"ခိုင်မာနှောင်ကြိုး"

Von myanaykyalsin17

11.7K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... Mehr

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi

အပိုင်း ၁၂ zawgyi

75 6 1
Von myanaykyalsin17


ခိုင်မာနှောင်ကြိုး အပိုင်း ၁၂

"အမသီတာ"

"ဟေ။ဘာလဲ ကိုဧည့်သည်။"

"ကျွန်တော် တခုလောက် မေးချင်လို့ပါ။"

"အေး...မေးလေ။ဘာမေးမလို့လဲ။"

"အမသီတာ ကိုင်တဲ့ ဖုန်းကလေ ပိုက်ဆံဘယ်လောက်ပေးရလဲဟင်။"

"ငါ့ဖုန်းကလား...."

အမသီတာ က သူ၏ နံဘေးတွင် ချထားသော သူ၏ ဖုန်းကို ယူကြည့်ကာ ပြောလေသည်။ဖုန်းကိုလည်း လှည့်ပတ်ကြည့်လိုက်သေးသည်။

"ငါဝယ်တုန်းကတော့ သုံးသိန်းကျော် ပေးရတာပဲ။"

"သုံးသိန်းထက် ဈေးနိမ့်တဲ့ ဖုန်းကော မရှိဘူးလား အမသီတာ။"

"ရှိတာပေါ့ဟ။ဖုန်းက သူ့အမျိုးအစားလိုက်ပေါ် မူတည်ပြီး ဈေးနှုန်းကွာသွားတာပေါ့။ဖုန်း အကြောင်းမေးပြီး နင်က ဘာလုပ်မလို့လဲ။"

"လက်ဆောင် ပေးချင်လို့ပါ။"

"လက်ဆောင်...။ဘယ်သူ့ကို ပေးမလို့လဲ။"

"ဟို...ရွှေရင်အေး လက်ဆောင် ပေးချင်လို့ပါ။"

"ဪ.....ကောင်းသားပဲ။ကိုဧည့်သည် က ဘယ်လောက်တန်ပေးချင်လို့လဲ။"

"ကျွန်တော့်မှာ ပိုက်ဆံအများကြီးတော့ မရှိပါဘူး။"

"နင့်မှာ ဘယ်လောက်ရှိလို့လဲ။"

"အခုလောလောဆယ် ကျွန်တော့်မှာ ရှစ်သောင်းလောက်တော့ ရှိတယ် အမသီတာ။အပ်ထည်တွေ လက်ခံထားတာတော့ ရှိတယ်။အဲ့တာကလည်း ပိုက်ဆံ ရဦးမှာပါ။ "

"အင်း...ဖုန်းကလည်း သုံးသိန်းလောက်မှ ကောင်းတာ။တကယ်လို့ ရွှေရင်အေး နင် လက်ဆောင်ပေးတဲ့ အချိန်ထိ နင့်ပိုက်ဆံ မပြည့်သေးရင်လည်း လိုတဲ့ ပိုက်ဆံ ငါစိုက်ပေးပါ့မယ်။"

"ဟာ..တကယ်လား။အမသီတာ ကျွန်တော် ဝမ်းသာလိုက်တာ။ကျွန်တော် ပိုက်ဆံရတာနဲ့ ချက်ချင်း ပြန်ဆပ်မှာပါ။ရွှေရင်အေး ကို ဖုန်းကောင်းကောင်းလေး တလုံးလောက် ပေးကိုင်ချင်လို့ပါ။သူလည်း လူငယ်ဆိုတော့ ကိုင်ချင်ရှာမှာ။"

ပိုက်ဆံစိုက်ပေးမယ် ပြောလို့ ဝမ်းသာအားရနှင့် ကျေနပ်အပြုံးလေး ပျော်ရွှင်မိပေမယ့် စိတ်မကောင်းစရာ စကားတွေကို ရပ်ကွက်အတွင်းမှာ ကြားထားပြန်တော့ ကိုဧည့်သည်ကို ကြည့်ရင်း အမသီတာ တယောက် စိတ်မကောင်း ဖြစ်မိလေသည်။မနက်က ဈေးထဲကို သွားတော့ ဈေးသည်တွေဆီမှ ....

"ရွှေရင်အေးနဲ့ကိုဧည့်သည် က ချစ်ကြိုက်နေကြတာတဲ့။ဆေးခန်းလာတာများ တယောက်နဲ့တယောက် လက်တွဲတောင် မဖြုတ်ကြဘူးတဲ့။တအိမ်တည်းနေပြီး ယောက်ျားလေးချင်း ကြိုက်နေကြတာ အံ့ပါလေရော။ငါတော့ ကြားကြားချင်း ယုံတောင်မယုံနိုင်ဘူး။"

"မဟုတ်တာတွေ မပြောပါနဲ့ အမတို့ရယ်။ကလေးတွေက ခင်မင်ကြတာပါ။ကိုဧည့်သည် က ရွှေရင်အေး အိမ်မှာ နေရတော့ ရွှေရင်အေး က ဂရုစိုက်တဲ့ သဘောပါ။သူ့မှာလည်း အကို မရှိတော့ အကို တယောက်လို ဂရုစိုက်တဲ့ သဘောမျိုးပါ။တမျိုးမထင်ကြပါနဲ့ အမတို့ရယ်။"

"မသီတာ ကသာ တမျိုးမထင်နဲ့ပြောနေ။ရွှေရင်အေးနဲ့ကိုဧည့်သည်ရဲ့ သတင်းကတော့ တဈေးလုံးကို ပျံ့နေရောပဲ။"

" အမတို့က အဲ့သတင်းကို ဘယ်ကကြားလာတာလဲ။"

"ငါတို့ကို ဝက်သားဆိုင်က ပြောလိုက်တာ။"

ဝက်သားဆိုင် က ထိုသတင်းကို ဘယ်ကကြားလဲ သိချင်သောကြောင့် ဝက်သားဆိုင် ကို သွားမေးတော့ ပဲပင်ပေါက် ရောင်းတဲ့ ဆိုင်မှ သိရသည်ဟု ပြောလေသည်။ပဲပင်ပေါက် ရောင်းတဲ့ဆိုင်က ပြောတာကတော့ ကုန်စုံဆိုင်မှ ဟု သိရလေသည်။အရင်းအမြစ်ကို စုံစမ်းရင်း တဈေးလုံးနှံ့သွားကာ နောက်ဆုံး လမ်းထိပ်ဆိုင်ကို ရောက်သွားတော့မှ ဘယ်က စကားထွက်လာသလဲ ဆိုတာ စုံစမ်းမိသည်။ပထမကတော့ စုံစမ်းရင်း အရင်းအမြစ်ကို သိရင် မဟုတ်ကြောင်းပြောရင်း ရန်တွေ့မလို့ပါပဲ။ဒါပေမဲ့ စကားက ကားလာမည် စိုးသောကြောင့် ကလေးနှစ်ယောက်ကိုလည်း မထိခိုက်စေချင်သောကြောင့် ငြိမ်နေလိုက်သည်။မဟုတ်မမှန် သတင်းကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ကိုဧည့်သည် ကိုတော့ မပြောဖြစ်ပေ။ပိုပြီး စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ဖြစ်သည်။မနက်တိုင်း ဈေးသွားသော ရွှေရင်အေး ကတော့ ထိုသတင်းကို မကြားဘဲ မနေ။ကြားပြီးလောက်ပြီပေါ့။ကိုဧည့်သည် ကိုလည်း ပြောပြထားပုံမရလို့ ကိုဧည့်သည် ဘာမှသိပုံ မပေါ်ပါ။ကိုဧည့်သည် တယောက်ကတော့ ရပ်ကွက်ထဲမှာ ပြောနေသည့် စကားတွေကို မသိဘဲ ရွှေရင်အေးကို လက်ဆောင် ဝယ်ပေးဖို့သာ စိတ်အားထက်သန် နေပါသည်။ဒီကလေးနှစ်ယောက်၏ သံယောဇဉ်ဟာ အများအထင်အမြင်လွဲလောက်အောင် နက်ရှိုင်းလွန်းသည် ဆိုတာကိုတော့ ငြင်းမရပေ။ကိုဧည့်သည် ကလည်း ရွှေရင်အေးတို့ ညီအကိုတွေကို သံယောဇဉ် သိပ်ထားလွန်းသည်။သူရှာလို့ ရသည့် ငွေကြေးနှင့် ငယ်လေးက ကြက်သားကြော် စားချင်သည်ဟု ပြောတာကို သူမရောက်ဖူးသည့် အရပ်ကို သွားပြီး ကြက်ကြော် ဝယ်ကျွေးသူပါ။သူတို့ သံယောဇဉ်ဟာ သေးငယ်သည်တော့ မဟုတ်။

ကိုဧည့်သည် ဆိုတာကလည်း ယာဉ်မတော်တဆမှုကြောင့် သူ၏အတိတ်ကို သတိမရဘဲ မေ့နေသူ၊ ရွှေရင်အေး ကလည်း လူသာ ငယ်တာ တဖက်သားကို သနားကြင်နာတတ် ကူညီစောင့်ရှောက်တတ်သူ။ဘယ်မှာ နေမှန်းမသိသည့် အတိတ်မေ့သူ ကိုဧည့်သည်ကို စတင်ကယ်လာတဲ့သူ ရွှေရင်အေး သည် သူကယ်တင်ခဲ့သူကို အဆုံးထိတာဝန်ယူမည့်သူလည်း ဖြစ်သည်။သူလုပ်ပေးနိုင်တာ အကုန်လုပ်ပေးသည်။ကိုဧည့်သည် ဘာလိုလည်း ဖြည့်ဆည်းပေးသည်။ရွှေရင်အေးမှာ ညီတွေပဲ ရှိပြီး အကိုမရှိသောကြောင့် ကိုဧည့်သည် ကို အကိုတယောက်ကဲ့သို့ ဂရုစိုက်ပေးနေခြင်းလည်း ဖြစ်သည်။ဒါကို ပတ်ဝန်းကျင် အမြင်မှာ အထင်လွဲစရာ ဖြစ်လာတာပဲ ဖြစ်သည်။သွေးမတော်၊သားမစပ် ကလေးနှစ်ယောက်၏ သံယောဇဉ်ကို အသိဆုံးပဲ မဟုတ်လား။

"အမသီတာ..အမသီတာ.... ကျွန်တော်ဒီလို ညှပ်တာ မှန်လားခင်ဗျ။"

"ဟေ...အေး..အေး ။"

အတွေးတွေက အတော်လွန်သွားတာ ကိုဧည့်သည် သူ့ကို ခေါ်မှပဲ မသီတာ လည်း အသိဝင်လာခြင်း ဖြစ်သည်။

"ကျွန်တော် ညှပ်တာ မှန်လားဟင် ။"

"အေး..မှန်တယ်။"

ကိုဧည့်သည် ပိတ်စညှပ်နေတာကို စစ်ဆေး ကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။

"ကိုဧည့်သည်.."

"ခင်ဗျာ"

အင်္ကျီညှပ်နေရာမှ မော့ကြည့်ရင်း ထူးလေသည်။

"နင့်ကို ရွှေရင်အေး ဘာမှမပြောဘူးလား။"

"ဘာအကြောင်းကို မပြောတာလဲ အမသီတာ။"

"ဪ...တခုခုပေါ့ဟာ။အရင်က မပြောဖူးတဲ့ ထူးထူးဆန်းဆန်း စကားတွေပေါ့ဟာ။"

"ထူးထူးဆန်းဆန်း စကား...။ဟင့်အင်း...မပြောဘူး အမသီတာ။ဘာဖြစ်လို့လဲဟင်။ဘာဖြစ်လို့လဲ။ရွှေရင်အေး မှာ ဘာများပြဿနာ ဖြစ်လို့လဲ အမသီတာ။"

ကိုဧည့်သည် သည် ထိတ်ထိတ်ပြာပြာ စိုးရိမ်တကြီးနှင့် မေးခြင်းပင်ဖြစ်သည်။ရွှေရင်အေး တခုခု ဖြစ်မှာကို စိုးရိမ်နေပုံရသည်။အခုကိစ္စက ရွှေရင်အေး တယောက်တည်း ကိစ္စ မဟုတ်ဘဲ ကိုဧည့်သည်ပါ ပါဝင်နေသည် ဆိုတာကိုတော့ မသိရှာပေ။ဘာမှမသိသေးဘဲ ရွှေရင်အေး ကို အစိုးရိမ်ကြီးနေသူ ကိုဧည့်သည် ကို မသီတာ တယောက် သနားနေမိပြီး သက်ပြင်းသာ အခါခါ ချနေမိပါတော့သည်။

အမသီတာ ဆီမှ အိမ်ပြန်လမ်း တလျှောက် တယောက်တည်း ဖြစ်နေသောကြောင့် ခြေလှမ်းကို ခပ်သွက်သွက်လေး လျှောက်လာလိုက်သည်။ဒီနေ့ ဇင် သည် သူ့ကို အမသီတာ အိမ်သို့ လာမကြိုပေ။လာကြိုမည့် အချိန်ရောက်တာတောင် လာမကြိုသောကြောင့် နောက်ကျမည်စိုး၍ တယောက်တည်း ပြန်လာလိုက်သည်။ကိုသား ကလည်း အလုပ်များနေသောကြောင့် သူ့ကို လိုက်မပို့ပေးနိုင်ပေ။လမ်းမီးတိုင်တွေ အပြည့်ရှိပေမယ့် လူသွားလူလာ အနည်းငယ် လူရှင်းသော လမ်းဖြစ်သောကြောင့် ခပ်သွက်သွက် သွားရခြင်း ဖြစ်သည်။

"ဟေ့...ဟေ့..ညီလေး။"

နောက်ဘက်မှ ခေါ်သံကို ကြားသောကြောင့် ခြေလှမ်းကို ပိုမိုမြန်အောင် လှမ်းလိုက်လေသည်။

"ဟေ့...ရွှေရင်အေး အိမ်က ကောင်လေး။"

ရွှေရင်အေး ဆိုသော နာမည် ကြားသည်နှင့် သူ၏ ခြေလှမ်းများ ရပ်တန့်လိုက်သည်။ဇင့် အသိ ထင်ပါသည်။ထိုလူ သူ့ကို မှီလာပြီး အမောတကြီးနှင့် သူ့ရှေ့မှာ ရပ်လေသည်။

"မင်းကလဲကွာ..ဘယ်လိုဖြစ်လို့ အလောတကြီး လမ်းလျှောက်နေရတာလဲ။"

သူ့ကို လှမ်းခေါ်သူကို ကြည့်လိုက်တော့ သူ တခါမှ မသိသော သူပင် ဖြစ်လေသည်။

"ဟို....ဘယ်သူလဲခင်ဗျ။"

"မင်းက ရွှေရင်အေး အိမ်မှာ ကပ်နေတဲ့ ကောင်လေး မဟုတ်လား။"

ဒီလူ့ စစတွေ့ချင်း မသိတဲ့သူ တယောက်ကို ပြောသည့် စကားက ဘယ်လိုကြီးလဲ။သူ့ကို ကပ်နေတဲ့လူတဲ့။အတိတ်ကို သတိမရလို့ ဇင့် အိမ်မှာ ခေတ္တနားခိုနေတာပါ။သတိရချိန်ဆို ပြန်မှာပါ။

"ဘာကိစ္စ ရှိလို့လဲခင်ဗျ။ရွှေရင်အေး သူငယ်ချင်း ဆိုရင် ရွှေရင်အေး အိမ်မှာ ရှိပါတယ်။"

"အင်း...မင်းက ဖြူဖြူချောချောလေးပါလား။အသားအရည်လေးကလည်း နူးညံ့မယ့်ပုံစံပဲ။အင်း..မျက်ဝန်းလေးကလှ၊ အရပ်ကလည်း ရှည်သား။နှုတ်ခမ်းသားကလည်း အိနေမှာပဲနော်။မင်း အတော်ချောတဲ့သူပါလား။"

သူ့တကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး ခြုံကြည့်ကာ ရုတ်တရက် ထပြောခြင်းဖြစ်သည်။သူ့မှာ ကြက်သီးမွှေးညှင်းတွေ ထပြီး လန့်သွားသည်။သူ့ကို လက်လှမ်းကိုင်မလို လုပ်နေသူကြောင့် သူ့ခြေလှမ်းတွေ နောက်သို့ ဆုပ်လိုက်သည်။သူဆုပ်သည့် ခြေလှမ်းတိုင်းကို ထိုလူ့ခြေလှမ်းတွေ လိုက်လာသည်။ယောက်ျားလေးတွေလည်း မုဒိန်းကျင့်ခံရနိုင်တာပဲ ဆိုသော ဇင် ပြောသည့် စကားကို ပြန်လည်ကြားယောင်ရင်း ကြောက်စိတ်ပါဝင်လာသည်။သူ့ကို လမ်းပေါ်မှာ မုဒိန်းများကျင့်တော့မလား။သူ ကြောက်ကြောက်နှင့် အမြန်သွားရလေသည်။

"ဟာ..နောက်ဘက် ကောက်ကြောင်းလေးကလည်း တကယ်လှတာပါလား။ဒါ့ကြောင့် ရွှေရင်အေး က မင်းကို ကြိုက်တာကိုး။"

နောက်ဘက်မှ စကားကြောင့် သူ့ခြေလှမ်းတွေ ရပ်ပြီး ပြန်လှည့်ကြည့်လိုက်လေသည်။

"ဘာစကားပြောတာလဲဗျ။ရွှေရင်အေး က ဘာကို ကြိုက်တာလဲ။"

"မင်းကိုလေ။မင်းနဲ့ရွှေရင်အေး ကြိုက်နေတယ် ဆိုတာ တရပ်ကွက်လုံး သိတယ်။မင်း မသိဘူးလား။ဆေးခန်းထဲမှာ မင်းတို့နှစ်ယောက် လက်တွဲထားတာတွေ။အင်း...ပြောရရင် ဓာတ်ပုံတောင် ရှိရင် ရှိနေဦးမှာ။မင်းတို့နှစ်ယောက် ကဲနေကြတာကိုလေ။"

"မဟုတ်တာ မပြောပါနဲ့။ကျွန်တော်တို့နှစ်ယောက်က ညီအကိုတွေပါ။"

"ဟာ ဘာလဲ သွေးမစပ်ညီအကိုတွေ မလား။မင်းတို့နှစ်ယောက် ကြိုက်နေပါတယ် ဆိုတဲ့သတင်းက တရပ်ကွက်လုံး ပျံ့နေပြီးမှ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ မကာချင်စမ်းပါနဲ့ကွာ။"

"မဟုတ်တာတွေ မပြောပါနဲ့ဗျ။"

"ဟား...ဟား...မှန်တာပြောတာပဲ။ဒီရပ်ကွက် တင်မဟုတ်ဘဲ ငါတို့ ရပ်ကွက်အထိပါ ပျံ့နှံ့နေတာ။မင်းတို့နှစ်ယောက် ကြိုက်နေတဲ့ သတင်းက အပုတ်နံ့တထောင်းထောင်း။"

"လွန်လွန်းပြီနော်။မဟုတ်တာတွေ လျှောက်မပြောပါနဲ့။"

"ဟုတ်လို့ပြောတာပဲကွာ။နာစရာလား"

ကွမ်းစားထားသော သွားများပေါ်အောင် တဟီးဟီး ရယ်နေပုံဟာ သူ့ကို စိတ်အနှောင့်အယှက် အတော်ဖြစ်စေပါသည်။

"ဟုတ်လို့ပေါ်တာပဲကွာ။ယောက်ျားလေးချင်း ကြိုက်ကြတယ်။အံ့ဩဖို့တောင် ကောင်းလိုက်တာ။"

"ယောက်ျားချင်း ကြိုက်တော့ကော ဘာဖြစ်လဲဗျ။"

အသံလာရာ လှည့်ကြည့်လိုက်တော့ ဇင်။ဇင် သူတို့အနားသို့ ရောက်လာပြီ။အနားရောက်တာနှင့် သူ့လက်ကို ခပ်တင်းတင်း လာရောက် ကိုင်လေသည်။နဂိုကတည်းက အခြားလူတွေ အထင်လွဲနေပါသည် ဆိုမှ ဒီလူ့ရှေ့မှာမှ ဇင် က သူ့လက်ကို လာကိုင်တော့ ထပ်ပြီး အထင်မလွဲစေချင်သောကြောင့် ဒီတခါတော့ ဇင့် လက်ထဲကနေ ရအောင် ရုန်းထွက်လိုက်ပါသည်။သေချာကိုင်ထားလျက်နှင့် အမှုမဲ့အမှတ်မဲ့ကြောင့် ပြုတ်ထွက်သွားသော လက်ကို လိုက်ကြည့်ရင်း သူ့ကိုပါ သေချာကြည့်နေသော ဇင်။ပြီးတော့ သူ့ကို တချက်ရယ်ပြပြီး လက်ကို ထပ်မံကာ လာရောက်ဆုပ်ကိုင်ပြန်သည်။ဒီတခါတော့ သူဘယ်လို ရုန်းရုန်း ဇင် ဆွဲကိုင်ထားသော တင်းကျပ်သော လက်ကို သူ ဆွဲမဖြုတ်နိုင်ပေ။

"ဪ....မင်းတို့နှစ်ယောက်က အဲ့လိုလား။ရပ်ကွက်ထဲက သတင်းတွေကို မင်းငြင်းလိမ့်မယ်လို့တောင် ငါက ထင်နေတာ။အခုတော့ ယောက်ျားချင်းကြိုက်နေတာ တကယ်ကြီးပေါ့။အံ့ဩစရာကြီးပါလား။"

"ဘာများအံ့ဩစရာ ရှိလို့လဲ။ယောက်ျားလေးနှစ်ယောက်လည်း လူသားတွေပဲ မဟုတ်ဘူးလား။လူ့လောကကြီးထဲမှာ လူသားအချင်းချင်း ချစ်ကြိုက်တာ ဘာများဆန်းလို့လဲဗျ။"

သူ ဇင့် ကို ကြည့်လိုက်သည်။ဇင် ဘာတွေလျှောက်ပြောနေတာလဲ။ရပ်ကွက်ထဲ သတင်းထွက်နေသလို သူတို့နှစ်ယောက်က တကယ် မဟုတ်ဘူး ဆိုတာ ဇင် လည်း သိတာပဲလေ။

"မဆန်းတာကိုပဲ အပြစ်လိုက်မြင်နေတဲ့ ခင်ဗျားတို့ကသာ အတော်ဆန်းကြယ်တဲ့ လူတွေပဲ။ကျွန်တော် ကတော့ အဲ့လို လူတွေကို ပိုအံ့ဩတယ်။အလုပ်မရှိ၊အလုပ်ရှာ သူများအကြောင်း စပ်စုလွန်းကြတယ်။"

"မင်း...ဘာစကားပြောတာလဲ။"

ဇင် သည် အနိုင်ပိုင်းကာ ထွက်လာခဲ့လေသည်။သူလည်း ဇင် ခေါ်ရာ နောက်သို့ တကောက်ကောက် လိုက်လာခဲ့ရပါတော့သည်။စောနက လူလည်း သူတို့နောက်လိုက်မလာတော့ချိန် အိမ်နားသို့ မရောက်ခင် အချိန်မှာပဲ ဇင် သည် ခြေလှမ်းတွေကို ရပ်လိုက်ပြီး သူ့နောက်မှာ တကောက်ကောက် ပါလာသော သူ့ကို လှည့်ကြည့်လာသည်။

"ခင်ဗျား ဘာလို့ တယောက်တည်း ပြန်လာတာလဲ။ကျွန်တော် လာကြိုတဲ့ အချိန်ကို ဘာလို့ မစောင့်တာလဲ။"

"လာမကြိုတော့ဘူး ထင်လို့ ပြန်လာခဲ့တာပါ။တောင်းပန်ပါတယ်။"

"ကျွန်တော် မရောက်လာခင်အချိန်တုန်းက အဲ့လူ ခင်ဗျားကို ဘာတွေ ပြောသေးလဲ။"

အဲ့လူ ပြောသော ရိသဲ့သဲ့ စကားတွေကို ဇင့် ကို ပြန်ပြောဖို့ရန် သူ့မှာ အင်အားမရှိပေ။နှုတ်ဆိတ်ကာ ခေါင်းငုံနေရုံပဲ ရှိသည်။

"ပြောလေ..ခင်ဗျားကို ဘာပြောလဲ။"

ဇင့် အသံမာလာပြီ ဖြစ်သည့်အတွက် သူလည်း လန့်သွားသည်။ဇင့် အကျင့်က မပြောမချင်း မေးနေတော့မှာ သေချာသည်။

"ဟို...နည်းနည်း ရိ...ရိသဲ့သဲ့ စ..စကားတွေ။"

"ရိသဲ့သဲ့စကားတွေ...။ဘယ်လိုစကားတွေလဲ ဆိုတာ သေချာပြန်ပြောပြ။"

ပြောဖို့ရာ နှုတ်တွန့်နေမိသောကြောင့် ဇင် က သူ့ကို အသည်းယားစွာ လက်မောင်းကို လက်နှင့်ကိုင်ဆောင့်ပြန်လေသည်။

"ဟို...ကျွန်တော့်ကို..ဖြူဖြူချောချောလေး၊ အသားအရည်လေးကလည်း နူးညံ့ပြီး အရပ်ရှည် မျက်လုံးလည်း လှတယ်တဲ့။ပြီး..ပြီးတော့...။

"ပြီးတော့..ဘာဖြစ်လဲ။ဆက်ပြောလေ။"

"နှုတ်...နှုတ်ခမ်းသားကလည်း အိနေမှာပဲတဲ့။ပြီးတော့ .... နောက်...နောက်ဘက် ကောက်ကြောင်းလေးကလည်း တကယ်လှတယ်တဲ့။ဒါ့ကြောင့် ရွှေရင်အေး က...ကြိုက် ကြိုက်တာလို့ ပြောတယ်။"

"ဘာ...အဲ့လိုပဲ ပြောလား။"

"ဟုတ်...ဟုတ်ကဲ့။"

အခြား ယောက်ျားလေး တယောက်က သူ၏ အလှကို ဖော်ထုတ်နေတာမျိုးကို ဇင့် ကို ပြောပြရတာ သူရှက်လွန်းလှပါသည်။ခေါင်းကြီးကို ငုံထားမိပြီး ဇင့် မျက်နှာကိုလည်း မကြည့်ရဲပေ။

"ခင်ဗျားကို အဲ့လို ရိသဲ့သဲ့ ပြောနေတာကို ခင်ဗျားက ငြိမ်ခံနေတာလား။ပြန်မပြောဘူးလား။"

"ပြန်ပြောပါတယ်။မပြောဖို့လည်း ပြောပါတယ်။ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်က ညီအကိုတွေပါလို့လည်း ပြော..ပြောလိုက်ပါတယ်။"

သူ ပြောတော့ ဇင် က ဘာစကားသံကိုမှ မကြားရတော့ပေ။ဇင် ငြိမ်ကျသွားတော့ သူလည်း ဇင့် ကို မော့ကြည့်လိုက်သည်။ဇင့် မျက်နှာ ပြောင်းလဲသွားသည်။သူတို့နှစ်ယောက်ကို ကြိုက်နေပါသည်ဟု ပြောသွားသည့် စကားကြောင့်များ ဇင် ဝမ်းနည်းသွားလေသလား။

"ခင်ဗျားနဲ့ကျွန်တော့် ကို ပတ်ဝန်းကျင်က လူတွေက ကြိုက်နေကြတယ်လို့ ပြောတော့ လူအများရဲ့ စကားမှာ ခင်ဗျား ရှက်သလား။"

ရှက်သလားတဲ့။သူ မတွေးဖူးတဲ့ စကားပါ။

"မရှက်ပါဘူး။သူတို့ ပြောသလို ကျွန်တော်တို့က ကြိုက်နေတာမှ မဟုတ်တာ။"

"အင်း..။"

ဇင် သည် အဲ့တခွန်းထဲပဲ ပြောကာ ခဏတာ တွေဝေပြီးမှ သူ့လက်ကို ထပ်မံ ဆွဲယူလေသည်။သူလက်ဖဝါးကို အသာပွတ်သပ်ဆုပ်ကိုင် ကြည့်ကာ နှစ်သိမ့်ပေးမိသည်။

"ခင်ဗျား ဘာမှစိတ်မပူပါနဲ့။ခင်ဗျား ကျွန်တော့် ဆီမှာ နေစဉ် ကာလအတွင်း ကျွန်တော် ခင်ဗျားကို အပြည့်အဝ စောင့်ရှောက်မှာပါ။အခုလို ပြောခံရတာကလည်း လူတွေက ချဲ့ကားပြောတဲ့ စကားတွေ ဖြစ်လို့ စိတ်ထဲမထားပါနဲ့နော်။ထိကပါး၊ရိကပါး ပြောတဲ့သူတွေ လာပြောရင်လည်း အပြောမခံပါနဲ့။နားလည်း မထောင်ပါနဲ့။လက်ခံပြီးလည်း စကားမပြောပါနဲ့။လှည့်ထွက်လာခဲ့ပါ။ပြီးတော့ တယောက်တည်းလည်း လျှောက်မသွားပါနဲ့။အမသီတာ တို့ အိမ်က ပြန်ရင်လည်း ကျွန်တော် လာကြိုတာကို စောင့်ပါ။တယောက်တည်း ပြန်မလာပါနဲ့။အခုလို လမ်းမှာ ပြဿနာ ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ကျွန်တော်သာ အမြန်ရောက်မလာရင် ခင်ဗျားကို အဲ့လူ တခုခုများ လုပ်လိုက်ရင် ဘယ်လိုများ လုပ်မလဲ။ကျွန်တော့်ကို စိတ်ပူရအောင် မလုပ်ပါနဲ့ဗျာ။"

"တောင်းပန်ပါတယ်။ကျွန်တော်လည်း အလုပ်များနေလို့ လာမကြိုနိုင်ဘူး ထင်လို့ ပြန်လာလိုက်တာပါ။"

"နောက်ဆို အဲ့လို မလုပ်ပါနဲ့။"

သူ ခေါင်းညိတ်လိုက်သည်။ဇင် သည် စိတ်ပူတာ လျော့သွားသည့် ပုံစံနှင့် သူ့ကို ကြည့်လေသည်။ပြီးတော့ ပြုံးပြလေသည်။ဇင့် ၏ အပြုံးဟာ ချိုမြိန်လွန်းလှပါသည်။

***********

"ကိုကြီး"

"ဟေ"

သူ ဈေးရောင်းထွက်ခါနီး ခြံထဲမှာ ပစ္စည်းတွေ လှည်းပေါ်တင်နေစဉ် ဧပရယ် အနားသို့ ရောက်လာပြီး သူ့ကို စကားလာ ပြောခြင်း ဖြစ်သည်။

"ရပ်ကွက်ထဲမှာ ပြောနေကြတဲ့ စကားတွေ သား ကြားနေရတယ် ကိုကြီး။"

ဧပရယ် ပြောသော စကားဟာ ဘာကို ရည်ရွယ်ပြောသော စကားလည်း ဆိုတာ သူသိပါသည်။ဧပရယ်နဲ့ငယ်လေးကို မပြောဖြစ်ပေမယ့် တချိန်ချိန် မေးလာမည် ဆိုတာ သိပြီးသား ဖြစ်ပါသည်။ငယ်လေး ကတော့ ကလေး ဖြစ်နေသည့် အတွက် ဘာမှသိပ်ပြောမှာ မဟုတ်ပေမယ့် ဧပရယ် ကတော့ မေးမှာပဲ ဖြစ်သည်။ဧပရယ် က အခုနောက်ပိုင်းမှာ လူကြီးဆန်လာသည်။စကားပြောတာ ဆိုတာက အစ ချင့်ချိန်တတ်လာ သည်။လိုချင်တာကိုလည်း သိပ်ပြီး ပူဆာခြင်းမျိုး မရှိတော့ဘဲ ပေးသော မုန့်ဖိုးလေးကို စုပြီးမှ သူလိုချင်တာ ဝယ်တတ်လာသည်။ အိမ်ကိုလည်း ကူညီတတ်လာသည်။တံမြက်စည်း ကူလှည်းပေးတာမျိုးတွေ ၊ ခြံထဲက မြက်တွေကို ကူရှင်းပေးတာမျိုးတွေ လုပ်ပေးတတ်လာသည်။အပြင်မှာ ထွက်ပြီး ဆော့တတ်ပေမယ့် အချိန်ရရင် စာဖတ်ခြင်းကိုသာ ပြုလုပ်တတ်ပါသည်။လူပျိုပေါက်စလေး ဖြစ်လာလေပြီ။

"ဧပရယ် ကြားထားတဲ့ စကား ဆိုတာ ကိုကြီး သိပါတယ်။လူတွေက တစ်စိတ်ကိုတစ်အိတ် လုပ်ပြောကြတယ် ဆိုတာ ဧပရယ် လည်း သိမှာပါ။အခုလည်း အိမ်မှာ ကိုကြီး တို့နဲ့ အတူနေနေတာပဲလေ။ရပ်ကွက်ထဲက ပြောစကားတွေ ဟုတ်လား မဟုတ်လား ဆိုတာ ဧပရယ် အသိဆုံး ဖြစ်မှာပါ။ဘာစကားပဲ ကြားကြား ချင့်ချိန်ပြီး ယုံပါလို့ပဲ ကိုကြီး ပြောချင်တယ်။"

"ဟုတ်ကဲ့ ကိုကြီး ။သား နားလည်ပါတယ်။"

"အင်း...ဒါဆိုလည်း ကိုကြီး ဈေးရောင်းသွားတော့မယ်နော်။ဒီနေ့ ကျောင်းပိတ်ရက် ဆိုတော့ အိမ်မှာပဲ ရှိနေရင် ကိုဧည့်သည်နဲ့ ညီလေးကို ဂရုစိုက်။စာကျက်စရာ ရှိတာလည်း ကျက်ထား။အပြင်မှာ သွားဆော့ရင်လည်း ညီလေး ကို ထိခိုက်မှု မရှိအောင် ဂရုစိုက်နော်။ကိစ္စရှိရင် ဖုန်းဆက်လိုက်။ကိုကြီး သွားပြီ။"

စောနက ကတည်းက အိမ်ပေါက်ဝမှာ သူတို့ကို လှမ်းကြည့်နေသည့် ထိုလူ့ကို တွေ့ပါသည်။သူနှင့်ဧပရယ် ပြောသော စကားတွေကိုလည်း ကြားဖြစ်အောင် ကြားမှာပါ။စိတ်မကောင်း ဖြစ်နေသည့် မျက်နှာလေးကို မြင်ရတော့ သူလည်း ရင်ထဲမကောင်း ဖြစ်မိပါသည်။ပတ်ဝန်းကျင် က ပြောသည့် စကားတွေကို ဂရုမစိုက်နဲ့လို့ ဘယ်လောက်ပဲ ပြောနေပါစေ။ပတ်ဝန်းကျင်နှင့် နေ့စဉ် ပေါင်းသင်းဆက်ဆံကျင်လည်နေရသူ အတွက်တော့ ပတ်ဝန်းကျင်က စကားတွေကို ခေါင်းထဲကနေ ထုတ်ရခက်လှပါသည်။ဂရုမစိုက်ဘူးလို့ ဘယ်လောက်ပဲနေနေ မေးငေါ့နေပြီး ပြစ်တင်ရှုံ့ချသည့် မျက်ဝန်းအကြည့်တွေနှင့် ရင်ဆိုင်ရချိန် အတော်လေးခက်သည်။စိတ်မကောင်း လည်း ဖြစ်ရပါသည်။ဒါတောင် တကယ် မဟုတ်သေးပါ။တကယ်လို့သာဆိုလျှင် အများတံတွေးခွက်ထဲ ဘယ်လောက်တောင် ပက်လက်မျောလိုက်မလဲဆိုတာ...။သူ သက်ပြင်းကိုသာ အခါခါချနေရင်း ကိုသား ပြောဖူးတဲ့ "မင်းစိတ်ထဲမှာ ရှိနေတဲ့လူ ဘယ်သူပဲဖြစ်ဖြစ်ပါ။တကယ်လို့ မင်းနှလုံးသားက ခုန်လာတဲ့ သူဆိုရင်တော့ မင်းရှေ့ဆက်ပေါ့။" ဆိုတဲ့ စကားဟာလည်း စကားအတိုင်းသာ ကောင်းပါသည်။ဘဝမှာ ပထမဦးဆုံး ရင်ခုန်ခဲ့ရသူသည် ပတ်ဝန်းကျင်နှင့် ငဲ့ကွက်စရာတွေ ကြားထဲမှာ တဖြေးဖြေးနှင့် မှေးမှိန်ပျောက်ကွယ်သွားမှာပဲ ဖြစ်သည်။

သူ့ကို လှမ်းကြည့်နေသူကို နှုတ်ခမ်းလေး တွန့်ရုံပြုံးရုံဆိုတာလေး ပြုံးပြလိုက်မိပါသည်။သူပြုံးသလိုပဲ အားမပါလှသည့် အပြုံးလေး မြင်ရလေသည်။ဒီအိမ်မှာ နေရတာ စိတ်အနေကျဉ်းကျပ်မှာပဲလို့ တွေးမိတိုင်း ရင်လေးရလေသည်။

အဲ့နေ့ မနက်က ဈေးထဲရောက်တာနှင့် သူတို့နှစ်ယောက်ကို ချစ်ကြိုက်နေပါသည်ဟု ပြောဆိုနေကြသော စကားတွေဟာ နားနှင့် မဆန့်အောင် ကြားခဲ့ရလေသည်။ကြားကြားချင်း အံ့ဩသလို၊ စိတ်ထဲတမျိုးတော့ ဖြစ်သွားမိသည်။"ကိုယ့်အိမ်မှာ မှီခိုနေသည့် သူကိုများ ပြန်ပြီး ကြံရတယ်လို့။" ဆိုသော စကားကတော့ သူ့ရင်ထဲမှာ အနာဆုံး ဖြစ်သည်။နောက်ဘက်ကနေ မကြားတကြား ပြောလိုက်သော စကားဆိုပေမယ့် ကြားကြားချင်း ရင်ထဲမှာ အတော်လေး မကောင်းဖြစ်သွားသည်။ပတ်ဝန်းကျင်မှာ လိုသူရှိသလို၊ မလိုသူလည်း ရှိပါလား ဆိုတာ သူသိခွင့်ရလိုက်သည်။

သူဟာ အသက်အရွယ်နှင့် မလိုက်ဘဲ ဘဝပေါင်းစုံကို ဖြတ်သန်းလာရလို့ သူတပါးနှိမ်ချတာ၊ မတရားပြောဆိုတာကိုလည်း ခံရတာ များနေလို့ ခံနိုင်ရည်လည်း ရှိနေပါပြီ။ဒါပေမဲ့ ဒီတခါကတော့ သူတယောက်တည်းတင် မဟုတ်ဘဲ ထိုလူနှင့်သူ၏ ညီလေးနှစ်ယောက်ကိုပါ ရိုက်ခတ်လာ နေပြီ။ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမည့် အခြေအနေမှာ သူ့နှလုံးသားကို ခေါက်သိမ်းထားမှ ရပေတော့မည်။

ပတ်ဝန်းကျင်က စကားသံများကို စတင်ကြားရသော အချိန်မှာ တအိမ်ထဲနေသည့် ထိုလူ့ကို ခပ်ခွာခွာဘဲ နေတော့မည်ဟု တွေးလိုက်မိသည်။ခပ်ခွာခွာ နေခြင်းဟာလည်း နှစ်ယောက်စလုံးအတွက် အကောင်းဆုံး နည်လမ်းပဲ မဟုတ်လား။ အမသီတာ အိမ်ကို သူသွားတော့လည်း အပြန်ကျတော့ သွားမကြိုတော့ပါဘူးဟု အတွေးနှင့် အိမ်မှာ လုပ်စရာ ရှိတာလုပ်ရင်း အချိန်ဖြုန်းနေမိသည်။နာရီတကြည့်ကြည့်နှင့် ဖြစ်နေပြီး ထိုလူ့ကို စိတ်မချသည့် စိတ်ဖြင့် အိမ်မှာ နေလို့မရတော့ဘဲ သွားကြိုမိသည်။သွားကြိုမိတာကိုပဲ မှန်သည်ဟု ပြောရပေမည်။

သူ့ကို တွေ့လျှင် ခနဲ့သလို၊ရွှဲ့သလို၊စောင်းပြောတတ်ပြီး သူ့ကိုနှိမ်ချဆက်ဆံတတ်သူ အခြားရပ်ကွက်မှ လူသည် လမ်းမှာ ထိုလူ နှင့် စကားပြောနေသည်ကို တွေ့လိုက်ရတော့ သူ၏ စိုးရိမ်မှုတွေ အရှိန်မြင့်လာပြီး အနားသို့ သုတ်ခြေတင်သွားလိုက်သည်။ထင်သည့် အတိုင်းပင် ထိုလူ ကို ခနဲ့တဲ့စကားတွေ ပြောနေသည်ကို ကြားရပြီ။သူလည်း စိတ်အချဉ်ပေါက်လာ၍ "ယောက်ျားချင်း ကြိုက်တော့ ဘာဖြစ်သလဲ။" ဟု ရွဲ့ပြောလိုက်ပါသည်။ပြောပြီးသည်နှင့် အနားရောက်တော့ ထိုလူ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။သူ့ကို ခဏခဏ ရွဲ့နေသော အခြားရပ်ကွက်မှ လူကို သူကလည်း ဒီတခါ ပြန်ရွဲ့ပလိုက်ပါသည်။ဒါကို ထိုလူက မသိဘဲ သူ့လက်မှ အတင်းရုန်းထွက် သွားသည်။သေချာကိုင်ထားလျက်နှင့် ပြုတ်ထွက်သွားသော လက်ကြောင့် ထိုလူ့ကို သေချာကြည့်လိုက်မိသည်။သူ့ကို ကြည့်နေသူလေး၏ မျက်ဝန်းလေးဟာ ချစ်စရာကောင်းသည်ဟု မြင်သောကြောင့် ထိုလူ့လက်ကို ထပ်မံကာ ဆုပ်ကိုင်လိုက်သည်။ဒီတခါ ထိုလူ့ လက်ကို ဆုပ်ကိုင်ခြင်းဟာ ရုန်းမရ၊ဖြုတ်မရအောင် တင်းတင်းကျပ်ကျပ်ပေါ့။

အခြားရပ်ကွက်မှ လူ၏ စိတ်ကို အောင့်သက်သက် ဖြစ်စေသော စိတ်တခုဖြင့် သူတို့နှစ်ယောက် တကယ်ပင် ချစ်ကြိုက်နေသလို ပုံစံနှင့် ပြောလိုက်သည်။ပါးစပ်က ပြောတိုင်း ရင်ထဲမှာ ပီတိတွေ ဖြာနေမိတာကတော့ သူပဲ သိပါသည်။အနိုင်ပိုင်းစကားဆိုပြီး အခြားရပ်ကွက်မှ လူ၏ အနားမှ ထိုလူ့ လက်ကို ဆွဲကာထွက်လာခဲ့လိုက်သည်။အိမ်နားမရောက်ခင် အချိန်မှာ သူ့ခြေလှမ်းတွေ ရပ်လိုက်ပြီး သူဆွဲခေါ်ရာ လိုက်ပါလာသူလေးကို ကြည့်လိုက်သည်။သူ့ကို ပြန်ကြည့်နေသော မျက်ဝန်းညိုလေး။မပိုင်ပေမယ့် ဆိုင်ခွင့်လေးတော့ ရချင်မိသား။

သူရောက်မလာခင် အချိန်မှာ အခြားရပ်ကွက်မှ လူက ရိသဲ့သဲ့ စကားတွေ ပြောသေးသည်တဲ့လေ။ဒါတောင် သူအတင်းမေးလို့ မပြောချင် ပြောချင်နှင့် ပြောပြခြင်း ဖြစ်သည်။ပြောရင်းနှင့် စကားတွေ ထစ်ငေါ့နေပြီး ရှက်သွေးဖြာနေသော မျက်နှာလေးကို လမ်းမီးရောင်အောက်မှာ မြင်ရတော့ အသည်းယားမိလေသည်။အင်းလေ..ရှက်လည်း ရှက်ချင်စရာပေါ့။အခြားယောက်ျားလေး တယောက်က သူ့ကို ဖြူဖြူချောချောလေး၊ အသားအရည်လေးကလည်း နူးညံ့သည်။အရပ်လည်းရှည်ပြီး မျက်လုံးလည်း လှသည် ဟု ပြောသော စကားကို ထိုလူ့အနေဖြင့် ရှက်ရှာမည်ပေါ့။ထိုလူ က ရှက်ပေမယ့် သူကတော့ ဒေါသဖြစ်လွန်းပါသည်။ဘယ်လောက်လှလှ အခြားသူ ပြောစရာမလို။ထိုလူ လှတာ သူသိတာပေါ့။ယောက်ျားတယောက်မှာ ရှိသည့် ဆွဲဆောင်မှု အားလုံး ရှိနေသည့် အပြင် မိန်းကလေး တယောက်လို နူးညံ့မှုတွေလည်း ထိုလူ့မှာ ရှိလေသည်။

နောက်ဘက်ကောက်ကြောင်းလေးတွေက တကယ်လှသည် ဆိုသော စကားကတော့ ယောက်ျားလေးတယောက်ကို မပြောသင့်သော စကားထဲက တခုဖြစ်သည်။အခုတောင် သူ့အင်္ကျီက ထိုလူ့အတွက် ခပ်ပွပွဖြစ်နေတာ။ပုဆိုးထဲကို အင်္ကျီထည့်ဝတ်ထားတော့ ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်စေသွားတာ ဖြစ်မည်။မဖြစ်ချေဘူး။နောက်ဆို အင်္ကျီကို အခုထက် ပွသော အင်္ကျီကို ပေးဆင်ရမည်။ဒါမှ ထိုလူ့ ခန္ဓာကိုယ်အလှကို သူများတွေ မမြင်မှာ။ပြီးတော့ ကြုံတဲ့အခါ လူအများ သိအောင် ပြောလို့ ရရင် ပြောလိုက်ချင်သေးသည်။သူ ချစ်ကြိုက်မိသည်ဆိုတာ နှလုံးသားက စီးဆင်းလာသည့် စိတ်ခံစားချက် တခုသာ ဖြစ်ပြီး အခြားရပ်ကွက်ကလူ ထင်သလို နောက်ဘက် ကောက်ကြောင်းလေးကြောင့် မဟုတ်ဘူး ဆိုတာကို အများသိအောင် အော်ဟစ်ပြောပြလိုက်ချင် ပါတော့သည်။

ပြီးတော့ နှုတ်ခမ်းသားလေးတွေက အိစက်နေတာပဲ ဆိုတာကတော့ သူက အမြင်နှင့် မဟုတ်ဘဲ လက်တွေ့သိခဲ့ရပြီးသူ ဖြစ်သည်။နီထွေးထွေး စိုအိနေသော နှုတ်ခမ်းလေးတွေ၏ အထိအတွေ့ကို သူ အခုထိ မေ့မရသေးပေ။ မျက်စိရှေ့တည့်တည့် မြင်နေရသော နှုတ်ခမ်းသားလေးကို မျက်တောင်မခတ်ကြည့်မိနေသည် မဟုတ်လား။

"ခင်ဗျားကို အဲ့လို ရိသဲ့သဲ့ ပြောနေတာကို ခင်ဗျားက ငြိမ်ခံနေတာလား။ပြန်မပြောဘူးလား။" ဟု ပြောဆိုကာ မာန်မဲမိတော့ ပြန်ပြောပြီး ညီအကိုတွေ ဖြစ်ကြောင်း ပြောလိုက်သည် ဟု ဆိုလေသည်။ညီအကိုတွေတဲ့လား။ဒါဆို နှုတ်ခမ်းသားချင်း ထိတွေ့မှုမျိုးက ညီအကိုတွေမှာ ဖြစ်တာမျိုးလား။ထိုလူက အဲ့လိုပဲ ခံယူသလား။

နောက်စကား တခွန်းက "မရှက်ပါဘူး။သူတို့ ပြောသလို ကျွန်တော်တို့က ကြိုက်နေတာမှ မဟုတ်တာ" တဲ့လေ။ဘယ်ကိစ္စမဆို အသေးအမွှားလေးကအစ မျက်နှာရဲပြီး အမြဲတမ်း ရှက်ရွံ့တတ်သူက ဒီတခါတော့ မရှက်တော့ဘူးတဲ့လား။မရှက်ဘူးဆိုတာ ဘာခံစားချက်မှ မရှိလို့ပေါ့လေ။ဒါဆို သူတို့နှစ်ယောက် ညတညမှာ ပွင့်ဖူးခဲ့ဖူးတဲ့ အနမ်းလေးတွေကကော ထိုလူ့အတွက် ဘာခံစားချက်မှ မရှိခဲ့ပါဘူး ဆိုသည့် အဓိပ္ပာယ်ပေါ့။ဒါကြောင့်လည်း သူတို့နှစ်ယောက် ကြိုက်နေတာမှ မဟုတ်တာ ဆိုသည့်စကားကို အထစ်အငေါ့မရှိဘဲ ပြောနိုင်တာပေါ့လေ။မတော်တဆ ဖြစ်သွားသည့် ဖြစ်ရပ်ဆိုပေမယ့် အဲ့ညက ကိစ္စကို သူကသာ မမေ့နိုင်ဘဲ တမ်းတမိနေမိတာပါ။ထိုလူ ကတော့ သူထင်သလို မဟုတ်ပေဘူးပဲ။အဲ့ညက အဖြစ်အပျက်ကို မေ့ပျောက်လိုက်ပြီ ထင်ပါရဲ့လေ။ကိုသား ပြောတဲ့ တဖက်သတ်အချစ်ဆိုတာ မှန်လွန်းလှပေသည်။အခုတော့ သူတယောက်တည်း တဖက်သတ် ခံစားနေရခြင်းပင် ဖြစ်လေသည်။

ဒီစကားတွေဟာ သူ့ရင်ဝကို ကန်ခံရသလိုပါပဲ။အင်း ဆိုသော စကားတလုံးမှ လွဲ၍ ဘာမှဆက်မပြောနိုင်လောက်အောင် ဖြစ်မိသွားပေမယ့် စိတ်ကိုအားတင်းရင်း စကားတွေပြောပြီး ထိုလူ့ လက်ဖဝါးလေးကို အသာ ပွတ်သပ်ဆုပ်ကိုင်တွယ်ရင်း နှစ်သိမ့်ပေးမိပါသည်။ သူ့ဆီမှာ နေစဉ်အတွင်း သူ့ဘက်မှ အပြည့်အဝ စောင့်ရှောက်မည်ဟု ပြောလိုက်ပါသည်။ယူ၊မယူ မသိသော အပြုံးလေးသာ ပေးမိနေပါတော့သည်။

တကယ်ဆိုလျှင် ထိုလူ့နှင့် ခပ်ခွာခွာတော့ မနေနိုင်။သူ့နှလုံးသား ရင်ခုန်သံကို အနည်းငယ် ခေါက်သိမ်းရုံလေးသာပါ။ ဟုတ်သည်။အခြားလူတွေကြောင့်တော့ ထိုလူ့ကို သူပစ်မထားနိုင်။စိမ်းကားရက်စက်မှုတွေ မပေးချင်တော့ပါ။သူ၏ အပြောအဆို ကြမ်းတမ်းမှုကြောင့် ထိုလူ့ကို ထပ်မံ မျက်ရည်မကျစေချင်တော့ပါ။စိတ်ဆင်းရဲမှုတွေ မဖြစ်စေချင်တော့ပါ။ထိုလူ သူနှင့်အနားမှာ ရှိနေချိန် သူစွမ်းနိုင်သလောက် စောင့်ရှောက်ကာကွယ်သွားမည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။

**********

သုံးထပ်သားပြားကို ပုတ်သံကြောင့် သူ ကြယ်သီးပေါက်တပ်နေရာမှ မော့ကြည့်လိုက်တော့ အခန်းပေါက်ဝမှ ဇင့်ကို မြင်ရလေသည်။

"ခဏဝင်လာလို့ ရမလား။"

"အင်း.. ရပါတယ်။လာလေ။"

ဇင် က အခန်းထဲသို့ ဝင်လာလေသည်။ဇင် အခန်းထဲသို့ ဝင်လာတော့ သူက အင်္ကျီကို နှိပ်ကြယ်သီး တပ်နေလေသည်။ ကလေးနှစ်ယောက်ကို ပုံပြောပြပြီး အိပ်သွားတော့မှ ဇင် တို့ ခြင်ထောင်ထဲမှ ထွက်လာခြင်း ဖြစ်သည်။ဇင် ကတော့ မနက်ဈေးရောင်းဖို့ အတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်နေသည်။ဇင့် အနားကို သွားလိုက်ပြီး ဘာကူလုပ်ပေးရမလဲဟု မေးကြည့်တော့ ဇင် က "ဘာမှ ကူလုပ်ပေးစရာ မလိုဘူး ခင်ဗျား အိပ်တော့ ကျွန်တော်လည်း ခဏနေရင် အိပ်တော့မယ် "ဟု ပြောသောကြောင့် သူလည်း အခန်းထဲ ဝင်ပြီး မနက်ဖြန် ရက်ချိန်းပေးရမည့် အင်္ကျီတထည်ကို နှိပ်ကြယ်သီး တပ်နေခြင်း ပင်ဖြစ်သည်။ဇင် လာတော့ သူ လုပ်လက်စကို ရပ်လိုက်လေသည်။ဒါကို ဇင် က မြင်တော့ အနားမှာ လာထိုင်ရင်း.......

"ရတယ်။လုပ်စရာ ရှိတာလုပ်ပါ။"

ဇင် ပြောသောကြောင့် အင်္ကျီကို ပြန်လည်ကောက်ကိုင်လိုက်ပြီး လုပ်စရာ ရှိတာကို ဆက်လုပ်လို့ နေလိုက်သည်။ဇင် ကတော့ သူ လုပ်နေသည်ကို အနားကနေ ထိုင်ကြည့်နေပြီး ဘာစကားမှ မပြောသောကြောင့် သူ လုပ်နေရတာ မလုံသလို ရှက်ကိုးရှက်ကန်း ဖြစ်နေမိပါသေးသည်။ဇင့် ကို အသာလေး မျက်လုံးပင့် ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသော ဇင့် မျက်ဝန်းနှင့် ဆုံရလေသည်။ဇင် က သူ့ကို ပြုံးပြပါသေးသည်။ဇင့်အကြည့်နှင့် အပြုံးကြောင့် သူလည်း ရှက်ကိုးရှက်ကန်း ဖြစ်ပြီး ခေါင်းပြန်ငုံသွားရသည်။အခုတလော ဇင် ထံမှ အပြုံးဖောဖောသီသီတွေကို သူလက်ခံရနေပါသည်။ဇင် သူ့အပေါ် အနည်းငယ်တော့ ပြောင်းလဲလာသည်ဟု ခံစားမိလေသည်။အမှန်ဆိုရင် သူတို့နှစ်ယောက် ထွက်ထားသော ကောလာဟလတွေကြောင့် သူတို့နှစ်ယောက်၏ အနေအထိုင် ပိုပြီး ဆင်ခြင်ရမည်ပဲ မဟုတ်လား။အရင်က သူ့အပေါ် မချေမငံ ဆက်ဆံတတ်သော ဇင် သည် အခုဆို မျက်နှာလေးက ပိုပြီး ချိုမြိန်လာသယောင် အပြောအဆိုလေးက ပိုပြီး ငြင်သာလာသယောင် ရှိလေသည်။ကောလာဟလ ကြောင့် စိမ်းကားသွားလေမလား ဆိုသော စိုးရိမ်စိတ်ကိုတောင် ခြေဖျက်နိုင်သည်အထိ ဇင်၏ အပြုအမူ၊ အပြောအဆိုတွေ ပြောင်းလဲသွားလေသည်။

သူ ကျေနပ်နေတုန်းမှာပဲ ဇင် က စကားတခွန်း ထပြောလေသည်။

"ကျွန်တော် ရည်းစားတယောက်လောက် ထားမလားလို့။"

"ဟင်..."

ဇင် နှုတ်ဖျားမှ ရုတ်တရက် ထွက်လာသော စကားသံကြောင့် အံ့ဩသွားရပြီး ကြယ်သီးပေါက် ထိုးတာ အပ်က ကြယ်သီးပေါက်ထဲ မဝင်ဘဲ ချော်ထွက်ကာ သူ့လက်ကို အပ်ထိုးမိပါလေတော့သည်။

"အား..."

"ဟာ...ဘာဖြစ်လို့လဲ။"

အသံထွက်ကာ ညည်းလိုက်မိသောကြောင့် ဇင် သည် ထိတ်ထိတ်ပြာပြာနှင့် ဘာဖြစ်သလဲ မေးလေသည်။

"လက်ကို အပ်ထိုးမိလို့ပါ။"

"ဟာ...ခင်ဗျားကလဲဗျာ။ဖြစ်ရပြန်ပြီ။များသွားလား။ပြ.."

"ရပါတယ်။မတော်တဆ အပ်စူးတာ ဘာမှမဖြစ်ပါဘူး။"

"လျှာရှည်လိုက်တာဗျာ။ပြဆို.....ပြ"

ပါးစပ်က ပြောနေရုံမဟုတ်ဘဲ လက်ကပါ သူ့လက်ကို ဆွဲယူသွားလေသည်။

"ဟာ...သွေးတွေ စို့နေပြီ။"

ပြောပြောဆိုဆိုပဲ ဇင် သည် မထင်မှတ်တဲ့ အလုပ်ကို လုပ်လိုက်သည်။အဲ့ဒါကတော့ အပ်ထိသွားသော သူ့လက်ချောင်းကို ဇင် သည် ပါးစပ်ထဲသို့ ထည့်ငုံလိုက်လေသည်။သူ လန့်သွားသည်။သူ့လက်က သန့်တာ မဟုတ်။

"မလုပ်နဲ့လေ။ဘာလို့ ပါးစပ်ထဲ ထည့်တာလဲ။လက်က မသန့်ဘူး လွှတ်ပါ။"

သူ ဘယ်လိုပြောပြော နားမထောင်သည့် ဇင် ပါ။နွေးထွေးသည့် ဇင့်၏ အာခံတွင်းငွေ့နွေးနွေးဟာ သူ့သွေးတွေကို ပြောင်းပြန်စီးဆင်း စေပါသည်။သူ့လက်ကို ဇင့် ခံတွင်းထဲမှ လွတ်လိုလွတ်ငြား သူ့လက်ကို ရုန်းမိသည်။ဇင် က လွှတ်မပေးသည့်အပြင် သူ၏ လက်ကောက်ဝတ်ကိုပါ လက်တဖက်နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပါသေးသည်။သူ့လက်ချောင်းနှင့် ဇင့်နှုတ်ခမ်းလွှာ ထိတွေ့ခွင့်ဟာ အတိတ်က တရက်ကို သတိရစေပြန်သည်။ဇင့်၏ နှုတ်ခမ်းသားလေးတွေကို ကြည့်နေရင်းမှ သူ၏ နှလုံးသားတွေဟာလည်း ထိန်းမရ။ ခဏတာပိုင်ဆိုင်ခွင့် ရဖူးသည့် နှုတ်ခမ်းသားလေးကို အခုတခါမှာတော့ လက်ချောင်းတခုနှင့် ပြန်လည်ထိတွေ့ခွင့် ရခဲ့ပြန်ပါပြီ။နွေးထွေးလှပေသည်။

ခဏအကြာ ဇင် က သူ့လက်ချောင်းကို လွှတ်မြောက်ခွင့် ပေးလိုက်လေသည်။ဇင့် ဆုပ်ကိုင်ခဲ့သော လက်နေရာမှာတော့ ဇင့် လက်ချောင်းရာ ရဲခနဲ။ဇင် သည် သူ့လက်က ဒဏ်ရာကို ငုံကြည့်လိုက်ပြီး

"လက်က ပလာစတာ ကပ်ထားမှ ရမယ်။ခဏလေး ပလာစတာ သွားယူလိုက်ဦးမယ်။ဘာမှမလုပ်နဲ့နော်။ဒီအတိုင်းထား။"

ဇင် သည် ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားလေသည်။သူ့လက်ချောင်းကို ငုံကြည့်လိုက်သည်။ဇင့် ခံတွင်းထဲ ခဏတာ ခိုဝင်ရသော သူ့လက်ချောင်းလေးသည် တံထွေးစနှင့် ရောထွေးနေပြီး ဖြူရော်နေသယောင်ဟန်။လက်ချောင်းလေးကလည်း ဇင့် ခံတွင်းထဲ ခဏတာ ခိုဝင်မှုမှာ မြူးတူးပျော်ပါးနေပုံ ရပေသည်။

လက်ချောင်းကလေးက ဒဏ်ရာသည် ဇင့်၏ ခံတွင်းအတွင်း ခဏတာ ခိုဝင်ရလို့ ထင်သည် သွေးစတွေတောင် ပျောက်ကွယ်သွားပြီ။ဇင် သည် သူ့လက်ချောင်းကို ဘာကြောင့် ခံတွင်းထဲ ငုံရသလဲ။ညစ်ပတ်နေပါသည် ဆိုသော သူ့လက်ချောင်းကို ခံတွင်းထဲ ငုံရတာ ဇင် မရွံဘူးလား။ဘာလို့များ အဲ့လို လုပ်ရသလဲ။

ခဏနေတော့ ဇင် ပြန်ရောက်လာသည်။သူ မထိရက်၊မကိုင်ရက်ဘဲ လေထဲမှာ မြှောက်ထားသော လက်ကို ဇင် က ပြန်ကိုင်လိုက်သည်။ ပလာစတာ ကပ်ပေးလေသည်။လုပ်ပုံကိုင်ပုံဟာ နူးညံ့လွန်းသည်။

"ကဲ....ရပြီ။"

ဇင် လွှတ်ပေးလိုက်သော ပလာစတာ ကပ်ထားသော လက်ကို သူက လှည့်ပတ်ကြည့်နေမိလေသည်။

"ဘာလို့ အဲ့လိုလုပ်ရတာလဲ။"

"ဘာကိုလဲ။"

"ဘာလို့ ညစ်ပတ်နေပါတယ် ဆိုတဲ့ လက်ကို ပါးစပ်ထဲ ကောက်ထည့်ရတာလဲ လို့ မေးတာပါ။"

ဇင် သည် သူ့အမေးကို ဘာမှ ပြန်မဖြေဘဲ ပြုံး၍ သာနေလေသည်။ပြီးတော့ သူ့လက်ဖဝါးကို ဆွဲယူသွားပြန်လေသည်။သူ့လက်ဖဝါးကို ဇင် သည် သူ့လက်ချောင်းတွေနှင့် ပွတ်သပ်ကြည့်နေလေသည်။ဇင် ဘာတွေ လုပ်နေသနည်း။

"ခင်ဗျားရဲ့ လက်ဖဝါးလေးတွေ၊ လက်ချောင်းလေးတွေက နူးညံ့လွန်းလှပါတယ်။နောက်ဆို ဘာအကြောင်းပဲ ဖြစ်ဖြစ် ဒဏ်ရာမရအောင် ဂရုစိုက်ပါ။"

"ဟုတ်ကဲ့။"

သူ့လက်ကို ကိုင်ထားတာကို ဇင် က မလွှတ်ပေးသေးပေ။ကိုင်ထားမြဲပင်။

"စောနက ရည်းစားတယောက်လောက် ထားမလားလို့ ပြောလိုက်တာ ကြားလိုက်လို့ပါ။အဲ့ဒါ တကယ်ပဲလား။"

"အဟီး..."

ဇင် သည် ကလေးလေး တယောက်ကို အပူအပင် မရှိ ရယ်ပြတာပါ။ထပ်ပြောရမည်ဆို လျှင် သွားဖြီးပြသည့် သဘောပါပဲ။ဇင့်၏ အဲ့လို ရယ်မောပြမှုမျိုးကို သူလုံးဝ မမြင်ဖူးပေ။

"တကယ်ထားမှာလားဟင်။"

"အင်း...ထားကြည့်ချင်တာပါ။တဖက်က လက်ခံမယ် ဆိုရင်ပေါ့။"

သူ့ကို စိုက်ကြည့်နေသော ဇင့်၏ မျက်ဝန်းထဲမှာ အဓိပ္ပာယ်များစွာ ပါဝင်နေသည်။ဒီတခါတော့ သူလည်း မျက်လွှာမချမိဘဲ ဇင့် မျက်ဝန်းထဲမှ အဓိပ္ပာယ်များစွာကို ဖတ်မိနေဖြစ်သည်။

"တဖက်က ဆိုတာ...။"

"တဖက်က ဆိုတာ ကျွန်တော် ကြိုက်နေတဲ့ သူကပေါ့။သူ့ဘက်က လက်ခံလား။လက်မခံလား ကျွန်တော် မသိဘူးလေ။ကျွန်တော်က တယောက်တည်း ရည်းစားထားမလို့လေ။"

"ဪ"

"ခင်ဗျား ဆိုရင်ကော ဘယ်လို သဘောရလဲ။"

"ဟင်...ဘာကို ပြောတာလဲ။"

"ဪ...ခင်ဗျားသာ ကျွန်တော့် နေရာမှာ ဆိုရင် ဘယ်လို သဘောရလဲ။ဘယ်လို ဆုံးဖြတ်မလဲလို့ မေးတာပါ။"

သူ ခေါင်းငုံလိုက်ပေမယ့် ဇင် က သူ့မျက်နှာကို မြင်ရအောင် ခေါင်းလေးစောင်းကာ လိုက်ကြည့်နေသည်။သူလည်း မျက်လွှာဝင့်ကာ ပြန်အကြည့် မျက်ဝန်းချင်း ဆုံမိလေသည်။

"ကျွန်..ကျွန်တော် မ....မပြောတတ်ဘူး။"

"ဒါဆို နောက်တခု ထပ်မေးမယ်။ကျွန်တော် နေရာမှာ မဟုတ်ဘဲ တဖက်လူ နေရာမှာ ဆိုရင်ကော.....။ဘယ်လိုသဘောရလဲ။"

"အဲ့..အဲ့ဒါကလည်း ......။"

"ခေါင်းအေးအေးထား စဉ်းစားကြည့်ပေးပါလား။ကျွန်တော် တကယ် သိချင်လို့ပါ။"

"အင်း"

"အိုကေ...ဒါဆို အိပ်တော့။စဉ်းစားပြီးရင် ကျွန်တော့်ကို အဖြေ ပြောပြပေးနော်။အိပ်တော့။ဂွတ်နိုက်"

"အင်း...ဂွတ်နိုက်။"

ဇင် က နှုတ်ဆက်တော့ ပြန်လည် နှုတ်ဆက်လိုက်သည်။ဇင် သည် သူ့ကို ပြုံးပြကာ သူ့လက်ဖဝါးပြင်ကို တချက်ဖျစ်ညှစ်လိုက်ပြီးမှ လွှတ်ပေးကာ ထိုင်ရာမှ ထပြီး အခန်းထဲမှ ထွက်သွားလေသည်။ဇင် ၏ ပုံရိပ် အခန်းထဲမှ ပျောက်သွားချိန်ရောက်မှ သူ့ရင်ဘတ်မှ ကဆုန်ပေါက်နေသော အရာကို လက်တဖက်နှင့် အသာဖိရင်း သက်ပြင်းချမိသည်။

ဇင် သည် သူ ရည်းစား ထားချင်သည်ဟု ဖွင့်ပြောလာလေသည်။ကြားကြားချင်း သူ၏ စိုးရိမ်စိတ်တွေ မြင့်တက်သွားသည်။လက်ကို အပ်စိုက်မိသည့် အနေအထားထိ ဖြစ်သွားသည်။သူဘာကို စိုးရိမ် ပူပန်နေသလဲ။ဇင် သည် ယောက်ျားလေး တယောက် အရွယ်ရောက်နေသူ။သူ့မှာ ချစ်သူ၊ရည်းစား ထားပိုင်ခွင့် ရှိလေသည်။ဇင်နှင့်သူ ချစ်ကြိုက်နေပါသည် ဟူသော ကောလဟာလကြောင့် ဇင် စိတ်ညစ်နေမည် ဆိုတာ သူသိသည်။ဇင့် နှုတ်ဖျားက ဖွင့်မပြောပေမယ့် အမူအရာ၊အပြောအဆိုကို ကြည့်ကာ သူ ရိပ်မိလေသည်။ ဒါပေမယ့်လည်း ဇင့်၏ အပြုအမူ၊ အပြောအဆိုတွေ ပြောင်းလဲလာတာကလည်း သူ ထပ်မံ သတိထားမိသည်။အခုလည်း ဇင် သည် သူ ရည်းစားထားချင်သည့် ကိစ္စကို တိုင်ပင်သလို ပုံစံမျိုးနှင့် သူ့ကို ပြောသည်။ဇင် ပြောပေမယ့် သူ့ဘက်က ဘာများဆုံးဖြတ်ပေးပိုင်ခွင့် ရှိလို့လဲ။ဇင် ရည်းစားထားတာ ဇင့်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်လေ။ဇင့် ဘက်ကပဲ ဖြစ်ဖြစ်၊ အခြားတဖက်လူကိုပဲ ဖြစ်ဖြစ် ဘာဆုံးဖြတ်ချက် မျိုးကိုမှ မဆုံးဖြတ်ပေးရဲပါ။ဇင် က စဉ်းစားပြီး အဖြေပေးပါတဲ့လေ။အင်း လို့ ဇင် ကျေနပ်အောင် ခေါင်းညိတ်ပေးလိုက်ရပေမယ့် သူ့ဘက်က ဘာမှပြန်လည် ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး ဆိုတာ သူ့ဘဝသူ နားလည်ပါသည်။ဒါပေမဲ့လည်း သူသိချင်တာလေး တခုရှိသည်။ဇင် ကြိုက်နေသော သူဆိုတာ ဘယ်သူဖြစ်လိမ့်မလဲ။ဘယ်သူလဲ ဆိုတာ သူသိခွင့်ရှိမည် ဆိုလျှင်တော့ သိပ်ကောင်းမှာပဲလေ။

15.3.2022 Tuesday.

3:30 pm.

*********

လောလောဆယ် ဖျားနေတာကြောင့် ခေါင်းလည်း သိပ်မကြည်လို့ စာကိုလည်း တခါပဲ စစ်ထားပြီး up လိုက်တာပါ။အဲ့ဒါကြောင့်မို့ အကယ်၍ ရေးသားမှုမှာ တစုံတရာ အမှားပါခဲ့ရင် ခွင့်လွှတ်ပါလို့။အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါနော်။

Weiterlesen

Das wird dir gefallen

831K 23.7K 15
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
459K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
320K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"