villain system

By phyothuthutun

52.8K 4.3K 188

Hello host ကျွန်တော်တို့ ရဲ့system spaceမှကြိုဆိုပါတယ် Hello....hello hostကျွန်တော့်ကိုတွေ့ရဲ့လား အင်းမင်းကစက... More

0.1
1.1
1.2
1.3
1.4
1.5(zawgyi)
1.6
1.7
1.8
1.9
space
2.1
2.2
Attention
2.3
2.4
2.5
2.6
2.7
2.8
2.9
2.10
2.11
2.12
space
3.1
3.2
3.3
3.4
3.5
3.6
3.7
3.8
3.9
3.10
3.11
3.12(End)
announcement
space
4.1
4.2
4.3
4.4
4.5
4.6
4.7
4.8
4.10
4.11(the end)
space
5.1

4.9

377 44 3
By phyothuthutun

Unicode

ဂျီအန်း လဲကျသွားတာနဲ့ ကားထဲက ပြေးထွက်လာတဲ့ လူသုံးယောက် ဂီထက်
ဆော့ဝန်းနဲ့ ဂီထက်ရဲ့သက်တော်စောင့်

ဂျီအန်းရဲ့အခြေအနေကို ဆော့ဝန်းက စစ်ဆေးလိုက်ပီး ကားပေါ်ကို ဂီထက်က ပွေ့တင်လိုက်တယ်
ပီးတာနဲ့ အရှိန်ပြင်းပြင်းနဲ့တစ်နေရာဆီသို့ ကားလေးက မောင်းနှင်သွားတော့တယ်

တစ်ဖက်က ဂျီနာနဲ့ ဦးလေးထယ်ဆွန်းကလည်း ကြားလိုက်ရတဲ့ပေါက်ကွဲသံကြီး​
ကြောင့်  ဂျီအန်းကိုစိတ်ပူနေကြတယ်
တိတ်ဆိတ်နေကြတဲ့အခြေအနေကို ဖုန်းသံက
ဖြိုခွင်းလိုက်တယ်
ဂျီနာရဲ့ဖုန်းက မြည်တာဖြစ်တယ်

ဂျီနာ....... ဟယ်လို ဆော့ဝန်း အစ်မ...အစ်မ ဘေးကင်းရဲ့လား သူ တစ်ခုခုဖြစ်သွားသေးလား........

မိုဆော့ဝန်း........ ဂျီနာ စိတ်မပူပါနဲ့ ငါအခု စမ်းသပ်ကြည့်တာ ထိခိုက်မှု နည်းနည်းပြင်းသွားရုံ ကြီးကြီးမားမားရှိမနေပါဘူး
ဒါကြောင့်စိတ်မပူပါနဲ့.........

ဂျီနာရဲ့ဖုန်းကို ဦးလေးထယ်ဆွန်း က လွဲယူလိုက်ပီး

ထယ်ဆွန်း........ ဆော့ဝန်း ဂျီအန်း ကို ကုသပေးပီးပီဆိုတာနဲ့ ဒီမှာဆက်ထားလို့မဖြစ်ဘူး
ဂီထက်ကိုပြောပေးပါ အခုလောလောဆယ်
ဂျီအန်းကိုခဏစောင့်ရှောက်ပေးပါလို့
ပြသာနာတွေကိုရှင်းပီးတာနဲ့ဂျီအန်းကို ငါလာခေါ်မယ် ........

ဆော့ဝန်း ဖုန်းကိုချပီးတာနဲ့ သူ့ရဲ့ ဆေးကုသခန်းဆီ ဂီထက်ရဲ့အကူအညီနဲ့ ဂျီအန်းကိုခေါ်သွားလိုက်တယ်
ဂျီနာ စိတ်မပူအောင်ပြောလိုက်ပေမယ့်
အစ်မ ဂျီအန်းရဲ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေကြီးရှိနေတာပင်
နံရံပြိုကျတဲ့အရှိန်နဲ့ ခန္ဓာကိုယ် က တော်တော်အထိနာထားသည်
ဆိုင်ကယ်ဦးထုပ်သာ မပါရင် အစ်မ ဂျီအန်း
အတွက် အန္တာရယ်ရှိနိုင်သည်

သူရှေ့က အစ်မဂျီအန်းကို စိတ်ပူစွာကြည့်နေတဲ့ ဂီထက်ကို အပြင်ထွက်စေလိုက်ပီး ဒဏ်ရာတွေချုပ်သင့်တာချုပ် ကျည်ဆန်မှန်ထားတာတွေကိုလည်း ထုတ်လိုက်သည်
တကယ်ကို သူတို့သာ အချိန်မီရောက်မသွားရင် အစ်မဂျီအန်း တစ်ခုခုဖြစ်သွားနိုင်သည်

Flashback

ဂျီအန်းသတိပေးပီးတာနဲ့ ဦးလေးထယ်ဆွန်းက ဂီထက်ဆီ ဖုန်းခေါ်လိုက်တယ်

ထယ်ဆွန်း........ ဂီထက် ဂျီအန်း အန္တရာယ်များတယ် မင်းသိတယ်မလား သူမက ဘယ်လောက်တောင် မိုက်ရှူးရဲဆန်လဲဆိုတာ
မြန်မြန်သွားပေးပါ အများကြီးနဲ့တစ်ယောက်
မဖြစ်ဘူး.........

ဂီထက်....... အစ်မ ဂျီအန်း ကာကွယ်ပေးချင်
တဲ့သူက ဦးလေးတို့ပါ စိတ်မပူဘဲ စောင့်နေပေးပါ ကျတော် သေချာပေါက် အစ်မဂျီအန်း ကို ကယ်ထုတ်လာမှာမို့........

ဂီထက် ကချက်ချင်းကားနဲ့ ဂျီအန်းဆီပြေးလာခဲ့တာဖြစ်သည်
ဂျီအန်း ဒဏ်ရာ ရခဲ့ရင် ကုသနိုင်အောင်
ဆော့ဝန်းပါလိုက်ခဲ့တာဖြစ်သည်

သူတို့ကားလေး လိုဏ်ခေါင်းထဲ စဝင်တာနဲ့
ဆိုင်ကယ်တစ်စီးကိုပဲ တခြားသော ဆိုင်ကယ်တွေ ဝိုင်းတိုက်ခိုက်နေတာကိုတွေ့လိုက်ရတယ်
ဂီထက်ကတော့ ချက်ချင်း ဝိုင်းရံနေတဲ့ ဆိုင်ကယ်တစ်စီးချင်းစီကို ပစ်ခတ်တော့တယ်
သူတို့ ဂျီအန်း ရဲ့ဘေးကနေ ရန်သူတွေကို ပစ်ခတ်ပေးပီး ခဏမှာပဲ ဗုံးပေါက်ကွဲပီး လိုဏ်ခေါင်းရဲ့ဘေးနံရံတွေပြိုကျလာတာကိုတွေ့လိုက်ရတယ်
ဂျီအန်း အပေါက်ဝကအမြန်ပြန်ထွက်နိုင်ဖို့ နောက်ကနေ လမ်းရှင်းပေးရင်း
အပေါက်ဝ မှာရှိနေတဲ့ ဗုံးတွေပါ ထပ်ပေါက်ကွဲတာကိုကြားလိုက်ရတယ်
သူတို့လဲ ကားကိုအမြန်လေးမောင်းလိုက်တော့တယ်

အပြင်ကိုရောက်တာနဲ့ ကားလေးဟာစုတ်ပြတ်သတ်နေပီဖြစ်တယ်
ဒါပေမယ့် ဂရုမစိုက်နိုင်ပဲ
ဂျီအန်းဘေးကင်းလား အပြေးထွက်ကြည့်လိုက်ကြတယ်
သူတို့တွေ့လိုက်ရတာကတော့ မြေပြင်ပေါ်လဲကျနေတဲ့ ဂျီအန်းပဲဖြစ်တယ်

Flashback End





မိုဆော့ဝန်း ဂျီအန်းကိုကုသအပီး အပြင်ကိုထွက်ချိန်မှာပဲ အခန်းထဲ မပြေးရုံတမယ်ဝင်လာတဲ့ဂျီနာကိုတွေ့လိုက်ရတယ်
အခန်းထဲ အတင်းဝင်ဖို့စဥ်းစားနေတဲ့ ဂျီနာကို
သူ့ရင်ခွင်ထဲ ခပ်ဖွဖွဆွဲသွင်းပီးနှစ်သိမ့်လိုက်တယ်

ဆော့ဝန်း........ ဂျီနာ မင်းအရမ်းစိတ်ပူနေတယ် အစ်မ ဂျီအန်းကိုတွေ့ချင်နေတယ်ဆိုတာသိတယ် ဒါပေမယ့် ခဏလေး ခဏလေးစောင့်ပေး
ငါ့ကိုယုံကြည်တယ်မလား ငါကုသပေးထားတာ မို့လို့ စိတ်မပူပါနဲ့.........

ဆော့ဝန်းရဲ့ ချော့မြူသလို နှစ်သိမ့်ပေးမှုကြောင့် ဂျီနာ ဆော့ဝန်းရင်ခွင်ထဲမျက်နှာအပ်ကာ ငိုမိတော့တယ်

ဂီထက်........ တခြားနေရာမှာ သွားနှစ်သိမ့်လိုက်ပါလား.........

သူတို့ရဲ့ ချစ်စရာကောင်းလှတဲ့လေထုလေးကို ဖျက်စီးလိုက်သူက ဂီထက်
ဆော့ဝန်းကတော့ ထုံးစံအတိုင်း ခပ်ပြုံးပြုံးနဲ့ပဲ တုံ့ပြန်လေရဲ့

ဆော့ဝန်း........ မင်းလည်း အစ်မဂျီအန်းကိုဝင်တွေ့ချင်လို့လား အခုတော့မရသေးဘူး မင်းနားလည်တယ်မလား အခြေအနေက မတည်ငြိမ်သေးဘူး........

ဂီထက်က သူ့ကိုတားလို့နည်းနည်းတော့ မျက်နှာမဲ့သွားပေမယ့် ဆော့ဝန်းပြောတာမှန်တဲ့အတွက် ဒီအတိုင်းလှည့်ပြန်သွားတော့တယ်

ဂျီနာ.......... ဂီထက်က အစ်မကိုအရမ်းစိုးရိမ်နေပုံပဲ အစ်မက တကယ်ပဲ အဆင်ပြေမှာသေချာပါတယ်နော်..........

ရင်ခွင်ထဲကနေ သူ့ကို မျက်ရည်လေးရစ်ဝဲရင်းမေးလာတဲ့ ဂျီနာ
မိုဆော့ဝန်း ဂျီနာ့ဘေးနေလာတဲ့တစ်လျှောက် သူမလေးက အရမ်းကို အမှီအခိုကင်းတယ်
လူတွေကို ဝေးဝေးက ရှောင်နေတတ်တယ်ဆိုတာသိလာရတယ်
ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘဲ လူတိုင်းကိုသတိနဲ့ဆက်ဆံတတ်တယ်
သူမအပေါ်သိပ် ကောင်းသိပ်ချစ်ပေးတဲ့သူမ အစ်မ အပေါ်အရမ်းတွယ်တာ တတ်တယ်ဆိုတာရောပေါ့
သူမ အစ်မ လုပ်နေတာတွေကိုတွေ့တဲ့အခါ
သူမအစ်မ ဒဏ်ရာ ရလာတာကိုတွေ့တဲ့အခါ
ဆော့ဝန်းနဲ့ဂီထက်ဆီရောက်ရောက်လာတတ်ပီး သူမကိုအတိုက်အခိုက်သင်ပေးဖို့
သူမရဲ့ နည်းပညာအကြောင်းတွေကိုပဲ ပိုမိုလေ့လာနိုင်ဖို့ အကူအညီတောင်းလေ့ရှိတယ်
သူ သူမဘေးတဖြည်းဖြည်းနေရင်း သူမရဲ့
စိတ်ပူပန်မှုတွေကို သူ့ကို ဝေမျှပေးလာတဲ့အတွက် တကယ်ကိုဝမ်းသာမိတယ်

ဆော့ဝန်း ဂျီနာ့မျက်ရည်တွေကိ ခပ်ဖွဖွသုတ်ပေးလိုက်ရင်း ခေါင်းညိတ်လိုက်တယ်








တစ်ရက်နဲ့တစ်ည ကြာချိန်မှာတော့ အိမ်ရာထက်တည်ရှိနေတဲ့ ဂျီအန်းရဲ့မျက်လုံးတွေဖြေးညင်းစွာပွင့်လာတော့တယ်

'host သတိရလာပီလား ကျတော် host ကိုတကယ်စိတ်ပူနေခဲ့တာ'

' ငါတော်တော်လေးအိပ်ပျော်သွားခဲ့တယ်ထင်တယ်'

' ဟုတ်တာပေါ့ host မေ့မျောနေတဲ့အချိန်
ဂျီနာက အရမ်းငိုနေတာမို့ ဆော့ဝန်းက မနည်းချော့ထားရတာ ရင်ခွင်ထဲပွေ့ဖက်ပီးလေ'

ရှောင်း ပြောလို့တောင်မဆုံးသေး အိပ်ရာပေါ်က ကုန်းရုန်းထဖို့လုပ်နေတဲ့ဂျီအန်း

' ဟာ host စိတ်ကိုလျှော့ ပါအုံး ဂျီနာက ဇာတ်လိုက်မ ဆော့ဝန်းက ဇာတ်လိုက် host
ဘယ်လိုလုပ်လုပ် သူတို့က
ချစ်ကြိုက်သွားမှာ '

' ဟမ့် ငါရအောင်တားရင်ရော '

' host သိအောင်ပြောပြလိုက်မယ် hostကို
ကုသပေးတာ မိုဆော့ဝန်းနော်
ပီးတော့ host ကိုစိတ်ပူတဲ့သူတစ်ယောက်ရှိသေးတယ် ဂီထက် ဘယ်လိုလဲ မှတ်မိလား
သူတို့နှစ်ယောက်ပေါင်းပီး host ကို ကယ်လာခဲ့တာ သူတို့သာ အချိန်မှီရောက်မလာခဲ့ရင်
host တစ်ခုခု ဖြစ်သွားနိုင်တယ်'

' သူတို့နှစ်ယောက်က တစ်တွဲတွဲနော် ဘာလဲ
သူတို့က ငယ်သူငယ်ချင်းတွေ လား'

'host ပြောတာမှန်တယ် သူတို့က ငယ်သူငယ်ချင်းတွေ ကျတော် host ကို
မိုဆော့ဝန်းရဲ့နောက်ခံအကြောင်းမပြောရသေးဘူးနော်'

' အင်း ငါလည်း နင်ဘယ်အချိန်များပြောပြမလဲစောင့်နေတာ ပြောပါအုံး'

' ဒီလို host ရယ် မို မိသားစုက ရှေးစဥ်ဘောင်ဆက်ကတည်းက ဆေးဆရာမျိုးရိုး
မိုဆော့ဝန်းတို့အဖေက ကျော်ကြားတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပီးတော့ ဂိုဏ်းကြီးတွေရဲ့ သိုဝှက်ထားချင်တဲ့ တချို့ကိစ္စတွေကိုလည်း ကုသပေးရတဲ့သူ
ဂီထက်တို့မိသားစုနဲ့က မိတ်ရင်းဆွေရင်းတွေ
ဂိုဏ်းတွေကြား ဝင်ပါရင်းအန္တရာယ်ဖြစ်မှာစိုးတဲ့အတွက်
ဂီထက်ရဲ့အဖေက သူတို့မိသားစုရဲ့ ဆရာဝန်အဖြစ် ကမ်းလှမ်းခဲ့တယ်
ဂီထက်ရဲ့အဖေကလည်း အဲ့ဒီ့အချိန်က အင်အားတောင့်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်နေတာမို့ ဘယ်သူကမှ ကန့်မကွက်ရဲ

နောက်ကျတော့ အခု ဦးလေးထယ်ဆွန်း တို့ဂိုဏ်းကိုဖြုတ်ဖို့ကြံကြသလိုဘဲ ဂီထက်တို့ဂိုဏ်းကလဲ နည်းတူ တိုက်ခိုက်ခံခဲ့ရတယ်
ဒါကြောင့် မို မိသားစုကလည်း ဂီထက်နဲ့
မိုဆော့ဝန်း ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် အသတ်ခံခဲ့ရတယ်
နောက်တော့ host သိတဲ့အတိုင်း ဂီထက်က သူတို့ရန်သူတွေကိုပြန်ပေးဆပ်ရအောင်လုပ်ခဲ့တာပဲ
မိုဆော့ဝန်းကလဲ သူ့အဖေ နည်းတူ ထက်မြက်တဲ့ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တယ်'

' အသက် 14 နှစ်နဲ့ ဆရာဝန် ဖြစ်နေပီဆိုတော့လေ နည်းနည်း မပိုလွန်းဘူးလား အင်းပေါ့လေ ဇာတ်လိုက်ကိုး'

' host ညီမ လဲ ကြည့်လေ   ဂျီနာကအခု အတိုက်အခိုက်တောင် တော်တော်လေး ကျွမ်းကျင်နေပီ နည်းပညာလဲအတော့်ကို
တော်နေပီ အခုသာ Golden ကုမ္ပဏီကို ဖြုတ်ချမယ်ဆိုရင် သူတို့သုံးယောက်နဲ့တင် ရလောက်တယ်'

' အဲ့လိုလား အာ့ဆို ငါ အိပ်နေလဲ ရတယ်ပေါ့'

' အိပ်ချင်လည်းအိပ်ပေါ့ ဂျီနာ ငိုနေတော့မှာ
host က ကြည့်ရက်တယ်ပေါ့'

' မနက်ကျမှပေါ့ အခုတော့ ပြန်အိပ်တော့မယ်'

သူသူ တင်တာနောက်ကျသွားတဲ့အတွက် ဆောရီးပါနော်
ရှေ့နှစ်ပိုင်းကသူသူ ပိတ်ရက်တုန်းက ရေးထားလို့မြန်ပေမယ့် အခုအပိုင်းက ဒီနေ့မှကောက်ရေးလိုက်တာမို့ပါ
ဖတ်ပေးကြပါအုံး vote တွေနည်းတယ်နော်
သူသူ့ Wall ထဲ က တခြား fic တွေ up လာတောင်း လည်းရပါတယ်လို့
😍😍😍😍😍😍😍😍😘😘😘😘😘😘😘







Zawgyi


ဖြိုခွင်းလိုက်တယ်







Flashback


မဖြစ်ဘူး.........





Flashback End



























ချစ်ကြိုက်သွားမှာ '













😍😍😍😍😍😍😍😍😘😘😘😘😘😘😘



Continue Reading

You'll Also Like

112K 2.5K 51
imagines as taylor swift as your mom and travis kelce as your dad
1.5M 3.6K 14
Kwentong iyong magugustuhan
292K 17.8K 40
You live in a different time zone Think I know what this is It's just the time's wrong
247K 7.1K 129
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."