မုရံုခ်ီခ်ီ သို႔ မေကာင္းဆိုးဝ...

By December_Moe

14.6K 2.5K 299

... More

Chapter 99
Chapter 100
Chpater 101
Chapter 102
Chapter : 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 130
Chapter 131
Chapter 132
Not update
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137

Chapter 129

229 65 7
By December_Moe

Zawgyi Version

"ကြၽန္​မရဲ႕ အ​ေမကလည္​း ဇီးပန္​းကို ႀကိဳက္​တယ္​"

မုရံုခ်ီခ်ီက ​နီရဲ​ေတာက္​ပ​ေနသည္​့ ပန္​းပြင္​့မ်ားကို ထိ​ေတြ႕လိုက္​ရင္​း တီးတိုး ​ေျပာဆိုလိုက္​သည္​။

မုရံုခ်ီခ်ီစကားသည္​ ဝမ္​ရမ္​လဲ့၏ ရိုင္​းစိုင္​းၿပီး စိတ္​ကူးယဥ္​ဆန္​​ေသာ အ​ေတြးမ်ားကို ​ေပ်ာက္​ကြယ္​သြား​ေစသည္​။ မုရံုခ်ီခ်ီကို ၾကည္​့​ေန​ေသာ သူ႔ပံုံစံမွာ ပိုၿပီး ႏူးညံ့လာသည္​။ လြန္​ခဲ့တဲ့ နွစ္​​ေတြတုန္​းက မင္​ယြဲ႕လည္​း ဒီလိုမ်ိဳး ဝတ္​ဆင္​ကာ ဇီးပန္​းဥယ်ာဥ္​ထဲမွာ လွလွပပ ရပ္​​ေနခဲ့သည္​။ အခုထက္​​ေတာင္​ သူက မ​ေမ့နိုင​္​​ေသး​ေပ။

"ဒါ အမွန္​ပဲ! မင္​ယြဲ႕က ဇီးပန္​း​ေတြကို အႀကိဳက္​ဆံုးပဲ!"

ထိုသို႔ ​ေျပာ​ေနရင္​း ဝမ္​ရမ္​လဲ့ စကားထဲမွ အထီးက်န္​မႈမ်ားကို ခံစားရ​ေသာအခါ မုရံုခ်ီခ်ီက အံ့ၾသသြားသည္​။

ဘာလို႔လဲ... ဝမ္​ရမ္​မင္​ယြဲ႕အ​ေၾကာင္​းကို ​ေျပာတိုင္​း ဘာ​ေၾကာင္​့ ဝမ္​ရမ္​လ့ဲက အရမ္​းဝမ္​းနည္​း​ေနရတာလဲ? ဝမ္​ရမ္​မင္​ယြဲ႕ သက္​ရွိထင္​ရွားရွိစဥ္​က ဒီအစ္​ကိုက သူမကို အရမ္​းခ်စ္​ကာ သူမအတြက္​ဆို မိုး​ေပၚက ၾကယ္​ကို​ေတာင္​ ယူ​ေပးဖို႔ ဆႏၵရွိတယ္​လို႔ မုရံုခ်ီခ်ီက ၾကားဖူးခဲ့သည္​။ ဒီအခ်စ္​သာ အမွန္​တကယ္​ျဖစ္​မယ္​ဆိုရင္​ ဘာ​ေၾကာင္​့ ဝမ္​ရမ္​လဲ့က ယန္​တန္​း​ေတာင္​ကိစၥကို အစီအစဥ္​ဆြဲခဲ့ရတာလဲ? ဘာ​ေၾကာင္​့ ဖုန္​းရွဲ႔နဲ႔ ဝမ္​ရမ္​မင္​ယြဲ႕တို႔လင္​မယားကို ဇာတ္​လမ္​းဆင္​ခဲ့ရတာလဲ? ၿပီး​ေတာ့ ဘာ​ေၾကာင္​့ ဖုန္​းခ်န္​ကို အမုန္​းတရား​ေတြ ပြားခ့ဲရတာလဲ?

ဒီလူက ရႈပ္​​ေထြးတဲ့ ဝိ​ေရာဓိ​ေတြနဲ႔ ျပည္​့​ေနသည္​။ ​ေနာက္​ဆံုးမွာ ဘယ္​လိုလွ်ိဳ႕ဝွက္​ခ်က္​​ေတြ ရွိ​ေနတာလဲ?

"ဘာျဖစ္​လို႔လဲ?"

မုရံုခ်ီခ်ီက သူ႔အား စိုက္​ၾကည္​့​ေနတာကို ျမင္​​ေသာအခါ ဝမ္​ရမ္​လဲ့က ႏူးညံ့စြာ ၿပံဳးျပလိုက္​သည္​။ ဝမ္​ရမ္​မင္​ယြဲ႕က ​ေလာကမွာ နံပါတ္​တစ္​မိန္​းမလွ​ေလး ျဖစ္​ခဲ့သလို သူ႔အစ္​ကိုတ​ေယာက္​အ​ေနျဖင္​့ ဝမ္​ရမ္​လဲ့မွာလည္​း ငယ္​႐ြယ္​စဥ္​က ​ေခ်ာ​ေမာခန္​႔ညား​ေသာ ​ေယာက်္​ားတ​ေယာက္​ ျဖစ္​ခဲ့သည္​။  အခုထက္​တုိင္​ သူက အသက္​အ႐ြယ္​ရလာၿပီျဖစ္​​ေသာ္​လည္​း သူ႔ဟန္​ပန္​မွာ သာမာန္​နွင္​့ ကြဲထြက္​​ေနလွ်က္​ အသက္​ႀကီးသည္​့ပံုစံ မျပသ​ေသး​ေပ။

"ဦးရီး​ေတာ္​... ကြၽန္​မ ဒီ​ေဆာင္​းဦးရွည္​ၾကာနန္​း​ေဆာင္​ကို သ​ေဘာက်တယ္​။ ​ေနာက္​က် ကြန္​မ ဒီကို မၾကာခဏလာျဖစ္​လိမ္​့မယ္​"

မုရံုခ်ီခ်ီစကားက ဝမ္​ရမ္​လဲ့စိတ္​အ​ေျခအ​ေနကို အလြန္​​ေကာင္​းမြန္​သြား​ေစသည္​။ သူ ခ်က္​ခ်င္​းပဲ ဝမ္​ရမ္​မင္​ယြဲ႕ဆီ ​ေျပးကာ သတင္​း​ေကာင္​းကို ​ေျပာျပခ်င္​သည္​... သူ သူမ၏ သမီးကို ရွာ​ေတြ႕ၿပီ သူမရဲ႕ က​ေလးကို ရွာ​ေတြၿပီဆိုတာကို သူမအား သိ​ေစခ်င္​သည္​။

မုရံုခ်ီခ်ီက ​ေဆာင္​းဦးရွည္​ၾကာနန္​း​ေဆာင္​တြင္​ အခ်ိန္​​ေတာ္​​ေတာ္​ၾကာ ​ေနထိုင္​ခဲ့သည္​။ ဝမ္​ရမ္​လဲ့က သူမ​ေဘးတြင္​ အ​ေဖာ္​ျပဳ​ေပးခဲ့သည္​။ သူက ​ေဆာင္​းဦးရွည္​ၾကာနန္​း​ေဆာင္​၏ အရာရာတိုင္​းနွင္​့ သူမအား မိတ္​ဆက္​​ေပးခဲ့သည္​။ အရင္​က ယြဲ႕လန္​က်စ္​​ေနခဲ့သည္​့ ​ေနရာသို႔ သူတို႔​ေရာက္​​ေသာအခါ ဒီ​ေနရာက ခ်ိတ္​ပိတ္​ထားသည္​ကို မုရံုခ်ီခ်ီက ​ေတြ႕ရွိခဲ့ရသည္​။

"မင္​းက ဒီ​ေနရာက ကံမ​ေကာင္​းဘူးလို႔ ​ေျပာလို႔ က်န္​း ဒီ​ေနရာကို ခ်ိတ္​ပိတ္​ခိုင္​းထားတယ္​။ ဘယ္​လိုပဲျဖစ္​ျဖစ္​ ဒီ​နန္​​း​ေဆာင္​က ႀကီးပါတယ္​။ မင္​း ႀကိဳက္​တဲ့​ေနရာ ​ေ႐ြးခ်ယ္​ၿပီး ​ေနထိုင္​လို႔ ရပါတယ္​"

"Mm"

မုရံုခ်ီခ်ီက ​ေခါင္​းညိတ္​လိုက္​သည္​။ သူမက အနီ​ေရာင္​တံခါး​ေပၚမွ အဝါ​ေရာင္​ခ်ိတ္​စည္​းကို လွည္​့ကာ ၾကည္​့လိုက္​သည္​။ ထို႔​ေနာက္​ သူမသည္​ ဝမ္​ရမ္​လဲ့နွင္​့အတူ ​ေဆာင္​းဦးရွည္​ၾကာနန္​း​ေဆာင္​မွ ထြက္​ခြာခဲ့သည္​။

သူမက လင္​းကဲ့ရွွင္​း၏ ဖိတ္​ၾကားခ်က္​​ေၾကာင္​့ ဒီတ​ေခါက္​ နန္​းတြင္​းကို ဝင္​ခဲ​့​ေသာ္​လည္​း ​ေနာက္​ဆံုးတြင္​ မုရံုခ်ီခ်ီသည္​ လင္​းကဲ့ရွင္​းနွင္​့ စကားမ်ားမ်ားစားစားမ​ေျပာခ့ဲရ​ေပ။ သူမ ​ေဆာင္​းဦးရွည္​ၾကာနန္​း​ေဆာင္​မွ ထြက္​လာၿပီး​ေနာက္​ ဝမ္​ရမ္​လဲ့က သူမအား နန္​းျပင္​သို႔ ပို႔​ေဆာင္​​ေပးခဲ့သည္​။ မုရံုခ်ီခ်ီက မင္​းသားအိမ္​​ေတာ္​သို႔ ျပန္​သြားၿပီဟု ဖုန္​းခ်န္​ၾကား​ေသာအခါ သူလည္​း ဘာမွ ​ေျပာမ​ေန​ေတာ့ဘဲ ထြက္​လာခဲ့သည္​။

ထို႔​ေနာက္​ ဝမ္​ရမ္​လဲ့၏ အျပဳအမူမွာ လင္​းကဲ့ရွင္​းနွလံုးသားအား ပိုၿပီး မလြယ္​ကူ​ေအာင္​ ျပဳလုပ္​​ေနသည္​။

မင္​းႀကီးက ဘာကို ဆိုလိုခ်င္​တာလဲ? မုရံုခ်ီခ်ီက သူမဖိတ္​​ေခၚထားတဲ့ သူမွန္​း သိပါရက္​နဲ႔ သူမက က်င္​့ရွင္​းနန္​း​ေဆာင္​တြင္​ အခ်ိန္​ခဏသာ ​ေနခဲ့ရသည္​။ မုရံုခ်ီခ်ီကို ဝမ္​ရမ္​လဲ့ ​ေခၚထုတ္​သြားတုန္​းက သူမမွာ မုရံုခ်ီ်ခ်ီနွင္​့ ဝမ္​ရမ္​ရီၾကား ခံစားခ်က္​မ်ားကို ပ်ိဳး​ေထာင္​ဖို႔ အခ်ိန္​​ေတာင္​ မရလိုက္​​ေပ။ ထို႔​ေနာက္​ သူက ကိုယ္​တိုင္​ပဲ က်င္​းတဲ့ကို မုရံုခ်ီခ်ီအား မင္​းသားအိမ္​​ေတာ္​သို႔ ျပန္​ပို႔ခိုင္​းလိုက္​သည္​။

သူမရဲ႕ က်င္​့ရွင္​းနန္​း​ေဆာင္​မွာ ျပင္​းထန္​တဲ့ ​ေရႀကီးနဲ႔ ​ေၾကာက္​မက္​ဖြယ္​သားရဲ​ေတြ ရွိ​ေနလို႔လား? သူမက မုရံုခ်ီခ်ီကို ဝါးၿမိဳလိုက္​မွာကို သူက ​ေၾကာက္​​ေနလို႔လား? ဒါမွမဟုတ္​ မင္​းႀကီးမွာ တျခားအ​ေတြး​ေတြပဲ ရွိ​ေနလို႔လား?

*** ျပင္​းထန္​တဲ့ ​ေရႀကီးနဲ႔ ​ေၾကာက္​မက္​ဖြယ္​သားရဲ​ေတြ=> အလြန္​အမင္​း အႏၲရာယ္​မ်ားတာ သို႔မဟုတ္​ ​ထိတ္​လန္​႔စရာ​ေကာင္​းတာ***

လင္​းကဲ့ရွင္​းသည္​ မင္​းႀကီး၏ အ​ေတြးအ​ေခၚမ်ားကို အခ်ိန္​​ေတာ္​​ေတာ္​ၾကာ အံ့ၾသ​ေနမိသည္​။ ​ေနာက္​ဆံုးတြင္​ ဝမ္​ရမ္​လဲ့နွလံုးသားထဲ၌ အိမ္​​ေရွ႕စံမင္​းသား​ေနရာမွာ မတုန္​လႈပ္​​ေသး​ေၾကာင္​းဟုသာ လင္​းကဲ့ရွင္​းက ​ေကာက္​ခ်က္​ခ်လိုက္​သည္​။ သူက ဘာမွမ​ေျပာခဲ့​ေသာ္​လည္​း သူက ဝမ္​ရမ္​ရီနွင္​့ မုရံုခ်ီခ်ီတို႔ ရင္​းနွီးလာမွာကို တိုက္​ရိုက္​ တားဆီးခဲ့သည္​။ သူက ဝမ္​ရမ္​ဟုန္​ကို ကူညီ​ေနတယ္​လို႔ တမင္​တကာ ျပလိုက္​မ်ားလား?

မသမာသည္​့ နည္​းတခ်ိဳ႕ကို သူမ အသံုးျပဳရန္​ လိုအပ္​လာၿပီထင္​။ ခ်က္​ခ်င္​းဆိုသလို လင္​းကဲ့ရွင္​းက ဝမ္​ရမ္​ခန္​အား ​ေတြးမိသြားသည္​။

ဝမ္​ရမ္​ခန္​က မုရံုခ်ီခ်ီနွင္​့ အလြန္​ရင္​းနွီးပံု​ေပၚသည္​။ မင္​းႀကီးက သူမကို အဟန္​႔အတား ျဖစ္​​ေစခ်င္​မွ​ေတာ့ သူမရည္​႐ြယ္​ခ်က္​ကို ​ေအာင္​ျမင္​ဖို႔ တျခားနည္​းလမ္​း အသံုးျပဳတာကို အျပစ္​မတင္​ပါနဲ႔​ေတာ့! ဒီထီးနန္​းက ရီအာအတြက္​ပဲ ျဖစ္​ရမယ္​! သူမရဲ႕ ဝမ္​ရမ္​ရီကသာ ဒီ​ေနရာအတြက္​ အသင္​့​ေတာ္​ဆံုးသူပဲ!

နန္​လင္​းမင္​းသာအိမ္​​ေတာ္​ကို ျပန္​ပို႔ခံရၿပီး​ေနာက္​ မုရံုခ်ီခ်ီသည္​ အိမ္​​ေတာ္​ထဲသို႔ ဝင္​ဝင္​ခ်င္​း အသိအကြၽမ္​းနွစ္​ဦးကို ​ေတြ႕ဆံုလိုက္​ရသည္​။ တ​ေယာက္​က လံု​ဇယ္​က်င္​့ထ်န္​း။ တ​ေယာက္​က ပိုင္​ယီယြဲ႕ျဖစ္​သည္​။ သူတို႔နွစ္​​ေယာက္​ ​ေပၚ​ေပါက္​လာျခင္​းကို မုရံုခ်ီခ်ီက အံ့အားသင္​့မိသည္​။

"မုရံုသခင္​မ​ေလး ရွင္​က တကယ္​ပဲ စစ္​သူႀကီးဖုန္​းရွဲ႔နဲ႔ မင္​းသမီးမင္​ယြဲ႕တို႔ရဲ႕ သမီးလား? "

မရင္​းနွီး​ေသာ မ်က္​နွာကို ၾကည္​့ရင္​း ပိုင္​ယီယြဲ႕က သူမမ်က္​လံုးကုိယ္​သူမ မယံုၾကည္​နိုင္​​ေပ။ မုရံုခ်ီခ်ီပံုျပင္​ကို နား​ေထာင္​ၿပီး​ေနာက္​ ပိုင္​ယီယြဲ႕က လွည္​့စားခံရသလို ခံစားမိသည္​။

"ကြၽန္​မပါပဲ!"

မုရံုခ်ီခ်ီက ပိုင္​ယီယြဲ႕မ်က္​လံုးထဲမွ ရႈပ္​​ေထြး​ေနသည္​့ ခံစားခ်က္​ကို မခန္​႔မွန္​းနိုင္​သလို နားလည္​း နားမလည္​နိုင္​​ေပ။ ဘာ​ေၾကာင္​့ ပိုင္​ယီယြဲ႕မ်က္​လံုးထဲမွာ 'အမုန္​း'လို႔ ​ေခၚတဲ့အရာကို ျမင္​​ေနရတာလဲ?

"ရွင္​ ကြၽန္​မကို လိမ္​တယ္​!"

​အၿမဲတမ္​း ​ေရလို သိမ္​​ေမြ႕သည္​့ ပိုင္​ယီယြဲ႕အသံက ​က်ယ္​​ေလာင္​​ေနသည္​။ သူမအသံက စူးရွလာကာ

"ကြၽန္​မက ရွင္​့ကို ကြၽန္​မရဲ႕ သူငယ္​ခ်င္​း​ေကာင္​းအျဖစ္​ အၿမဲျမင္​ခဲ့တယ္​။ ရွင္​ ကြၽန္​မကို တကယ္​ပဲ လိမ္​ခဲ့လိမ္​့မယ္​လို႔ ကြၽန္​မ ဘယ္​တုန္​းကမွ မ​ေတြးမိခဲ့ဘူး!"

"ယီယြဲ႕... ကြၽန္​မလည္​း ဒါကို ဟိုတ​ေလာကမွ သိခဲ့ရတာပါ..."

"ကြၽန္​မ နားမ​ေထာင္​ခ်င္​​ေတာ့ဘူး!"

ပိုင္​ယီယြဲ႕က ထိုစကားကို ​ေအာ္​​ေျပာလိုက္​သည္​။ သူမက မုရံုခ်ီခ်ီမ်က္​နွာကို ​ေၾကာက္​မက္​ဖြယ္​ရာစိုက္​ၾကည္​့ကာ

"ကြၽန္​မ မ်က္​လံုးကန္​းခဲ့လို႔ သူငယ္​ခ်င္​းတ​ေယာက္​ကိုမွားယြင္​းဖြဲ႕ခဲ့မိတယ္​။ ​ေနာက္​ဆို ရွင္​က ကြၽန္​မရဲ႕ သူငယ္​ခ်င္​းမဟုတ္​​ေတာ့ဘူး! ကြၽန္​မလည္​း က်န္​႔​ေကာမင္​းသမီးနဲ႔ အဆက္​အသြယ္​လုပ္​ဖို႔ မထိုက္​တန္​ပါဘူး!"

ထိုစကားကို ​ေနာက္​တြင္​ ခ်န္​ခဲ့ၿပီး ပိုင္​ယီယြဲ႕သည္​ နန္​လင္​းမင္​းသားအိမ္​​ေတာ္​မွ ​ေျပးထြကသြား​ေတာ့သည္​။

"ယီယြဲ႕!!"

မုရံုခ်ီခ်ီက သူမ​ေနာက္​ကို လိုက္​ဖမ္​းလို​ေသာ္​လည္​း သူမ ဒီ​ေနရာမွထြက္​လာ​ေသာအခါ ပိုင္​ယီယြဲ႕၏ အရိပ္​အ​ေယာင္​ကို မ​ေတြ႕ရ​ေတာ့​ေပ။မုရံုခ်ီခ်ီက သူမကို အရမ္​းစိုးရိမ္​သြားသည္​။  သူမက အနီးအနားတြင္​ ရူရီကို ​ေတြ႕​ေသာအခါ သူ႔အား ခ်က္​ခ်င္​း တားလိုက္​သည္​။

"ရူရီ... ကြၽန္​မကို ကူၿပီး ပိုင္​သခင္​​ေမ​ေလးကို ကာကြယ္​​ေပးပါအံုး! သူမ မိုက္​မဲတဲ့အရာတခုခုကို လုပ္​မိသြားမွာ ကြၽန္​မစိုးရိမ္​တယ္​"

ိပိုင္​ယီယြဲ႕၏ အ​ေျခအ​ေနကုိ နား​ေထာင္​ၿပီး​ေနာက္​ ရူရီက ​ေခါင္​း​ညိတ္​ကာ သူမအား ရွာရန္​ ထြက္​ခြာသြားသည္​။

"ပိုင္​သခင္​မ​ေလးက ဘာ​ေၾကာင္​့ ဒီလို ျဖစ္​သြားရတယ္​ဆိုတာ ရွင္​သိလား?"

လံုဇယ္​က်င္​့ထ်န္​းက မုရံုခ်ီခ်ီ​ေနာက္​တြင္​ ​ေရာက္​ရွိလာသည္​။ သူမ၏ စိုးရိမ္​​ေန​ေသာ မ်က္​နွာကုိ ၾကည္​့ရင္​း သူက ရွင္​းျပလိုက္​သည္​။

"ယီယြဲ႕(လြမ္​းဆြတ္​သတိရပါ​ေသာ ယြဲ႕)... ယီယြဲ႕. ပိုင္​သခင္​မ​ေလးရဲ႕ အ​ေဖက သူမကို နာမည္​​ေပး​ေတာ့ သူ႔နွလံုးသားထဲမွာ တျခားမိန္​းမတ​ေယာက္​ကို စဥ္​းစား​ေနတာ။ အဲ့ဒီလူက မင္​းအ​ေမ မင္​းသမီးမင္​ယြဲ႕ပဲ"

လံုဇယ္​က်င္​့ထ်န္​း ထိုသို႔ ​ေျပာၿပီး​ေနာက္​ မုရံုခ်ီခ်ီက နားလည္​သြားသည္​။ ဘုရား​ေက်ာင္​း၏ ဆဌမအဆင္​့ စစ္​​ေဆးမႈတြင္​ သူမ ​ေျပာဆိုခဲ့​ေသာ ထိုစကားမ်ားကို မုရံုခ်ီခ်ီက သတိရလာသည္​။

"အ​ေဖ... အ​ေမက တကယ္​ပဲ အဲ့ဒီမိန္​းမရဲ႕ အစားထိုးခံလား? ယီယြဲ႕ ယီယြဲ႕ အ​ေဖက တကယ္​ပဲ အဲ့ဒီမင္​ယြဲ႕ဆိုတဲ့ မိန္​းမကို မ​ေမ့နိုင္​​ေသးတာလား? အ​ေဖ... အ​ေမက အ​ေဖ့ကို နွစ္​​ေပါင္​းမ်ားစြာ​ေစာင္​့စားခဲ့တယ္​။ အ​ေဖက ဘာ​ေၾကာင္​့ သူမကို အရမ္​းရက္​စက္​ခဲ့တာလဲ? တကယ္​ပဲ အဲ့ဒီမင္​ယြဲ႕ဆိုတဲ့ မိန္​းမကို သမီး မုန္​းတယ္​... အ​ေမ့အတြက္​ နွလံုးသား​ေတြ နာက်င္​​ေနရတယ္​"

ဒါဆို ဒါက ဒီလို​ေပါ့! မုရံုခ်ီခ်ီသည္​ ​ေနာက္​ဆံုးတြင္​ နားလည္​သြားသည္​။ ပိုင္​ယီယြဲ႕က သူမအား ၾကည္​့​ေသာအခါ သူမမ်က္​လံုးမ်ားတြင္​ အမုန္​းမ်ား ျပည္​့​ေန​သည္​မွာ အံ့ၾသစရာမရွိ​ေတာ့​ေပ။ သူမအ​ေမ၏ မတရားခံရမႈအတြက္​ သူမ ငို​ေႂကြး​ေကာင္​း ငို​ေႂကြး​ေနလိမ္​့မည္​။

"ဒီကိစၥက မင္​းနဲ႔ ဘာမွမဆိုင္​ပါဘူး။ မင္​းကိုယ္​မင္​း အျပစ္​တင္​မ​ေနပါနဲ႔! ပိုင္​သခင္​မ​ေလးက နားလည္​တတ္​တဲ့သူပါ။ သူမ နားလည္​လာပါလိမ္​့မယ္​"

မုရံုခ်ီခ်ီက ဒီသူငယ္​ခ်င္​းကို အရမ္​းဂရုစိုက္​တာ ျမင္​​ေသာအခါ လံုဇယ္​က်င္​့ထ်န္​းက သူမ​ေဘးတြင္​ ႏူးညံ့စြာ နွစ္​သိမ္​့​ေပးလိုက္​သည္​။

ကြၽန္​မလည္​း အဲ့ဒီလိုပဲ ​ေမွ်ာ္​လင္​့ပါတယ္​... မုရံုခ်ီခ်ီက သူမစိတ္​ထဲက ​ေတြးလိုက္​သည္​။ မုရံုခ်ီခ်ီကပိုင္​ယီယြဲ႕ကို သူမ၏ သူငယ္​ခ်င္​းအစစ္​အမွန္ဟု သတ္​မွတ္​ထား​ေသာ​ေၾကာင္​့ သူမကို အဆံုးရံႈးမခံနိုင္​​ေပ။ သူမလည္​း ဒီလိုမ်ိဳး မိဘ​ေတြ၏ အၿငိဳးအ​ေတး​ေတြက သူမတို႔ဆက္​ဆံ​ေရးကို ထိခိုက္​လာတာမ်ိဳး မျဖစ္​ခ်င္​ခဲ့​ေပ။

​ကံ​ေကာင္​းစြာျဖင္​့ သူမကို ဂရုစိုက္​​ေပးနိုင္​မည္​့ ရူရီလည္​း ရွိ​ေနသည္​။ ဒီအခ်ိန္​တြင္​ ပိုင္​ယီယြဲ႕ ဘာမွျဖစ္​မလာ​ေစဖို႔ကိုပဲ ​ေမွ်ာ္​လင္​့ရသည္​။ မုရံုခ်ီခ်ီက အနည္​းငယ္​စိတ္​​ေအးသြားသလို ခံစားရသည္​။ သူမက လံုဇယ္​က်င္​့ထ်န္​းအား ၾကည္​့ကာ

"က်င္​းဝမ္​ရယ္​ ရွင္​​ေရာ ဘာ​ေၾကာင္​့​ေရာက္​လာခဲ့တာလဲ?"

"ပန္​ဝမ္​ရဲ႕ အသက္​ကို ကယ္​တင္​​ေပးခဲ့တဲ့အတြက္​ မင္​းသမီးကို​ ​ေက်းဇူးတင္​ဖို႔ ပန္​ဝမ္​ အထူးတလွယ္​​ေရာက္​လာရတာပါ"

လံုဇယ္​က်င္​့ထ်န္​းစကားမ်ားက မ​ေရမရာပင္​။ မုရံုခ်ီခ်ီက နားမလည္​နိုင္​​ေပ။ သူ႔စကားမ်ားကို သူမနားမလည္​နိုင္​တာ ျမင​္​​ေသာအခါ လံုဇယ္​က်င္​့ထ်န္​းက သူမအား အစ​ေဖာ္​​ေပးလိုက္​သည္​။

"ပန္​ဝမ္​အဖမ္​းခံရမလို ျဖစ္​တုန္​းက မင္​းသမီးပဲ ပန္​ဝမ္​ကို ကယ္​ခဲ့တာ​ေလ။ အဲ့အခ်ိန္​တုန္​းက မင္​းသမီးက ကိုယ္​့ကိုယ္​ကိုယ တုရွန္​းအာလို႔ ​ေျပာခဲ့တယ္​​ေလ..."

"အိုး!"

လံုဇယ္​က်င္​့ထ်န္​းက အတိတ္​ကို ျပန္​​ေဖာ္​တာကို ၾကား​ေသာအခါ မုရံုခ်ီခ်ီက တခစ္​ခစ္​ရယ္​​ေမာလိုက္​သည္​။

"ဒါက ​ေသးငယ္​တဲ့ အားထုတ္​မႈ​ေလးပါ။ ဝမ္​ရယ္​အ​ေနနဲ႔ ဒါကို အာရံုစိုက္​မ​ေနသင္​့ပါဘူး"

"မင္​းသမီးစိတ္​ထဲမွာ ဒါက အ​ေသးအဖြဲကိစၥ​ေလး ျဖစ္​​ေန​ေပမယ္​့ ပန္​ဝမ္​က​ေတာ့ မင္​းသမီးကို ပန္​ဝမ္​နွလံုးသားထဲ အၿမဲထည္​့ထားတာ"

လံုဇယ္​က်င္​့ထ်န္​းက ​ေရွ႕ကို တိုးကာ မုရံုခီခ်ီခႏၶာကိုယ္​မွ ထြက္​​ေပၚလာ​ေသာ ပန္​းသီးစိမ္​းရနံ႔ကို ဖမ္​းဆုပ္​လိုက္​သည္​။ သူ႔နွလံုးသားက ရုတ္​တရက္​လႈပ္​ရွားသြားသည္​။ ကံ​ေကာင္​းလုိ႔ သူ သူမကို မလြဲ​ေခ်ာ္​ခဲ့တာ။ ကံ​ေကာင္​းလို႔ သူအရံႈးမ​ေပးခဲ့မိလို႔! ကံ​ေကာင္​းလို႔ သူတို႔မွာ အခြင္​့အ​ေရးတခုရွိ​ေန​ေသးတာ!

"ဝမ္​ရယ္​က ကြၽန္​မကို ျပန္​​ေပးဆပ္​ဖို႔ ရည္​႐ြယ္​​ေနတာလား?"

မုရံုခ်ီခ်ီက ​ေဘးဘက္​ကို ​ေျခတလွမ္​း​ေ႐ြ႕လိုက္​သည္​။ သူမက တျခားသူမ်ား သူမနဲ႔ အရမ္​းနီးကပ္​လာတာကို မႀကိဳက္​​ေပ... ဖုန္​းခ်န္​မွ လြဲ၍​ေပါ့။

မုရံုခ်ီခ်ီ၏ 'ဆုတ္​ခြာမႈ'က လံုဇယ္​က်င္​့ထ်န္​းအား သူ႔နွလံုးသားထဲ​က​ေန ခါးသီးစြာ ရယ္​​ေမာမိ​ေစသည္​။ အရင္​တုန္​းက သူမကို သူ အလြန္​ဆိုးဆိုး႐ြား႐ြား ဆန္​႔က်င္​ခဲ့တာ​ေၾကာင္​့ ျဖစ္​မည္​။ ဒါ​့​ေၾကာင္​့ အခု သူမက သူကို အခြင္​့အ​ေရးနည္​းနည္​း​ေလး​ေတာင္​ မ​ေပးလိုတာပဲ ျဖစ္​မည္​။

"ကိုယ္​ပါပဲ! ကိုယ္​က မင္​းသမီးကို ျပန္​​ေပးဆပ္​ခ်င္​​ေနတာပါ။ ကိုယ္​့ရဲ႕​ေက်းဇူးတင္​မႈကို ဘယ္​လို​ေဖာ္​ျပရမွန္​း မသိရံုပါပဲ"

"အရမ္​းရိုးရွင္​းပါတယ္​။ ပထမအခ်က္​ ပန္​ကုန္​းက ​ေငြမက္​တယ္​! အရင္​တုန္​းက ဝမ္​ရယ္​က ပန္​ကုန္​းကို ​ေ႐ႊ​ေပးခဲ့တယ္​။ ငါးသိန္​းက ဝမ္​ရယ္​ကို ရွင္​့ရဲ႕ အဆင္​့အတန္​းနဲ႔ မကိုက္​ညီ​ေသးဘူးလို႔ ခံစားရရင္​ ရွင္​ ​​ေငြကို ပိုၿပီး ထပ္​​ေပါင္​းထည္​့​ေပးလို႔ ရပါတယ္​။  ဒုတိယအခ်က္​ ပန္​ကုန္​း ပင္​ပန္​း​ေနလို႔ အိပ္​ခ်င္​​ေနတယ္​။ ဝမ္​ရယ္​ကို ျပန္​သြာ​း​ေစဖို႔ ဒုကၡ​ေပးရ​ေတာ့မွာပဲ! အိပ္​​ေရးပ်က္​ခဲ့တာ​ေတြကို ျပန္​ျဖည္​့ဖို႔ ပန္​ကုန္​း အိပ္​ဖို႔ လိုအပ္​တယ္​"

ထိုအခ်က္​နွစ္​ခ်က္​က လံုဇယ္​က်င္​့ထ်န္​းပါးစပ္​ကို လံုးဝပိတ္​သြား​ေစသည္​။ ​ေက်းဇူး​ေႂကြးကို အ​ေသးအသားျဖင္​့ ျပန္​​ေပးဆပ္​ရန္​ သူက ​ေတြးခဲ့သည္​။ ဖုန္​းခ်န္​နွင္​့ မုရံုခ်ီခ်ီတို႔မွာ အခြင္​့အ​ေရးမရွိဘူးဆိုကတည္​းက သူက ဒီအခြင္​့အ​ေရးကို ယူၿပီး မုရံုခ်ီခ်ီကို လက္​ထပ္​မည္ဟု ​ေတြးခဲ့သည္​။ တဘက္​လူက တခုက ​ေငြ၊ ​ေနာက္​တခုက ....(ဆဲ​ေရးသံ) ဆိုၿပီး လိုအပ္​ခ်က္​နွစ္​ခု ရွိခဲ့လိမ္​့မည္​ဟု သူ ထင္​မထားခဲ့​ေပ။ ဒီမိန္​းမက တကယ္​ပဲ သူ႔ကို မ်က္​နွာသာမ​ေပးဘူးပဲ!

"ရွန္​းအာ"

မုရုခ်ီခ်ီက ထြက္​မလို႔ ဟန္​ျပင္​လိုက္​​ေသာအခါ လံုဇယ္​က်င္​့ထ်န္းက ​ေရာက္​လာၿပီး မုရံုခ်ီခ်ီ၏ လက္​​ေကာက္​ဝတ္​အား ဆုပ္​ကိုင္​လိုက္​သည္​။

"ရွန္​းအာ... ကိုယ္​့ကို အခြင္​အ​ေရးတႀကိမ္​​ေလာက္​ ထပ္​ၿပီး ​ေပးနိုင္​မလား? အစတုန္​းက မင္​းက ကို္​ယ္​နဲ႔ ​ေစ့စပ္​ခဲ့တာပဲ​ေလ... အစက မင္​းက ကို္ယ္​့ဝမ္​​ေဖး ျဖစ္​ခဲ့ဖူးတာ​ေလ"

"ကြၽန္​မကို လႊတ္​ပါ!"

မုရံုခ်ီခ်ီက သူမလက္​ကို ျပန္​ဆြဲထုတ္​ခ်င္​​ေနသည္​။ လံုဇယ္​က်င္​့ထ်န္​းရဲ႕ လက္​​ေတြက လက္​ထိပ္​​ေတြလို ၿမဲၿမံၿပီး သူမအား ဒီ​ေနရာတြင္​ တားဆီးထားမည္​ဟု ထင္​မထားခဲ့​ေပ။

"မဟုတ္​ဘူး!"

လံုဇယ္​က်င္​့ထ်န္​းက အံ့ႀကိတ္​ကာ မုရံုခ်ီခ်ီ၏ လွပသည္​့မ်က္​နွာကို ၾကည္​့လိုက္​သည္​။

"ပန္​ဝမ္​ တခါက လႊတ္​​ေပးမိခဲ့လို႔ အတိတ္​က ပန္​ဝမ္​ရဲ႕ အခ်စ္​ကို တိုက္​စားမိလုနီးပါး ျဖစ္​ခဲ့တယ္​။ အခု ပန္​ဝမ္​ ​ေနာက္​ဆံုး​ေတာ့ အခြင္​့အ​ေရးရ​လာၿပီ။ ဒီတခါ​ေတာ့ ပန္​ဝမ္​ လံုးဝလႊတ္​မ​ေပးနိုင္​ဘူး... လံုးဝ..."

လံုဇယ္​က်င္​့ထ်န္​း စကား​ေျပာလို႔မွ မဆံုးခင္​ အျဖဴ​ေရာင္​ပံုရိပ္​တခုက သူ႔​ေရွ႕မွာ ​ေပၚလာသည္​။ ​ေနာက္​တခဏတြင္​ လံုဇယ္​က်င္​့ထ်န္​းသည္​ သူ႔ဝမ္​းဗိုက္​​ေအာက္​ပိုင္​းတြင္​ နာက်င္​မႈ ခံစားလိုက္​ရသည္​။ သူက ကန္​ခ်က္​တခုနွင္​့ အတူ ​ေလထဲတြင္​ တန္​းတန္​းမတ္​မတ္​လြင္​့ပ်ံသြား​ေတာ့သည္​။ 'ဘုန္​း'ဆိုသည္​့ အသံနွင္​့ အတူ သူက ​ေျမ​ေပၚသို႔ က်သြား​ေလသည္​။

"အ​ေစခံ​ေတြ... တံခါး​ေတြကို ပိတ္​လိုက္​ ​ေခြး​ေတြ အျပင္​ထြက္​သြား​ေအာင္​..."

ဖုန္​းခ်န္​က မုရံုခ်ီခ်ီ၏ ခါးကို ကိုင္​ကာ လံုဇယ္​က်င္​့ထ်န္​းအား ​ေအးစက္​စြာ ၾကည္​့လိုက္​သည္​။ သူ နည္​းနည္​း​ေလးပဲ အ​ေရာက္​​ေနာက္​က်သြားတာပါ။ ဒီယင္​​ေကာင္​ႀကီး ​ေရာက္​လာမယ္​လို႔ သူ ထင္​မထားခဲ့ဘူး။ ဒီ​ေကာင္​ တကယ္​ပဲ မုရံုခ်ီခ်ီရဲ႕ လက္​ကို ကိုင္​ရဲတယ္​! အဲ့ဒါ သူ႔ဟာ​ေလ! သူဟာကြ!

"အဟြတ္​ အဟြတ္​!"

လံုဇယ္​က်င္​့ထ်န္​းက သူ႔ဗိုက္​အား ဆုပ္​ကိုင္​ကာ ​​ေျမ​ေပၚတြင္​ နာက်င္​စြာ ​​ေကြး​​ေနသည္​။ ဖုန္​းခ်န္​က အလြန္​ ရုတ္​တရက္​ ​ေရာက္​လာလိမ္​့မယ္​လို႔ သူ ထင္​မထားခဲ့​ေပ။ ဖုန္​းခ်န္​ရဲ႕ ကန္​ခ်က္​ကလည္​း ဒီ​ေလာက္​အားျပင္​း​ေနမယ္​လို႔ ထင္​မထားခဲ့​ေပ။ စူးစူးရွရွနာက်င္​မႈတခုက သူ႔ဗိုက္​မွ ​ေပၚလာသည္​။ ထိုကန္​ခ်က္​မွာ တကယ္​ပဲ ျပင္​းထန္​လွသည္​။

အခု ​ဖုန္​းခ်န္​​ေျပာလိုက္​သည္​့ 'တံခါ​း​ေတြကို ပိတ္​လိုက္​ ​ေခြး​ေတြ ထြက္​သြား​ေအာင္​'ဆိုတဲ့စကားက ဖုန္​းခ်န္​က သူ႔ကို ဘယ္​လိုယူဆလိုက္​တာလဲ?

"ဝမ္​ရယ္​ ကိုယ္​့ဘာသာကိုယ္​ ထြက္​သြားခ်င္​လား ဒါမွမဟုတ္​ ကြၽန္​​ေတာ္​တို႔ကို ဝမ္​ရယ္​အတြက္​ လမ္​းျပ​ေပး​ေစလိုလား?

ဖုန္​းခ်ီက လူတစုကို ဦး​ေဆာင္​လာကာ သူတို႔အားလံုးက လံုဇယ္​က်င္​့ထ်န္​းအား ဝိုင္​းထားလိုက္​သည္​။ လူတိုင္​းက လံုဇယ္​က်င္​့ထ်န္​းအား ဝိုင္​းၾကည္​့​ေနကာ သူကသာ 'ငါထြက္​မသြားဘူး'ဟု ​ေျပာလိုက္​ပါက သူတို႔က သူ႔အား ထူမကာ အျပစ္​ကိုိ ပစ္​ထုတ္​ၾကမလိုပင္​။

တိုင္​းျပည္​တျပည္​၏ မင္​းသားတပါးသာ အျပင္​ကို ပစ္​ထုတ္​ျခင္​း ခံလိုက္​ရလွ်င္​ ဘယ္​​ေလာက္​​ေတာင္​ ရွက္​ဖြယ္​​ေကာင္​းလိမ္​့မည္​နည္​း? လံုဇယ္​က်င္​့ထ်န္​းက ႀကိဳးစားရုန္​းကန္​လိုက္​ကာ သူ႔ဘာသာသူ ထရပ္​လိုက္​သည္​။

"ပန္​ဝမ္​ ကိုယ္​့ဘာသာပဲ ထြက္​သြားမယ္​!"

မင္​းသားအိမ္​​ေတာ္​က​ေန သူ မထြက္​ခြာခင္​ လံုဇယ္​က်င္​့ထ်န္​းက မုရံုခ်ီခ်ီအား စိုက္ၾကည္​့ကာ

"ရွန္​းအာ ကိုယ္​ အရံႈးမ​ေပးနိုင္​ဘူး! ကိုယ္​ လံုးဝ အရံႈးမ​ေပးဘူး!"

"ထြက္​သြား...!"

ဖုန္​းခ်န္​အသံတြင္​ ​ေဒါသမ်ား သိသာစြာ ပါဝင္​​ေနသည္​။ သူ႔အသံက လံုဇယ္​က်င္​့ထ်န္​းဆီသို႔ ​ေရာက္​ကာ လံုဇယ္​က်င္​့ထ်န္​းနားမ်ားကို စူးစူးရွရွ နာက်င္​မႈတခုအား ခံစားရ​ေစသည္​။ လံုဇယ္​က်င္​့ထ်န္​းက သူ႔နားမ်ားကို လ်င္​ျမန္​စြာ ဆုပ္​ကိုင္​ထားလိုက္​သည္​။ သူ ဝမ္​းနည္​း​ေနရင္​ ဘယ္​လိုပံုစံျဖစ္​မည္​မွာ အခု သူ ဝမ္​းနည္​း​ေနသည္​့ ပံုစံပင္​။

"ဘန္​း..."

လံုဇယ္​က်င္​့ထ်န္​း အသက္​တခ်က္​ မရႈရ​ေသးခင္​ တံခါးက ဘန္​းခနဲ႔ ပိတ္​သြားသည္​။ ​ေသခ်ာလံု​ေအာင္​ ပိတ္​လိုက္​​ေသာ​ေၾကာင္​့ မုရံုခ်ီခ်ီမ်က္​နွာကိုပင္​ မျမင္​ရ​ေတာ့​ေပ။

ကိုယ္အ​ရံႈးမ​ေပးနိုင္​ဘူး! မင္​းက ကိုယ္​့အပိုင္​ပဲ! ကိုယ္​ အရံႈးမ​ေပးနိုင္​ဘူး! လံုဇယ္​က်င္​့ထ်န္​းက လက္​သီးကို ဆုပ္​ကာ အမ်က္​​ေခ်ာင္​း​ေခ်ာင္​းျဖင္​့ လွည္​့ထြက္​လိုက္​သည္​။ သူက အနီ​ေရာင္​တံခါးဝကို ​ေနာက္​တႀကိမ္​ လွည္​့ၾကည္​့လိုက္​ျပန္​သည္​။ မုရံုခ်ီခ်ီက သူ မ်က္​စိက်​ေန​တဲ့ သူ႔သတို႔သမီးပဲ! သူ အရံႈးမ​ေပးနိုင္​ဘူး! သူ ဘယ္​​ေတာ့မွ အရံႈးမ​ေပးနိုင္​ဘူး!

တင္​းစုံအ​ေဆာက္​အဦးတြင္​ ဖုန္​းခ်န္​က ရွာလကာရွည္​မ်ားနွင္​့ ျပည္​့​ေနသည္​။ သူက မုရံုခ်ီခ်ီနား႐ြက္​ကို ​ေဒါသျဖစ္​​ေနတဲ့ တိရစာၦန္​​ေလးတ​ေကာင္​လို ကိုက္​လိုက္​ကာ သူ႔ရင္​ထဲက မ​ေက်နပ္​မႈ​ေတြကို ​ေဖာက္​ခြဲလိုက္​သည္​။

"ဝမ္​ရယ္​ ... တကယ္​ပဲ ကြၽန္​မတို႔ၾကားမွာ ဘာမွ မရွိပါဘူးဆို! ရွင္​ ကြၽန္​မကို ယံုၾကည္​ရမယ္​!"

သူမနားမွ ​ေႏြး​ေထြးမႈက မုရံုခ်ီခ်ီခႏၶာကိုယ္​တခုလံုး ယားယံသလို ခံစားလာရ​ေစသည္​။ သူမက သူ႔ကိုက္​ခဲမႈကို လ်င္​ျမန္​စြာ ​ေရွာင္​တိမ္​းလိုက္​သည္​။

"ဟြန္​႔! မင္​း သူ႔ကို ဝမ္​ရယ္​လို႔ ​ေခၚတယ္​။ မင္​း ကိုယ္​့ကိုလည္​း ဝမ္​ရယ္​လို႔ ​ေခၚတယ္​။ ဘယ္​ဝမ္​ရယ္​ဆိုတာက ကိုယ္​့ကို ​ေခၚ​ေနမွန္​း​ေတာင္​ ကိုယ္​ မသိ​ေတာ့ဘူး!"

ဖုန္​းခ်န္​က သူ႔လက္​နွစ္​ဖက္​ကို တဖက္​​ေပၚ တဖက္​ ထပ္​တင္​ၿပီး ပိုက္​ထားကာ ​စိတ္​ဆိုးမာန္​ဆိုးျဖင္​့ ႏႈတ္​ခမ္​းဆူထားလိုက္​သည္​။ မူလက ၾကည္​လင္​ၿပီး ​ေဖာက္​ထြင္​းျမင္​ရမတတ္​ ရွင္​းသန္​႔သည္​့ မ်က္​နွာမွာ အခုခါ ​ေဒါသ​ေၾကာင္​့ ပန္​းသီးတလံုးလို ရဲရဲနီ​ေနပံုက လူ​ေတြကို မနမ္​းဘဲ မ​ေနနိုင္​​ေအာင္​ ျဖစ္​​ေစသည္​။

ၿပီး​ေတာ့ ရက္​ရက္​စက္​စက္​လွပ​ေသာ မ်က္​လံုးတစံုထဲတြင္​ မီးမ်ားျဖင္​့ ျပည္​့​ေနသည္​။ သူ႔ခ်င္​းခ်င္​း၏ ​ေဘးနားတြင္​ ယင္​​ေကာင္​မ်ားစြာ ရွိ​ေနသည္​။ လံုဇယ္​က်င္​့ထ်န္​းဟု​​ေခၚ​ေသာ ယင္​​ေကာင္​ႀကီးမွာ မင္​းသားအိမ္​​ေတာ္ထိ​ေအာင္​ သူမကို လာဖမ္​းၿပီး သူမလက္​ကို​ေတာင္​ ဆုပ္​ကိုင္​ထား​ေသးသည္​။ သူ ​ေဒါသမျဖစ္​ဘဲ ဘယ္​လိုလုပ္​​ေနနိုင္​မွာလဲ?

ဖုန္​းခ်န္​သည္​ ဝင္​့ႂကြားၿပီး ခ်စ္​စရာ​ေကာင္​းသည္​။ မုရံုခ်ီခ်ီသည္​ ဖုန္​းခ်န္​အနားသို႔ သြားကာ သူ႔အား အနမ္​းဖြဖြတခု ​ေပးလိုက္​သည္​။

"ဒါဆို ရွင္​့ကို ကြၽန္​မက ဘယ္​လိုနာမည္​မ်ိဳး ​​ေခၚရင္​​ေကာင္​းမလဲ? ရွင္​ ဘာကို ႀကိဳက္​လဲ? ဥပမာ ခ်န္​ ခ်န္​ခ်န္ ခ်န္​ခ်န္​​ေလး အခ်စ္​လား အခ်စ္​​ေလး က​ေလး​ေလး.."

မုရံုခ်ီခ်ီက နာမည္​​ေျပာင္​​ေတြကို တသီတတန္​းႀကီး ႐ြတ္​ျပသြားၿပီး​ေနာက္​မွာ ဖုန္​းခ်န္​မ်က္​နွာက အနည္​းငယ္​ ပိုမို​ေကာင္​းမြန္​လာ​ေတာ့သည္​။

"ဘယ္​လိုပဲ ျဖစ္​ျဖစ္​ လူႀကိဳက္​မ်ားတဲ့ ခ်စ္​စနိုးနာမည္​​ေတြကို ကိုယ္​ မလိုခ်င္​ပါဘူး! ကိုယ္​့ကို ​ေခၚတာလား လံုဇယ္​က်င္​့ထ်န္​းကို ​ေခၚတာလား ကိုယ္​မွ မသိနိုင္​တာ!"

ထိုသို႔ ​ေျပာရင္​းျဖင္​့ ဖုန္​းခ်န္​သည္​ လံုဇယ္​က်င္​့ထ်န္​းကိစၥအား အမွန္​တကယ္​ ​ေဒါသျဖစ္​​ေနတာကို မုရံုခ်ီခ်ီအား သိ​ေစလိုက္​သည္​။ ဒီ​ေယာက်္​ားက သူ သဝန္​တိုတဲ့အခ်ိန္​ သူ​႔​ေဒါသက ​ေတာ္​​ေတာ္​ဆိုးတယ္​ဆိုတာ သူမ ထင္​မထားခဲ့​ေပ။ သို႔​ေပမယ္​့ သဝန္​တိုတယ္​ဆိုတာကလည္​း သူမကို ဂရုစိုက္​လို႔ပဲ မဟုတ္​ဘူးလား? ဒါက ​ေပ်ာ္​ရမယ္​့ အရာပဲ​ေလ! ​ေယာက​်္​ားတ​ေယာက္​က သင္​့ကို ဂရုမစိုက္​​ေတာ့ဘူးဆိုရင္​ သင္​ဘာပဲျဖစ္​​ေနပါ​ေစ ​ေနာက္​ဆံုး သင္​ ခိုးရာလိုက္​​ေျပးသြားတယ္​ဆိုရင္​​ေတာင္​ သူက အာရံုထဲ ရွိမွာမဟုတ​္​​ေပ။

"ကြၽန္​မတို႔ သူ႔ကို သတ္​လိုက္​ရင္​​ေရာ ဘယ္​လိုလဲ?"

ဖုန္​းခ်န္​က မုရံုခ်ီခ်ီအဆိုျပဳခ်က္​ကို လက္​ခုပ္​တီးလိုက္​သည္​။

"​ေကာင္​းသားပဲ! မိုယုက အ​ေကာင္​းဆံုးလုပ္​ႀကံသတ္​ျဖတ္​​ေရးဂိုဏ္​းလို႔ ကို္​ယ္​ၾကားဖူးတယ္​။ ခ်င္​းခ်င္​း... လံုဇယ္​က်င္​့ထ်န္​းကို သတ္​ဖို႔ မိုယုက လုပ္​ႀကံသတ္​ျဖတ္​သူ​ေတြကို ကိုယ္​တို႔ ဘာလို႔ မ​ေမးဘဲ ​ေနရမွာလဲ? မင္​း​ေရာ ဘယ္​လိုထင္​လဲ?"

ဖုန္​းခ်န္​က မိုယုအ​ေၾကာင္​းအား ထည္​့​​ေျပာလိုက္​​ေသာအခါ မုရံုခ်ီခ်ီက မ်က္​လံုး​ေတြ ရံႈ႕တြသြားသည္​။ ဖုန္​းခ်န္​ ဘာ​ေတြ ၾကားခဲ့တာလဲ? သူမက တုရွန္​းအာဆိုတာ​ေရာ သူ သိသြားၿပီလား? သူမက ​ေကာလဟလ​ေတြက ​ေႁမြလို လုပ္​ႀကံသတ္​ျဖတ္​​ေရးသမားဆိုတာ သူသိသြားရင္​ သူ ဘယ္​လိုထင္​သြားမလဲ?

"​ေမ့လိုက္​​ေတာ့ သူ႔ကို မသတ္​​ေတာ့ဘူး! ၿပီး​ေတာ့ သူက ​ေပက်ိဳးမွာပဲ ရွိ​ေန​ေသးတယ္​! သူသာ တခုခု ျဖစ္​ရင္​ ရွီးခ်ီက ​ေပက်ိဳးကို ဒုကၡ​ေပးလိမ္​့မယ္​!"

မုရံုခ်ီခ်ီ ဘာမွမ​ေျပာရ​ေသးခင္​ ဖုန္​းခ်န္​က သူ႔အမင္​ကို ​ေျပာင္​းလိုက္​ကာ လံုဇယ္​က်င္​့ထ်န္​းဘဝအား အ​ေကာင္​းပကတိ​အတိုင္​း ရွိ​ေစရန္​ ၾကင္​နာ​ေပးလို္​က္​သည္​။

ဖုန္​းခ်န္​ ဘာ​ေၾကာင္​့ ရုတ္​တရက္​ အ​ေတြး​ေျပာင္​းသြား​ေၾကာင္​းကို မုရံုခ်ီခ်ီက စဥ္​းစားၾကည္​့​ေနဆဲတြင္​ ဖုန္​းခ်န္​​ေမး​ေစ့က သူမနဖူး​ေပၚ ​ေရာက္​ရွိလာသည္​။

"ခ်င္​းခ်င္​း မင္​းနွလံုးသားထဲမွာ ကို္​ယ္​တ​ေယာက္​တည္​းပဲ ရွိ​ေနရမယ​္​​ေနာ္​ အဲ့ဒါ မင္​းသိလား? မင္​းက တျခားတ​ေယာက္​နဲ႔ ခ်စ္​​ေနတယ္​လို႔ ​ေတြးမိရင္​​ေတာင္​ ကိုယ္​့နွလံုးသားကို ဓားတလက္​နဲ႔ လွီး​ေနသလို ကိုယ္​ နာက်င္​ခံစားရတယ္​။ ခ်င္​းခ်င္​း... မင္​းက ကိုယ္​့ဘဝရဲ႕ အစိတ္​အပိုင္​း တခု ျဖစ္​နွင္​့​ေနၿပီးၿပီ။ မင္​း​ေလးကိုသာ ဆံုးရံႈးရရင္​ ကိုယ္​... ဘာလုပ္​ရမွန္​း​ေတာင္​ သိမွာမဟုတ္​​ေတာ့ဘူး..."

ထိုအၾကင္​နာစကားမ်ားမွာ မုရံုခ််ီခ်ီ ​ေျပာလိုခဲ့သည္​့ စကားမ်ား ျဖစ​​္​​ေသာ္​လည္​း မထင္​မွတ္​ဘဲ ဖုန္​းခ်န္​က အရင္​​ေျပာလာသည္​။

"ခ်န္​ ကြၽန္​မ တျခားဘယ္​သူနဲမွ ခ်စ္​လာမွာမဟုတ္​ဘူး... ဘာလို႔လည္​းဆို​ေတာ့ ကြၽန္​မ နွလံုးသားထဲမွာ ရွင္​တ​ေယာက္​တည္​းနဲ႔ ျပည္​့နွင္​့​ေနၿပီး တျခားဘယ္​သူမွ မဝင္​နိုင္​​ေတာ့ဘူး"

ဒီအခ်က္​မွာ မုရံုခ်ီခ်ီသည္​ သူမစိတ္​ရင္​းကို ​​ေဖာ္​ျပဖို႔အတြက္​ ဒီစကား​ေတြကုိ သံုးႏႈန္​းရံုသာ ရွိ​ေတာ့သည္​။ ၿပီး​ေတာ့ သူမ၏ အရည္​႐ႊန္​းလဲ့ၿပီး ခံစားခ်က္​မ်ားျပည္​့​ေနသည္​့ မ်က္​လံုးမ်ားထဲမွ ခိုင္​မာမႈသည္​ ဖုန္​းခ်န္​၏ ပူပင္​​ေန​ေသာ စိတ္​အား တျဖည္​းျဖည္​းခ်င္​း တည္​ၿငိမ္​လာ​ေစသည္​။

"ဒါဆိုလည္​း... ​ေကာင္​းၿပီ​ေလ!"

ဖုန္​းခ်န္​က သူ႔မ်က္​လံုးအား မွိတ္​လိုက္​ကာ မုရံုခ်ီခ်ီနဖူးအား နမ္​းလိုက္​သည္​။

ထို​ေန႔လည္​ခင္​းတြင္​ ဖုန္​းခ်န္​က နလန္​ရွင္​းအား စာၾကည္​့​ေဆာင္​သို႔ ဆင္​့​ေခၚလိုက္​သည္​။

"သြား... သြားၿပီး ဝမ္​​ေဖးရဲ႕ သရုပ္​မွန္​ကို စံုစမ္​းၾကည္​့ခ်ည္​"

နလန္​ရွင္​း ဝင္​လာလာခ်င္​း ဖုန္​းခ်န္​က သူ႔ကို စာ႐ြက္​အပိုင္​းအစတခု ပစ္​​ေပးလိုက္​သည္​။ အ​ေၾကာင္​းအရာမ်ားကို ဖတ္​ရႈၿပီး​ေနာက္​ နလန္​ရွင္​းက မ်က္​​ေမွာင္​ၾကဳတ္​ကာ

"ဝမ္​ရယ္​... ​ဝမ္​ရယ္​ ​ေျပာခ်င္​တာက ဝမ္​​ေဖးက မိုယုရဲ႕ တုရွန္​းအာဆိုတာလား?"

"အရင္​ဆံုး လံုဇယ္​က်င္​့ထ်န္​းကို သြားစံုစမ္​းခ်ည္​! သူက လုပ္​ႀကံသတ္​ျဖတ္​္​မႈတခုက​ေန ထြက္​​ေျပးလြတ္​​ေျမာက္​ခဲ့တယ္​။ သူ႔ကို ဘယ္​သူက ကယ္​ခဲ့တာလဲ? အဲ့ဒါက တုရွန္​းအာဆိုရင္​ ဝမ္​​ေဖးက တုရွန္​းအာပဲ!"

ထို​ေန႔က သူဘာၾကားခဲ့လဲဆိုတာ ျပန္​စဥ္​းစားမိသည္​့တခဏ ဖုန္​းခ်န္​နွလံုးသားက မလြယ္​ကူသလို ခံစားရသည္​။

မုရံုခ်ီခ်ီသာ တုရွန္​းအာဆိုရင္​ ဘာ​ေၾကာင္​့ ကြမ္​းဟြာသခင္​​ေလးက မုရံုခ်ီခ်ီအ​ေပၚ အခ်ိန္​တိုင္​း ​ေ႐ႊ​ေထာင္​​ေပါင္​းမ်ားစြာ ​ေလာင္​း​ေၾကးထပ္​ရတယ္​ဆိုတာ ရွင္​းလင္​းနိုင္​​ေတာ့မည္​။

သိုင္​း​ေလာကမွာ ထြက္​​ေပၚ​ေန​ေသာ ​ေကာလဟလ​ေတြအရဆိုရင္​ ကြမ္​းဟြာသခင္​​ေလးနွင္​့ တုရွန္​းအာတို႔က စံုတြဲ​ေတြ ျဖစ္​ၾကသည္​။ မုရံုခ်ီခ်ီသာ တုရွန္​းအာဆိုရင္​ ကြမ္​းဟြာသခင္​​ေလးက​ေရာ ဘယ္​သူလဲ? သူတို႔သာ ခ်စ္​သူ​ေတြ ျဖစ္​​ေနရင္​ သူ ဘာလုပ္​သင္​့လဲ?

ဖုန္​းခ်န္​က ဆက္​​ေတာင္​ မ​ေတြးရဲ​ေတာ့။ မုရံုခ်ီခ်ီက တုရွန္​းအာဆိုတာ သူၾကားၿပီးကတည္​းက သူ႔နွလံုးသားက မတည္​ၿငိမ္​နိုင္​​ေတာ့​ေပ။

ဖုန္​းခ်န္​နွလံုးသားထဲတြင္​ မုရံုခ်ီခ်ီက တုရွန္​းအာ ျဖစ္​နိုင္​​ေခ်မွာ အလြန္​မ်ားသည္​။ တုရွန္​းအာက အဆိပ္​ကို အသံုးျပဳရာတြင္​ အလြန္​​ေတာ္​သည္​။ မုရံုခ်ီခ်ီက လ်န္​သခင္​​ေလး ျဖစ္​​ေန​ေတာ့ လူကို ကုသနိုင္​သလို လူလည္​း သတ္​နို္​င္​သည္​။ ​ေဆးပညာတြင္​ အထူးကြၽမ္​းက်င္​သူက အဆိပ္​တြင္​လည္​း အထူးကြၽမ္​းက်င္​သည္​... ဒါက ​ေပဟဠိဆက္​သလို လိုက္​ဖက္​သည္​။ ထို႔ျပင္​ တုရွန္​းအာက နတ္​သမီးတပါးလို လွပသည္​... ထို႔​ေၾကာင္​့ သူမက ရွန္​းဆို​ေသာ နာမည္​ရလာျခင္​း ျဖစ္​သည္​။ ၿပီး​ေတာ့ မုရံုခ်ီခ်ီ၏ သူမတူ​ေသာ ရုပ္​ရည္​ကို ရွန္​းဟု​ေသာ စကားလံုးျဖင္​့ ​ေဖာ္​ျပရန္​ ထိုက္​တန္​သည္​။

*** တု => အဆိပ္​၊ ရွန္​း => နတ္​သမီး နတ္​သား/ မ​ေသမ်ိဳး/ နတ္​ဘုရား၊ အာ => ခ်စ္​စနိုး အ​သံုးအႏႈန္​း***

မုရံုခ်ီခ်ီ၏ သရုပ္​မွန္​ကို တုရွန္​းအာ ဟုသာ သတ္​မွတ္​လွ်င္​ သူ႔မွာ သန္​မာတဲ့ အခ်စ္​ၿပိဳင္​ဘက္​ ကြမ္​းဟြာသခင္​​ေလးပါ ရွိသြားတယ္​လို႔ ဆိုလိုတာ မဟုတ္​​ေပဘူးလား?

ဖူရွန္​႔မန္​၏ အလုပ္​လုပ္​နိုင္​စြမ္​းသည္​ အလြန္​ျမင္​့မားသည္​။ ထိုညတြင္​ နလန္​ရွင္​းက အ​ေျဖနွင္​့အတူ ျပန္​လာသည္​။ လံုဇယ္​က်င္​့ထ်န္​းကို ကယ္​တင္​ခဲ့သည္​့တ​ေယာက္​မွာ တုရွန္​းအာ ျဖစ္​သည္​။ ထို႔အျပင္​ တုရွန္​းအာ​ေၾကာင္​့ လံုဇယ္​က်င္​့ထ်န္​းက မုရံုခ်ီခ်ီနွင္​့ ​ေစ့စပ္​ထားတာကို ဖ်က္​သိမ္​းခဲ့ၿပီး လမ္​းခြဲခဲ့သည္​။ အဲ့ဒီအရူးက မုရံုခ်ီခ်ီဆိုတာ တုရွန္​းအာမွန္​း မသိခဲ့ဘူး! အခု သူ ရွာ​ေတြ႕သြားမွ သူက ဒါကို ​ေနာင္​တရ​ေနသည္​။ ဒါ့​ေၾကာင္​့ သူက မုရံုခ်ီခ်ီကို လာရွာၿပီး သူတို႔ရဲ႕ ကံၾကမၼာကို ျပန္​ဆက္​ခ်င္​ခဲ့သည္​။

"ဝမ္​ရယ္​ ကြၽန္​​ေတာ္​တို႔ ဘာဆက္​လုပ္​သင္​့လဲ?"

ဖုန္​းခ်န္​၏ မ်က္​နွာ ျဖဴရာမွ မည္​းလာ၊ မည္​းရာမွ ျဖဴလာတာကို ၾကည္​့ရင္​း နလန္​ရွင္​းလည္​း အနည္​းငယ္​ တုန္​လႈပ္​လာမိသည္​။ ပံုမွန္​အားျဖင္​့ဆိုလွ်င္​ ဒီလိုအမူအရာမ်ိဳး ျဖစ္​ပါက သူ႔သခင္​၏ စိတ္​အ​ေျခအ​ေနမွာ အလြန္​ဆိုး႐ြား​ေနၿပီး တ​ေယာက္​​ေယာက္​ ​ေသရ​ေတာ့မည္​ဆိုတာကို ၫႊန္​ျပ​ေန​ေသည္။ ကံမ​ေကာင္​းသည္​့သူက ဘယ္​သူလဲဆိုတာ​ေတာ့ သူလည္​း မသိ​ေပ။

"ကြမ္​းဟြာသခင္​​ေလးရဲ႕ ႂကြယ္​့စီဖန္​႔နဲ ထံု​ေပါင္​က်ိဳက္​ကို ခ်ိတ္​ပိတ္​လိုက္​!

ဖုန္​းခ်န္​က အံႀကိတ္​ရင္း ထိုအမိန္​႔ကို ​ေပးလိုက္​သည္​။ မင္​း ဘယ္​သူလဲဆိုတာ ငါ ဂရုမစိုက္​ဘူး! မင္​းက ငါနဲ႔ ၿပိဳင္​ၿပီး ခ်ီခ်ီကို လုခ်င္​တယ္​ဆိုကတည္​းက မင္​း ဒီ​ေလာကႀကီးကို ​ေရာက္​လာရတာ ​ေနာင္​တရ​ေအာင္​ ငါ လုပ္​ျပမယ္​!

TN# မုရံုခ်ီခ်ီရဲ႕ identity ​တခု​ေတာ့ ထပ္​​ေပၚသြားပါၿပီ! ​ေနာက္​ identity တခု ထပ္​​ေပၚလာရင္​​ေတာ့ ​ေခြးစာစားဖို႔ ျပင္​ထားၾကပါ။ ကိုယ္​လည္​း အတတ္​နိုင္​ဆံုး​ေတာ့ အခ်ိန္​ရသ​ေလာက္​ ျပန္​​ေပး​ေန​ပါတယ္​။ Paid gp လံုးဝမရွိပါ။ book 1 book 2 တပိုင္​းစီ ၿပီးတာနဲ႔ တင္​​ေပးမွာပါ။ မန္​႔​ေတြကို rp မျပန္​ျဖစ္​​ေပမယ္​့ အကုန္​လံုးကို ဖတ္​ျဖစ္​ပါတယ္​။ ​​Thank you all!

****************************

Unicode Version

"ကျွန်မရဲ့ အမေကလည်း ဇီးပန်းကို ကြိုက်တယ်"

မုရုံချီချီက နီရဲတောက်ပနေသည့် ပန်းပွင့်များကို ထိတွေ့လိုက်ရင်း တီးတိုး ပြောဆိုလိုက်သည်။

မုရုံချီချီစကားသည် ဝမ်ရမ်လဲ့၏ ရိုင်းစိုင်းပြီး စိတ်ကူးယဉ်ဆန်သော အတွေးများကို ပျောက်ကွယ်သွားစေသည်။ မုရုံချီချီကို ကြည့်နေသော သူ့ပုံံစံမှာ ပိုပြီး နူးညံ့လာသည်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်ယွဲ့လည်း ဒီလိုမျိုး ဝတ်ဆင်ကာ ဇီးပန်းဥယျာဉ်ထဲမှာ လှလှပပ ရပ်နေခဲ့သည်။ အခုထက်တောင် သူက မမေ့နိုင်သေးပေ။

"ဒါ အမှန်ပဲ! မင်ယွဲ့က ဇီးပန်းတွေကို အကြိုက်ဆုံးပဲ!"

ထိုသို့ ပြောနေရင်း ဝမ်ရမ်လဲ့ စကားထဲမှ အထီးကျန်မှုများကို ခံစားရသောအခါ မုရုံချီချီက အံ့သြသွားသည်။

ဘာလို့လဲ... ဝမ်ရမ်မင်ယွဲ့အကြောင်းကို ပြောတိုင်း ဘာကြောင့် ဝမ်ရမ်လဲ့က အရမ်းဝမ်းနည်းနေရတာလဲ? ဝမ်ရမ်မင်ယွဲ့ သက်ရှိထင်ရှားရှိစဉ်က ဒီအစ်ကိုက သူမကို အရမ်းချစ်ကာ သူမအတွက်ဆို မိုးပေါ်က ကြယ်ကိုတောင် ယူပေးဖို့ ဆန္ဒရှိတယ်လို့ မုရုံချီချီက ကြားဖူးခဲ့သည်။ ဒီအချစ်သာ အမှန်တကယ်ဖြစ်မယ်ဆိုရင် ဘာကြောင့် ဝမ်ရမ်လဲ့က ယန်တန်းတောင်ကိစ္စကို အစီအစဉ်ဆွဲခဲ့ရတာလဲ? ဘာကြောင့် ဖုန်းရှဲ့နဲ့ ဝမ်ရမ်မင်ယွဲ့တို့လင်မယားကို ဇာတ်လမ်းဆင်ခဲ့ရတာလဲ? ပြီးတော့ ဘာကြောင့် ဖုန်းချန်ကို အမုန်းတရားတွေ ပွားခဲ့ရတာလဲ?

ဒီလူက ရှုပ်ထွေးတဲ့ ဝိရောဓိတွေနဲ့ ပြည့်နေသည်။ နောက်ဆုံးမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ?

"ဘာဖြစ်လို့လဲ?"

မုရုံချီချီက သူ့အား စိုက်ကြည့်နေတာကို မြင်သောအခါ ဝမ်ရမ်လဲ့က နူးညံ့စွာ ပြုံးပြလိုက်သည်။ ဝမ်ရမ်မင်ယွဲ့က လောကမှာ နံပါတ်တစ်မိန်းမလှလေး ဖြစ်ခဲ့သလို သူ့အစ်ကိုတယောက်အနေဖြင့် ဝမ်ရမ်လဲ့မှာလည်း ငယ်ရွယ်စဉ်က ချောမောခန့်ညားသော ယောကျ်ားတယောက် ဖြစ်ခဲ့သည်။  အခုထက်တိုင် သူက အသက်အရွယ်ရလာပြီဖြစ်သော်လည်း သူ့ဟန်ပန်မှာ သာမာန်နှင့် ကွဲထွက်နေလျှက် အသက်ကြီးသည့်ပုံစံ မပြသသေးပေ။

"ဦးရီးတော်... ကျွန်မ ဒီဆောင်းဦးရှည်ကြာနန်းဆောင်ကို သဘောကျတယ်။ နောက်ကျ ကွန်မ ဒီကို မကြာခဏလာဖြစ်လိမ့်မယ်"

မုရုံချီချီစကားက ဝမ်ရမ်လဲ့စိတ်အခြေအနေကို အလွန်ကောင်းမွန်သွားစေသည်။ သူ ချက်ချင်းပဲ ဝမ်ရမ်မင်ယွဲ့ဆီ ပြေးကာ သတင်းကောင်းကို ပြောပြချင်သည်... သူ သူမ၏ သမီးကို ရှာတွေ့ပြီ သူမရဲ့ ကလေးကို ရှာတွေပြီဆိုတာကို သူမအား သိစေချင်သည်။

မုရုံချီချီက ဆောင်းဦးရှည်ကြာနန်းဆောင်တွင် အချိန်တော်တော်ကြာ နေထိုင်ခဲ့သည်။ ဝမ်ရမ်လဲ့က သူမဘေးတွင် အဖော်ပြုပေးခဲ့သည်။ သူက ဆောင်းဦးရှည်ကြာနန်းဆောင်၏ အရာရာတိုင်းနှင့် သူမအား မိတ်ဆက်ပေးခဲ့သည်။ အရင်က ယွဲ့လန်ကျစ်နေခဲ့သည့် နေရာသို့ သူတို့ရောက်သောအခါ ဒီနေရာက ချိတ်ပိတ်ထားသည်ကို မုရုံချီချီက တွေ့ရှိခဲ့ရသည်။

"မင်းက ဒီနေရာက ကံမကောင်းဘူးလို့ ပြောလို့ ကျန်း ဒီနေရာကို ချိတ်ပိတ်ခိုင်းထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနန်းဆောင်က ကြီးပါတယ်။ မင်း ကြိုက်တဲ့နေရာ ရွေးချယ်ပြီး နေထိုင်လို့ ရပါတယ်"

"Mm"

မုရုံချီချီက ခေါင်းညိတ်လိုက်သည်။ သူမက အနီရောင်တံခါးပေါ်မှ အဝါရောင်ချိတ်စည်းကို လှည့်ကာ ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဝမ်ရမ်လဲ့နှင့်အတူ ဆောင်းဦးရှည်ကြာနန်းဆောင်မှ ထွက်ခွာခဲ့သည်။

သူမက လင်းကဲ့ရှှင်း၏ ဖိတ်ကြားချက်ကြောင့် ဒီတခေါက် နန်းတွင်းကို ဝင်ခဲ့သော်လည်း နောက်ဆုံးတွင် မုရုံချီချီသည် လင်းကဲ့ရှင်းနှင့် စကားများများစားစားမပြောခဲ့ရပေ။ သူမ ဆောင်းဦးရှည်ကြာနန်းဆောင်မှ ထွက်လာပြီးနောက် ဝမ်ရမ်လဲ့က သူမအား နန်းပြင်သို့ ပို့ဆောင်ပေးခဲ့သည်။ မုရုံချီချီက မင်းသားအိမ်တော်သို့ ပြန်သွားပြီဟု ဖုန်းချန်ကြားသောအခါ သူလည်း ဘာမှ ပြောမနေတော့ဘဲ ထွက်လာခဲ့သည်။

ထို့နောက် ဝမ်ရမ်လဲ့၏ အပြုအမူမှာ လင်းကဲ့ရှင်းနှလုံးသားအား ပိုပြီး မလွယ်ကူအောင် ပြုလုပ်နေသည်။

မင်းကြီးက ဘာကို ဆိုလိုချင်တာလဲ? မုရုံချီချီက သူမဖိတ်ခေါ်ထားတဲ့ သူမှန်း သိပါရက်နဲ့ သူမက ကျင့်ရှင်းနန်းဆောင်တွင် အချိန်ခဏသာ နေခဲ့ရသည်။ မုရုံချီချီကို ဝမ်ရမ်လဲ့ ခေါ်ထုတ်သွားတုန်းက သူမမှာ မုရုံချျီချီနှင့် ဝမ်ရမ်ရီကြား ခံစားချက်များကို ပျိုးထောင်ဖို့ အချိန်တောင် မရလိုက်ပေ။ ထို့နောက် သူက ကိုယ်တိုင်ပဲ ကျင်းတဲ့ကို မုရုံချီချီအား မင်းသားအိမ်တော်သို့ ပြန်ပို့ခိုင်းလိုက်သည်။

သူမရဲ့ ကျင့်ရှင်းနန်းဆောင်မှာ ပြင်းထန်တဲ့ ရေကြီးနဲ့ ကြောက်မက်ဖွယ်သားရဲတွေ ရှိနေလို့လား? သူမက မုရုံချီချီကို ဝါးမြိုလိုက်မှာကို သူက ကြောက်နေလို့လား? ဒါမှမဟုတ် မင်းကြီးမှာ တခြားအတွေးတွေပဲ ရှိနေလို့လား?

*** ပြင်းထန်တဲ့ ရေကြီးနဲ့ ကြောက်မက်ဖွယ်သားရဲတွေ=> အလွန်အမင်း အန္တရာယ်များတာ သို့မဟုတ် ထိတ်လန့်စရာကောင်းတာ***

လင်းကဲ့ရှင်းသည် မင်းကြီး၏ အတွေးအခေါ်များကို အချိန်တော်တော်ကြာ အံ့သြနေမိသည်။ နောက်ဆုံးတွင် ဝမ်ရမ်လဲ့နှလုံးသားထဲ၌ အိမ်ရှေ့စံမင်းသားနေရာမှာ မတုန်လှုပ်သေးကြောင်းဟုသာ လင်းကဲ့ရှင်းက ကောက်ချက်ချလိုက်သည်။ သူက ဘာမှမပြောခဲ့သော်လည်း သူက ဝမ်ရမ်ရီနှင့် မုရုံချီချီတို့ ရင်းနှီးလာမှာကို တိုက်ရိုက် တားဆီးခဲ့သည်။ သူက ဝမ်ရမ်ဟုန်ကို ကူညီနေတယ်လို့ တမင်တကာ ပြလိုက်များလား?

မသမာသည့် နည်းတချို့ကို သူမ အသုံးပြုရန် လိုအပ်လာပြီထင်။ ချက်ချင်းဆိုသလို လင်းကဲ့ရှင်းက ဝမ်ရမ်ခန်အား တွေးမိသွားသည်။

ဝမ်ရမ်ခန်က မုရုံချီချီနှင့် အလွန်ရင်းနှီးပုံပေါ်သည်။ မင်းကြီးက သူမကို အဟန့်အတား ဖြစ်စေချင်မှတော့ သူမရည်ရွယ်ချက်ကို အောင်မြင်ဖို့ တခြားနည်းလမ်း အသုံးပြုတာကို အပြစ်မတင်ပါနဲ့တော့! ဒီထီးနန်းက ရီအာအတွက်ပဲ ဖြစ်ရမယ်! သူမရဲ့ ဝမ်ရမ်ရီကသာ ဒီနေရာအတွက် အသင့်တော်ဆုံးသူပဲ!

နန်လင်းမင်းသာအိမ်တော်ကို ပြန်ပို့ခံရပြီးနောက် မုရုံချီချီသည် အိမ်တော်ထဲသို့ ဝင်ဝင်ချင်း အသိအကျွမ်းနှစ်ဦးကို တွေ့ဆုံလိုက်ရသည်။ တယောက်က လုံဇယ်ကျင့်ထျန်း။ တယောက်က ပိုင်ယီယွဲ့ဖြစ်သည်။ သူတို့နှစ်ယောက် ပေါ်ပေါက်လာခြင်းကို မုရုံချီချီက အံ့အားသင့်မိသည်။

"မုရုံသခင်မလေး ရှင်က တကယ်ပဲ စစ်သူကြီးဖုန်းရှဲ့နဲ့ မင်းသမီးမင်ယွဲ့တို့ရဲ့ သမီးလား? "

မရင်းနှီးသော မျက်နှာကို ကြည့်ရင်း ပိုင်ယီယွဲ့က သူမမျက်လုံးကိုယ်သူမ မယုံကြည်နိုင်ပေ။ မုရုံချီချီပုံပြင်ကို နားထောင်ပြီးနောက် ပိုင်ယီယွဲ့က လှည့်စားခံရသလို ခံစားမိသည်။

"ကျွန်မပါပဲ!"

မုရုံချီချီက ပိုင်ယီယွဲ့မျက်လုံးထဲမှ ရှုပ်ထွေးနေသည့် ခံစားချက်ကို မခန့်မှန်းနိုင်သလို နားလည်း နားမလည်နိုင်ပေ။ ဘာကြောင့် ပိုင်ယီယွဲ့မျက်လုံးထဲမှာ 'အမုန်း'လို့ ခေါ်တဲ့အရာကို မြင်နေရတာလဲ?

"ရှင် ကျွန်မကို လိမ်တယ်!"

အမြဲတမ်း ရေလို သိမ်မွေ့သည့် ပိုင်ယီယွဲ့အသံက ကျယ်လောင်နေသည်။ သူမအသံက စူးရှလာကာ

"ကျွန်မက ရှင့်ကို ကျွန်မရဲ့ သူငယ်ချင်းကောင်းအဖြစ် အမြဲမြင်ခဲ့တယ်။ ရှင် ကျွန်မကို တကယ်ပဲ လိမ်ခဲ့လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး!"

"ယီယွဲ့... ကျွန်မလည်း ဒါကို ဟိုတလောကမှ သိခဲ့ရတာပါ..."

"ကျွန်မ နားမထောင်ချင်တော့ဘူး!"

ပိုင်ယီယွဲ့က ထိုစကားကို အော်ပြောလိုက်သည်။ သူမက မုရုံချီချီမျက်နှာကို ကြောက်မက်ဖွယ်ရာစိုက်ကြည့်ကာ

"ကျွန်မ မျက်လုံးကန်းခဲ့လို့ သူငယ်ချင်းတယောက်ကိုမှားယွင်းဖွဲ့ခဲ့မိတယ်။ နောက်ဆို ရှင်က ကျွန်မရဲ့ သူငယ်ချင်းမဟုတ်တော့ဘူး! ကျွန်မလည်း ကျန့်ကောမင်းသမီးနဲ့ အဆက်အသွယ်လုပ်ဖို့ မထိုက်တန်ပါဘူး!"

ထိုစကားကို နောက်တွင် ချန်ခဲ့ပြီး ပိုင်ယီယွဲ့သည် နန်လင်းမင်းသားအိမ်တော်မှ ပြေးထွကသွားတော့သည်။

"ယီယွဲ့!!"

မုရုံချီချီက သူမနောက်ကို လိုက်ဖမ်းလိုသော်လည်း သူမ ဒီနေရာမှထွက်လာသောအခါ ပိုင်ယီယွဲ့၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။မုရုံချီချီက သူမကို အရမ်းစိုးရိမ်သွားသည်။  သူမက အနီးအနားတွင် ရူရီကို တွေ့သောအခါ သူ့အား ချက်ချင်း တားလိုက်သည်။

"ရူရီ... ကျွန်မကို ကူပြီး ပိုင်သခင်မေလေးကို ကာကွယ်ပေးပါအုံး! သူမ မိုက်မဲတဲ့အရာတခုခုကို လုပ်မိသွားမှာ ကျွန်မစိုးရိမ်တယ်"

ိပိုင်ယီယွဲ့၏ အခြေအနေကို နားထောင်ပြီးနောက် ရူရီက ခေါင်းညိတ်ကာ သူမအား ရှာရန် ထွက်ခွာသွားသည်။

"ပိုင်သခင်မလေးက ဘာကြောင့် ဒီလို ဖြစ်သွားရတယ်ဆိုတာ ရှင်သိလား?"

လုံဇယ်ကျင့်ထျန်းက မုရုံချီချီနောက်တွင် ရောက်ရှိလာသည်။ သူမ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ရင်း သူက ရှင်းပြလိုက်သည်။

"ယီယွဲ့(လွမ်းဆွတ်သတိရပါသော ယွဲ့)... ယီယွဲ့. ပိုင်သခင်မလေးရဲ့ အဖေက သူမကို နာမည်ပေးတော့ သူ့နှလုံးသားထဲမှာ တခြားမိန်းမတယောက်ကို စဉ်းစားနေတာ။ အဲ့ဒီလူက မင်းအမေ မင်းသမီးမင်ယွဲ့ပဲ"

လုံဇယ်ကျင့်ထျန်း ထိုသို့ ပြောပြီးနောက် မုရုံချီချီက နားလည်သွားသည်။ ဘုရားကျောင်း၏ ဆဌမအဆင့် စစ်ဆေးမှုတွင် သူမ ပြောဆိုခဲ့သော ထိုစကားများကို မုရုံချီချီက သတိရလာသည်။

"အဖေ... အမေက တကယ်ပဲ အဲ့ဒီမိန်းမရဲ့ အစားထိုးခံလား? ယီယွဲ့ ယီယွဲ့ အဖေက တကယ်ပဲ အဲ့ဒီမင်ယွဲ့ဆိုတဲ့ မိန်းမကို မမေ့နိုင်သေးတာလား? အဖေ... အမေက အဖေ့ကို နှစ်ပေါင်းများစွာစောင့်စားခဲ့တယ်။ အဖေက ဘာကြောင့် သူမကို အရမ်းရက်စက်ခဲ့တာလဲ? တကယ်ပဲ အဲ့ဒီမင်ယွဲ့ဆိုတဲ့ မိန်းမကို သမီး မုန်းတယ်... အမေ့အတွက် နှလုံးသားတွေ နာကျင်နေရတယ်"

ဒါဆို ဒါက ဒီလိုပေါ့! မုရုံချီချီသည် နောက်ဆုံးတွင် နားလည်သွားသည်။ ပိုင်ယီယွဲ့က သူမအား ကြည့်သောအခါ သူမမျက်လုံးများတွင် အမုန်းများ ပြည့်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူမအမေ၏ မတရားခံရမှုအတွက် သူမ ငိုကြွေးကောင်း ငိုကြွေးနေလိမ့်မည်။

"ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့! ပိုင်သခင်မလေးက နားလည်တတ်တဲ့သူပါ။ သူမ နားလည်လာပါလိမ့်မယ်"

မုရုံချီချီက ဒီသူငယ်ချင်းကို အရမ်းဂရုစိုက်တာ မြင်သောအခါ လုံဇယ်ကျင့်ထျန်းက သူမဘေးတွင် နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။

ကျွန်မလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်... မုရုံချီချီက သူမစိတ်ထဲက တွေးလိုက်သည်။ မုရုံချီချီကပိုင်ယီယွဲ့ကို သူမ၏ သူငယ်ချင်းအစစ်အမှန်ဟု သတ်မှတ်ထားသောကြောင့် သူမကို အဆုံးရှုံးမခံနိုင်ပေ။ သူမလည်း ဒီလိုမျိုး မိဘတွေ၏ အငြိုးအတေးတွေက သူမတို့ဆက်ဆံရေးကို ထိခိုက်လာတာမျိုး မဖြစ်ချင်ခဲ့ပေ။

ကံကောင်းစွာဖြင့် သူမကို ဂရုစိုက်ပေးနိုင်မည့် ရူရီလည်း ရှိနေသည်။ ဒီအချိန်တွင် ပိုင်ယီယွဲ့ ဘာမှဖြစ်မလာစေဖို့ကိုပဲ မျှော်လင့်ရသည်။ မုရုံချီချီက အနည်းငယ်စိတ်အေးသွားသလို ခံစားရသည်။ သူမက လုံဇယ်ကျင့်ထျန်းအား ကြည့်ကာ

"ကျင်းဝမ်ရယ် ရှင်ရော ဘာကြောင့်ရောက်လာခဲ့တာလဲ?"

"ပန်ဝမ်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ဖို့ ပန်ဝမ် အထူးတလှယ်ရောက်လာရတာပါ"

လုံဇယ်ကျင့်ထျန်းစကားများက မရေမရာပင်။ မုရုံချီချီက နားမလည်နိုင်ပေ။ သူ့စကားများကို သူမနားမလည်နိုင်တာ မြင်သောအခါ လုံဇယ်ကျင့်ထျန်းက သူမအား အစဖော်ပေးလိုက်သည်။

"ပန်ဝမ်အဖမ်းခံရမလို ဖြစ်တုန်းက မင်းသမီးပဲ ပန်ဝမ်ကို ကယ်ခဲ့တာလေ။ အဲ့အချိန်တုန်းက မင်းသမီးက ကိုယ့်ကိုယ်ကိုယ တုရှန်းအာလို့ ပြောခဲ့တယ်လေ..."

"အိုး!"

လုံဇယ်ကျင့်ထျန်းက အတိတ်ကို ပြန်ဖော်တာကို ကြားသောအခါ မုရုံချီချီက တခစ်ခစ်ရယ်မောလိုက်သည်။

"ဒါက သေးငယ်တဲ့ အားထုတ်မှုလေးပါ။ ဝမ်ရယ်အနေနဲ့ ဒါကို အာရုံစိုက်မနေသင့်ပါဘူး"

"မင်းသမီးစိတ်ထဲမှာ ဒါက အသေးအဖွဲကိစ္စလေး ဖြစ်နေပေမယ့် ပန်ဝမ်ကတော့ မင်းသမီးကို ပန်ဝမ်နှလုံးသားထဲ အမြဲထည့်ထားတာ"

လုံဇယ်ကျင့်ထျန်းက ရှေ့ကို တိုးကာ မုရုံခီချီခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပန်းသီးစိမ်းရနံ့ကို ဖမ်းဆုပ်လိုက်သည်။ သူ့နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားသည်။ ကံကောင်းလို့ သူ သူမကို မလွဲချော်ခဲ့တာ။ ကံကောင်းလို့ သူအရှုံးမပေးခဲ့မိလို့! ကံကောင်းလို့ သူတို့မှာ အခွင့်အရေးတခုရှိနေသေးတာ!

"ဝမ်ရယ်က ကျွန်မကို ပြန်ပေးဆပ်ဖို့ ရည်ရွယ်နေတာလား?"

မုရုံချီချီက ဘေးဘက်ကို ခြေတလှမ်းရွေ့လိုက်သည်။ သူမက တခြားသူများ သူမနဲ့ အရမ်းနီးကပ်လာတာကို မကြိုက်ပေ... ဖုန်းချန်မှ လွဲ၍ပေါ့။

မုရုံချီချီ၏ 'ဆုတ်ခွာမှု'က လုံဇယ်ကျင့်ထျန်းအား သူ့နှလုံးသားထဲကနေ ခါးသီးစွာ ရယ်မောမိစေသည်။ အရင်တုန်းက သူမကို သူ အလွန်ဆိုးဆိုးရွားရွား ဆန့်ကျင်ခဲ့တာကြောင့် ဖြစ်မည်။ ဒါ့ကြောင့် အခု သူမက သူကို အခွင့်အရေးနည်းနည်းလေးတောင် မပေးလိုတာပဲ ဖြစ်မည်။

"ကိုယ်ပါပဲ! ကိုယ်က မင်းသမီးကို ပြန်ပေးဆပ်ချင်နေတာပါ။ ကိုယ့်ရဲ့ကျေးဇူးတင်မှုကို ဘယ်လိုဖော်ပြရမှန်း မသိရုံပါပဲ"

"အရမ်းရိုးရှင်းပါတယ်။ ပထမအချက် ပန်ကုန်းက ငွေမက်တယ်! အရင်တုန်းက ဝမ်ရယ်က ပန်ကုန်းကို ရွှေပေးခဲ့တယ်။ ငါးသိန်းက ဝမ်ရယ်ကို ရှင့်ရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီသေးဘူးလို့ ခံစားရရင် ရှင် ငွေကို ပိုပြီး ထပ်ပေါင်းထည့်ပေးလို့ ရပါတယ်။  ဒုတိယအချက် ပန်ကုန်း ပင်ပန်းနေလို့ အိပ်ချင်နေတယ်။ ဝမ်ရယ်ကို ပြန်သွားစေဖို့ ဒုက္ခပေးရတော့မှာပဲ! အိပ်ရေးပျက်ခဲ့တာတွေကို ပြန်ဖြည့်ဖို့ ပန်ကုန်း အိပ်ဖို့ လိုအပ်တယ်"

ထိုအချက်နှစ်ချက်က လုံဇယ်ကျင့်ထျန်းပါးစပ်ကို လုံးဝပိတ်သွားစေသည်။ ကျေးဇူးကြွေးကို အသေးအသားဖြင့် ပြန်ပေးဆပ်ရန် သူက တွေးခဲ့သည်။ ဖုန်းချန်နှင့် မုရုံချီချီတို့မှာ အခွင့်အရေးမရှိဘူးဆိုကတည်းက သူက ဒီအခွင့်အရေးကို ယူပြီး မုရုံချီချီကို လက်ထပ်မည်ဟု တွေးခဲ့သည်။ တဘက်လူက တခုက ငွေ၊ နောက်တခုက ....(ဆဲရေးသံ) ဆိုပြီး လိုအပ်ချက်နှစ်ခု ရှိခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဒီမိန်းမက တကယ်ပဲ သူ့ကို မျက်နှာသာမပေးဘူးပဲ!

"ရှန်းအာ"

မုရုချီချီက ထွက်မလို့ ဟန်ပြင်လိုက်သောအခါ လုံဇယ်ကျင့်ထျန်းက ရောက်လာပြီး မုရုံချီချီ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။

"ရှန်းအာ... ကိုယ့်ကို အခွင်အရေးတကြိမ်လောက် ထပ်ပြီး ပေးနိုင်မလား? အစတုန်းက မင်းက ကိုယ်နဲ့ စေ့စပ်ခဲ့တာပဲလေ... အစက မင်းက ကိုယ့်ဝမ်ဖေး ဖြစ်ခဲ့ဖူးတာလေ"

"ကျွန်မကို လွှတ်ပါ!"

မုရုံချီချီက သူမလက်ကို ပြန်ဆွဲထုတ်ချင်နေသည်။ လုံဇယ်ကျင့်ထျန်းရဲ့ လက်တွေက လက်ထိပ်တွေလို မြဲမြံပြီး သူမအား ဒီနေရာတွင် တားဆီးထားမည်ဟု ထင်မထားခဲ့ပေ။

"မဟုတ်ဘူး!"

လုံဇယ်ကျင့်ထျန်းက အံ့ကြိတ်ကာ မုရုံချီချီ၏ လှပသည့်မျက်နှာကို ကြည့်လိုက်သည်။

"ပန်ဝမ် တခါက လွှတ်ပေးမိခဲ့လို့ အတိတ်က ပန်ဝမ်ရဲ့ အချစ်ကို တိုက်စားမိလုနီးပါး ဖြစ်ခဲ့တယ်။ အခု ပန်ဝမ် နောက်ဆုံးတော့ အခွင့်အရေးရလာပြီ။ ဒီတခါတော့ ပန်ဝမ် လုံးဝလွှတ်မပေးနိုင်ဘူး... လုံးဝ..."

လုံဇယ်ကျင့်ထျန်း စကားပြောလို့မှ မဆုံးခင် အဖြူရောင်ပုံရိပ်တခုက သူ့ရှေ့မှာ ပေါ်လာသည်။ နောက်တခဏတွင် လုံဇယ်ကျင့်ထျန်းသည် သူ့ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်မှု ခံစားလိုက်ရသည်။ သူက ကန်ချက်တခုနှင့် အတူ လေထဲတွင် တန်းတန်းမတ်မတ်လွင့်ပျံသွားတော့သည်။ 'ဘုန်း'ဆိုသည့် အသံနှင့် အတူ သူက မြေပေါ်သို့ ကျသွားလေသည်။

"အစေခံတွေ... တံခါးတွေကို ပိတ်လိုက် ခွေးတွေ အပြင်ထွက်သွားအောင်..."

ဖုန်းချန်က မုရုံချီချီ၏ ခါးကို ကိုင်ကာ လုံဇယ်ကျင့်ထျန်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူ နည်းနည်းလေးပဲ အရောက်နောက်ကျသွားတာပါ။ ဒီယင်ကောင်ကြီး ရောက်လာမယ်လို့ သူ ထင်မထားခဲ့ဘူး။ ဒီကောင် တကယ်ပဲ မုရုံချီချီရဲ့ လက်ကို ကိုင်ရဲတယ်! အဲ့ဒါ သူ့ဟာလေ! သူဟာကွ!

"အဟွတ် အဟွတ်!"

လုံဇယ်ကျင့်ထျန်းက သူ့ဗိုက်အား ဆုပ်ကိုင်ကာ မြေပေါ်တွင် နာကျင်စွာ ကွေးနေသည်။ ဖုန်းချန်က အလွန် ရုတ်တရက် ရောက်လာလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။ ဖုန်းချန်ရဲ့ ကန်ချက်ကလည်း ဒီလောက်အားပြင်းနေမယ်လို့ ထင်မထားခဲ့ပေ။ စူးစူးရှရှနာကျင်မှုတခုက သူ့ဗိုက်မှ ပေါ်လာသည်။ ထိုကန်ချက်မှာ တကယ်ပဲ ပြင်းထန်လှသည်။

အခု ဖုန်းချန်ပြောလိုက်သည့် 'တံခါးတွေကို ပိတ်လိုက် ခွေးတွေ ထွက်သွားအောင်'ဆိုတဲ့စကားက ဖုန်းချန်က သူ့ကို ဘယ်လိုယူဆလိုက်တာလဲ?

"ဝမ်ရယ် ကိုယ့်ဘာသာကိုယ် ထွက်သွားချင်လား ဒါမှမဟုတ် ကျွန်တော်တို့ကို ဝမ်ရယ်အတွက် လမ်းပြပေးစေလိုလား?

ဖုန်းချီက လူတစုကို ဦးဆောင်လာကာ သူတို့အားလုံးက လုံဇယ်ကျင့်ထျန်းအား ဝိုင်းထားလိုက်သည်။ လူတိုင်းက လုံဇယ်ကျင့်ထျန်းအား ဝိုင်းကြည့်နေကာ သူကသာ 'ငါထွက်မသွားဘူး'ဟု ပြောလိုက်ပါက သူတို့က သူ့အား ထူမကာ အပြစ်ကို ပစ်ထုတ်ကြမလိုပင်။

တိုင်းပြည်တပြည်၏ မင်းသားတပါးသာ အပြင်ကို ပစ်ထုတ်ခြင်း ခံလိုက်ရလျှင် ဘယ်လောက်တောင် ရှက်ဖွယ်ကောင်းလိမ့်မည်နည်း? လုံဇယ်ကျင့်ထျန်းက ကြိုးစားရုန်းကန်လိုက်ကာ သူ့ဘာသာသူ ထရပ်လိုက်သည်။

"ပန်ဝမ် ကိုယ့်ဘာသာပဲ ထွက်သွားမယ်!"

မင်းသားအိမ်တော်ကနေ သူ မထွက်ခွာခင် လုံဇယ်ကျင့်ထျန်းက မုရုံချီချီအား စိုက်ကြည့်ကာ

"ရှန်းအာ ကိုယ် အရှုံးမပေးနိုင်ဘူး! ကိုယ် လုံးဝ အရှုံးမပေးဘူး!"

"ထွက်သွား...!"

ဖုန်းချန်အသံတွင် ဒေါသများ သိသာစွာ ပါဝင်နေသည်။ သူ့အသံက လုံဇယ်ကျင့်ထျန်းဆီသို့ ရောက်ကာ လုံဇယ်ကျင့်ထျန်းနားများကို စူးစူးရှရှ နာကျင်မှုတခုအား ခံစားရစေသည်။ လုံဇယ်ကျင့်ထျန်းက သူ့နားများကို လျင်မြန်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူ ဝမ်းနည်းနေရင် ဘယ်လိုပုံစံဖြစ်မည်မှာ အခု သူ ဝမ်းနည်းနေသည့် ပုံစံပင်။

"ဘန်း..."

လုံဇယ်ကျင့်ထျန်း အသက်တချက် မရှုရသေးခင် တံခါးက ဘန်းခနဲ့ ပိတ်သွားသည်။ သေချာလုံအောင် ပိတ်လိုက်သောကြောင့် မုရုံချီချီမျက်နှာကိုပင် မမြင်ရတော့ပေ။

ကိုယ်အရှုံးမပေးနိုင်ဘူး! မင်းက ကိုယ့်အပိုင်ပဲ! ကိုယ် အရှုံးမပေးနိုင်ဘူး! လုံဇယ်ကျင့်ထျန်းက လက်သီးကို ဆုပ်ကာ အမျက်ချောင်းချောင်းဖြင့် လှည့်ထွက်လိုက်သည်။ သူက အနီရောင်တံခါးဝကို နောက်တကြိမ် လှည့်ကြည့်လိုက်ပြန်သည်။ မုရုံချီချီက သူ မျက်စိကျနေတဲ့ သူ့သတို့သမီးပဲ! သူ အရှုံးမပေးနိုင်ဘူး! သူ ဘယ်တော့မှ အရှုံးမပေးနိုင်ဘူး!

တင်းစုံအဆောက်အဦးတွင် ဖုန်းချန်က ရှာလကာရှည်များနှင့် ပြည့်နေသည်။ သူက မုရုံချီချီနားရွက်ကို ဒေါသဖြစ်နေတဲ့ တိရစ္ဆာန်လေးတကောင်လို ကိုက်လိုက်ကာ သူ့ရင်ထဲက မကျေနပ်မှုတွေကို ဖောက်ခွဲလိုက်သည်။

"ဝမ်ရယ် ... တကယ်ပဲ ကျွန်မတို့ကြားမှာ ဘာမှ မရှိပါဘူးဆို! ရှင် ကျွန်မကို ယုံကြည်ရမယ်!"

သူမနားမှ နွေးထွေးမှုက မုရုံချီချီခန္ဓာကိုယ်တခုလုံး ယားယံသလို ခံစားလာရစေသည်။ သူမက သူ့ကိုက်ခဲမှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

"ဟွန့်! မင်း သူ့ကို ဝမ်ရယ်လို့ ခေါ်တယ်။ မင်း ကိုယ့်ကိုလည်း ဝမ်ရယ်လို့ ခေါ်တယ်။ ဘယ်ဝမ်ရယ်ဆိုတာက ကိုယ့်ကို ခေါ်နေမှန်းတောင် ကိုယ် မသိတော့ဘူး!"

ဖုန်းချန်က သူ့လက်နှစ်ဖက်ကို တဖက်ပေါ် တဖက် ထပ်တင်ပြီး ပိုက်ထားကာ စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ခမ်းဆူထားလိုက်သည်။ မူလက ကြည်လင်ပြီး ဖောက်ထွင်းမြင်ရမတတ် ရှင်းသန့်သည့် မျက်နှာမှာ အခုခါ ဒေါသကြောင့် ပန်းသီးတလုံးလို ရဲရဲနီနေပုံက လူတွေကို မနမ်းဘဲ မနေနိုင်အောင် ဖြစ်စေသည်။

ပြီးတော့ ရက်ရက်စက်စက်လှပသော မျက်လုံးတစုံထဲတွင် မီးများဖြင့် ပြည့်နေသည်။ သူ့ချင်းချင်း၏ ဘေးနားတွင် ယင်ကောင်များစွာ ရှိနေသည်။ လုံဇယ်ကျင့်ထျန်းဟုခေါ်သော ယင်ကောင်ကြီးမှာ မင်းသားအိမ်တော်ထိအောင် သူမကို လာဖမ်းပြီး သူမလက်ကိုတောင် ဆုပ်ကိုင်ထားသေးသည်။ သူ ဒေါသမဖြစ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ?

ဖုန်းချန်သည် ဝင့်ကြွားပြီး ချစ်စရာကောင်းသည်။ မုရုံချီချီသည် ဖုန်းချန်အနားသို့ သွားကာ သူ့အား အနမ်းဖွဖွတခု ပေးလိုက်သည်။

"ဒါဆို ရှင့်ကို ကျွန်မက ဘယ်လိုနာမည်မျိုး ခေါ်ရင်ကောင်းမလဲ? ရှင် ဘာကို ကြိုက်လဲ? ဥပမာ ချန် ချန်ချန် ချန်ချန်လေး အချစ်လား အချစ်လေး ကလေးလေး.."

မုရုံချီချီက နာမည်ပြောင်တွေကို တသီတတန်းကြီး ရွတ်ပြသွားပြီးနောက်မှာ ဖုန်းချန်မျက်နှာက အနည်းငယ် ပိုမိုကောင်းမွန်လာတော့သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် လူကြိုက်များတဲ့ ချစ်စနိုးနာမည်တွေကို ကိုယ် မလိုချင်ပါဘူး! ကိုယ့်ကို ခေါ်တာလား လုံဇယ်ကျင့်ထျန်းကို ခေါ်တာလား ကိုယ်မှ မသိနိုင်တာ!"

ထိုသို့ ပြောရင်းဖြင့် ဖုန်းချန်သည် လုံဇယ်ကျင့်ထျန်းကိစ္စအား အမှန်တကယ် ဒေါသဖြစ်နေတာကို မုရုံချီချီအား သိစေလိုက်သည်။ ဒီယောကျ်ားက သူ သဝန်တိုတဲ့အချိန် သူ့ဒေါသက တော်တော်ဆိုးတယ်ဆိုတာ သူမ ထင်မထားခဲ့ပေ။ သို့ပေမယ့် သဝန်တိုတယ်ဆိုတာကလည်း သူမကို ဂရုစိုက်လို့ပဲ မဟုတ်ဘူးလား? ဒါက ပျော်ရမယ့် အရာပဲလေ! ယောကျ်ားတယောက်က သင့်ကို ဂရုမစိုက်တော့ဘူးဆိုရင် သင်ဘာပဲဖြစ်နေပါစေ နောက်ဆုံး သင် ခိုးရာလိုက်ပြေးသွားတယ်ဆိုရင်တောင် သူက အာရုံထဲ ရှိမှာမဟုတ်ပေ။

"ကျွန်မတို့ သူ့ကို သတ်လိုက်ရင်ရော ဘယ်လိုလဲ?"

ဖုန်းချန်က မုရုံချီချီအဆိုပြုချက်ကို လက်ခုပ်တီးလိုက်သည်။

"ကောင်းသားပဲ! မိုယုက အကောင်းဆုံးလုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းလို့ ကိုယ်ကြားဖူးတယ်။ ချင်းချင်း... လုံဇယ်ကျင့်ထျန်းကို သတ်ဖို့ မိုယုက လုပ်ကြံသတ်ဖြတ်သူတွေကို ကိုယ်တို့ ဘာလို့ မမေးဘဲ နေရမှာလဲ? မင်းရော ဘယ်လိုထင်လဲ?"

ဖုန်းချန်က မိုယုအကြောင်းအား ထည့်ပြောလိုက်သောအခါ မုရုံချီချီက မျက်လုံးတွေ ရှုံ့တွသွားသည်။ ဖုန်းချန် ဘာတွေ ကြားခဲ့တာလဲ? သူမက တုရှန်းအာဆိုတာရော သူ သိသွားပြီလား? သူမက ကောလဟလတွေက မြွေလို လုပ်ကြံသတ်ဖြတ်ရေးသမားဆိုတာ သူသိသွားရင် သူ ဘယ်လိုထင်သွားမလဲ?

"မေ့လိုက်တော့ သူ့ကို မသတ်တော့ဘူး! ပြီးတော့ သူက ပေကျိုးမှာပဲ ရှိနေသေးတယ်! သူသာ တခုခု ဖြစ်ရင် ရှီးချီက ပေကျိုးကို ဒုက္ခပေးလိမ့်မယ်!"

မုရုံချီချီ ဘာမှမပြောရသေးခင် ဖုန်းချန်က သူ့အမင်ကို ပြောင်းလိုက်ကာ လုံဇယ်ကျင့်ထျန်းဘဝအား အကောင်းပကတိအတိုင်း ရှိစေရန် ကြင်နာပေးလိုက်သည်။

ဖုန်းချန် ဘာကြောင့် ရုတ်တရက် အတွေးပြောင်းသွားကြောင်းကို မုရုံချီချီက စဉ်းစားကြည့်နေဆဲတွင် ဖုန်းချန်မေးစေ့က သူမနဖူးပေါ် ရောက်ရှိလာသည်။

"ချင်းချင်း မင်းနှလုံးသားထဲမှာ ကိုယ်တယောက်တည်းပဲ ရှိနေရမယ်နော် အဲ့ဒါ မင်းသိလား? မင်းက တခြားတယောက်နဲ့ ချစ်နေတယ်လို့ တွေးမိရင်တောင် ကိုယ့်နှလုံးသားကို ဓားတလက်နဲ့ လှီးနေသလို ကိုယ် နာကျင်ခံစားရတယ်။ ချင်းချင်း... မင်းက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်း တခု ဖြစ်နှင့်နေပြီးပြီ။ မင်းလေးကိုသာ ဆုံးရှုံးရရင် ကိုယ်... ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး..."

ထိုအကြင်နာစကားများမှာ မုရုံချျီချီ ပြောလိုခဲ့သည့် စကားများ ဖြစ်သော်လည်း မထင်မှတ်ဘဲ ဖုန်းချန်က အရင်ပြောလာသည်။

"ချန် ကျွန်မ တခြားဘယ်သူနဲမှ ချစ်လာမှာမဟုတ်ဘူး... ဘာလို့လည်းဆိုတော့ ကျွန်မ နှလုံးသားထဲမှာ ရှင်တယောက်တည်းနဲ့ ပြည့်နှင့်နေပြီး တခြားဘယ်သူမှ မဝင်နိုင်တော့ဘူး"

ဒီအချက်မှာ မုရုံချီချီသည် သူမစိတ်ရင်းကို ဖော်ပြဖို့အတွက် ဒီစကားတွေကို သုံးနှုန်းရုံသာ ရှိတော့သည်။ ပြီးတော့ သူမ၏ အရည်ရွှန်းလဲ့ပြီး ခံစားချက်များပြည့်နေသည့် မျက်လုံးများထဲမှ ခိုင်မာမှုသည် ဖုန်းချန်၏ ပူပင်နေသော စိတ်အား တဖြည်းဖြည်းချင်း တည်ငြိမ်လာစေသည်။

"ဒါဆိုလည်း... ကောင်းပြီလေ!"

ဖုန်းချန်က သူ့မျက်လုံးအား မှိတ်လိုက်ကာ မုရုံချီချီနဖူးအား နမ်းလိုက်သည်။

ထိုနေ့လည်ခင်းတွင် ဖုန်းချန်က နလန်ရှင်းအား စာကြည့်ဆောင်သို့ ဆင့်ခေါ်လိုက်သည်။

"သွား... သွားပြီး ဝမ်ဖေးရဲ့ သရုပ်မှန်ကို စုံစမ်းကြည့်ချည်"

နလန်ရှင်း ဝင်လာလာချင်း ဖုန်းချန်က သူ့ကို စာရွက်အပိုင်းအစတခု ပစ်ပေးလိုက်သည်။ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နလန်ရှင်းက မျက်မှောင်ကြုတ်ကာ

"ဝမ်ရယ်... ဝမ်ရယ် ပြောချင်တာက ဝမ်ဖေးက မိုယုရဲ့ တုရှန်းအာဆိုတာလား?"

"အရင်ဆုံး လုံဇယ်ကျင့်ထျန်းကို သွားစုံစမ်းချည်! သူက လုပ်ကြံသတ်ဖြတ်မှုတခုကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ သူ့ကို ဘယ်သူက ကယ်ခဲ့တာလဲ? အဲ့ဒါက တုရှန်းအာဆိုရင် ဝမ်ဖေးက တုရှန်းအာပဲ!"

ထိုနေ့က သူဘာကြားခဲ့လဲဆိုတာ ပြန်စဉ်းစားမိသည့်တခဏ ဖုန်းချန်နှလုံးသားက မလွယ်ကူသလို ခံစားရသည်။

မုရုံချီချီသာ တုရှန်းအာဆိုရင် ဘာကြောင့် ကွမ်းဟွာသခင်လေးက မုရုံချီချီအပေါ် အချိန်တိုင်း ရွှေထောင်ပေါင်းများစွာ လောင်းကြေးထပ်ရတယ်ဆိုတာ ရှင်းလင်းနိုင်တော့မည်။

သိုင်းလောကမှာ ထွက်ပေါ်နေသော ကောလဟလတွေအရဆိုရင် ကွမ်းဟွာသခင်လေးနှင့် တုရှန်းအာတို့က စုံတွဲတွေ ဖြစ်ကြသည်။ မုရုံချီချီသာ တုရှန်းအာဆိုရင် ကွမ်းဟွာသခင်လေးကရော ဘယ်သူလဲ? သူတို့သာ ချစ်သူတွေ ဖြစ်နေရင် သူ ဘာလုပ်သင့်လဲ?

ဖုန်းချန်က ဆက်တောင် မတွေးရဲတော့။ မုရုံချီချီက တုရှန်းအာဆိုတာ သူကြားပြီးကတည်းက သူ့နှလုံးသားက မတည်ငြိမ်နိုင်တော့ပေ။

ဖုန်းချန်နှလုံးသားထဲတွင် မုရုံချီချီက တုရှန်းအာ ဖြစ်နိုင်ချေမှာ အလွန်များသည်။ တုရှန်းအာက အဆိပ်ကို အသုံးပြုရာတွင် အလွန်တော်သည်။ မုရုံချီချီက လျန်သခင်လေး ဖြစ်နေတော့ လူကို ကုသနိုင်သလို လူလည်း သတ်နိုင်သည်။ ဆေးပညာတွင် အထူးကျွမ်းကျင်သူက အဆိပ်တွင်လည်း အထူးကျွမ်းကျင်သည်... ဒါက ပေဟဠိဆက်သလို လိုက်ဖက်သည်။ ထို့ပြင် တုရှန်းအာက နတ်သမီးတပါးလို လှပသည်... ထို့ကြောင့် သူမက ရှန်းဆိုသော နာမည်ရလာခြင်း ဖြစ်သည်။ ပြီးတော့ မုရုံချီချီ၏ သူမတူသော ရုပ်ရည်ကို ရှန်းဟုသော စကားလုံးဖြင့် ဖော်ပြရန် ထိုက်တန်သည်။

*** တု => အဆိပ်၊ ရှန်း => နတ်သမီး နတ်သား/ မသေမျိုး/ နတ်ဘုရား၊ အာ => ချစ်စနိုး အသုံးအနှုန်း***

မုရုံချီချီ၏ သရုပ်မှန်ကို တုရှန်းအာ ဟုသာ သတ်မှတ်လျှင် သူ့မှာ သန်မာတဲ့ အချစ်ပြိုင်ဘက် ကွမ်းဟွာသခင်လေးပါ ရှိသွားတယ်လို့ ဆိုလိုတာ မဟုတ်ပေဘူးလား?

ဖူရှန့်မန်၏ အလုပ်လုပ်နိုင်စွမ်းသည် အလွန်မြင့်မားသည်။ ထိုညတွင် နလန်ရှင်းက အဖြေနှင့်အတူ ပြန်လာသည်။ လုံဇယ်ကျင့်ထျန်းကို ကယ်တင်ခဲ့သည့်တယောက်မှာ တုရှန်းအာ ဖြစ်သည်။ ထို့အပြင် တုရှန်းအာကြောင့် လုံဇယ်ကျင့်ထျန်းက မုရုံချီချီနှင့် စေ့စပ်ထားတာကို ဖျက်သိမ်းခဲ့ပြီး လမ်းခွဲခဲ့သည်။ အဲ့ဒီအရူးက မုရုံချီချီဆိုတာ တုရှန်းအာမှန်း မသိခဲ့ဘူး! အခု သူ ရှာတွေ့သွားမှ သူက ဒါကို နောင်တရနေသည်။ ဒါ့ကြောင့် သူက မုရုံချီချီကို လာရှာပြီး သူတို့ရဲ့ ကံကြမ္မာကို ပြန်ဆက်ချင်ခဲ့သည်။

"ဝမ်ရယ် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ?"

ဖုန်းချန်၏ မျက်နှာ ဖြူရာမှ မည်းလာ၊ မည်းရာမှ ဖြူလာတာကို ကြည့်ရင်း နလန်ရှင်းလည်း အနည်းငယ် တုန်လှုပ်လာမိသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဒီလိုအမူအရာမျိုး ဖြစ်ပါက သူ့သခင်၏ စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေပြီး တယောက်ယောက် သေရတော့မည်ဆိုတာကို ညွှန်ပြနေသေည်။ ကံမကောင်းသည့်သူက ဘယ်သူလဲဆိုတာတော့ သူလည်း မသိပေ။

"ကွမ်းဟွာသခင်လေးရဲ့ ကြွယ့်စီဖန့်နဲ ထုံပေါင်ကျိုက်ကို ချိတ်ပိတ်လိုက်!

ဖုန်းချန်က အံကြိတ်ရင်း ထိုအမိန့်ကို ပေးလိုက်သည်။ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး! မင်းက ငါနဲ့ ပြိုင်ပြီး ချီချီကို လုချင်တယ်ဆိုကတည်းက မင်း ဒီလောကကြီးကို ရောက်လာရတာ နောင်တရအောင် ငါ လုပ်ပြမယ်!

TN# မုရုံချီချီရဲ့ identity တခုတော့ ထပ်ပေါ်သွားပါပြီ! နောက် identity တခု ထပ်ပေါ်လာရင်တော့ ခွေးစာစားဖို့ ပြင်ထားကြပါ။ ကိုယ်လည်း အတတ်နိုင်ဆုံးတော့ အချိန်ရသလောက် ပြန်ပေးနေပါတယ်။ Paid gp လုံးဝမရှိပါ။ book 1 book 2 တပိုင်းစီ ပြီးတာနဲ့ တင်ပေးမှာပါ။ မန့်တွေကို rp မပြန်ဖြစ်ပေမယ့် အကုန်လုံးကို ဖတ်ဖြစ်ပါတယ်။ Thank you all!

Continue Reading

You'll Also Like

321K 28.6K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
329K 19.9K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
469K 11.6K 11
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke