ကြၽန္းေပၚတြင္ တပတ္ [ ကျွန်းပေ...

By RoseJaipur

210K 15.8K 2.3K

မင္းသစ္ - ကြၽန္...ကြၽန္ေတာ္က ေယာက်ာ္းေလးေလ... JorDan - ဒီကြၽန္းမွာ ငါတို႔ပဲ ႐ွိတယ္...မင္းမွ မလုပ္ရင္ ဘယ္သူ႔... More

ကြၽန္းေပၚတြင္ ( ​စေရာက္ျခင္း )
ကြၽန္းေပၚတြင္ ( ​ေနာက္ေၾကာင္းျပန္ )
ကြၽန္းေပၚတြင္ ( ပထမရက္ (18+)🚨🚨)
ကြၽန္းေပၚတြင္ ( ေနာက္ေၾကာင္းျပန္ (2) )
ေတာင္းဆိုျခင္း
ကြၽန္းေပၚတြင္ ( ဒုတိယရက္ )
ကြၽန္းေပၚတြင္ ( ဒုတိယရက္ အဆက္( 18+)🚨)
ကြၽန္းေပၚတြင္ (ဒုတိယရက္ part3 18+🚨)
ကြၽန္းေပၚတြင္ ( ဒု Part 4 🚨🚨🚨 )
ကြၽန္းေပၚတြင္ ( တတိယရက္ )
ကြၽန္းေပၚတြင္ ( ေနာက္ေၾကာင္းျပန္ 3 )
ကြၽန္းေပၚတြင္ (ေနာက္ေၾကာင္းျပန္ 4 )
ကြၽန္းေပၚတြင္ ( ေနာက္ေျကာင္းျပန္ 5🚨 )
ကြၽန္းေပၚတြင္ ( တတိယရက္ part2 )
ကြၽန္းေပၚတြင္ ( စတုတၳရက္ )
ကြၽန္းေပၚတြင္ ( စတုတၳရက္ 2 )
ကြၽန္းေပၚတြင္ ( စတုတၳရက္ 3 )
ကြၽန္းေပၚတြင္ ( 5ရက္ေျမာက္ေန႔ 🚨🚨🚨 )
ကြၽန္းေပၚတြင္ ( 6ရက္ေျမာက္ေန႔ 🚨 )
ကြၽန္းေပၚတြင္ (6ရက္ေျမာက္ part2 )
ကြၽန္းေပၚတြင္ ( 6ရက္ေျမာက္ part 3🚨🚨 )
ကြၽန္းေပၚတြင္ ( ေနာက္ဆံုးရက္ )
Readerေလးမ်ား ထံသို႔
ကြၽန္းေပၚတြင္ ( Brother )
ကြၽန္းေပၚတြင္ ( I Want to see... )
ကြၽန္းေပၚတြင္ ( WonderLand )
ကြၽန္းေပၚတြင္ ( Fall in Love )
ကြၽန္းေပၚတြင္ ( Give and Take )
ကြၽန္းေပၚတြင္ ( 🚨🚨🚨🚨 )
ကြၽန္းေပၚတြင္ ( Pain and revenge )
ကြၽန္းေပၚတြင္ ( Idea = Advice )
ကြၽန္းေပၚတြင္ ( Sexy Dance )
ကြၽန္းေပၚတြင္ ( Global Dancer )
ကြၽန္းေပၚတြင္ ( Be Patient )
ကြၽန္းေပၚတြင္ ( I will save it )
ကြၽန္းေပၚတြင္ ( Bright Hazel )
ကြၽန္းေပၚတြင္ ( Uncertain future )
ကြၽန္းေပၚတြင္ ( Bad Dream )
ကြၽန္းေပၚတြင္ ( Help... me )
ကြၽန္းေပၚတြင္ ( About the past )
ကြၽန္းေပၚတြင္ ( Your My Soul 🚨🚨🚨 )
ကြၽန္းေပၚတြင္ ( A strange dream )
ကြၽန္းေပၚတြင္ ( Attempting to..)
ကြၽန္းေပၚတြင္ ( Devil )
ကြၽန္းေပၚတြင္ ( Freedom )
ကြၽန္းေပၚတြင္ ( JorDan Death )
ကြၽန္းေပၚတြင္ ( Fragments )
ကြၽန္းေပၚတြင္ ( 17+ )
ကြၽန္းေပၚတြင္ ( I can do this )
ကြၽန္းေပၚတြင္ ( Still in love )
ကြၽန္းေပၚတြင္ ( BirthDay )
ကြၽန္းေပၚတြင္ ( Twins )
ကြၽန္းေပၚတြင္ ( Love you JorDan )
ကြၽန္းေပၚတြင္ ( Choise )

ကြၽန္းေပၚတြင္ ( On my behalf )

1.8K 151 35
By RoseJaipur

မင်းသစ်ကိုယ့်မျက်လုံးကိုယ်မယုံနိုင်... လွန်ခဲ့သော2ရက်လောက်ထဲက ဗိုက်အောင့်နေတာဖြစ်နေမဲ့ ယောကျာ်းလေးတယောက်မို့ဒီကိစလို့တော့ မထင်မိခဲ့ပါ ။ အခုboxerထဲသွေးတွေမြင်မှသာ ဟိုnurseမ ပြောတာသွားသတိရမိသည် ။

" ဒါသူပြောတဲ့ပထမဆုံးမျိုးဥကြွေတယ်ဆိုတာလား "

ဖြစ်နိုင်ပါသည် ။ အသိမိန်းကလေးမိတ်ဆွေမရှိပေမဲ့ မျိုးဥကြွေတဲ့သွေးတွေရဲ့အနံ့ကပုံမှန်မဟုတ်တာမို့ မှန်းဆလို့ရပေမဲ့ တစ်ခုခုအမှားယွင်းဖြစ်မှာဆိုး၍ ဖုန်းကိုအပြေးလွှားရှာရသေးသည် ။

ဒူ...ဒူ..

မင်းသစ် - Hello..ကျွန်တော်ပါမင်းသစ် သားအိမ်ထည့်ထားတဲ့တယောက်လေ မှတ်မိလားမသိဘူး...

" ဟုတ်ကဲ့ပြောပါရှင် အရေးကြီးကိစတစ်ခုခုများ ဖြစ်လို့လားရှင် "

မင်းသစ် - မဟုတ်ဘူး.. အခုအိမ်လာခဲ့ပေးပါလား.. အနဲငယ်စမ်းသပ်ခိုင်းစေခြင်လို့..

" ဟုတ်အခုDutyချိန်မို့ နောက်တနာရီလောက်နေဆိုအဆင်ပြေလားရှင်... "

မင်းသစ် - ရပါတယ်ဗျ..အရေးတော့မကြီးပါဘူး လုပ်စရာပြီးရင်သာလာခဲ့ပေးပါနော်..

" ကောင်းပါပြီရှင်.. "

မင်းသစ် - ဟုတ်ကဲ့ ဒါပဲနော်..

ေပြာပြီးတာနှင့်ဖုန်းကို " ဂွပ် "ကနဲချပြစ်လိုက်ပြီး ညစ်ပေနေသည့်အတွင်းခံကိုကြည့်ကာ ဘာတွေကြည်နူးနေမှန်းမသိဖြစ်နေရသေးသည် ။ ကလေးသာမွေးလို့ရခဲ့ရင် ပျော်ရွှင်မှုကရူးတောင်သွားမလားမသိ ။

ဒါနဲ့ပဲဖုန်းကိုထပ်ယူကာ မိုးသားကိုပါအကျိုးကြောင်းပြောရန် Contactထဲကနံပတ်ကိုကောက်နိုပ်ရင်း ဘယ်ကစပြောရမှန်းမသိ လူကဂနာမငြိမ်ပါ ။

ဒူ... ဒူ... ဒူ...

မင်းသစ် - သြော်... အရေးအကြောင်းဆိုဒီကောင်ကလဲ...

ဒူ...

" အင်း.. "

မင်းသစ် - မိုးသား..မင်း..

မင်းသစ်စကားတွေအကုန်လည်မြို၌သာတစ်ဆို့သွားသည် ။ စိတ်ထဲတွင်လဲဘာလို့လဲဟူသော အကြောင်းပြချက်များကခေါင်းထဲတန်းစီ၍ပေါ်လာသည် ။ မမှားနိုင်ပါ... ဒီအသံကကျိန်းသေ Bossအသံ ။ အင်းတလုံးထဲကြားရတာတောင် တန်း၍မှတ်မိသောမင်းသစ်သည် ဥာဏ်ကောင်းသူတော့မဟုတ်...သိပ်ချစ်ရသူရဲ့အသံမို့ပါ ။

ဒါပေမဲ့လဲ ဘာလို့မိုးသားစီဆက်တာသူ့စီရောက်သွားသလဲခေါင်းထဲအတွေးက သေချာစေရန် နံပတ်ပြန်ကြည့်တော့မှ အပေါ်နဲ့အောက်မှားနိုပ်ခေါ်မိလေခြင်း ။ ဘယ်လောက်ပဲမှားပါစေ... အရင်က call100ခေါ်ရင်တောင်ကိုင်ခြင်မှကိုင်လေသောသူ ယခုအခါမှာ တခါထဲနဲ့... သူကောငါ့ကိုသတိရနေတာလား... ။

** မင်းသစ် မိမိဘာသာမှားခေါ်မိ၍ မမျှော်လင့်တာတွေဖြစ်သွားရသည်မို့ ဘာဆက်ပြောရမလဲတန်းမတွေးနိုင်... တဖက်ကလဲပဲ ဘာမှမပြော ။ ဒါပေမဲ့2ဖက်လုံးဖုန်းမချပေ ။ **

ဆက်ကိုင်ထားရင်မင်းသစ်ကတော့ ဘာမှမဖြစ်ပေမဲ့ သူကလုပ်ငန်းရှင်တယောက်..ဒီလိုအပိုစာလားတွေက အလုပ်ပိုသွားစေမှာဖြစ်တာကြောင့် မြန်မြန်ပဲဖုန်းချပစ်ဖို့ရာ လုပ်ရတော့မည် ။

မင်းသစ် - ဟို.. ဖုန်း..ဖုန်းမှာခေါ်မိတာ.. ပြောစရာထွေထွေထူးထူးမရှိပါဘူး...

ဘာစကားမှပြန်မလာ.. လိုင်းမကောင်းဘူးလားဟု တွေးခြင်သော်လည်း တဖက်ကTvဖွင့်ထားသည့် အသံကအရှင်းသားကြားနေရသည် ။ ငါအခုဖုန်းချလိုက်လို့ရပြီလား... ။

သို့ပေမဲ့ မင်းသစ်ဖုန်းမချခြင်သေးပါ ။ လနဲ့ချီလုပ်ခြင်တာလုပ်ပြီး ပြစ်ထားတာကြောင့် ထိုလူနဲ့ဇာတ်လမ်းကပြီးပြီလို့တွေး၍ စိတ်ကပြင်ဆင်ထားသော်လည်း အရင်လိုနှလုံးသားလေးရဲ့သံစဥ်ကရပ်တန့်၍မရ ။ တဖက်သူကြားသွားမှာတောင်စိုးရိပ်ရသည် ။

** ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းလိုက်သည် ။ နောက်ဆိုငါကသူမရှိဘဲ ကလေးတယောက်နဲ့ဘဝကိုရုန်းကန်ရမှာ ။ မိုးသားပေးတဲ့ဆေးနဲ့အလုပ်ဖြစ်ပြီး အကြံစဥ်အောင်၍ကလေးရခဲ့ရင်တောင် Bossကိုပါပြန်ရဖို့မတွေးထား။ မင်းသစ်လိုလူမျိုးကို ဘယ်လိုလူကအတည်လိုခြင်ပါ့မလဲ ။ ဒါကိုလဲနားလည်သည် ဒါ့ကြောင့် ဘာမျှော်လင့်ချက်မှထားမနေတော့ဘဲ ဖုန်းကိုအရင်အရဲစွန့်ချပြစ်ဖို့ နားနဲ့ခွာလိုက်ပြီးကာမှ... **

" ဘာလုပ်နေလဲ ကလေး.. "

ဖုန်းချခါနီး မင်းသစ်လှုပ်ရှားမှုတွေရပ်တန့်သွားသည် ။ တဆက်ထဲမှာပဲဓာတ်လိုက်သလို ဖုန်းကိုင်ထားသည့်လက်တဖက်က ပူလာပြီးချက်ချင်းဆိုသလိုပြန်အေးသွားတော့ ဖုန်းတောင်နားနားပြန်ကပ်ဖို့အာရုံထဲမရှိပါ ။ မွန်းကြပ်သလိုလိုရှိတဲ့ ရင်ဘက်ထဲဖွင့်ထုတ်မရတဲ့ခံစားချက်တွေကရင်ခေါင်းထိစို့တက်လာသည် ။

** တကယ်ဆိုမနေ့ကသာ မိုးသားသူ့စီမလာခဲ့လျင် ဆေးထုပ်နဲ့အကြံသာပေးမသွားခဲ့လျင် သူအခုနေ တစ်ခုခုကိုပြတ်ပြတ်သားသားမေးမြန်းမိမှာကျိန်းသေပါပဲ ။ ဒါပေမဲ့အခုတော့ဒီလိုလုပ်လို့မဖြစ်သေး ဒီလူ့စီကလိုခြင်တာရှိသေးတယ်မဟုတ်လား... နောက်ဆုံးထိကြိုးရှည်ရှည်ထားရပေအုံးမည် ။ **

မင်းသစ် - ဘယ်တော့Myanmarပြန်လာမှာလဲ..

လေသံသည်မမာသလို ပျော့ပြောင်းမှုလဲမရှိ... သာမာန်အနေထားဆိုပေမဲ့ တဖက်အတွက်တော့ထူးဆန်းနေလိပ်မည် ။

" ဒီည "

မင်းသစ်အံ့သြသွားသည် ။ မိုးသားပြောခဲ့တာထက်စောသားပဲ..ကောင်းပါသည် ။ မြန်မြန်လာတော့ မြန်မြန်လုပ်စရာရှိတာလုပ်ရတာပေါ့ ။ ပြီးလျှင်ထွက်သွားမည် ။ ကလေးရမရက ကံနဲ့ဆိုင်ပေမဲ့ မင်းသစ်ဒီလူ့နားမှာထပ်မနေနိုင်တော့ပါ ။ လှမ်းမမှီတဲ့ကြယ်ကို ခူးဆွတ်ဖို့တွေးနေလျင် ရင်မောတာပဲအဖတ်တင်မည် ဘာမှဖြစ်လာမှာမဟုတ် ။

မင်းသစ် - ကျွန်တော်... တောင်းဆိုစရာရှိပါတယ်..

လက်သီးကျစ်ကျစ်ပါစုပ်ကာအားတင်း၍ပြောလိုက်သည် ။ မင်းသစ် အိမ်ယာခြံမြေ သူနဲ့ပက်သက်လျှင်ဘာဆိုဘာမှမတောင်းခဲ့ဘူးပါ ။ သူ့အနားရှိရရင်အဆင်ပြေပြီဆိုပြီး အရာရာမေ့လောက်တဲ့ထိဖြစ်ဖူးသည် ။

တဖက်ကဘာသံမှထွက်မလာ ။ စဥ်းစားနေမှာပေါ့ JorDan Wilsomဆိုတဲ့ယောကျာ်းက ဘယ်တော့မဆိုစကားတစ်ခုကိုပြီးစလွယ်မပြော... ယခုလိုတောင်းဆိုမှုကိုသူ့အနေနဲ့အံ့သြနေတာလဲ ဖြစ်နိုင်သလို... တောင်းဆိုမှုကိုကြိုခန့်မှန်းနေတာလဲဖြစ်နိုင်သည် ။ သူသည်မင်းသစ်မတောင်းဆိုခင်တောင် ဘာပြောမလဲကြိုသိနေလောက်ပါပြီ ။ ဒီတော့လဲပြောရမြန်တာပေါ့ ။

" အင်း.. ပြောလေကလေး.. "

လေသံကအေးဆေးပါ ။ ဘာမဆိုလိုက်လျောမည့်ပုံစံ ငါဘာဖြစ်ခြင်လဲ ဘာလိုခြင်လဲ..အကုန်ငါ့ပါးစပ်ကထွက်မှရမှာလား ။

မင်းသစ် - ကျွန်တော်Bossကိုလက်လွှတ်လိုက်ပါတော့မယ်..

အသံအောင့်ကာ သွားတင်းတင်းစေ့ပြောရင်းမှ နှလုံးသားကဝုန်းဒိုင်းထကြဲသည် ။ ကျေးဇူးပြုပြီး စိတ်ထဲကမပါတဲ့စကားတွေကိုမပြောပါနဲ့ ငါမခံနိုင်လို့ပါဆိုတဲ့ပုံမျိုးနဲ့ ။

ထိုအချိန်..

" ချစ်တယ် "

တဖက်ကပြောထွက်လာတဲ့စကားတဲ့ ။ မင်းသစ်အောင့်သက်သက်နဲ့မဲ့ပြုံးကိုအသံထွက်အောင်ပြုံးလိုက်သည် ။ ရင်ထဲမှာဘယ်လောက့ပဲနာကျင်နေပါစေ စတွေ့တဲ့အချိန်ထဲကယနေ့အထိသူ့မျက်နှာပဲကြည့်ခဲ့တဲ့သူမို့ မကျန်တော့တဲ့မာနလေးကို ရသလောက်ပြန်ခြစ်ယူခြင်သေးသည် ။

မင်းသစ် - မချစ်နဲ့...

" ချစ်တယ်.. "

ဒီတစ်ခါတော့ပက်ခနဲပြန်ပြောလာသည် ။ သူဒီလိုတွေလုပ်လို့လဲ မင်းသစ်သူ့ကိုကောင်းကောင်းစိတ်ဆိုးမရတာပါ ။ ဒါပေမဲ့ဒီတစ်ခါတော့မတူ စိတ်ဆိုးတာမဟုတ်ဘဲ စိတ်နာသွားလို့ပင်ဖြစ်သည် ။

မင်းသစ် - ကျွန်တော်နဲ့နောက်ဆုံးတကြိမ်အတူနေပေး..ဒါကျွန်တော့ရဲ့ပထမဆုံးနဲ့နောက်ဆုံးသောတောင်းဆိုခြင်းပဲ..

ပြောရရင်မျက်နှာပူပါသည် ။ ဒီစကားကမသိရင် မင်းသစ်ကပဲဒါကြီးကိုစွဲလမ်းနေသလိုဖြစ်ပေမဲ့ ဆေးသောက်မြူဆွယ်တာထက်ဒီလိုကပို၍ မာနရှိသေးသည်ဟုစိတ်ထဲထင်မိ၍ဖြစ်သည် ။

" ကိုယ်အလုပ်တွေရှိ... "

မင်းသစ် - တော်ပါတော့..

ထပ်၍ရှောင်ဖယ်သည့်စကားကိုပိတ်အော်လိုက်သည် ။ Bossကလေးသာမရရင် သူဒီခွဲစိတ်မှုကဘာကြောင့်လုပ်ခဲ့တာလဲ ။ ရှင်လျက်နဲ့ဘဝသေသည်ဆိုတာ မင်းသစ်ရဲ့အဖြစ်... ဒါကြောင့်စုပ်လဲဆူးစားလဲရူးတော့ အဖြစ်မခံနိုင် ရအောင်ယူရမည် ။

မင်းသစ် - Bossကိုနောက်ဆုံးအကြိမ်ပဲနေခိုင်းတာပါ Bossဘက်ကဘာမှမနစ်နာသွားပဲလေ.. တပြားတချပ်မှလဲမကုန်သလို ပဲ့လဲပါမသွားဘူး.. ဒါကိုဘာလို့ရှောင်နေတာလဲ..

" မင်းကိုကိုယ့်အနားတစ်ဘဝလုံး နေပေးဖို့ပြောထားတယ်လေကွာ "

နောက်ဆုံးတော့သူဒီစကားပြောထွက်လာပြီ ။ လူကိုနေခိုင်းပြီးရှောင်ပြေးနေတာဘယ်သူလဲ...လုပ်ခြင်တာလုပ်ပြီး သေသေရှင်ရှင်ပြစ်ထားတာဘယ်သူလဲ.. ။

မင်းသစ် - ပန်းဆီရောင် သနားဖို့ကောင်းတယ်Bossသိလား..

ဒီစကားစတော့တဖက်ကလုံးဝတိတ်သွားသည် ။ မင်းသစ်လဲပြောခြင်တဲ့ခေါင်းစဥ်နဲ့လွဲပြီးဘာကြောင့် ဒီဘက်ကို​ေရာက်လာသလဲမသိပါ ။ ဒါပေမဲ့ သိပ်ချစ်ရသူကဒါမျိုးလူဆိုတာသိလိုက်ရတော့ စိတ်ထဲတကယ်ခံစားရတာအမှန်... တရားမျှတမှုရဖို့မမျှော်လင့်ရဲပါဘူး.. ကိုယ်တောင်မှ ပေးထားတဲ့အချစ်တွေပြန်မရဘဲလေ ။

ဒါပေမဲ့ Bossလဲနစ်နာသူရဲ့နေရာကိုကြည့်ပေးမှရမယ် ။

မင်းသစ် - ဘယ်လောက်ပဲညီကိုတွေကြား ပြဿနာတွေရှိပါစေလေBossရယ်... ဟိုကဘာမှမဆိုင်တဲ့မိန်းကလေးတယောက်ပါ..Bossနာမည်တောင်သူသိပါလိပ်မလား ဘာကြောင့်သူကိုမှဒီလိုလုပ်ရက်တာလဲဆိုတဲ့အတွေးနဲ့ဘယ်လောက်ခံစားရလိ​ပ်မလဲ... ဒါလူသတ်မှုနော်Boss..Bossအကြောင်းတွေကျွန်တော် နားနဲ့မဆန့်အောင်ကြားရတယ်.. အဖေအရင်းပြန်သတ်တာတွေရော ၊ Sirဦးလေးနဲ့Sirပါသတ်ဖို့လုပ်နေတာတွေရော...ဘာလို့လဲဗျာ.. ကျွန်တော်ချစ်မိတဲ့ယောကျာ်းတယောက်က ဒီလောက်တောင်ပဲအသက်တချောင်းကိုပေါပေါပဲပဲမှတ်နေတဲ့လူလား..

မင်းသစ်လဲအခုတလောခံစားရသမျှခံစားချက်အကုန်ဖွင့်ထုတ်လိုက်သည် ။ ဒီလိုမှမဟုတ်ရင် ဒီလူကိုဘယ်လောက်ပဲချစ်ပါစေ နောက်ဆုံးအနေနဲ့နေဆိုရင်တောင် ဘယ်လိုနေရပါ့မလဲ ။ တချိန်ကလေးများရခဲ့သော်... သူတို့အဖေအကြောင်းကိုဘယ်လိုမျက်နှာနဲ့ပြောရပါ့မလဲ ။

မင်းသစ် - ကျွန်တော်နားလည်ဖို့ကြိုးစားလေလေ Bossရဲ့သီတင်းတွေကပိုပိုစိုးလာလေလေ.. Bossနဲ့အေးအေးဆေးဆေးမိသားစုဘဝလေးတစ်ခုတည်ထောင်ခြင်တဲ့စိတ်ကူးက ဒီဘဝမဖြစ်နိုင်တော့ဘူးလား.. ဒါကအရမ်းခက်ခဲတဲ့ကိစတစ်ခုလား.. ဟင်..ဖြေလေBossရဲ့..

မင်းသစ်လဲပြောခြင်တာအကုန်ပြောပြီး မောဟိုက်သွားသည့်အထိပေမဲ့ ထုံးစံအတိုင်းဘာစကားမှတန်းမလာ ။ ဒါကြောင့်လူကစိတ်မရှိဘဲ ထပ်အော်မေးဖို့အသက်ဝဝရှုပြီးကာမှ...

မင်းသစ် - ပြော​ေ..

" ရာသီစဆင်းပြီထင်တယ် ဒါကြောင့်မထင်ရလောက်အောင်စိတ်ဆက်နေတာ.. အဟင်း..ကိုယ်ဝန်သာဆောင်ရင်တော့.. "

မင်းသစ်မျက်နှာလေးဖြန်းကနဲပူတက်သွားသည် ။ ဒီဘက်ကရန်လုပ်သမျှကိုအေးဆေးပဲတုန့်ပြန်နေသည်ကြောင့် လှောင်သလိုခံစားရပေမဲ့ဒီစကားမှာတော့ ရှက်သလိုလို ။ ဒါပေမဲ့လိုခြင်တာကရှောင်လွှဲမရတဲ့အမှန်တရားပေမို့ ။

မင်းသစ် - ကျွန်တော်ပြောတဲ့ကိစ Bossလိုက်လျောပေးပါ..

" ဒီကိစ္စကခွင့်တောင်းစရာကိုအကြောင်းမရှိဘူးလေ ကလေးရဲ့.. "

အလွယ်လေးလက်ခံလိုက်ပေမဲ့ မင်းသစ်အတွက်တမျိုးကြီးပါ ။ ကိုယ်ကပဲစမတောင်းခဲ့ဘူးလို့မျက်နှာပူနေတာလားတော့မသိ ။ ဒါပေမဲ့လဲတပူအေးသည် ။

မင်းသစ် - ဒါဆိုလဲပီးရော..

​ပြောပြီးဖုန်းတန်းချလိုက်သည် ။ စိတ်ထဲမှာဒေါသလဲအနဲငယ်ကျန်ခဲ့သလို ရင်တုန်မှု ဝမ်းနည်းမှု စတာတွေပါရောထွေးနေသည် ။

ထို့နောက်ဖုန်းကိုဘေးကစားပွဲပေါ်တင်ဖို့လုပ်လိုက်ချိန်တဖက်ကပြန်ဆက်လာသည် ။

မင်းသစ် - ဒီတစ်ခါဘာလဲ..

" ချစ်တယ်...အဲ့ဒါပြောမို့ ဖုန်းချလို့ရပြီ "

တကူးတကပြန်ခေါ်ပြီးဒီလိုပြောတော့ မင်းသစ်ဘာပြောရမလဲ ။ တကယ်Bossဘာဖြစ်ခြင်လဲနားမလည်နိုင် ဘယ်တော့မှရန်လဲသေချာဖြစ်လို့မရ ။ ကျန်တဲ့အချိန်တွေတည်ငြိမ်သလောက် မင်းသစ်ဘက်ကစိတ်ဆိုးဒေါသထွက်ရင် ပြဿနာအရှောင်တော်တယ်ပဲပြောရမလား ၊ အချော့တော်တယ်ပဲဆိုရမလား ။

မင်းသစ် - ကျွန်တော်ကောပဲ ...

နောက်ဆုံးမင်းသစ်လဲဒီစကားကလွဲပြီးကျန်တာစဥ်းစားမရပါ ။ တကယ်ပဲဥာဏ်ကောင်းလွန်းသူ သူကြားခြင်တဲ့စကားကို တဖက်လှည့်နဲ့ပြောထွက်အောင်လုပ်လိုက်သေးသည်ပင် ။

=================================

Aidenခြေလှမ်းများကပုံမှန်ထွက်သွက်နေသည်မှာ အထူးအဆန်းအခုမှMyanmarပြည်ပြန်လာသောသူ့အကိုသည်ရောက်ရောက်ခြင်းသူ့ကိုတွေ့ခြင်သည်တဲ့ ။ တစ်ခါမှဒီလိုခေါ်မတွေ့ဘူးသည်မို့ သွေးရိုးသားရိုးမဖြစ်နိုင် ဒါ...ဟိုနေ့ကမင်းသစ်ကိုသူလုပ်လိုပ်တဲ့လုပ်ရပ်ကြောင့်ဖြစ်လိပ်မည်ဟု မှတ်ချက်ချလိုက်သည် ။

" ဒီတော့လဲဘာအရေးလဲ သူ့အကြောင်းတွေအကုန် တလောကလုံးကိုအချိန်တန်ရင်ချပြမှာ... Wilsomမျိုးရိုးပင်မက ဘာကြီးဖြစ်နေပါစေ ထိုက်တန်တဲ့အပြစ်ကတော့ကျိန်းသေပေးဆပ်ရမယ် "

တွေးရင်းနဲ့လာခဲ့သည်က ဘယ်အချိန်သူ့ရုံးခန်းရှေ့ရောက်လာမှန်းတောင်မသိလိုက်ပါ ။ ဘယ်လိုပဲဆက်ဆံရေးကရန်သူတွေဖြစ်နေပါစေ အများအမြင်မှာ Companyအထက်အရာရှိမို့ "နာရီတချက်ငုံ့ကြည့်ကာ" နက်ကတိုင်ပြင်စီးပီး တံခါးခေါက်ဖို့ရွယ်တုန်း...

Ms.Junထွက်လာသည် ။ လက်ထဲ၌Fileတချို့ပိုက်တာက သူမအလုပ်ဆို ဘာလို့မျက်နှာအပျက်ပျက်နှင့်မျက်ရည်ပါဝဲနေစရာအကြောင်းမရှိပါ ။ကိုယ့်အတွင်းရေးမှူးဖြစ်တဲ့ Ms.Junလိုလူမျိုးတောင်မှ အပြစ်တင်ဆဲဆိုနေပြီလား ။

Aiden - သူအထဲမှာရှိတယ်မလား...

Ms.Jun - အင်းး

အမေးတစ်ခွန်း၌အဖြေတစ်ခွန်းသာလာသည် ။ ထို့ကြောင့်Aidenလဲဘာဆက်ပြောစရာမှမရှိတာမို့ တံခါးဘုကိုကိုင်ကာဖွင့်ရန်အလုပ်... ။

Ms.Jun - ကျေးဇူးပြုပြီး Bossကိုစိတ်အနှောက်ယှက်မပေးပါနဲ့...တောင်းဆိုတာပါ..

Aidenဒီလောကြီးကိုနားမလည်နိုင်ပါ ။ ကိုယ့်အပေါ်မကောင်းတဲ့သူကိုတောင် ကိုယ်ကပြန်စိတ်ပူနေရသည် ။

Aiden - ဒီစကားမပြောခင် ကိုယ့်မျက်ရည်တွေအရင်သုပ်လိုက်ပါအုံး..

Ms.Jun - Aidenအထင်လွဲနေတာ... ဒါတွေကBossကြောင့်မဟုတ်ဘူး Bossက...

စကားများဆက်မထွက်လာတော့ပါ ။စကားတွေအစား မျက်ရည်များသာတဖန်စီးကျလာသည် ။ ဘာလဲဒီမိန်းမက.. ။ ဆက်မပြောနိုင်တော့သည့်သူမနုတ်ခမ်းများကို လက်ဝါးဖြင့်အုပ်ကာ ချာကနဲလှည့်ထွက်တော့ တစ်ခုခုကိုဖုံးကွယ်နေမှန်းအသိသာကြီး ။ ဒါပေမဲ့ လိုက်မေးရင် သေရင်တောင်ပြောမည့်သူမဟုတ်တာမို့ တံခါးကိုသာဖွင့်ဝင်လိုက်သည် ။

အထဲစရောက်တာနှင့် ချမ်းစီးစီးခံစားချက်မှာ Airconကြောင့်မဟုတ် ၊ ရာသီဥတုကြောင့်ရယ်လဲမဟုတ်ပြန် ။ ဝင်လိုက်တာနှင့်တန်းနေအောင်Luxury office Tableပေါ်တွင်ထိုင်နေသည့်သူကြောင့်ပင် ။

Aidenအံတင်းတင်းကြိတ်လိုက်သည် အရင်နေ့ကမှလောလောလတ်လတ် ကိုယ့်ချစ်သူရဲ့ငရဲခန်းကိုပြန်မြင်လိုက်ရပြန်သည်မဟုတ်လား ။ထို့ကြောင့် ရင်ထဲကမီးကချိန်ကိုက်ဗုံးတလုံးလိုအချိန်မရွေး ပေါက်ကွဲဖို့အသင့်အနေအထားမှာ ခြေလှမ်းများကတချက်ကလေးမှတွေဝေမှုမရှိစွာ ရှေ့သွားရပ်လိုက်သည် ။

သူသည်Aidenဝင်လာတာကိုတချက်ပင်မော့မကြည်​့ Fileအချို့ကအဆင့်ဆင့်နှင့် Fileတချို့ကိုဖွင့်လျက်ထားတာ tabletနှင့်အတူlaptop၌ အကြည့်နှင့်စိတ်ကိုစုပုံထားသည် ။ ကြည့်ရတာMainစာရင်းများကိုအကြမ်းဖြင်း စစ်ဆေးနေသည်... သိပ်ကိုအလုပ်ရှုပ်နေပုံဖြစ်ပင်မဲ့ အခုနေသေနပ်နှင့်နားထင်ထောက်ပစ်ရင်တောင် ထိုကျည်ကိုယ့်ခေါင်းပြန်ဖောက်ဖို့%ကကျိန်းသေသလောက်ရှိသည် ။ ကြောက်တာတော့မဟုတ် ဒါတွေကJorDan Wilsomရဲ့အရည်အချင်း ။

နည်းမျိုးစုံပတ်တွေးသော်လဲ လုပ်ကြံရဖို့မမြင်တာမို့ နောက်ဆုံးတော့ ။

Aiden - ရောက်နေတာ 5minsနဲ့30secရှိပြီနော်..

စိတ်မရှည်သလိုလေသံဖြင့်ပြောလိုက်သည့်အခါ တချက်တောင်မော့မကြည့်ဘဲ ။

JorDan - မင်းငါ့လာရပ်တာ 3minနဲ့စကန့်20ကျော်ပဲရှိပါသေးတယ်Aiden..

Aiden - ဘာ...

မျက်ခုံးတင်းခနဲကျုံ့ကာ ပြန်ကန့်လန့်တိုက်ဖို့ပြင်နေတုန်းမှာ Hazelများရဲ့ခပ်စူးစူးအကြည့်ကသူ့ထံရောက်လာမှ ဘယ်သူပြောတာမှန်လဲသဘောပေါက်သည် ။ သို့သော် အခြေအနေကပြန်ဆုတ်ရန်နောက်ကျတာကြောင့် အကြည့်လွှဲလိုက်တော့ သူ့ထံကရယ်သံတချို့နားထဲရောက်လာသည် ။

JorDan - အဟင်းး ငါ​ပြောတာမှားသွားလို့လား.. အခန်းထဲမဝင်ခင်နာရီငုံ့ကြည့်တာကမင်းအကျင့်ဆို အခန်းထဲရောက်ပြီးလဲတချက်ပြန်ငုံ့ကြည့်သင့်တယ်လေ.. ဘာလဲ အခန်းရှေ့မှာMs.Junနဲ့စကားပြောနေခဲ့လို့ 2minsကျော်ကွာသွားတာလား...

ထပ်၍ပိတ်မိပြန်သည် ။ တချက်တချက်အငိုက်မှာဒါတွေဖြစ်သည်ဆိုတာက အရေးမဟုတ်ပေမဲ့ သူသည်ငယ်ငယ်ထဲကသူ့အကိုကိုတစ်ခါမှလိမ်လို့မရခဲ့ ။ ယခုလိုပုံမျိုးနှင့်ပေါ့ ။

လိမ်လို့မရသူကိုထပ်လိမ်ဖို့မကြိုးစားတော့ဘဲ တည့်သာရင်ဆိုင်မည် ။အမှန်လဲ Ms.Junဘာဖြစ်သွားလဲသူမသိလိုက်ရသည်ပင် ။

Aiden - ပြောဖြစ်တယ်... ဒါပေမဲ့ဘာမှမသိလိုက်ရဘူး.. မင်းခွေးတွေကသစ္စာရှိပါတယ်..

ထိုစကားမှာနုတ်ခမ်း၌အပြုံးကပီပီပြင်ပြင်ပေါ်လာသော်လည်း အကြည့်ကသူ့စီမှာမဟုတ် ။ စိတ်ရှိလက်ရှိသာဆွဲထိုးလိုက်ရင် လက်သာကျိုးမည်ရင်ထဲကြေနပ်မှုတစ်စက်မှာရှိလာလိပ်မည်မထင် ။

မိနစ်20တိတိစောင့်ပြီးသည့်အခါမှာတော့ နောက်ဆုံးLaptopကိုပိတ်လိုက်ပြိးလျှင် Aidenကိုခြေအစခေါင်းအဆုံးအကဲခတ်သည် ။ ခနွာကိုယ်တစ်ခုလုံးတွင် လက်နှက်ဘယ်လောက်တပ်ဆင်လာသည်ကိုတချက်ဝေ့အကြည့်မှာ ခါးကြားထဲကpistol ၊ ပေါင်ပတ်ဘေးက လက်ဝါးလောက်ရှိသည့်ဓားမြှောင်နှင့် သားရေခါးပတ်ကအဆုံးအန္တရာယ်ရှိသမျှ ပစည်းများကို Hazelတွေအစစ်ဆေးကျန်ခဲ့မှာမဟုတ် ။

Aidenသည်လဲအကြည့်တချက်မှမလွှဲစွာ ထိုမျက်ဝန်းတွေကိုစူးစူးရဲရဲပြန်ကြည့်လိုက်သည် ။ အခုမှသေချာမြင်မိသည်က အရင်ရက်ကကြားထားသည့်သီတင်းတွေအတိုင်း JorDanပုံစံအရင်လိုဟုတ်မနေပါ ။ အရင်ကပုံမှန်ရုံးထိုင်ရင်တောက်တောက်ပြောင်ပြောင်မဟုတ်တောင် အမြဲပင်ကြည့်ကောင်းအောင်ပြင်ဆင်သည့်သူက ယခုဆံပင်များဖီးလိမ်းတောင်မထား ဘိုသီဘက်သည်ကိုမှမညှပ်တာကြာလို့ နီညိုရောင်ဆံပင်များကအနဲငယ်ရှည်လာသလို ။ မျက်နှာလဲနဂိုအတိုင်းကိုမှ မျက်ခမ်းအနဲငယ်ညိုနေသည်... သိပ်တော့မသိသာ ။ သို့သော်အရင်လို စောက်ခွက်ကြည့်ပြေးထိုးခြင်စိတ်ကတော့ တစက်လေးမှပြောက်မသွား.. ။

Aiden - ပြောစရာမရှိရင် အခြားအလုပ်တွေရှိသေးတာမို့...

JorDan - ပြောဖို့ထက်မေးစရာရှိလို့ခေါ်ခိုင်းတာ..

" စိတ်ထဲတထစ်ချကောက်ချက်ချလိုက်သည်က မင်းသစ်ကို ပန်းဆီရောင်ဆိုတဲ့ကောင်မလေးအကြောင်းပြောပြထားတာနှင့်ပက်သက်နေပြီဆိုတဲ့ကိစ္စအပြင် တခြားအကြောင်းအရာကခေါင်းထဲစဥ်းစားမရ ။ လုပ်လိုက်... မင်းအကြောင်းပြောတာမ​ကြေနပ်လို့ ငါ့ကိုခေါ်တွေ့တာဆို... ငါ့မှာလဲပြောစရာတွေအများကြီးJorDan ..."

Aiden - အင်း.. မြန်မြန်ပြော..

လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်းမေးလိုက်သည် ။ သို့သော် သူ့အမူအယာကပုံမှန်ထက်တည်ငြိမ်လွန်းတာမို့ ကျိန်းသေသူ့ဘက်ကတော့ စစစ်ခင်းရန်စဥ်းစားထားပုံမရ ။

အေးဆေးစွာထိုင်ခုံမှထ၍ Aidenကိုကျောပေးအနေအထားနှင့် မှန်ပြတင်းပေါက်ကြီးတွေကတဆင့်အပြင်လောကကိုမျက်နှာချင်းဆိုင်ပြီး ဘောင်းဘီအိတ်ကပ်ထဲကငွေဖြူရောင်မီးခြစ်ထုတ်ကာ ဘယ်အချိန်နုတ်ခမ်းပါးကကိုက်ထားမှန်းမသိလိုက်သည့် ဆေးလိပ်ကို ကျန်လက်တဖက်ကအုပ်၍မီးညှိလိုက်သည် ။

ပုံမှန်ထက်ကွဲပြားသောအနေအထားတစ်ခုမှာ Aidenဝုန်းဒိုင်းထကြဲဖို့ဦးနှောက်ကပိတ်ပင်နေသည်မို့ တဖြည်းဖြည်းဆေးလိပ်ပြာများတဖျောက်ဖျောက်ကျနေသည်ကိုပဲကြည့်နေမိသည် ။ တခန်းလုံးAirconသံခပ်ပါးပါးနှင့် Aidenနှလုံး​ခုန်သံခပ်ဖျော့ဖျော့ကလွဲ၍ကျန်တဲ့အသံဘာဆိုဘာမှရှိမနေတဲ့အချိန် ထိုဆေးလိပ်တဝက်ကျော်လောက်ရောက်သည့်အခါ.. ။

JorDan - မင်းသစ်ဆိုတဲ့ကလေးကို ဘယ်လိုမြင်လဲAiden..

ပထမဆုံးထိုအညိုရောင်နုတ်ခမ်းပါးကထွက်လာသည့်စကားတဲ့ ။ အရင်းမရှိအဖျားမရှိမှာ သူတို့2ယောက်ဆက်ဆံရေးက ယူမည့်သူအကြောင်းအရွှန်းဖောက်ဖို့အနေအထားမရှိ ။ ဒါကိုငါက မင်းသစ်ကိုဘယ်လိုမြင်ရမလဲ? ။ မင်းအတွက်သင့်တော်တဲ့သူတယောက်လို့ပြောတာကြားခြင်တာလား ။

Aiden - ငါဘယ်လိုမြင်တယ်ဆိုတာထက် သူ့ကတော့ငါ့ဆိုအဝေးဆုံးကိုရှောင်နေတော့တာ... ရှောင့်သင့်တဲ့သူကြမရှောင်​ဘဲလေ..

JorDan - အဟင်းး ဟုတ်လား...

ကြေနပ်နေတာလား? ။ ဒါကိုမေးဖို့ခေါ်လိုက်တာလား? ။ စောက်ရေးမပါတာတွေနဲ့သပ်သပ်မျက်နှာပြောင်ပြနေတယ် ။ Aidenမေးကြောတွေပါထောင်လာသည် ဒီထက်ဘယ်လိုမှဒီဒေါသတွေကိုထိန်းချုပ်လို့မရတော့... ရေကာတာမှရေများ​ပြိုဆင်းလာသကဲ့သို့ အရာအားလုံးကိုဝုန်းကနဲတိုက်စားဖို့အနေအထားမှာတင်.... ရုတ်တရက်လှည့်ကြည့်ကာပြောလိုက်သည့်စကားတခွန်းး.. ။

JorDan - ငါဒီလောကကြီးမှမရှိတဲ့အချိန် ကလေးကိုတာဝန်ယူပေးနိုင်မလား...

==================================

===============/////////////============

မင္းသစ္ကိုယ့္မ်က္လုံးကိုယ္မယုံနိုင္... လြန္ခဲ့ေသာ2ရက္ေလာက္ထဲက ဗိုက္ေအာင့္ေနတာျဖစ္ေနမဲ့ ေယာက်ာ္းေလးတေယာက္မို႔ဒီကိစလို႔ေတာ့ မထင္မိခဲ့ပါ ။ အခုboxerထဲေသြးေတြျမင္မွသာ ဟိုnurseမ ေျပာတာသြားသတိရမိသည္ ။

" ဒါသူေျပာတဲ့ပထမဆုံးမ်ိဳးဥေႂကြတယ္ဆိုတာလား "

ျဖစ္နိုင္ပါသည္ ။ အသိမိန္းကေလးမိတ္ေဆြမရွိေပမဲ့ မ်ိဳးဥေႂကြတဲ့ေသြးေတြရဲ႕အနံ႕ကပုံမွန္မဟုတ္တာမို႔ မွန္းဆလို႔ရေပမဲ့ တစ္ခုခုအမွားယြင္းျဖစ္မွာဆိုး၍ ဖုန္းကိုအေျပးလႊားရွာရေသးသည္ ။

ဒူ...ဒူ..

မင္းသစ္ - Hello..ကြၽန္ေတာ္ပါမင္းသစ္ သားအိမ္ထည့္ထားတဲ့တေယာက္ေလ မွတ္မိလားမသိဘူး...

" ဟုတ္ကဲ့ေျပာပါရွင္ အေရးႀကီးကိစတစ္ခုခုမ်ား ျဖစ္လို႔လားရွင္ "

မင္းသစ္ - မဟုတ္ဘူး.. အခုအိမ္လာခဲ့ေပးပါလား.. အနဲငယ္စမ္းသပ္ခိုင္းေစျခင္လို႔..

" ဟုတ္အခုDutyခ်ိန္မို႔ ေနာက္တနာရီေလာက္ေနဆိုအဆင္ေျပလားရွင္... "

မင္းသစ္ - ရပါတယ္ဗ်..အေရးေတာ့မႀကီးပါဘူး လုပ္စရာၿပီးရင္သာလာခဲ့ေပးပါေနာ္..

" ေကာင္းပါၿပီရွင္.. "

မင္းသစ္ - ဟုတ္ကဲ့ ဒါပဲေနာ္..

ေပြာပြီးတာနှင့်ဖုန်းကို " ဂြပ္ "ကနဲခ်ျပစ္လိုက္ၿပီး ညစ္ေပေနသည့္အတြင္းခံကိုၾကည့္ကာ ဘာေတြၾကည္ႏူးေနမွန္းမသိျဖစ္ေနရေသးသည္ ။ ကေလးသာေမြးလို႔ရခဲ့ရင္ ေပ်ာ္႐ႊင္မႈက႐ူးေတာင္သြားမလားမသိ ။

ဒါနဲ႕ပဲဖုန္းကိုထပ္ယူကာ မိုးသားကိုပါအက်ိဳးေၾကာင္းေျပာရန္ Contactထဲကနံပတ္ကိုေကာက္နိုပ္ရင္း ဘယ္ကစေျပာရမွန္းမသိ လူကဂနာမၿငိမ္ပါ ။

ဒူ... ဒူ... ဒူ...

မင္းသစ္ - ေၾသာ္... အေရးအေၾကာင္းဆိုဒီေကာင္ကလဲ...

ဒူ...

" အင္း.. "

မင္းသစ္ - မိုးသား..မင္း..

မင္းသစ္စကားေတြအကုန္လည္ၿမိဳ၌သာတစ္ဆို႔သြားသည္ ။ စိတ္ထဲတြင္လဲဘာလို႔လဲဟူေသာ အေၾကာင္းျပခ်က္မ်ားကေခါင္းထဲတန္းစီ၍ေပၚလာသည္ ။ မမွားနိုင္ပါ... ဒီအသံကက်ိန္းေသ Bossအသံ ။ အင္းတလုံးထဲၾကားရတာေတာင္ တန္း၍မွတ္မိေသာမင္းသစ္သည္ ဥာဏ္ေကာင္းသူေတာ့မဟုတ္...သိပ္ခ်စ္ရသူရဲ႕အသံမို႔ပါ ။

ဒါေပမဲ့လဲ ဘာလို႔မိုးသားစီဆက္တာသူ႕စီေရာက္သြားသလဲေခါင္းထဲအေတြးက ေသခ်ာေစရန္ နံပတ္ျပန္ၾကည့္ေတာ့မွ အေပၚနဲ႕ေအာက္မွားနိုပ္ေခၚမိေလျခင္း ။ ဘယ္ေလာက္ပဲမွားပါေစ... အရင္က call100ေခၚရင္ေတာင္ကိုင္ျခင္မွကိုင္ေလေသာသူ ယခုအခါမွာ တခါထဲနဲ႕... သူေကာငါ့ကိုသတိရေနတာလား... ။

** မင္းသစ္ မိမိဘာသာမွားေခၚမိ၍ မေမွ်ာ္လင့္တာေတြျဖစ္သြားရသည္မို႔ ဘာဆက္ေျပာရမလဲတန္းမေတြးနိုင္... တဖက္ကလဲပဲ ဘာမွမေျပာ ။ ဒါေပမဲ့2ဖက္လုံးဖုန္းမခ်ေပ ။ **

ဆက္ကိုင္ထားရင္မင္းသစ္ကေတာ့ ဘာမွမျဖစ္ေပမဲ့ သူကလုပ္ငန္းရွင္တေယာက္..ဒီလိုအပိုစာလားေတြက အလုပ္ပိုသြားေစမွာျဖစ္တာေၾကာင့္ ျမန္ျမန္ပဲဖုန္းခ်ပစ္ဖို႔ရာ လုပ္ရေတာ့မည္ ။

မင္းသစ္ - ဟို.. ဖုန္း..ဖုန္းမွာေခၚမိတာ.. ေျပာစရာေထြေထြထူးထူးမရွိပါဘူး...

ဘာစကားမွျပန္မလာ.. လိုင္းမေကာင္းဘူးလားဟု ေတြးျခင္ေသာ္လည္း တဖက္ကTvဖြင့္ထားသည့္ အသံကအရွင္းသားၾကားေနရသည္ ။ ငါအခုဖုန္းခ်လိဳက္လို႔ရၿပီလား... ။

သို႔ေပမဲ့ မင္းသစ္ဖုန္းမခ်ျခင္ေသးပါ ။ လနဲ႕ခ်ီလုပ္ျခင္တာလုပ္ၿပီး ျပစ္ထားတာေၾကာင့္ ထိုလူနဲ႕ဇာတ္လမ္းကၿပီးၿပီလို႔ေတြး၍ စိတ္ကျပင္ဆင္ထားေသာ္လည္း အရင္လိုႏွလုံးသားေလးရဲ႕သံစဥ္ကရပ္တန့္၍မရ ။ တဖက္သူၾကားသြားမွာေတာင္စိုးရိပ္ရသည္ ။

** ဒါေပမဲ့ ကိုယ့္စိတ္ကိုယ္ျပန္ထိန္းလိုက္သည္ ။ ေနာက္ဆိုငါကသူမရွိဘဲ ကေလးတေယာက္နဲ႕ဘဝကို႐ုန္းကန္ရမွာ ။ မိုးသားေပးတဲ့ေဆးနဲ႕အလုပ္ျဖစ္ၿပီး အႀကံစဥ္ေအာင္၍ကေလးရခဲ့ရင္ေတာင္ Bossကိုပါျပန္ရဖို႔မေတြးထား။ မင္းသစ္လိုလူမ်ိဳးကို ဘယ္လိုလူကအတည္လိုျခင္ပါ့မလဲ ။ ဒါကိုလဲနားလည္သည္ ဒါ့ေၾကာင့္ ဘာေမွ်ာ္လင့္ခ်က္မွထားမေနေတာ့ဘဲ ဖုန္းကိုအရင္အရဲစြန့္ခ်ျပစ္ဖို႔ နားနဲ႕ခြာလိုက္ၿပီးကာမွ... **

" ဘာလုပ္ေနလဲ ကေလး.. "

ဖုန္းခ်ခါနီး မင္းသစ္လႈပ္ရွားမႈေတြရပ္တန့္သြားသည္ ။ တဆက္ထဲမွာပဲဓာတ္လိုက္သလို ဖုန္းကိုင္ထားသည့္လက္တဖက္က ပူလာၿပီးခ်က္ခ်င္းဆိုသလိုျပန္ေအးသြားေတာ့ ဖုန္းေတာင္နားနားျပန္ကပ္ဖို႔အာ႐ုံထဲမရွိပါ ။ မြန္းၾကပ္သလိုလိုရွိတဲ့ ရင္ဘက္ထဲဖြင့္ထုတ္မရတဲ့ခံစားခ်က္ေတြကရင္ေခါင္းထိစို႔တက္လာသည္ ။

** တကယ္ဆိုမေန႕ကသာ မိုးသားသူ႕စီမလာခဲ့လ်င္ ေဆးထုပ္နဲ႕အႀကံသာေပးမသြားခဲ့လ်င္ သူအခုေန တစ္ခုခုကိုျပတ္ျပတ္သားသားေမးျမန္းမိမွာက်ိန္းေသပါပဲ ။ ဒါေပမဲ့အခုေတာ့ဒီလိုလုပ္လို႔မျဖစ္ေသး ဒီလူ႕စီကလိုျခင္တာရွိေသးတယ္မဟုတ္လား... ေနာက္ဆုံးထိႀကိဳးရွည္ရွည္ထားရေပအုံးမည္ ။ **

မင္းသစ္ - ဘယ္ေတာ့Myanmarျပန္လာမွာလဲ..

ေလသံသည္မမာသလို ေပ်ာ့ေျပာင္းမႈလဲမရွိ... သာမာန္အေနထားဆိုေပမဲ့ တဖက္အတြက္ေတာ့ထူးဆန္းေနလိပ္မည္ ။

" ဒီည "

မင္းသစ္အံ့ၾသသြားသည္ ။ မိုးသားေျပာခဲ့တာထက္ေစာသားပဲ..ေကာင္းပါသည္ ။ ျမန္ျမန္လာေတာ့ ျမန္ျမန္လုပ္စရာရွိတာလုပ္ရတာေပါ့ ။ ၿပီးလွ်င္ထြက္သြားမည္ ။ ကေလးရမရက ကံနဲ႕ဆိုင္ေပမဲ့ မင္းသစ္ဒီလူ႕နားမွာထပ္မေနနိုင္ေတာ့ပါ ။ လွမ္းမမွီတဲ့ၾကယ္ကို ခူးဆြတ္ဖို႔ေတြးေနလ်င္ ရင္ေမာတာပဲအဖတ္တင္မည္ ဘာမွျဖစ္လာမွာမဟုတ္ ။

မင္းသစ္ - ကြၽန္ေတာ္... ေတာင္းဆိုစရာရွိပါတယ္..

လက္သီးက်စ္က်စ္ပါစုပ္ကာအားတင္း၍ေျပာလိုက္သည္ ။ မင္းသစ္ အိမ္ယာၿခံေျမ သူနဲ႕ပက္သက္လွ်င္ဘာဆိုဘာမွမေတာင္းခဲ့ဘူးပါ ။ သူ႕အနားရွိရရင္အဆင္ေျပၿပီဆိုၿပီး အရာရာေမ့ေလာက္တဲ့ထိျဖစ္ဖူးသည္ ။

တဖက္ကဘာသံမွထြက္မလာ ။ စဥ္းစားေနမွာေပါ့ JorDan Wilsomဆိုတဲ့ေယာက်ာ္းက ဘယ္ေတာ့မဆိုစကားတစ္ခုကိုၿပီးစလြယ္မေျပာ... ယခုလိုေတာင္းဆိုမႈကိုသူ႕အေနနဲ႕အံ့ၾသေနတာလဲ ျဖစ္နိုင္သလို... ေတာင္းဆိုမႈကိုႀကိဳခန့္မွန္းေနတာလဲျဖစ္နိုင္သည္ ။ သူသည္မင္းသစ္မေတာင္းဆိုခင္ေတာင္ ဘာေျပာမလဲႀကိဳသိေနေလာက္ပါၿပီ ။ ဒီေတာ့လဲေျပာရျမန္တာေပါ့ ။

" အင္း.. ေျပာေလကေလး.. "

ေလသံကေအးေဆးပါ ။ ဘာမဆိုလိုက္ေလ်ာမည့္ပုံစံ ငါဘာျဖစ္ျခင္လဲ ဘာလိုျခင္လဲ..အကုန္ငါ့ပါးစပ္ကထြက္မွရမွာလား ။

မင္းသစ္ - ကြၽန္ေတာ္Bossကိုလက္လႊတ္လိုက္ပါေတာ့မယ္..

အသံေအာင့္ကာ သြားတင္းတင္းေစ့ေျပာရင္းမွ ႏွလုံးသားကဝုန္းဒိုင္းထႀကဲသည္ ။ ေက်းဇူးျပဳၿပီး စိတ္ထဲကမပါတဲ့စကားေတြကိုမေျပာပါနဲ႕ ငါမခံနိုင္လို႔ပါဆိုတဲ့ပုံမ်ိဳးနဲ႕ ။

ထိုအခ်ိန္..

" ခ်စ္တယ္ "

တဖက္ကေျပာထြက္လာတဲ့စကားတဲ့ ။ မင္းသစ္ေအာင့္သက္သက္နဲ႕မဲ့ၿပဳံးကိုအသံထြက္ေအာင္ၿပဳံးလိုက္သည္ ။ ရင္ထဲမွာဘယ္ေလာက့ပဲနာက်င္ေနပါေစ စေတြ႕တဲ့အခ်ိန္ထဲကယေန႕အထိသူ႕မ်က္ႏွာပဲၾကည့္ခဲ့တဲ့သူမို႔ မက်န္ေတာ့တဲ့မာနေလးကို ရသေလာက္ျပန္ျခစ္ယူျခင္ေသးသည္ ။

မင္းသစ္ - မခ်စ္နဲ႕...

" ခ်စ္တယ္.. "

ဒီတစ္ခါေတာ့ပက္ခနဲျပန္ေျပာလာသည္ ။ သူဒီလိုေတြလုပ္လို႔လဲ မင္းသစ္သူ႕ကိုေကာင္းေကာင္းစိတ္ဆိုးမရတာပါ ။ ဒါေပမဲ့ဒီတစ္ခါေတာ့မတူ စိတ္ဆိုးတာမဟုတ္ဘဲ စိတ္နာသြားလို႔ပင္ျဖစ္သည္ ။

မင္းသစ္ - ကြၽန္ေတာ္နဲ႕ေနာက္ဆုံးတႀကိမ္အတူေနေပး..ဒါကြၽန္ေတာ့ရဲ႕ပထမဆုံးနဲ႕ေနာက္ဆုံးေသာေတာင္းဆိုျခင္းပဲ..

ေျပာရရင္မ်က္ႏွာပူပါသည္ ။ ဒီစကားကမသိရင္ မင္းသစ္ကပဲဒါႀကီးကိုစြဲလမ္းေနသလိုျဖစ္ေပမဲ့ ေဆးေသာက္ျမဴဆြယ္တာထက္ဒီလိုကပို၍ မာနရွိေသးသည္ဟုစိတ္ထဲထင္မိ၍ျဖစ္သည္ ။

" ကိုယ္အလုပ္ေတြရွိ... "

မင္းသစ္ - ေတာ္ပါေတာ့..

ထပ္၍ေရွာင္ဖယ္သည့္စကားကိုပိတ္ေအာ္လိုက္သည္ ။ Bossကေလးသာမရရင္ သူဒီခြဲစိတ္မႈကဘာေၾကာင့္လုပ္ခဲ့တာလဲ ။ ရွင္လ်က္နဲ႕ဘဝေသသည္ဆိုတာ မင္းသစ္ရဲ႕အျဖစ္... ဒါေၾကာင့္စုပ္လဲဆူးစားလဲ႐ူးေတာ့ အျဖစ္မခံနိုင္ ရေအာင္ယူရမည္ ။

မင္းသစ္ - Bossကိုေနာက္ဆုံးအႀကိမ္ပဲေနခိုင္းတာပါ Bossဘက္ကဘာမွမနစ္နာသြားပဲေလ.. တျပားတခ်ပ္မွလဲမကုန္သလို ပဲ့လဲပါမသြားဘူး.. ဒါကိုဘာလို႔ေရွာင္ေနတာလဲ..

" မင္းကိုကိုယ့္အနားတစ္ဘဝလုံး ေနေပးဖို႔ေျပာထားတယ္ေလကြာ "

ေနာက္ဆုံးေတာ့သူဒီစကားေျပာထြက္လာၿပီ ။ လူကိုေနခိုင္းၿပီးေရွာင္ေျပးေနတာဘယ္သူလဲ...လုပ္ျခင္တာလုပ္ၿပီး ေသေသရွင္ရွင္ျပစ္ထားတာဘယ္သူလဲ.. ။

မင္းသစ္ - ပန္းဆီေရာင္ သနားဖို႔ေကာင္းတယ္Bossသိလား..

ဒီစကားစေတာ့တဖက္ကလုံးဝတိတ္သြားသည္ ။ မင္းသစ္လဲေျပာျခင္တဲ့ေခါင္းစဥ္နဲ႕လြဲၿပီးဘာေၾကာင့္ ဒီဘက္ကိုေရာက်လာသလဲမသိပါ ။ ဒါေပမဲ့ သိပ္ခ်စ္ရသူကဒါမ်ိဳးလူဆိုတာသိလိုက္ရေတာ့ စိတ္ထဲတကယ္ခံစားရတာအမွန္... တရားမွ်တမႈရဖို႔မေမွ်ာ္လင့္ရဲပါဘူး.. ကိုယ္ေတာင္မွ ေပးထားတဲ့အခ်စ္ေတြျပန္မရဘဲေလ ။

ဒါေပမဲ့ Bossလဲနစ္နာသူရဲ႕ေနရာကိုၾကည့္ေပးမွရမယ္ ။

မင္းသစ္ - ဘယ္ေလာက္ပဲညီကိုေတြၾကား ျပႆနာေတြရွိပါေစေလBossရယ္... ဟိုကဘာမွမဆိုင္တဲ့မိန္းကေလးတေယာက္ပါ..Bossနာမည္ေတာင္သူသိပါလိပ္မလား ဘာေၾကာင့္သူကိုမွဒီလိုလုပ္ရက္တာလဲဆိုတဲ့အေတြးနဲ႕ဘယ္ေလာက္ခံစားရလိပ္မလဲ... ဒါလူသတ္မႈေနာ္Boss..Bossအေၾကာင္းေတြကြၽန္ေတာ္ နားနဲ႕မဆန့္ေအာင္ၾကားရတယ္.. အေဖအရင္းျပန္သတ္တာေတြေရာ ၊ Sirဦးေလးနဲ႕Sirပါသတ္ဖို႔လုပ္ေနတာေတြေရာ...ဘာလို႔လဲဗ်ာ.. ကြၽန္ေတာ္ခ်စ္မိတဲ့ေယာက်ာ္းတေယာက္က ဒီေလာက္ေတာင္ပဲအသက္တေခ်ာင္းကိုေပါေပါပဲပဲမွတ္ေနတဲ့လူလား..

မင္းသစ္လဲအခုတေလာခံစားရသမွ်ခံစားခ်က္အကုန္ဖြင့္ထုတ္လိုက္သည္ ။ ဒီလိုမွမဟုတ္ရင္ ဒီလူကိုဘယ္ေလာက္ပဲခ်စ္ပါေစ ေနာက္ဆုံးအေနနဲ႕ေနဆိုရင္ေတာင္ ဘယ္လိုေနရပါ့မလဲ ။ တခ်ိန္ကေလးမ်ားရခဲ့ေသာ္... သူတို႔အေဖအေၾကာင္းကိုဘယ္လိုမ်က္ႏွာနဲ႕ေျပာရပါ့မလဲ ။

မင္းသစ္ - ကြၽန္ေတာ္နားလည္ဖို႔ႀကိဳးစားေလေလ Bossရဲ႕သီတင္းေတြကပိုပိုစိုးလာေလေလ.. Bossနဲ႕ေအးေအးေဆးေဆးမိသားစုဘဝေလးတစ္ခုတည္ေထာင္ျခင္တဲ့စိတ္ကူးက ဒီဘဝမျဖစ္နိုင္ေတာ့ဘူးလား.. ဒါကအရမ္းခက္ခဲတဲ့ကိစတစ္ခုလား.. ဟင္..ေျဖေလBossရဲ႕..

မင္းသစ္လဲေျပာျခင္တာအကုန္ေျပာၿပီး ေမာဟိုက္သြားသည့္အထိေပမဲ့ ထုံးစံအတိုင္းဘာစကားမွတန္းမလာ ။ ဒါေၾကာင့္လူကစိတ္မရွိဘဲ ထပ္ေအာ္ေမးဖို႔အသက္ဝဝရႈၿပီးကာမွ...

မင္းသစ္ - ေျပာေ..

" ရာသီစဆင္းၿပီထင္တယ္ ဒါေၾကာင့္မထင္ရေလာက္ေအာင္စိတ္ဆက္ေနတာ.. အဟင္း..ကိုယ္ဝန္သာေဆာင္ရင္ေတာ့.. "

မင္းသစ္မ်က္ႏွာေလးျဖန္းကနဲပူတက္သြားသည္ ။ ဒီဘက္ကရန္လုပ္သမွ်ကိုေအးေဆးပဲတုန့္ျပန္ေနသည္ေၾကာင့္ ေလွာင္သလိုခံစားရေပမဲ့ဒီစကားမွာေတာ့ ရွက္သလိုလို ။ ဒါေပမဲ့လိုျခင္တာကေရွာင္လႊဲမရတဲ့အမွန္တရားေပမို႔ ။

မင္းသစ္ - ကြၽန္ေတာ္ေျပာတဲ့ကိစ Bossလိုက္ေလ်ာေပးပါ..

" ဒီကိစၥကခြင့္ေတာင္းစရာကိုအေၾကာင္းမရွိဘူးေလ ကေလးရဲ႕.. "

အလြယ္ေလးလက္ခံလိုက္ေပမဲ့ မင္းသစ္အတြက္တမ်ိဳးႀကီးပါ ။ ကိုယ္ကပဲစမေတာင္းခဲ့ဘူးလို႔မ်က္ႏွာပူေနတာလားေတာ့မသိ ။ ဒါေပမဲ့လဲတပူေအးသည္ ။

မင္းသစ္ - ဒါဆိုလဲပီးေရာ..

ေျပာၿပီးဖုန္းတန္းခ်လိဳက္သည္ ။ စိတ္ထဲမွာေဒါသလဲအနဲငယ္က်န္ခဲ့သလို ရင္တုန္မႈ ဝမ္းနည္းမႈ စတာေတြပါေရာေထြးေနသည္ ။

ထို႔ေနာက္ဖုန္းကိုေဘးကစားပြဲေပၚတင္ဖို႔လုပ္လိုက္ခ်ိန္တဖက္ကျပန္ဆက္လာသည္ ။

မင္းသစ္ - ဒီတစ္ခါဘာလဲ..

" ခ်စ္တယ္...အဲ့ဒါေျပာမို႔ ဖုန္းခ်လိဳ႕ရၿပီ "

တကူးတကျပန္ေခၚၿပီးဒီလိုေျပာေတာ့ မင္းသစ္ဘာေျပာရမလဲ ။ တကယ္Bossဘာျဖစ္ျခင္လဲနားမလည္နိုင္ ဘယ္ေတာ့မွရန္လဲေသခ်ာျဖစ္လို႔မရ ။ က်န္တဲ့အခ်ိန္ေတြတည္ၿငိမ္သေလာက္ မင္းသစ္ဘက္ကစိတ္ဆိုးေဒါသထြက္ရင္ ျပႆနာအေရွာင္ေတာ္တယ္ပဲေျပာရမလား ၊ အေခ်ာ့ေတာ္တယ္ပဲဆိုရမလား ။

မင္းသစ္ - ကြၽန္ေတာ္ေကာပဲ ...

ေနာက္ဆုံးမင္းသစ္လဲဒီစကားကလြဲၿပီးက်န္တာစဥ္းစားမရပါ ။ တကယ္ပဲဥာဏ္ေကာင္းလြန္းသူ သူၾကားျခင္တဲ့စကားကို တဖက္လွည့္နဲ႕ေျပာထြက္ေအာင္လုပ္လိုက္ေသးသည္ပင္ ။

=================================

Aidenေျခလွမ္းမ်ားကပုံမွန္ထြက္သြက္ေနသည္မွာ အထူးအဆန္းအခုမွMyanmarျပည္ျပန္လာေသာသူ႕အကိုသည္ေရာက္ေရာက္ျခင္းသူ႕ကိုေတြ႕ျခင္သည္တဲ့ ။ တစ္ခါမွဒီလိုေခၚမေတြ႕ဘူးသည္မို႔ ေသြးရိုးသားရိုးမျဖစ္နိုင္ ဒါ...ဟိုေန႕ကမင္းသစ္ကိုသူလုပ္လိုပ္တဲ့လုပ္ရပ္ေၾကာင့္ျဖစ္လိပ္မည္ဟု မွတ္ခ်က္ခ်လိဳက္သည္ ။

" ဒီေတာ့လဲဘာအေရးလဲ သူ႕အေၾကာင္းေတြအကုန္ တေလာကလုံးကိုအခ်ိန္တန္ရင္ခ်ျပမွာ... Wilsomမ်ိဳးရိုးပင္မက ဘာႀကီးျဖစ္ေနပါေစ ထိုက္တန္တဲ့အျပစ္ကေတာ့က်ိန္းေသေပးဆပ္ရမယ္ "

ေတြးရင္းနဲ႕လာခဲ့သည္က ဘယ္အခ်ိန္သူ႕႐ုံးခန္းေရွ႕ေရာက္လာမွန္းေတာင္မသိလိုက္ပါ ။ ဘယ္လိုပဲဆက္ဆံေရးကရန္သူေတြျဖစ္ေနပါေစ အမ်ားအျမင္မွာ Companyအထက္အရာရွိမို႔ "နာရီတခ်က္ငုံ႕ၾကည့္ကာ" နက္ကတိုင္ျပင္စီးပီး တံခါးေခါက္ဖို႔႐ြယ္တုန္း...

Ms.Junထြက္လာသည္ ။ လက္ထဲ၌Fileတခ်ိဳ႕ပိုက္တာက သူမအလုပ္ဆို ဘာလို႔မ်က္ႏွာအပ်က္ပ်က္ႏွင့္မ်က္ရည္ပါဝဲေနစရာအေၾကာင္းမရွိပါ ။ကိုယ့္အတြင္းေရးမႉးျဖစ္တဲ့ Ms.Junလိုလူမ်ိဳးေတာင္မွ အျပစ္တင္ဆဲဆိုေနၿပီလား ။

Aiden - သူအထဲမွာရွိတယ္မလား...

Ms.Jun - အင္းး

အေမးတစ္ခြန္း၌အေျဖတစ္ခြန္းသာလာသည္ ။ ထို႔ေၾကာင့္Aidenလဲဘာဆက္ေျပာစရာမွမရွိတာမို႔ တံခါးဘုကိုကိုင္ကာဖြင့္ရန္အလုပ္... ။

Ms.Jun - ေက်းဇူးျပဳၿပီး Bossကိုစိတ္အႏွောက္ယွက္မေပးပါနဲ႕...ေတာင္းဆိုတာပါ..

Aidenဒီေလာႀကီးကိုနားမလည္နိုင္ပါ ။ ကိုယ့္အေပၚမေကာင္းတဲ့သူကိုေတာင္ ကိုယ္ကျပန္စိတ္ပူေနရသည္ ။

Aiden - ဒီစကားမေျပာခင္ ကိုယ့္မ်က္ရည္ေတြအရင္သုပ္လိုက္ပါအုံး..

Ms.Jun - Aidenအထင္လြဲေနတာ... ဒါေတြကBossေၾကာင့္မဟုတ္ဘူး Bossက...

စကားမ်ားဆက္မထြက္လာေတာ့ပါ ။စကားေတြအစား မ်က္ရည္မ်ားသာတဖန္စီးက်လာသည္ ။ ဘာလဲဒီမိန္းမက.. ။ ဆက္မေျပာနိုင္ေတာ့သည့္သူမႏုတ္ခမ္းမ်ားကို လက္ဝါးျဖင့္အုပ္ကာ ခ်ာကနဲလွည့္ထြက္ေတာ့ တစ္ခုခုကိုဖုံးကြယ္ေနမွန္းအသိသာႀကီး ။ ဒါေပမဲ့ လိုက္ေမးရင္ ေသရင္ေတာင္ေျပာမည့္သူမဟုတ္တာမို႔ တံခါးကိုသာဖြင့္ဝင္လိုက္သည္ ။

အထဲစေရာက္တာႏွင့္ ခ်မ္းစီးစီးခံစားခ်က္မွာ Airconေၾကာင့္မဟုတ္ ၊ ရာသီဥတုေၾကာင့္ရယ္လဲမဟုတ္ျပန္ ။ ဝင္လိုက္တာႏွင့္တန္းေနေအာင္Luxury office Tableေပၚတြင္ထိုင္ေနသည့္သူေၾကာင့္ပင္ ။

Aidenအံတင္းတင္းႀကိတ္လိုက္သည္ အရင္ေန႕ကမွေလာေလာလတ္လတ္ ကိုယ့္ခ်စ္သူရဲ႕ငရဲခန္းကိုျပန္ျမင္လိုက္ရျပန္သည္မဟုတ္လား ။ထို႔ေၾကာင့္ ရင္ထဲကမီးကခ်ိန္ကိုက္ဗုံးတလုံးလိုအခ်ိန္မေ႐ြး ေပါက္ကြဲဖို႔အသင့္အေနအထားမွာ ေျခလွမ္းမ်ားကတခ်က္ကေလးမွေတြေဝမႈမရွိစြာ ေရွ႕သြားရပ္လိုက္သည္ ။

သူသည္Aidenဝင္လာတာကိုတခ်က္ပင္ေမာ့မၾကည့္ Fileအခ်ိဳ႕ကအဆင့္ဆင့္ႏွင့္ Fileတခ်ိဳ႕ကိုဖြင့္လ်က္ထားတာ tabletႏွင့္အတူlaptop၌ အၾကည့္ႏွင့္စိတ္ကိုစုပုံထားသည္ ။ ၾကည့္ရတာMainစာရင္းမ်ားကိုအၾကမ္းျဖင္း စစ္ေဆးေနသည္... သိပ္ကိုအလုပ္ရႈပ္ေနပုံျဖစ္ပင္မဲ့ အခုေနေသနပ္ႏွင့္နားထင္ေထာက္ပစ္ရင္ေတာင္ ထိုက်ည္ကိုယ့္ေခါင္းျပန္ေဖာက္ဖို႔%ကက်ိန္းေသသေလာက္ရွိသည္ ။ ေၾကာက္တာေတာ့မဟုတ္ ဒါေတြကJorDan Wilsomရဲ႕အရည္အခ်င္း ။

နည္းမ်ိဳးစုံပတ္ေတြးေသာ္လဲ လုပ္ႀကံရဖို႔မျမင္တာမို႔ ေနာက္ဆုံးေတာ့ ။

Aiden - ေရာက္ေနတာ 5minsနဲ႕30secရွိၿပီေနာ္..

စိတ္မရွည္သလိုေလသံျဖင့္ေျပာလိုက္သည့္အခါ တခ်က္ေတာင္ေမာ့မၾကည့္ဘဲ ။

JorDan - မင္းငါ့လာရပ္တာ 3minနဲ႕စကန့္20ေက်ာ္ပဲရွိပါေသးတယ္Aiden..

Aiden - ဘာ...

မ်က္ခုံးတင္းခနဲက်ဳံ႕ကာ ျပန္ကန့္လန့္တိုက္ဖို႔ျပင္ေနတုန္းမွာ Hazelမ်ားရဲ႕ခပ္စူးစူးအၾကည့္ကသူ႕ထံေရာက္လာမွ ဘယ္သူေျပာတာမွန္လဲသေဘာေပါက္သည္ ။ သို႔ေသာ္ အေျခအေနကျပန္ဆုတ္ရန္ေနာက္က်တာေၾကာင့္ အၾကည့္လႊဲလိုက္ေတာ့ သူ႕ထံကရယ္သံတခ်ိဳ႕နားထဲေရာက္လာသည္ ။

JorDan - အဟင္းး ငါေျပာတာမွားသြားလို႔လား.. အခန္းထဲမဝင္ခင္နာရီငုံ႕ၾကည့္တာကမင္းအက်င့္ဆို အခန္းထဲေရာက္ၿပီးလဲတခ်က္ျပန္ငုံ႕ၾကည့္သင့္တယ္ေလ.. ဘာလဲ အခန္းေရွ႕မွာMs.Junနဲ႕စကားေျပာေနခဲ့လို႔ 2minsေက်ာ္ကြာသြားတာလား...

ထပ္၍ပိတ္မိျပန္သည္ ။ တခ်က္တခ်က္အငိုက္မွာဒါေတြျဖစ္သည္ဆိုတာက အေရးမဟုတ္ေပမဲ့ သူသည္ငယ္ငယ္ထဲကသူ႕အကိုကိုတစ္ခါမွလိမ္လို႔မရခဲ့ ။ ယခုလိုပုံမ်ိဳးႏွင့္ေပါ့ ။

လိမ္လို႔မရသူကိုထပ္လိမ္ဖို႔မႀကိဳးစားေတာ့ဘဲ တည့္သာရင္ဆိုင္မည္ ။အမွန္လဲ Ms.Junဘာျဖစ္သြားလဲသူမသိလိုက္ရသည္ပင္ ။

Aiden - ေျပာျဖစ္တယ္... ဒါေပမဲ့ဘာမွမသိလိုက္ရဘူး.. မင္းေခြးေတြကသစၥာရွိပါတယ္..

ထိုစကားမွာႏုတ္ခမ္း၌အၿပဳံးကပီပီျပင္ျပင္ေပၚလာေသာ္လည္း အၾကည့္ကသူ႕စီမွာမဟုတ္ ။ စိတ္ရွိလက္ရွိသာဆြဲထိုးလိုက္ရင္ လက္သာက်ိဳးမည္ရင္ထဲေၾကနပ္မႈတစ္စက္မွာရွိလာလိပ္မည္မထင္ ။

မိနစ္20တိတိေစာင့္ၿပီးသည့္အခါမွာေတာ့ ေနာက္ဆုံးLaptopကိုပိတ္လိုက္ၿပိးလွ်င္ Aidenကိုေျခအစေခါင္းအဆုံးအကဲခတ္သည္ ။ ခႏြာကိုယ္တစ္ခုလုံးတြင္ လက္ႏွက္ဘယ္ေလာက္တပ္ဆင္လာသည္ကိုတခ်က္ေဝ့အၾကည့္မွာ ခါးၾကားထဲကpistol ၊ ေပါင္ပတ္ေဘးက လက္ဝါးေလာက္ရွိသည့္ဓားျမႇောင္ကႏွင့္ သားေရခါးပတ္ကအဆုံးအႏၱရာယ္ရွိသမွ် ပစည္းမ်ားကို Hazelေတြအစစ္ေဆးက်န္ခဲ့မွာမဟုတ္ ။

Aidenသည္လဲအၾကည့္တခ်က္မွမလႊဲစြာ ထိုမ်က္ဝန္းေတြကိုစူးစူးရဲရဲျပန္ၾကည့္လိုက္သည္ ။ အခုမွေသခ်ာျမင္မိသည္က အရင္ရက္ကၾကားထားသည့္သီတင္းေတြအတိုင္း JorDanပုံစံအရင္လိုဟုတ္မေနပါ ။ အရင္ကပုံမွန္႐ုံးထိုင္ရင္ေတာက္ေတာက္ေျပာင္ေျပာင္မဟုတ္ေတာင္ အၿမဲပင္ၾကည့္ေကာင္းေအာင္ျပင္ဆင္သည့္သူက ယခုဆံပင္မ်ားဖီးလိမ္းေတာင္မထား ဘိုသီဘက္သည္ကိုမွမညွပ္တာၾကာလို႔ နီညိုေရာင္ဆံပင္မ်ားကအနဲငယ္ရွည္လာသလို ။ မ်က္ႏွာလဲနဂိုအတိုင္းကိုမွ မ်က္ခမ္းအနဲငယ္ညိုေနသည္... သိပ္ေတာ့မသိသာ ။ သို႔ေသာ္အရင္လို ေစာက္ခြက္ၾကည့္ေျပးထိုးျခင္စိတ္ကေတာ့ တစက္ေလးမွေျပာက္မသြား.. ။

Aiden - ေျပာစရာမရွိရင္ အျခားအလုပ္ေတြရွိေသးတာမို႔...

JorDan - ေျပာဖို႔ထက္ေမးစရာရွိလို႔ေခၚခိုင္းတာ..

" စိတ္ထဲတထစ္ခ်ေကာက္ခ်က္ခ်လိဳက္သည္က မင္းသစ္ကို ပန္းဆီေရာင္ဆိုတဲ့ေကာင္မေလးအေၾကာင္းေျပာျပထားတာႏွင့္ပက္သက္ေနၿပီဆိုတဲ့ကိစၥအျပင္ တျခားအေၾကာင္းအရာကေခါင္းထဲစဥ္းစားမရ ။ လုပ္လိုက္... မင္းအေၾကာင္းေျပာတာမေၾကနပ္လို႔ ငါ့ကိုေခၚေတြ႕တာဆို... ငါ့မွာလဲေျပာစရာေတြအမ်ားႀကီးJorDan ..."

Aiden - အင္း.. ျမန္ျမန္ေျပာ..

လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ရင္းေမးလိုက္သည္ ။ သို႔ေသာ္ သူ႕အမူအယာကပုံမွန္ထက္တည္ၿငိမ္လြန္းတာမို႔ က်ိန္းေသသူ႕ဘက္ကေတာ့ စစစ္ခင္းရန္စဥ္းစားထားပုံမရ ။

ေအးေဆးစြာထိုင္ခုံမွထ၍ Aidenကိုေက်ာေပးအေနအထားႏွင့္ မွန္ျပတင္းေပါက္ႀကီးေတြကတဆင့္အျပင္ေလာကကိုမ်က္ႏွာခ်င္းဆိုင္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲကေငြျဖဴေရာင္မီးျခစ္ထုတ္ကာ ဘယ္အခ်ိန္ႏုတ္ခမ္းပါးကကိုက္ထားမွန္းမသိလိုက္သည့္ ေဆးလိပ္ကို က်န္လက္တဖက္ကအုပ္၍မီးညွိလိုက္သည္ ။

ပုံမွန္ထက္ကြဲျပားေသာအေနအထားတစ္ခုမွာ Aidenဝုန္းဒိုင္းထႀကဲဖို႔ဦးႏွောက္ကပိတ္ပင္ေနသည္မို႔ တျဖည္းျဖည္းေဆးလိပ္ျပာမ်ားတေဖ်ာက္ေဖ်ာက္က်ေနသည္ကိုပဲၾကည့္ေနမိသည္ ။ တခန္းလုံးAirconသံခပ္ပါးပါးႏွင့္ Aidenႏွလုံးခုန္သံခပ္ေဖ်ာ့ေဖ်ာ့ကလြဲ၍က်န္တဲ့အသံဘာဆိုဘာမွရွိမေနတဲ့အခ်ိန္ ထိုေဆးလိပ္တဝက္ေက်ာ္ေလာက္ေရာက္သည့္အခါ.. ။

JorDan - မင္းသစ္ဆိုတဲ့ကေလးကို ဘယ္လိုျမင္လဲAiden..

ပထမဆုံးထိုအညိုေရာင္ႏုတ္ခမ္းပါးကထြက္လာသည့္စကားတဲ့ ။ အရင္းမရွိအဖ်ားမရွိမွာ သူတို႔2ေယာက္ဆက္ဆံေရးက ယူမည့္သူအေၾကာင္းအ႐ႊန္းေဖာက္ဖို႔အေနအထားမရွိ ။ ဒါကိုငါက မင္းသစ္ကိုဘယ္လိုျမင္ရမလဲ? ။ မင္းအတြက္သင့္ေတာ္တဲ့သူတေယာက္လို႔ေျပာတာၾကားျခင္တာလား ။

Aiden - ငါဘယ္လိုျမင္တယ္ဆိုတာထက္ သူ႕ကေတာ့ငါ့ဆိုအေဝးဆုံးကိုေရွာင္ေနေတာ့တာ... ေရွာင့္သင့္တဲ့သူၾကမေရွာင္ဘဲေလ..

JorDan - အဟင္းး ဟုတ္လား...

ေၾကနပ္ေနတာလား? ။ ဒါကိုေမးဖို႔ေခၚလိုက္တာလား? ။ ေစာက္ေရးမပါတာေတြနဲ႕သပ္သပ္မ်က္ႏွာေျပာင္ျပေနတယ္ ။ Aidenေမးေၾကာေတြပါေထာင္လာသည္ ဒီထက္ဘယ္လိုမွဒီေဒါသေတြကိုထိန္းခ်ဳပ္လို႔မရေတာ့... ေရကာတာမွေရမ်ားၿပိဳဆင္းလာသကဲ့သို႔ အရာအားလုံးကိုဝုန္းကနဲတိုက္စားဖို႔အေနအထားမွာတင္.... ႐ုတ္တရက္လွည့္ၾကည့္ကာေျပာလိုက္သည့္စကားတခြန္းး.. ။

JorDan - ငါဒီေလာကႀကီးမွမရွိတဲ့အခ်ိန္ ကေလးကိုတာဝန္ယူေပးနိုင္မလား...

==================================

===============/////////////============

Continue Reading

You'll Also Like

47.3K 4.7K 51
Cfare do benit kur jeta e vertete vendos t'ju trokase ne dere? Per Anen te qenurit serioze, e pjekur dhe racionale nuk jane aspak opsione. Pergjigja...
17 0 3
She doesn't know his existence until her classmate told her how handsome he is.
9.2K 1K 34
kim taehyung:ជាអ្នកជួញដូរមុខជំនួញយ៉ាងធំមួយនៅក្នុងប្រទេសហើយក៏ជោកជ័យខ្លាំងលើមុខជំ នួយផងដែរ Hobi:ប៉ូលិសសម្ងាត់តែក៏ឈប់ធ្វើជាប៉ូលិសមកបន្តវេនគ្រួសាររបស់គេវ...
12.1K 1.6K 50
មនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុ...