"ဟယ်လို ဟုတ်ကဲ့ ကြည်ညိုမောင်ပြောနေပါတယ်"
"ကိုကြည်ညို ကျွန်တော် လွန်းမြတ်သော်"
"လွန်းသော်!! ကိုယ်ကအခုဘဲဖုန်းဆက်တော့မလို့ လာကြိုရမလား ဦးလေးပြောတော့ကားပျက်နေလို့ဆို"
"ဟုတ် ဖေဖေကကိုကြည်ညို့ကိုလာကြိုခိုင်းလိုက်ဆိုလို့ အဲ့တာ"
"ကိုယ်လာပြီနော်"
ကိုကြည်ညိုကိုလွန်းသော်ချစ်တယ် လွန်းသော်ကဂေးတစ်ယောက်ဆိုတာ အထက်တန်းနှစ်ကတည်းကဖေဖေ့ကိုဖွင့်ပြောခဲ့တာ
ဖေဖေက
" သားစိတ်ချမ်းသာမှုက ဖေဖေ့ဆန္ဒဘဲ သားလုပ်ချင်တာ ဖြစ်ချင်တာမှန်သမျှဖေဖေကဖြည့်ဆည်းပေးမှာ နည်းလမ်းကျတဲ့တောင်းဆိုမှုတိုင်း ဖေဖေကမငြင်းဘူး"တဲ့
လွန်းသော်နဲ့ကိုကြည်ညိုမောင်ဟာရိုးရှင်းပါတယ် လွန်းသော်ခံစားချက်တွေသာမပါလာခဲ့ရင် ကိုကြည်ညိုမောင်ပြောသလို လွန်းသော်ဟာ ညီအရင်းလေးတစ်ယောက်လိုပေါ့...
-----------------------------
"တစ်ခုခုစားချင်လား ကိုယ်လိုက်ကျွေးမယ်လေ လွန်းသော် တိတ်နေတာဘဲ ကြည့်ဦး"
ကိုကြည်ညိုမောင်ဟာသူ့ကိုကလေးများထင်နေသလား...
"ကျွန်တော်မစား.."
*ဂွီ*
"ဗိုက်ဆာနေပြီမလား ကိုယ့်ကိုကိုယ်လိမ်မနေပါနဲ့တော့ကွယ်"
"........."
"ဘာစားမလဲပြော"
"ရေခဲမုန့်ရယ် နန်းကြီးသုပ်ရယ် ပြီးတော့ ကြက်ကြော်ရော"
သူ့ကိုခပ်ပြုံးပြုံးကြည့်နေတဲ့ ကိုကြည်ညိုဟာ အနားသို့တစ်ဖြေးဖြေးတိုးကပ်လာခဲ့သည်။
ဘာရယ်.... ကျွန်တော်ရင်တုန်နေပြီ ကိုကြည်ညိုမောင်..
ကိုကြည်ညိုမောင်ဟာ သူ့ခေါင်းကိုခပ်ဖွဖွပွတ်ကာ
"ကလေးလေးကျနေတာဘဲ လွန်းသော် ကိုယ်၀ယ်ကျွေးမယ်နော်"
ထိုနေ့ထိုအချိန်မှစကာ ကျွန်တော့်ရဲ့တစိတ်တစ်ပိုင်းထဲသို့ ကိုကြည်ညိုမောင်ဟာ နစ်သထက်နစ်အောင်မဖိတ်ခေါ်ဘဲတိုး၀င်လာပါသည်။ မမျှော်လင့်ဘဲ စွဲလန်းမိသွားခဲ့ရပါသည်......
ကျွန်တော်ကိုကို့ ကို သိပ်ချစ်သည်။
------------------------------------
ကိုကိုဟာအကျိုးအမြတ်အတွက်ကောင်းပေးနေမှန်းအစတည်းကသာသိခဲ့ရင် လွန်းသော်ကိုကို့ ကိုချစ်ခဲ့မိမယ်မထင်ဘူး....
"ကျွန်တော် ကိုကြည်ညိုမောင့်ကိုချစ်တယ်"
ရုတ်တရက်လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ကိုကို့မျက်ဆ့ကြောင့် လွန်းသော် နေစရာမရှိအောင်တုန်လှုပ်သွားရသည်။
"ဘာပြောတယ် လွန်းသော်"
ကိုကိုဟာ မယုံနိုင်သလိုအကြည့်များနှင့်...
ခက်ထန်သောမျက်လုံးများနှင့်ကြည့်နေသည်
ဟင့်အင်း ကိုကို လွန်းသော်ကိုအဲ့လိုမကြည့်နဲ့...
"လွန်းသော်ကကိုယ့်ညီလေးလိုဘဲ.." တဲ့
ကျွန်တော်သိပ်ကိုနားလည်တာပေါ့
ကြားကြားနေရတဲ့သတင်းတွေထဲမှာ ရိပ်လွှာဆိုတဲ့အမျိုးသမီးနဲ့ ကိုကို့ပတ်သက်မှုတွေကိုလေ....
ကျွန်တော့်နှလုံးသားဟာ သော့ခတ်ထားဖို့သာထိုက်တန်တာ....
-------------
ကိုကိုဟာထိုနေ့မှာတော့ နားလည်ရခက်နိုင်စွာ ထိုစကားကိုပြောခဲ့ပြန်ပါတယ်
"ငါလည်းမင်းကိုချစ်တယ် လက်ထပ်ရအောင်" တဲ့
ကိုကိုရယ် အချစ်ရိပ်မြူတစ်မှုန်တောင်မပါတဲ့စကားကိုကျွန်တော်ကသိပ်ကိုယုံစားပါရဲ့...
သိပ်ကိုယုံပါရဲ့ ကိုကို
အဲ့လိုနဲ့ ကျွန်တော်ကကိုကို့ ကိုပိုင်ဆိုင်ရရင်ပြီးရော လက်ထပ်ခဲ့တာပေါ့.. ကိုကိုကတော့ ဖေဖေ့ရှယ်ယာတွေသူ့ကုမ္ပဏီမှာပိုများလာအောင်နဲ့ နိုင်ငံခြားကညီမလေးကိုပြည့်ပြည့်စုံစုံထားနိုင်အောင်တဲ့....
စည်းကမ်းချက်တွေနဲ့ဆက်ဆံရေးကိုကျွန်တော်ကစပြီးကမ်းလှမ်းဖြစ်ခဲ့တယ်...
ကိုကိုနေရမခက်စေဖို့ထက် ကျွန်တော်စိတ်မဆင်းရဲချင်လို့...
ကိုကိုရယ် ချစ်မိတဲ့သူကအရှုံးပါ လွန်းသော်ကတော့မရှုံးချင်ဘူး အင်း ကိုကိုနဲ့ဆိုရင်တော့ဖြင့် လွန်းသော်ရှုံးရလဲမမှုပါဘူးလေ...
----------------------------------------
"ကိုကိုပြန်လာပြီလား ရေအရင်ချိုးလိုက်နော် လွန်းသော်ထမင်းစားဖို့ ပြင်ဆင်ထားမယ် ဟုတ်ပြီလား"
"အင်း"
ကိုကိုဟာသူ့ကိုပင်မကြည့်ပါဘဲ မြင်နေကျအတိုင်း တွန့်ချိုးနေတဲ့မျက်ခုံးထူထူတွေနဲ့အပေါ်ကိုတက်သွားပြန်သည်။ ကိုကိုဟာနားလည်ရခက်လိုက်တာ ချစ်သင့်မှန်းမသိ ပစ်သင့်မသိတဲ့ ကိုကိုဟာဘယ်လောက်တောင်နားလည်ရခက်လိုက်သလဲ...
လွန်းသော်ထမင်းခူးကာ ကိုကို့ကိုထိုင်စောင့်နေသော်လည်း အတန်ကြာသည်ထိဆင်းမလာသေး။ရေချိုးခန်း၀င်ချိန်ကအဲ့လောက်တစ်နာရီခွဲကြီးလားကိုကို...
"ကိုကို"
ခပ်တိုးတိုးတံခါးခေါက်ကာ ခေါ်သော်လည်း အထဲမှဖုန်းပြောနေသံမှလွဲ၍ပြန်ထူးမလာ..
"ကိုယ်တောင်းပန်ပါတယ်ရိပ်ရယ် နားလည်ပေးပါ ဒီတစ်ပတ်weekendရိပ်နဲ့ပုဂံလိုက်ဖြစ်အောင်လိုက်မှာပါ ဒီညတော့ခွင့်လွှတ်ပါကွာ"
ဟုတ်တာပေါ့ကိုကို ကိုကို့ချစ်သူစိတ်ကောက်နေတော့ လွန်းသော်စောင့်နေတာကိုမေ့ပြီးချော့ရမှာပေါ့နော်..
"ကိုကို!"
အသံမြှင့်ကာ ခေါ်လိုက်တော့ ကိုကိုဟာ တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့ဘဲလှည့်ကြည့်ပြန်ပါတယ်...
"ထမင်းမစားတော့ဘူးလား ၈နာရီတည်းက အခုတင်၉ခွဲနေပြီ လွန်းသော်စောင့်နေတာလေ ကိုကို"
အသံမြှင့်ကာပြောလိုက်တော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ကိုကိုဟာသိပ်သနားစရာကောင်းသည်။ ခိုးစားတာလူမိမှာစိုးတာလား ကိုကို.. ပုတ်ရင်ပေါ် ဟုတ်ရင်ကျော်တဲ့ ကိုကို့သတင်းတွေလွန်းသော်မကြားချင်အဆုံးဖြစ်နေတာတောင် ပြုံးပြုံးလေးနေခဲ့တာပါ....
"အင်း နေမကောင်းချင်သလိုဖြစ်နေလို့ ကိုယ်မစားတော့ဘူး"
"အော်"
လွန်းသော်ကိုကို့ကိုကျောခိုင်းကာအောက်ထပ်ကလူသူမဲ့နေတဲ့ခပ်အေးအေးထမင်းဝိုင်းမှာပြန်ထိုင်လိုက်သည်။
မငိုနဲ့လွန်းသော် မငိုနဲ့ ကိုကို့ကြောင့်မငိုနဲ့
ကိုကို့ကြောင့်ပြုံးပျော်ပြီးဘဲနေချင်တယ်
ကိုကို့ကြောင့်ကျွန်တော်မငိုဘူးကိုကို
"ဟင်းတွေအေးနေပြီဘဲ ပြန်နွှေးပြီးမှစားတော့မယ်"
ထိုညထိုထမင်းဝိုင်းလေးဟာ တိတ်တိတ်ဆိတ်ဆိတ်ဘယ်သူမှမသိဘဲငိုနေတဲ့ကောင်လေးကြောင့် လူသူမဲ့မနေတော့ပေမယ့် ထိုကောင်လေးရဲ့မျက်ရည်တွေကြောင့် ခပ်ဆွေးဆွေးတော့ဖြစ်နေပေလိမ့်မည်။
----------------------
ဒီနေ့ကသောကြာနေ့ ကိုကိုကျွန်တော့်ကိုပြောစရာတစ်ခုခုရှိနေတဲ့ပုံဘဲ အင်း "ရိပ်နဲ့ခရီးသွားမလို့ပါ"လို့ပြောမလာခင် ကျွန်တော်ကအရင်ပြောပါရစေ ကိုကို
"ကိုကို"
"ဟင်"
"ဒီတစ်ပတ်ကမ်းခြေသွားရအောင် လွန်းသော်စီစဉ်ပြီးပြီ အားတယ်မလား"
"အာ ကိုယ် အင်း အားတယ်လွန်းသော် အားပါတယ်"
ဒီလိုမှပေါ့ကိုကို...
မအီမသာဖြစ်နေတဲ့ကိုကို့မျက်နှာကရိပ်နဲ့နှစ်ယောက်ထဲမသွားရတော့လို့ထင်ပါသည်။
စိတ်မကောင်းပါဘူး ကိုကို လွန်းသော်အနိုင်လိုချင်တာမို့...
လွန်းသော်ကမရနိုင်တဲ့အရာတစ်ခုကိုတစ်ဆာဆာပူဆာတတ်တဲ့ကလေးလေးမဟုတ်ဘူးကိုကို မရရင်လုယူတတ်တဲ့ ခပ်ဆိုးဆိုးကလေးလည်းမဟုတ်ဘူး ကိုကို
လွန်းသော်ကလိုချင်တာကိုရကိုရရမယ့်ကလေး လုယူမှာလဲမဟုတ်ဘူး ငိုယိုပူဆာနေမှာလဲမဟုတ်ဘူး သူ့အလိုလိုရလာအောင်လုပ်ယူမှာကိုကို
ဒီဇာတ်ကိုလွန်းသော်သိမ်းပေးမယ်
ကိုကိုဟာလွန်းသော်လွှတ်ချခဲ့မယ့်အချိန်မှာ လွန်းသော်ကိုချစ်လာမှာ...
ချစ်တဲ့ကီရာ
ကောမန့်၀င်ရေးရင်သိပ်ပျော်မှာစိုးလို့လား
Zawgyi
"ဟယ္လို ဟုတ္ကဲ့ ၾကည္ညိုေမာင္ေျပာေနပါတယ္"
"ကိုၾကည္ညို ကြၽန္ေတာ္ လြန္းျမတ္ေသာ္"
"လြန္းေသာ္!! ကိုယ္ကအခုဘဲဖုန္းဆက္ေတာ့မလို႔ လာႀကိဳရမလား ဦးေလးေျပာေတာ့ကားပ်က္ေနလို႔ဆို"
"ဟုတ္ ေဖေဖကကိုၾကည္ညို႔ကိုလာႀကိဳခိုင္းလိုက္ဆိုလို႔ အဲ့တာ"
"ကိုယ္လာၿပီေနာ္"
ကိုၾကည္ညိုကိုလြန္းေသာ္ခ်စ္တယ္ လြန္းေသာ္ကေဂးတစ္ေယာက္ဆိုတာ အထက္တန္းႏွစ္ကတည္းကေဖေဖ့ကိုဖြင့္ေျပာခဲ့တာ
ေဖေဖက
" သားစိတ္ခ်မ္းသာမႈက ေဖေဖ့ဆႏၵဘဲ သားလုပ္ခ်င္တာ ျဖစ္ခ်င္တာမွန္သမွ်ေဖေဖကျဖည့္ဆည္းေပးမွာ နည္းလမ္းက်တဲ့ေတာင္းဆိုမႈတိုင္း ေဖေဖကမျငင္းဘူး"တဲ့
လြန္းေသာ္နဲ႕ကိုၾကည္ညိုေမာင္ဟာရိုးရွင္းပါတယ္ လြန္းေသာ္ခံစားခ်က္ေတြသာမပါလာခဲ့ရင္ ကိုၾကည္ညိုေမာင္ေျပာသလို လြန္းေသာ္ဟာ ညီအရင္းေလးတစ္ေယာက္လိုေပါ့...
-----------------------------
"တစ္ခုခုစားခ်င္လား ကိုယ္လိုက္ေကြၽးမယ္ေလ လြန္းေသာ္ တိတ္ေနတာဘဲ ၾကည့္ဦး"
ကိုၾကည္ညိုေမာင္ဟာသူ႕ကိုကေလးမ်ားထင္ေနသလား...
"ကြၽန္ေတာ္မစား.."
*ဂြီ*
"ဗိုက္ဆာေနၿပီမလား ကိုယ့္ကိုကိုယ္လိမ္မေနပါနဲ႕ေတာ့ကြယ္"
"........."
"ဘာစားမလဲေျပာ"
"ေရခဲမုန႔္ရယ္ နန္းႀကီးသုပ္ရယ္ ၿပီးေတာ့ ၾကက္ေၾကာ္ေရာ"
သူ႕ကိုခပ္ၿပဳံးၿပဳံးၾကည့္ေနတဲ့ ကိုၾကည္ညိုဟာ အနားသို႔တစ္ေျဖးေျဖးတိုးကပ္လာခဲ့သည္။
ဘာရယ္.... ကြၽန္ေတာ္ရင္တုန္ေနၿပီ ကိုၾကည္ညိုေမာင္..
ကိုၾကည္ညိုေမာင္ဟာ သူ႕ေခါင္းကိုခပ္ဖြဖြပြတ္ကာ
"ကေလးေလးက်ေနတာဘဲ လြန္းေသာ္ ကိုယ္၀ယ္ေကြၽးမယ္ေနာ္"
ထိုေန႕ထိုအခ်ိန္မွစကာ ကြၽန္ေတာ့္ရဲ႕တစိတ္တစ္ပိုင္းထဲသို႔ ကိုၾကည္ညိုေမာင္ဟာ နစ္သထက္နစ္ေအာင္မဖိတ္ေခၚဘဲတိုး၀င္လာပါသည္။ မေမွ်ာ္လင့္ဘဲ စြဲလန္းမိသြားခဲ့ရပါသည္......
ကြၽန္ေတာ္ကိုကို႔ ကို သိပ္ခ်စ္သည္။
------------------------------------
ကိုကိုဟာအက်ိဳးအျမတ္အတြက္ေကာင္းေပးေနမွန္းအစတည္းကသာသိခဲ့ရင္ လြန္းေသာ္ကိုကို႔ ကိုခ်စ္ခဲ့မိမယ္မထင္ဘူး....
"ကြၽန္ေတာ္ ကိုၾကည္ညိုေမာင့္ကိုခ်စ္တယ္"
႐ုတ္တရက္လႈပ္လႈပ္ရွားရွားျဖစ္သြားတဲ့ ကိုကို႔မ်က္ဆ့ေၾကာင့္ လြန္းေသာ္ ေနစရာမရွိေအာင္တုန္လႈပ္သြားရသည္။
"ဘာေျပာတယ္ လြန္းေသာ္"
ကိုကိုဟာ မယုံနိုင္သလိုအၾကည့္မ်ားႏွင့္...
ခက္ထန္ေသာမ်က္လုံးမ်ားႏွင့္ၾကည့္ေနသည္
ဟင့္အင္း ကိုကို လြန္းေသာ္ကိုအဲ့လိုမၾကည့္နဲ႕...
"လြန္းေသာ္ကကိုယ့္ညီေလးလိုဘဲ.." တဲ့
ကြၽန္ေတာ္သိပ္ကိုနားလည္တာေပါ့
ၾကားၾကားေနရတဲ့သတင္းေတြထဲမွာ ရိပ္လႊာဆိုတဲ့အမ်ိဳးသမီးနဲ႕ ကိုကို႔ပတ္သက္မႈေတြကိုေလ....
ကြၽန္ေတာ့္ႏွလုံးသားဟာ ေသာ့ခတ္ထားဖို႔သာထိုက္တန္တာ....
-------------
ကိုကိုဟာထိုေန႕မွာေတာ့ နားလည္ရခက္နိုင္စြာ ထိုစကားကိုေျပာခဲ့ျပန္ပါတယ္
"ငါလည္းမင္းကိုခ်စ္တယ္ လက္ထပ္ရေအာင္" တဲ့
ကိုကိုရယ္ အခ်စ္ရိပ္ျမဴတစ္မႈန္ေတာင္မပါတဲ့စကားကိုကြၽန္ေတာ္ကသိပ္ကိုယုံစားပါရဲ႕...
သိပ္ကိုယုံပါရဲ႕ ကိုကို
အဲ့လိုနဲ႕ ကြၽန္ေတာ္ကကိုကို႔ ကိုပိုင္ဆိုင္ရရင္ၿပီးေရာ လက္ထပ္ခဲ့တာေပါ့.. ကိုကိုကေတာ့ ေဖေဖ့ရွယ္ယာေတြသူ႕ကုမၸဏီမွာပိုမ်ားလာေအာင္နဲ႕ နိုင္ငံျခားကညီမေလးကိုျပည့္ျပည့္စုံစုံထားနိုင္ေအာင္တဲ့....
စည္းကမ္းခ်က္ေတြနဲ႕ဆက္ဆံေရးကိုကြၽန္ေတာ္ကစၿပီးကမ္းလွမ္းျဖစ္ခဲ့တယ္...
ကိုကိုေနရမခက္ေစဖို႔ထက္ ကြၽန္ေတာ္စိတ္မဆင္းရဲခ်င္လို႔...
ကိုကိုရယ္ ခ်စ္မိတဲ့သူကအရႈံးပါ လြန္းေသာ္ကေတာ့မရႈံးခ်င္ဘူး အင္း ကိုကိုနဲ႕ဆိုရင္ေတာ့ျဖင့္ လြန္းေသာ္ရႈံးရလဲမမႈပါဘူးေလ...
----------------------------------------
"ကိုကိုျပန္လာၿပီလား ေရအရင္ခ်ိဳးလိုက္ေနာ္ လြန္းေသာ္ထမင္းစားဖို႔ ျပင္ဆင္ထားမယ္ ဟုတ္ၿပီလား"
"အင္း"
ကိုကိုဟာသူ႕ကိုပင္မၾကည့္ပါဘဲ ျမင္ေနက်အတိုင္း တြန႔္ခ်ိဳးေနတဲ့မ်က္ခုံးထူထူေတြနဲ႕အေပၚကိုတက္သြားျပန္သည္။ ကိုကိုဟာနားလည္ရခက္လိုက္တာ ခ်စ္သင့္မွန္းမသိ ပစ္သင့္မသိတဲ့ ကိုကိုဟာဘယ္ေလာက္ေတာင္နားလည္ရခက္လိုက္သလဲ...
လြန္းေသာ္ထမင္းခူးကာ ကိုကို႔ကိုထိုင္ေစာင့္ေနေသာ္လည္း အတန္ၾကာသည္ထိဆင္းမလာေသး။ေရခ်ိဳးခန္း၀င္ခ်ိန္ကအဲ့ေလာက္တစ္နာရီခြဲႀကီးလားကိုကို...
"ကိုကို"
ခပ္တိုးတိုးတံခါးေခါက္ကာ ေခၚေသာ္လည္း အထဲမွဖုန္းေျပာေနသံမွလြဲ၍ျပန္ထူးမလာ..
"ကိုယ္ေတာင္းပန္ပါတယ္ရိပ္ရယ္ နားလည္ေပးပါ ဒီတစ္ပတ္weekendရိပ္နဲ႕ပုဂံလိုက္ျဖစ္ေအာင္လိုက္မွာပါ ဒီညေတာ့ခြင့္လႊတ္ပါကြာ"
ဟုတ္တာေပါ့ကိုကို ကိုကို႔ခ်စ္သူစိတ္ေကာက္ေနေတာ့ လြန္းေသာ္ေစာင့္ေနတာကိုေမ့ၿပီးေခ်ာ့ရမွာေပါ့ေနာ္..
"ကိုကို!"
အသံျမႇင့္ကာ ေခၚလိုက္ေတာ့ ကိုကိုဟာ တြန႔္ခ်ိဳးေနတဲ့မ်က္ခုံးေတြနဲ႕ဘဲလွည့္ၾကည့္ျပန္ပါတယ္...
"ထမင္းမစားေတာ့ဘူးလား ၈နာရီတည္းက အခုတင္၉ခြဲေနၿပီ လြန္းေသာ္ေစာင့္ေနတာေလ ကိုကို"
အသံျမႇင့္ကာေျပာလိုက္ေတာ့ ေျခမကိုင္မိလက္မကိုင္မိျဖစ္သြားတဲ့ကိုကိုဟာသိပ္သနားစရာေကာင္းသည္။ ခိုးစားတာလူမိမွာစိုးတာလား ကိုကို.. ပုတ္ရင္ေပၚ ဟုတ္ရင္ေက်ာ္တဲ့ ကိုကို႔သတင္းေတြလြန္းေသာ္မၾကားခ်င္အဆုံးျဖစ္ေနတာေတာင္ ၿပဳံးၿပဳံးေလးေနခဲ့တာပါ....
"အင္း ေနမေကာင္းခ်င္သလိုျဖစ္ေနလို႔ ကိုယ္မစားေတာ့ဘူး"
"ေအာ္"
လြန္းေသာ္ကိုကို႔ကိုေက်ာခိုင္းကာေအာက္ထပ္ကလူသူမဲ့ေနတဲ့ခပ္ေအးေအးထမင္းဝိုင္းမွာျပန္ထိုင္လိုက္သည္။
မငိုနဲ႕လြန္းေသာ္ မငိုနဲ႕ ကိုကို႔ေၾကာင့္မငိုနဲ႕
ကိုကို႔ေၾကာင့္ၿပဳံးေပ်ာ္ၿပီးဘဲေနခ်င္တယ္
ကိုကို႔ေၾကာင့္ကြၽန္ေတာ္မငိုဘူးကိုကို
"ဟင္းေတြေအးေနၿပီဘဲ ျပန္ႏႊေးၿပီးမွစားေတာ့မယ္"
ထိုညထိုထမင္းဝိုင္းေလးဟာ တိတ္တိတ္ဆိတ္ဆိတ္ဘယ္သူမွမသိဘဲငိုေနတဲ့ေကာင္ေလးေၾကာင့္ လူသူမဲ့မေနေတာ့ေပမယ့္ ထိုေကာင္ေလးရဲ႕မ်က္ရည္ေတြေၾကာင့္ ခပ္ေဆြးေဆြးေတာ့ျဖစ္ေနေပလိမ့္မည္။
----------------------
ဒီေန႕ကေသာၾကာေန႕ ကိုကိုကြၽန္ေတာ့္ကိုေျပာစရာတစ္ခုခုရွိေနတဲ့ပုံဘဲ အင္း "ရိပ္နဲ႕ခရီးသြားမလို႔ပါ"လို႔ေျပာမလာခင္ ကြၽန္ေတာ္ကအရင္ေျပာပါရေစ ကိုကို
"ကိုကို"
"ဟင္"
"ဒီတစ္ပတ္ကမ္းေျခသြားရေအာင္ လြန္းေသာ္စီစဥ္ၿပီးၿပီ အားတယ္မလား"
"အာ ကိုယ္ အင္း အားတယ္လြန္းေသာ္ အားပါတယ္"
ဒီလိုမွေပါ့ကိုကို...
မအီမသာျဖစ္ေနတဲ့ကိုကို႔မ်က္ႏွာကရိပ္နဲ႕ႏွစ္ေယာက္ထဲမသြားရေတာ့လို႔ထင္ပါသည္။
စိတ္မေကာင္းပါဘူး ကိုကို လြန္းေသာ္အနိုင္လိုခ်င္တာမို႔...
လြန္းေသာ္ကမရနိုင္တဲ့အရာတစ္ခုကိုတစ္ဆာဆာပူဆာတတ္တဲ့ကေလးေလးမဟုတ္ဘူးကိုကို မရရင္လုယူတတ္တဲ့ ခပ္ဆိုးဆိုးကေလးလည္းမဟုတ္ဘူး ကိုကို
လြန္းေသာ္ကလိုခ်င္တာကိုရကိုရရမယ့္ကေလး လုယူမွာလဲမဟုတ္ဘူး ငိုယိုပူဆာေနမွာလဲမဟုတ္ဘူး သူ႕အလိုလိုရလာေအာင္လုပ္ယူမွာကိုကို
ဒီဇာတ္ကိုလြန္းေသာ္သိမ္းေပးမယ္
ကိုကိုဟာလြန္းေသာ္လႊတ္ခ်ခဲ့မယ့္အခ်ိန္မွာ လြန္းေသာ္ကိုခ်စ္လာမွာ...
ခ်စ္တဲ့ကီရာ