Rebounding System(OC)

De Thone_Thoon_Yar

1M 135K 13.6K

(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his sou... Mais

ေဝးကြာျခင္းမွအစျပဳ၍(Z+U)
Arc.1.1
Arc.1 Characters
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Heaven Society
Arc 1.6
System space between life✨✨
Arc 2.1
Arc 2{Characters}
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10 (part-1)
Arc 2.10 (part-2)
Arc 2.11
Arc 2.12(Part-1)
Arc 2.12{Part 2}
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
System Space✨✨
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23(🔞🚨)
Arc 2.24(Final)
System Space Between lives✨✨
Arc 3.1
Arc 3 characters
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5(part 1)
Arc 3.5(part 2)
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11(final)+*system space*
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4{Introducing the Characters💥💥}
Arc 4.5😜wo aii ni❣️
Arc 4.6
Arc 4.7💋
Arc 4.8{part 1}
Arc 4.8(part 2)
Arc 4.9
Not Update
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14 (final)⚠️🔞
System space ✨✨
Arc 5 Intro
Arc 5.1
Arc 5.2(part 1)
Arc 5.2(part 2)
Arc 5.3
Arc 5{Introducing the Characters}💥
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
System space💫
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17(final)
System space💫💫
Arc 6 Intro
Arc 6.1
Arc 6{Introducing the characters}💥💥
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12(⚠️🔞‼️)
Arc 6.13(final)
System space🌟🌟
Arc 7 Intro
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7{Introducing The Characters💥}
Arc 7.8⚠️‼️
Arc 7.9
Arc 7.10
Please Everyone‼️Attention‼️
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22⚠️🔞‼️
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26 (Final)
Step to the original life 🌍
Arc 8 Intro
Arc 8.1
Arc 8.2
Arc 8.3 (Forming the SYSTEM🌏)
Arc 8{Introducing the Characters}💥
Arc 8.4
Arc 8.5
Arc 8.6
Who was the "Villain"?🖤
Arc 8.7
Arc 8.8
Something Special For You🍀
Answers🍀
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17🔞🔞
Arc 8.18
Arc 8.19 (Final)
System Space
Arc 9 Intro
Arc 9.1
Arc 9.2
Arc 9.3
Arc 9.4
Arc 9 {Introducing the Characters}
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9

Arc 8.13

1.2K 183 23
De Thone_Thoon_Yar

{Zawgyi}

အနက္ေရာင္ နဂါးဝတ္ရုံေတာ္အား ဆင္ျမန္းကာ ေလးနွင့္ျမားကို ေက်ာထက္လြယ္ထားေသာ ေနာ္ခြန္း႐ြယ္အား လြန္းမွာ ေၾကာင္ေတာင္ေတာင္စိုက္ႀကည့္ေနေလသည္။

ျပည့္ရွင္မင္းကိုယ္တိုင္ က်င္းပသည့္ ေတာတြင္းအမဲလိုက္ပြဲေပမို႔ အမတ္တို႔လည္း အစုံအလင္ေရာက္ရွိေနၾကသည္။

ပါဝင္ယွဥ္ၿပိဳင္မည့္ အဖြဲ႕အားျဖင့္ ေနာ္ခြန္း႐ြယ္ဦးေဆာင္သည့္ အဖြဲ႕နွင့္ အမတ္ကိုယ္စား ကာကြယ္ေရးအမတ္ႀကီးဦးေဆာင္ေသာအဖြဲ႕ဆို၍ ၂ဖြဲ႕သာ။

တစ္ဖြဲ႕တြင္ အဖြဲ႕ဝင္၃ေယာက္စီရွိသည့္အနက္မွ ေနာ္ခြန္း႐ြယ္တို႔အဖြဲ႕တြင္ ေနာ္ခြန္း႐ြယ္၊ ကိုယ္ရံေတာ္တပ္မွဴးခ်ဳပ္ အဂၢနွင့္ အမည္မသိလူထူးဆန္းတစ္ဦး။

"လြန္း....ၿပိဳင္ပြဲစေတာ့မွာမို႔...အျမန္ျပင္ဆင္ခ်ည္ေတာ့"

ဝတ္ရမည့္ဝတ္စုံနွင့္ လက္နက္ပစၥည္းတို႔အား ေနာ္ခြန္း႐ြယ္မွာ အသင့္ျဖစ္ေနေအာင္ စီစဥ္ေပးထားသည္နွင့္အညီ လြန္းမွာ အံ့ဩဖို႔ပင္အခ်ိန္မရပါပဲ ၿပိဳင္ပြဲထဲသို႔ ေရာက္ရွိသြားရေလသည္။

"ၿပိဳင္ပြဲကို အာရုံအရင္စိုက္ထားပါ့အသင္....။ သိခ်င္တာေတြ ခဏေတာ့ၿမိဳသိပ္နိုင္တယ္ မဟုတ္လား"

လြန္းအား ဤသို႔ေသာ စကားတစ္ခြန္းကိုသာဆိုလ်က္တိတ္ဆိတ္သြားေသာ ေနာ္ခြန္း႐ြယ္မွာ သူ႔တပည့္အဂၢနွင့္ အတူ ၿပိဳင္ပြဲစည္းမ်ဥ္းအတိုင္း အမွတ္အျမင့္ဆုံး သားေကာင္အားလိုက္ရွာေလေတာ့သည္။

လြန္း~~~မင္းကို ေနာက္တစ္ဆင့္ထပ္တိုးသိဖို႔ ဒီေလာက္ေတာ့ က်ဳပ္စြန္႔စားနိုင္ပါရဲ႕။

မည္သို႔ပင္ ေတာကစားရန္ သတ္မွတ္ထားသည္ဟုဆိုဆို အၿမဲတေစေတာ့ တားျမစ္ဧရိယာဆိုသည္မွာ ရွိစၿမဲပင္။

အခုထိ ကာကြယ္ေရးအမတ္ႀကီးတို႔အဖြဲ႕နဲ႔မဆုံေသးပုံေထာက္ရင္ သားေကာင္ငယ္ေတြနဲ႔ပဲ သူတို႔အမွတ္ယူရန္ ဆုံးျဖတ္ထားဟန္ရွိသည္။

တားျမစ္ဧရိယာမေက်ာ္ခင္ ေရတံခြန္္နားကေက်ာက္ေဆာင္တြင္ စဥ္ေျပနေျပထိုင္ခ်လိုက္ေသာ ေနာ္ခြန္း႐ြယ္သည္ အမူအရာၾကည့္ရုံျဖင့္ ၿပိဳင္ပြဲအား စိတ္ဝင္စားျခင္း အလ်ဥ္းမရွိသည္မွာ သိသာလွသည္။

"အဂၢ....သားေကာင္ကို မင္းတစ္ေယာက္ထဲ ဖမ္းလို႔အဆင္ေျပနိုင္မယ္ ထင္သလား?
ထင္ရင္ျဖင့္ ဒီအပါးခိုခ်င္တဲ့ ဘုရင္က ၿပိဳင္ပြဲအတြက္ မင္းကိုပဲ အားကိုးလို႔ရေလေရာ႕မလား"

ေနာ္ခြန္း႐ြယ္၏ စကားအဆုံးတြင္ အမိန္႔ကိုနာခံသည့္ သေဘာမ်ိဳးျဖင့္ အရိုအေသေပးကာ ထြက္သြားေသာ အဂၢမွာ ကိုယ္ရံေတာ္ခ်ဳပ္ျဖစ္ေနသည့္တိုင္ သခင္၏ စကားအားတေသြမတိမ္းလိုက္နာၿမဲပင္။

အဂၢထြက္သြားၿပီး အေတာ္ၾကာကာမွ စကားစဆုိလာသည့္ ေနာ္ခြန္း႐ြယ္မွာ ဝတ္ရုံထဲမွ တစ္စုံတစ္ခုအားထုတ္ရင္း အလုပ္မ်ားေနေလသည္။

"ဘယ္လိုလဲ အသင္ရဲ႕။ က်ဳပ္ကို ေျပာစရာစကား တကယ္မရွိပါစ။ သို႔တည္းမဟုတ္ ေျပာစရာေတြမ်ားလြန္းလို႔မ်ား ဆြံ႕အသြားေလသလား"

"သခင္ေလး....အာ..အရွင္လို႔ေခၚရမွာေပါ့...
အခုဘာေၾကာင့္မ်ား ကြၽန္ုပ္ကို ဒီေနရာထိေခၚလာရလဲဆိုတာ အခြင့္ရွိရင္သိပါရေစ။"

"အေၾကာင္းရင္း? က်ဳပ္မယ္ အသင့္ရဲ႕ေမးခြန္းအတြက္ အေျဖတိတိက်က်မရွိပါေကာ။ သို႔ေပမဲ့...."

တစ္ခြန္းေျပာတိုင္း လြန္းထံသို႔ တျဖည္းျဖည္း တိုးကပ္လာေသာ ေနာ္ခြန္း႐ြယ္မွာ ေျပာစရာစကားဆက္မဆိုပါပဲ လြန္းအားၾကည့္ကာ သေဘာတက်ျပဳံးလိုက္သည္။

"က်ဳပ္လည္း မင္းဆီက သိခ်င္တာ အခ်ိဳ႕ရွိတယ္ေကာ လြန္း...။ မင္း အဲ့ဒီေလာက္ ေတြ႕ခ်င္ပါတယ္ဆိုတဲ့ ျပည့္ရွင္မင္းက မင္းရဲ႕ေရွ႕က လူရမ္းကားဆိုတာ ခုထက္ထိမယုံနိုင္ေသးပါေကာ ဟုတ္စ? ဒါျဖင့္ရင္ က်ဳပ္ကို ျပည့္ရွင္မင္းလို႔မေတြးပါပဲ သခင္ေလးအမွတ္နဲ႔ပဲ မွတ္ယူထားပါေလ.."

နက္နဲသည့္ ပုစၦာတစ္ပုဒ္အား ေက်ာင္းသားကိုေျဖရွင္းခိုင္းသည့္ ဆရာလို~~

ေနာ္ခြန္း႐ြယ္၏ နႈတ္ခမ္းထက္က အျပဳံးသည္ ပိုလို႔ပင္ပီျပင္လို႔ေနသည္။

"က်ဳပ္ကို ကာကြယ္ေပးမယ္လို႔ ေျပာခဲ့တဲ့ မင္းက
ဒီေန႔ေရာ အဲ့စကားကိုတည္နိုင္ပါ့မလား လြန္း~~
ျပည့္ရွင္မင္းအေနနဲ႔မဟုတ္ဘဲ သခင္ေလးအျဖစ္သိခဲ့တဲ့ က်ဳပ္ကိုေရာ မင္းကာကြယ္ေပးနိုင္ပါရဲ႕လား"

ေနာ္ခြန္း႐ြယ္၏ စကားတို႔အား နားမလည္သလိုအၾကည့္ျဖင့္ ေမးခြန္းထုတ္ရန္ႀကံေနေသာ လြန္းအား သူ၏ ပါးလွပ္လွေသာ နားတို႔က အေျဖကို အတိအက်ျပန္ေပး၏။

အလြန္႔အလြန္နီးကပ္ေနေသာ အကြယ္ေနရာတစ္ခုဆီကေန သူတို႔နွစ္ဦးအား ခုန္အုပ္ရန္ေခ်ာင္းေနေသာ သတၱဝါႀကီးမွာ ေနာ္ခြန္း႐ြယ္၏ ဘယ္ဖက္လက္မွ တေတာက္ေတာက္စီးက်ေနေသာ ေသြးတို႔အား ရဲရဲနီေနေသာ မ်က္လုံးတို႔ျဖင့္ ဝါးစားမတတ္ၾကည့္သည္။

အေျခအေနကို သတိထားမိလာေသာလြန္းမွာ ေနာ္ခြန္း႐ြယ္အား အံ့ဩျခင္းတို႔ျဖင့္အျပည့္ျဖည့္ထားေသာ အၾကည့္တို႔ျဖင့္ ၾကည့္မိေလသည္။

ဒီလူသားကေတာ့....တကယ္ပဲ ရူးမိုက္လြန္းပါဘိနဲ႔။

အခ်ိန္ဆြဲျခင္းအမႈအား ဆက္မလုပ္ပါပဲနဲ႔ သူတို႔အား ခုန္အုပ္လာေသာ သတၱဝါႀကီးေၾကာင့္ ေနာ္ခြန္း႐ြယ္အား လက္ဆြဲကာ လြတ္ရာသို႔ ခႏၶာျဖင့္လွိမ့္ခ်လိုက္ေလေတာ့သည္။

"က်ားျဖဴ.."

ျဖဴစြတ္ေနေသာ အေမႊးတို႔နွင့္ အနက္စင္းက်ားတို႔ကိုပိုင္ဆိုင္ထားေသာ ထိုက်ားျဖဴမွာ ေနာ္ခြန္း႐ြယ္တို႔အား သားေကာင္သဖြယ္ အမဲလိုက္ဖို႔ ဆုံးျဖတ္ထားဟန္ရွိသည္။

ဒီက်ားက တားျမစ္ဧရိယာအလြန္ကမလား.....

တကယ္ပဲ ဒီလူကေတာ့ ေသဖို႔မ်ား စိတ္ဆုံးျဖတ္ထားလို႔ ဒီလိုလုပ္ရပ္မ်ိဳးကို..

လြန္းမွာ စိတ္ရႈပ္ေနသည့္အတြက္ မ်က္ခုံးေတြတြန္႔က်ိဳးေနသေလာက္ ေနာ္ခြန္း႐ြယ္ကေတာ့ျဖင့္ ဒဏ္ရာေတြကို ဂရုမစိုက္သည့္အလား ထိုင္ပင္ရယ္ေနေသးသည္။

"ေနာက္ဆုံးေတာ့...ဒီက်ားျဖဴက ငါ့ရဲ႕ အသုံးမဝင္တဲ့ ဘဝကိုယူေတာ့မွာပါလား..ဟား ဟား"

ေနာ္ခြန္း႐ြယ္၏ စကားတို႔အား ခြန္းတုံ႔မျပန္အားသည့္ လြန္းမွာ ေရွ႕ကက်ားျဖဴအား မလြတ္စတမ္းလိုက္ၾကည့္ေနေလသည္။

ဓားအိမ္ထဲမွ ဓားဆြဲထုတ္လိုက္သည့္ လြန္းေၾကာင့္ ထိုသတၱဝါႀကီးမွာ မာန္ဖီကာ ကမူးကရွဴးနွင့္ လြန္းဆီသို႔ တည့္တည့္တိုက္ခိုက္လာပါေတာ့သည္။

ေရွာင္ကာတိမ္းကာျဖင့္ ထိုသတၱဝါအား တိုက္ခိုက္ေနေသာ လြန္းမွာ ေနာ္ခြန္း႐ြယ္ဆီသို႔ ထိုသတၱဝါႀကီး အာရုံမျပန္႔ေစရန္ တရစပ္ တိုက္ခိုက္ေနေလသည္။

"ဒီေနရာကထြက္သြားစမ္းပါ့...ဒီသတၱဝါကို ကြၽန္ုပ္ထိန္းထားလိုက္မွာမို႔...အရွင္..အရွင္က"

လြန္း၏ စကားမဆုံးခင္မွာပင္ ထိုက်ားျဖဴ၏ ဝမ္းဗိုက္သို႔ စိုက္ဝင္ကာ ထုတ္ခ်င္းေဖာက္ထြက္သြားသည့္ ျမားတစ္စင္း။

"ဘာေတြမ်ား ဒီေလာက္စိုးရိမ္ေနသတုန္း အသင္ရဲ႕။ က်ဳပ္ကို အထင္ေသးရန္ေကာ"

ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ေတာင္ ခန္႔ညားမႈတို႔ ေမွးမွိန္မသြားသည့္ ေနာ္ခြန္း႐ြယ္က ခပ္ေထ့ေထ့အျပဳံးအား ဆင္ျမန္းလ်က္ လြန္းအားၾကည့္ကာ စကားဆိုသည္။

လြန္းခမ်ာမွာေတာ့ မ်က္စိေရွ႕က မလႈပ္နိုင္ေတာ့သည့္ သတၱဝါအား အာရုံမထားအားပါပဲ သူ႔လူသားထံသို႔အေျပးသြားကာ နင့္ေနေအာင္ဖက္တြယ္သည္။

ဂဏာမၿငိမ္ေသာ ပင္လယ္ျပာေရာင္မ်က္ဝန္းေတြက ေနာ္ခြန္း႐ြယ္အား လြတ္ထြက္သြားမတတ္ဖက္ထားေလသည္။

ရုတ္တရက္မို႔ ေၾကာင္အသြားသည့္ ေနာ္ခြန္း႐ြယ္မွာ တစ္စုံတစ္ရာေသာအျပဳအမူကိုမ်ွ မတုံ႔ျပန္နိုင္ခင္ေလးတင္ ေနာက္ပါးမွ ထပ္မံခုန္အုပ္ရန္႐ြယ္ေနပါေသာ သတၱဝါေၾကာင့္ ကျပာကယာပင္ သူ႔အားဖက္တြယ္ထားေသာ လူသားအား ရင္ခြင္ထဲသိမ္းထည့္ကာ ခႏၶာကိုယ္ကိုတပတ္လည္ေစသည္။

အလို...အခုသူက တစ္စုံတစ္ေယာက္ကို ကာကြယ္ဖို႔ ႀကိဳးစားမိလိုက္တာေပါ့...။

ထူးဆန္းစြာပင္ ေက်ာျပင္ေပၚသို႔ မည္သည့္နာက်င္မႈမွ က်ေရာက္မလာသည့္အတြက္ အေယာင္ေယာင္အမွားမွားျဖင့္ လွည့္ၾကည့္ေလေတာ့ အျပာေရာင္အမႈန္တို႔မွတစ္ပါး တျခားမေတြ႕ရေတာ့ေခ်။

ဘာေတြမ်ား...

ေနာ္ခြန္း႐ြယ္အား အေတြးတို႔ေျဖာင့္ေအာင္ေတြးခြင့္မေပးသည္မွာ ရင္ခြင္ထဲ မွီက်လာေသာ လြန္း~~။

ၾကည့္မိေလေတာ့...ေမ့ေျမာေနသည့္သ႑ာန္ေပၚသည္။

ဒီလူ...အေၾကာက္လြန္ၿပီးမ်ားေမ့သြားေလသလား။

က်ိန္းေသသည္ကေတာ့ အေၾကာက္လြန္ၿပီး ေမ့သြားေသာ ထိုလူမွာ သူ႔အတြက္နွင့္ သတၱဝါႀကီးနွင့္ တိုက္ခိုက္ခဲ့ရုံမ်ွမက သူ႔ကိုလည္း ကာကြယ္ေပးခဲ့ေလသည္။

ဒီေလာက္မ်ားဆို...မင္းကို ကိုယ့္လူအျဖစ္သတ္မွတ္လို႔ရနိုင္ေကာင္းပါရဲ႕။

^^^^^^^^^^^^^

"မသင့္ေလ်ာ္ေၾကာင္းပါ..."

ညီလာခံခန္းမထဲမွ တညီတၫြတ္ထဲထြက္လာသည့္ အသံသည္ ပလႅင္ထက္ရွိ ေနာ္ခြန္း႐ြယ္အား နည္းနည္းေလးပင္မတုန္လႈပ္ေစပါ။

"ေမာင္မင္းတို႔ဆီက ခြင့္ျပဳခ်က္ကို ကိုယ္ေတာ္ေတာင္းေနတာ မဟုတ္ဆိုတာ မသိတာလည္းမဟုတ္ကြယ္။ အခု ငါကိုယ္ေတာ္က ေမာင္မင္းတို႔ကို အသိေပးရုံသပ္သပ္ပါေလ...လြန္းဟာ..ငါကိုယ္ေတာ္ရဲ႕ လူျဖစ္ေၾကာင္း"

ကြက္ခနဲမ်က္နွာပ်က္သြားသည့္ အမတ္တို႔အား ဂရုမစိုက္ပဲ ညီလာခံသိမ္းေစကာ လြန္းအား ေနရာခ်ထားေပးသည့္ နန္းေဆာင္ရွိရာသို႔ ဦးတည္ကာထြက္လာလိုက္ေတာ့သည္။

"အာ...ေျပာဖို႔ေမ့က်န္ခဲ့လို႔..။
လြန္းကို ကိုယ္ေတာ္ကလြဲလို႔ က်န္တဲ့သူေတြ အမိန္႔ေပးပိုင္ခြင့္မရွိ။ လြန္းဟာ...ကိုယ္ေတာ္တစ္ဦးတည္းရဲ႕ အပိုင္လူသားျဖစ္ေၾကာင္း အမတ္တို႔ အခုကစ သိထားပါေတာ့"

လွည့္ထြက္သြားသည့္ ေနာ္ခြန္း႐ြယ္၏ ေနာက္ေက်ာျပင္အား ၾကည့္ရင္း အမတ္တို႔ကေတာ့ တစ္မ်ိဳးတစ္မည္ေတြ ေတြးထင္ေနၾကမည္မွာ မလြဲမေသြပင္။

ဝဏၷဳေဇဒါရဲ႕ ျပည့္ရွင္တစ္ေယာက္ တကယ္ပဲ စိတ္တို႔ေဖာက္လြဲေဖာက္ျပန္ ျဖစ္သြားေလသလား။

ဘယ္နွယ့္ ေနာက္ေၾကာင္းအစုံအလင္မေျပာနွင့္ ဇာတိကိုေတာင္ ေရေရရာရာမသိရပါေသာ လူမ်ိဳးျခားသားတစ္စိမ္းတစ္ေယာက္အား နန္းေတာ္ထဲေခၚလာရုံမ်ွမက ျပည့္ရွင္နွင့္ အနီးကပ္ဆုံး သက္ေတာ္ေစာင့္ရာထူးပင္ေပးလိုက္ေသးသည္။

အမိန္႔ေတာင္ ဘုရင္တစ္ဦးတည္းကသာ ေပးလို႔ရသည္မို႔ ထိုအနွီ လူမ်ိဳးျခားသားအား ေတာ္ရုံတန္ရုံမဟုတ္မွန္း အမတ္တို႔သိလိုက္သည္နွင့္ အညီ ေဝးေဝးကေရွာင္ရန္ ဆုံးျဖတ္ခ်က္ ခ်လိုက္ေလေတာ့သည္။

ေရွ႕ေလ်ွာက္ တိုင္းျပည္အတြက္ ရင္ေလးမိတာေတာ့အမွန္...။

^^^^^^^^^^^^^^

အပူအပင္မရွိ အိပ္ေပ်ာ္ေနသည့္ လြန္း၏ နံေဘးတြင္ တေစာင္းထိုင္လ်က္ စဥ္းစားခန္းဖြင့္ေနသည့္ ေနာ္ခြန္း႐ြယ္မွာ ပတ္ဝန္းက်င္ကို လုံးလုံးႀကီးလ်စ္လ်ဴရႈထားေလသည္။

"တူရန္ေကာ....က်ဳပ္ရဲ႕တစ္စုံတစ္ေယာက္နဲ႔"

လြန္းနဖူးထက္မွ က်ေနေသာ ဆံစတို႔အား သပ္တင္ေပးရန္ လက္လွမ္းသည္တြင္ မသင့္ေတာ္ေသာ အေတြးတို႔ေၾကာင့္ လက္ျပန္ရုတ္လိုက္သည့္ ေနာ္ခြန္း႐ြယ္မွာ အခုထက္ထိတိုင္ သူ႔လုပ္ရပ္အား သူကိုယ္တိုင္ေတာင္ အျပည့္အဝနားမလည္ေသးပါေခ်။

ျဖစ္နိုင္တာကေတာ့ မင္းဟာ..က်ဳပ္အတြက္ ပထမဆုံးေသာသူျဖစ္နိုင္ခ်ည္ရဲ႕..။

နည္းနည္းေလးေလာက္မ်ား အတၲႀကီးရာက်သြားမလားမသိတဲ့ က်ဳပ္ကို မင္းအျပစ္ျမင္လည္း က်ဳပ္မတတ္နိုင္ေတာ့ၿပီ။

က်ဳပ္အတြက္ေတာ့ျဖင့္ မင္းကို လက္လႊတ္ေပးဖို႔ရာ ဆႏၵမရွိတာမို႔...။ က်ဳပ္အနားမွာေနၿပီး က်ဳပ္ရဲ႕ ရွင္သန္ရာ အေၾကာင္းကို ကူၿပီးရွာေဖြေပးပါ့ လြန္း~~။

^^^^^^^^^^^^

"ဖြား...ကြၽန္ေတာ္ ေမးခ်င္လို႔ "

လက္ထဲက မက္မြန္သီးအား တစ္ကြၽတ္ကြၽတ္ကိုက္ကာ ကုသေရးနတ္သမီးအား စကားစေျပာလာပါေသာ Erosသည္ အရင္လို ေသးေသးေကြးေကြးေလး မဟုတ္ေတာ့ေခ်။

အနီေရာင္ေတာက္ေတာက္ မ်က္ဝန္းတို႔နွင့္ ပနံသင့္စြာ ခပ္တိုတို အနီေရာင္ဆံပင္တို႔မွာ Erosအားလူေခ်ာေလးတစ္ေယာက္ အသြင္သို႔ေဆာင္ေစသည္။

ျမင့္မားေသာအရပ္နွင့္ ေတာင့္တင္းလာေသာ ခႏၶာကိုယ္က ကေလးတုန္းကErosနွင့္လားလားမ်ွမဆိုင္သည့္အလား။ ဘယ္ဖက္ပါးက ပါးခ်ိဳင့္သာ မရွိေတာ့ပါလ်ွင္ Kiတစ္ေယာက္ Erosကို မွတ္မိဖို႔မလြယ္နိုင္။

Zenရဲ႕ ေျပာင္းလဲသြားေသာ missionေၾကာင့္ Kiမွာကူညီေပးေနရသည့္အတြက္ Erosဆီလာဖို႔ ေနာက္ပိုင္းတြင္ ပိုမိုခက္ခဲလာသည္မွာ နည္းနည္းေတာ့ စိတ္မေကာင္းခ်င္စရာပင္။

Erosရဲ႕ အခုပုံစံကို Kiမျမင္ဖူးေသးဘူးမလား။
ထိုနည္းတူ Erosရဲ႕နိုးထလာေသာ စြမ္းအင္အသစ္တို႔အားလည္း Kiျမင္ဖူးမည္ မဟုတ္ပါေခ်။

"ေမးေလ ကေလးေလးရဲ႕"

"ပါပါးနဲ႔ အၿမဲအတူရွိေနတဲ့ လူႀကီးက ဘယ္လိုဆက္ဆံေရးလဲ"

"Erosက ေကာင္းကင္အရွင့္သားကိုေမးတာနဲ႔တူတယ္"

"အရွင့္သား? ေကာင္းကင္အရွင့္သား?"

မ်က္လုံးေတြ ဘလင္းဘလင္းေတာက္သြားသည့္ Erosမွာ စိတမလႈပ္ရွားမႈေၾကာင့္ မ်က္ဝန္းနီနီတို႔မွာ ပိုလို႔ပင္အေရာင္ေတာက္လာေလသည္။

ဒီေနရာရဲ႕ အျပင္ဖက္မွာ သူမသိေသးတဲ့အရာေတြအမ်ားႀကီးရွိေနေသးတာပဲ။

အျပင္ထြက္ဖို႔ကို နည္းနည္းေလးမွမေစာင့္နိုင္ေတာ့ဘူး။

"အင္းအင္း....အဲ့ အရွင့္သားဆိုတာနဲ႔ ပါပါးနဲ႔က?"

" အင္းး ဖြားသိသေလာက္ဆိုရင္ေတာ့ Kiနဲ႔ အရွင့္သားက အခ်စ္ဆုံး သူငယ္ခ်င္းေတြတဲ့ ေသခ်ာသိခ်င္ရင္ Kiျပန္လာမွေမးေတာ့ေနာ္"

ကုသေရးနတ္သမီး၏ အေျဖအား စဥ္းစားခန္းဖြင့္ေနေသာ Erosမွာ Kiျပန္လာသည္နွင့္ ေမးရန္ေမးခြန္းတို႔ကို ေခါင္းထဲအစီအစဥ္တက် ေတြးေနေတာ့သည္။

သူ႔ရဲ႕ ေျပာင္းလဲသြားတဲ့ ပုံစံကို ပါပါးကို ျပဖို႔မေစာင့္နိုင္ေတာ့ဘူး...။

^^^^^^^^^^^^^
နားမလည္ေသးလည္း သည္းခံၿပီးဖတ္ေပးၾကပါဦးလို႔ ျမႇဳပ္ကြက္ေတြရွိေနေသးတာမို႔။

moodဝင္ေနလို႔ updateကရက္ေတာင္ဆက္ကုန္ၿပီ😂

ဖတ္ေပးတဲ့အတြက္ ေက်းဇူးပါဗ်❣️
___________________

{Unicode}

အနက်ရောင် နဂါးဝတ်ရုံတော်အား ဆင်မြန်းကာ လေးနှင့်မြားကို ကျောထက်လွယ်ထားသော နော်ခွန်းရွယ်အား လွန်းမှာ ကြောင်တောင်တောင်စိုက်ကြည့်နေလေသည်။

ပြည့်ရှင်မင်းကိုယ်တိုင် ကျင်းပသည့် တောတွင်းအမဲလိုက်ပွဲပေမို့ အမတ်တို့လည်း အစုံအလင်ရောက်ရှိနေကြသည်။

ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့အားဖြင့် နော်ခွန်းရွယ်ဦးဆောင်သည့် အဖွဲ့နှင့် အမတ်ကိုယ်စား ကာကွယ်ရေးအမတ်ကြီးဦးဆောင်သောအဖွဲ့ဆို၍ ၂ဖွဲ့သာ။

တစ်ဖွဲ့တွင် အဖွဲ့ဝင်၃ယောက်စီရှိသည့်အနက်မှ နော်ခွန်းရွယ်တို့အဖွဲ့တွင် နော်ခွန်းရွယ်၊ ကိုယ်ရံတော်တပ်မှူးချုပ် အဂ္ဂနှင့် အမည်မသိလူထူးဆန်းတစ်ဦး။

"လွန်း....ပြိုင်ပွဲစတော့မှာမို့...အမြန်ပြင်ဆင်ချည်တော့"

ဝတ်ရမည့်ဝတ်စုံနှင့် လက်နက်ပစ္စည်းတို့အား နော်ခွန်းရွယ်မှာ အသင့်ဖြစ်နေအောင် စီစဉ်ပေးထားသည်နှင့်အညီ လွန်းမှာ အံ့ဩဖို့ပင်အချိန်မရပါပဲ ပြိုင်ပွဲထဲသို့ ရောက်ရှိသွားရလေသည်။

"ပြိုင်ပွဲကို အာရုံအရင်စိုက်ထားပါ့အသင်....။ သိချင်တာတွေ ခဏတော့မြိုသိပ်နိုင်တယ် မဟုတ်လား"

လွန်းအား ဤသို့သော စကားတစ်ခွန်းကိုသာဆိုလျက်တိတ်ဆိတ်သွားသော နော်ခွန်းရွယ်မှာ သူ့တပည့်အဂ္ဂနှင့် အတူ ပြိုင်ပွဲစည်းမျဉ်းအတိုင်း အမှတ်အမြင့်ဆုံး သားကောင်အားလိုက်ရှာလေတော့သည်။

လွန်း~~~မင်းကို နောက်တစ်ဆင့်ထပ်တိုးသိဖို့ ဒီလောက်တော့ ကျုပ်စွန့်စားနိုင်ပါရဲ့။

မည်သို့ပင် တောကစားရန် သတ်မှတ်ထားသည်ဟုဆိုဆို အမြဲတစေတော့ တားမြစ်ဧရိယာဆိုသည်မှာ ရှိစမြဲပင်။

အခုထိ ကာကွယ်ရေးအမတ်ကြီးတို့အဖွဲ့နဲ့မဆုံသေးပုံထောက်ရင် သားကောင်ငယ်တွေနဲ့ပဲ သူတို့အမှတ်ယူရန် ဆုံးဖြတ်ထားဟန်ရှိသည်။

တားမြစ်ဧရိယာမကျော်ခင် ရေတံခွန်နားကကျောက်ဆောင်တွင် စဉ်ပြေနပြေထိုင်ချလိုက်သော နော်ခွန်းရွယ်သည် အမူအရာကြည့်ရုံဖြင့် ပြိုင်ပွဲအား စိတ်ဝင်စားခြင်း အလျဉ်းမရှိသည်မှာ သိသာလှသည်။

"အဂ္ဂ....သားကောင်ကို မင်းတစ်ယောက်ထဲ ဖမ်းလို့အဆင်ပြေနိုင်မယ် ထင်သလား?
ထင်ရင်ဖြင့် ဒီအပါးခိုချင်တဲ့ ဘုရင်က ပြိုင်ပွဲအတွက် မင်းကိုပဲ အားကိုးလို့ရလေရော့မလား"

နော်ခွန်းရွယ်၏ စကားအဆုံးတွင် အမိန့်ကိုနာခံသည့် သဘောမျိုးဖြင့် အရိုအသေပေးကာ ထွက်သွားသော အဂ္ဂမှာ ကိုယ်ရံတော်ချုပ်ဖြစ်နေသည့်တိုင် သခင်၏ စကားအားတသွေမတိမ်းလိုက်နာမြဲပင်။

အဂ္ဂထွက်သွားပြီး အတော်ကြာကာမှ စကားစဆိုလာသည့် နော်ခွန်းရွယ်မှာ ဝတ်ရုံထဲမှ တစ်စုံတစ်ခုအားထုတ်ရင်း အလုပ်များနေလေသည်။

"ဘယ်လိုလဲ အသင်ရဲ့။ ကျုပ်ကို ပြောစရာစကား တကယ်မရှိပါစ။ သို့တည်းမဟုတ် ပြောစရာတွေများလွန်းလို့များ ဆွံ့အသွားလေသလား"

"သခင်လေး....အာ..အရှင်လို့ခေါ်ရမှာပေါ့...
အခုဘာကြောင့်များ ကျွန်ုပ်ကို ဒီနေရာထိခေါ်လာရလဲဆိုတာ အခွင့်ရှိရင်သိပါရစေ။"

"အကြောင်းရင်း? ကျုပ်မယ် အသင့်ရဲ့မေးခွန်းအတွက် အဖြေတိတိကျကျမရှိပါကော။ သို့ပေမဲ့...."

တစ်ခွန်းပြောတိုင်း လွန်းထံသို့ တဖြည်းဖြည်း တိုးကပ်လာသော နော်ခွန်းရွယ်မှာ ပြောစရာစကားဆက်မဆိုပါပဲ လွန်းအားကြည့်ကာ သဘောတကျပြုံးလိုက်သည်။

"ကျုပ်လည်း မင်းဆီက သိချင်တာ အချို့ရှိတယ်ကော လွန်း...။ မင်း အဲ့ဒီလောက် တွေ့ချင်ပါတယ်ဆိုတဲ့ ပြည့်ရှင်မင်းက မင်းရဲ့ရှေ့က လူရမ်းကားဆိုတာ ခုထက်ထိမယုံနိုင်သေးပါကော ဟုတ်စ? ဒါဖြင့်ရင် ကျုပ်ကို ပြည့်ရှင်မင်းလို့မတွေးပါပဲ သခင်လေးအမှတ်နဲ့ပဲ မှတ်ယူထားပါလေ.."

နက်နဲသည့် ပုစ္ဆာတစ်ပုဒ်အား ကျောင်းသားကိုဖြေရှင်းခိုင်းသည့် ဆရာလို~~

နော်ခွန်းရွယ်၏ နှုတ်ခမ်းထက်က အပြုံးသည် ပိုလို့ပင်ပီပြင်လို့နေသည်။

"ကျုပ်ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တဲ့ မင်းက
ဒီနေ့ရော အဲ့စကားကိုတည်နိုင်ပါ့မလား လွန်း~~
ပြည့်ရှင်မင်းအနေနဲ့မဟုတ်ဘဲ သခင်လေးအဖြစ်သိခဲ့တဲ့ ကျုပ်ကိုရော မင်းကာကွယ်ပေးနိုင်ပါရဲ့လား"

နော်ခွန်းရွယ်၏ စကားတို့အား နားမလည်သလိုအကြည့်ဖြင့် မေးခွန်းထုတ်ရန်ကြံနေသော လွန်းအား သူ၏ ပါးလှပ်လှသော နားတို့က အဖြေကို အတိအကျပြန်ပေး၏။

အလွန့်အလွန်နီးကပ်နေသော အကွယ်နေရာတစ်ခုဆီကနေ သူတို့နှစ်ဦးအား ခုန်အုပ်ရန်ချောင်းနေသော သတ္တဝါကြီးမှာ နော်ခွန်းရွယ်၏ ဘယ်ဖက်လက်မှ တတောက်တောက်စီးကျနေသော သွေးတို့အား ရဲရဲနီနေသော မျက်လုံးတို့ဖြင့် ဝါးစားမတတ်ကြည့်သည်။

အခြေအနေကို သတိထားမိလာသောလွန်းမှာ နော်ခွန်းရွယ်အား အံ့ဩခြင်းတို့ဖြင့်အပြည့်ဖြည့်ထားသော အကြည့်တို့ဖြင့် ကြည့်မိလေသည်။

ဒီလူသားကတော့....တကယ်ပဲ ရူးမိုက်လွန်းပါဘိနဲ့။

အချိန်ဆွဲခြင်းအမှုအား ဆက်မလုပ်ပါပဲနဲ့ သူတို့အား ခုန်အုပ်လာသော သတ္တဝါကြီးကြောင့် နော်ခွန်းရွယ်အား လက်ဆွဲကာ လွတ်ရာသို့ ခန္ဓာဖြင့်လှိမ့်ချလိုက်လေတော့သည်။

"ကျားဖြူ.."

ဖြူစွတ်နေသော အမွှေးတို့နှင့် အနက်စင်းကျားတို့ကိုပိုင်ဆိုင်ထားသော ထိုကျားဖြူမှာ နော်ခွန်းရွယ်တို့အား သားကောင်သဖွယ် အမဲလိုက်ဖို့ ဆုံးဖြတ်ထားဟန်ရှိသည်။

ဒီကျားက တားမြစ်ဧရိယာအလွန်ကမလား.....

တကယ်ပဲ ဒီလူကတော့ သေဖို့များ စိတ်ဆုံးဖြတ်ထားလို့ ဒီလိုလုပ်ရပ်မျိုးကို..

လွန်းမှာ စိတ်ရှုပ်နေသည့်အတွက် မျက်ခုံးတွေတွန့်ကျိုးနေသလောက် နော်ခွန်းရွယ်ကတော့ဖြင့် ဒဏ်ရာတွေကို ဂရုမစိုက်သည့်အလား ထိုင်ပင်ရယ်နေသေးသည်။

"နောက်ဆုံးတော့...ဒီကျားဖြူက ငါ့ရဲ့ အသုံးမဝင်တဲ့ ဘဝကိုယူတော့မှာပါလား..ဟား ဟား"

နော်ခွန်းရွယ်၏ စကားတို့အား ခွန်းတုံ့မပြန်အားသည့် လွန်းမှာ ရှေ့ကကျားဖြူအား မလွတ်စတမ်းလိုက်ကြည့်နေလေသည်။

ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သည့် လွန်းကြောင့် ထိုသတ္တဝါကြီးမှာ မာန်ဖီကာ ကမူးကရှူးနှင့် လွန်းဆီသို့ တည့်တည့်တိုက်ခိုက်လာပါတော့သည်။

ရှောင်ကာတိမ်းကာဖြင့် ထိုသတ္တဝါအား တိုက်ခိုက်နေသော လွန်းမှာ နော်ခွန်းရွယ်ဆီသို့ ထိုသတ္တဝါကြီး အာရုံမပြန့်စေရန် တရစပ် တိုက်ခိုက်နေလေသည်။

"ဒီနေရာကထွက်သွားစမ်းပါ့...ဒီသတ္တဝါကို ကျွန်ုပ်ထိန်းထားလိုက်မှာမို့...အရှင်..အရှင်က"

လွန်း၏ စကားမဆုံးခင်မှာပင် ထိုကျားဖြူ၏ ဝမ်းဗိုက်သို့ စိုက်ဝင်ကာ ထုတ်ချင်းဖောက်ထွက်သွားသည့် မြားတစ်စင်း။

"ဘာတွေများ ဒီလောက်စိုးရိမ်နေသတုန်း အသင်ရဲ့။ ကျုပ်ကို အထင်သေးရန်ကော"

ဒဏ်ရာဒဏ်ချက်တွေနဲ့တောင် ခန့်ညားမှုတို့ မှေးမှိန်မသွားသည့် နော်ခွန်းရွယ်က ခပ်ထေ့ထေ့အပြုံးအား ဆင်မြန်းလျက် လွန်းအားကြည့်ကာ စကားဆိုသည်။

လွန်းခမျာမှာတော့ မျက်စိရှေ့က မလှုပ်နိုင်တော့သည့် သတ္တဝါအား အာရုံမထားအားပါပဲ သူ့လူသားထံသို့အပြေးသွားကာ နင့်နေအောင်ဖက်တွယ်သည်။

ဂဏာမငြိမ်သော ပင်လယ်ပြာရောင်မျက်ဝန်းတွေက နော်ခွန်းရွယ်အား လွတ်ထွက်သွားမတတ်ဖက်ထားလေသည်။

ရုတ်တရက်မို့ ကြောင်အသွားသည့် နော်ခွန်းရွယ်မှာ တစ်စုံတစ်ရာသောအပြုအမူကိုမျှ မတုံ့ပြန်နိုင်ခင်လေးတင် နောက်ပါးမှ ထပ်မံခုန်အုပ်ရန်ရွယ်နေပါသော သတ္တဝါကြောင့် ကပြာကယာပင် သူ့အားဖက်တွယ်ထားသော လူသားအား ရင်ခွင်ထဲသိမ်းထည့်ကာ ခန္ဓာကိုယ်ကိုတပတ်လည်စေသည်။

အလို...အခုသူက တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ ကြိုးစားမိလိုက်တာပေါ့...။

ထူးဆန်းစွာပင် ကျောပြင်ပေါ်သို့ မည်သည့်နာကျင်မှုမှ ကျရောက်မလာသည့်အတွက် အယောင်ယောင်အမှားမှားဖြင့် လှည့်ကြည့်လေတော့ အပြာရောင်အမှုန်တို့မှတစ်ပါး တခြားမတွေ့ရတော့ချေ။

ဘာတွေများ...

နော်ခွန်းရွယ်အား အတွေးတို့ဖြောင့်အောင်တွေးခွင့်မပေးသည်မှာ ရင်ခွင်ထဲ မှီကျလာသော လွန်း~~။

ကြည့်မိလေတော့...မေ့မြောနေသည့်သဏ္ဍာန်ပေါ်သည်။

ဒီလူ...အကြောက်လွန်ပြီးများမေ့သွားလေသလား။

ကျိန်းသေသည်ကတော့ အကြောက်လွန်ပြီး မေ့သွားသော ထိုလူမှာ သူ့အတွက်နှင့် သတ္တဝါကြီးနှင့် တိုက်ခိုက်ခဲ့ရုံမျှမက သူ့ကိုလည်း ကာကွယ်ပေးခဲ့လေသည်။

ဒီလောက်များဆို...မင်းကို ကိုယ့်လူအဖြစ်သတ်မှတ်လို့ရနိုင်ကောင်းပါရဲ့။

^^^^^^^^^^^^^

"မသင့်လျော်ကြောင်းပါ..."

ညီလာခံခန်းမထဲမှ တညီတညွတ်ထဲထွက်လာသည့် အသံသည် ပလ္လင်ထက်ရှိ နော်ခွန်းရွယ်အား နည်းနည်းလေးပင်မတုန်လှုပ်စေပါ။

"မောင်မင်းတို့ဆီက ခွင့်ပြုချက်ကို ကိုယ်တော်တောင်းနေတာ မဟုတ်ဆိုတာ မသိတာလည်းမဟုတ်ကွယ်။ အခု ငါကိုယ်တော်က မောင်မင်းတို့ကို အသိပေးရုံသပ်သပ်ပါလေ...လွန်းဟာ..ငါကိုယ်တော်ရဲ့ လူဖြစ်ကြောင်း"

ကွက်ခနဲမျက်နှာပျက်သွားသည့် အမတ်တို့အား ဂရုမစိုက်ပဲ ညီလာခံသိမ်းစေကာ လွန်းအား နေရာချထားပေးသည့် နန်းဆောင်ရှိရာသို့ ဦးတည်ကာထွက်လာလိုက်တော့သည်။

"အာ...ပြောဖို့မေ့ကျန်ခဲ့လို့..။
လွန်းကို ကိုယ်တော်ကလွဲလို့ ကျန်တဲ့သူတွေ အမိန့်ပေးပိုင်ခွင့်မရှိ။ လွန်းဟာ...ကိုယ်တော်တစ်ဦးတည်းရဲ့ အပိုင်လူသားဖြစ်ကြောင်း အမတ်တို့ အခုကစ သိထားပါတော့"

လှည့်ထွက်သွားသည့် နော်ခွန်းရွယ်၏ နောက်ကျောပြင်အား ကြည့်ရင်း အမတ်တို့ကတော့ တစ်မျိုးတစ်မည်တွေ တွေးထင်နေကြမည်မှာ မလွဲမသွေပင်။

ဝဏ္နုဇေဒါရဲ့ ပြည့်ရှင်တစ်ယောက် တကယ်ပဲ စိတ်တို့ဖောက်လွဲဖောက်ပြန် ဖြစ်သွားလေသလား။

ဘယ်နှယ့် နောက်ကြောင်းအစုံအလင်မပြောနှင့် ဇာတိကိုတောင် ရေရေရာရာမသိရပါသော လူမျိုးခြားသားတစ်စိမ်းတစ်ယောက်အား နန်းတော်ထဲခေါ်လာရုံမျှမက ပြည့်ရှင်နှင့် အနီးကပ်ဆုံး သက်တော်စောင့်ရာထူးပင်ပေးလိုက်သေးသည်။

အမိန့်တောင် ဘုရင်တစ်ဦးတည်းကသာ ပေးလို့ရသည်မို့ ထိုအနှီ လူမျိုးခြားသားအား တော်ရုံတန်ရုံမဟုတ်မှန်း အမတ်တို့သိလိုက်သည်နှင့် အညီ ဝေးဝေးကရှောင်ရန် ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

ရှေ့လျှောက် တိုင်းပြည်အတွက် ရင်လေးမိတာတော့အမှန်...။

^^^^^^^^^^^^^^

အပူအပင်မရှိ အိပ်ပျော်နေသည့် လွန်း၏ နံဘေးတွင် တစောင်းထိုင်လျက် စဉ်းစားခန်းဖွင့်နေသည့် နော်ခွန်းရွယ်မှာ ပတ်ဝန်းကျင်ကို လုံးလုံးကြီးလျစ်လျူရှုထားလေသည်။

"တူရန်ကော....ကျုပ်ရဲ့တစ်စုံတစ်ယောက်နဲ့"

လွန်းနဖူးထက်မှ ကျနေသော ဆံစတို့အား သပ်တင်ပေးရန် လက်လှမ်းသည်တွင် မသင့်တော်သော အတွေးတို့ကြောင့် လက်ပြန်ရုတ်လိုက်သည့် နော်ခွန်းရွယ်မှာ အခုထက်ထိတိုင် သူ့လုပ်ရပ်အား သူကိုယ်တိုင်တောင် အပြည့်အဝနားမလည်သေးပါချေ။

ဖြစ်နိုင်တာကတော့ မင်းဟာ..ကျုပ်အတွက် ပထမဆုံးသောသူဖြစ်နိုင်ချည်ရဲ့..။

နည်းနည်းလေးလောက်များ အတ္တကြီးရာကျသွားမလားမသိတဲ့ ကျုပ်ကို မင်းအပြစ်မြင်လည်း ကျုပ်မတတ်နိုင်တော့ပြီ။

ကျုပ်အတွက်တော့ဖြင့် မင်းကို လက်လွှတ်ပေးဖို့ရာ ဆန္ဒမရှိတာမို့...။ ကျုပ်အနားမှာနေပြီး ကျုပ်ရဲ့ ရှင်သန်ရာ အကြောင်းကို ကူပြီးရှာဖွေပေးပါ့ လွန်း~~။

^^^^^^^^^^^^

"ဖွား...ကျွန်တော် မေးချင်လို့ "

လက်ထဲက မက်မွန်သီးအား တစ်ကျွတ်ကျွတ်ကိုက်ကာ ကုသရေးနတ်သမီးအား စကားစပြောလာပါသော Erosသည် အရင်လို သေးသေးကွေးကွေးလေး မဟုတ်တော့ချေ။

အနီရောင်တောက်တောက် မျက်ဝန်းတို့နှင့် ပနံသင့်စွာ ခပ်တိုတို အနီရောင်ဆံပင်တို့မှာ Erosအားလူချောလေးတစ်ယောက် အသွင်သို့ဆောင်စေသည်။

မြင့်မားသောအရပ်နှင့် တောင့်တင်းလာသော ခန္ဓာကိုယ်က ကလေးတုန်းကErosနှင့်လားလားမျှမဆိုင်သည့်အလား။ ဘယ်ဖက်ပါးက ပါးချိုင့်သာ မရှိတော့ပါလျှင် Kiတစ်ယောက် Erosကို မှတ်မိဖို့မလွယ်နိုင်။

Zenရဲ့ ပြောင်းလဲသွားသော missionကြောင့် Kiမှာကူညီပေးနေရသည့်အတွက် Erosဆီလာဖို့ နောက်ပိုင်းတွင် ပိုမိုခက်ခဲလာသည်မှာ နည်းနည်းတော့ စိတ်မကောင်းချင်စရာပင်။

Erosရဲ့ အခုပုံစံကို Kiမမြင်ဖူးသေးဘူးမလား။
ထိုနည်းတူ Erosရဲ့နိုးထလာသော စွမ်းအင်အသစ်တို့အားလည်း Kiမြင်ဖူးမည် မဟုတ်ပါချေ။

"မေးလေ ကလေးလေးရဲ့"

"ပါပါးနဲ့ အမြဲအတူရှိနေတဲ့ လူကြီးက ဘယ်လိုဆက်ဆံရေးလဲ"

"Erosက ကောင်းကင်အရှင့်သားကိုမေးတာနဲ့တူတယ်"

"အရှင့်သား? ကောင်းကင်အရှင့်သား?"

မျက်လုံးတွေ ဘလင်းဘလင်းတောက်သွားသည့် Erosမှာ စိတမလှုပ်ရှားမှုကြောင့် မျက်ဝန်းနီနီတို့မှာ ပိုလို့ပင်အရောင်တောက်လာလေသည်။

ဒီနေရာရဲ့ အပြင်ဖက်မှာ သူမသိသေးတဲ့အရာတွေအများကြီးရှိနေသေးတာပဲ။

အပြင်ထွက်ဖို့ကို နည်းနည်းလေးမှမစောင့်နိုင်တော့ဘူး။

"အင်းအင်း....အဲ့ အရှင့်သားဆိုတာနဲ့ ပါပါးနဲ့က?"

" အင်းး ဖွားသိသလောက်ဆိုရင်တော့ Kiနဲ့ အရှင့်သားက အချစ်ဆုံး သူငယ်ချင်းတွေတဲ့ သေချာသိချင်ရင် Kiပြန်လာမှမေးတော့နော်"

ကုသရေးနတ်သမီး၏ အဖြေအား စဉ်းစားခန်းဖွင့်နေသော Erosမှာ Kiပြန်လာသည်နှင့် မေးရန်မေးခွန်းတို့ကို ခေါင်းထဲအစီအစဉ်တကျ တွေးနေတော့သည်။

သူ့ရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကို ပါပါးကို ပြဖို့မစောင့်နိုင်တော့ဘူး...။

^^^^^^^^^^^^^
နားမလည်သေးလည်း သည်းခံပြီးဖတ်ပေးကြပါဦးလို့ မြှုပ်ကွက်တွေရှိနေသေးတာမို့။

moodဝင်နေလို့ updateကရက်တောင်ဆက်ကုန်ပြီ😂

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျ❣️
___________________

Continue lendo

Você também vai gostar

338K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
321K 6.9K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
305K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"