အယှက်ပေးတာလဲ?"
"ငါက စိတ်အနှောင့်အယှက်ပေးတာ"
မြို့ဟောင်းက ကလေးတွေက သူတို့ ရယ်ကြရင် လှောင်ပြီး သူတို့ လိုလိုက်လုပ်ရင် သူက သူမကိုချပေးပြီး သူတို့ကို လိုက်ဖမ်းပြီး ရိုက်ရော ကလေးတွေက ငိုပြီးအမေကိုအော်ခေါ်ရင် သူ့နောက်က သူမက ရယ်ပြီး သူ့ကိုအားပေးတတ်သည်။ သူတို့ကို ရိုက်ပြိးတော့ သူက ဒီ ဒုက္ခပေးတဲ့ဟာလေးကို ဆက်ပြီးကျောပိုးရပြန်သည်။
ယောင်ယောင်က တွေးမိတာနဲ့ ပြုံးလိုက်သည်။
ချင်းကျင်းက သူမ ဘာကို ပြုံးနေတာလဲ မေးပေမယ့် သူမက ပြန်မဖြေဘဲ သူ့ကိုသာကြည့်ပြီး ပြုံးနေခဲ့သည်။
ချင်းကျင်းက ဂရုမစိုက် သူမကို ကူကယ်ရာမဲ့စွာကြည့်ကာ သူမက ပြုံးနေပြီးနောက် ငိုခဲ့သည်။ သူမက အရင်က အရမ်းသန်မာခဲ့တာ ရန်ဖြစ်ရင်တောင်မငိုဘူး ရှုံးရင်တောင် မောက်မာတဲ့ဘုရင်မလိုပဲ တကယ်တန်းက သူမ ငယ်တုန်းက လူတွေ သူမအပေါ်ဆက်ဆံတဲ့သဘောထားကိုမမြင်ခဲ့တာ သူမ အဖေကလည်း သူမကို သဘောမကျဘူး သူ့ရှေ့မှာဆို အလိုလိုက်ခံရဖူးတာမျိုးမရှိဘူး သူမကို မုန်းတဲ့သူတွေရှိတာတောင် သူမက ဂရုမစိုက်သလိုနေတာ ငိုလည်းမငိုတော့ဘူး ဘာလို့လဲ ဆိုတော့ သူမငိုရင်တောင်အဲ့လူတွေက သူမကို ဂရုမစိုက်ဘူးဆိုတာ သိလို့လေ
သူမကို ဂရုစိုက်တဲ့သူ ဂရုမစိုက်တဲ့သူ အကုန်လုံးကို သူမရင်ထဲမှာ ရှင်းရှင်းလင်းလင်းသိပြီးသားပင်
မနာလိုမှုက လူတွေကို ရူးအောင်လုပ်ိနိုင်တယ်
မနာလိုမှုကြောင့် သူမတောင်မသိလိုက်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့တဲ့ထိလေ
ရှည်လျာားတဲ့ အိမ်မက်ဆိုးကြီးတစ်ခုကို မက်ပြီး နိုးလာရသလိုပင်
သူမ ထငိုတာကြောင့် ချင်းကျင်းလည်း လန့်သွားတော့သည်။ အမြန်တစ်ရှုးရှာပြီး သူမကို သုတ််ပေးပေမယ့် မျက်ရည်တွေက ဆက်တိုက်ကျနေဆဲ သူလည်း ဆက်တိုက် သုတ်ပေးနေရဆဲ အရင်ကနဲ့မတူ အရင်ကဆို သူမငိုရင် သူက "မိန်းကလေးတွေက တအား ပြသာနာရှာတာပဲ" လို့ပြောမှာ သူအင်္ကျီလက်နဲ့ သူမ မျက်ရည်တွေကို သုတ်ပေးပြီးတော့လေ အခုကျ သူက ခေါင်းလေးငုံ့ပြီး အမူအရာတွေက နူးညံ့လို့ သူမကိုမျက်ရည်သုတ်ပေးတာကလည်း ညင်ညင်သာသာလေး သူမနာကျင်သွားမှာကြောက်နေသလိုမျိုး
သူပြောင်းလဲသွားတယ် အရမ်းကို ထူးထူးဆန်းဆန်းနဲ့လေ
သူ့ကိုမေးလိုက်သည်။ "ဘာလုပ်ကြမလဲ အခု ငါလမ်းမလျှောက်နိုင်တော့ဘူး"
သူက ရှေ့ကိုဆက်လျှောက်တဲ့သူ အကုန်လုံး ရှေ့ကိုပဲဆက်လျှောက်နေကြတာ သူမ တစ်ယောက်တည်းရပ်နေတာ သူမက အတိတ်မှာဖြ်စခဲ့သမျှကို လက်မလွှတ်နိုင်ဖြစ်နေတာ အမှတ်တရတွေနစ်မြုပ်ပြီး ဆက်လည်းမလျှောက် ထွက်လည်းမသွားချင်ဖြစ်နေတာ တစ်နေ့ကျ သူ့ကိုထပ်မမြင်ရတော့ဘူးဆိုတာကို သူမ သဘောပေါက်သွားတယ် သူမရဲ့ မောက်မာမှုတွေကြောင့်လေ အငြင်းခံရမှာကိုကြောက်လို့ မောက်မာချင်ယောင်ဆောင်တယ် ဒါမဲ့ သူမက ညဏ်မကောင်းတော့ လူတိုင်း အရူးလုပ်တာခံရတယ်
ချင်းကျင်းက ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ သူမကိုကြည့်ကာ "ဘာမှမဖြစ်ပါဘူး ကိုယ်အဖော်လုပ်ပေးမှာပေါ့"
ယောင်ယောင် မျက်လုံးထဲ မျက်ရည်တွေ ပြည့်နေတာကြောင့် သူ့ အမူအရာကို သေချာမမြင်ရဘူး ဒါမဲ့ သူ့စကားတွေကြောင့် စိတ်အေးချမ်းသွားတာတော့ အမှန်ပင်
ယောင်ယောင် အမြန်ငိုပြီးရှေ့ကို အမြန်ဆက်လျှောက်သွားသည်။ ချင်းကျင်းကိုလည်းဆွဲပေါပြီးတော့ပေါ့ လုံးဝ မငိုခဲ့သလိုပဲချင်းကျင်းလည်း ဘာမှဆက်မပြောတော့ဘူး