ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာ...

By MaungKaung6

106K 5.8K 217

စောင့်ဆိုင်းခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ တသတ်မတ်ထောင့်လို။ထပ်တူညီခြင်းဥပဒေသအရ အချစ်သည်..စောင်ဆိုင်းခြင်းနဲ့ တို... More

Part☁1(Z)
Part☁1(U)
Part☁2(Z)
Part☁2(U)
Part☁3(Z)
Part☁3(U)
Part☁4(Z)
Part☁4(U)
Part☁5(Z)
Part☁5(U)
Part☁6(Z)
Part☁️6(U)
Part☁️7(Z)
Part☁️7(U)
Part☁️8(Z)
Part☁️8(U)
Part☁️9(Z)
Part☁️9(U)
Part☁️10(Z)
Part☁10(U)
Part☁11(Z)
Part☁11(U)
Part☁12(Z)
Part☁12(U)
Part☁13(Z)
Part☁13(U)
Part☁14(Z)
Part☁️14(U)
Part☁️15(Z)
Part☁️15(U)
Part☁️16(U)
Part☁️17(Z)
Part☁️17(U)
Part☁️18(Z)
Part☁18(U)
Part☁️19(Z)
Part☁️19(U)
Part☁️20(Z)
Part☁️20(U)
Part☁️21(Z)
Part☁21(U)
💚💚💚
Part🌵22(U)
Part🌵22(Z)
Part🌵23(U)
Part🌵23(Z)
Part🌵24(U)
Part🌵24(Z)
Part🌵25(U)
Part🌵25(Z)
Part🌵26(U)
Part🌵26(Z)
Part🌵27(U)
Part🌵27(Z)
Part🌵28(U)
Part🌵28(Z)
Part🌵29(U)
Part🌵29(Z)
Part🌵30(U)
Part🌵30(Z)
Part🌵31(U)
Part🌵31(Z)
Part🌵32(U)
Part🌵32(Z)
Part🌵33(U)
Part🌵33(Z)
Part🌵34(U)
Part🌵34(Z)
Part🌵35(U)
Part🌵35(Z)
Part🌵36(U)
Part🌵36(Z)
Part🌵37(U)
Part🌵37(Z)
No update
Part🌵38(U)
Part🌵38(Z)
Part🌵39(U)
Part🌵39(Z)
Part🌵40(U)
Part🌵40(Z)
Part🌵41(U)
Part🌵41(Z)
Part🐠42(U)
Part🐠42(Z)
Part🐠43(U)
Part🐠43(Z)
Part🐠44(U)
Part🐠44(Z)
Part🐠45(U)
Part🐠45(Z)
Part🐠46(U)
Part🐠46(Z)
Final Part🍯(U)
Final Part🍯(Z)
ကျေးဇူးတင်လွှာ🍬ေက်းဇူးတင္လႊာ

Part☁️16(Z)

571 33 0
By MaungKaung6

"ဒီ ဖေ-ိုးမ မီး။ပျက်ပြန်ပြီ."

လေးနာရီရောက်တော့ ကြယ်တာရာတို့အိမ်ကို ကျွန်တော်အရောက်လာခဲ့သည်။နေ့လည်စာအတွက် ကြက်စွပ်ပြုတ်လာပို့တော့ တစ်ပွဲလုံးကုန်အောင်သောက်လိုက်တဲ့ ကောင်လေးက ဖုတ်သရဲဝင်နေတယ်လို့ပင်ထင်ရသည်။ဒဏ်ရာတွေကလဲ အကိုက်အခဲပျောက်ဆေးနဲ့လိမ်းဆေးတို့ကြောင့် သက်သာသွားတယ်ထင်ပါတယ်။မနေ့ကလို နွမ်းနယ်နေတဲ့မျက်နှာလေးမဟုတ်တော့ပေမယ့် ခနခနလှုပ်ရှားမှုလုပ်ရင် နာလာတာကြောင့် သိပ်တော့မထဘဲထိုင်နေတာများသည်။စာအုပ်ကိုရှေ့ချပြီးကျွန်တော်လုပ်နေသမျှကို မျက်တောက်မခပ်လိုက်ကြည့်နေတာကြောင့် ဘုကြည့်ကြည့်ပေးလိုက်တော့မှ မျက်နှာလွှဲသွား၏။

ညနေစာအတွက် အိမ်မှာတစ်ခါဟင်းဝင်ယူရင်း ဒီရောက်မှ ထမင်းချက်တာဖြစ်သည်။ပေါင်းအိုးထဲကို ဆန်တစ်လုံးခွဲထည့်ကာ ရေထည့်လိုက်ရင်း ပလတ်ကိုဖွင့်လိုက်ကာမှ မပြောမဆိုနဲ့ပြတ်သွားတဲ့ မီးကြောင့် စိတ်မထိန်းနိုင်တော့ပဲ အားရပါးရဆဲချလိုက်မှ နေသာထိုင်သာရှိသွားတော့သည်။
ကြက်သားချက်ပြီးသားတစ်ခုတည်းသာရှိတာကြောင့်အရံဟင်းအဖြစ် လက်ဖက်သုပ်နဲ့၊ကြက်ဥကြော်ရပေအုံးမည်။မီးနဲ့က အလုပ်လုပ်မရတော့ တာကြောင့်မီးသွေးမီးဖိုနဲ့ပဲ စခန်းသွားရတော့မည်။အိမ်မှာဆို ထင်းခြောက်တွေဆောင်ထားတတ်တာကြောင့် အခက်အခဲမရှိ၊မီးသွေးနဲ့က ကျွမ်းကျွမ်းကျင်ကျင်မချက်တတ်တာကြောင့် အခက်ခဲအနည်းငယ်တော့ရှိ၏။

"ဇီဝတွေ ကျက်ထားကောင်လေး။ညမှ တွက်စာတွေပြန်လုပ်ကြမယ်။ဒီအချိန်မှ ထမင်းဟင်းမချက်ထားရရင် ခုညရှစ်နာရီထိုးတောင်မီးကပြန်လာမှာမဟုတ်တော့ နှစ်ယောက်လုံးငတ်လိမ့်မယ်."

"တစ်နေ့တစ်လေပဲ။ဆရာအကိုကြီးရယ် ကျွန်တော်တို့အပြင်သွားစားကြမယ်လေ.."

"ဘာ..ထမင်းဆိုင်ထိုင်တာလွယ်တယ်များထင်နေလား။ထမင်းတစ်ပွဲငါးရာ၊ဟင်းကအရံဟင်းဆိုရင်တောင် တစ်ပွဲခုနှစ်ရာလောက်ဖြစ်နေတာ အသားဟင်းနဲ့သာစားရင် သောင်းနားကပ်သွားလိမ့်မယ်။ထမင်းတစ်နပ်စားဖို့သောင်းချီကုန်မယ့်အလုပ် အလွမ်းလို့မလုပ်။လုပ်ရင် အလွမ်းမဟုတ်။ဖေ-ိုးမ မီးခိုးကလဲ ခိုးလိုက်တာ။အဟွတ်.အဟွတ်.."

မီးသွေးမီးဖိုကိုမီးမွှေးလိုက်၊ယပ်ခပ်လိုက်၊ချွေးကြတဲ့နဖူးကို သုတ်လိုက်နဲ့ဆရာအကိုကြီးရဲ့ပုံကရယ်ချင်စရာကောင်းနေသည်။အသံထွက်ပြီးတော့လဲမရယ်ရဲ။မဟုတ်ရင် သူ့ကိုပြောင်ပါတယ်ဆိုပြီး ထမင်းချက်မကျွေးရင်ကျွန်တော်ပဲငတ်ရမှာ။သွားလာလှုပ်ရှားလို့ရနေပေမယ့် ဆိုင်ကယ်စီးလို့တော့မရ။အခုလဲ အပြင်ဆိုင်မှာ အရာတစ်ခုမကျန်လောက်အောင်ပြန်ပြင်ထားရသေးသည်။

"ကြက်ဥကြော်နဲ့၊လက်ဖက်သုပ်မယ်။ငါအိမ်က ကြက်သားချက်ပြီးသားယူလာခဲ့တယ်။စားလို့ရတယ်မလား အဲ့ဟင်းတွေနဲ့။ဘာစားချင်သေးလဲ။စားချင်တာရှိရင်လဲ နောက်နေ့မှစား။ခုနေ့တော့ ချက်မကျွေးနိုင်တော့ဘူး."

သူပဲမေး၊သူပဲဖြေလုပ်နေတဲ့ ဆရာအကိုကြီးက တကယ်မလွယ်ကြော။မျက်မှောင်ကျုံ့လိုက်၊ဆဲလိုက်နဲ့ သူ့ပုံစံက လွတ်လပ်လွန်းနေသည်။ဟိတ်ဟန်ကြီးနေတတ်တယ်ဆိုတဲ့ပုံစံက ခုအခြေနေမှာတော့လားလားမှ မဆိုင်။တဒင်္ဂစိတ်ရှုပ်စရာတွေမရှိတော့သလို၊အမြဲတိတ်ဆိတ်နေတဲ့ ကျွန်တော်တို့အိမ်လေးက ဆရာအကိုကြီး​ကြောင့် ဆူညံနေသည်။

"ကျွန်တော်စားချင်နေတာ ကြက်ခပတ်။ချက်တတ်လား ဆရာအကိုကြီး..."

"အမလေး.ဒီလောကမှာ အလွမ်းတို့မလုပ်တတ်တာဘာမှမရှိဘူး။ဆင်ကောင်လုံးကင်ချက်ပြရမလား၊မိချောင်းနှာခေါင်းသုပ်ပေးရမလား။ကြက်ခပတ်က လွယ်လွန်းတယ်ကောင်လေး..."

မြန်မာဟင်းထဲမှာ ကျွန်တော်အကြိုက်ဆုံးဟင်းက ကြက်ခပတ်ဖြစ်သည်။နူးအိနေတဲ့အရသာလေးနဲ့ ခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကဘာနဲ့မှ မလဲနိုင်လောက်အောင်ကောင်းသည်။အိမ်ချက်တစ်ခါမှမစားဖူးပေမယ့် စားသောက်ဆိုင်ထိုင်တိုင်း အများဆုံးစားဖြစ်တဲ့အရာဆို ထိုဟင်းဖြစ်သည်။အမျိုးသမီးတွေတောင်ချက်နည်းသိပ်မရင်းနှီးတဲ့ဟင်းကို ဆရာအကိုကြီးက လွယ်တယ်ဆိုတော့ နည်းနည်းပိုသွားပြီလို့ထင်မိသည်။

"ဒါဆို မနက်ဖြန်ချက်ကျွေးလေ။ကျွန်တော်တို့ဈေးသွားကြမယ်.."

"မင်းလိုက်လို့ဖြစ်ပါ့မလား။ငါ့မှာ စက်ဘီးပါတယ်။ငါ့ဘာသာသွားလို့ရတယ်။"

"ရပါတယ်ဗျာ။ဒဏ်ရာတွေက မဆိုသလောက်လေးနာရုံပါပဲ။သက်သာပါတယ်။မေမေပြန်လာလို့ ဟင်းတွေမချက်နိုင်သေးရင် ကျွန်တော်ချက်စားတတ်အောင် ဆရာအကိုကြီးကိုပဲ သင်ခိုင်းရမှာမလို့ပါ။အိမ်အလုပ်ကူစရာရှိရင် ကျွန်တော့်ကိုပြောနော်။ကြက်သွန်လှီးတာပဲ ဖြစ်ဖြစ်၊အခွံနွှာတာပဲ ဖြစ်ဖြစ် ကူပေးချင်ပါတယ်.."

ဆရာအကိုကြီးက ကျွန်တော့်ဘက်ကို လှည့်ကြည့်ရင်းခေါင်းညှိတ်ပြ၏။အိုးမည်းပေနေတဲ့ သူ့ပါးပြင်လေးက ရဲရဲလေးဖြစ်နေသလို၊ဖြစ်သလိုဝတ်ထားတဲ့အိမ်နေရင်းဝတ်ဘောင်းဘီတိုလေးက ကလေးတစ်ယောက်နဲ့တူအောင်ပံ့ပိုးနေသေး၏။ဆရာအကိုကြီးက ယောကျာ်းလေးတွေရော၊မိန်းကလေးတွေပါ ကြွေနိုင်တဲ့ကြင်အင်တဲ့ပြည့်စုံလွန်းသူ။

"မောင်လေးရေ။ကြယ်တာရာ..ငါလာပြီဟေ့။ဆိုင်ကယ်မှောက်တယ်ကြားလို့။ဘယ်လိုဖြစ်ရတာလဲဟယ်..."

"အစ်မကို ဘယ်သူကပြောလိုက်ပြန်ပြီလဲဗျာ.."

အိမ်အပေါက်ဝကနေ ခုနှစ်သံချီလာတဲ့အသံကို ကျွန်တော်သိသည်။မောင်နှစ်မဝမ်းကွဲတော်တဲ့ အစ်မလုပ်သူက နှစ်မိုင်လောက်ဝေးတဲ့နေရာကနေ အပြေးလာခဲ့တာကြောင့် မောလာတယ်ထင်ပါတယ်။ရေခဲသေတ္တာဆီကိုပြေးရင်း ရေတစ်ဘူးဆွဲယူကာ သောက်နေ၏။ကျွန်တော့်ဘက်ကို ကျောခိုင်းပြီးချက်ပြုတ်နေတဲ့ ဆရာအကိုကြီးကို အစ်မကကြည့်နေရင်းမှ

"ဖူး...."

"ဘယ်လိုဖြစ်တာလဲဗျာ။ဖြည်းဖြည်းသောက်ပါ အစ်မရဲ့.."

"..မျက်နှာဆိုးကို မြင်လို့လန့်သွားတာဟဲ့."

ဆရာအကိုကြီးကို မေ့ငေါ့ပြရင်း ထိုစကားကိုဆိုလာတာကြောင့် ကျွန်တော့်စိတ်ထဲ စပ်ဖျင်းဖျင်းတော့ဖြစ်သွားရ၏။ခုမှမြင်တဲ့သူကို ဒီလိုစကားပြောတာကတော့မကောင်းပေ။ပြီးတော့ကျွန်တော့်ဆရာလေးလေ။

"ဗျာ။ဆရာအကိုကြီးနဲ့ သိလို့လား..."

"သိတာပေါ့။ဒီသူ့ကိုမှ မသိရင် ဘယ်သူ့ကိုသိရအုံးမှာလဲ။နင်ဘာလာလုပ်တာလဲ။သူများအိမ်လာပြီးအော်ကြီးဟစ်ကျယ်နဲ့"

"ငါ့မောင်သတင်းငါလာမေးတာလေ။နင်က ဘာဖြစ်နေတာလဲ.."

"နင့်ဘာသာ သတင်းမေးတာဆိုလဲ မေးလေ။ဘာကိစ္စငါ့ကိုလာပြီးပုတ်ခတ်နေလဲ။နာမည်နဲ့မှမလိုက်။ဘေဘီဆိုတာနူးညံ့လွန်းတဲ့ကလေးကိုပြောတာနော်။နင့်လိုကိုပြောတာ မဟုတ်ဘူး.."

ဆရာအကိုကြီးက ထမင်းအိုးကိုကြည့်လိုက်၊ကျွန်တော့်အစ်မကို ပြောလိုက်နဲ့နှစ်ယောက်သား ပါးစပ်စစ်ခင်းနေကြသည်။ကျွန်တော်တော့အပြင်းပြေပြီပေါ့။

"အမလေး..နင်ကပဲ ပြောရတယ်ရှိသေးတယ်။နင်ကမှ ငါ့ရည်းစားကို နင့်အိမ်မှာနေရတယ်ဆိုပြီး နှိမ်ချင်နေတာလေ။ငါက နင့်အပြောဆိုတွေမခံစေချင်လို့ ငါပိုင်တဲ့ကွန်ဒိုမှာပြောင်းနေဖို့အထိ ဆွေးနွေးပေမယ့် လက်မခံဘူး။နင်ဘာဆေးတွေကျွေးထားတာလဲဟမ်..."

"အစ်မ တော်ပါတော့ဗျာ.."

"မင်းအသာနေစမ်းပါ။မင်းအစ်မနဲ့ ဒီကိစ္စက ရှင်းမှရမှာမလို့ မကြားချင်ရင် အိမ်ပေါ်တက်နေ.."

"ဟုတ်တယ် မကြားချင်ရင်နားပိတ်ထား မောင်လေး."

အစ်မလုပ်သူကိုတားပေမယ့် ဘယ်သူ့ဘက်ကမှ လျှော့မယ့်ပုံမပေါ်တာကြောင့် ကျွန်တော်လဲဘာမှဆက်မပြောတော့ပဲ သူတို့အပြောကိုသာထိုင်နားထောင်နေ၏။ဇီဝကျက်ထားသမျှအိပ်ချင်စိတ်တွေက ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရသည်။တစ်ယောက်တစ်ခွန်းပြောနေတဲ့အသံတွေက ထမင်းစားခန်းတစ်ခုလုံးမှာ ငှက်ဆယ်ကောင်လောက်အပြိုင်အော်နေသလို၊ဆူညံလျှက်ရှိ၏။

"အစောကတည်းက ပိုင်ခန့်က ငါ့ဘက်အလေးသားပြီးသား ဘေဘီဆိုတဲ့ဘီလူးမ။ငါနဲ့ပိုင်ခန့်က ငယ်ငယ်တည်းကပေါင်းလာတာ။ငါ့အနွံတာအခံနိုင်ဆုံးသူက ပိုင်ခန့်ပဲ။နင်က ဘာတွေဝင်နာနေတာလဲ။ငါပိုင်ခန့်ကိုပြောတဲ့အကြောင်းအရာတိုင်းကိုနင်လိုက်ခံစားနေရတဲ့အထိတော့ မအားနေဘူးလို့ငါထင်တယ်နော်."

"အလေးသာသာ မသာသာ ပိုင်ခန့်က ငါ့ကောင်လေးလေ။အဲ့တော့ ငါ့ကောင်လေး မျက်နှာငယ်မယ့်ကိစ္စက ငါ့ကိစ္စပဲ။နင်စိတ်ညစ်အောင်လုပ်ရင် စိတ်ဖြေပေးမယ့် ငါတစ်ယောက်လုံးရှိတယ်။နင့်ဘက်က မထားနိုင်တော့ဘူး တစ်ခွန်းသာပြောလိုက် ငါ့အိမ်အထိပါခေါ်ထားလိုက်မှာ။သဘောပေါက်လား..."

လက်ထဲက ကိုင်ထားတဲ့ရေဘူးကို စားပွဲပေါ် တင်ရင်း ထိုင်ခုံတစ်ခုကိုပါ ဆွဲရင်းအစ်မကထိုင်နေ၏။ပါးစပ်ကိုလဲ အနားမပေးဘဲ တရစပ်ပြောနေသေးသည်။ကျွန်တော့်ဆရာလေးကလဲ မသိရင်စကားရည်လုပြိုင်ပွဲနေသလိုကို ပြောနေတာ။တစ်ခွန်းမှ အကြောမခံပေ။ကျွန်တော့်မှာတော့ ဟိုကြည့်လိုက်၊ဒီကြည့်လိုက်နဲ့ ကြာတော့ ခေါင်းတွေပါနောက်လာသည်။

"ပိုင်ခန့်က ငါရှိတဲ့အရပ်ကနေ ဘယ်မှမသွားဘူး ဘေဘီမ။နင့်ဆုတောင်းက နောင်ဆယ်သက်ပြည့်မှာမဟုတ်ဘူး။အိုခေတယ်နော်.."

"ကိုကိုက နင့်ကိုများကြိုက်နေသလား အလွမ်း။နင်တို့သေချာ ညှိသင့်တယ်နော်.."

ပြုံးစိစိမျက်နှာထားနဲ့ပြောနေတဲ့သူမကြောင့် ဒေါသထွက်ရပြန်သည်။

"ဘာဖြစ်တယ်..ဘာဖြစ်တယ်။ဒါ ချစ်သူတစ်ယောက်ကပြောရမယ့်စကားလား။ငါက သူနဲ့ဘာညှိစရာလိုလို့လဲ။သူလဲငါ့မကြိုက်သလို၊ငါလဲသူ့ကို လုံးဝမကြိုက်ဘူး။ငါ့ကွယ်ရာမှာကျ ငါနဲ့သဝန်တိုကြောင်းတွေပြောပြီး ရှေ့တင်ရောက်မှ ပန်းနုသွေးမပြနဲ့နော် ဘေဘီမ နင့်အကြောင်းကို ငါမသိရင်ခက်မယ်."

သူတို့ပြောပုံအရဆို မနေ့က ကျွန်နော်တွေ့ခဲ့တဲ့သူက အစ်မရဲ့ရည်းစား ပိုင်ခန့်ဆိုတဲ့သူဖြစ်ပေလိမ့်မည်။မနေ့က ကျွန်တော့်ဆရာလေးနဲ့အဲ့လူကို တွဲတွေ့လိုက်တော့ သဘောမကျတဲ့ခံစားချက်ကြီးနဲ့စိတ်လွတ်သွားခဲ့တာကြောင့် အက်ဆီးဒန့်ဖြစ်ခဲ့တာကိုတောင်နောင်တရချင်သည်။သူငယ်ချင်းတွေဆိုတဲ့ အဖြေကိုသိရမှ ကျွန်တော့်စိတ်ထဲလဲ ပေါ့ပါးသွားသလိုခံစားရတယ်။

"ပန်းနုလဲမသွေးဘူး။ခင်မို့မို့လဲ မအေးဘူး။နင့်ကိုသာ ငါ့ကိုကိုက သဘောကျနေတယ်ဆိုရင် ငါကလက်လွှတ်ပေးဖို့အသင့်ပဲ။ငါ့ကိုထားခဲ့ပြီးတခြားမိန်းကလေးတွေနဲ့တွဲသွားတာနဲ့စာရင်
နင့်ကိုတော့ အမြင်ကြည်ပါတယ်။ငါပေးမယ်နင်လဲသဘောကျနေတယ်မလား.."

"ဒီမှာ မီးပျက်လို့စိတ်တိုနေတာနော်။အရည်မရအဖက်မရတွေပြောဖို့အားယားမနေဘူး။"

ကျွန်တော်လဲစကားဆက်မပြောချင်တော့တာကြောင့် ဘေဘီဆိုသူမကို ကျောခိုင်းထားလိုက်တော့သည်။တကယ်အာရုံနောက်တဲ့ဟာတွေ။သူ့လူနဲ့ကျွန်တော်ကို ပေးစားနေတဲ့ပုံက တကယ့်အောင်သွယ်တော်မကြီးတစ်ယောက်နှင့်ပင်တူနေသည်။ကျွန်တော်သာ ကြိုင်ရင် ပိုင်ခန့်ရဲ့ရည်းစားပါဆိုတဲ့သူတောင်ရှိလာမှာမဟုတ်။

"အန်တီမပြန်ခင်ထိ ငါ့မောင်လေးကို စောင့်ရှောက်ပေးပါအုံး အလွမ်း။.."

"ငါသိတယ်။မရှည်နဲ့.."

"အဲ့အပြောတွေကြောင့် နင်ဘဲမရတာ။ငါပြောတာ စဉ်းစားထားအုံးနော်။ကိုကို့ကို နင်ဘယ်လိုသဘောရလဲ."

"နင်ဘာဖြစ်နေတာလဲ။ငါ့သူငယ်ချင်းကို နင်လမ်းခွဲချင်ရင်လဲ အေးအေးဆေးဆေးသွားပြော။နင်တို့အတွဲကြားထဲ ငါ့နာမည်ပါမလာစေနဲ့။ငါ့နာမည်တစ်စွန်းတစပါလာပြီးတော့၊ငါ့ကြောင့်ပြတ်ပါတယ်ဆိုတဲ့သံထွက်လာရင် ပဲခူးကနေပုဂံထိ ကြားအောင် အော်ဆဲပစ်မှာ။သတိထားနေ.."

"အမလေး။အေးပါ။ဒါဆို ငါသွားပြီမောင်လေး။စားချင်တာ တစ်ခုခုရှိရင် အလွမ်းကိုချက်ခိုင်းနော်။သူက ဟင်းချက်တော်တယ်။အားမနာနဲ့ ချက်သာချက်ခိုင်း.."

ပြောလဲပြောရင်း ကျွန်တော့်ပါးကိုပါ အားနဲ့ဆွဲသွားနဲ့ သူမကို ဆဲလိုက်ပေမယ့် ကြားမယ့်ပုံတော့မတူ။လက်ရဲဇက်ရဲနိုင်လွန်းတဲ့အဲ့တစ်ယောက်ကို တကယ်ကြည့်မရ။

"မင်းကရော..ဘယ်ရယ်နေတာလဲ။"

ကုလားမနိုင်၊ရခိုင်မဲတကယ်ဆိုတာ ဒါမျိုးကိုဆိုလိုတာနေမှာ။

"ဗျာ..မရယ်..မရယ်ပါဘူး.."

"ဒီလောက်ရယ်နေတာကို မြင်တာတောင်လိမ်ချင်သေးတာလား။အံ့သြဖို့ကောင်းလိုက်တာ.."

ဝေလာတဲ့ ထမင်းအိုးအဖုံးကိုဖွင့်ရင်း ယောက်မနဲ့နှစ်ချက်သုံးချက်မွှေကာ ဆန်စေ့တွေကို အနီးကပ်ကြည့်နေတာကြောင့် အံ့သြတယ်လို့ထင်မိသည်။ထမင်းဆိုပေါင်းအိုးနဲ့ချက်တာလောက်ပဲသိတဲ့ကျွန်တော်က ခုလိုဆရာအကိုကြီးချက်နေတာကို မြင်တော့ အထူးအဆန်းတွေဖြစ်နေသည်။ထမင်းချက်တာ အဲ့လောက်ပဲ ခက်လို့လား။

"စွာတယ်နော်။ဆရာအကိုကြီးက.."

"ဘာဖြစ်လဲ အဲ့ဒါ။စွာနိုင်ရင် လူရှိန်တယ်လေ။သူများပြောတာ ငြိမ်ခံနေတဲ့အထဲမပါတတ်တော့ စွာတယ်ဆိုတဲ့နာမည်တပ်ရင်လဲ တပ်ပေါ့."

"ဒါပေမယ့်ချစ်စရာလေးပါ.."

"ဘာဖြစ်တယ်."

"ဆန်စေ့တွေကိုပြောတာလေ ဖြူဖြူလေးတွေနဲ့ ချစ်စရာလေးလို့။ဆက်လုပ် ဆက်လုပ်။ကျွန်တော် စာကျက်တော့မယ်.."

တော်သေးတာပေါ့ ထမင်းစေ့ကယ်သွားလို့။လွတ်လပ်ပေါ့ပါးပြီး ​အမြဲသွက်လက်နေတတ်တဲ့ ဆရာအကိုကြီးရဲ့ပုံစံက ဘေးလူကိုပါ အပျော်တွေကူးစက်လောက်တဲ့အထိစွမ်းနိုင်သည်။ချစ်စရာလေးဆိုတဲ့စကားကလဲ စိတ်ထဲမှာတွေးနေမိပေမယ့် ဘယ်လိုပြောထွက်သွားလဲမသိ။ကျွန်တော့်အစ်မနဲ့စကားအသွားအလာတွေကို ကြည့်ရင် ဟိုလူကြောင့် ရန်ဖြစ်နေရတဲ့ပုံတွေပင်။အမုန်းတွေ၊အာဃာတတွေမရှိပဲ စစ်ခင်းနေတဲ့လေစစ်ပွဲက နားထောင်လို့တော့ကောင်းသည်။ပြီးနော့ ကျွန်တော့်အစ်မရဲ့မျက်နှာက ဒီလောက်အပြောဆိုခံနေရတာတောင် အပြုံးမပျက်ဘဲ၊ပြုံးစိစိဖြစ်နေပုံထောက်ရင် သူတို့ကြားမှာ ဘေးလူတွေမသိနိုင်တဲ့ လှို့ဝှက်ချက်ရှိနေသလိုပင်။

စာကျက်လိုက်၊ဟင်းချက်​နေတဲ့ ဆရာအကိုကြီးကြည့်လိုက်နဲ့ ကျွန်တော့်ဘဝက အိုကေမှာစိုပြေလို့နေပြန်ပါသေးတယ်။

18.3.2022(Sat)
10:43pm

Continue Reading

You'll Also Like

330K 26.3K 29
Mini Story Uni Life Style Sweet Romance
72.6K 4.6K 123
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...
3.7K 240 24
ကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။
404K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...