သစ္စာနှောင်ကြိုး(completed)
By peonywang18
57.8K 3.3K 348
Zhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unic... More
Hello!!
ဇာတ်ကောင်မိတ်ဆက်
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
-Epilogue-
Goodbye
Extra
Chapter(22)
1K 80 11
By peonywang18
"စစ်နတ်ဘုရား...အရှင်!!"
"တိတ်စမ်း!!"
ရန်သူကိုနာကျင်အောင်၊သေဆုံးချင်လာအောင်၊နှိမ်နှင်းရာမှာ သုံးသော ရှောင်ဟေလုံကိုစွဲကိုင်လို့..မူရင်းစစ်နတ်ဘုရားပုံစံပြောင်းကာ...ဒေါသတကြီးနဲ့ထိုအကောင်ကိုတိုက်ခိုက်နေသော...ပထမအဆင့်စစ်နတ်ဘုရားအရှင်ဟာ...ပိုင်လိအပေါ်ခံစားချက်ရှိနေတာလား..
"မင်းက...သူ့ကိုထိရဲတယ်ပေါ့!!အဆင့်နိမ့်..သတ္တဝါကောင်!!"
"အင့်..အူ...အူ"
ခြေ၊လက်တွေပြတ်ပြီး အဓိကပင်မသွေးကြောများကို ဓားဖျားတွေဖြင့်မွှန်းခြင်းခံနေရသော ထိုအကောင်၏ပုံစံမှာ အရှင်လတ်လတ် ငရဲ
ခံနေရသည့်အတိုင်းပင်။ သူ၏ ဒုက္ခဟာမသေးလှ..အရှင်ဟာထိုအကောင်၏ ဉီးခေါင်းကိုတက်နင်းလို့...
"ငါ့အပိုင်ကိုထိရဲတယ်ပေါ့!!!မင်းငရဲထက်ဆိုးတဲ့..နေရာရောက်စေရမယ်!!"
စစ်နတ်ဘုရားရဲ့မီးစွမ်းအင်ကိုသုံးလို့ မီးလောင်တိုက်သွင်းခြင်းခံနေရသော..ထိုသတ္တဝါဟာ ပြာမှုန်အဖြစ်မပြောင်းခင်..ခံစားလိုက်ရသောဝေဒနာဟာမသေးလှပေ။
သွေးများစွန်းထင်နေသော...ရှောင်ဟေလုံကို စွဲမြဲစွာကိုင်ထားသော..စစ်နတ်ဘုရား...သွေးအေးရက်စက်လှပါတယ်ဆိုတဲ့..သရုပ်မှန်ဟာယခုချိန်၌ပေါ်လာခဲ့ပြီလေ..
>>>>
"စစ်အထောက်တော်နတ်ဘုရား ရိလန်!!"
"ကျွန်တော်မျိုး...အမိန့်နာခံလျက်ပါ"
"လရောင်ပန်းကို..သွားယူလာခဲ့"
"အမိန့်အတိုင်းပါ..အရှင်"
လရောင်ပန်းဟာ စစ်နတ်ဘုရားနန်းဆောင်မူဟွာမှာပွင့်တဲ့...အဆိပ်မှန်သမျှပြေနိုင်သောပန်း...အရမ်းကိုရှားပါးကာ...နှစ်သောင်းချီမှာ တစ်ခါပွင့်သောပန်းပင် ြဖစ်သည်။ ထိုမျှအဖိုးတန်သောပန်းဟာ..ညီလေးပိုင်လိနဲ့ယှဉ်ရင် သဲတစ်ပွင့်စာထက်မပိုဘူးဆိုတာကို..သက်သေပြလိုက်သလိုပင်။
"နေအုန်း..ကောင်းကင်အရှင်မသိစေနဲ့"
"အမိန့်အတိုင်းပါ"
>>>
"ပိုင်လိ!!ခဏတောင့်ထားနော်.."
သွေးများစွာအန်နေသောပိုင်လိကြောင့် သူရဲ့စိုးရိမ်စိတ်ဟာ ဒီရေအလား တလိမ့်လိမ့်မြင့်တက်နေလေ၏..
"ရိအာ!!"
"မင်းဘာလာလုပ်တာလဲ..ထွက်သွား!!မင်းကြောင့်..သူအခုလိုဖြစ်ရတာ!!"
"ဖယ်စမ်း!!သူ့ကိုအခုရောကယ်နိုင်လို့လား!!ကျုပ်ကသူ့ကိုသေမင်းစီကဆွဲထုတ်နိုင်မဲ့..တစ်ယောက်ထဲသောသူ!!"
"မယုံဘူး!!မင်းကိုမယုံဘူး!!မင်းတို့နတ်ဘုရားတွေဘယ်သူ့ကိုမှမယုံဘူး!!"
"ဟက်..ကျုပ်ကနတ်ဘုရားဟုတ်နေရင်တောင်..ရိအာကိုအသေမခံနိုင်ဘူး..ကတိပေးတယ်..ရိအာကိုရအောင်ကယ်မယ်..ဒီဘာမဟုတ်တဲ့..ဆေးသမားတော်ကသူ့ကိုမကယ်နိုင်ဘူး!!"
အရမ်းပြင်းထန်တဲ့ဤအဆိပ်ကို ဒီသမားတော်အမှန်တကယ် မဖြေနိုင်ပေ။ပိုင်လိ...မင်းချစ်ရတဲ့သူကို ငါတစ်ခါယုံကြည်ပေးလိုက်မယ်..
"ကောင်းပြီ"
ပိုင်လိအာ..ပွေ့ချီကာအဝေးတစ်နေရာစီသို့ ထွက်သွားသောဖုန့်သခင်လေး..မင်းရွေးချယ်ထားတာမှန်ကန်ပါစေ..ပိုင်လိ~~
ဂူအတွင်း..သလင်းကျောက်ဖျာပေါ်သို့...ဖြူဖျော့နေသောရိအာကို..ညှင်သာစွာချထားလိုက်တယ်..
စစ်နတ်ဘုရားဖြစ်တဲ့ သူဟာယခုအဆိပ်ကိုမိလျှင်တောင်..အသက်သေဆုံးတဲ့အထိမဖြစ်နိုင်ပေ။ကိုယ်ဟာမင်းအချစ်နဲ့ မထိုက်တန်သူတစ်ယောက်ပါ..ကျေးဇူးကြွေးတွေဟာ သိပ်ကိုကြောက်ဖို့ကောင်းတယ်ရိအာရဲ့...ကောင်းကင်အရှင် အပေါ်တင်နေတဲ့ကိုယ့်အကြွေးတွေ ဆပ်၍မကုန်သ၍ကိုယ်တို့ဟာရန်သူတွေပဲ...
"မိုက်ရှုးရဲဆန်လိုက်တာ..ရိအာရယ်..ကိုယ်က နတ်ဘုရားတစ်ပါးလေ။မင်းကဘာလို့ ကိုယ့်အသက်ကိုစတေးရတာလဲ။ကိုယ်လိုလူအတွက်နဲ့များ..မင်းအသက်ကပိုတန်ဖိုးရှိတာကို...ကိုယ့်ကိုအဲ့လောက်တောင်ချစ်ရလား.."
စကားအဆုံး၌နဖူးပြင်ထက်သို့..ကျရောက်လာသောနွေးထွေးသော အနမ်းတစ်ပွင့်ကို..မေ့မြောနေသောကောင်လေးမသိနိုင်ခဲ့ပေ။
ပြီးတော့ပါးပြင်နုနုကို ကျရောက်လာတဲ့..စစ်နတ်ဘုရားရဲ့မျက်ရည်စက်တွေကိုရောပေါ့..
>>>
"အရှင်..ရရှိလာခဲ့ပါပြီ"
"အင်း"
မိမိရဲ့လက်ဖဝါးကိုဓားဖြင့်မွန်းလို့ရလာတဲ့ သွေးစက် နဲ့လရောင်ပန်းကို ရောစပ်လို့တိုက်ကျွေးလိုက်တယ်...ကိုယ်တို့မကြာခင်ဝေးရတော့မယ်..ရိအာ
~~~
"ရိအာ...ဘယ်အချိန်ထိအိပ်စက်နေအုန်းမှာလဲ..ကိုယ်လွမ်းလှပြီ.."
ခုနှစ်ရက်မြောက်နေ့ရောက်သည်အထိ..နုိးထမလာသောရိအာကြောင့်သူ့မှာဘေးကထပ်ကြပ်မကွာနိုင်ပေ...
"ဖုန့်ဟွာ!"
"အရှင်"
"မင်းရည်ရွယ်ချက်ကိုမင်းမေ့နေပြီလား?မင်းသူ့ကိုတကယ် ချစ်လို့မရဘူးနော်..မင်းကသူ့ရဲ့အသက်ဇီဝန်ကိုချုပ်ငြိမ်းစေရမဲ့လူ.."
သူသိတယ်..လူဘုံကိုမရောက်ခက်ကတည်းကအရှင်ဟာ..သူ့ကိုနတ်သွေးနှောနဲ့ ပတ်သတ်သမျှပေစာကို ဖတ်ရှုပြီးထဲက..သူသိတယ်..ရိအာဟာနတ်သွေးနှောပိုင်လိရိပေါ်မှန်း..စတွေ့ကတည်းကသိခဲ့တာ...
သူအစမှအဆုံး..ဟန်ဆောင်ခဲ့တာတွေကြီးပဲ...ရိအာသူ့ကိုချစ်လာအောင်ဟန်ဆောင်ခဲ့တာ..သူဟာရိအာကိုသတ်ရမဲ့လူ..သူဟာစစ်နတ်ဘုရား..သူဟာကောင်းကင်အမိန့်ကို လွန်ဆန်လို့မရနိုင်ဘူး..
"ဖုန့်ဟွာမင်းငါ့ကို ကတိစကားဆိုထားတယ်နော်..မိုးကြိုးနတ်မင်း..ကိစ္စတုန်းကလဲငါမျက်ကွယ်ပြုထားတယ်။အခုကိစ္စအထိပါလား..ငါကြံစည်သမျှကို မင်းဖျက်စီးနေတာလား!!မင်းတလောကလုံးကမည်သူ့ကိုမဆိုနှစ်သက်နိုင်တယ်..အဲ့အထဲမှာပိုင်လိရိပေါ်မပါဝင်ဘူး!!"
"ကျွန်တော်မျိုး.."
"မင်းကသူ့ကို..ဇီဝိန်ချုပ်ရမဲ့လူ!!သူကမိစ္ဆာ!!မင်းကနတ်ဘုရား!!မင်းတို့နှစ်ယောက်ပေါင်းဖက်လို့မရနိုင်ဘူး!!သူက..မင်းကာကွယ်တဲ့ကောင်းကင်ဘုံကိုဖျက်စီးမဲ့ မိစ္ဆာကောင်!!မင်းဟာစစ်နတ်ဘုရားဆိုတာ မမေ့နဲ့!!"
>>>>
"အရှင်"
"မင်းတို့သိပြီပြီးမှတ်လား..နတ်သွေးနှောကဘယ်သူဆိုတာ"
"သိရှိပြီးကြောင်းပါ..အရှင်"
"အရှင်...ပိုင်လိကို..တကယ်ဇီဝိန်ချုပ်ငြိမ်းစေမှာလား"
"ငါဟာစစ်နတ်ဘုရားတစ်ယောက်။အချစ်အမုန်း ကင်းမဲ့သူ တစ်ယောက်။ပိုင်လိရိပေါ်အပေါ်..ချစ်ခြင်းတစိုးတစိမျှမရှိခဲ့ဘူး။ငါ့ဟာအမိန့်တော်..အတိုင်းလိုက်နာသူတစ်ယောက်ပဲ..."
ပြတ်သားသောစကား..ဆိုသောအရှင်သည် သူတို့ထင်ထားသလို ပိုင်လိအပေါ်၌စစ်မှန်သောချစ်ခြင်းမရှိခဲ့ပေ..
ဤစကား၏ဆိုလိုရင်းကို..သူတို့သဘောပေါက်ပါတယ်..ဘာကြောင့်များကံတရားဟာ..သူတို့အပေါ်ကျီစယ်နေရတာလဲ..
ကျောက်ဖျာပေါ်မှာ လဲလျောင်းနေတဲ့ ကောင်ငယ်လေးရဲ့နာကျင်မှုနှင့် မျက်ရည်တွေကို..အဘယ်သူမှမမြင်နိုင်ခဲ့ပေ~~
>>>
"ရှောင်~~"
အက်ကွဲနေသောအသံဖြင့်..သတိရရခြင်း..တမ်းတနေတာသူ့အမည်နာမကိုတဲ့လား..
"နိုးလာပြီလား..."
"ဟုတ်~~"
"ဖြေးဖြေးထ.."
"အ့.."
"ဘယ်နားနာလို့လဲ.."
ကျွန်တော်နှလုံးသားက..နာကျင်နေတယ်..ရှောင်..အမှန်တရားဟာသိပ်ကိုနာကျင်ဖို့ကောင်းတယ်...
"ကျော..ဘက်..က.."
ကျွန်တော်နာကျင်မှုတွေကိုရှောင်မမြင်စေရဘူး...ကျွန်တော်ရဲ့အဖိုးတန်နတ်ဘုရားလေးဟာအမြဲပျော်ရွှင်တဲ့သူပဲဖြစ်နေရမယ်...
"ကိုယ်မင်းကို..ပေးစရာရှိတယ်.."
"ဒါလေးက.."
"မင်းတောင်းခဲ့တဲ့ပန်းပုလေး..ကိုယ်ပြီးပြီ"
"ဒါကဘာအကောင်လေးလဲ.."
"အိပ်မက်သားရဲကောင်..အိပ်မက်ဆိုးတွေမမက်အောင်ကာကွယ်ပေးတယ်..သူကအပြင်မှာလည်း သမင်လိုပုံစံလေးပဲ..ဒီထဲကို..ကိုယ်ရဲ့စွမ်းအင်တချို့ထည့်ထားတယ်..သဘောကျလား.."
"ရှောင်ရဲ့..အရာရာကိုကျွန်တော်သဘောကျတယ်.."
သူ့ကျောပြင်လေးအာ..ခပ်ဖွဖွထွေးပွေ့လို့..ရင်ခွင်ထဲထည့်ထားပါသောရှောင်...ဟန်ဆောင်နေတယ်ဆိုရင်တောင်..ဒီနွေးထွေးမှုကို..ကျွန်တော်နှစ်သက်တယ်..
"ကိုယ်တို့မနက်ဖြန်..အပြင်လောက..ကိုပြန်ရမယ်"
ခွဲခွာခြင်းတွေစတင်ရတော့မှာပေါ့..
>>>>
"ပိုင်လိ!"
"ကော"
"သက်သာသွားတာ..တော်သေးတယ်"
"စိတ်မပူပါနဲ့ကျွန်တော်ကကြံခိုင်တယ်..ဟီး.."
"ဘယ်နှစ်ယောက်အောင်မြင်လည်း.."
"ငါတို့အဖွဲ့ပဲကျန်တော့တာ..ကျန်တဲ့လူတွေက..ကျရှုံးသွားကျပြီ"
"မနက်ကျရင်ထွက်ပေါက်တံခါးဖွင့်တော့မှာ..."
တိတ်ဆိတ်သွားတဲ့စကားဝိုင်း သူတို့ဟာအရင်လို မဟုတ်တော့ဘူး..တာဝန်၊ဝတ္တရားတွေကို ထိမ်းရွက်နေရသူတွေဖြစ်နေခဲ့ပြီ။ပြီးတော့ မိစ္ဆာ..နတ်ဘုရားဆိုတဲ့ ကန့်သတ်ချက်တွေဟာလည်း ပါဝင်လာခဲ့ပြီလေ...
>>>
"ကဲ..ထွက်ပေါက်တံခါးပွင့်လာပြီ"
"ဝင်ကြမယ်..."
သူနောက်ဆုံးအနေနဲ့..တောင်ကုန်းငယ်ကိုငေးကြည့်မိတယ်။ ပုံရိပ်ယောင်ကမ္ဘာဆိုပေမဲ့...ထိုနေရာလေးဟာရှောင်နဲ့သူနဲ့ ပထမဆုံးနဲ့နောက်ဆုံးအနမ်းခြွေခွင့်ရခဲ့တဲ့နေရာလေး..ရှောင်ကိုချစ်ခဲ့တဲ့အတွက်
ကျွန်တော် နောင်တမရခဲ့ပါဘူး...
နာကျင်ရတယ် ချစ်နေတုန်းပဲ
အမှန်တရားဟာခါးတယ်ဆိုပေမဲ့..
ချစ်ရသူရဲ့ ဟန်ဆောင်မှုကတော့
ချိုမြိန်တယ် ရစ်မူးလွယ်တယ်
အချစ်ဟာ လူကိုသေစေနိုင်တယ်
အဲ့သေခြင်းတရားကို သူဟာဖက်တွဲမိတော့...
ဤကမ္ဘာမှာသူ့လောက် မိုက်မဲသူရှိပါ့အုန်းမလား~~
အိမ်မက်သားရဲ
2/4/2022
10:05pm
____
Zawgyi
"စစ်နတ်ဘုရား...အရှင်!!"
"တိတ်စမ်း!!"
"အင့်..အူ...အူ"
>>>>
"အမိန့်အတိုင်းပါ"
>>>
"ရိအာ!!"
"ကောင်းပြီ"
>>>
"အရှင်..ရရှိလာခဲ့ပါပြီ"
"အင်း"
~~~
ခုနှစ်ရက်မြောက်နေ့ရောက်သည်အထိ..နိုးထမလာသောရိအာကြောင့်သူ့မှာဘေးကထပ်ကြပ်မကွာနိုင်ပေ...
"ဖုန့်ဟွာ!"
"အရှင်"
"ကျွန်တော်မျိုး.."
>>>>
"အရှင်"
>>>
"ရှောင်~~"
"နိုးလာပြီလား..."
"ဟုတ်~~"
"ဖြေးဖြေးထ.."
"အ့.."
"ဘယ်နားနာလို့လဲ.."
"ကျော..ဘက်..က.."
"ဒါလေးက.."
"ဒါကဘာအကောင်လေးလဲ.."
>>>>
"ပိုင်လိ!"
"ကော"
>>>
"ဝင်ကြမယ်..."
အိမ်မက်သားရဲ
2/4/2022
10:05pm
Continue Reading
You'll Also Like
636K 32.2K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
3.6K 314 12
အချစ်ဆိုတာဘာလဲမသိပေမယ့် မင်းကိုတော့ လိုချင်မိ‌ေနတယ်
459K 31.3K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
165K 5.2K 20
Thanks to Izuku's quirk, he was left behind, abandoned by his own mother. For her, his wings were a curse and not a blessing, including his healing q...