🍼ငြင်းတာလား, လက်ခံလိုက်တာလား? ( Uni )
Crawfish ဆိုင်ကနေအိမ်ပြန်ရောက်ရောက်လာချင်းဘဲ ချိယွီ ပြိုလဲကျသွားခဲ့တယ်။
မနေ့ညက၊ သူဖျားတာ အရမ်းမပြင်းထန်ပေမယ့်လည်း သူအအေးမိသွားခဲ့တယ်။ထို့ကြောင့် ချိယွီက ဒီနေ့ အပြင်ထွက်ပြီး ဖျားနာမှုအားလုံးကို တုန်လှုပ်စေတဲ့ ရေခဲစိမ် ဘီယာသောက်ကာ ပူစပ်စပ် အစားအစာများကို စားခဲ့တယ်။ချိယွီမှာ အိုမီဂါတစ်ယောက်ရဲ့ ပျော့ပျောင်းမှုကို အပြည့်အဝ ခံစားဖူးခဲ့ပြီဖြစ်သည်။
ချိယွီက ဖြူဖျော့ဖျော့မျက်နှာနဲ့အိပ်ရာပေါ်မှာ လှဲနေရင်း ပျော့ခွေနေတဲ့ခြေလက်တွေနဲ့ နာဖူးပေါ်မှာလဲ အဖျားပျောက်ဆေးအိတ်ကို ကပ်လို့ထားတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အိပ်ရာပေါ်မှာပစ်တင်ထားပြီး ဝမ်းဗိုက်ကို နေရောင်လာရာသို့ လှည့်ထားကာ နေလှောင်ခံနေတဲ့ မြစ်ထဲကငါးတစ်ကောင်ကဲ့သို့ ဖြစ်လို့နေတယ်။
"ဝူး~"
ချိယွီဘေးမှာလှဲလျောင်းနေရင်း၊ ယွီကျိုးလေးက ပျင်းရိစွာ နှုတ်ခမ်းလေးဆူနေခဲ့တယ်။
ယွီကျိုးလေးကလည်း မကြာသေးမီကမှ ဖျားထားတာဖြစ်ပြီး ၊ ဆေးဘက်ဆိုင်ရာ pheromone ကိုခံယူပြီးနောက်မှ nannyက ပြန်ခေါ်ထားခဲ့တာဖြစ်တယ်။
သူ့ကို အိပ်ရာထဲသယ်သွားတာနဲ့ ယွီကျိုးလေးကသနားချင့်စရာကောင်းစွာဖြင့် ချိယွီရဲ့မျက်နှာကို ဆွဲကိုင်ကာ၊ သူအမေကို သူ့အားမြဲမြံစွာကိုင်ထားစေလိုက်တယ်။ ဘယ်လိုလုပ် ချိယွီရဲ့အားနဲ့ ယွီကျိုးကို ချီထားနိုင်မှာလဲ?
ဒီတော့၊ ချိယွီက ခဏလောက်စဉ်းစားကြည့်လိုက်ပြီးနောက် အံဆွဲကနေ တစ်ရှူးအစိုထုပ်ကိုယူကာ တစ်ရွက်လောက်ထုတ်လိုက်ပြီး ၊အဲ့ဒါကို ယွီကျိုးလေးရဲ့နဖူးပေါ် ရိုက်ကပ်ပေးလိုက်တယ်။ပြီးနောက် သူကပြောလာတယ်။ "မလှုပ်နဲ့"
ပြောစရာတောင် မလိုပါဘူး။ထိုအရာက အမှန်တစ်ကယ်ကို အလုပ်ဖြစ်ခဲ့တယ်။
ယွီကျိုးလေးက အချိန်ခဏလောက် တောင့်ခဲသွားကာ သူက သူ့မာမားလို "အေးခဲ" သွားတယ်လို့ အမှန်တစ်ကယ်ထင်မှတ်နေခဲ့တယ်။ သူက ရုတ်တရက် ချိယွီရဲ့ဘေးနားလေးကို တိတ်ဆိတ်စွာ လှဲချလိုက်တယ်။
( T/N : 真的以为自己跟妈妈一样被定了身- ချိယွီကအေးခဲနေတယ်လို့ ယွီကျိုး က ထင်တဲ့အတွက် ယွီကျိုး က သူ့အမေကို အတုယူတာပါ။ )
ထို့ကြောင့် ၊ ကလေးကြီးနဲ့ ကလေးငယ်လေးဟာ ၊ တူညီတဲ့ "အဖြူရောင်နဖူးစည်း" ကိုယ်စီနဲ့ သူတို့ရဲ့လက်မောင်းတွေကို ဖြန့်ကားထားပြီး ဝမ်းဗိုက်ကိုလှန်ကာနေပူဆာလှုံကြရင်း အိပ်ရာပေါ်မှာ လဲလျောင်းနေခဲ့ကြတယ်။
Nannyက ဒီမြင်ကွင်းလေးဟာ သူမရဲ့နှလုံးသားကို လှုပ်ရှားစေတယ်လို့ခံစားလိုက်ရတာကြောင့်၊ သူမက ရဲဝံ့စွာဘဲ ဓာတ်ပုံရိုက်ယူလိုက်တော့တယ်။
ချိယွီက ကင်မရာသံကြားလိုက်ရတာကြောင့် သူမဆီက ပုံကို တစ်ချက်လောက်ကြည့်ကြည့်ဖို့ တောင်းလိုက်တယ်။
စိတ်ဓာတ်ကျနေတဲ့မျက်နှာကိုယ်စီနဲ့ မိဘရယ်-ကလေးရယ်ကို ပုံထဲမှာတွေ့လိုက်ရတာကြောင့် ချိယွီကချက်ချင်းဘဲ ရွှင်မြူးသွားတော့တယ်။ "ဒီပုံကို ကျွန်တော့်ဆီပို့လိုက် ။ ကျွန်တော်နေကောင်းလာတဲ့အခါကျရင် ဒီပုံလေးကို printထုတ်ပြီး အမှတ်တရအနေနဲ့သိမ်းထားရမယ်"
"ဝူး?"
ယွီကျိုးလေးလည်းပဲ စပ်စုကြည့်ချင်ပေမယ့်လို့ ၊ သူက 'အေးခဲ' နေပြီး လှုပ်လို့မရတာကို သတိရသွားတာကြောင့် သူက သူ့ရဲ့လက်ပိစိလေးတွေနဲ့ ချိယွီရဲ့အဝတ်စကိုသာ ဆွဲလိုက်ရတော့တယ်။
ချိယွီက သူ့သားရဲ့ စပ်စုချင်စိတ်အပြည့်နဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို ကြည့်လိုက်ကာ ဖုန်းကို သူ့ရှေ့ချပေးလိုက်တယ်။ "ကြည့်လိုက်၊ ငါးပေါက်လေးနဲ့ ငါးဖေဖေကြီးက သူတို့ရဲ့ဗိုက်တွေကိုနေပူဆာလှုံနေကြတာလေ"
ယွီကျိုးလေးက သူ့ပါပါးစကားကိုနားလည်ပုံရကာ ချိယွီကိုအပြုံးလေးနဲ့ကြည့်လာရင်း သူ့ရဲ့မျက်ဝန်းလေးတွေဟာလည်း ကွေးညွတ်သွားခဲ့တယ်။သူကပြုံးနေရင်းပဲ သူ့ရဲ့ ဆန်စေ့နဲ့တူတဲ့ အပေါ်နဲ့အောက်သွားလေးတွေကို ဖော်ထုတ်ပြလာတယ်။
ချိယွီက ယွီကျိုးလေးမှာသွားရှည်ရှည်လေးတွေရှိပြီး အဲ့ဒါက အရမ်းချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ ချိယွီ မနေနိုင်ဘဲအသဲယားလာကာ သူ့ရဲ့သွားလေးတွေကိုကြည့်ချင်တာကြောင့် ယွီကျိုးလေးရဲ့မေးစေ့ကို ပင့်မလိုက်တယ်။
ချိယွီ ဓာတ်ပုံ ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ချိန်မှာတော့ ၊သူ့ရဲ့ အာရုံစူးစိုက်မှုတွေက ယွီကျိုးလေးရဲ့ပါးစပ်လေးဆီ ရောက်ရှိသွားပြီး ယွီကျိုးလေးမှာ သွားအသစ်တွေထပ်ပေါက် မပေါက်သိချင်နေခဲ့တယ်။သူ့လက်မှာ ရှိနေနိုင်တဲ့ ဘတ်တီးရီးယားတွေကြောင့်သာမဟုတ်ရင် ၊ ချိယွီက လက်ဆန့်ထုတ်ကာ ထိုကလေးပေါက်စရဲ့သွားပိစိလေးတွေကို ထိကြည့်မိမှာဖြစ်တယ်။
သူတို့ဘေးမှာရှိနေတဲ့ Nannyက ချိယွီရဲ့လုပ်ရပ်ကိုမြင်မြင်ချင်းဘဲ အပြေးလေးရောက်လာကာ : "ဟေး ၊ ငါပြောချင်တာက ယွီကျိုးလေးက ခုနောက်ပိုင်း ဘာကြောင့် အရမ်းတွေသွားရည်ယိုနေရတာလဲ? ဒီကလေးရဲ့ မျက်နှာနဲ့ပါးစပ်က တစ်ကယ်ကို ပင့်ကြည့်ဖို့မလွယ်တော့ဘူး"
"ကျွန်တော်သိပြီ" ချိယွီက သူ့ရဲ့လက်ကို တွန့်ဆုတ်စွာ ပြန်ဆွဲယူလိုက်တယ်။
"အမ်?" ၊ ယွီကျိုးလေးက မျက်တောင်ခတ်ကာ ချိယွီရဲ့လက်ကို ပြန်ဆွဲယူဖို့ လက်ဆန့်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ၊ အိပ်ရာဘေးနားမှာရှိတဲ့ စားပွဲပေါ်က ဖုန်းက တုန်ခါလာခဲ့တယ်။
ချိယွီက ဖုန်းအသစ်ဝယ်ထားတာမကြာသေးဘူး။သူ့ရဲ့ဖုန်းအဟောင်းက လုပ်ဆောင်မှုနှေးကွေးကာ တုံ့ပြန်ဖို့အချိန်ယူရပြီး ၊ ပြုတ်ကျသွားရင်လဲကြောင်နေတတ်သေးတာကြောင့် သူ ဖုန်းအသစ်သာဝယ်လိုက်တော့တာ ဖြစ်တယ်။
သူဖုန်းကို ဖွင့်ကြည့်လိုက်တော့ ၊ ဟယ်ကျိုးဆီက we chat messageရောက်နေတာဖြစ်တယ်။
[ဟယ်ကျိုး : မင်းဘယ်တော့လာမှာလဲ?]
[ချိယွီ : ဒီနှစ်ရက်လုံး ငါမအားဘူး။ ငါလာရင် မင်းကိုကြိုပြောပါ့မယ်။]
------------
လုံချန်း No.1 အလယ်တန်း ၊ ယောက်ျားလေးAlphaများ၏ အိပ်ဆောင်၌ :
ဟယ်ကျိုးက သူ့ဖုန်းပေါ်ကပြန်စာကို ပဟေဌိအနည်းငယ်ဖြစ်နေသောရုပ်ဖြင့် စိုက်ကြည့်လို့နေခဲ့တယ်။
ချိယွီက ဘာကိုဆိုလိုချင်တာလဲ?
သူက အင်တာနက်ပေါ်မှာတော့ ပရိတ်သတ်တစ်ယောက်လို ရေမွှေးအကြောင်းမေးခဲ့ပြီး အချင်းချင်းလဲအပ်ခဲ့ကြကာ,သူ့ကို ဆက်သွယ်ဖို့တောင် သူ့ရဲ့ အချက်အလက်တွေကို ပေးထားပြီးဖြစ်သည်။ပြင်ဆင်မှုတွေအားလုံးက အဆင်သင့်ဖြစ်နေပေမယ့်လို့ ချိယွီကတော့ သူ့ဆီမလာသေးဘူး ဖြစ်သည်။
ဆန့်ကျင်ဟန်ဆောင်ပြီး ကြိုဆိုပေမယ့်လည်း ငြင်းဆန်ချင်နေသေးတာလား?
ဒီနည်းလမ်းက...
"သူက မင်းကိုကြိုက်နေတယ်လို့ ဆိုလိုတာဘဲ!"
ဖိန်ချိုးရဲ့အသံက ရုတ်တရက် သူ့နားထဲမြည်ဟီးလာပြီး ၊ ဟယ်ကျိုးရဲ့ အတွေးရထားကြီးကိုဖျက်စီးပစ်လိုက်တယ်။
ဟယ်ကျိုးလည်း ထိုသို့ထင်မိတာဖြစ်တယ်။
သူက သူ့ဖုန်းကို ခပ်ဝေးဝေးတစ်နေရာမှာထားလိုက်ပြီး ဖိန်ချိုးကိုတစ်ချက်ကြည့်ကာ : "မင်း ဘယ်တုန်းကဝင်လာတာလဲ?"
ဖိန်းချိုးက ခေါင်းကုပ်ကာ : "ဘရို၊ မင်းငါဝင်လာတာကိုသတိမထားမိဘူးလား?ဟဲဟဲ ၊ သူက မင်းကိုစနေတာလို့ ငါပြောနေတာ "
ဟယ်ကျိုးက သူ့ကိုကြည့်လာပြီး အေးစက်စွာပြောလာခဲ့တယ်။"အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"
"ငါက အဲ့လိုလူမျိုးမို့လို့လား?"
ဖိန်ချိုးရဲ့ စိတ်နေစိတ်ထားကိုသိတာကြောင့် ၊ ဟယ်ကျိုးက သူ့ရဲ့ပခုံးကိုသာ ပုတ်လိုက်ကာ လသာဆောင်ဆီ လျှောက်ထွက်သွားခဲ့တယ်။
ဟယ်ကျိုးက ချိယွီရဲ့ထင်ရှားကာသီးခြားဆန်တဲ့ ပုံရိပ်ကို ပြန်တွေးနေမိတာကို မရပ်တန့်နိုင်ခဲ့ဘူး။ သူ ထိုအကြောင်းကိုတွေးလေ ထိုအရာက အမှန်ဟု ခံစားလာရလေဖြစ်သည်။
ချိယွီကြည့်ရတာ သူ့ကိုအလွန်မုန်းတီးနေပုံပေါ်သည်။ သူက ဟယ်ကျိုးကိုနမ်းခြင်းက အသက်နှင့်သေခြင်းကိစ္စကဲ့သို့ ပြုမူနေပြီး ၊ ဟယ်ကျိုးက သူ့ကိုတစ်ခုခုလုပ်မည်ကိုလည်း ကြောက်ရွံ့နေပုံရပြန်သည်။
သို့သော်လည်း ၊ ဟယ်ကျိုး သူ့ခေါင်းကိုလှည့်လိုက်တာနဲ့ ချိယွီက သူ့ကိုဖိုရမ်မှာ မရေရာသောpostတစ်ခုနဲ့အတူ @ mentionထားပြန်သည်။
ဟယ်ကျိုးက သူ့ကိုသွားဆက်သွယ်တဲ့အခါမှာတော့ ၊ သူက တဖန်ပြန်သွေးအေးသွားပြန်သည်။
ကျစ်၊ Omega တွေရဲ့စိတ်ဘဲ၊ အား။
ဟယ်ကျိုးက ခပ်ကျယ်ကျယ်ပြုံးလိုက်ပြီး၊ မျက်လွှာချကာ စာရိုက်နေခဲ့တယ်။
[ဟယ်ကျိုး: အိုကေ၊ ကိုယ်မင်းကိုစောင့်နေမယ်။]
[ချိယွီ : ကောင်းပြီ ။]
ဟယ်ကျိုးတစ်ယောက် ချိယွီရဲ့ မြင့်မြတ်လှတဲ့ပြန်စာကို လက်ခံရရှိလိုက်ပြီးနောက်မှာတော့ မတတ်နိုင်ဘဲ ရယ်မောလိုက်မိတယ်။
နက်နဲတယ်၊ အားလုံးကအနိုင်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြတာဘဲ။
----------
ချိယွီက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန်ဖျားနာနေခဲ့ပြီး ၊ နောက်ဆုံးတော့ နောက်တစ်ရက်မှာဘဲ IV လုပ်ဖို့အတွက် ဆေးရုံကိုသွားခဲ့ရတယ်။
အစပိုင်းတုန်းက ၊ ချိယွီမှာ အဖျားရှိနေပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်ကအဆင်ပြေပြေရှိနေဆဲဖြစ်ပြီး ခေါင်းနည်းနည်းကိုက်ပြီး မအိပ်ခင်မှာပင် တက်ကြွလန်းဆန်းနေခဲ့သေးသည်။ဘယ်လိုပဲဖြစ်ပါစေ ၊ Omegaရဲ့ ခန္ဓာကိုယ်က အလွန်အားနည်းလှသည်။ သူနိုးထလာပြီးနောက် ၊ သူ့ခေါင်းများက နာကျင်ကိုက်ခဲနေကာ မျက်လုံးတွေဟာလည်းဝေဝါးနေပြီး သူ ဖုန်းတောင်မကြည့်နိုင်ခဲ့ဘူး။ ချိယွီခမျာ အခြားရွေးခြယ်စရာမရှိတော့ဘဲ ပြန်လည်သက်သာလာဖို့အတွက် ဆေးရုံကကုတင်ပေါ်မှာ လဲလျောင်းဖို့သာတတ်နိုင်တော့တယ်။
ချိယွီက တစ်ပတ်လုံးနည်းပါးကို နာလန်ထရင်းကုန်ဆုံးကာ ၊ လူတစ်ကိုယ်လုံးကလဲ သိသိသာသာကို ပိန်ကျသွားခဲ့တယ်။
တနင်္လာနေ့မှာတော့ ၊ သူက နောက်ထပ် နေ့ဝက်နားရက် ယူလိုက်ကာ သူကျောင်းမပြန်ခင်မှာ ပုံမှန်ပြန်ဖြစ်လုနီးပါးဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဘတ်စကတ်ဘောကွင်းကို ဖြတ်သွားရင်း ၊ ချိယွီရဲ့မျက်လုံးတွေဟာ စိုက်ကြည့်လွန်းတာကြောင့် ပြုတ်ထွက်မတတ်တောင်ဖြစ်လို့နေတယ်။
အိမ်မှာနေရတာ ပျင်းစရာကောင်းတာကြောင့် ဤ ခုန်ပျံကျော်လွှားနေသော တက်ကြွသည့်ပုံရိပ်များကိုမြင်ရသောအခါတွင် ချိယွီရဲ့ မျက်လုံးတွေတောက်ပလာခဲ့တယ်။ ချိယွီဟာ သူ့ရှေ့ကလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို တောင့်တမှုအပြည့်နဲ့ အရမ်းလှပနေတယ်လို့ ခံစားနေရတယ်။
တစ်ချိန်တည်းမှာဘဲ သူ့စိတ်ထဲတွင် အတွေးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
---ဒီကမ္ဘာပေါ်မှာ လိင်ပြောင်းခွဲစိတ်မှု ရှိလား?
သူက Alphaဖြစ်စရာမလိုဘူး၊ ရိုးရှင်းတဲ့ Betaဖြစ်ရုံဆိုရပြီ။Betaများသည် အလယ်အလတ်ဖြစ်သော်လည်း၊ ၎င်းတို့တွင် estrus ကာလသာမရှိပါက အလွန်ကောင်းမွန်နေပြီဖြစ်သည်။
"ဟေး၊ ညီအစ်ကို ဟယ်, သူမင်းကိုကြည့်နေတယ်" ဖိန်ချိုးက ဘေးတစ်နေရာကိုလက်အမူအရာလုပ်ပြလိုက်ပြီး ဟယ်ကျိုးကိုကြည့်စေဖို့ သူ့ရဲ့မျက်ခုံးတွေကိုပင့်ပြလာတယ်။
ဟယ်ကျိုးက သူ့ အလှည့်ပြီးလို့ ခံစစ်စည်းဘက်သွားဖို့လုပ်နေချိန်မှာဘဲ သူ့သူငယ်ချင်းပြောတာကိုကြားလိုက်ရတာကြောင့် သူတစ်ချက်လောက်လှည့်ကြည့်လိုက်တော့ ၊ သူ့ရဲ့အကြည့်ဟာ စွဲလမ်းတောင့်တမှုတွေပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံနဲ့ ဆုံမိသွားခဲ့တယ်။
သေချာကြည့်လိုက်မိတော့ ၊ ထိုမျက်ဝန်းရဲ့ပိုင်ရှင်က ချိယွီ ဖြစ်နေတယ်။
ချိယွီက မျက်ခုံးပင့်လိုက်ကာ သူ ဘာမှမမြင်ခဲ့သလို နှုတ်ဆိတ်နေလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ၊ ဟယ်ကျိုးက ပိုပြီး ထက်သန်စွာပြင်းပြင်းထန်ထန် ကစားလာခဲ့တယ်။
သူက ဤကျောင်းတစ်ကျောင်းလုံးမှာ အသန်မာဆုံးAlphaတစ်ယောက်ဖြစ်ပြီးတော့ အလေးအနက်ထားကာပြောရရင် ဘယ်သူကမှ သူ့ကိုအနိုင်မယူနိုင်ဘူး။
ဘတ်စကက်ဘောသည် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး မြင့်မားလေ စွမ်းဆောင်ရည် အားကောင်းလေဖြစ်သည်။ ဒါ့အပြင် ဟယ်ကျိုးမှာ ထူးချွန်တဲ့ အရည်အချင်းတွေရှိပြီး အသင်းဖော်ကောင်းတွေလည်းရှိသည်။ထို့ကြောင့် ပြိုင်ဘက်အဖွဲ့ရှုံးဖို့ အချိန်သိပ်မယူလိုက်ရဘူး။
"ထပ်မဆော့တော့ဘူးကွာ ၊ ထပ်မဆော့တော့ဘူး။ညီအစ်ကို မင်းက အရမ်းရက်စက်လွန်းတယ်။
မင်းအနာဂတ်မှာ ဘတ်စကတ်ဘောထပ်ကစားချင်တယ်ဆိုရင်တောင် ငါ့ကိုလာမရှာနဲ့ ၊ ငါလာမှာမဟုတ်ဘူး။
ရှောင်ကျင်း ရှေ့မှာ မင်း ငါ့ကို ကောင်းကောင်းကစားခွင့်ပေးမယ် လို့ မပြောခဲ့ဘူးလား ? ညီအစ်ကို ၊မင်း ဘာလို့ ဒီလိုလုပ်နေရတာလဲ?..."
ဟယ်ကျိုးက စိတ်ဓာတ်ကျနေသူကို ပခုံးပုတ်ပေးကာ နှစ်သိမ့်လိုက်တယ်:
"ငါတောင်းပန်ပါတယ်ကွာ ၊ နောက်တစ်ကြိမ်ကျရင် သေချာပေါက် ငါမင်းကိုအနိုင်ပေးပါ့မယ်"
အားလုံး လူစုခွဲသွားကြပြီးနောက် ဟယ်ကျိုးက ရေသန့်ဘူးကိုကောက်ယူလိုက်ပြီး ချိယွီဆီ လျှောက်သွားလိုက်တယ်။
"ကစားပွဲက ကြည့်လို့ကောင်းခဲ့ရဲ့လား?" ဟယ်ကျိုးက ပျင်းတွဲစွာ သူ့ရဲ့လက်ကို ဘောင်းဘီအိတ်တွေထဲထိုးကာ သူ့လေသံက ပေါ့ပါးလို့နေတယ်။
"အမ်၊ကောင်းပါတယ်" ချိယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့အကြည့်ကို ကစားကွင်းထဲပြန်ပို့လိုက်တယ်။ သူက Betaတွေနဲ့ ခုလိုကစားဖို့ ဖြစ်နိုင်ချေတွေကို တွေးတောနေဆဲဖြစ်တယ်။
ဟယ်ကျိုးက ချိယွီကို ငုံ့ကြည့်လိုက်ပြီး တစ်ဖက်လူရဲ့ ပြောင်းလဲသွားတဲ့အမူအရာတွေကို တွေ့လိုက်ရတယ်။
ခုနကလေးတင်မှ ချိယွီရဲ့အကြည့်တွေဟာ စိတ်အားထက်သန်နေခဲ့ပေမယ့် အခု သူရောက်လာတာနဲ့ ချိယွီက သူ့ကို တစ်ချက်ကလေးတောင်မကြည့်ခဲ့ဘူး။
ဟယ်ကျိုး ထင်ထားတဲ့အတိုင်းပါပဲ။
ဟယ်ကျိုးက သူ့ရဲ့မေးကိုအနည်းငယ်မော့လိုက်ပြီး သူ့ရဲ့အကြည့်တွေက မာနထောင်လွှားလို့နေတယ်။
"ငါကစားတာကကော ဘယ်လိုနေလဲ?"
ချိယွီ : "?" သူသေချာ မကြည့်လိုက်မိဘူး။
ဟယ်ကျိုးဆီက မကြာမီမှာ အကူအညီယူရန်လိုအပ်နေသေးတာကြောင့် ချိယွီက ဘာစိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ဟယ်ကျိုးကိုစတင် မြှောက်ပင့်လေတော့တယ်။
"မင်းကစားတာတော်တော်ကောင်းတယ်၊အရမ်း မိုက်တယ်။မင်းက အရမ်းတော်တာဘဲ"
ဟယ်ကျိုးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ ရုတ်တရက်ဆိုသလိုဘဲ ပင့်တက်သွားခဲ့တယ်။
"မင်းဘယ်တော့ ပစ္စည်းတွေလာယူမှာလဲ?"
ချိယွီက သူ့ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး :
"ငါနေ့လည်ခင်းမှာ စာမေးပွဲရှိတယ်။ဒါမှမဟုတ် ကျောင်းဆင်းရင် တွေ့ကြမလား?" သူပြောလိုက်တယ်။
ဟယ်ကျိုးက ပြောလာတယ်။"အိုကေလေ၊ ဒါဆို ငါသွားတော့မယ်"
ချိယွီလည်း အချိန်ပြည့်တော့မှာကို တွေးမိတာကြောင့် သူ့ခြေလှမ်းတွေကို ကျောင်းအဆောက်အအုံဆီ ဦးတည်လိုက်တော့တယ်။
"ငါလဲ ပြန်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမယ်"
ဟယ်ကျိုးက ဘာမှပြောမလာခဲ့ဘူး၊ သူက ရှေ့တည့်တည့်ကိုသာ လျှောက်နေလိုက်တယ်။ ဒါပေမယ့် မြေပြင်ပေါ်က ထင်ဟပ်နေတဲ့ သူ့နောက်ကအရိပ်ကို သူ မတတ်နိုင်ဘဲ ကြည့်နေမိတယ်။
မင်း ကိုယ့်ဘာသာကိုယ် မသွားချင်လို့လား?
ချိယွီက ဟယ်ကျိုးရဲ့အတွေးတွေကို သတိမထားမိဘူး။သူက ဟယ်ကျိုးနောက်ကနေ ပုံမှန်ဘဲ လျှောက်လာခဲ့တယ်။
ချိယွီက သူ့ရဲ့အပြုအမူတွေဟာ အားလုံးကို အံ့အားသင့်သွားစေတယ်ဆိုတာကို သတိမပြုမိသေးဘူး။သူ့ရဲ့အတွေးထဲမှာ ခုလေးတင်ကစားခဲ့တဲ့ Betaတွေနဲ့ ပြည့်လို့နေတယ်။အဲ့ဒါက သူ အခန်းထဲပြန်ရောက်ပြီး ထူးဆန်းတဲ့အကြည့်များစွာနဲ့ အကြည့်မခံရခင်အထိသာဖြစ်ပြီး ၊ အဲ့ဒီနောက်တော့ သူအခုဘာလုပ်ခဲ့မိပြီလဲဆိုတာကို နားလည်လိုက်ရတယ်။
သောကြာနေ့တုန်းက ၊ သူက ကျောင်းဖိုရမ်မှာရှိတဲ့ Omegaနဲ့Betaတော်တော်များများကို ရန်လိုစေတဲ့ စာတစ်စောင်ကို တင်ခဲ့တယ်။
ခုကျပြန်တော့လဲ၊ သူက ဟယ်ကျိုးနဲ့အတူလမ်းလျှောက်ခဲ့ပြီး ထိုအရာကလည်း သူတို့ကိုလက်ရှိမှာ ထပ်မံ ဒေါသဖြစ်နေစေပြန်တယ်။
လှောင်ပြောင်ကာ ရန်လိုနေသည့်အကြည့်များကိုတွေ့ရပြီးနောက် ချိယွီရဲ့ စိတ်အခြေအနေဟာ ချက်ချင်းတက်ကြွလာခဲ့သည်။ သူ့ရဲ့ခုံဆီပြန်ရောက်ချိန်မှာတော့ ချိယွီက သူ့ကိုယ်သူ ချီးကျူးလိုက်ကာ ၊ ဟယ်ကျိုးကိုလည်း ချီးကျူးလိုက်မိတယ်။
ဒီလူက တစ်ခါတစ်ရံမှာ အရိုက်ခံရဖို့တောင်းဆိုနေသလိုထင်ရပေမယ့် ၊ အချိန်နဲ့အမျှ ဒီလူက သူ့အတွက် အထောက်အကူပြုလာတယ်။
သူ အမှတ်အသားဖယ်ရှားပြီးရင်တော့ ၊ ဟယ်ကျိုးနဲ့သူငယ်ချင်းဖွဲ့တာ ပိုကောင်းလိမ့်မယ်လို့ ချိယွီတွေးလိုက်မိတယ်။
ချိယွီ ခုံမှာထိုင်ချလိုက်တာနဲ့ အရှေ့ခုံမှာထိုင်နေတဲ့သူက ရုတ်တရက် အနောက်ကိုမှီချလာတယ်။
ထိုသူက ချိယွီကို ကြည့်လာမယ့်အစား၊ သူက သူ့ရဲ့ညာဘက်ခုံကလူဆီလှည့်ကာ ကျယ်လောင်စွာပြောလာခဲ့တယ်။
"ဟေ့ ရှုယွမ်၊ ငါပြောအုံးမယ် တစ်ချို့လူတွေက အင်တာနက်ပေါ်မှာ စွမ်းအားကြီးတဲ့ပါးစပ်ကိုပိုင်ထားသလိုလိုလိုနဲ့ ဒါပေမယ့် တစ်ကယ့်အပြင်မှာကျ သူတို့က စကားလေးတစ်လုံးတောင် မပြောရဲကျဘူးရယ်"
ချိယွီ : "စကားလား..."
အရှေ့ခုံကလူ : "..."
ရှုယွမ် : "..."
တိတ်တဆိတ် ပွဲကြည့်နေကြသော အခြားအတန်းဖော်များ : "..."
ချိယွီက စားပွဲခုံကို သူ့ရဲ့လက်ချောင်းတွေနဲ့ခေါက်ကာ :
"ဆက်ပြောလေ၊ငါလဲသိချင်တယ်"
ရှေ့ခုံကလူက ခြောက်ကပ်စွာပြောလာခဲ့တယ်။"...မင်းရဲ့အကြောင်းကိုပြောနေတာလို့ ငါမပြောလိုက်ဖူးနော်"
ချိယွီ : "ဒါဆို ဘယ်သူ့အကြောင်းများလဲ? ငါအရမ်းသိချင်သွားပြီ ၊ ပြောပြပါအုံး"
အရှေ့ခုံကလူက ရပ်တန့်သွားပြီး အခန်းတွင်းရှိလေထုဟာလဲ တင်းမာလာခဲ့တယ်။
ဒါပေမယ့် ၊ မကြာခင်မှာဘဲ အရှေ့ခုံရှိလူအတွက် အကူတစ်ယောက်ပေါ်လာခဲ့တယ်။ထိုလူက ချိယွီကိုပထမနေ့မှာ ရန်စခဲ့သည့်လူဖြစ်တယ်။
"ချိယွီ၊ မင်းကရူးနေတာဘဲ။မင်းနောက်ဆုံးတော့ စာမေးပွဲမှာသင်္ချာကို အမှတ်100ရတော့မယ်ပေါ့လေ?"
စကားပြောပြီးနောက် ထိုလူကရယ်မောလာခဲ့တယ်။ သူက သူ့ဘာသာသူရယ်နေရုံတင်မကဘဲ တစ်ခြား သူ့ဘေးကလူတွေကိုပါဆွဲကာ သူနဲ့အတူရယ်ဖို့ အဖော်ခေါ်လို့နေတယ်။
"အရင်တစ်ပတ်က ချိယွီက ငါ့ကိုဘာပြောခဲ့လဲ မင်းသိလား? သူက သင်္ချာမှာငါ့ကိုကျော်တက်မယ်တဲ့လေ ၊ ပြီးတော့ သူနိုင်ရင်သူ့ကိုငါက ဒယ်ဒီလို့ခေါ်ရမယ်တဲ့! Hahahahaha၊ ဒီဟာသက အရမ်းရယ်ရတာဘဲ၊ hahahaha"
အားလုံးဟာ ထိုစကားကြောင့် ရယ်ရလွန်းလို့ မျက်ရည်ပါထွက်မတတ်ဖြစ်သွားကြတယ်။
အားလုံးရယ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ချိယွီကတော့ တုပ်တုပ်တောင်မလှုပ်ဘူး။သူက သူ့ပတ်ပတ်လည်ကလူတွေကို ဖြေးညှင်းစွာသာတစ်ချက်ကြည့်လိုက်ပြီး အားလုံးကသူ့ကို ဟာသတစ်ခုလို ကြည့်နေကြတာကို တွေ့လိုက်ရတယ်။
အခြားသူများနဲ့ရယ်မောခြင်းမှာမပါဝင်ဘဲ တစ်ခုခုကိုရေးရင်းနစ်မြှပ်နေတဲ့ ဟယ်ကျောင်းကလွဲလို့ပေါ့ ။
ဒီကောင်မလေးက အကျင့်စရိုက်ပြောင်းသွားတာလား?
ချိယွီက သူ့ရဲ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး ပြောလာတယ်။"ဟာသမဟုတ်ရင်ရော? " သူ့ရဲ့အသံဟာ နူးညံ့လို့နေပေမယ့်လည်း အားလုံးကြားဖို့တော့ လုံလောက်အောင် ကြည်လင်လို့နေတယ်။
အနိုင်ကျင့်သူက ကဲ့ရဲ့ကာပြောလာတယ်။"မင်းသာငါ့ကိုကျော်တက်နိုင်မယ်ဆိုရင်တော့ ဟာသဘယ်ဟုတ်မလဲ။တစ်ကယ်လို့သာ မင်းစာမေးပွဲမှာငါ့ကိုအနိုင်ယူနိုင်ရင် အားလုံးရှေ့မှာငါမင်းကို "ဒယ်ဒီ" လို့ခေါ်ပြမယ်။မဟုတ်ရင်တော့ ၊ မင်းရှုံးလို့ရှိရင် အားလုံးရှေ့မှာ "ဒယ်ဒီ"လို့ခေါ်ရမယ့်သူက မင်းဘဲ"
(E T/N : 加戏男 <ဒရာမာချိုးလွန်းတဲ့ ကောင်လေး> : သူက တမင်သက်သက် ဒုက္ခပေးနေတာဖြစ်လို့ သူ့ကို အနိုင်ကျင့်သူ လို့ ခေါ်နိုင်တယ်။)
ချိယွီက မျက်တောင်ခတ်ကာ ဆိုလာတယ်။"အရမ်းရက်စက်လိုက်တာ"
အနိုင်ကျင့်သူရဲ့ မျက်နှာပေါ်ကအပြုံးက ပိုကြီးမားလို့လာတယ်။
"မင်းကြောက်နေပြီလား?"
"မဟုတ်ဘူး ၊ ငါ ရုတ်တရက် မင်းကဦးနှောက်မရှိတဲ့စကားကိုပြောတတ်ရုံမကဘူး မင်းကိုယ်တိုင်ကိုလဲ ရက်စက်တယ်ဆိုတာကို တွေ့လိုက်ရလို့ပါ"
ချိယွီက သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကိုပင့်တင်လိုက်ကာ ကောင်လေးကို အလွန်ကိုမှဖော်ရွေစွာနဲ့ပြုံးပြလာပြီး : "ဒါဆို ကျေသွားပြီဘဲ။ငါ့ကို ကြက်ခေါင်း* ပို့ဖို့ အစပြုခဲ့လို့ ကျေးဇူးပါ။ငါ ဒါကို တွန့်ဆုတ်မှုမရှိဘဲ လက်ခံသင့်တာပေါ့"
အနိုင်ကျင့်သူရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွားခဲ့ပြီးရုတ်တရက် သူက ချိယွီရဲ့ "ကြက်ခေါင်း" နဲ့ "ဦးနှောက်မရှိတဲ့စကား" ဆိုတဲ့ စကားလုံးတွေကို ဘယ်လိုပြန်ချေပရမလဲဆိုတာ မသိတော့ဘူး။သူပြန်တုံ့ပြန်နိုင်ဖို့ အချိန်အတော်ယူလိုက်ရပြီးနောက်သူက ဒေါသထွက်စွာပြောလာခဲ့တယ်။
"မင်းငါ့ကို ဆူလိုက်တာလား?"
ချိယွီ စိတ်ပျက်စွာနဲ့သက်ပြင်းချလိုက်တယ်။"အာ"
တစ်ဖက်လူရဲ့ IQက ရုတ်တရက် သူ့ကို စိတ်ပျက်စေခဲ့တယ်။
အနိုင်ကျင့်သူက ပိုလို့တောင် ဒေါသထွက်လာခဲ့တယ်။
"မင်းငါ့ကို အခု'အာ' လို့ပြောလိုက်တာလား?"
အနိုင်ကျင့်သူကအော်ဟစ်ကာ စားပွဲခုံကိုယူပြီးချိယွီရဲ့မျက်နှာရှေ့မှောက်တော့မယ့် နောက်တစ်စက္ကန့်လောက်မှာဘဲ သူက စာသင်ခန်းတံခါးဝမှ ထွက်ပေါ်လာသော အသံကြောင့် ထိုင်ခုံဆီသို့ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်စွာ ပြန်ထိုင်မိသွားတယ်။သူက ခါးမတ်မတ်တောင် ထိုင်လို့နေတယ်။
[ချက်ချင်းကြီး လိမ္မာ-ရေးခြားရှိသွားခြင်း။ .jpg]
တံခါးနားမှာရပ်နေတဲ့ ကျောင်းအုပ်ဆရာကြီးကိုတွေ့လိုက်ရတယ်။
(T/N : ဟန်နာ အရင်က the head teacher*ကို ဆရာ၊ဆရာမ သေချာမသိရတာကြောင့် အပေါ်ကအပိုင်းတွေမှာ ဆရာမအဖြစ်နဲ့သုံးခဲ့ပါတယ်။ခုဒီအပိုင်းမှာ he*ဆိုပြီးသုံးထားတာကိုတွေရတာကြောင့် ကျောင်းအုပ်က အထီးမှန်းသိရတာပါ။ဒါ့ကြာင့် အရင်အပိုင်းတွေကိုတော့ ပြန်မပြင်တော့ဘူးနော်။ ဒီအပိုင်းကစပြီး ကျောင်းအုပ်ကိုဆရာကြီးလို့ပဲမှတ်ထားပေးပါ။)
သူက တံခါးကို ခပ်ပြင်းပြင်းခေါက်လာပြီး ပြတ်သားစွာပြောလာခဲ့တယ်။
"မင်းတို့အားလုံး စာမေးပွဲဖြေဖို့ တစ်နာရီအလိုအတွင်း ဘာတွေ ပြင်ဆင်နေကြလဲ။ဟမ်?"
စာသင်ခန်းထဲမှာတော့ လေအေးပေးစက်က လေးအေးတွေ တိုက်ခတ်ပေးလို့နေတယ်။
အားလုံးက ခေါင်းငုံ့သွားကြကာ ကြက်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်လို့နေကြတယ်။
ကျောင်းအုပ်က တံခါးကိုအကြိမ်ရေအနည်းငယ်လောက် ဆက်ခေါက်လိုက်ကာ :
"မင်းရဲ့အသံကို ငါရုံးခန်းကနေတောင် ကြားရတယ်!"
"လမ်းတစ်လျှောက်၊ မင်းက ဒီစင်္ကြံလမ်းတစ်ခုလုံးမှာ အသံအကျယ်ဆုံးဘဲ! မင်းက စာကျမလေ့လာဘူး၊ ဒါပေမယ့် အမှတ်ပြည့်ရနိုင်မယ်လို့တော့ မင်းထင်နေသေးတာမလား?ဟမ်? မင်းက လပတ်စာမေးပွဲကို လျှော့တွက်နေတာဘဲ၊ဟုတ်လား?"
ချိယွီက သူ့ဘောပင်ကို သတိမထားမိဘဲ ပွတ်သပ်လိုက်မိကာ ရုတ်တရက် သူ့နှလုံးသားထဲသို့ လွမ်းဆွတ်ခြင်း အငွေ့အသက်များ ဝင်ရောက်လာခဲ့တယ်။
ဘယ်လိုကမ္ဘာမျိုးပဲဖြစ်ပါစေ အတန်းဆရာတွေက ကျောင်းသားတွေကို ဒီလိုမျိုးတွေဘဲ အမြဲ ဆူပူပြောကြလိမ့်မယ်။
===================================
🌞 I'M BACK!!! စိတ်အခြေအနေအပြည့်အဝကြီးအဆင်မပြေသေးပေမယ့်လို့ ဒါဒါတွေကိုပစ်ထားတာ ကြာနေပြီဖြစ်တာကြောင့် ဟန်နာပြန်လာခဲ့ပါပြီ။
Btw,ဟန်နာ အသစ်pickတယ်ဆိုတာလေးလေ~စိတ်အခြေအနေမကောင်းတုန်းက နောက်မှပြန်တော့မယ်ဆိုပြီး unလိုက်တာ။အမှန်ဆို အဲ့တစ်ပုဒ်က အပိုင်း5ထိtranပြီးပြီရယ်၊ မတင်ရသေးရုံဘဲရှိတာ။အဲ့ဒါunရာကနေdeletedလိုက်မိတော့ ၊တော်တော်လေးကို ကြေကွဲခဲ့ရတယ်။ပြန်လည်းပြန်ချင်စိတ်မရှိတော့ပါဘူး။
အရင်တစ်ပုဒ်တုန်းကလဲအဲ့လိုဘဲ၊ အသစ်pick , permissionတောင်းပြီးကာမှ စိတ်အဆင်မပြေလို့ ပြန်un။ဒီတစ်ပုဒ်တောင် စိတ်အဆင်မပြေရင် ရပ်ရပ်ထားရတာ။
ကိုယ့်စိတ်ကအဲ့လိုဘဲ။ထထဖောက်တတ်တယ်။ Motiလေးနဲနဲလောက်ပေးနိုင်မလားလို့~><
စိတ်ဖောက်နေတဲ့ကြားက ထရန်းစလိတ်နေတဲ့ ဟန်နာ ဘီလိုက်ခ်-
ကင်ဂျောင်ဝူး ကယ်ပါ...(╥﹏╥)
=================================
- words [4133]
- 25,3,2022(FRI)
=================================
🍼 ငြင်းတာလား၊ လက်ခံလိုက်တာလား? ( Zaw )
Crawfish ဆိုင်ကနေအိမ်ပြန်ရောက်လာလာချင်းဘဲ ချိယွီ ပြိုလဲကျသွားခဲ့တယ်။
ချိယွီက ဖြူဖျော့ဖျော့မျက်နှာနဲ့ အိပ်ရာပေါ်လှဲနေရင်း ပျော့ခွေနေတဲ့ခြေလက်တွေနဲ့ နဖူးပေါ်မှာလည်း အဖျားပျောက်ဆေးအိတ်ကို ကပ်လို့ထားတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပယအိပ်ရာပေါ်မှာပစ်တင်ထားပြီး ဝမ်းဗိုက်ကို နေရောင်လာရာသို့လှည့်ကာ နေလှောင်ခံနေတဲ့မြစ်ထဲက ငါးတစ်ကောင်ကဲ့သို့ ဖြစ်လို့နေတယ်။
"ဝူး~"
ချိယွီဘေးမှာ လှဲလျောင်းနေရင်း ၊ ယွီကျိုးလေးက ပျင်းရိစွာ နှုတ်ခမ်းလေးဆူးနေခဲ့တယ်။
ယွီကျိုးလေးကလည်း မကြာသေးမီကမှ ဖျားထားတာဖြစ်ပြီး ၊ ဆေးဘက်ဆိုင်ရာ pheromone ကို ခံယူပြီးနောက် nanny လက်ထဲပန်ရောက်သွားခဲ့တာဖြစ်တယ်။
သူ့ကိုအိပ်ယာထဲသယ်သွားတာနဲ့ ယွီကျိုးလေးက သနားချင့်စရာကောင်းစွာဖြင့် ချိယွီရဲ့မျက်နာကိုကိုင်ဆွဲထားကာ ၊ သူ့အမေကိုသူ့အားမြဲမံစွာကိုင်ထားစေလိုက်တယ်။ ဘယ်လိုလုပ် ချိယွီရဲ့အားနဲ့ ယွီကျိုးလေးကို ချီထားနိုင်မှာလဲ?
ထို့ကြောင့် ၊ ကလေးကြီးနဲ့ကလေးငယ်လေးဟာ တူညီတဲ့ "အဖြူရာင်နဖူးစည်း" ကိုယ်စီနဲ့ သူတို့ရဲ့ လက်မောင်းတွေကိုဖြန့်ကားထားပြီး ဝမ်းဗိုက်တွေကိုလှန်ကာ နေပူဆာလှုံကြရင်း အိပ်ယာပေါ်မှာ လှဲလျောင်းနေခဲ့ကြတယ်။
Nanny က ဒီမြင်ကွင်းလေးဟာ သူမရဲ့နှလုံးသားကို လှုပ်ရှားစေတယ်လို့ခံစားရတာကြောင့် သူမကရဲဝံ့စွာဘဲ ဓာတ်ပုံရိုက်ယူလိုက်တော့တယ်။
ချိယွီက ကင်မရာသံကြားလိုက်ကတာကြောင့် သူမဆီကပုံကို တစ်ချက်လောက်ကြည့်ကြည့်ဖို့ တောင်းလိုက်တယ်။
"ဝူး~?"
ချိယွီ ပုံကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့အာရုံအစုံဟာလဲ ယွီကျိုးလေးရဲ့ပါးစပ်လေးဆီ ရောက်ရှိသွားပြီး ယွီကျိုးလေးမှာ သွားအသစ်တွေ ထပ်ပေါက် မပေါက် သိချင်နေခဲ့တယ်။ သူ့လက်မီာရှိနေနိုင်တဲ့ ဘတ်တီးရီးယားတွေကြောင့်သာမဟုတ်ရင် ချိယွီက လက်ဆန့်ထုတ်ကာ ထိုကလေးပေါက်စရဲ့သွားပိစိလေးတွေကို ထိကြည့်မိမှာဖြစ်တယ်။
သူတို့ဘေးမှာရှိနေတဲ့ Nannyက ချိယွီရဲ့ လုပ်ရပ်က်ုမြင်မြင်ချင်းဘဲ အပြေးလေးရောက်လာကာ : "ဟေး၊ ငါပြောချင်တာက ခုနောက်ပိုင်း ဘာကြောင့် ယွီကျိုးလေးက အရမ်းတွေသွားရည်ယိုနေရတာလဲလို့လေ? ဒီကလေးရဲ့ မျက်နှာနဲ့ပါးစပ်က ပင့်ကြည့်ဖို့မလွယ်တော့ဘူး"
"အမ်?" ယွီကျိုးလေးက မျက်တောင်ခတ်ကာ ၊ ချိယွီရဲ့လက်ကိုလှမ်းဆွဲဖို့ လက်ဆန့်လိုက်တယ်။
-----
သူက အင်တာနက်ပေါ်မှာ ပရိသတ်တစ်ယောက်လို ရေမွှေးအကြောင်းကိုမေးခဲ့ပြီး အချင်းချင်းလဲ accအပ်ခဲ့ကြကာ သူ့ကိုဆက်သွယ်ဖို့တောင် အဆက်အသွယ်တွေပေးထားပြီးဖြစ်သည်။ ပြင်ဆင်မှုတွေအားလုံးက အဆင်သင့်ဖြစ်နေပေမယ့်လို့ ချိယွီကတော့ သူ့ဆီမလာတော့ဘူး ဖြစ်သည်။
ဆန့်ကျင်ဟန်ဆောင်ပြီး ကြိုဆိုနေပေမယ့်လည်း ငြင်းဆန်ချင်နေသေးတာလား?
ဒီနည်းလမ်းက...
သူက သူ့ဖုန်းကို ခပ်ဝေးဝေးတစ်နေရာမှာထားလိုက်ပြီး ဖိန်ချိုးကို တစ်ချက်ကြည့်လိုက်ကာ : "မင်း ဘယ်တုန်းက ဝင်လာတာလဲ?"
ဖိန်ချိုးက ခေါင်းကုပ်ကာ : "ဘရို၊ မင်းငါဝင်လာတာကို သတိမထားမိဘူးလား?ဟဲဟဲ၊ သူက မင်းကို နောက် နေတာလို့ငါပြောနေတာ "
ဟယ်ကျိုးက ချိယွီရဲ့ ထင်ရှားကာသီးခြားဆန်တဲ့ ပုံရိပ်ကိုပြန်တွေးမိနေတာကို မရပ်တန့်နိုင်ခဲ့ဘူး။ သူထိုအကြောင်းကိုတွေးလေ ထိုအရာဟာ အမှန်ဟု ခံစားလာရလေဖြစ်သည်။
ချိယွီကိုကြည့်ရတာ သူ့ကို အလွန်မုန်းတီးနေပုံပေါ်သည်။ သူကဟယ်ကျိုးကိုနမ်းခြင်းက အသက်နဲ့သေခြင်းကိစ္စကဲ့သို့ပြုမူနေပြီး ဟယ်ကျိုးက သူ့ကို တစ်ခုခုလုပ်လိုက်မည်ကိုလည်း ကြောက်ရွံ့နေပုံရပြန်သည်။
သို့သော်လည်း၊ ဟယ်ကျိုးက သူ့ခေါင်းကိုလှည့်လိုက်တာနဲ့ ချိယွီ သူ့ကိုဖိုရမ်မှာ မရေရာသောပို့စ်တစ်ခုနဲ့အတူ @mention ထားတာကို တွေ့လိုက်ရသည်။
ဟယ်ကျိုးက သူ့ကို ဆက်သွယ်တဲ့အခါမှာတော့ သူကတစ်ဖန်သွေးအေးသွားပေလိမ့်မည်။
[ချိယွီ: ကောင်းပြီ။]
နက်နဲတယ်။ အားလုံးက ရယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရတာဘဲ။
-----
ချိယွီက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ဖျားနာနေခဲ့ပြီး နောက်ဆုံးတော့ နောက်တစ်ရက်မှာဘဲ IV လုပ်ဖို့အတွက် ဆေးရုံကိုသွားခဲ့တယ်။
ချိယွီ တစ်ပတ်လုံးနည်းပါးကို နာလန်ထရင်းကုန်ဆုံးကာ လူတစ်ကိုယ်လုံးကလဲ သိသိသာသာကို ပိန်ကျသွားခဲ့တယ်။
တနင်္လာနေ့မှာတော့ ချိယွီက နောက်ထပ် နေ့ဝက်နားရက်ယူလိုက်ကာ သူကျောင်းမပြန်ခင်မှာ ပုံမှန်နီးပါးပြန်ဖြစ်လာရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
တစ်ချိန်တည်းမှာဘဲ သူ့စိတ်ထဲတွင် အတွေးတစ်ခု တဖြည်းဖြည်းပေါ်လာခဲ့တယ်။
ဟယ်ကျိုးက သူ့အလှည့်ပြီးလို့ ခံစစ်စည်းဘတ်ကိုသွားဖို့လုပ်နေချိန်မှာ သူ့သူငယ်ချင်းပြောတာကိုကြားလိုက်ရတာကြောင့် သူတစ်ချက်လောင်လှည့်ကြည့်လိုက်တော့၊ သူ့ရဲ့အကြည့်ဟာ စွဲလမ်းတောင့်တမှုတွေပြည့်နှက်နေသည့် မျက်ဝန်တစ်စုံနဲ့ဆုံမိသွားခဲ့တယ်။
သေချာကြည့်လိုက်မိတော့ ၊ ထိုမျက်ဝန်းရဲ့ပိုင်ရှင်က ချိယွီဖြစ်လို့နေတယ်။
ဒီတစ်ကြိမ်မှာတော့ ၊ ဟယ်ကျိုးက ပိုပြီးစိတ်အားထက်သန်စွာ ပြင်းပြင်းထန်ထန် ကစားလာခဲ့တယ်။
ရှောင်ကျင်းရှေ့မှာ မင်းငါ့ကို ကစားခွင့်ပေးမယ်လို့ မပြောခဲ့ဘူးလား? ညီအစ်ကို၊ မင်းဘာလို့ ဒီလိုလုပ်နေရတာလဲ ?..."
ဟယ်ကျိုးက စိတ်ဓာတ်ကျနေသူကို ပခုံးပုတ်ပေးလိုက်ကာ: "ငါတောင်းပန်ပါတယ် ။ နောင်တစ်ကြိမ်ကျရင် ငါမင်းကို သေချာပေါက် အနိုင်ပေးပါ့မယ်ကွာ"
"ကစားပွဲက ကြည့်ကောင်းခဲ့ရဲ့လား?" ဟယ်ကျိုးက ပျင်းတွဲစွာသူ့ရဲ့လက်ကို ဘောင်းဘီအိတ်ကပ်တွေထဲထိုးကာ သူ့လေသံကပေါ့ပါးလို့နေတယ်။
ခုနကလေးတင်မှ ချိယွီရဲ့အကြည့်တွေဟာ စိတ်အားထက်သန်လို့နေခဲ့ပေမယ့် အခုသျူရာင်လာတာနဲ့ ချိယွီကသူ့ကို တစ်ချက်ကလေးတောင် မကြည့်ခဲ့ဘူး။
ဟယ်ကျိုး ထင်ထားတဲ့အတိုင်းပါဘဲ။
ဟယ်ကျိုးက သူ့ရဲ့မေးကိုအနဲငယ်မော့ကာ သူ့ရဲ့အကြည့်တွေကမာနထောင်လွှားလို့နေတယ်။
ဒါပေမယ့်လဲ ဟယ်ကျိုးဆီက မကြာမီမှာ အကူအညီယူရန်လိုအပ်နေသေးတာကြောင့် ချိယွီက ဘာစိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ဟယ်ကျိုးကို စတင်မြှောက်ပင့်လေတော့တယ်။
ဟယ်ကျိုးရဲ့နှုတ်ခမ်းထောင့်စွန်းတွေဟာ ရုတ်တရက်ဆိုသလိုဘဲ ပင့်တက်လို့သွားခဲ့တယ်။
အချိန်ပြည့်တော့မှာကိုတွေးမိတာကြောင့် ချိယွီကသူ့ခြေလှမ်းတွေကို ကျောင်းအဆောက်အအုံဆီ ဦးတည်လိုက်တယ်။"ငါလဲပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအုံးမယ်"
သောကြာနေ့တုန်းက သူက ကျောင်းဖိုရမ်မှာရှိတဲ့ Omegaနဲ့Beta တော်တော်များများကို ရန်လိုစေခဲ့တဲ့ စာတစ်စောင်ကိုတင်ခဲ့တယ်။
ခုကျပြန်တော့လဲ ၊ သူက ဟယ်ကျိုးနဲ့အတူလမ်းလျှောက်လာခဲ့ပြီး ထိုအရာကလဲ သူတို့ကိုလက်ရှိမှာ ထပ်မံဒေါသထွက်စေပြန်တယ်။
လှောင်ပြောင်ကာရန်လိုနေသည့်အကြည့်များကို တွေ့ရပြီးနောက် ချိယွီရဲ့စိတ်အခြေအနေဟာ ချက်ချင်းတက်ကြွလာခဲ့တယ်။ သူ့ရဲ့ခုံဆီပြန်ရောက်ချိန်မှာတော့ ချိယွီက သူ့ကိုယ်သူချီးကျူးလိုက်ကာ ဟယ်ကျိုးကိုလဲချီးကျူးလိုက်တယ်။
ဒီလူက တစ်ခါတစ်ရံမှာ အရိုက်ခံရဖို့ တောင်းဆိုနေသလို ထင်ရပေမယ့်လို့ အချိန်နဲ့အမျှဒီလူက သူ့အတွက်အထောက်အကူပြုလာတယ်။
သူ အမှတ်အသားဖယ်ရှားပြီးရင်တော့၊ ဟယ်ကျိုးနဲ့သူငယ်ချင်းဖွဲ့တာကောင်းလိမ့်မယ်လို့ ချိယွီတွေးလိုက်မိတယ်။
သူက ချိယွီကိုကြည့်လာမယ့်အစား သူ့ရဲ့ညာဘက်ခုံကလူဆီလှည့်ကာ ကျယ်လောင်စွာပြောလာခဲ့တယ်။
ချိယွီ: "စကားလား..."
အရှေ့ခုံကလူ: "..."
ရှုယွမ်: "..."
တိတ်တဆိတ် ပွဲကြည့်နေသည့် အခြားအတန်းဖော်များ: "..."
အရှေ့ခုံကလူက ခြောက်ကပ်စွာပြောလာခဲ့တယ်။
"...မင်းရဲ့အကြောင်းကိုပြောနေတာလို့ ငါမပြောခဲ့ဖူးနော်"
ထိုလူက ထိုသို့ပြောပြီးနောက် ရယ်မောလာခဲ့တယ်။ သူက သူ့ဘာသာသူရယ်နေတာတင်မဟုတ်ဘဲ အခြားသူ့ဘေးကလူတွေကိုပါ သူ့နဲ့အတူရယ်ပေးဖို့ အဖော်ခေါ်လို့နေတယ်။
"အရင်တစ်ပတ်က ချိယွီ ငါ့ကိုဘာပြောခဲ့လဲမင်းသိလား?သူက သချာင်္မှာ ငါ့ကိုကျော်တက်ပြမယ်တဲ့လေ၊ ပြီးတော့ သူနိုင်ရင် ငါကသူ့ကို "ဒယ်ဒီ" လို့ခေါ်ရမယ်တဲ့၊ Hahahahaha ဒီဟာသက အရမ်းရယ်ရတာဘဲ ၊ hahahaha"
အားလုံးဟာ ထိုစကားကြောင့် ရယ်ရလွန်းလို့ မျက်ရည်ပါထွက်မတက်ဖြစ်နေကြတယ်။
အားလုံးရယ်ရခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်တဲ့ ချိယွီကျတော့ တုပ်တုပ်တောင်မလှုပ်ဘူး။ သူက သူ့ပတ်ပတ်လည်ကလူတွေကို ဖြေးညှင်းစွာတစ်ချက်ကြည့်လိုက်ပြီး အားလုံးကသူ့ကို ဟာသ တစ်ခုလိုကြည့်နေကြတာကို တွေ့လိုက်ရတယ်။
သူများတွေနဲ့အတူ ရယ်မောခြင်းမှာမပါဝင်ဘဲ တစ်ခုခုကိုရေးရင်းနစ်မြုပ်နေတဲ့ ဟယ်ကျောင်းကလွဲလို့ပေါ့။
ဒီကောင်မလေးက စရိုက်ပြောင်းသွားတာလား?
"အရမ်းရက်စက်တာဘဲ"
"မင်းကြောက်နေပြီလား?"
"မဟုတ်ပါဘူး။ ငါက ရုတ်တရက် မင်းကဦးနှောက်မရှိတဲ့ စကားကိုပြောတတ်ရုံတင်မကဘူး ကိုယ့်ကိုယ်ကိုလဲရက်စက်ပါလား*လို့ တွေးမိလိုက်လို့ပါ"
(T/N:*= ကိုယ့်ကိုယ့်ကို သေတွင်းထဲတွန်းပို့နေပါလား။)
အနိုင်ကျင့်သူက တက်ပြောဖို့တောင် ရပ်တန့်သွားခဲ့ပြီး ရုတ်တရက် သူက ချိယွီရဲ့ "ကြက်ခေါင်း" နဲ့ "ဦးနှောက်မရှိတဲ့ စကား" ဆိုတဲ့စကားလုံးတွေကို ဘယ်လိုပြန်ချေပရမလဲမသိဖြစ်လို့နေတယ်။ သူ ပြန်တုံ့ပြန်နိုင်ဖို့ အချိန်အတော်ယူလိုက်ပြီး အဲ့နောက် သူက ဒေါသထွက်စွာနဲ့ပြောလာခဲ့တယ်။
ချိယွီက စိတ်ပျက်သလိုလေသံနဲ့ သက်ပြင်းချလိုက်တယ်။ "အာ"
တစ်ဖက်လူရဲ့ IQ က သူ့ကို စိတ်ပျက်စေခဲ့တယ်။
အနိုင်ကျင့်သူက အော်ဟစ်ကာ စားပွဲခုံကိုယူပြီးချိယွီရဲ့ မျက်နှာရှေ့ မှောက်တော့မယ့် နောက်တစ်စက္ကန့်လောက်မှာဘဲ သူက စာသင်ခန်းတံခါးဝမှ ထွက်ပေါ်လာတဲ့ အသံကြောင့် ထိုင်ခုံဆီသို့ ရုတ်တရက်ကြောက်ရွံ့ထိတ်လန့်စွာ ပြန်ထိုင်မိသွားတယ်။ သူက ခါးမတ်မတ်နဲ့တောင် ထိုင်လို့နေတယ်။
( T/N: ဟန်နာ အရင်က the head teacher*ကို male/female မသိရတာကြောင့် ဆရာမအဖြစိနဲ့ သုံးခဲ့ပါတယ်။အခု ဒီအပိုင်းမှာ he*လို့သုံးထားတာတွေ့ရတာကြောင့် ကျောင်းအုပ်ကအထီးမှန်းသိရတာပါ။ဒီအပိုင်းကစပြီး ကျောင်းအုပ်ကို အထီးလို့ပဲ မှတ်ထားပေးပါ။)
"မင်းတို့အားလုံး စာမေးပွဲဖြေဖို့ တစ်နာရီအတွင်း ဘာတွေပြင်ဆင်နေကြလဲ?ဟမ်?!"
စာသင်ခန်းထဲမှာတော့ လေအေးပေးစက်က လေးအေးတွေတိုက်ခတ်ပေးလို့နေကာ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့နေတယ်။
ကျောင်းအုပ်က တံခါးကို အကြိမ်ပေအနည်းငယ်လောက် ဆက်ရိုက်လိုက်ကာ: "မင်းရဲ့အသံကို ရုံးခန်းကနေတောင် ကြားနေရတယ်!"
"လမ်းတစ်လျှောက်၊ မင်းက ဒီစင်္ကြံလမ်းတစ်ခုလုံးမှာ အသံအကျယ်ဆုံးဘဲ!မင်းက စာကျမလေ့လာဘဲနဲ့အမှတ်ပြည့်ရနိုင်မယ်လို့ ထင်နေသေးတာမလား? ဟမ်? မင်းက လပတ်စာမေးပွဲကို လျော့တွက်ထားတာဘဲ ၊ ဟုတ်လား?"
ချိယွီ သူ့ဘောပင်ကို သတိမထားမိလိုက်ဘဲ လက်နဲ့ခပ်ဖွဖွပွတ်နေမိကာ ရုတ်တရက် သူ့နှလုံးသားထဲကို လွမ်းဆွတ်ခြင်းအငွေ့အသက်အချို့ ဝင်ရောက်လို့လာခဲ့တယ်။
ဘယ်လို ကမ္ဘာမျိုးပဲဖြစ်နေပါစေ ၊ အတန်းက ဆရာတွေက ခုလိုမျိုးဘဲ ပြောကျလိမ့်မယ်။
===================================
🌞 I'M BACK!!! စိတ်အခြေအနေက အပြည့်အဝကြီး အဆင်မပြေသေးပေမယ့်လို့ ဒါဒါတွေကို ပစ်ထားတာကြာနေပြီဖြစ်တာကြောင့် ဟန်နာပြန်လာခဲ့ပါပြီ။
ကိုယ့်စိတ်ကအဲ့လိုဘဲ ထထဖောက်တတ်တယ်။moti လေးနဲနဲများပေးနိုင်မလားလို့လေ><။
ကင်ဂျောင်ဝူး ကယ်ပါ...(╥﹏╥)
=================================
-စာလုံးရေ [4133]
-25,3,2022(FRI)
=================================