သစ္စာနှောင်ကြိုး(completed)
By peonywang18
57.8K 3.3K 348
Zhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unic... More
Hello!!
ဇာတ်ကောင်မိတ်ဆက်
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
-Epilogue-
Goodbye
Extra
Chapter(14)
1.1K 88 8
By peonywang18
"ဟင်း...ရေ..ရေ...ပေး...ပါ"
ကိုက်ခဲနေသောခေါင်း၊​ဝေဝါးနေသောမျက်လုံး..ဟင်း..မသေသေးဘူးဘဲ။စကားပြောချင်ပေမဲ့ ခြောက်ကပ်နေတဲ့ခံတွင်းကြောင့် ရေကိုသာ အပ်ကွဲနေသောအသံဖြင့် တောင်းတမိလေသည်...
"ပိုင်လိ..နိုးပြီးလား..ဖြေးဖြေးထ..ရော့..ရေသောက်လိုက်"
"နေသာရဲ့လား ပိုင်လိ"
"ရှင်း..ကော"
"အင်း...ဘာလိုလို့လဲ"
"ကျွန်တော် ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ?"
ရှောင်...ကယ်တင်ပေးတာလား။အဲ့လိုသာဆို ရှောင်ကငါ့မျှော်လင့်ချက်ကို မထိခိုက်စေခဲ့ဘူးပဲ။
"ပိုင်လိ ကောပြောစကားနားမထောင်ဘူး။မင်းအဲ့လိုဖြစ်သွားတော့ ကောက ဘာမှမလုပ်ပေးနိုင်ဘူး။ဖုန့်သခင်လေး ကယ်တင်လို့သာပေါ့မဟုတ်ရင် ပိုင်လိကိုအခုကောမြင်ရတော့မှာမဟုတ်ဘူး.."
"ကျွန်တော်သတိမရတာ ဘယ်နှစ်ရက်ရှိပြီလဲ"
"သုံးရက်ရှိနေပြီ"
"ရှောင်..ကော...ကော..အခု..ဘယ်မှာလဲ"
"ပိုင်လိကိုကယ်ရင်းကနေ သခင်လေးဒဏ်ရာရသွားတယ်။အခုအကြီးအကဲအခန်းမှာ ချီစွမ်းအင်ပြန်လည်ကျင့်ကြံနေတယ်။"
သူ့ကိုကယ်ရင်း ထိခိုက်ဒဏ်ရာရသွားတဲ့ရှောင်..ထိခိုက်ဒဏ်ရာတွေဘယ်လောက်တောင်ရှိနေမလဲ။တောင်းပန်ပါတယ် ငါ့ပြသာနာထဲရှောင်ကိုဆွဲသွင်းမိလို့။
"ရှောင်စီ သွားချင်တယ်"
"အခုကိုယ့်ကိုယ်ကို အရင်ကြည့်အုန်း လမ်းလျှောက်တတ်စကလေးတောင် ပိုင်လိလောက်အခြေအနေမဆိုးဘူး။ဒီလိုပျော့ဖက်ပြီးလူမမာ
ပုံကို ဖုန့်သခင်လေးမြင်ရင်ဘယ်စိတ်ကောင်းပါ့မလဲ"
"အဲ့တုန်းကအခြေအနေကို ပြန်ပြောပြပါလား"
"အဲ့တုန်းက..ကိစ္စတွေကိုအဲ့မှာရှိတဲ့ လူတိုင်းမမှတ်မိဘူး။ကောသတိပြန်ဝင်ချိန်မှာ ဖုန့်သခင်လေးရင်ခွင်ထဲမှာ သတိလစ်နေတဲ့မင်းနဲ့ဒဏ်ရာအပြင်းအထန်ရနေတဲ့ သခင်လေးကိုပဲတွေ့မြင်ခဲ့ရတာ"
-----------
Feedback.....
"အား..!!!ရှောင်...အား..!!နာ...အ့...ပူ..တယ်..ရှောင်...ရှောင်ကျန့်....ကယ်ပါအုန်း...အား!!!. "
သူ့အမည်ကိုခေါ်လိုက်တဲ့ ရိအာ...နာကျင်မှုကြောင့် မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းညိုလေး... ကိုယ်ရင်တွေနာလိုက်တာ..ကိုယ်ရအောင်ကယ်မယ်....ကိုယ်ပြစ်ဒဏ်ခံရရင်တောင်...ကိုယ်ရှိနေသ၍မင်းကိုမထိခိုက်စေချင်ဘူး...
"ရိအာ!!!"
"ရှောင်..."ထိုတိုးညှင်းသောစကားသံအဆုံး သတိမေ့မြောသွားသောရိအာ
ဒီတစ်ကြိမ်ပါပဲကောင်းကင်အရှင် ကောင်းကင်စည်းမျဉ်းကို ​ေဖာက်ဖျက်ပါရစေ။ဒီအကြွေးကို ကျွန်တော်မျိုးဖုန့်ဟွာ သေထိအထိပြန်ပေးဆပ်ပါ့မယ်..
"မိုးကြိုးနတ်မင်းရပ်လော့!!!"
"စစ်နတ်ဘုရား အသင်ကျွနု်ပ်ရဲ့အပြစ်ပေး​ြခင်းကို ဝန်မစွပ်ဖက်ပါနှင့်.."
"အရှင်သာရိအာကို အပြစ်ဒဏ်ဆက်လက် အပြစ်ပေးနေအုန်းမယ်ဆိုရင် ကျွန်တော်မျိုးလည်း အရှင်ကိုပြန်လည်တိုက်ခိုက်ရန် ဝန်လေးမည်မဟုတ်ပါ"
"စစ်နတ်ဘုရား အသင်ဟာပထမအဆင့်နတ်ဘုရားမို့ လောကနတ်လေးပါးထဲက တစ်ပါးဖြင့်တဲ့အကျွနု်ပ်ကိုမလေးစားတာလား!!"
မီး၊ရေ၊လေ၊မိုး​ကြိုး စသည့်နတ်မင်းတွေဟာ ကောင်းကင်နတ်မင်းကြီးလေးပါးဖြစ်ပြီး သူတို့ဟာ တတိယမိစ္ဆာမင်းဆက်ထဲက လောကအရေးသုံးပါးတွင် ဝင်ရောက်စွပ်ဖက်ခြင်းအလျင်မရှိ။ယခုများတော့သူတို့ဟာရိအာကိုထိခိုက်စေနေပါရဲ့...
ပြီးတော့ လောကအရေးကိစ္စတွေကို တရားမျှတစွာဆောင်ရွက်ပေးတဲ့ လောကဖန်ဆင်းသူ နတ်ဘုရားမနွီဝါး၊နေနတ်မင်း၊ကံကြမ္မာနတ်မင်း​ေတွဟာ နတ်ဘုရားတွေကိုထိန်းသိမ်းအုပ်ချုပ်တဲ့ အနန္တာနတ်ဘုရားသုံးပါးဟာ ယခုလိုမတရားမှုကိုကြတော့ ငြိမ်သက်စွာကြည့်ရှုနေလေကြ၏။
"အရှင်...အင်အားနည်းတဲ့သူ​တွေကို အနိုင်ယူတာကောင်းသောလမ်းစဉ်မဟုတ်ဘူးလို့ လောကနတ်ဘုရားမနွီဝါးကပြောကြားထားပါတယ်။အဲ့သလိုပဲ ကျွန်တော်မျိုးဟာအရှင့်ကို မလေးစားရခြင်းအလျင်မရှိ...မတရားမှုကိုဆန့်ကျင်ခြင်းနှင့်...သူ့ကိုကာကွယ်ပေးချင်စိတ်သာရှိတာပါ.."
"စစ်နတ်ဘုရား!!!အသင်အနေနဲ့..ကျွနု်ပ်ကိုဆုံးမပြောဆိုနေစရာမလိုဘူး..ထိုကောင်လေး၏ပြစ်ဒဏ်..မိုးကြိုးခုနှစ်ချက်ကိုသာ..ပြီးမြောက်အောင်အကျွနု်ပ်စီမံမှာ။ဝင်ရောက်ဟန့်တားသူမှန်သမျှကို ကျွနု်ပ်ကသက်ညှာမည်မဟုတ်!!!..."
မိုးကြိုးဒဏ်သုံးချက်ကို ခံစားပြီးပြီးဖြစ်သောရိအာသည် နောက်ထပ်ပြစ်ဒဏ်ကိုခံစားနိုင်တော့မည်မဟုတ်။
"ကျွန်တော်မျိုးက..ကျန်ရှိတဲ့ပြစ်ဒဏ်ကိုကိုယ်စားခံယူပါမယ်.."
"စစ်နတ်ဘုရားအသင်...ရှုးမိုက်လိုက်လေခြင်း!!!"
ရိအာရဲ့ကိုယ်ပေါ်သို့ သွေးပြစ်ဒဏ်လွှဲအပ်ခြင်းအစီအစဉ်ကို စတင်ကာဆွဲသားလိုက်သည်။ထိုမှသာ ရိအာကိုယ်ပေါ်ကျရောက်မည့်ဖြစ်သော ကျန်သည့်မိုးကြိုးဒဏ်များကိုရိအာမခံစားရပဲ သူကသာကိုယ်စားခံစားရမည်ဖြစ်သည်။
"စတင်ပါတော့...မိုးကြိုးနတ်မင်း"
"ဂျလိန်း...အင့်..."
ပထမအချက်~ရိအာ ကိုယ်မင်းကိုကာကွယ်ပေးပါ့မယ်...
မိုးကြိုးနတ်မင်း၏ ယခင်ကထက်ပြင်းထန်သော အညှိုးအတေး မိုးကြိုးဒဏ်များကို ခံစားနေရသောစစ်နတ်ဘုရားသည် ထိုနတ်မင်းအပေါ်ဒေါသစိတ်အလျင်မရှိ။
"ဝေါ...ဂျလိန်း...အုန်း..ဝေါ့"
ပါးစပ်ထဲမှသွေးများ အန်နေပါသော်လည်း စစ်နတ်ဘုရားဟာအပြုံးမပျက်ပဲအပြစ်ဒဏ်ကို လိုလိုလားလားခံယူနေဆဲ..
ဒုတိယအချက်~~ကိုယ့်အသွေးအသားတွေကုန်ခမ်းသွားပါစေ..မင်းအတွက်သာဆိုရင် ထိုက်တန်တယ်...
"စစ်နတ်ဘုရား..အသင်ပြစ်ဒဏ်ကိုခံနိုင်သေးလော့"
အဖြူရောင်ဝတ်ရုံရှည်၌ သွေးများစွာစွန်းထင်ကာ နာကျင်မှုကိုအံထုနေပါသော စစ်နတ်ဘုရားကို အမေးစကားပြုလိုက်၏။
"ခံ...အင့်..နိုင်..ပါ..သေး..အ့...တယ်...စ..တင်..အင့်...ပါ"
"ဂျလိန်း..."
တတိယအချက်~ငါ့အသက်ရှင်နေသ၍ မင်းကိုမထိခိုက်စေချင်တာ..မုသားစကားမဟုတ်ပဲ..အမှန်တရားဆိုတာယုံကြည်ပေးပါ
အသက်ရှုရတာတောင် ခက်ခဲပင်ပန်းလာတယ်။တော်သေးတာပေါ့...ကျန်တဲ့ပြစ်ဒဏ်တွေကိုရိအာမခံစားရတာ...မင်းကိုယ်စားအပြစ်ပေးခံရတာကိုယ့်ရဲ့ကံကောင်းခြင်းပဲ....
"ဂျလိန်း....အင့်...ဝေါ့..အား!!"
နောက်ဆုံးအချက်~တောင်းပန်ပါတယ်..ကိုယ်ဟာအမိန့်တွေကို နာခံရသူဖြစ်နေတဲ့အတွက်...
"အသင်ဟာ..မိုက်ရှုးရဲဆန်သူတစ်ယောက်ပဲ...အကျွနု်ပ်အသင့်ကိုစကားတစ်ခွန်းပြောခဲ့မယ် ကံတရားကိုမည်သူမှ ပြောင်းလဲလို့မရဘူး'"
ကံကြမ္မာကို ပြောင်းလဲလို့မရနိုင်ဘူးဆိုတာ သူသိပါတယ်။ဒါပေမဲ့ကြိုးစားခွင့်တော့ ရှိတာပဲမဟုတ်လား။မအောင်မြင်ဘူးလို့ အတိအကျမည်သူကပြောနိုင်မလဲ...
သူ၏ကယ်တင်မှုကို မည်သူမှသိရှိရန်မလိုအပ်။ထိုကြောင့်မှတ်ဉာဏ်ဖျက်ဆေးအသုံးပြုလို့ လူတိုင်း၏မှတ်ဉာဏ်ထဲတွင် ဤဖြစ်ရပ်အာပျောက်ကွယ်စေခဲ့သည်။
"ဖုန့်ဟွာ ဘာတွေတွေးတောနေတာလဲ"
"အကြီးအကဲ"
"မင်းရဲ့ဒဏ်ရာတွေသက်သာပြီလား"
"သက်သာလာပါပြီ"
ရိအာ မင်းရဲ့ဒဏ်ရာတွေရောသက်သာရဲ့လား....
----------------
"ကော..ကျွန်တော်သက်သာပြီ..ရှောင်စီသွားချင်တယ်"
"သက်သာတာနဲ့..အငြိမ်ကိုမနေဘူး"
"ဟီး..ကောကလဲ"
"ဒေါက်..ဒေါက်.. အကြီးအကဲ"
"ဝင်ခဲ့"
"အာ...မင်းညီလေးရောပါတာကို.."
"တွေ့ဆုံရတာဝမ်းသာမိပါတယ် ကျွန်တော်ကပိုင်လိပါ"
"မင်းလောက်မိုက်ရှုးရဲဆန်တဲ့ကလေးမျိုး ငါ့တစ်သက်မတွေ့ဘူးသေးဘူး။ကောင်လေးတချို့သောအရာတွေကို သိပ်အစွဲအလန်းမကြီးစေနဲ့။အဆိပ်ပင်မှန်းသိသိရဲ့နဲ့ ပျိုးထောင်မနေနဲ့ အဲ့အပင်ကြောင့်မင်းအသက်ကိုဆုံးရှုံးနိုင်တယ်။မိမိကိုယ်မလိုအပ်တဲ့သူကို မဆွဲထားနဲ့လောဘဟာလူကို ပူလောင်စေနိုင်တယ်။တစ်ချိန်ချိန်ကြုံတွေ့လာရင် ဒီဆရာပြောတာကိုအမှတ်ရပါ"
"အကြီးအကဲ..ကျွန်တော့ညီလေးကစစ်ဆေးမှုအောင်မြင်ပါသလား"
"ဟား..ဟား...တန်ခိုးရှင်တွေရဲ့လုပ်ဆောင်ချက်ကို...သာမန်လူသားဖြစ်တဲ့ငါကမခန့်မှန်းနိုင်ဘူး။မင်းညီလေးမှာအရင်က ချီစွမ်းအင်မရှိပေမဲ့ အခုသူ့မှာချီစွမ်းအင်အပြည့်ရှိနေမှာမလွဲမသွေပဲ"
ဒါလည်းသူသိပြီသားပါ နိုးထလာကထဲက ချီစွမ်းအင်တွေဟာသူ့ခန္ဓာကိုယ်အနှံ့ဖြတ်သန်းစီးဆင်းနေတာကို ခံစားမိခဲ့တာ...
"ရှောင်..ဘယ်မှာလဲ.."
သူ့အမေးစကားဆုံးဆုံးခြင်း ထွက်ပေါ်လာသောအသံ
"ရိအာ"
"ရှောင်..."
မတွေ့ရတဲ့ရက်အတွင်းရှောင်ကပိုပိန်လာတယ် ပိုလည်းချောလာတယ်...ဟီး
"ရိအာ..."
ရင်ခွင်ထဲကိုတိုးဝင်လာတဲ့အနွေးလုံးလေးကို တင်းကျပ်စွာပြန်လည်ထွေးပွေ့လိုက်တယ်
"ရှောင်ကို..လွမ်းနေတာ"
"အင်း..ကိုယ်ရောပဲ"
"အဟန့်...အဟန့်"
ဟုတ်သား..အကြီးအကဲနဲ့ကောတို့ရှိနေတာကိုမေ့နေတာ..
"မနက်ဖြန်ပြိုင်ပွဲရှိတယ်..ကိုယ့်အဆောင်ကိုယ်ပြန်ကြတော့...ပိုင်လိ..ဆရာမှာတာမမေ့နဲ့"
"ဟုတ်ကဲ့"
"နှုတ်ဆက်ပါတယ် အကြီးအကဲ"
ကံတရားကိုပြောင်းလဲလို့မရဘူး ပိုင်လိ မင်းအနေနဲ့အစွဲအလန်း၊ချစ်စိတ်သာမထားခဲ့ရင် ထိုသူဟာမင်းအနားအမြဲရှိနေမှာ။
-----------------------------
ကောင်းကင်စည်းမျဉ်းများကို အမြဲလိုက်နာသော စစ်နတ်ဘုရား၊သံယောဇဉ်ကင်းမဲ့သော စစ်နတ်ဘုရားသည် ထိုကောင်ငယ်လေးအာမည်သည့်အကြောင်းရင်းကြောင့် ကယ်တင်ရပါသနည်း။
ခက်ခဲကြမ်းတမ်းသော..ထိုလူသားနှစ်ယောက်၏ပေါင်းဖက်မှုဟာ..ပျော်ရွှင်သောအဆုံးသတ်ဖြစ်နိုင်ပါ့မလား~~
10/3/2022
9:35am
Zawgyi
"ဟင်း...ရေ..ရေ...ပေး...ပါ"
"နေသာရဲ့လား ပိုင်လိ"
"ရှင်း..ကော"
"အင်း...ဘာလိုလို့လဲ"
"သုံးရက်ရှိနေပြီ"
"ရှောင်စီ သွားချင်တယ်"
-----------
Feedback.....
"ရိအာ!!!"
"စစ်နတ်ဘုရား အသင်ကျွန်ုပ်ရဲ့အပြစ်ပေး​ခြင်းကို ဝန်မစွပ်ဖက်ပါနှင့်.."
"စစ်နတ်ဘုရား အသင်ဟာပထမအဆင့်နတ်ဘုရားမို့ လောကနတ်လေးပါးထဲက တစ်ပါးဖြင့်တဲ့အကျွန်ုပ်ကိုမလေးစားတာလား!!"
ပြီးတော့ လောကအရေးကိစ္စတွေကို တရားမျှတစွာဆောင်ရွက်ပေးတဲ့ လောကဖန်ဆင်းသူ နတ်ဘုရားမနွီဝါး၊နေနတ်မင်း၊ကံကြမ္မာနတ်မင်း​တွေဟာ နတ်ဘုရားတွေကိုထိန်းသိမ်းအုပ်ချုပ်တဲ့ အနန္တာနတ်ဘုရားသုံးပါးဟာ ယခုလိုမတရားမှုကိုကြတော့ ငြိမ်သက်စွာကြည့်ရှုနေလေကြ၏။
"စစ်နတ်ဘုရား!!!အသင်အနေနဲ့..ကျွန်ုပ်ကိုဆုံးမပြောဆိုနေစရာမလိုဘူး..ထိုကောင်လေး၏ပြစ်ဒဏ်..မိုးကြိုးခုနှစ်ချက်ကိုသာ..ပြီးမြောက်အောင်အကျွန်ုပ်စီမံမှာ။ဝင်ရောက်ဟန့်တားသူမှန်သမျှကို ကျွန်ုပ်ကသက်ညှာမည်မဟုတ်!!!..."
"ဂျလိန်း...အင့်..."
"ဝေါ...ဂျလိန်း...အုန်း..ဝေါ့"
"ဂျလိန်း..."
"ဂျလိန်း....အင့်...ဝေါ့..အား!!"
"အသင်ဟာ..မိုက်ရှုးရဲဆန်သူတစ်ယောက်ပဲ...အကျွန်ုပ်အသင့်ကိုစကားတစ်ခွန်းပြောခဲ့မယ် ကံတရားကိုမည်သူမှ ပြောင်းလဲလို့မရဘူး'"
"အကြီးအကဲ"
"သက်သာလာပါပြီ"
----------------
"ဟီး..ကောကလဲ"
"ဒေါက်..ဒေါက်.. အကြီးအကဲ"
"ဝင်ခဲ့"
"ရှောင်..ဘယ်မှာလဲ.."
"ရိအာ"
"ရှောင်..."
"ရိအာ..."
"ရှောင်ကို..လွမ်းနေတာ"
"အင်း..ကိုယ်ရောပဲ"
"အဟန့်...အဟန့်"
"ဟုတ်ကဲ့"
-----------------------------
10/3/2022
9:35am
Continue Reading
You'll Also Like
55.7K 4.4K 19
Yizhan ဘဲရေးတာပါနော် ဒီတိုင်းရေးချင်စိတ်ဖစ်လိုက်လို့ပါ
109K 4.7K 30
Here you go, Peeps! 7+ people commented to make this a fanfic.
766K 28.4K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
277K 8.2K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...