High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 34 _ သီခွမ့်

1.2K 289 9
By Inix_ss

(Unicode)

တတိယနှစ်ကျောင်းသားများ အဆင်ပြေသက်သာစေရန်အလို့ငှာ ကျောင်းက အဆောင်ပထမအလွှာနှင့် ဒုတိယအလွှာအား တတိယနှစ်အတွက် သီးသန့်ထားပေးထားသည်။ ပိုင်ရွှိ၏ အဆောင်ခန်းမှာ ပထမထပ်တွင် ဖြစ်၏။

ကျန်းကျင့်ရိုပြောခဲ့သည်မှာ လျှိုမုချင်းက လင်ကျင့်ရွှယ်ထက် အဆင့်၊ အားကစား၊ ပန်းချီစသည့် နေရာများတွင် ပို၍ သာလွန်သော်လည်း ဆင်းရဲချို့တဲ့သည့် မိသားစုကြောင့်သာ စန္ဒရားနှင့် အလှမ်းဝေးခဲ့ခြင်း ဖြစ်သည်ဟုပင်။ ထို့ကြောင့် ဂီတပိုင်းတွင် လင်ကျင့်ရွှယ်ထက် အနည်းငယ် ညံ့နေလေသည်။ တစ်နည်းပြောရလျှင်တော့ လျှိုမုချင််း၏ ပန်းချီစွမ်းရည်မှာ ပထမတန်းစားဟု ဆိုနိုင်ပေသည်။

လွန်ခဲ့သည့် ၂နှစ်၊ လျှိုမုချင်း အထက်တန်းပထမနှစ်တုန်းက၊ သူမ၏ အဆောင်ခန်းမှာ လေးလွှာတွင် ရှိခဲ့သည်။ သေဆုံးသွားခဲ့သည့်နေရာမှာ သုံးလွှာနှင့် လေးလွှာကြားတွင်ဖြစ်သည်။ အခြားတစ်ဖက်လောကထဲက ဦးခေါင်းမှာ သုံးလွှာတွင် နေနေခြင်း ဖြစ်ပြီး၊ ပထမအလွှာနှင့် ဒုတိယအလွှာအား မသွားနိုင်ချေ။ ထို့ကြောင့် ပထမအလွှာနှင့် ဒုတိယအလွှာက လုံခြုံသည်ဟု ယူဆနိုင်သည်။

သို့သော် ပထမထပ်တွင်ရှိသည့် အဆောင်စောင့် အန်တီကြီးမှာ ညအချိန်၌ အပြင်သို့ မထွက်ရဲပေ။ တာဝန်ကျရုံးခန်းတံခါးကိုလည်း လော့ခ်ချထားကာ၊ အပြင်ကအော်ခေါ်ရင်တောင်မှ ထွက်လာမှာ မဟုတ်ချေ။ ထိုအချင်းအရာမှာ ပထမအလွှာနှင့် ဒုတိယအလွှာက အလွန်အန္တရာယ်များကြောင်း ပြနေခြင်း ဖြစ်လေသည်။ အထဲ၌ တည်ရှိနေသည့်အရာမှာ လျှိုမုချင်းကို မထိန်းချုပ်နိုင်သော်လည်း အနည်းဆုံးတော့ အင်အားခြင်း ယှဉ်နိုင်လောက်လေသည်။ ထို့ကြောင့်သာ တစ်ယောက်၏ ပိုင်နက်ကို တစ်ယောက်က မကျူးကျော်နိုင်ခြင်းဖြစ်သည်။

လင်ကျင့်ရွှယ်နေရာက ကြည့်လျှင်၊ သူမက လျှိုမုချင်းအား ပြိုင်ဘက်တစ်ယောက်အနေနှင့် သဘောထားခဲ့ကာ၊ နေရာတိုင်းလိုလို၌ သူမ ခေါင်းပေါ်သို့ ဖိအားများစွာ ပုံကျစေသည့် လူဟု တွေးထင်ခဲ့လိမ့်မည်။ တခြားလူများနေရာက စဉ်းစားကြည့်လျှင်တော့၊ လျှိုမုချင်းကငွေကြေးချို့တဲ့သည်၊။ ထိုအချက်က အလွန်အရေးနိမ့်သည့် ကိစ္စဖြစ်နေသည်။ ဘေးလူများကတော့ လင်ကျင့်ရွှယ်က ပို၍ သာလွန်ကာ၊ ပိုပြီး အားကျစရာကောင်းသည်ဟု စဉ်းစားကြလိမ့်မည်။ အထူးသဖြင့် ထိုသန်းချီတန်သည့် လတ်ပတ်နာရီကို ပိုင်ဆိုင်ထားသည့် နေရာမျိုး၌ပင်။

ပိုင်ရွှိက လင်ကျင့်ရွှယ်၏ သူငယ်ချင်းကောင်းဖြစ်သည်။ သူမကသာ တကယ် မနာလိုဖြစ်ခဲ့မည်ဖြစ်ဆိုလျှင် အမြဲတမ်း တောက်ပလင်းလက်နေသည့် လင်ကျင့်ရွှယ်ပင် ဖြစ်လိမ့်မည်ဖြစ်ကာ၊ မကောင်းမြင်စိတ်အားလုံးကိုလည်း သူမအပေါ်သာ ပုံချလိမ့်မည်။ ထို့ကြောင့် လျှိုမုချင်းအပေါ် အမုန်းတရားထားဖို့ဆိုသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ နှစ်ယောက်စလုံးအား အမုန်းပွါးရန် အကြောင်းဖန်လာစေသည့် ထူးခြားသည့် အဖြစ်အပျက်တစ်ခုခု ရှိမနေလျှင်သာပင်။

ကျောင်းဝန်း အံဖွယ်ဒဏ္ဍာရီထဲမှ မွန်နာလီဇာအံဖွယ်ဒဏ္ဍာရီကိုပါ ထည့်ပေါင်းလိုက်လျှင်၊ သဲလွန်စအကုန်လုံးဆက်စပ်မိသွားပြီဖြစ်သည်။ ရှင်ယဲ့၌ ပိုင်ရွှိက လျှိုမုချင်းအပေါ် အာဃတများရှိနေသည်ဟု သံသဃဖြစ်ရသည့် အကြောင်းအရင်းရှိသည်။ mission  သဲလွန်စအရဆိုလျှင် ပန်းချီကားနှင့် ပတ်သက်နေရမည်။

သေချာပေါက် ဒါတွေအကုန်လုံးကို တိုက်ဆိုင်မှုဟု မှတ်ယူ၍ ရနိုင်သော်လည်း၊ ရှင်ယဲ့က တိုက်ဆိုင်မှုဆိုသည့် အရာများ၏ တည်ရှိမှုကို မယုံကြည်ပေ။ မတော်တဆတိုက်ဆိုင်မှုဟု ခေါ်သော အရာအားလုံးမှာ မရေမတွက်နိုင်သည့် မလွဲဧကန်ဖြစ်ပေါ်လာသော ဆက်နွယ်မှုများမှ ပေါ်ပေါက်လာခြင်းသာဖြစ်သည်။

ထို့ကြောင့် 'မွန်နာလီဇာ အပြုံး' မှာ ပိုင်ရွှိက ပန်းချီပြိုင်ပွဲတွင် ပုံတူတုပရေးဆွဲကာ ပါဝင်ခဲ့သည့် ပန်းချီကားဖြစ်သည်ကို သီခွမ့်ဆီမှ သိခဲ့ရပြီးနောက်၊ ရှင်ယဲ့ စဉ်းစားမိလိုက်သည်က ထို ပန်းချီကားက တခြားလောက၏ ပထမအလွှာ၌ ရှိနေနိုင်သည့် ရာခိုင်နှုန်းမှာ 70% ကျော်လောက် ရှိသည်ဟုပင်!

ရှင်ယဲ့၏ ရှင်းပြချက်ကို ကြားလိုက်ရသည့် ချောင်ချန့််: "......"

သူနဲ့ ငါက ဂိမ်းတစ်ခုတည်းကို ကစားနေတာကော ဟုတ်ရဲ့လား? ငါတို့က တစ်ချိန်လုံး အတူတူ တွဲကစားနေကြတာကော ဟုတ်ရဲ့လား? ငါ့မှာ ဦးနှောက်ကော ရှိရဲ့လား? ချောင်ချန့် သူမကိုယ်သူမ သံသယဖြစ်နေမိလေ၏။

ထိုအချိန်တွင် သီခွမ့်ကတော့ ဖုန်းကို ဆက်ပြောနိုင်သေးလေ၏:

"ကျန်းကျင့်ရိုက ပိုင်ရွှိက ကျောင်းမှာလည်း ရှိသေးတယ်၊ သူ့အပေါ်လည်း တော်တော်ကောင်းတယ်၊ အရမ်းဂရုစိုက်တယ်လို့ ပြောတယ်ဆိုတော့၊ တော်တော်လေး ထူးဆန်းနေတယ်။ ကျောင်းအုပ်ကြီးကလည်း အခန်း ၄၀၄က လူအကြောင်းကို သိထားတယ်ဆိုတာက သူက အဲ့ဒီနေ့မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နှစ်ဖက်လုံးက လူနှစ်ယောက်စလုံး သေခဲ့ရတာကြောင့် ကျောင်းရဲ့ ဂုဏ်သိက္ခာအတွက် ကျောင်းအုပ်က အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ဒါပေမဲ့ ငါသာဆိုရင် ပိုင်ရွှိကို ကျောင်းမှာ ဆက်နေခွင့် လုံးဝပေးမှာ မဟုတ်ဘူး။ ပိုင်ရွှိကို ဗီဒီယိုနဲ့ ခြိမ်းခြောက်ပြီး၊ သူ့ဘာသာသူ ကျောင်းပြောင်းခိုင်းလိုက်မှာ"

ရှင်ယဲ့ ဖုန်းပြောပြီးနောက်၊  သီခွမ့်ကို ရှာကာ၊ အမှန်တရားအား ဖော်ထုတ်ရန်အတွက် သုံးယောက်သား ခေါင်မိုးပေါ်၌ ထပ်မံတွေ့ဆုံခဲ့ကြသည်။ လင်ကျင့်ရွှယ်လည်း ရှင်ယဲ့နောက်မှ ဆက်လိုက်လာလေသည်။ တစ္ဆေကိုတော့ သူတစ်ယောက်တည်းသာ မြင်နိုင်လေ၏။

သီခွမ့်က ပိုင်ရွှိကို ကျောင်းထုတ်မည်ဟု ပြောသည်ကို ကြားလိုက်ရသည့်အတွက် လင်ကျင့်ရွှယ်က သူ၏ ပုခုံးကို ကျေနပ်စွာဖြင့် ပုတ်လိုက်လေ၏။ "နင့်မှာ အနာဂတ်ကောင်းကောင်း ရှိတာပဲ" ဟူသော အပြုံးဖြင့်ပင်။

သီခွမ့်က ထူးဆန်းစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်: "ဘယ်သူ ငါ့ပုခုံးကို လာပုတ်တာလဲ?"

သူ့ဘေးတွင် ထိုင်နေသည့် ချောင်ချန့်: "......"

အကုန်လုံးကို သိနေသည့် ရှင်ယဲ့ကလည်း ပါးစပ်ပိတ်နေလေသည်။ ဒီလိုအချိန်မှာ စကားအများကြီး မပြောတာကောင်းသည်။

"နောက်မှာလည်း ဘယ်သူမှ မရှိဘူး? ဒါက ကျောင်းဝန်းအံဖွယ်ဒဏ္ဍာရီထဲက ပုခုံးပုတ်တဲ့ဖြစ်ရပ်မလား?" သီခွမ့်က သုံးသပ်လိုက်၏။ "ဒီဖြစ်ရပ်က ခေါင်မိုးပေါ်မှာ ဖြစ်လာတယ်ဆိုတော့၊ အဲ့ဒါကြောင့် မင်းတို့က အမြဲတမ်း ခေါင်မိုးထပ်မှာ တွေ့ကြတာလား?"

"မင်း အတွေးလွန်နေပြီ" ရှင်ယဲ့ကဆို၏။ "ခုနက ချောင်ချန့်က မင်းကို ပုတ်လိုက်တာပါ။ သူက အရမ်းမြန်တော့၊ မင်း သတိမထားမိလိုက်တာဖြစ်မယ်"

ချောင်ချန့််က မငြင်းပေ။ နားလည်မှုဖြင့် ဆိတ်ဆိတ်သာ နေလိုက်သည်။

သီခွမ့် သူတို့နှစ်ယောက်အား မသင်္ကာသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ချောင်ချန့်က ထုံးစံအတိုင်း ရုပ်တည်ဖြင့်သာနေကာ၊ ရှင်ယဲ့ကတော့ သရုပ်ဆောင်စွမ်းရည် အပြည့်ဖြင့်ပင်။ သူက တစ္ဆေကို မမြင်နိုင်တာကြောင့်၊ ဒီကိစ္စအား စိတ်ထဲ၌ သံသဃအဖြစ်ဖြင့်သာ သိမ်းထားနိုင်သည်။

"ဒါဆို ငါတို့ ဒီည ပန်းချီကားကို ရှာဖို့အတွက် မိန်းကလေးအဆောင် တစ်လွှာနဲ့ နှစ်လွှာကို သွားကြည့်ကြမှာပေ့ါ?" သီခွမ့်က မေးလိုက်၏။

"တစ်လွှာနဲ့ နှစ်လွှာလှေကားကနေ တစ်ဖက်လောကကို သွားဖို့ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။  လျှိုမုချင်းက သုံးလွှာနဲ့ လေးလွှာကြားမှာ သေခဲ့တာ။  အဲ့ဒီနေ့က ငါတို့ မမျှော်လင့်ဘဲ ဝင်သွားနိုင်ခဲ့တာက၊ ဝူယွီရဲ့ ကံကြောင့်ပဲ ဖြစ်ဖို့များတယ်" ရှင်ယဲ့ သီခွမ့်ကို စိုက်ကြည့်လိုက်သည်။ ခေါင်မိုးပေါ်သို့ ရောက်လာသည့်သူက သူတစ်ယောက်တည်းသာဖြစ်ပြီး၊  ကျန်သည့် ကံကြမ္မာလိုက််နာသူ သုံးယောက်ကတော့ ရှိမနေချေ။

သီခွမ့်က ဆို၏: "အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ သုံးလွှာနဲ့ လေးလွှာကြားထဲကနေ တစ်ဖက်လောကကို ရောက်ပြီး၊ တစ်လွှာနဲ့ နှစ်လွှာကို သွားချင်ရင် သုံးလွှာကို ဖြတ်ရမှာပဲမလား။ သုံးလွှာမှာက ဦးခေါင်း ရှိတယ်..... ဆိုတော့ သုံးလွှာကို ဖြတ်သွားချင်ရင် ဦးခေါင်းကို မဖြစ်မနေ ရှာရမှာပဲ။ အဲ့ဒါမှ တစ်လွှာနဲ့ နှစ်လွှာကို ရောက်နိုင်မှာ"

"မင်းရဲ့ အဖွဲ့သားသုံးယောက်က မလာဘူးဆိုတော့ ဦးခေါင်းကို လိုက်ရှာနေတာလား?" ရှင်ယဲ့ ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

"ကံကြမ္မာလိုက်နာတဲ့ သူတွေက ကံကောင်းတယ်ဆိုတော့ ပစ္စည်းရှာမယ့်အလုပ်ကို သူတို့ကိုပဲ ခွဲပေးလိုက်တာ မှန်တာပဲလေ။ ဦးနှောက်သုံးရမယ့် ကိစ္စတွေမှာ သူတို့ကိုသွားပြီး အနှောင့်အယှက်ပေးစရာမလိုဘူး။ ငါပဲ လုပ်ရင် ရတယ်" သီခွမ့်က ဆို၏။

ရှင်ယဲ့ ခပ်သဲ့သဲ့ ပြုံးလိုက်သည်: "ငါ အခု လိုက်နာသူ နဲ့ ဆန့်ကျင်သူ နှစ်ဖွဲ့ပေါင်းတာက မဆိုးဘူးဆိုတာ နားလည်သွားတယ်။ ဆန့်ကျင်သူတွေက လိုက်နာသူတွေဆီကနေ ဂုတ်သွေးစုပ်နေလို့ ရတာပေါ့"

သီခွမ့်က မျက်နှာပျက်သွားကာ၊ အကြည့်များက မုန်တိုင်းတိုက်တော့မည့် သယောင်ဖြစ်လာခဲ့သည်။

ရှင်ယဲ့ သူ့ကို မကြောက်ပေ။ အေးအေးဆေးဆေးသာ ဆိုလိုက်၏: "လူတစ်ယောက်ကို ထိန်းချုပ်ရတာကတော့ တော်တော်ခက်လိမ့်မယ်။ ဒါပေမဲ့ အံဝင်ခွင်ကျဖြစ်တဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ ဦးနှောက်ကျင်းဖို့က အရမ်းလွယ်တဲ့ အလုပ်တစ်ခုပဲ။ ပထမဆုံး၊ ကြံရာမရဖြစ်နေတဲ့အချိန်မှာ မက်လောက်စရာ အကျိုးခံစားခွင့်တွေကို ပြရမယ်။ အဲ့ဒီအကျိုးအမြတ်တွေက အမှန်အကန်လည်း ဖြစ်နိုင်သလို အတုအယောင်တွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒီကနေပြီး တစ်ဖက်လူရဲ့ မသိစိတ်ထဲမှာ အမြစ်တွယ်သွားမယ်။ ငါတော့ သွားပြီ၊ ဒါပေမဲ့ ဒီလူက ငါ့ကို ကယ်တင်ပေးနိုင်တယ်။ သူ့စကားကို နားထောင်မှ ငါ အသက်ရှင် လိမ့်မယ်ဆိုတာမျိုးပေါ့။

အဲ့လို ထပ်ခါထပ်ခါ နက်နက်ရှိုင်းရှိုင်း ဦးနှောက်ကျင်းပြီးတဲ့ နောက်မှာ၊ သူ့ရဲ့ စိတ်ထဲမှာ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုတစ််ခု ဖြစ်လာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် မှီခိုဖို့ မဖြစ်နိုင်ဘူး အဲ့ဒီလူကို မှီခိုရတော့မယ်လို့ပဲ စိတ်ထဲမှာ တွေးလာလိမ့်မယ်။

ဒီနည်းလမ်းက တကယ်ရိုးရှင်းတဲ့ ထိန်းချုပ်တဲ့ နည်းလမ်းပဲ။ အချို့ MLM အဖွဲ့အစည်းတွေနဲ့ ဘာသာရေးဂိုဏ်းတွေရဲ့ အဓိက မူဝါဒပေါ့"

သီခွမ့်က ဖုန်းကို ကောက်ကိုင်လိုက်သည်။ ချောင်ချန့််လည််း စကားတစ်ခွန်းမှမဆိုဘဲ သူ၏ ခေါင်းတည့်တည့်သို့သာ သေနတ်ဖြင့် ချိန်လိုက်၏။

ခေါင်းနောက်နားက အေးစက်သည့် အထိအတွေ့ကို ခံစားမိသည့်အခါ၊ သီခွမ့်က လှောင်ရယ်လိုက်သည်: "မင်းလည်း သူ့ကို ကြိုးကိုင်ခြယ်လှယ်နေတာ မဟုတ်ဘူးလား?"

"သူ အဲ့လို မလုပ်ဖူးဘူး" ချောင်ချန့်က ဆိုသည်။ "ထိန်းချုပ်ခံရတာ ဘယ်လို ခံစားချက််မျိုးလဲဆိုတာ ငါသိတယ်။ မှားနေတယ်ဆိုတာလည်း သေချာသိတယ်၊ စိတ်ထဲမှာလည်း အရမ်း မွန်းကျပ်နေရပေမဲ့ မလွတ်မြောက်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါ တစ်ယောက်တည်း မလုပ်နိုင်ဘူး။ သူမရှိဘဲ ရှေ့မဆက်နိုင်ဘူးလို့ ထင်ခဲ့လို့"

သို့သော် ရှင်ယဲ့ကတော့ ချောင်ချန့်ကို ဒီိလိုအတွေးမျိုး ရိုက်မသွင်းခဲ့ချေ။ သူက ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်တတ်ဖို့နှင့် အမှီအခိုကင်းစွာ လှုပ်ရှားနိုင်ရန် သူမ၏ စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ကိုသာ တဖွဖွ ဆိုခဲ့လေသည်။

"စိတ်မလှုပ်ရှားပါနဲ့။ သူအခု ငါ့ကို မသတ်သေးပါဘူး။ အခု ပူးပေါင်းထားတဲ့ ကာလမှာပဲ ရှိနေသေးတယ်။ နောက် အံဖွယ်ဒဏ္ဍာရီ နှစ်ခုကိုလည်း ရှာမတွေ့သေးဘူး။ 
သီခွမ့်က လက်တွေ့ကျကျ တွေးတတ်တဲ့ လူပါ။ မြစ်ကို မဖြတ်ရသေးခင်မှာ တံတားကို ဖြိုချမှာမဟုတ်ဘူး" ရှင်ယဲ့ ဆိုလိုက်သည်။

လက်တွေ့ကျကျ စဉ်းစားတတ်ခြင်းမှာ တစ်ခါတရံ သတိဝီရိယရှိခြင်းဟုလည်း ဆိုလိုနိုင်ပေသည်။ သတိဝီရိယရှိလျှင် တွန့်ဆုတ်တတ်သည်။  သတိရှိသည့် လူတစ်ယောက လက်လွတ်စပယ် လုပ်မှာမဟုတ်ပေ။

ရှင်ယဲ့ သီခွမ့်ကို ဆိုလိုက်သည်: "ငါ မင်းရဲ့ တွေးခေါ်ပုံကို နားလည်ပါတယ်။ ကံကြမ္မာဆန့်ကျင်အဖွဲ့ရဲ့ကံကမကောင်းဘူး။ ဒီဂိမ်းထဲ ခြေတစ်လှမ်းသာဖို့ဆိုတာ အရမ်းခက်ခဲတယ်။ တော်သေးတာတစ်ခုကတော့ ရှုပ်ထွေးပွေလီကမ္ဘာမှာ စိတ်ကြိုက်အဖွဲ့ဖွဲ့လို့ ရနိုင်တာပဲ။ ပြီးတော့ ရှုပ်ထွေးပွေလီကမ္ဘာရဲ့ အခက်အခဲကို  ကံတစ်ခုတည်းနဲ့ပဲ မကျော်ဖြတ်နိုင်တာ အသိအသာပဲဆိုတော့၊ ကံကြမ္မာလိုက်နာသူတွေကို ထိန်းချုပ်ဖို့အတွက်၊ စိိတ်ပိုင်းဆိုင်ရာ အားနည်းချက််တွေကို ထိုးနှက်နိုင်မယ့် အခွင့်အရေးတွေရှာပြီး၊ သူတို့ရဲ့ ကံကို အသုံးချဖို့ရွေးချယ်တာက မဆိုးဘူးပေါ့"

စကားပြောနေတုန်း၌မှာပဲ၊ လူတစ်ယောက်က ခေါင်မိုးပေါ်သို့ တက်လာခဲ့သည်။ ထိုသူမှာ ကွမ်းလင်ဖြစ်သည်။

ကွမ်းလင်က ရှင်ယဲ့နှင့် တိုက်ရိုက်အပြောအဆိုမရှိဖူးသည့် တစ်ဦးတည်းသော ကစားသူဖြစ်သည်။ သူက စာရွက်သုံးရွက်ကို ယူလာကာ သီခွမ့်အား ဆိုလိုက်လေ၏:

"အစ်ကိုသီ၊ ကျွန်တော် QR code သုံးခု ရှာတွေ့လာခဲ့တယ်။ စာကြည့်တိုက်၊ အားကစားခန်းမနဲ့ ယောကျ်ားလေးအဆောင်တွေမှာ တစ်ခုစီတွေ့တာ"

သီခွမ့်က QR codeကို လက်မခံရသေးခင်မှာပဲ၊  ချောင်ချန့်က ခြေထောက်ကို မြှောက်ကာ ကွမ်းလင်၏ လက်မောင်းကို ကန်လိုက်လေသည်။ ကွမ်းလင်၏ လက်မှာ ချော်သွားပြီး၊ QR code များ ခေါင်မိုးပေါ်သို့ လွှင့်ကျကုန်တော့သည်။

ရှင်ယဲ့က မလှုပ်ပေ။ မျက်လုံးများက QR code များပေါ်၌သာ မြဲမြံစွာ ရှိနေ၏။ ထိုအချိန်မှာပဲ ချောင်ချန့်ကို ပြောလိုက်သည်:

"အလျင်စလို မလုပ်နဲ့။ ငါတို့ QR codeတွေကို မလုဘူး"

သီခွမ့်မှာ QR code များ လွင့်ပျံလာသည့်အချိန် အလွန်ထိတ်လန့်သွားပြီးနောက်၊ ရုတ်တရက် သူ့ကိုယ်ပေါ်မှ လက်ပေါင်းများစွာ ထွက်ပေါ်လာတော့သည်။ လက်နှစ်ဖက်က ချောင်ချန့််ကို ချုပ်ထားကာ၊ ကျန်သည့် လက်များဖြင့် QR code များကို ကောက်ယူလိုက်လေ၏။

ချောင်ချန့်က သန်မာလှတာကြောင့်၊ မကြာမီမှာပဲ လွတ်မြောက်သွားတော့သည်။ သူမလည်း QR code များကို ကောက်ရန် ရည်ရွယ်ချက် မရှိပေ။

QR code များကို ကိုင်ထားသည့် သီခွမ့်က ဒေါသထွက်စွာ ဆိုလေ၏: "မင်းတို့ ဘာဖြစ်ချင်နေတာလဲ?"

"အဖွဲ့ဝင်အသစ်ရဲ့ အင်အားနဲ့ တုံ့ပြန်မှုကို စမ်းသပ်ကြည့်ချင်ရုံလေးပါ" ရှင်ယဲ့ တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါတို့က အခု ပူးပေါင်းထားတယ် ဆိုပေမဲ့၊ မင်းသိထားရမှာက ဒီလို ထိလွယ်ရှလွယ်ဖြစ်နေတဲ့ ပူးပေါင်းမှုက မနက်ဖြန်ညအထိပဲ ဆိုတာကိုပဲ။ မနက်ဖြန်ညပြီးတာနဲ့၊ ငါတို့က ပြိုင်ဘက်တွေ ပြန်ဖြစ်သွားပြီ။ အဲ့မတိုင်ခင် တစ်ချက်လောက် စမ်းသပ်ကြည့်တာ ပြဿနာ ရှိလို့လား? မင်းလည်း ငါ့ကို စမ်းသပ်ချင်နေတယ် မဟုတ်ဘူးလား? ငါက ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေးလေးထိုင်နေရင်တောင် မင်းက စိတ်အေးအေးထားပြီးနေနိုင်မှာလား?"

အစဉ်အလိုက်မေးလိုက်သည့် မေးခွန်းသုံးခုက သီခွမ့်၏ ဒေါသများကို အနည်းငယ် တည်ငြိမ်သွားစေသည်။ သူ QR code သုံးခုကို ဖုန်းထဲသို့ အမြန် သွင်းလိုက်ပြီးနောက်၊ စာရွက်များ ပျောက်သွားသည့်အခါမှ သက်ပြင်းချနိုင်သွားလေ၏။ ထို့နောက် သုန်မှုန်စွာဖြင့် ရှင်ယဲ့အား ဆိုလိုက်သည်:

"ကလိမ်ကကျစ်တွေ လုပ်ဖို့မစဉ်းစားနဲ့၊ မဟုတ်ရင် မင်းတို့ကို အခုချက်ချင်း ရှင်းပစ်လိုက်မယ်"

"ဟုတ်လား?" ရှင်ယဲ့ ကွမ်းလင်ကို ကြည့်လိုက်သည်။ "မင်း ကန်တင်း အနောက်ဘက်ခြံက ထုတ်လာတဲ့ memory cardကို သီခွမ့်ကို ပေးပြီးသွားပြီလား?

သီခွမ့်က ကွမ်းလင်အား သံသဃဖြင့် မေးလိုက်သည်: "ဘာ memory card လဲ။ memory card က ရှင်ယဲ့ လက်ထဲမှာ မဟုတ်ဘူးလား?"

ကွမ်းလင်၏ မျက်နှာမှာ ရုတ်တရက် ဖြူလျော့သွားတော့သည်။ ရှင်ယဲ့က ထကာ ဆိုလိုက်လေ၏:

"သီခွမ့်၊ ငါ အမြဲတမ်း စဉ်းစားမိတာက၊ နိုင်ထက်စီးနင်း ပုံစံအောက်မှာ နေရတဲ့ အဖွဲ့သားတွေက ဘာမဆို လိုက်နာတတ်တဲ့ ရုပ်သေးရုပ်တွေ ဖြစ်ရင်ဖြစ် မဖြစ်ရင် နောက်ကျောဓားနဲ့ထိုးမယ့်လူတွေဖြစ်သွားကြတာပဲ။ အဖွဲ့တစ်ဖွဲ့က ဆက်ပြီးအင်အားတောင့်လာဖို့အတွက်ဆို နိုင်လိုစိတ်ပြင်းပြမှုတော့ ရှိရမှာ‌ေပါ့။

ဒီည တခြားလောကထဲကို ဝင်နိုင်မဝင်နိုင်ဆိုတာ မသေချာရင်တောင်မှ၊ အနည်ဆုံးတော့ ကြိုးစားကြည့်ရမှာပဲ။ အဲ့ဒါဆို ည ၁၁နာရီခွဲ မိန်းကလေးအဆောင်အောက်မှာ လူစုကြမယ်။ အခု ညနေ ၆နာရီရှိပြီဆိုတော့ ၅ခွဲလောက်တော့ လိုသေးတယ်။ ငါလည်း အခု ပင်ပန်းနေပြီဆိုတော့၊ သွားနားလိုက်တော့မယ်"

သီခွမ့်က တစ်ခုခုလုပ်ချင်နေသော်လည်း သည်းခံသာနေလိုက်သည့် ပုံပေါ်လေသည်။ ရှင်ယဲ့၏ ရန်စမှုက ပြင်းထန်နေသည့်အပြင်၊ ရှင်ယဲ့က မပြောဘဲ ချန်ထားသည့် အရေးကြီးအချက်အလက်များ ရှိနေသည်ဟု သူ သံသဃဝင်နေမိလေသည်။ ထို့ကြောင့် အကုန်လုံးကို မသိရခင်မှာ သူ့ကို သတ်လို့မရနိုင်သေးပေ။

"မင်း ပြန်သွားပြီးတော့ ဆရာတင်းနဲ့ ဝူယွီကို တတ်နိုင်သလောက် ရှင်ယဲ့နဲ့ အဆက်အသွယ်မလုပ်ဘဲ ရှောင်နေဖို့ ပြောလိုက်" သီခွမ့်က သုန်မှုန်စွာဖြင့် ရှင်ယဲ့ နောက်ကျောကို ကြည့်ကာ ကွမ်းလင်အား ပြောလိုက်လေ၏။

တစ်ဖက်မှာတော့ ရှင်ယဲ့နှင့် ချောင်ချန့်တို့ ခေါင်မိုးပေါ်မှ တွယ်ဆင်းလာခဲ့ကြပြီးနောက်၊ ချက်ချင်းပင် စာသင်ခန်းထဲသို့ အပြေးပြန်သွားခဲ့ကြသည်။ ယခုအချိန်က မုန့်စားဆင်းချိန် ဖြစ်နေတာကြောင့် အတန်းထဲ၌ လူတစ်ယောက်မှ မရှိမနေချေ။  ရှင်ယဲ့ ချောင်ချန့််အား တံခါးကို စောင့်ကြည့်ခိုင်းလိုက်ပြီးနောက်၊ သူ့နေရာ၌ ထိုင်လိုက်ကာ၊ မျက်လုံးများကိုမှိတ်လျက် စိတ်ကိုငြိမ်အောင် ထားလိုက်လေသည်။

နာရီဝက်လောက်အကြာတွင်၊ ညနေဘက် ကိုယ်ပိုင်စာကြည့်ချိန်အတွက် ကျောင်းသားများက အတန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့လေသည်။ ရှင်ယဲ့ မျက်လုံံးများကို ဖွင့်လိုက်ပြီးနောက် ချောင်ချန့်ကို ပြောလိုက်သည်:

"မှတ်မိသွားပြီ။ အခု ကျန်တဲ့အချိန်ကို အဆောင်ခန်းကိုပြန်ပြီး၊ ကောင်းကောင်းအနားယူပြီး အားပြည့်အောင် လုပ်လိုက်။ မင်း ညကျရင် ငါတို့ကို နှစ်လွှာက ပြတင်းပေါက်တွေကို ကူဖွင့်ပေးရဦးမယ်။

"ဦးခေါင်းကို မရှာတော့ဘူးလား? မနက်ဖြန်က နောက်ဆုံးရက်လေ" ချောင်ချန့်က မေးလိုက်သည်။

"ဒီည မိန်းကလေးအဆောင် ဒုတိယအလွှာကို ဝင်ပြီးတဲ့နောက်မှပဲ ဆက်ပြောကြမယ်" ရှင်ယဲ့ ဆိုလိုက်သည်။

"ပြီးတော့ လူတွေက အနားယူဖို့လိုတယ်။ မျက်စိမှိတ်ပြီး အတင်းဆက်လုပ်နေရင် စိတ်ပင်ပန်းတာပဲ ရှိလိမ့်မယ်။ မနက်ဖြန်ည ဦးခေါင်းနဲ့ ကောင်လေးကို တွေ့ပြီးရင်၊ တိုက်ပွဲကြီးကြီးမားမားဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ စိတ်ကို နိုးနိုးကြားကြားဖြစ်အောင် လုပ်ထားမှရမယ်"

"ကောင်းပြီ" ချောင်ချန့် ခေါင်းညိတ်လိုက်ပြီးနောက် အဆောင်သို့ အမြန်ပြန်သွားတော့သည်။

ရှင်ယဲ့လည်း သူ၏ တစ်ယောက်ခန််းရှိရာသို့ ပြန်သွားလိုက်သည်။ ရေမိုးချိုးလိုက်ပြီးနောက်၊ မှန်ကို ထုတ်ကာ ရေဖြင့် အသာလေး ဆေးပေးလိုက်လေသည်။ ထို့နောက် နူးညံ့ကာ သန့်စင်သည့် ပဝါဖြင့် ရေများကို ခြောက်အောင် သုတ်ပေးလိုက်လေ၏။

ပြီးသည့်အခါ အိပ်ရာပေါ်၌ လှဲကာ မှန်အဖုံးကို ဖွင့်လိုက်လေသည်။ မှန်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် ချက်ချင်းပင် ဒေါသတကြီး ဆိုလေတော့သည်:

"မင်း ငါ့ကို အသုံးမဝင်လို့ အမြင်ကတ်တယ်ဆိုရင်လည်း၊ ငါ့ အစွမ်းတွေကို လာသုံးခိုင်းဖို့ မစဉ်းစားနဲ့၊ ဟွန့်!"

ရှင်ယဲ့ ဖုန်းကို ကြည့်လိုက်ရာ သူနှင့် မှန်၏ နှစ်သက်မှုနှုန်းက မျက်စိရှေ့တည့်တည့်မှာပင် အမြန်နှုန်းဖြင့် လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။ မူလက ၁၅ ရှိနေရာမှ၊ ယခု ၁၀အထိတောင် ပြုတ်ကျသွား‌ေလခဲ့သည်။

"ဒီအတိုင်း နောက်လိုက်တာပါ" သူ ပြန်ချော့လိုက်လေ၏။ "မင်းက အသုံးမဝင်တာ မဟုတ်ပါဘူး။ ငါက မင်းကို သူများတွေရှေ့မှ ထုတ်မပြချင်လို့ပါ။ ချောင်ချန့်ကိုတောင်မှပေါ့။ မင်းက ငါ့ရဲ့ ဝှက်ဖဲ လက်နက်ပဲ။ တကယ်လိုအပ်တဲ့ အချိန်မဟုတ်ရင် ငါမင်းရဲ့ အကူအညီကို တောင်းမှာ မဟုတ်ဘူး။ တီဗွီတွေ ရုပ်ရှင်တွေထဲမှာဆို ဟီးရိုးတွေက နောက်ဆုံးမိနစ်ကျမှ ပေါ်လာတတ်ကျတာ မဟုတ်ဘူးလား"

"ဟွန့်၊ မင်းက စကားတော့ ပြောတတ်သားပဲ" မှန်က ကုတင်ပေါ်သို့ ခုန်လိုက်လေသည်။

ရှင်ယဲ့ နှစ်သက်မှုနှုန်းက ၁၅သို့ အမြန်ပြန်တက်သွားသည်ကို မလှုပ်မယှက်ကြည့်နေလိုက်သည်။ လူတွေအပေါ် အကောင်းမြင်သည့် ခံစားချက် မရှိနိုင်သည့် လူမှာ မှန်မဟုတ်ပေ၊ သူကိုယ်တိုင်သာ ဖြစ်သည်။

မှန်၏ ဒေါသမှာ ရောက်လာတာလည်း မြန်သလို၊ ထွက်သွားတာလည်း မြန်လေသည်။ ရှင်ယဲ့က ချော့လိုက်သည့်အခါ၊ ဒေါသတောင်မထွက်တော့ပေ။ သူ့ ခန္ဓာကိုယ်အား ခက်ခက်ခဲခဲဖြင့် လှည့်လိုက်ပြီးနောက် ရှင်ယဲ့ဆီသို့ သွားကာ မေးလိုက်လေသည်:

"မင်း ဘာလို့ သီခွမ့်ကို ဘာလို့ ရန်သွားစတာလဲ? တကယ်သာ ချကြမယ်ဆိုရင်၊ မင်းသူ့ကို ချနိုင်မှာမဟုတ်ဘူး။ အရိုက်ခံပြီး သေသွားရင် ရှုံးသွားလိမ့်မယ်"

မှန်မှာ တကယ်ကို အာဃတမထားတတ်သည့် လူတစ်ယောက်ပင်။ ဘယ််လို မိသားစုမျိုးက မှန်ကို ဒီလိုမျိုး အကျင့်စရိုက်နဲ့လူဖြစ်အောင် ပျိုးထောင်နိုင်ခဲ့သလဲဆိုတာ ရှင်ယဲ့ နည်းနည်း သိချင်နေမိသည်။

သူ့အမြင်ရ ပြောရလျှင်၊ သူက ပြိုင်ဘက်ကင်းအလှတရားရှိတာကြောင့်၊ ကံကြမ္မာကို စိန်ခေါ်ခြင်းဂိမ်းကလည်း သတိထားမိကာ သူ့အား ထိုမူလစွမ်းရည်ကို ပေးခဲ့ခြင်းဖြစ်သည်။ သူက ကြည့်ကောင်းပြီး၊ ပြည့်စုံသည့် ဘဝရှိသည်။ သို့သော် မာနမကြီးပေ။ ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်ကာ၊ အခြားသူများ စိတ်ရင်းနှင့် တောင်းပန်သည်ကိုလည်း လကခံနိုင်ပြီး၊ အကောင်းမြင်၍ ရက်ရောတတ်သူဖြစ်သည်။ မှန်ဖြစ်လာတာတောင် အားမလျော့သွားဘဲ၊ လူတွေထက်တောင် ချစ်စရာကောင်းသည့် မှန်ဖြစ်လာသေးသည်။

ထို့အပြင်၊ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ၊ ယုံကြည်ချက်ရှိကြောင်းမှာလည်း ပေါ်လွင်နေလေသည်။

နည်းနည်းလေး ဂုဏ်ဖော်တတ်သည်ကလွဲလျှင်၊ ကောင်းမွန်ခြင်းများဖြင့် ပြည့်နေသည့် လူတစ်ယောက်ဟု ဆိုနိုင်ပေသည်။

မရင့်ကျက်သေး၍လည်း ဖြစ်နိုင်သော်လည်း၊ သူ့မိသားစုက သူ့ကို ကောင်းစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပုံရလေသည်။ နည်းနည်းလေးသာ သင်ကြားပေးလိုက်ပြီး၊ မူလစွမ်းရည်နှင့်သာ ပေါင်းစပ်လိုက်လျှင်၊ သူက တကယ် ထူးချွန်သည့် လူတစ်ယောက်ဖြစ်လာမှာပင်။

မှန်က မရှင်းမလင်းဖြစ်နေသည်ကို မြင်ရတိုင်း၊ ရှင်ယဲ့ ဘယ်တော့မှ ရှင်းပြရန်  တွေဝေခြင်းမရှိခဲ့ပေ:

"ငါက သူ ဘယ်လောက်ထိလုပ်ရဲလဲဆိုတာ စမ်းသပ်ဖို့အတွက် စွန့်စားလိုက်တာ။ အထူး QR code က အရမ်းအရေးကြီးတဲ့ itemလေ။ ငါက လုမယ့်အရိပ်အယောင်ပဲ ပြလိုက်တာ။ သာမန်လူဆိုရင် မထိန်းချုပ်နိုင်ပဲ ပြန်တိုက်ခိုက်လာမှာပဲ"

မှန်က နားလည်သွားသည်: "အဲ့လိုကိုး၊ ဒါဆို သူက သည်းခံတတ်ပြီး တော်တာပေါ့?"

"မဟုတ်ဘူး။ နည်းနည်းတော့ ထူးဆန်းတယ်" ရှင်ယဲ့ ခေါင်းခါလိုက်သည်။

"ငါ သူ့ဆီမှာ ကံကြမ္မာလိုက်နာသူတွေကို ဖိနှိပ်နိုင်တဲ့ အင်အားတော့ မတွေ့ရဘူး။ ကံကြမ္မာလိုက်နာတဲ့ သုံးယောက်က ဘယ်လိုလုပ်ပြီး QR code တွေကို မယူဘဲနဲ့ အကုန်လုံးကို သူ့လက်ထဲ ထည့်နိုင်ရတာလဲ?"

"ဟုတ်တယ်၊ ငါသာဆို ရှာတွေ့တဲ့ QR code တွေအကုန်လုံး ကိုယ့်ဟာကိုယ်ပဲ သုံးပစ်မှာ" မှန်က ထောက်ခံလေ၏။ "သူများတွေကို မပေးဘူး။ ပေးရင်တောင်မှ ငှါးလိုက်တာပဲ ရှိတယ်"

"ငှါးတယ်? ငှါးတဲ့သူတွေကကော ပြန်ပေးလား?" ရှင်ယဲ့ မယုံပေ။

မှန်ဆီက မမျှော်လင့်ထားသည့် အဖြေမှာ: "ပေးတယ်။ ငယ်ငယ်တည်းက ငါ့အဖေက ငါ့ကို ကံကောင်းတဲ့ ငတုံးလို့ ပြောတယ်။ ဘာမှ နားမလည်တဲ့ ပုံပေါ်ပေမဲ့၊ လူတွေကို ကြည့်တဲ့နေရာမှာ အရမ်းတိကျတယ်။ တစ်ခါမှ မကောင်းတဲ့လူတွေနဲ့ သူငယ်ချင်း မဖွဲ့ဖူးဘူး။  ငါ လူတစ်ယောက်ကို ပထမဆုံး ကြည့်လိုက်တာနဲ့ မသက်မသာခံစားရရင်၊ သူက ဘယ်လောက်ပဲ ငါ့ကို မြှောက်ပင့်ပါစေ၊ သူနဲ့ မိတ်ဆွေဖွဲ့မှာ မဟုတ်ဘူး"

တကယ်ကို မထင်ထားတဲ့ အဖြေပဲ အဲ့ဒါကြောင့် System က မှန်ကို ကျန့်ပြောင်သားရန်* အစွမ်း.....မဟုတ်ပါဘူး။ ပကတိမျက်လုံး အစွမ်းပေးထားတာပဲ။

*[ ကျန့်ပြောင်သားရန် က အင်တာနက်ဗန်းစကားမလို့ အဓိပ္ပာယ် အတိအကျမသိတဲ့အတွက် အသံထွက်အတိုင်းပဲ ရေးထားတာပါ။ ရှာကြည့်ရသလောက်က ရှေ့မှာဖြူစင်ယောင်ပြပြီး နောက်မှာ အကောက်ကြံတတ်တဲ့ ကြာပန်းဖြူတွေကို သတိထားမိနိုင်တဲ့ ဒရမ်မာတစ်ခုထဲက မင်းသားကို ရည်ညွှန်းပြီးပြောတာလို့ရေးထားပါတယ်]

တကယ့်် ကမ္ဘာတွင် မှန်လိုလူမျိုးများ ရှိကြသည်။ အလွန် တုံးအကာ အလွန် ရိုးစင်းပြီး EQ မှာလည်း နိမ့်နေသော်လည်း လူတွေကို ကြည့်တတ်သည်ကတော့ မွေးရာပါ အရည်အချင်းဖြစ်လေသည်။

တချို့လူများက မွေးလာကတည်းက လူတေွကို ကြည့်တတ်သည့် အမြင်ရှိတတ်ကြသည်။ တချို့လူများကတော့ အတွေ့အကြုံမှတစ်ဆင့် ထိုအရည်အချင်းကို မွေးမြူတတ်ကြသည်။ ရှင်ယဲ့ကတော့ ဒုတိယမြောက် လူမျိုးသာ ဖြစ်သည်။

သူလည်း တစ်ခါတုန်းက.... ဆိုးရွားလှသည့် ပရိယာယ်များဖြင့် ကြုံတွေ့ခဲ့ရဖူးသည်။ တောင်ဘက်နံရံကို ဖောက်ထွက်* ခဲ့သည့်အခါမှ၊ 'သစ်ပင်ပြိုခိုက် မျောက်များကွဲသည်'*
ဆိုသော အဓိပ္ပာယ်ကို နားလည်ခဲ့ရသည်။

*[တောင်ဘက်နံရံကို ဖောက်ထွက်တယ်ဆိုတာက မပြောင်းလဲဘဲ ခေါင်းမာမာနဲ့ တောင့်ခံထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

*သစ်ပင်ပြိုခိုက် မျောက်များကွဲသည်ကလည်း အခွင့်အရေးသမားတွေက အခြေအနေမဟန်တာနဲ့ စွန့်ခွါသွားတတ်ကြတယ်လို့ ဆိုလိုတာပါ။
(idiom အဓိပ္ပာယ်တွေကို googleက ရှာပြီး အဆင်ပြေသလို ပြန်ထားတာမလို့ မှားတာတွေလည်း ရှိနိုင်ပါတယ်။)]

ရှင်ယဲ့ အသံတိတ်သွားသည်ကို မြင်သည့်အခါ မှန်က စိတ်ပူစွာ မေးလာလေသည်:

"မင်း ဘာဖြစ်တာလဲ? စိတ်မကောင်းဖြစ်သွားတာလား?

"မင်းက တကယ် ပြောနိုင်တာပဲ" ရှင်ယဲ့ သူ့မျက်နှာသူ ထိကိုင်လိုက်သည်။

"ငါက ခံစားချက်တွေ မဖော်ပြမိအောင် လေ့ကျင့်ထားတာကို၊ မင်းက ငါ စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ?"

"ဟဲဟဲဟဲ... ငါက ငယ်ငယ်တည်းက ငါ့ အဖေမျက်နှာကို ကြည့်လာတာကို" မှန်က အရှက်ပြေရယ်ကာ ဆိုလေ၏။

"ငါအဖေက မင်းလိုပဲ၊ ဘာကိစ္စတွေပဲ ဖြစ်နေပါစေ မျက်နှာမပျက်ဘူး။ တစ်ယောက်ယောက် သူ့စိတ်ကိုမြင်သွားလို့ရှိရင် တစ်ခုခုဆုံးရှုံးသွားမှာ ကြောက်နေတဲ့အတိုင်းပဲ။ ငါက ငယ်ငယ်တည်းက ငါ့အဖေကို အရမ်းချစ်တာဆိုတော့ သူရဲ့ မျက်နှာအမူအရာတွေကို လေ့လာဖို့ကြိုးစားခဲ့တယ်။ ဆိုးတာက မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကြည့်တော့ ကြည့်တတ်တယ်"

အဖေဖြစ်သူအကြောင်း ပြောသည့်အချိန််၊ သူ၏ အသံမှာ စိတ်လှုပ်ရှားလာလေသည်။

ရှင်ယဲ့၏ နှလုံးသားမှာလည်း ပျော့ပြောင်းသွားခဲ့လေ၏: "မှန်.. မင်း မှန်ဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ?"

"မသိဘူး" မှန်မှာ ရုတ်တရက် စိတ်ညစ်သွားတော့သည်။

"အချိန်တွေ ဘယ်လောက်ကြာသွားပြီ ဆိုတာလည်းမသိဘူး။ တကယ့်ကမ္ဘာမှာ ငါ့ ခန္ဓာကိုယ်က ဘယ်လိုတွေဖြစ်နေပြီ ဆိုတာလည်း မသိဘူး။ သေသွားပြီလား မြေမြှုပ်ခံလိုက်ရပြီလား ဆိုတာကောပဲ။ ဟင့် ဟင့် ဟင့်..."

စကားပြောနေရင်းဖြင့် တကယ် ငိုချလာလေသည်။ ရှင်ယဲ့ ခဏလောက် ကြံရာမရဖြစ်သွားခဲ့ရသည်။ သူ့ညီလေး ရှင်ရှော့ကလည်း လိမ္မာပြီး မငိုတတ်တာကြောင့် သူ ငိုနေသည့်လူကို တစ်ခါမှ မချော့ဖူးပေ။

ထိုအစား လက်အောက်ငယ်သားများကိုသာ ငိုအောင် လုပ်ဖူးလေသည်။

"ဒါဆို မင်း နာမည် ငါ့ကို ပြောပြပါလား။ ငါ တကယ့်ကမ္ဘာကို ပြန်ရောက်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ရှာကြည့်ပေးမယ်လေ?" ထိုသည်မှာ ရှင်ယဲ့ စဉ်းစားနိုင်သည့် အကောင်းဆုံးသော နှစ်သိမ့်မှုဖြစ်လေသည်။

မှန်မှာ ချက်ချင်းပင် မှောင်အတိကျသွားကာ၊ ငိုသံမှာလည်း ပျောက်ကွယ်သွားတော့သည်။

ကောင်းတယ်၊ ရင်းနှီးအမှတ်က ၂၀အောက်ရောက်နေရင် မေးလို့မရဘူးပေါ့။

ဒါက မှန်၏ အမှားမဟုတ််ချေ။ ရှင်ယဲ့က မှန်ကို သဘောမကျနိုင်သေးတာ ကြောင့်သာဖြစ်သည်။ အမြဲတမ်းလိုလို နှလုံးသားအတွင်းထဲမှာ သူ့အပေါ် သံသဃများ မကင်းနိုင်သေးတာကြောင့်ပင်။

မှန်က သူ့ကို မလှည့်စားဘူးဆိုတာကို သူ ယုံကြည်သည်။ စိုးရိမ်သည်က မှန်လည်း သူ့လိုမျိုး System ဆီကအသုံးချခံနေရမှာကိုပင်။ ခံစားချက်တွေကို ပုံအပ်မိလျှင်၊ ဆုံးရှုံးရသည့်အခါ နာကျင်ရမှာပင်၊ ရှင်ယဲ့ သူ၏ မိသားစုဝင်အားလုံးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည်။ သူ ဒီလို ခံစားချက်ကို ထပ်ပြီး မခံစားရချင်တော့ပေ။

မပိုင်ဆိုင်ရလျှင် ဆုံးရှုံးရမှာလည်း မဟုတ်ပေ။ ဘာမှ မရှိလျှင်၊ ဘာမှ ကြောက်စရာလည်း မလိုပေ။

ရှင်ယဲ့က သီခွမ့်ရဲ့ ကြောက်ရွံ့တတ်မှုနှင့် သတိရှိမှုကို ဘာကြောင့် နားလည်နေရတာလဲဟုဆိုလျှင် သူကိုယ်တိုင်ကလည်း ထိုလိုလူမျိုး ဖြစ်နေလို့ပင်။

ပျော့ညံ့သည့် စိတ်ကို ဖုံးကွယ်ရန်အတွက် အပြင်က သန်မာသည့် အကာအရံထားထားကာ၊ ခြေတစ်လှမ်း လှမ်းဖို့တောင် မဝံ့ရဲခဲ့‌ေချ။

မှန်၏ ကွယ်ဝှက်ထားခြင်းမရှိသည့် စိတ်ထားကို စဉ်းစားမိသည့်အခါ၊ ရှင်ယဲ့ မှန်ကို ထိတွေ့ကာ ပြုံးလိုက်လေသည်: "မင်းက ငါ့ထက် သန်မာပါတယ်"


(Zawgyi)

               
                 Chapter 34 _ သီခြမ့္

တတိယႏွစ္ေက်ာင္းသားမ်ား အဆင္ေျပသက္သာေစရန္အလို႔ငွာ ေက်ာင္းက အေဆာင္ပထမအလႊာႏွင့္ ဒုတိယအလႊာအား တတိယႏွစ္အတြက္ သီးသန္႔ထားေပးထားသည္။ ပိုင္႐ႊိ၏ အေဆာင္ခန္းမွာ ပထမထပ္တြင္ ျဖစ္၏။

က်န္းက်င့္႐ိုေျပာခဲ့သည္မွာ လွ်ိဳမုခ်င္းက လင္က်င့္႐ႊယ္ထက္ အဆင့္၊ အားကစား၊ ပန္းခ်ီစသည့္ ေနရာမ်ားတြင္ ပို၍ သာလြန္ေသာ္လည္း ဆင္းရဲခ်ိဳ႕တဲ့သည့္ မိသားစုေၾကာင့္သာ စႏၵရားႏွင့္ အလွမ္းေဝးခဲ့ျခင္း ျဖစ္သည္ဟုပင္။ ထို႔ေၾကာင့္ ဂီတပိုင္းတြင္ လင္က်င့္႐ႊယ္ထက္ အနည္းငယ္ ညံ့ေနေလသည္။ တစ္နည္းေျပာရလွ်င္ေတာ့ လွ်ိဳမုခ်င္္း၏ ပန္းခ်ီစြမ္းရည္မွာ ပထမတန္းစားဟု ဆိုႏိုင္ေပသည္။

လြန္ခဲ့သည့္ ၂ႏွစ္၊ လွ်ိဳမုခ်င္း အထက္တန္းပထမႏွစ္တုန္းက၊ သူမ၏ အေဆာင္ခန္းမွာ ေလးလႊာတြင္ ရွိခဲ့သည္။ ေသဆုံးသြားခဲ့သည့္ေနရာမွာ သုံးလႊာႏွင့္ ေလးလႊာၾကားတြင္ျဖစ္သည္။ အျခားတစ္ဖက္ေလာကထဲက ဦးေခါင္းမွာ သုံးလႊာတြင္ ေနေနျခင္း ျဖစ္ၿပီး၊ ပထမအလႊာႏွင့္ ဒုတိယအလႊာအား မသြားႏိုင္ေခ်။ ထို႔ေၾကာင့္ ပထမအလႊာႏွင့္ ဒုတိယအလႊာက လုံၿခဳံသည္ဟု ယူဆႏိုင္သည္။

သို႔ေသာ္ ပထမထပ္တြင္ရွိသည့္ အေဆာင္ေစာင့္ အန္တီႀကီးမွာ ညအခ်ိန္၌ အျပင္သို႔ မထြက္ရဲေပ။ တာဝန္က်႐ုံးခန္းတံခါးကိုလည္း ေလာ့ခ္ခ်ထားကာ၊ အျပင္ကေအာ္ေခၚရင္ေတာင္မွ ထြက္လာမွာ မဟုတ္ေခ်။ ထိုအခ်င္းအရာမွာ ပထမအလႊာႏွင့္ ဒုတိယအလႊာက အလြန္အႏၲရာယ္မ်ားေၾကာင္း ျပေနျခင္း ျဖစ္ေလသည္။ အထဲ၌ တည္ရွိေနသည့္အရာမွာ လွ်ိဳမုခ်င္းကို မထိန္းခ်ဳပ္ႏိုင္ေသာ္လည္း အနည္းဆုံးေတာ့ အင္အားျခင္း ယွဥ္ႏိုင္ေလာက္ေလသည္။ ထို႔ေၾကာင့္သာ တစ္ေယာက္၏ ပိုင္နက္ကို တစ္ေယာက္က မက်ဴးေက်ာ္ႏိုင္ျခင္းျဖစ္သည္။

လင္က်င့္႐ႊယ္ေနရာက ၾကည့္လွ်င္၊ သူမက လွ်ိဳမုခ်င္းအား ၿပိဳင္ဘက္တစ္ေယာက္အေနႏွင့္ သေဘာထားခဲ့ကာ၊ ေနရာတိုင္းလိုလို၌ သူမ ေခါင္းေပၚသို႔ ဖိအားမ်ားစြာ ပုံက်ေစသည့္ လူဟု ေတြးထင္ခဲ့လိမ့္မည္။ တျခားလူမ်ားေနရာက စဥ္းစားၾကည့္လွ်င္ေတာ့၊ လွ်ိဳမုခ်င္းကေငြေၾကးခ်ိဳ႕တဲ့သည္၊။ ထိုအခ်က္က အလြန္အေရးနိမ့္သည့္ ကိစၥျဖစ္ေနသည္။ ေဘးလူမ်ားကေတာ့ လင္က်င့္႐ႊယ္က ပို၍ သာလြန္ကာ၊ ပိုၿပီး အားက်စရာေကာင္းသည္ဟု စဥ္းစားၾကလိမ့္မည္။ အထူးသျဖင့္ ထိုသန္းခ်ီတန္သည့္ လတ္ပတ္နာရီကို ပိုင္ဆိုင္ထားသည့္ ေနရာမ်ိဳး၌ပင္။

ပိုင္႐ႊိက လင္က်င့္႐ႊယ္၏ သူငယ္ခ်င္းေကာင္းျဖစ္သည္။ သူမကသာ တကယ္ မနာလိုျဖစ္ခဲ့မည္ျဖစ္ဆိုလွ်င္ အၿမဲတမ္း ေတာက္ပလင္းလက္ေနသည့္ လင္က်င့္႐ႊယ္ပင္ ျဖစ္လိမ့္မည္ျဖစ္ကာ၊ မေကာင္းျမင္စိတ္အားလုံးကိုလည္း သူမအေပၚသာ ပုံခ်လိမ့္မည္။ ထို႔ေၾကာင့္ လွ်ိဳမုခ်င္းအေပၚ အမုန္းတရားထားဖို႔ဆိုသည္မွာ အလြန္ခက္ခဲေပလိမ့္မည္။ အကယ္၍ ႏွစ္ေယာက္စလုံးအား အမုန္းပြါးရန္ အေၾကာင္းဖန္လာေစသည့္ ထူးျခားသည့္ အျဖစ္အပ်က္တစ္ခုခု ရွိမေနလွ်င္သာပင္။

ေက်ာင္းဝန္း အံဖြယ္ဒ႑ာရီထဲမွ မြန္နာလီဇာအံဖြယ္ဒ႑ာရီကိုပါ ထည့္ေပါင္းလိုက္လွ်င္၊ သဲလြန္စအကုန္လုံးဆက္စပ္မိသြားၿပီျဖစ္သည္။ ရွင္ယဲ့၌ ပိုင္႐ႊိက လွ်ိဳမုခ်င္းအေပၚ အာဃတမ်ားရွိေနသည္ဟု သံသဃျဖစ္ရသည့္ အေၾကာင္းအရင္းရွိသည္။ mission  သဲလြန္စအရဆိုလွ်င္ ပန္းခ်ီကားႏွင့္ ပတ္သက္ေနရမည္။

ေသခ်ာေပါက္ ဒါေတြအကုန္လုံးကို တိုက္ဆိုင္မႈဟု မွတ္ယူ၍ ရႏိုင္ေသာ္လည္း၊ ရွင္ယဲ့က တိုက္ဆိုင္မႈဆိုသည့္ အရာမ်ား၏ တည္ရွိမႈကို မယုံၾကည္ေပ။ မေတာ္တဆတိုက္ဆိုင္မႈဟု ေခၚေသာ အရာအားလုံးမွာ မေရမတြက္ႏိုင္သည့္ မလြဲဧကန္ျဖစ္ေပၚလာေသာ ဆက္ႏြယ္မႈမ်ားမွ ေပၚေပါက္လာျခင္းသာျဖစ္သည္။

ထို႔ေၾကာင့္ 'မြန္နာလီဇာ အၿပဳံး' မွာ ပိုင္႐ႊိက ပန္းခ်ီၿပိဳင္ပြဲတြင္ ပုံတူတုပေရးဆြဲကာ ပါဝင္ခဲ့သည့္ ပန္းခ်ီကားျဖစ္သည္ကို သီခြမ့္ဆီမွ သိခဲ့ရၿပီးေနာက္၊ ရွင္ယဲ့ စဥ္းစားမိလိုက္သည္က ထို ပန္းခ်ီကားက တျခားေလာက၏ ပထမအလႊာ၌ ရွိေနႏိုင္သည့္ ရာခိုင္ႏႈန္းမွာ 70% ေက်ာ္ေလာက္ ရွိသည္ဟုပင္!

ရွင္ယဲ့၏ ရွင္းျပခ်က္ကို ၾကားလိုက္ရသည့္ ေခ်ာင္ခ်န့္္: "......"

သူနဲ႔ ငါက ဂိမ္းတစ္ခုတည္းကို ကစားေနတာေကာ ဟုတ္ရဲ႕လား? ငါတို႔က တစ္ခ်ိန္လုံး အတူတူ တြဲကစားေနၾကတာေကာ ဟုတ္ရဲ႕လား? ငါ့မွာ ဦးေႏွာက္ေကာ ရွိရဲ႕လား? ေခ်ာင္ခ်န္႔ သူမကိုယ္သူမ သံသယျဖစ္ေနမိေလ၏။

ထိုအခ်ိန္တြင္ သီခြမ့္ကေတာ့ ဖုန္းကို ဆက္ေျပာႏိုင္ေသးေလ၏:

"က်န္းက်င့္႐ိုက ပိုင္႐ႊိက ေက်ာင္းမွာလည္း ရွိေသးတယ္၊ သူ႔အေပၚလည္း ေတာ္ေတာ္ေကာင္းတယ္၊ အရမ္းဂ႐ုစိုက္တယ္လို႔ ေျပာတယ္ဆိုေတာ့၊ ေတာ္ေတာ္ေလး ထူးဆန္းေနတယ္။ ေက်ာင္းအုပ္ႀကီးကလည္း အခန္း ၄၀၄က လူအေၾကာင္းကို သိထားတယ္ဆိုတာက သူက အဲ့ဒီေန႔မွာ ဘာေတြျဖစ္ခဲ့လဲဆိုတာကို သိေနတယ္ဆိုတဲ့ အဓိပၸာယ္ပဲ။ ႏွစ္ဖက္လုံးက လူႏွစ္ေယာက္စလုံး ေသခဲ့ရတာေၾကာင့္ ေက်ာင္းရဲ႕ ဂုဏ္သိကၡာအတြက္ ေက်ာင္းအုပ္က အျဖစ္မွန္ကို ဖုံးကြယ္ဖို႔ ဆုံးျဖတ္လိုက္တာေပါ့။ ဒါေပမဲ့ ငါသာဆိုရင္ ပိုင္႐ႊိကို ေက်ာင္းမွာ ဆက္ေနခြင့္ လုံးဝေပးမွာ မဟုတ္ဘူး။ ပိုင္႐ႊိကို ဗီဒီယိုနဲ႔ ၿခိမ္းေျခာက္ၿပီး၊ သူ႔ဘာသာသူ ေက်ာင္းေျပာင္းခိုင္းလိုက္မွာ"

ရွင္ယဲ့ ဖုန္းေျပာၿပီးေနာက္၊  သီခြမ့္ကို ရွာကာ၊ အမွန္တရားအား ေဖာ္ထုတ္ရန္အတြက္ သုံးေယာက္သား ေခါင္မိုးေပၚ၌ ထပ္မံေတြ႕ဆုံခဲ့ၾကသည္။ လင္က်င့္႐ႊယ္လည္း ရွင္ယဲ့ေနာက္မွ ဆက္လိုက္လာေလသည္။ တေစၦကိုေတာ့ သူတစ္ေယာက္တည္းသာ ျမင္ႏိုင္ေလ၏။

သီခြမ့္က ပိုင္႐ႊိကို ေက်ာင္းထုတ္မည္ဟု ေျပာသည္ကို ၾကားလိုက္ရသည့္အတြက္ လင္က်င့္႐ႊယ္က သူ၏ ပုခုံးကို ေက်နပ္စြာျဖင့္ ပုတ္လိုက္ေလ၏။ "နင့္မွာ အနာဂတ္ေကာင္းေကာင္း ရွိတာပဲ" ဟူေသာ အၿပဳံးျဖင့္ပင္။

သီခြမ့္က ထူးဆန္းစြာျဖင့္ ေခါင္းလွည့္ၾကည့္လိုက္သည္: "ဘယ္သူ ငါ့ပုခုံးကို လာပုတ္တာလဲ?"

သူ႔ေဘးတြင္ ထိုင္ေနသည့္ ေခ်ာင္ခ်န္႔: "......"

အကုန္လုံးကို သိေနသည့္ ရွင္ယဲ့ကလည္း ပါးစပ္ပိတ္ေနေလသည္။ ဒီလိုအခ်ိန္မွာ စကားအမ်ားႀကီး မေျပာတာေကာင္းသည္။

"ေနာက္မွာလည္း ဘယ္သူမွ မရွိဘူး? ဒါက ေက်ာင္းဝန္းအံဖြယ္ဒ႑ာရီထဲက ပုခုံးပုတ္တဲ့ျဖစ္ရပ္မလား?" သီခြမ့္က သုံးသပ္လိုက္၏။ "ဒီျဖစ္ရပ္က ေခါင္မိုးေပၚမွာ ျဖစ္လာတယ္ဆိုေတာ့၊ အဲ့ဒါေၾကာင့္ မင္းတို႔က အၿမဲတမ္း ေခါင္မိုးထပ္မွာ ေတြ႕ၾကတာလား?"

"မင္း အေတြးလြန္ေနၿပီ" ရွင္ယဲ့ကဆို၏။ "ခုနက ေခ်ာင္ခ်န္႔က မင္းကို ပုတ္လိုက္တာပါ။ သူက အရမ္းျမန္ေတာ့၊ မင္း သတိမထားမိလိုက္တာျဖစ္မယ္"

ေခ်ာင္ခ်န့္္က မျငင္းေပ။ နားလည္မႈျဖင့္ ဆိတ္ဆိတ္သာ ေနလိုက္သည္။

သီခြမ့္ သူတို႔ႏွစ္ေယာက္အား မသကၤာသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္ေလသည္။ ေခ်ာင္ခ်န္႔က ထုံးစံအတိုင္း ႐ုပ္တည္ျဖင့္သာေနကာ၊ ရွင္ယဲ့ကေတာ့ သ႐ုပ္ေဆာင္စြမ္းရည္ အျပည့္ျဖင့္ပင္။ သူက တေစၦကို မျမင္ႏိုင္တာေၾကာင့္၊ ဒီကိစၥအား စိတ္ထဲ၌ သံသဃအျဖစ္ျဖင့္သာ သိမ္းထားႏိုင္သည္။

"ဒါဆို ငါတို႔ ဒီည ပန္းခ်ီကားကို ရွာဖို႔အတြက္ မိန္းကေလးအေဆာင္ တစ္လႊာနဲ႔ ႏွစ္လႊာကို သြားၾကည့္ၾကမွာေပ့ါ?" သီခြမ့္က ေမးလိုက္၏။

"တစ္လႊာနဲ႔ ႏွစ္လႊာေလွကားကေန တစ္ဖက္ေလာကကို သြားဖို႔ မျဖစ္ႏိုင္ဘူးလို႔ ငါထင္တယ္။  လွ်ိဳမုခ်င္းက သုံးလႊာနဲ႔ ေလးလႊာၾကားမွာ ေသခဲ့တာ။  အဲ့ဒီေန႔က ငါတို႔ မေမွ်ာ္လင့္ဘဲ ဝင္သြားႏိုင္ခဲ့တာက၊ ဝူယြီရဲ႕ ကံေၾကာင့္ပဲ ျဖစ္ဖို႔မ်ားတယ္" ရွင္ယဲ့ သီခြမ့္ကို စိုက္ၾကည့္လိုက္သည္။ ေခါင္မိုးေပၚသို႔ ေရာက္လာသည့္သူက သူတစ္ေယာက္တည္းသာျဖစ္ၿပီး၊  က်န္သည့္ ကံၾကမၼာလိုက္္နာသူ သုံးေယာက္ကေတာ့ ရွိမေနေခ်။

သီခြမ့္က ဆို၏: "အဓိပၸာယ္ရွိတယ္။ ဒါေပမဲ့ သုံးလႊာနဲ႔ ေလးလႊာၾကားထဲကေန တစ္ဖက္ေလာကကို ေရာက္ၿပီး၊ တစ္လႊာနဲ႔ ႏွစ္လႊာကို သြားခ်င္ရင္ သုံးလႊာကို ျဖတ္ရမွာပဲမလား။ သုံးလႊာမွာက ဦးေခါင္း ရွိတယ္..... ဆိုေတာ့ သုံးလႊာကို ျဖတ္သြားခ်င္ရင္ ဦးေခါင္းကို မျဖစ္မေန ရွာရမွာပဲ။ အဲ့ဒါမွ တစ္လႊာနဲ႔ ႏွစ္လႊာကို ေရာက္ႏိုင္မွာ"

"မင္းရဲ႕ အဖြဲ႕သားသုံးေယာက္က မလာဘူးဆိုေတာ့ ဦးေခါင္းကို လိုက္ရွာေနတာလား?" ရွင္ယဲ့ ရည္႐ြယ္ခ်က္ရွိရွိ ေမးလိုက္သည္။

"ကံၾကမၼာလိုက္နာတဲ့ သူေတြက ကံေကာင္းတယ္ဆိုေတာ့ ပစၥည္းရွာမယ့္အလုပ္ကို သူတို႔ကိုပဲ ခြဲေပးလိုက္တာ မွန္တာပဲေလ။ ဦးေႏွာက္သုံးရမယ့္ ကိစၥေတြမွာ သူတို႔ကိုသြားၿပီး အေႏွာင့္အယွက္ေပးစရာမလိုဘူး။ ငါပဲ လုပ္ရင္ ရတယ္" သီခြမ့္က ဆို၏။

ရွင္ယဲ့ ခပ္သဲ့သဲ့ ၿပဳံးလိုက္သည္: "ငါ အခု လိုက္နာသူ နဲ႔ ဆန္႔က်င္သူ ႏွစ္ဖြဲ႕ေပါင္းတာက မဆိုးဘူးဆိုတာ နားလည္သြားတယ္။ ဆန္႔က်င္သူေတြက လိုက္နာသူေတြဆီကေန ဂုတ္ေသြးစုပ္ေနလို႔ ရတာေပါ့"

သီခြမ့္က မ်က္ႏွာပ်က္သြားကာ၊ အၾကည့္မ်ားက မုန္တိုင္းတိုက္ေတာ့မည့္ သေယာင္ျဖစ္လာခဲ့သည္။

ရွင္ယဲ့ သူ႔ကို မေၾကာက္ေပ။ ေအးေအးေဆးေဆးသာ ဆိုလိုက္၏: "လူတစ္ေယာက္ကို ထိန္းခ်ဳပ္ရတာကေတာ့ ေတာ္ေတာ္ခက္လိမ့္မယ္။ ဒါေပမဲ့ အံဝင္ခြင္က်ျဖစ္တဲ့ အေျခအေနမ်ိဳးမွာ ဆိုရင္ေတာ့ ဦးေႏွာက္က်င္းဖို႔က အရမ္းလြယ္တဲ့ အလုပ္တစ္ခုပဲ။ ပထမဆုံး၊ ႀကံရာမရျဖစ္ေနတဲ့အခ်ိန္မွာ မက္ေလာက္စရာ အက်ိဳးခံစားခြင့္ေတြကို ျပရမယ္။ အဲ့ဒီအက်ိဳးအျမတ္ေတြက အမွန္အကန္လည္း ျဖစ္ႏိုင္သလို အတုအေယာင္ေတြလည္း ျဖစ္ႏိုင္တယ္။ အဲ့ဒီကေနၿပီး တစ္ဖက္လူရဲ႕ မသိစိတ္ထဲမွာ အျမစ္တြယ္သြားမယ္။ ငါေတာ့ သြားၿပီ၊ ဒါေပမဲ့ ဒီလူက ငါ့ကို ကယ္တင္ေပးႏိုင္တယ္။ သူ႔စကားကို နားေထာင္မွ ငါ အသက္ရွင္ လိမ့္မယ္ဆိုတာမ်ိဳးေပါ့။

အဲ့လို ထပ္ခါထပ္ခါ နက္နက္ရႈိင္းရႈိင္း ဦးေႏွာက္က်င္းၿပီးတဲ့ ေနာက္မွာ၊ သူ႔ရဲ႕ စိတ္ထဲမွာ စိတ္ပိုင္းဆိုင္ရာ မွီခိုမႈတစ္္ခု ျဖစ္လာလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္ မွီခိုဖို႔ မျဖစ္ႏိုင္ဘူး အဲ့ဒီလူကို မွီခိုရေတာ့မယ္လို႔ပဲ စိတ္ထဲမွာ ေတြးလာလိမ့္မယ္။

ဒီနည္းလမ္းက တကယ္႐ိုးရွင္းတဲ့ ထိန္းခ်ဳပ္တဲ့ နည္းလမ္းပဲ။ အခ်ိဳ႕ MLM အဖြဲ႕အစည္းေတြနဲ႔ ဘာသာေရးဂိုဏ္းေတြရဲ႕ အဓိက မူဝါဒေပါ့"

သီခြမ့္က ဖုန္းကို ေကာက္ကိုင္လိုက္သည္။ ေခ်ာင္ခ်န့္္လည္္း စကားတစ္ခြန္းမွမဆိုဘဲ သူ၏ ေခါင္းတည့္တည့္သို႔သာ ေသနတ္ျဖင့္ ခ်ိန္လိုက္၏။

ေခါင္းေနာက္နားက ေအးစက္သည့္ အထိအေတြ႕ကို ခံစားမိသည့္အခါ၊ သီခြမ့္က ေလွာင္ရယ္လိုက္သည္: "မင္းလည္း သူ႔ကို ႀကိဳးကိုင္ျခယ္လွယ္ေနတာ မဟုတ္ဘူးလား?"

"သူ အဲ့လို မလုပ္ဖူးဘူး" ေခ်ာင္ခ်န္႔က ဆိုသည္။ "ထိန္းခ်ဳပ္ခံရတာ ဘယ္လို ခံစားခ်က္္မ်ိဳးလဲဆိုတာ ငါသိတယ္။ မွားေနတယ္ဆိုတာလည္း ေသခ်ာသိတယ္၊ စိတ္ထဲမွာလည္း အရမ္း မြန္းက်ပ္ေနရေပမဲ့ မလြတ္ေျမာက္ႏိုင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ငါ တစ္ေယာက္တည္း မလုပ္ႏိုင္ဘူး။ သူမရွိဘဲ ေရွ႕မဆက္ႏိုင္ဘူးလို႔ ထင္ခဲ့လို႔"

သို႔ေသာ္ ရွင္ယဲ့ကေတာ့ ေခ်ာင္ခ်န္႔ကို ဒီိလိုအေတြးမ်ိဳး ႐ိုက္မသြင္းခဲ့ေခ်။ သူက ကိုယ့္ဘာသာကိုယ္ စဥ္းစားေတြးေခၚတတ္ဖို႔ႏွင့္ အမွီအခိုကင္းစြာ လႈပ္ရွားႏိုင္ရန္ သူမ၏ စြမ္းရည္ကို တိုးတက္ေအာင္ လုပ္ဖို႔ကိုသာ တဖြဖြ ဆိုခဲ့ေလသည္။

"စိတ္မလႈပ္ရွားပါနဲ႔။ သူအခု ငါ့ကို မသတ္ေသးပါဘူး။ အခု ပူးေပါင္းထားတဲ့ ကာလမွာပဲ ရွိေနေသးတယ္။ ေနာက္ အံဖြယ္ဒ႑ာရီ ႏွစ္ခုကိုလည္း ရွာမေတြ႕ေသးဘူး။ 
သီခြမ့္က လက္ေတြ႕က်က် ေတြးတတ္တဲ့ လူပါ။ ျမစ္ကို မျဖတ္ရေသးခင္မွာ တံတားကို ၿဖိဳခ်မွာမဟုတ္ဘူး" ရွင္ယဲ့ ဆိုလိုက္သည္။

လက္ေတြ႕က်က် စဥ္းစားတတ္ျခင္းမွာ တစ္ခါတရံ သတိဝီရိယရွိျခင္းဟုလည္း ဆိုလိုႏိုင္ေပသည္။ သတိဝီရိယရွိလွ်င္ တြန႔္ဆုတ္တတ္သည္။  သတိရွိသည့္ လူတစ္ေယာက လက္လြတ္စပယ္ လုပ္မွာမဟုတ္ေပ။

ရွင္ယဲ့ သီခြမ့္ကို ဆိုလိုက္သည္: "ငါ မင္းရဲ႕ ေတြးေခၚပုံကို နားလည္ပါတယ္။ ကံၾကမၼာဆန္႔က်င္အဖြဲ႕ရဲ႕ကံကမေကာင္းဘူး။ ဒီဂိမ္းထဲ ေျခတစ္လွမ္းသာဖို႔ဆိုတာ အရမ္းခက္ခဲတယ္။ ေတာ္ေသးတာတစ္ခုကေတာ့ ရႈပ္ေထြးေပြလီကမာၻမွာ စိတ္ႀကိဳက္အဖြဲ႕ဖြဲ႕လို႔ ရႏိုင္တာပဲ။ ၿပီးေတာ့ ရႈပ္ေထြးေပြလီကမာၻရဲ႕ အခက္အခဲကို  ကံတစ္ခုတည္းနဲ႔ပဲ မေက်ာ္ျဖတ္ႏိုင္တာ အသိအသာပဲဆိုေတာ့၊ ကံၾကမၼာလိုက္နာသူေတြကို ထိန္းခ်ဳပ္ဖို႔အတြက္၊ စိိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္္ေတြကို ထိုးႏွက္ႏိုင္မယ့္ အခြင့္အေရးေတြရွာၿပီး၊ သူတို႔ရဲ႕ ကံကို အသုံးခ်ဖို႔ေ႐ြးခ်ယ္တာက မဆိုးဘူးေပါ့"

စကားေျပာေနတုန္း၌မွာပဲ၊ လူတစ္ေယာက္က ေခါင္မိုးေပၚသို႔ တက္လာခဲ့သည္။ ထိုသူမွာ ကြမ္းလင္ျဖစ္သည္။

ကြမ္းလင္က ရွင္ယဲ့ႏွင့္ တိုက္႐ိုက္အေျပာအဆိုမရွိဖူးသည့္ တစ္ဦးတည္းေသာ ကစားသူျဖစ္သည္။ သူက စာ႐ြက္သုံး႐ြက္ကို ယူလာကာ သီခြမ့္အား ဆိုလိုက္ေလ၏:

"အစ္ကိုသီ၊ ကြၽန္ေတာ္ QR code သုံးခု ရွာေတြ႕လာခဲ့တယ္။ စာၾကည့္တိုက္၊ အားကစားခန္းမနဲ႔ ေယာက်္ားေလးအေဆာင္ေတြမွာ တစ္ခုစီေတြ႕တာ"

သီခြမ့္က QR codeကို လက္မခံရေသးခင္မွာပဲ၊  ေခ်ာင္ခ်န္႔က ေျခေထာက္ကို ေျမႇာက္ကာ ကြမ္းလင္၏ လက္ေမာင္းကို ကန္လိုက္ေလသည္။ ကြမ္းလင္၏ လက္မွာ ေခ်ာ္သြားၿပီး၊ QR code မ်ား ေခါင္မိုးေပၚသို႔ လႊင့္က်ကုန္ေတာ့သည္။

ရွင္ယဲ့က မလႈပ္ေပ။ မ်က္လုံးမ်ားက QR code မ်ားေပၚ၌သာ ၿမဲၿမံစြာ ရွိေန၏။ ထိုအခ်ိန္မွာပဲ ေခ်ာင္ခ်န္႔ကို ေျပာလိုက္သည္:

"အလ်င္စလို မလုပ္နဲ႔။ ငါတို႔ QR codeေတြကို မလုဘူး"

သီခြမ့္မွာ QR code မ်ား လြင့္ပ်ံလာသည့္အခ်ိန္ အလြန္ထိတ္လန္႔သြားၿပီးေနာက္၊ ႐ုတ္တရက္ သူ႔ကိုယ္ေပၚမွ လက္ေပါင္းမ်ားစြာ ထြက္ေပၚလာေတာ့သည္။ လက္ႏွစ္ဖက္က ေခ်ာင္ခ်န့္္ကို ခ်ဳပ္ထားကာ၊ က်န္သည့္ လက္မ်ားျဖင့္ QR code မ်ားကို ေကာက္ယူလိုက္ေလ၏။

ေခ်ာင္ခ်န္႔က သန္မာလွတာေၾကာင့္၊ မၾကာမီမွာပဲ လြတ္ေျမာက္သြားေတာ့သည္။ သူမလည္း QR code မ်ားကို ေကာက္ရန္ ရည္႐ြယ္ခ်က္ မရွိေပ။

QR code မ်ားကို ကိုင္ထားသည့္ သီခြမ့္က ေဒါသထြက္စြာ ဆိုေလ၏: "မင္းတို႔ ဘာျဖစ္ခ်င္ေနတာလဲ?"

"အဖြဲ႕ဝင္အသစ္ရဲ႕ အင္အားနဲ႔ တုံ႔ျပန္မႈကို စမ္းသပ္ၾကည့္ခ်င္႐ုံေလးပါ" ရွင္ယဲ့ တည္ၿငိမ္စြာ ဆိုလိုက္သည္။

"ငါတို႔က အခု ပူးေပါင္းထားတယ္ ဆိုေပမဲ့၊ မင္းသိထားရမွာက ဒီလို ထိလြယ္ရွလြယ္ျဖစ္ေနတဲ့ ပူးေပါင္းမႈက မနက္ျဖန္ညအထိပဲ ဆိုတာကိုပဲ။ မနက္ျဖန္ညၿပီးတာနဲ႔၊ ငါတို႔က ၿပိဳင္ဘက္ေတြ ျပန္ျဖစ္သြားၿပီ။ အဲ့မတိုင္ခင္ တစ္ခ်က္ေလာက္ စမ္းသပ္ၾကည့္တာ ျပႆနာ ရွိလို႔လား? မင္းလည္း ငါ့ကို စမ္းသပ္ခ်င္ေနတယ္ မဟုတ္ဘူးလား? ငါက ယဥ္ယဥ္ေက်းေက်းနဲ႔ ေအးေအးေဆးေဆးေလးထိုင္ေနရင္ေတာင္ မင္းက စိတ္ေအးေအးထားၿပီးေနႏိုင္မွာလား?"

အစဥ္အလိုက္ေမးလိုက္သည့္ ေမးခြန္းသုံးခုက သီခြမ့္၏ ေဒါသမ်ားကို အနည္းငယ္ တည္ၿငိမ္သြားေစသည္။ သူ QR code သုံးခုကို ဖုန္းထဲသို႔ အျမန္ သြင္းလိုက္ၿပီးေနာက္၊ စာ႐ြက္မ်ား ေပ်ာက္သြားသည့္အခါမွ သက္ျပင္းခ်ႏိုင္သြားေလ၏။ ထို႔ေနာက္ သုန္မႈန္စြာျဖင့္ ရွင္ယဲ့အား ဆိုလိုက္သည္:

"ကလိမ္ကက်စ္ေတြ လုပ္ဖို႔မစဥ္းစားနဲ႔၊ မဟုတ္ရင္ မင္းတို႔ကို အခုခ်က္ခ်င္း ရွင္းပစ္လိုက္မယ္"

"ဟုတ္လား?" ရွင္ယဲ့ ကြမ္းလင္ကို ၾကည့္လိုက္သည္။ "မင္း ကန္တင္း အေနာက္ဘက္ၿခံက ထုတ္လာတဲ့ memory cardကို သီခြမ့္ကို ေပးၿပီးသြားၿပီလား?

သီခြမ့္က ကြမ္းလင္အား သံသဃျဖင့္ ေမးလိုက္သည္: "ဘာ memory card လဲ။ memory card က ရွင္ယဲ့ လက္ထဲမွာ မဟုတ္ဘူးလား?"

ကြမ္းလင္၏ မ်က္ႏွာမွာ ႐ုတ္တရက္ ျဖဴေလ်ာ့သြားေတာ့သည္။ ရွင္ယဲ့က ထကာ ဆိုလိုက္ေလ၏:

"သီခြမ့္၊ ငါ အၿမဲတမ္း စဥ္းစားမိတာက၊ ႏိုင္ထက္စီးနင္း ပုံစံေအာက္မွာ ေနရတဲ့ အဖြဲ႕သားေတြက ဘာမဆို လိုက္နာတတ္တဲ့ ႐ုပ္ေသး႐ုပ္ေတြ ျဖစ္ရင္ျဖစ္ မျဖစ္ရင္ ေနာက္ေက်ာဓားနဲ႔ထိုးမယ့္လူေတြျဖစ္သြားၾကတာပဲ။ အဖြဲ႕တစ္ဖြဲ႕က ဆက္ၿပီးအင္အားေတာင့္လာဖို႔အတြက္ဆို ႏိုင္လိုစိတ္ျပင္းျပမႈေတာ့ ရွိရမွာ‌ေပါ့။

ဒီည တျခားေလာကထဲကို ဝင္ႏိုင္မဝင္ႏိုင္ဆိုတာ မေသခ်ာရင္ေတာင္မွ၊ အနည္ဆုံးေတာ့ ႀကိဳးစားၾကည့္ရမွာပဲ။ အဲ့ဒါဆို ည ၁၁နာရီခြဲ မိန္းကေလးအေဆာင္ေအာက္မွာ လူစုၾကမယ္။ အခု ညေန ၆နာရီရွိၿပီဆိုေတာ့ ၅ခြဲေလာက္ေတာ့ လိုေသးတယ္။ ငါလည္း အခု ပင္ပန္းေနၿပီဆိုေတာ့၊ သြားနားလိုက္ေတာ့မယ္"

သီခြမ့္က တစ္ခုခုလုပ္ခ်င္ေနေသာ္လည္း သည္းခံသာေနလိုက္သည့္ ပုံေပၚေလသည္။ ရွင္ယဲ့၏ ရန္စမႈက ျပင္းထန္ေနသည့္အျပင္၊ ရွင္ယဲ့က မေျပာဘဲ ခ်န္ထားသည့္ အေရးႀကီးအခ်က္အလက္မ်ား ရွိေနသည္ဟု သူ သံသဃဝင္ေနမိေလသည္။ ထို႔ေၾကာင့္ အကုန္လုံးကို မသိရခင္မွာ သူ႔ကို သတ္လို႔မရႏိုင္ေသးေပ။

"မင္း ျပန္သြားၿပီးေတာ့ ဆရာတင္းနဲ႔ ဝူယြီကို တတ္ႏိုင္သေလာက္ ရွင္ယဲ့နဲ႔ အဆက္အသြယ္မလုပ္ဘဲ ေရွာင္ေနဖို႔ ေျပာလိုက္" သီခြမ့္က သုန္မႈန္စြာျဖင့္ ရွင္ယဲ့ ေနာက္ေက်ာကို ၾကည့္ကာ ကြမ္းလင္အား ေျပာလိုက္ေလ၏။

တစ္ဖက္မွာေတာ့ ရွင္ယဲ့ႏွင့္ ေခ်ာင္ခ်န္႔တို႔ ေခါင္မိုးေပၚမွ တြယ္ဆင္းလာခဲ့ၾကၿပီးေနာက္၊ ခ်က္ခ်င္းပင္ စာသင္ခန္းထဲသို႔ အေျပးျပန္သြားခဲ့ၾကသည္။ ယခုအခ်ိန္က မုန္႔စားဆင္းခ်ိန္ ျဖစ္ေနတာေၾကာင့္ အတန္းထဲ၌ လူတစ္ေယာက္မွ မရွိမေနေခ်။  ရွင္ယဲ့ ေခ်ာင္ခ်န့္္အား တံခါးကို ေစာင့္ၾကည့္ခိုင္းလိုက္ၿပီးေနာက္၊ သူ႔ေနရာ၌ ထိုင္လိုက္ကာ၊ မ်က္လုံးမ်ားကိုမွိတ္လ်က္ စိတ္ကိုၿငိမ္ေအာင္ ထားလိုက္ေလသည္။

နာရီဝက္ေလာက္အၾကာတြင္၊ ညေနဘက္ ကိုယ္ပိုင္စာၾကည့္ခ်ိန္အတြက္ ေက်ာင္းသားမ်ားက အတန္းထဲသို႔ တစ္ေယာက္ၿပီးတစ္ေယာက္ ဝင္လာခဲ့ေလသည္။ ရွင္ယဲ့ မ်က္လုံံးမ်ားကို ဖြင့္လိုက္ၿပီးေနာက္ ေခ်ာင္ခ်န္႔ကို ေျပာလိုက္သည္:

"မွတ္မိသြားၿပီ။ အခု က်န္တဲ့အခ်ိန္ကို အေဆာင္ခန္းကိုျပန္ၿပီး၊ ေကာင္းေကာင္းအနားယူၿပီး အားျပည့္ေအာင္ လုပ္လိုက္။ မင္း ညက်ရင္ ငါတို႔ကို ႏွစ္လႊာက ျပတင္းေပါက္ေတြကို ကူဖြင့္ေပးရဦးမယ္။

"ဦးေခါင္းကို မရွာေတာ့ဘူးလား? မနက္ျဖန္က ေနာက္ဆုံးရက္ေလ" ေခ်ာင္ခ်န္႔က ေမးလိုက္သည္။

"ဒီည မိန္းကေလးအေဆာင္ ဒုတိယအလႊာကို ဝင္ၿပီးတဲ့ေနာက္မွပဲ ဆက္ေျပာၾကမယ္" ရွင္ယဲ့ ဆိုလိုက္သည္။

"ၿပီးေတာ့ လူေတြက အနားယူဖို႔လိုတယ္။ မ်က္စိမွိတ္ၿပီး အတင္းဆက္လုပ္ေနရင္ စိတ္ပင္ပန္းတာပဲ ရွိလိမ့္မယ္။ မနက္ျဖန္ည ဦးေခါင္းနဲ႔ ေကာင္ေလးကို ေတြ႕ၿပီးရင္၊ တိုက္ပြဲႀကီးႀကီးမားမားျဖစ္မလာဘူးလို႔ မေျပာႏိုင္ဘူး။ စိတ္ကို ႏိုးႏိုးၾကားၾကားျဖစ္ေအာင္ လုပ္ထားမွရမယ္"

"ေကာင္းၿပီ" ေခ်ာင္ခ်န္႔ ေခါင္းညိတ္လိုက္ၿပီးေနာက္ အေဆာင္သို႔ အျမန္ျပန္သြားေတာ့သည္။

ရွင္ယဲ့လည္း သူ၏ တစ္ေယာက္ခန္္းရွိရာသို႔ ျပန္သြားလိုက္သည္။ ေရမိုးခ်ိဳးလိုက္ၿပီးေနာက္၊ မွန္ကို ထုတ္ကာ ေရျဖင့္ အသာေလး ေဆးေပးလိုက္ေလသည္။ ထို႔ေနာက္ ႏူးညံ့ကာ သန္႔စင္သည့္ ပဝါျဖင့္ ေရမ်ားကို ေျခာက္ေအာင္ သုတ္ေပးလိုက္ေလ၏။

ၿပီးသည့္အခါ အိပ္ရာေပၚ၌ လွဲကာ မွန္အဖုံးကို ဖြင့္လိုက္ေလသည္။ မွန္က အသက္ျပင္းျပင္း ရႉထုတ္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ေဒါသတႀကီး ဆိုေလေတာ့သည္:

"မင္း ငါ့ကို အသုံးမဝင္လို႔ အျမင္ကတ္တယ္ဆိုရင္လည္း၊ ငါ့ အစြမ္းေတြကို လာသုံးခိုင္းဖို႔ မစဥ္းစားနဲ႔၊ ဟြန္႔!"

ရွင္ယဲ့ ဖုန္းကို ၾကည့္လိုက္ရာ သူႏွင့္ မွန္၏ ႏွစ္သက္မႈႏႈန္းက မ်က္စိေရွ႕တည့္တည့္မွာပင္ အျမန္ႏႈန္းျဖင့္ ေလ်ာ့က်သြားသည္ကို ေတြ႕လိုက္ရသည္။ မူလက ၁၅ ရွိေနရာမွ၊ ယခု ၁၀အထိေတာင္ ျပဳတ္က်သြား‌ေလခဲ့သည္။

"ဒီအတိုင္း ေနာက္လိုက္တာပါ" သူ ျပန္ေခ်ာ့လိုက္ေလ၏။ "မင္းက အသုံးမဝင္တာ မဟုတ္ပါဘူး။ ငါက မင္းကို သူမ်ားေတြေရွ႕မွ ထုတ္မျပခ်င္လို႔ပါ။ ေခ်ာင္ခ်န္႔ကိုေတာင္မွေပါ့။ မင္းက ငါ့ရဲ႕ ဝွက္ဖဲ လက္နက္ပဲ။ တကယ္လိုအပ္တဲ့ အခ်ိန္မဟုတ္ရင္ ငါမင္းရဲ႕ အကူအညီကို ေတာင္းမွာ မဟုတ္ဘူး။ တီဗြီေတြ ႐ုပ္ရွင္ေတြထဲမွာဆို ဟီး႐ိုးေတြက ေနာက္ဆုံးမိနစ္က်မွ ေပၚလာတတ္က်တာ မဟုတ္ဘူးလား"

"ဟြန္႔၊ မင္းက စကားေတာ့ ေျပာတတ္သားပဲ" မွန္က ကုတင္ေပၚသို႔ ခုန္လိုက္ေလသည္။

ရွင္ယဲ့ ႏွစ္သက္မႈႏႈန္းက ၁၅သို႔ အျမန္ျပန္တက္သြားသည္ကို မလႈပ္မယွက္ၾကည့္ေနလိုက္သည္။ လူေတြအေပၚ အေကာင္းျမင္သည့္ ခံစားခ်က္ မရွိႏိုင္သည့္ လူမွာ မွန္မဟုတ္ေပ၊ သူကိုယ္တိုင္သာ ျဖစ္သည္။

မွန္၏ ေဒါသမွာ ေရာက္လာတာလည္း ျမန္သလို၊ ထြက္သြားတာလည္း ျမန္ေလသည္။ ရွင္ယဲ့က ေခ်ာ့လိုက္သည့္အခါ၊ ေဒါသေတာင္မထြက္ေတာ့ေပ။ သူ႔ ခႏၶာကိုယ္အား ခက္ခက္ခဲခဲျဖင့္ လွည့္လိုက္ၿပီးေနာက္ ရွင္ယဲ့ဆီသို႔ သြားကာ ေမးလိုက္ေလသည္:

"မင္း ဘာလို႔ သီခြမ့္ကို ဘာလို႔ ရန္သြားစတာလဲ? တကယ္သာ ခ်ၾကမယ္ဆိုရင္၊ မင္းသူ႔ကို ခ်ႏိုင္မွာမဟုတ္ဘူး။ အ႐ိုက္ခံၿပီး ေသသြားရင္ ရႈံးသြားလိမ့္မယ္"

မွန္မွာ တကယ္ကို အာဃတမထားတတ္သည့္ လူတစ္ေယာက္ပင္။ ဘယ္္လို မိသားစုမ်ိဳးက မွန္ကို ဒီလိုမ်ိဳး အက်င့္စ႐ိုက္နဲ႔လူျဖစ္ေအာင္ ပ်ိဳးေထာင္ႏိုင္ခဲ့သလဲဆိုတာ ရွင္ယဲ့ နည္းနည္း သိခ်င္ေနမိသည္။

သူ႔အျမင္ရ ေျပာရလွ်င္၊ သူက ၿပိဳင္ဘက္ကင္းအလွတရားရွိတာေၾကာင့္၊ ကံၾကမၼာကို စိန္ေခၚျခင္းဂိမ္းကလည္း သတိထားမိကာ သူ႔အား ထိုမူလစြမ္းရည္ကို ေပးခဲ့ျခင္းျဖစ္သည္။ သူက ၾကည့္ေကာင္းၿပီး၊ ျပည့္စုံသည့္ ဘဝရွိသည္။ သို႔ေသာ္ မာနမႀကီးေပ။ ခံစားခ်က္မ်ားကို ပြင့္ပြင့္လင္းလင္း ထုတ္ျပတတ္ကာ၊ အျခားသူမ်ား စိတ္ရင္းႏွင့္ ေတာင္းပန္သည္ကိုလည္း လကခံႏိုင္ၿပီး၊ အေကာင္းျမင္၍ ရက္ေရာတတ္သူျဖစ္သည္။ မွန္ျဖစ္လာတာေတာင္ အားမေလ်ာ့သြားဘဲ၊ လူေတြထက္ေတာင္ ခ်စ္စရာေကာင္းသည့္ မွန္ျဖစ္လာေသးသည္။

ထို႔အျပင္၊ အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိကာ၊ ယုံၾကည္ခ်က္ရွိေၾကာင္းမွာလည္း ေပၚလြင္ေနေလသည္။

နည္းနည္းေလး ဂုဏ္ေဖာ္တတ္သည္ကလြဲလွ်င္၊ ေကာင္းမြန္ျခင္းမ်ားျဖင့္ ျပည့္ေနသည့္ လူတစ္ေယာက္ဟု ဆိုႏိုင္ေပသည္။

မရင့္က်က္ေသး၍လည္း ျဖစ္ႏိုင္ေသာ္လည္း၊ သူ႔မိသားစုက သူ႔ကို ေကာင္းစြာ ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ပုံရေလသည္။ နည္းနည္းေလးသာ သင္ၾကားေပးလိုက္ၿပီး၊ မူလစြမ္းရည္ႏွင့္သာ ေပါင္းစပ္လိုက္လွ်င္၊ သူက တကယ္ ထူးခြၽန္သည့္ လူတစ္ေယာက္ျဖစ္လာမွာပင္။

မွန္က မရွင္းမလင္းျဖစ္ေနသည္ကို ျမင္ရတိုင္း၊ ရွင္ယဲ့ ဘယ္ေတာ့မွ ရွင္းျပရန္  ေတြေဝျခင္းမရွိခဲ့ေပ:

"ငါက သူ ဘယ္ေလာက္ထိလုပ္ရဲလဲဆိုတာ စမ္းသပ္ဖို႔အတြက္ စြန္႔စားလိုက္တာ။ အထူး QR code က အရမ္းအေရးႀကီးတဲ့ itemေလ။ ငါက လုမယ့္အရိပ္အေယာင္ပဲ ျပလိုက္တာ။ သာမန္လူဆိုရင္ မထိန္းခ်ဳပ္ႏိုင္ပဲ ျပန္တိုက္ခိုက္လာမွာပဲ"

မွန္က နားလည္သြားသည္: "အဲ့လိုကိုး၊ ဒါဆို သူက သည္းခံတတ္ၿပီး ေတာ္တာေပါ့?"

"မဟုတ္ဘူး။ နည္းနည္းေတာ့ ထူးဆန္းတယ္" ရွင္ယဲ့ ေခါင္းခါလိုက္သည္။

"ငါ သူ႔ဆီမွာ ကံၾကမၼာလိုက္နာသူေတြကို ဖိႏွိပ္ႏိုင္တဲ့ အင္အားေတာ့ မေတြ႕ရဘူး။ ကံၾကမၼာလိုက္နာတဲ့ သုံးေယာက္က ဘယ္လိုလုပ္ၿပီး QR code ေတြကို မယူဘဲနဲ႔ အကုန္လုံးကို သူ႔လက္ထဲ ထည့္ႏိုင္ရတာလဲ?"

"ဟုတ္တယ္၊ ငါသာဆို ရွာေတြ႕တဲ့ QR code ေတြအကုန္လုံး ကိုယ့္ဟာကိုယ္ပဲ သုံးပစ္မွာ" မွန္က ေထာက္ခံေလ၏။ "သူမ်ားေတြကို မေပးဘူး။ ေပးရင္ေတာင္မွ ငွါးလိုက္တာပဲ ရွိတယ္"

"ငွါးတယ္? ငွါးတဲ့သူေတြကေကာ ျပန္ေပးလား?" ရွင္ယဲ့ မယုံေပ။

မွန္ဆီက မေမွ်ာ္လင့္ထားသည့္ အေျဖမွာ: "ေပးတယ္။ ငယ္ငယ္တည္းက ငါ့အေဖက ငါ့ကို ကံေကာင္းတဲ့ ငတုံးလို႔ ေျပာတယ္။ ဘာမွ နားမလည္တဲ့ ပုံေပၚေပမဲ့၊ လူေတြကို ၾကည့္တဲ့ေနရာမွာ အရမ္းတိက်တယ္။ တစ္ခါမွ မေကာင္းတဲ့လူေတြနဲ႔ သူငယ္ခ်င္း မဖြဲ႕ဖူးဘူး။  ငါ လူတစ္ေယာက္ကို ပထမဆုံး ၾကည့္လိုက္တာနဲ႔ မသက္မသာခံစားရရင္၊ သူက ဘယ္ေလာက္ပဲ ငါ့ကို ေျမႇာက္ပင့္ပါေစ၊ သူနဲ႔ မိတ္ေဆြဖြဲ႕မွာ မဟုတ္ဘူး"

တကယ္ကို မထင္ထားတဲ့ အေျဖပဲ အဲ့ဒါေၾကာင့္ System က မွန္ကို က်န္႔ေျပာင္သားရန္* အစြမ္း.....မဟုတ္ပါဘူး။ ပကတိမ်က္လုံး အစြမ္းေပးထားတာပဲ။

*[ က်န္႔ေျပာင္သားရန္ က အင္တာနက္ဗန္းစကားမလို႔ အဓိပၸာယ္ အတိအက်မသိတဲ့အတြက္ အသံထြက္အတိုင္းပဲ ေရးထားတာပါ။ ရွာၾကည့္ရသေလာက္က ေရွ႕မွာျဖဴစင္ေယာင္ျပၿပီး ေနာက္မွာ အေကာက္ႀကံတတ္တဲ့ ၾကာပန္းျဖဴေတြကို သတိထားမိႏိုင္တဲ့ ဒရမ္မာတစ္ခုထဲက မင္းသားကို ရည္ၫႊန္းၿပီးေျပာတာလို႔ေရးထားပါတယ္]

တကယ့္္ ကမာၻတြင္ မွန္လိုလူမ်ိဳးမ်ား ရွိၾကသည္။ အလြန္ တုံးအကာ အလြန္ ႐ိုးစင္းၿပီး EQ မွာလည္း နိမ့္ေနေသာ္လည္း လူေတြကို ၾကည့္တတ္သည္ကေတာ့ ေမြးရာပါ အရည္အခ်င္းျဖစ္ေလသည္။

တခ်ိဳ႕လူမ်ားက ေမြးလာကတည္းက လူေတြကို ၾကည့္တတ္သည့္ အျမင္ရွိတတ္ၾကသည္။ တခ်ိဳ႕လူမ်ားကေတာ့ အေတြ႕အႀကဳံမွတစ္ဆင့္ ထိုအရည္အခ်င္းကို ေမြးျမဴတတ္ၾကသည္။ ရွင္ယဲ့ကေတာ့ ဒုတိယေျမာက္ လူမ်ိဳးသာ ျဖစ္သည္။

သူလည္း တစ္ခါတုန္းက.... ဆိုး႐ြားလွသည့္ ပရိယာယ္မ်ားျဖင့္ ႀကဳံေတြ႕ခဲ့ရဖူးသည္။ ေတာင္ဘက္နံရံကို ေဖာက္ထြက္* ခဲ့သည့္အခါမွ၊ 'သစ္ပင္ၿပိဳခိုက္ ေမ်ာက္မ်ားကြဲသည္'*
ဆိုေသာ အဓိပၸာယ္ကို နားလည္ခဲ့ရသည္။

*[ေတာင္ဘက္နံရံကို ေဖာက္ထြက္တယ္ဆိုတာက မေျပာင္းလဲဘဲ ေခါင္းမာမာနဲ႔ ေတာင့္ခံထားတယ္ဆိုတဲ့ အဓိပၸါယ္ပါ။

*သစ္ပင္ၿပိဳခိုက္ ေမ်ာက္မ်ားကြဲသည္ကလည္း အခြင့္အေရးသမားေတြက အေျခအေနမဟန္တာနဲ႔ စြန္႔ခြါသြားတတ္ၾကတယ္လို႔ ဆိုလိုတာပါ။
(idiom အဓိပၸာယ္ေတြကို googleက ရွာၿပီး အဆင္ေျပသလို ျပန္ထားတာမလို႔ မွားတာေတြလည္း ရွိႏိုင္ပါတယ္။)]

ရွင္ယဲ့ အသံတိတ္သြားသည္ကို ျမင္သည့္အခါ မွန္က စိတ္ပူစြာ ေမးလာေလသည္:

"မင္း ဘာျဖစ္တာလဲ? စိတ္မေကာင္းျဖစ္သြားတာလား?

"မင္းက တကယ္ ေျပာႏိုင္တာပဲ" ရွင္ယဲ့ သူ႔မ်က္ႏွာသူ ထိကိုင္လိုက္သည္။

"ငါက ခံစားခ်က္ေတြ မေဖာ္ျပမိေအာင္ ေလ့က်င့္ထားတာကို၊ မင္းက ငါ စိတ္မေကာင္းျဖစ္ေနတယ္ဆိုတာ ဘယ္လိုလုပ္ၿပီးေျပာႏိုင္ရတာလဲ?"

"ဟဲဟဲဟဲ... ငါက ငယ္ငယ္တည္းက ငါ့ အေဖမ်က္ႏွာကို ၾကည့္လာတာကို" မွန္က အရွက္ေျပရယ္ကာ ဆိုေလ၏။

"ငါအေဖက မင္းလိုပဲ၊ ဘာကိစၥေတြပဲ ျဖစ္ေနပါေစ မ်က္ႏွာမပ်က္ဘူး။ တစ္ေယာက္ေယာက္ သူ႔စိတ္ကိုျမင္သြားလို႔ရွိရင္ တစ္ခုခုဆုံးရႈံးသြားမွာ ေၾကာက္ေနတဲ့အတိုင္းပဲ။ ငါက ငယ္ငယ္တည္းက ငါ့အေဖကို အရမ္းခ်စ္တာဆိုေတာ့ သူရဲ႕ မ်က္ႏွာအမူအရာေတြကို ေလ့လာဖို႔ႀကိဳးစားခဲ့တယ္။ ဆိုးတာက မလုပ္ႏိုင္ခဲ့ဘူး။ ဒါေပမဲ့ ၾကည့္ေတာ့ ၾကည့္တတ္တယ္"

အေဖျဖစ္သူအေၾကာင္း ေျပာသည့္အခ်ိန္္၊ သူ၏ အသံမွာ စိတ္လႈပ္ရွားလာေလသည္။

ရွင္ယဲ့၏ ႏွလုံးသားမွာလည္း ေပ်ာ့ေျပာင္းသြားခဲ့ေလ၏: "မွန္.. မင္း မွန္ျဖစ္တာ ဘယ္ေလာက္ၾကာသြားၿပီလဲ?"

"မသိဘူး" မွန္မွာ ႐ုတ္တရက္ စိတ္ညစ္သြားေတာ့သည္။

"အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားၿပီ ဆိုတာလည္းမသိဘူး။ တကယ့္ကမာၻမွာ ငါ့ ခႏၶာကိုယ္က ဘယ္လိုေတြျဖစ္ေနၿပီ ဆိုတာလည္း မသိဘူး။ ေသသြားၿပီလား ေျမျမႇဳပ္ခံလိုက္ရၿပီလား ဆိုတာေကာပဲ။ ဟင့္ ဟင့္ ဟင့္..."

စကားေျပာေနရင္းျဖင့္ တကယ္ ငိုခ်လာေလသည္။ ရွင္ယဲ့ ခဏေလာက္ ႀကံရာမရျဖစ္သြားခဲ့ရသည္။ သူ႔ညီေလး ရွင္ေရွာ့ကလည္း လိမၼာၿပီး မငိုတတ္တာေၾကာင့္ သူ ငိုေနသည့္လူကို တစ္ခါမွ မေခ်ာ့ဖူးေပ။

ထိုအစား လက္ေအာက္ငယ္သားမ်ားကိုသာ ငိုေအာင္ လုပ္ဖူးေလသည္။

"ဒါဆို မင္း နာမည္ ငါ့ကို ေျပာျပပါလား။ ငါ တကယ့္ကမာၻကို ျပန္ေရာက္ရင္ မင္းရဲ႕ ခႏၶာကိုယ္ကို ရွာၾကည့္ေပးမယ္ေလ?" ထိုသည္မွာ ရွင္ယဲ့ စဥ္းစားႏိုင္သည့္ အေကာင္းဆုံးေသာ ႏွစ္သိမ့္မႈျဖစ္ေလသည္။

မွန္မွာ ခ်က္ခ်င္းပင္ ေမွာင္အတိက်သြားကာ၊ ငိုသံမွာလည္း ေပ်ာက္ကြယ္သြားေတာ့သည္။

ေကာင္းတယ္၊ ရင္းႏွီးအမွတ္က ၂၀ေအာက္ေရာက္ေနရင္ ေမးလို႔မရဘူးေပါ့။

ဒါက မွန္၏ အမွားမဟုတ္္ေခ်။ ရွင္ယဲ့က မွန္ကို သေဘာမက်ႏိုင္ေသးတာ ေၾကာင့္သာျဖစ္သည္။ အၿမဲတမ္းလိုလို ႏွလုံးသားအတြင္းထဲမွာ သူ႔အေပၚ သံသဃမ်ား မကင္းႏိုင္ေသးတာေၾကာင့္ပင္။

မွန္က သူ႔ကို မလွည့္စားဘူးဆိုတာကို သူ ယုံၾကည္သည္။ စိုးရိမ္သည္က မွန္လည္း သူ႔လိုမ်ိဳး System ဆီကအသုံးခ်ခံေနရမွာကိုပင္။ ခံစားခ်က္ေတြကို ပုံအပ္မိလွ်င္၊ ဆုံးရႈံးရသည့္အခါ နာက်င္ရမွာပင္၊ ရွင္ယဲ့ သူ၏ မိသားစုဝင္အားလုံးကို ဆုံးရႈံးခဲ့ရၿပီးၿပီျဖစ္သည္။ သူ ဒီလို ခံစားခ်က္ကို ထပ္ၿပီး မခံစားရခ်င္ေတာ့ေပ။

မပိုင္ဆိုင္ရလွ်င္ ဆုံးရႈံးရမွာလည္း မဟုတ္ေပ။ ဘာမွ မရွိလွ်င္၊ ဘာမွ ေၾကာက္စရာလည္း မလိုေပ။

ရွင္ယဲ့က သီခြမ့္ရဲ႕ ေၾကာက္႐ြံ႕တတ္မႈႏွင့္ သတိရွိမႈကို ဘာေၾကာင့္ နားလည္ေနရတာလဲဟုဆိုလွ်င္ သူကိုယ္တိုင္ကလည္း ထိုလိုလူမ်ိဳး ျဖစ္ေနလို႔ပင္။

ေပ်ာ့ညံ့သည့္ စိတ္ကို ဖုံးကြယ္ရန္အတြက္ အျပင္က သန္မာသည့္ အကာအရံထားထားကာ၊ ေျခတစ္လွမ္း လွမ္းဖို႔ေတာင္ မဝံ့ရဲခဲ့‌ေခ်။

မွန္၏ ကြယ္ဝွက္ထားျခင္းမရွိသည့္ စိတ္ထားကို စဥ္းစားမိသည့္အခါ၊ ရွင္ယဲ့ မွန္ကို ထိေတြ႕ကာ ၿပဳံးလိုက္ေလသည္: "မင္းက ငါ့ထက္ သန္မာပါတယ္"

Continue Reading

You'll Also Like

3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
743K 57K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...