Transmigrating into a mob cha...

Da SHIN_s

278K 52.1K 3.5K

Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Hell... Altro

Vol 1. Chapter 1
Vol 1 Chapter 2
Vol 1 Chapter 3
Vol 1 Chapter 4
Vol 1 chapter 5
Vol 1 Chapter 6
Vol 1 Chapter 7
Vol 1 Chapter 8
Vol 1 Chapter 9
Vol 1: Chapter 10
Vol 1 : Chapter 11
Not update
Vol 1: Chapter 12
Vol 1 : Chapter 13
Vol 1 : Chapter 14
Vol 1 : Chapter 15
Vol 1 : Chapter 16
Vol 1 : Chapter 17
Vol 1 : Chapter 18
Vol 1 : Chapter 19
Vol 1 : Chapter 20
Vol 1 : Chapter 21
Vol 1 : Chapter 22
Vol 1 : Chapter 23
Vol 1 : Chapter 24
Vol 1 : Chapter 25
Vol 1 : Chapter 26
Vol 1 : Chapter 27
Vol 1 : Chapter 28
Vol 1 : Chapter 29
Vol 2 : Chapter 1
Vol 2 : Chapter 2
Vol 2 : Chapter 3
Vol 2 : Chapter 4
Vol 2 : Chapter 5
Vol 2 : Chapter 6
Vol 2 : Chapter 7
Vol 2 : Chapter 8
Vol 2 : Chapter 9
Vol 2 : Chapter 10
Vol 2 : Chapter 11
Vol 2 : Chapter 12
Vol 2 : Chapter 13
Vol 2 : Chapter 14
Vol 2 : Chapter 15
Vol 2 : Chapter 16
Vol 2 : Chapter 17
Vol 2 : Chapter 18
Vol 2 : Chapter 19
Vol 2 : Chapter 20
Vol 2 : Chapter 21
Vol 2 : Chapter 22
Vol2 : Chapter 23
Vol 3 : Chapter 1
Vol 3 : Chapter 2
Vol 3 : Chapter 3
Vol 3 : Chapter 4
Vol 3 : Chapter 5
Vol 3 : Chapter 6
Vol 3 : Chapter 7
Vol 3 : Chapter 8
Vol 3 : Chapter 10
Vol 3 : Chapter 11
Vol 3 : Chapter 12
Vol 3 : Chapter 13
Vol 3 : Chapter 14
⛔️ Notice ⛔️

Vol 3 : Chapter 9

2.7K 584 36
Da SHIN_s

< Zawgyi >

လင္းရွ ၏ သြားေအာက္မွ ႂကြက္သားမ်ားမွာ သန္မာကာ ေပ်ာ့ေပ်ာင္းလွ၏။ သူအားရပါးရကိုက္လိုက္စဥ္က အနည္းငယ္ ေတာင့္တင္းေနေသာ္လည္း သိပ္မၾကာမခင္မွာပင္ ျပန္ေပ်ာ့ေပ်ာင္းသြားကာ မသိလွ်င္ လင္းရွ စိတ္ႀကိဳက္ကိုက္ႏိုင္ရန္အတြက္ ခြင့္ျပဳေပးထားသလိုပင္။

ယုဇီေကြ်း ၏ ေတာင္းပန္ဟန္ ႏူးညံ့သည့္ ေခ်ာ့ျမဴပံုကို ၾကားလိုက္ရသည့္အခါ လင္းရွ သည္ ေနာက္ဆံုးတြင္ အားေလ်ာ့သြားၿပီး ငိုခ်လိုက္မိသလို ရွက္လည္း ရွက္ရြံ႕သြားမိေလ၏။ ယုဇီေကြ်း သူ႔ေျခေထာက္မ်ားကို ျဖဲကားလိုက္တုန္းကဆိုလွ်င္ သူသည္ စိတ္ထိခိုက္ကာ ေၾကာက္ရြံ႕သြားရလြန္းသျဖင့္ သူ၏ အူကလီစာမ်ားသည္ တြန္႔လိမ္ကာ အခ်င္းခ်င္း ရစ္ပတ္သြားမိၾကလုေတာ့မတတ္ပင္ ျဖစ္သည္။

သူသည္ သူ႔နီရဲမို႔အစ္ေနသည့္ မ်က္လံုးမ်ားကိုဖြင့္ကာ ယုဇီေကြ်း ကို ၾကည့္ခ်င္မိေသာ္လည္း တစ္ဖက္သူသည္ လင္းရွ ထြက္ေျပးသြားမည္ကို ေၾကာက္ရြံ႕ေနသည့္အလား သူ႔အား ရင္ခြင္ထဲတြင္ မလႊတ္တမ္းဖက္ထားေလ၏။

လင္းရွ သည္ ျဖည္းျဖည္းခ်င္း အသက္ရႈသြင္းလိုက္၏။ ဘယ္လိုပဲျဖစ္ျဖစ္ ငါဒီကိစၥကို အေလွ်ာ့ေပးၿပီး မသိခ်င္ေယာင္ေဆာင္လိုက္မွာ မဟုတ္ဘူး။ မည္သည့္ကိစၥမဆို အက်ိဳးအေၾကာင္းေမးျမန္းကာ ကိစၥမ်ားကို ရွင္းရွင္းလင္းလင္း ျဖစ္ေအာင္လုပ္ဖို႔က အေရးႀကီးေပသည္။

သူသည္ ေက်ာကိုမတ္မတ္ထားလိုက္ၿပီးေနာက္ ယုဇီေကြ်း ၏ မ်က္လံုးထဲသို႔ တည့္တည့္စိုက္ၾကည့္လိုက္၏။ ထို႔ေနာက္

" အားေကြ်း၊ မ-မင္း၊ မင္း မဂၤလာေဆာင္ေတာ့မွာလား ? "

သူသည္ အတတ္ႏိုင္ဆံုး တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေမးႏိုင္ရန္ ႀကိဳးစားပါေသာ္လည္း သူစကားေျပာလိုက္သည့္အခါ စကားလံုးတို႔က ထစ္အစြာ ထြက္လာရေပသည္။ လင္းရွ သည္ စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႔ပါးသူပင္ ျပန္ရိုက္ခ်င္မိသြားရ၏။ အဲ့ဒါက တကယ့္ကိုပဲ ရွက္ဖို႔ေကာင္းလိုက္တာ !

ယုဇီေကြ်း ၏ အမူအရာတြင္ မည္သည့္အေျပာင္းအလဲမွ် မေပၚလာပဲ မ်က္လံုးကိုေမွးက်ဥ္းၿပီး လက္ခံသည့္ဟန္ျဖင့္သာ ျပန္ၾကည့္လာေလ၏။

လင္းရွ ၏ ႏွလံုးသားမွာ ခဏခ်င္းပင္ အပိုင္းပိုင္းအစစ အျဖစ္ ကြဲေၾကသြားရ၏။ သူသည္ အျပံဳးတစ္ခုကို အားတင္းကာ ျပံဳးျပလိုက္ေသာ္လည္း သူ႔ႏႈတ္ခမ္းမ်ားမွ ထြက္လာသည့္စကားလံုးမ်ားကို သူကိုယ္တိုင္ပင္ နားမလည္ႏိုင္ေတာ့ေခ်။

" ဒါဆိုရင္ အစ္ကို ဂုဏ္ျပဳပါတယ္။ ဘာျဖစ္လို႔ ဒီေလာက္အေရးႀကီးတဲ့ကိစၥကို တစ္ေလာကလံုးကိုေၾကညာၿပီး အစ္ကို႔ကိုက် မေျပာျပရတာလဲ ? …… မင္း တျခားမိသားစုက မိန္းကေလးနဲ႔ လက္ထပ္ၿပီးတဲ့အခါက် သူ႔ကို ေကာင္းေကာင္း ဆက္ဆံရမယ္ေနာ္ …… "

" မင္း ဝမ္းနည္းေနတယ္။ "

ယုဇီေကြ်း ၏ မ်က္လံုးအိမ္ထဲမွ မ်က္ဆံမွာ မသိမသာ ျပဴးက်ယ္သြားရ၏။ သူ၏ နက္ေမွာင္လွသည့္ မ်က္ဆံမ်ားတြင္ လင္းရွ ၏ မ်က္ႏွာမွာ ထင္ရွားစြာ ေရာင္ျပန္ဟပ္ေနကာ သူ၏ ေဆာက္တည္ရာမရျဖစ္ေနသည့္ အမူအရာမွာလည္း ဖံုးဖိ၍ပင္ မရႏိုင္ေခ်။ သူ၏ စကားသံမွာ တိုးသိမ္လွသည္သာမက လင္းရွ သည္ သူႏွင့္ မသက္ဆိုင္သည့္ ကိစၥမ်ားကိုပါ အဆက္မျပတ္ ေျပာေနေလေတာ့သည္။

သူ၏ စဥ္းစားဆင္ျခင္ႏိုင္စြမ္း ေနာက္ဆံုးႀကိဳးမွ်င္မွာ ျပတ္ေတာက္သြားရ၏။ သူသည္ ကုတင္ေပၚရွိ ယုဇီေကြ်း ေပၚသို႔ ခုန္အုပ္လိုက္ၿပီးေနာက္ တစ္ဖက္သူ၏ လည္ပင္ေပၚတြင္ တံေတာင္ေထာက္ကာ ေဒါသတႀကီး ေအာ္ဟစ္လိုက္၏။

" ေဟာဒီ ေလာင္ဇီက ဝမ္းနည္းေနတယ္ ဟုတ္လား ? ယုဇီေကြ်း မင္း ေသာက္က်င့္မေကာင္းတဲ့အေကာင္ ! ငါ့ကိုအရင္တုန္းက ေျပာခဲ့တာေတြအကုန္လံုးက အလိမ္အညာေတြခ်ည္းပဲလား ? ငါ့ကိုလွည့္စားရတာ ေပ်ာ္စရာ သိပ္ေကာင္းေနလား ? လူလိမ္ ! ေခြးေကာင္ ! …… "

သူသည္ သူ႔ကုိယ္သူ ဒီထက္ပိုၿပီး ရွက္စရာေကာင္းတာေတြ မလုပ္မိေအာင္ မထိန္းထားႏိုင္ေတာ့ေခ်။ သူ၏ မ်က္လံုးေထာင့္စြန္းမ်ားတြင္ သူမလိုခ်င္ပါသည့္ မ်က္ရည္မ်ားက ျပည့္လွ်ံေနကာ သူ႔ႏႈတ္ခမ္းမ်ားမွာလည္း တဆတ္ဆတ္ တုန္ယင္ေနေလသည္။

အနီးအနားမွာ လက္နက္ေတြတစ္ခုမွ မရွိလို႔သာ၊ မဟုတ္ရင္ ငါေသခ်ာေပါက္ ဒီမေကာင္းတဲ့အေကာင္ကို ဓားနဲ႔ထိုးပစ္မိလိမ့္မယ္ !

ယုဇီေကြ်း သည္ သူ႔ကို လွဲခ်ကာ သူ႔ကိုယ္ေပၚသို႔ ေရာက္သြားၿပီးေနာက္ တစ္ဖန္ ထပ္ကာ ဖက္လာေပ၏။ လင္းရွ သည္  ေဒါသေၾကာင့္ ေခါင္းမ်ားမူးေဝကာ ျပန္ခုခံရန္ပင္ အားမရွိေတာ့ေခ်။ သူသည္ မ်က္လံုးကိုသာ မွိတ္ထားလိုက္ရင္း ေနာက္ေက်ာမွာ အဆက္မျပတ္ တုန္ယင္ေနေလေတာ့သည္။

" မငိုပါနဲ႔။ "

ယုဇီေကြ်း ၏ ႏွလံုးသားမွာ ဆုပ္ညွစ္ခံထားရသလို ခံစားေနရ၏။ သူသည္ ေခါင္းငံု႔ကာသာ တစ္ဖက္သူ၏ ၾကည္လင္ေတာက္ပလွသည့္ မ်က္ရည္မ်ားကို နမ္းလိုက္မိ၏၊ သို႔ေသာ္လည္း သူသည္ ထိုမ်က္ရည္မ်ားကို ကုန္စင္သြားေအာင္ မယက္ႏိုင္ပဲ ျဖစ္ေနရေလသည္။ သူသည္ လင္းရွ ၏ ေက်ာကို စက္ဝုိင္းသဏၭာန္ ညင္သာစြာ ပြတ္ေပးရင္း ဆိုလိုက္၏။

" ကိုယ္ မိန္းမတစ္ေယာက္ေယာက္ကို ဘယ္ေတာ့မွ လက္ထပ္မွာမဟုတ္ဘူး။ "

လင္းရွ သည္ အံ့အားသင့္သြားကာ မ်က္စိဖြင့္ၾကည့္လိုက္မိၿပီးေနာက္ ခ်က္ခ်င္းပင္ ယုဇီေကြ်း ၏ ေပ်ာ္ရႊင္ေနဟန္ ေဖာ္ျပေနသည့္ မ်က္ခံုးမ်ားကို ျမင္ေတြ႔လိုက္ရကာ၊ မသိလွ်င္ ယင္းမွာ အေပ်ာ္လြန္ၿပီး ထကေတာ့မလိုပင္။ သူ႔စိတ္သည္ ဤရႈပ္ေထြးသည့္ အေျခအေနကို နားလည္ႏိုင္ဖို႔ အလြန္တရာ ကေျပာင္းကျပန္ ျဖစ္ေနေလသည့္အတြက္ သူသည္ နီရဲေနသည့္ မ်က္လံုးမ်ားျဖင့္ စိုက္ၾကည့္ရင္း တစ္ဖက္သူေျပာသြားသည့္ စကားမ်ားကို စက္ရုပ္ပမာ လိုက္ေျပာလိုက္မိေပသည္။

" ဘယ္ေတာ့မွ လက္ထပ္မွာ မဟုတ္ဘူး ? "

ယုဇီေကြ်း ၏ မ်က္ႏွာတစ္ခုလံုးသည္ နီရဲလာလိုက္သည္မွာ သူ၏ နားဖ်ားမ်ားပင္ ခပ္ေဖ်ာ့ေဖ်ာ့ ပန္းေရာင္သမ္းလာေခ်၏။

" ကိုယ္ သိၿပီးသားပါ၊ မင္း ကိုယ္ကို အရမ္းသေဘာက်မွန္း။ "

" …… "

လင္းရွ သည္ ေဒါသထြက္ၿပီး ေျပာစရာစကားပင္ မဲ့သြားရသည္။

သူက ဘာေျပာခ်င္ေနတာလဲ ?

လင္းရွ မွ အက္ရွရွအသံျဖင့္ ျပန္ေျပာလိုက္၏။

" ငါ့ကို လိမ္ဖို႔ေတာ့ မစဥ္းစားနဲ႔၊ အဲဒီစီစဥ္ထားတဲ့ မဂၤလာပြဲေၾကညာစာကို မင္းပဲ ေရးခဲ့တာမဟုတ္လား ? ၿပီး-ၿပီးေတာ့၊ ဒီေန႔ မင္း အဲ့ဒီအခမ္းအနားဝတ္စံုကို ဝတ္လာခဲ့တာပဲ မဟုတ္လား ? "

ယုဇီေကြ်း သည္ ဘာျပန္ေျပာရမည္ကို စဥ္စားေနသကဲ့သို႔ မ်က္ခံုးမ်ား စုက်ံဳ႕ေနၿပီးေနာက္ အေတာ္ၾကာေသာအခါမွသာ ျပန္ေျဖလာေလသည္။

" ကိုယ္ေရးခဲ့တာ မွန္ပါတယ္၊ ဒါေပမယ့္ …… "

လင္းရွ သည္ ခ်က္ခ်င္းပင္ စိတ္ပ်က္သြားရ၏။ သူသည္ ထထိုင္ကာ ယုဇီေကြ်း ၏ ေကာ္လာကို ဆြဲဆုပ္လိုက္ၿပီးေနာက္

" အဲ့ဒါဆို တကယ္တမ္း ဘာကိစၥေတြ ျဖစ္ေနတာလဲ ! ငါ့ကို ေသေသခ်ာခ်ာရွင္းျပ ! "

" ဒီမဂၤလာပြဲက အတုပဲ။ "

ယုဇီေကြ်း သည္ လင္းရွ ကို ထိုသို႔ ေသြးမ်ားညစ္စြန္းကာ ညစ္ပတ္လွသည့္ ကိစၥမ်ားကို မသိေစခ်င္သည့္အတြက္ အမ်ားႀကီး မရွင္းျပလိုေခ်။ ဤလူသည္ ေနေရာင္ေအာက္တြင္ေနရင္း သူ႔ကို ေန႔တုိင္း ျပံဳးျပဖို႔သာ လိုေလသည္။

ထိုသို႔ ရိုးရွင္းလွသည့္ အေျဖေၾကာင့္ လင္းရွ သည္ သဘာဝက်က်ပင္ စိတ္ရႈပ္ေထြးသြားရ၏။ သူသည္ အံႀကိတ္ကာ ေမးလိုက္ေပသည္။

" ဘာျဖစ္လို႔လဲ ? ၿပီးေတာ့လည္း မင္းဘာျဖစ္လို႔ ငါ့ကိုယ္ေပၚမွာ ခ်ိပ္ပိတ္တဲ့စည္းကို ထည့္ထားရတာလဲ ? အဲ့ဒါက အေရးႀကီးလို႔ မင္းငါ့ကို မျဖစ္မေန ေျပာျပရမယ္ ! အခု ငါတို႔က … ေတာင္ ျဖစ္ေနၿပီ ဆိုေတာ့ …… "

သူထိုသို႔ ေျပာၿပီးေနာက္ ဆက္ကာ စကားမေျပာႏိုင္ေတာ့ေခ်။

ယုဇီေကြ်း သည္ လက္ရွိတြင္ ခ်န္ခြင္း ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ျဖစ္ကာ မၾကာမီတြင္ ေမွာ္နက္မိစာၦဂိုဏ္း၏ မိစာၦဘုရင္ ျဖစ္လာမည့္သူျဖစ္၏။ သူ႔ထံတြင္ လွ်ိဳ႕ဝွက္ခ်က္ေတြ အမ်ားႀကီးရွိဖို႔ဆိုတာက ေရွာင္လႊဲ၍ရႏိုင္သည့္ ကိစၥမဟုတ္ေပ။ သို႔ေသာ္လည္း ဤသို႔ေသာ ကိစၥမ်ားကသာ အေခါက္ေခါက္ အခါခါ ျဖစ္ေနမည္ဆိုပါက သူတို႔သည္ မည္သို႔ ေရွ႕ဆက္သြားရပါမည္နည္း ? လင္းရွ သည္ အက်ိဳးသင့္အေၾကာင္းသင့္ မစဥ္းစားတတ္သည့္သူ မဟုတ္သလို သူသည္ ယုဇီေကြ်း ကို လက္ခံဖို႔ ဆံုးျဖတ္ၿပီးၿပီျဖစ္ေလရာ ထိုကိစၥမ်ားကို လက္ခံေပးမည္ဆိုသည္မွာ ေျပာစရာမလိုေပ ……

သူ႔ေနာက္ကို အရူးလိုမ်ိဳးလိုက္ၿပီး ဒီလိုခမ္းနားတဲ့နန္းေတာ္ႀကီးမွာ အတူတူေနၿပီးတာေတာင္ ငါက ယုဇီေကြ်း ကို ေန႔တိုင္း အလုပ္သြားႏႈတ္ဆက္ၿပီး သူ႔အျပန္ကိုပဲ ေစာင့္ေနရမယ္လို႔ေတာ့ မေျပာနဲ႔ေနာ္ ?

ယုဇီေကြ်း သည္ ကူကယ္ရာမဲ့စြာ ေခါင္းကိုငံု႔ၿပီး လင္းရွ ၏ ႏွဖူးကို ခပ္ဖြဖြ နမ္းလိုက္ေလ၏။ သူသည္ ရွင္းျပလာေလသည္။

" ကိုယ္က မင္းေနျပန္ေကာင္းလာတာနဲ႔ အဲ့ဒီစည္းကို ျပန္ဖယ္ေပးမလို႔ပါပဲ။ မင္းရဲ႕ ႏွလံုးေသြးေၾကာေတြက ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားၿပီးေတာ့ မင္းအသက္ကို ကယ္ထားလိုက္ႏိုင္တာကိုေတာင္မွ ေတာ္ေတာ္ေလး ကံေကာင္းတယ္လို႔ ေျပာရမွာ၊ ၿပီးေတာ့လည္း ကိုယ္ မင္းကို စိတ္မပူေစခ်င္ဘူး …… မင္းကို ယုကလန္ နဲ႔ပတ္သတ္တဲ့ ကိစၥေတြကိုလည္း ေျပာျပမယ္၊ ဟုတ္ၿပီလား ? "

စင္စစ္တြင္ ဤေစ့စပ္လက္ထပ္ပြဲမွာ ႏွစ္ထပ္ေထာင္ေခ်ာက္ျဖစ္ေလ၏။ ယုကလန္ မွ တုဝမ္ ျဖစ္သူ၏ အင္အားမွာ ေကာင္းသည္ထက္ ေကာင္းလာခဲ့သည္။ သူမသည္ လြန္ခဲ့သည့္ ဆယ္ႏွစ္တာအတြင္းတြင္ ဂိုဏ္းအခ်ိဳ႕ကို သိမ္းသြင္းႏိုင္ခဲ့ၿပီး သူတို႔သည္ ခ်န္ခြင္း ဂိုဏ္းကိုလည္း အေလးပင္ မထားေတာ့ေခ်။ ဤအေယာင္ေဆာင္ ေစ့စပ္လက္ထပ္ပြဲမွာ ယုကလန္ ကို သစၥာေဖာက္ၿပီး သူတို႔အား တစ္ခ်က္တည္း ဖ်က္ဆီးပစ္လိုက္ႏိုင္သည့္ တစ္ခုတည္းေသာ အခြင့္အေရးေပ။

ယုဇီေကြ်း သည္ ယင္းကို ရိုးရွင္းသည့္ စာေၾကာင္းတစ္ခ်ိဳ႕ျဖင့္ ရွင္းျပလာေလ၏။ လင္းရွ သည္လည္း တံုးအေနသည္မဟုတ္သည့္အတြက္ ခ်က္ခ်င္းပင္ သေဘာေပါက္သြားရသည္။

ဤသည္မွာ အျခားေသာကမာ႓တစ္ခုျဖစ္ကာ ဂိုဏ္းဂဏမ်ားက အုပ္ခ်ဳပ္ၿပီး ေနရာတိုင္းတြင္ ဤကဲ့သို႔ အာဏာလုသည့္ကိစၥမ်ားမွာ သာမန္သာျဖစ္သည့္  ေနရာပင္။ သူသည္ ထိုသို႔ေသာ ျမင္ကြင္းမ်ားကို မ်က္လံုးထဲတြင္ ျမင္ေယာင္ၾကည့္လိုက္ႏိုင္ေပသည္ …… သူသည္ ထစ္အစြာ ေမးလိုက္မိ၏။

" ဒါ-ဒါဆို မင္းက ထြက္သြားေတာ့မွာလား၊ အဲ့ဒီကိုေလ ? "

" အဲ့ဒါကိစၥက ေျဖရွင္းၿပီးသြားၿပီ။ "

ယုဇီေကြ်း သည္ လင္းရွ ၏ ေက်ာကို ပြတ္ေပးရင္း ဘာမွမထူးျခားသည့္ဟန္ျဖင့္ ျပန္ေျဖလာေလသည္။ ထို႔ေနာက္

" အခ်ိန္ကို စီစဥ္ထားတာထက္ အေရွ႕ကိုေရႊ႕လိုက္တယ္။ လက္ရွိမွာ အႀကီးအကဲေတြနဲ႔ တတိယနဲ႔ ဆဌမ အေစာင့္အေရွာက္ေတြက က်န္တာေတြကို ဆက္ရွင္းေနတယ္။ ဒီ ယုကလန္ ကို ေျဖရွင္းရတာက ကိစၥအေသးအဖြဲေလးပါ။ "

လင္းရွ သည္ ေတာင့္တင္းသြားရ၏။

အဲ့ဒါက ငါ့ေၾကာင့္လား ? အစီအစဥ္ထဲမွာ ရုတ္တရက္ အေျပာင္းအလဲျဖစ္သြားရင္ သူတို႔အစီအစဥ္ကို မထိခိုက္သြားႏိုင္ဘူးလား ?

သူသည္ ခပ္အက္အက္အသံျဖင့္ ေမးလိုက္၏။

" …… ဒါဆို မင္းမွာ ဒဏ္ရာေတြဘာေတြ မရလာဘူးမလား ? "

ယုဇီေကြ်း သည္ ေခတၱမွ်တန္႔သြားၿပီးေနာက္ အေသအခ်ာ ျပန္ေျဖလာေလသည္။

" မရလာခဲ့ဘူး။ "

မင္းဖင္ႀကီးကိုပဲ မရလာခဲ့ဘူး !

လင္းရွ သည္ ထထိုင္ကာ ယုဇီေကြ်း ၏ အဝတ္မ်ားအား အားကုန္သံုး၍ ဆြဲခြ်တ္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ေၾကာင္အသြားရ၏။ ေမွ်ာ္လင့္မထားစြာပင္ ယုဇီေကြ်း ၏ ေက်ာထက္တြင္ လက္တစ္ဖဝါးစာမွ် အရွည္ရွိကာ ႏွစ္လက္မမွ်က်ယ္သည့္ ေသြးမ်ားစိုရႊဲေနၿပီး အေတာ္ေလးအေျခအေနဆိုးလွေသာ ဒဏ္ရာႏွစ္ခုသည္ ထိစပ္လုနီးပါး ရွိေနၾကေလသည္ ! ယုဇီေကြ်း သည္ ယင္းတို႔ကို ပတ္တီးမ်ားႏွင့္ပင္ မစည္းထားပဲ သူ၏ ဝိဉာဥ္စြမ္းအားျဖင့္သာ ေသြးတိတ္ေအာင္ လုပ္ထားေလ၏။ သူ႔အျဖဴေရာင္ဝတ္စံု၏ ေနာက္ေက်ာအလည္တည့္တည့္တြင္လည္း ေသြးစီးေၾကာင္းတစ္ခုက ထင္းေနေအာင္ ရွိေနေပသည္။

ယုဇီေကြ်း ၏ အမူအရာသည္ အနည္းငယ္ ရွက္အမ္းအမ္းျဖစ္ေနသည့္ဟန္ ေပၚေလသည္။

" ဒါက ေျပာရရင္ အခမ္းအနား ဝတ္စံုမဟုတ္ဘူး၊ ကိုယ္က အျပင္ဝတ္ရံုအေနနဲ႔ဝတ္ဖို႔ လုပ္လိုက္တဲ့ သာမန္အနီေရာင္ဝတ္စံုပါပဲ။ "

သူသည္ တျခားသူမ်ားအား သူဒဏ္ရာရထားသည့္အေၾကာင္း မသိသြားေစခ်င္သည့္အတြက္ အလိုလုိ အနီေရာင္ဝတ္စံုကို ေရြးဝတ္လိုက္မိတာပင္။ ယင္းမွာ လင္းရွ ကို လံုးဝအထင္လြဲသြားေစလိမ့္မည္ဟု သူမထင္ထားမိခဲ့ေခ်။

လက္ရွိတြင္ လင္းရွ သည္ မည္သို႔ေသာ အမူအရာမ်ိဳးကိုလုပ္ရမည္မွန္းပင္ မသိေတာ့ေခ်။

ဒါဆို ဒါေတြအကုန္လံုးက မထင္မွတ္ထားမိတဲ့ အမွားႀကီးတစ္ခုပဲေပါ့ ? ဒီကေလးစုတ္ေလး ယုဇီေကြ်း က အခုလိုမ်ိဳး ဒဏ္ရာရခဲ့ရံုတင္မကဘူး ငါကပါ အဲ့ဒီလိုကိစၥေတြကိုလိုက္ၿပီး ေတြးပူရင္း ခံစားေနခဲ့မိတယ္ …… အဝတ္ေတြ ! ယုဇီေကြ်း က ငါ့အဝတ္ေတြက် အကုန္ခြ်တ္ၿပီး သူ႔အဝတ္ေတြက် မခြ်တ္ေသးတာ တျခားမဟုတ္ဘူးကိုး …… ဒီေကာင္စုတ္ကေတာ့ !

" ဒဏ္ရာေတြအတြက္ လိမ္းတဲ့ေဆးက ဘယ္နားမွာလဲ ? "

လင္းရွ သည္ ျပန္လည္ တည္ၿငိမ္သြားၿပီျဖစ္ေသာ္လည္း သူ၏ မ်က္လံုးမ်ားမွာမူ ေဖာင္းအစ္ကာ နီရဲေနဆဲျဖစ္ေလသည္။

ယုဇီေကြ်း သည္ သူ၏ အမူအရာကို ဂရုတစိုက္ စူးစမ္းၾကည့္လာ၏။ သူသည္ လင္းရွ ၏ စကားမ်ားကို ၾကားလိုက္ရေသာအခါ သူ႔ႏွလံုးသားသည္လည္း စိတ္သက္သာရာရသြားၿပီး သူ႔ဒဏ္ရာအတြက္ေဆးကို ကမ္းေပးလိုက္ေလသည္။

လင္းရွ သည္ သူ႔ေနာက္တြင္ထိုင္ကာ ေရစိုတဘက္တစ္ထည္ကိုသံုးရင္း ဒဏ္ရာပတ္ပတ္လည္ရွိ ေသြးမ်ားကို ခပ္ဖြဖြ သုတ္ေပးလိုက္ၿပီးေနာက္ ေဆးကို ဒဏ္ရာေပၚတြင္ အေသအခ်ာ ဂရုတစိုက္ျဖင့္ လိမ္းေပးလိုက္ေလ၏။ သူသည္ ထိုဒဏ္ရာမ်ားကို ၾကည့္ေနသည္ကပင္ နာက်င္လာရေခ်သည္။ ယုဇီေကြ်း သည္ သူ႔ေရွ႕တြင္ လိမ္လိမ္မာမာထိုင္ေနကာ လြန္ခဲ့ႏွစ္မ်ားက ေခါင္းမာၿပီး သီးသန္႔ဆန္လွသည့္ ထိုကေလးႏွင့္ အေတာ္ေလး ကြာျခားေနေလ၏။

ယခင္ကႏွင့္မတူေတာ့ေခ် …… ယခုအခါတြင္ ယုဇီေကြ်း ၏ ေနာက္ေက်ာမွာ ပို၍ က်ယ္ျပန္႔လာသလို သူ႔ႂကြက္သားမ်ား၏ ေကာက္ေၾကာင္းသည္ ႏူးညံ့ၾကည့္ေကာင္းလွကာ တစ္ေန႔ေန႔တြင္ ထိပ္ဆံုးသို႔တိုင္ ျမင့္တက္ႏိုင္သည့္ ေယာက်္ားတစ္ေယာက္ပင္ ျဖစ္ေနေခ်ၿပီ။

လင္းရွ သည္ ေဆးလိမ္းေပးၿပီးေနာက္ ေစာင္ပါးတစ္ထည္ကို သူ႔ကိုယ္ေပၚသို႔ဆြဲျခံဳကာ ကုတင္ေပၚသို႔ လွဲအိပ္လိုက္ေလ၏။

သူသည္ အေစာပိုင္းမွ သူ၏ မိန္းမဆန္သည့္ ပံုပန္းအေၾကာင္းကို ျပန္သတိရသြားေသာအခါ အေတာ္ေလးကို အရွက္ရသလိုခံစားေနရေပသည္ …… သူ႔မ်က္ႏွာေပၚမွ အပူရွိန္မွာ ၾကက္ဥတစ္လံုးပင္ ျပဳတ္၍ရေလာက္ေပ၏။

ဖာခ့္ ! ဒါေတြအကုန္လံုးက ဟိုကေလးစုတ္ ယုဇီေကြ်း ရဲ႕ အျပစ္ေတြပဲ ! သူက ငါ့ခံစားခ်က္ေတြကို တရားလြန္ ကစားေနတာကိုး …… အကယ္လို႔ သူသာ အဲ့ဒါကို တမင္သက္သက္ လုပ္ခဲ့တာမဟုတ္ဘူးဆိုရင္ ငါ့ရဲ႕ မ်ိဳးရိုးနာမည္ကို သူ႔မ်ိဳးရိုးနာမည္ ယု လို႔ ေျပာင္းပစ္လိုက္မယ္ !

ယုဇီေကြ်း သည္လည္း သူ႔ေနာက္မွလိုက္ကာ ထိုေစာင္ပါးတစ္ထည္ေအာက္တြင္ ကပ္သပ္လွဲအိပ္ရင္း လင္းရွ ၏ ခါးတစ္ဝိုက္တြင္ သူ႔လက္မ်ားျဖင့္ ရစ္ပတ္လိုက္ေလ၏။

လင္းရွ ၏ ကိုယ္မွာ ဆတ္ခနဲ တုန္ယင္သြားကာ သူ႔ႏွလံုးသားမွာ စတင္ကာ အခုန္ျမန္လာေလေတာ့သည္။ သူသည္ မသိလိုက္မသိဖာသာ အေဝးသို႔ ေရြ႕လိုက္မိေသာ္လည္း ယုဇီေကြ်း သည္လည္းသူ႔အတိုင္းပင္ လိုက္ကာ သူေရြ႕သည့္ဖက္သို႔ လိုက္ေရြ႕လာေလ၏။ ဤလူႏွစ္ေယာက္သည္ တစ္ေယာက္က ေနာက္ဆုတ္ရင္း တစ္ေယာက္က ေရွ႕တိုးရင္း ျဖစ္ေနၾကေခ်သည္။ ကုတင္မွာ အေတာ္ေလးကိုပင္ က်ယ္ဝန္းသည္ဆိုေသာ္လည္း လင္းရွ သည္ သိပ္မၾကာခင္မွာပင္ ယုဇီေကြ်း ေၾကာင့္ ပိတ္မိသြားကာ ကုတင္၏ အစြန္းပိုင္းတြင္ ကပ္ညပ္ကာ ေနေနရေလေတာ့၏။

ယုဇီေကြ်း သည္ လင္းရွ ၏ ခါးေပၚတြင္ လက္တစ္ဖက္ျဖင့္ ဖက္ကာ က်န္တစ္ဖက္အား လင္းရွ လည္ပင္းေအာက္တြင္ ရစ္ပတ္ထားလိုက္ေလသည္။ သူသည္ လင္းရွ အား သူ႔ရင္ခြင္ထဲတြင္ အေသအခ်ာထည့္ဖက္ထားၿပီး သူတို႔ႏွစ္ဦး၏ ခႏၶာကိုယ္မ်ားမွာ ၾကားထဲတြင္ ေနရာလြတ္မရွိေအာင္ပင္ နီးကပ္စြာ ထိစပ္ေနၾကေလ၏။

လင္းရွ သည္ ယုဇီေကြ်း ၏ ဒဏ္ရာျပန္ပြင့္သြားမည္စိုးသည့္အတြက္ ထပ္မရုန္းကန္ေတာ့ေခ်။ တစ္ဖက္သူသည္ သူ၏ အာရံုခံစားလြယ္သည့္ လည္ကုပ္ေပၚသို႔ ပူေလာင္လွသည့္ ေလေငြ႔မ်ား ရႈထုတ္ေနေလရာ သူသည္ ခ်က္ခ်င္းလိုလိုပင္ လည္ေခ်ာင္းမ်ား ေျခာက္ကပ္လာသလို ခံစားလိုက္ရၿပီး ေၾကာက္ရြံ႕စြာျဖင့္ လက္သီးဆုပ္ထားမိလိုက္၏။

" ကိုယ္အရမ္းေပ်ာ္တာပဲ။ "

သူ႔နားရြက္နံေဘးတြင္ သံလိုက္ပမာ နက္ရိႈင္းလွသည့္အသံသည့္ ပဲ့တင္ထပ္လာကာ ယင္းထဲတြင္ ေပ်ာ္ရႊင္ေနသည့္ အရိပ္အေငြ႔တို႔ ပါဝင္ေနေလသည္။

" လင္းရွ ကလည္း ကိုယ့္ကိုအရမ္းသေဘာက်မွန္း သိလိုက္ရေတာ့။ "

လင္းရွ ၏နားရြက္မ်ားမွာ နီရဲသြားရ၏။

ဒီအေျခအေနထိ ေရာက္လာၿပီဆိုမွေတာ့ သူဆက္ျငင္းေနလိုက္သင့္လား ?

သူသည္ ' အင္း ' ဟု အားေပ်ာ့စြာ ျပန္ေျဖလိုက္ေလသည္။

မင္းက ဘာလို႔ေဟာဒီ စိတ္ပ်က္အားေလ်ာ့ေနတဲ့ ေလာင္ဇီ ကို မေျဖေျဖေအာင္ လုပ္ေနရတာတုန္း !

ယုဇီေကြ်း သည္ မေနႏိုင္ပဲ လင္းရွ ၏ ေနာက္ေက်ာေပၚသို႔ အနမ္းေပးလိုက္ကာ တီးတိုးေျပာေနသည့္အလား ညင္သာလွသည့္အသံျဖင့္ ဆိုလာ၏။

" ကိုယ္ မင္းကို အရမ္းလိုခ်င္တယ္ …… မင္းကို နမ္းၿပီးေတာ့ မလႊတ္တမ္း ဖက္ထားခ်င္တယ္ …… ကိုယ္တို႔အခုပဲ အဲ့ဒါကို လုပ္ၾကရေအာင္ေနာ္ …… "

ထိုနက္ရိႈင္းလွသည့္အသံထဲတြင္ ပိုးသားပမာ ေပ်ာ့ေပ်ာင္းၿပီး ဆြဲေဆာင္ညိွဳ႕ငင္သည့္ ဟန္ပန္တို႔ ပါဝင္ေနေလရာ ၾကားရသူ၏ ႏွလံုးသားထဲတြင္ ကလိကလိ ျဖစ္လာေစေအာင္ ျပဳစားႏိုင္စြမ္း ရွိေလသည္။ လင္းရွ ၏ ႏွလံုးသားသည္ က်ယ္ေလာင္စြာ ခုန္လႈပ္ေနရ၏၊ ဘယ္တုန္းကမ်ား ယုဇီေကြ်း က အခုလို ေယာက်္ားတစ္ေယာက္ကို ဆြဲေဆာင္တတ္သြားရတာလဲ ?

သူ၏ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနသည့္ ဦးေႏွာက္ထဲတြင္ စိတ္ရႈပ္ေထြးမႈမ်ားက ျပည့္ႏွက္သြားသည့္အလား

" မင္းက အခုထိ ဒဏ္ရာႀကီးနဲ႔ …… "

ဟု ေျပာထြက္သြားေလေတာ့၏။

" ဒါဆို ကိုယ္ဒဏ္ရာ သက္သာလာတာနဲ႔ေနာ္။ "

ယုဇီေကြ်း ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ ေကာ့တက္သြားကာ မ်က္လံုးမ်ားထဲတြင္ ဝံပုေလြပမာ အလင္းအခ်ိဳ႕ ျဖတ္ေျပးသြားေလ၏။

" ေနာက္တစ္ခါဆို ကိုယ္တကယ့္ကို သတိထားပါ့မယ္ --- အဲ့ဒါမွ မင္းမနာမွာ။ "

လင္းရွ သည္ ခ်က္ခ်င္းပင္ အသိျပန္ဝင္လာကာ ရုတ္တရက္ ေၾကာက္လန္႔သြားၿပီး ႏွဖူးေပၚတြင္ ေခြ်းေအးမ်ားပင္ သီးလာေတာ့၏။

သူသာ ငါ့ကိုယ္ထဲ ဝင္လာလို႔ကေတာ့ ဘယ္လိုမ်ား ခံစားရမွာလဲ ? ၿပီးေတာ့လည္း ယုဇီေကြ်း မွာ လူမဆန္ေအာင္ ေၾကာက္စရာေကာင္းတဲ့ ဒဏ္ရာျပန္ေကာင္းႏိုင္စြမ္းကလည္း ရွိေနေသးတာ …… သံုးရက္ကေနငါးရက္ေလာက္ေနရင္ အဲ့ဒီဒဏ္ရာေတြ ျပန္ေပ်ာက္သြားဖို႔ မျဖစ္ႏိုင္ဘူးလား ?

သို႔ေသာ္လည္း သူ႔မွာ ေနာင္တရဖို႔ပင္ အခြင့္အေရးမရွိေခ်။ ယုဇီေကြ်း သည္ လင္းရွ ေက်ာေပၚတြင္ မွီရင္းတိုးေဝွ႔ကာ

" လင္းရွ၊ ကိုယ္ မင္းကိုႀကိဳက္တယ္။ "

ဟု အသံနိမ့္နိမ့္ျဖင့္ ဆိုလာေလ၏။

ဝွက္သယ္ဖာခ့္ ! ငါက ဒါေတြကို ဘယ္လိုကိုင္တြယ္ရမွာလဲ ! ေဟာဒီေလာင္ဇီက အဲ့ဒီလိုမ်ိဳး အခ်စ္ရည္ရႊမ္းေနတဲ့ စကားလံုးေတြကို ခုခံႏိုင္စြမ္း နည္းနည္းေလးမွေတာင္ မရွိဘူးဟ !

အဆံုးတြင္မူ လင္းရွ သည္ မ်က္ႏွာတစ္ခုလံုး နီရဲကာ ျပန္ေျဖလိုက္ေလသည္။

" ငါသိပါတယ္။ ငါ-ငါလည္း မင္းကို ႀကိဳက္တယ္ အားေကြ်း။ "

လင္းရွ သည္ ဒီတစ္ေခါက္ အျဖစ္အပ်က္မွာ ေမွာ္နက္ဂိုဏ္းတစ္ခုလံုးကို တုန္လႈပ္သြားေစႏိုင္သည့္ ကိစၥျဖစ္ေၾကာင္းသိသလို က်န္ဂိုဏ္းငယ္မ်ားမွ ေၾကာက္လန္႔ကာ သံသယမဝင္ၾကေစရန္အလို႔ငွာ ယုဇီေကြ်း ကိုယ္တိုင္ထြက္ၿပီး ေျဖရွင္းရမည္ျဖစ္ေၾကာင္းကိုလည္း နားလည္ေပသည္။ သို႔ေသာ္လည္း ထိုသူသည္ လက္ရွိတြင္ လင္းရွ ႏွင့္အတူ နန္းေတာ္ထဲတြင္ ေနေနဆဲျဖစ္၏။ ယင္းမွာ သူ၏ ေခါင္းေဆာင္အႀကီးအကဲဆိုသည့္ အာဏာႏွင့္ ေနရာကို ေသခ်ာေပါက္ ထိခိုက္လာေစႏိုင္သည့္အတြက္ လင္းရွ သည္ သူ႔အား အျပင္ထြက္ဖို႔ ခ်က္ခ်င္းပင္ တိုက္တြန္းမိေပသည္။

သူသည္ ေလာေလာဆယ္မွာေတာင္ ယုဇီေကြ်း ကို ဘာမွမကူညီေပးႏိုင္တာ၊ အနာဂတ္မွာ အျမဲတမ္းလိုလို တစ္ဖက္လူ၏ ေျခေထာက္ကို ဆြဲထားမွ ျဖစ္မွာလား ?

ယုဇီေကြ်း သည္ ေမွာင္မိုက္ေနသည့္ မ်က္ႏွာျဖင့္ အျပင္ထြက္သြားကာ ဆယ္မိနစ္သာၾကာလိုက္ၿပီးေနာက္ တစ္ဖက္သူကို ဖိခ်ကာ ထပ္တစ္ခါ နမ္းလာျပန္ေခ်သည္။ လင္းရွ သည္ ထိုအနမ္းေၾကာင့္ သတိေတာင္လစ္လုနီးပါးပင္။

ဒီေန႔ကေတာ့ ငါ့ကိုတကယ္ အခြင့္အေရးေလးေတာင္မေပးဘူးပဲ !

ယုဇီေကြ်း သည္ ေနာက္ဆံုးတြင္ သူ႔ကိုယ္ေပၚမွ ခ်ိပ္စည္းကို ေျဖေပးလိုက္ကာ သူ႔ကိုယ္သူအလြန္အကြ်ံ ဖိအားမေပးသင့္ေၾကာင္း ထပ္ခါထပ္ခါ မွာလာေလသည္။ လင္းရွ သည္လည္း _ ကတိေပးလိုက္ေပ၏။ သူသည္ ယုဇီေကြ်း မွ အိမ္ေထာင္ဦးစီးပမာ ျပဳမူေနသည္ကိုၾကည့္ကာ အေတာ္ေလး ရယ္စရာေကာင္းသည္ဟု ခံစားလိုက္ရေခ်သည္။

နန္းတြင္းအေရးကိစၥမ်ား ေဆြေႏြးသည့္ ခန္းမထဲ၌ ယုဇီေကြ်း သည္ အျမင့္ဆံုးေနရာရွိ ပုလႅင္ထက္တြင္ က်က္သေရရွိစြာ ေျခခ်ိတ္ထိုင္ေနေပ၏။ သူသည္ ပိုင္ယြမ္ဟုဖာ အေစာင့္အေရွာက္ မင္က်ဲ႕ ၏ ေလွ်ာက္တင္ခ်က္မ်ားကို နားေထာင္ေနျခင္းျဖစ္ေလသည္။ သူ၏ မ်က္လံုးမ်ားသည္ တျဖည္းျဖည္း ေမွးက်ဥ္းလာရ၏။

" ယုကလန္ ရဲ႕ အမ်ိဳးသမီးေခါင္းေဆာင္က ေပ်ာက္ေနတယ္၊ ဘာေတြျဖစ္ေနတာလဲ ? တျခားအႀကီးအကဲေတြနဲ႔ အေစာင့္အေရွာက္ေတြကို ေပးထားတဲ့ တာဝန္ေတြက အကုန္လံုး ၿပီးသြားၿပီ၊ ဒါဆို ဘာေၾကာင့္မ်ား ပိုင္ယြမ္ဟုဖာ အေစာင့္အေရွာက္က ဒီလိုေပါ့ေလ်ာ့တဲ့ အမွားမ်ိဳးကို အျဖစ္ခံႏိုင္ရတာလဲ ? "

သူတို႔ မဖမ္းလိုက္ႏိုင္သည့္ ယုကလန္ အမ်ိဳးသမီးေခါင္းေဆာင္မွာ ဒုတိယေျမာက္လက္ဆက္ရန္လ်ာထားသူ ယုေဖးရန္ ျဖစ္ၿပီး သူမသည္ နာမည္ေက်ာ္ၾကားသည့္ ခ်င္းမင္ဟုဖာ ခဲ့လန္မင့္အာ့ပိုင္ လိုပင္ အဆိပ္သံုးရာ၌ ကြ်မ္းက်င္ေလသည္။ သူမသည္ အေတာ္ေလး ရည္မွန္းခ်က္ႀကီးမားကာ စင္စစ္တြင္ ယုကလန္ ကိုဆက္ခံရမည့္သူ ျဖစ္၏။

မင္က်ဲ႕ သည္ ေခါင္းငံု႔ကာ ဆိုလာ၏။

" ေဟာဒီငယ္သားက အသံုးမက်ပါဘူး၊ ၿပီးေတာ့ သူမမွာ အစားထိုးလူစားရွိေနလိမ့္မယ္လို႔လည္း ငယ္သား မေမွ်ာ္လင့္ထားခဲ့မိဘူး။ စိတ္ခ်ပါ ေခါင္းေဆာင္၊ ဒီငယ္သားက အဲ့ဒီမိန္းမကို ေသခ်ာေပါက္ ဖမ္းၿပီး သတ္ပစ္လိုက္ပါ့မယ္။ "

" ဆယ္ရက္။ "

ယုဇီေကြ်း သည္ သာမန္ကာလွ်ံကာပင္ ပုလႅင္လက္မွီေပၚတြင္ လက္ေမာင္းကိုတင္လိုက္ေလ၏။ ထို႔ေနာက္ အျပံဳးေသးေသးျပံဳးရင္း အမိန္႔ေပးလိုက္ေခ်သည္။

" ဆယ္ရက္အတြင္း၊ ေသသည္ျဖစ္ေစ ရွင္သည္ျဖစ္ေစ။ "

မင္က်ဲ႕ သည္ တံု႔ဆိုင္းမေနပဲ ဒူးတစ္ဖက္ေထာက္ခ်လိုက္ေလ၏။

" ေဟာဒီလက္ေအာက္ငယ္သားမွ အမိန္႔ကို နာခံပါ့မယ္။ "

သူသည္ ေမာက္မာစြာ ထိုင္ေနကာ ေတာင္ဝင္ဆန္မႈ အေပါင္းတို႔ျဖင့္ ျပည့္လွ်မ္းေနသည့္ ယုဇီေကြ်း အား ေလးစားစြာ ႏွင့္ မေျပာင္းလဲသည့္ သစၥာရွိမႈတို႔ျဖင့္ ၾကည့္လိုက္ေပသည္။ သူ၏ မ်က္လံုးမ်ားထဲတြင္ ျပင္းျပသည့္စြဲလမ္းမႈအခ်ိဳ႕ကိုပင္ ျမင္ရႏိုင္ေလ၏။

သူကမာ႓တစ္ခုလံုးကို သိမ္းပိုက္ၿပီး အကုန္လံုးရဲ႕ အုပ္ခ်ဳပ္သူျဖစ္လာတဲ့အခ်ိန္ထိ ငါသူ႔ေနာက္ကိုလိုက္မယ္၊ ၿပီးရင္ေတာ့ မင္း ငါ့ရဲ႕ဘုရင္ျဖစ္လာပါ။

ယုဇီေကြ်း သည္ အျခားေသာ အေစာင့္အေရွာက္မ်ား၏ ေလွ်ာက္တင္ခ်က္မ်ားကို နားေထာင္ေနေသာ္လည္း အမွန္တကယ္တြင္မူ သူ၏ စိတ္သည္ ေပ်ာ္ရႊင္ေနကာ ခ်င္နန္းေတာ္ဆီသို႔ပင္ ပ်ံသန္းသြားၿပီျဖစ္ေလသည္။

ထိုလူက သူ႔ကို ကတိေတာင္ ေပးၿပီးသြားၿပီ …… ဒါဆို ဒီဒဏ္ရာက သံုးရက္ေလာက္ဆို ေပ်ာက္သြားႏိုင္မလား ?

သူသည္ ဤပ်င္းစရာေကာင္းလွသည့္ အစည္းအေဝးကို ျမန္ျမန္အဆံုးသတ္ကာ ခ်က္ခ်င္းျပန္သြားလိုလွၿပီျဖစ္၏။

မင္က်ဲ႕ သည္ ေနာက္ဆံုးတြင္ မိစာၦသခင္ျဖစ္သူ၏ မ်က္ႏွာေပၚမွ အျပံဳးမွာ ယခင္ကႏွင့္မတူေၾကာင္း ခံစားလိုက္ရေသာ္လည္း ဘာမွားေနသလဲဆိုသည္ကို အေသအခ်ာ အတပ္မေျပာႏိုင္ပဲ ျဖစ္ေနရေလသည္။

ထိုလူသားေဆးေပါင္းအိုး၏ ယုဇီေကြ်း အေပၚသက္ေရာက္မႈမွာ အေတာ္ေလး နက္ရိႈင္းလွ၏။ ထိုအခ်ိန္က သူသည္ အလွ်င္စလိုပင္ ယင္းလူသားေဆးေပါင္းအိုး၏ ႏွလံုးေသြးေၾကာမ်ားကို လံုးဝဖ်က္ဆီးပစ္လိုက္ေလရာ ထိုသူမွာ ေသခ်ာေပါက္ေသသြားၿပီးၿပီ ျဖစ္သည္။ သို႔ေသာ္လည္း သ႔ူအေနႏွင့္ အမွားလုပ္မိခဲ့၏။ ယုဇီေကြ်း သည္ သတိျပန္ရလာသည္ႏွင့္ အာရံုခံစားႏိုင္သည့္ ဖုတ္ေကာင္ပမာ ျပဳမူလာေလသည္။ သူသည္ ထိုလူသားေဆးေပါင္းအိုး၏ ေသၿပီးသား ခႏၶာကိုယ္ကို ဖက္ကာ ထိုင္ေနရင္း က်င့္ၾကံသူဆယ္ေယာက္နီးပါးကို အရွင္လတ္လတ္ ျပာက်သြားေစသည့္ မီးေလာင္ျပင္က်ယ္ႀကီးကို ဖန္တီးခဲ့၏။ မသိလွ်င္ သူသည္ အျခားသူမ်ား၏ စကားကို မၾကားႏိုင္သည့္အလား သူ႔ကိုယ္ပိုင္ ေအးစက္မႈန္မိႈင္းလွသည့္ မီးေတာက္မ်ားၾကားတြင္သာ ကိုယ့္ကိုယ္ကို ႏွစ္ျမွဳစ္ထားခဲ့ေလသည္။

သို႔ေသာ္ လက္ဝဲဖက္အႀကီးအကဲ ခ်ဴးယင္ မွ သူ႔အားအၾကံေပးလာခဲ့၏။ ယင္းသည္ ထိုလူသားေဆးေပါင္းအိုးမွာ ကယ္တင္၍ ရႏိုင္ေသးသည္ဟု လွည့္ဖ်ားကာ ထိုအခြင့္အေရးကို အသံုးခ်ၿပီး လူသားေဆးေပါင္းအိုး၏ ေသၿပီးသား ကိုယ္ထည္အလြတ္ေပၚတြင္ ရုပ္ေသးဝိဉာဥ္ထည့္သြင္းရင္း အတုအေယာင္ ဖန္တီးလိုက္ဖ႔ိုပင္။

သူေရြးခ်ယ္ခဲ့သည့္ ဘုရင္ျဖစ္သူမွ သူ႔ခန္႔မွန္းခ်က္မ်ားကို မက်ရံႈးေစရန္ သူသည္ နည္းေပါင္းစံုသံုးကာ ယခင္မိစာၦဘုရင္ထက္ ပိုေအာင္ျမင္ေအာင္ လုပ္ေပးမွာျဖစ္သည္။ ၿပီးေတာ့ အေရးအႀကီးဆံုးတစ္ခ်က္မွာ အတိတ္မွ ယုထ်န္းထ်င္ ကဲ့သို႔ ယုဇီေကြ်း အား ထိုအဓိပၸာယ္မရွိသည့္ ခံစားခ်က္မ်ားၾကားထဲတြင္ လံုးဝအပိတ္မိမခံႏိုင္ေခ် !

မင္က်ဲ႕ ၏ ႏႈတ္ခမ္းမ်ားသည္ ေကာ့တက္သြားရ၏။ သူသည္ သူ႔ထံတြင္ ရွိသမွ်ကို ေပးမည္ျဖစ္သလို မိစာၦသခင္မွ ဘုရင္ျဖစ္လာမည့္ လမ္းကုိ မည္သူတစ္ဦးတစ္ေယာက္ကိုမွလည္း အပိတ္ခံမည္ မဟုတ္ေခ် !

သူ႔အေနနဲ႕ ဘုရင့္အတြက္ ေျခနင္းေက်ာက္တံုး ျဖစ္လာရမယ္ဆိုရင္ေတာင္ ေနာင္တရစရာ တစ္ကြက္မွမရွိဘူး !

~~~~~
< Unicode >

လင်းရှ ၏ သွားအောက်မှ ကြွက်သားများမှာ သန်မာကာ ပျော့ပျောင်းလှ၏။ သူအားရပါးရကိုက်လိုက်စဉ်က အနည်းငယ် တောင့်တင်းနေသော်လည်း သိပ်မကြာမခင်မှာပင် ပြန်ပျော့ပျောင်းသွားကာ မသိလျှင် လင်းရှ စိတ်ကြိုက်ကိုက်နိုင်ရန်အတွက် ခွင့်ပြုပေးထားသလိုပင်။

ယုဇီကျွေး ၏ တောင်းပန်ဟန် နူးညံ့သည့် ချော့မြူပုံကို ကြားလိုက်ရသည့်အခါ လင်းရှ သည် နောက်ဆုံးတွင် အားလျော့သွားပြီး ငိုချလိုက်မိသလို ရှက်လည်း ရှက်ရွံ့သွားမိလေ၏။ ယုဇီကျွေး သူ့ခြေထောက်များကို ဖြဲကားလိုက်တုန်းကဆိုလျှင် သူသည် စိတ်ထိခိုက်ကာ ကြောက်ရွံ့သွားရလွန်းသဖြင့် သူ၏ အူကလီစာများသည် တွန့်လိမ်ကာ အချင်းချင်း ရစ်ပတ်သွားမိကြလုတော့မတတ်ပင် ဖြစ်သည်။

သူသည် သူ့နီရဲမို့အစ်နေသည့် မျက်လုံးများကိုဖွင့်ကာ ယုဇီကျွေး ကို ကြည့်ချင်မိသော်လည်း တစ်ဖက်သူသည် လင်းရှ ထွက်ပြေးသွားမည်ကို ကြောက်ရွံ့နေသည့်အလား သူ့အား ရင်ခွင်ထဲတွင် မလွှတ်တမ်းဖက်ထားလေ၏။

လင်းရှ သည် ဖြည်းဖြည်းချင်း အသက်ရှုသွင်းလိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် ငါဒီကိစ္စကို အလျှော့ပေးပြီး မသိချင်ယောင်ဆောင်လိုက်မှာ မဟုတ်ဘူး။ မည်သည့်ကိစ္စမဆို အကျိုးအကြောင်းမေးမြန်းကာ ကိစ္စများကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ဖို့က အရေးကြီးပေသည်။

သူသည် ကျောကိုမတ်မတ်ထားလိုက်ပြီးနောက် ယုဇီကျွေး ၏ မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်လိုက်၏။ ထို့နောက်

" အားကျွေး၊ မ-မင်း၊ မင်း မင်္ဂလာဆောင်တော့မှာလား ? "

သူသည် အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နှင့် မေးနိုင်ရန် ကြိုးစားပါသော်လည်း သူစကားပြောလိုက်သည့်အခါ စကားလုံးတို့က ထစ်အစွာ ထွက်လာရပေသည်။ လင်းရှ သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ပါးသူပင် ပြန်ရိုက်ချင်မိသွားရ၏။ အဲ့ဒါက တကယ့်ကိုပဲ ရှက်ဖို့ကောင်းလိုက်တာ !

ယုဇီကျွေး ၏ အမူအရာတွင် မည်သည့်အပြောင်းအလဲမျှ မပေါ်လာပဲ မျက်လုံးကိုမှေးကျဉ်းပြီး လက်ခံသည့်ဟန်ဖြင့်သာ ပြန်ကြည့်လာလေ၏။

လင်းရှ ၏ နှလုံးသားမှာ ခဏချင်းပင် အပိုင်းပိုင်းအစစ အဖြစ် ကွဲကြေသွားရ၏။ သူသည် အပြုံးတစ်ခုကို အားတင်းကာ ပြုံးပြလိုက်သော်လည်း သူ့နှုတ်ခမ်းများမှ ထွက်လာသည့်စကားလုံးများကို သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။

" ဒါဆိုရင် အစ်ကို ဂုဏ်ပြုပါတယ်။ ဘာဖြစ်လို့ ဒီလောက်အရေးကြီးတဲ့ကိစ္စကို တစ်လောကလုံးကိုကြေညာပြီး အစ်ကို့ကိုကျ မပြောပြရတာလဲ ? …… မင်း တခြားမိသားစုက မိန်းကလေးနဲ့ လက်ထပ်ပြီးတဲ့အခါကျ သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော် …… "

" မင်း ဝမ်းနည်းနေတယ်။ "

ယုဇီကျွေး ၏ မျက်လုံးအိမ်ထဲမှ မျက်ဆံမှာ မသိမသာ ပြူးကျယ်သွားရ၏။ သူ၏ နက်မှောင်လှသည့် မျက်ဆံများတွင် လင်းရှ ၏ မျက်နှာမှာ ထင်ရှားစွာ ရောင်ပြန်ဟပ်နေကာ သူ၏ ဆောက်တည်ရာမရဖြစ်နေသည့် အမူအရာမှာလည်း ဖုံးဖိ၍ပင် မရနိုင်ချေ။ သူ၏ စကားသံမှာ တိုးသိမ်လှသည်သာမက လင်းရှ သည် သူနှင့် မသက်ဆိုင်သည့် ကိစ္စများကိုပါ အဆက်မပြတ် ပြောနေလေတော့သည်။

သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်း နောက်ဆုံးကြိုးမျှင်မှာ ပြတ်တောက်သွားရ၏။ သူသည် ကုတင်ပေါ်ရှိ ယုဇီကျွေး ပေါ်သို့ ခုန်အုပ်လိုက်ပြီးနောက် တစ်ဖက်သူ၏ လည်ပင်ပေါ်တွင် တံတောင်ထောက်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

" ဟောဒီ လောင်ဇီက ဝမ်းနည်းနေတယ် ဟုတ်လား ? ယုဇီကျွေး မင်း သောက်ကျင့်မကောင်းတဲ့အကောင် ! ငါ့ကိုအရင်တုန်းက ပြောခဲ့တာတွေအကုန်လုံးက အလိမ်အညာတွေချည်းပဲလား ? ငါ့ကိုလှည့်စားရတာ ပျော်စရာ သိပ်ကောင်းနေလား ? လူလိမ် ! ခွေးကောင် ! …… "

သူသည် သူ့ကိုယ်သူ ဒီထက်ပိုပြီး ရှက်စရာကောင်းတာတွေ မလုပ်မိအောင် မထိန်းထားနိုင်တော့ချေ။ သူ၏ မျက်လုံးထောင့်စွန်းများတွင် သူမလိုချင်ပါသည့် မျက်ရည်များက ပြည့်လျှံနေကာ သူ့နှုတ်ခမ်းများမှာလည်း တဆတ်ဆတ် တုန်ယင်နေလေသည်။

အနီးအနားမှာ လက်နက်တွေတစ်ခုမှ မရှိလို့သာ၊ မဟုတ်ရင် ငါသေချာပေါက် ဒီမကောင်းတဲ့အကောင်ကို ဓားနဲ့ထိုးပစ်မိလိမ့်မယ် !

ယုဇီကျွေး သည် သူ့ကို လှဲချကာ သူ့ကိုယ်ပေါ်သို့ ရောက်သွားပြီးနောက် တစ်ဖန် ထပ်ကာ ဖက်လာပေ၏။ လင်းရှ သည်  ဒေါသကြောင့် ခေါင်းများမူးဝေကာ ပြန်ခုခံရန်ပင် အားမရှိတော့ချေ။ သူသည် မျက်လုံးကိုသာ မှိတ်ထားလိုက်ရင်း နောက်ကျောမှာ အဆက်မပြတ် တုန်ယင်နေလေတော့သည်။

" မငိုပါနဲ့။ "

ယုဇီကျွေး ၏ နှလုံးသားမှာ ဆုပ်ညှစ်ခံထားရသလို ခံစားနေရ၏။ သူသည် ခေါင်းငုံ့ကာသာ တစ်ဖက်သူ၏ ကြည်လင်တောက်ပလှသည့် မျက်ရည်များကို နမ်းလိုက်မိ၏၊ သို့သော်လည်း သူသည် ထိုမျက်ရည်များကို ကုန်စင်သွားအောင် မယက်နိုင်ပဲ ဖြစ်နေရလေသည်။ သူသည် လင်းရှ ၏ ကျောကို စက်ဝိုင်းသဏ္ဌာန် ညင်သာစွာ ပွတ်ပေးရင်း ဆိုလိုက်၏။

" ကိုယ် မိန်းမတစ်ယောက်ယောက်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး။ "

လင်းရှ သည် အံ့အားသင့်သွားကာ မျက်စိဖွင့်ကြည့်လိုက်မိပြီးနောက် ချက်ချင်းပင် ယုဇီကျွေး ၏ ပျော်ရွှင်နေဟန် ဖော်ပြနေသည့် မျက်ခုံးများကို မြင်တွေ့လိုက်ရကာ၊ မသိလျှင် ယင်းမှာ အပျော်လွန်ပြီး ထကတော့မလိုပင်။ သူ့စိတ်သည် ဤရှုပ်ထွေးသည့် အခြေအနေကို နားလည်နိုင်ဖို့ အလွန်တရာ ကပြောင်းကပြန် ဖြစ်နေလေသည့်အတွက် သူသည် နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း တစ်ဖက်သူပြောသွားသည့် စကားများကို စက်ရုပ်ပမာ လိုက်ပြောလိုက်မိပေသည်။

" ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး ? "

ယုဇီကျွေး ၏ မျက်နှာတစ်ခုလုံးသည် နီရဲလာလိုက်သည်မှာ သူ၏ နားဖျားများပင် ခပ်ဖျော့ဖျော့ ပန်းရောင်သမ်းလာချေ၏။

" ကိုယ် သိပြီးသားပါ၊ မင်း ကိုယ်ကို အရမ်းသဘောကျမှန်း။ "

" …… "

လင်းရှ သည် ဒေါသထွက်ပြီး ပြောစရာစကားပင် မဲ့သွားရသည်။

သူက ဘာပြောချင်နေတာလဲ ?

လင်းရှ မှ အက်ရှရှအသံဖြင့် ပြန်ပြောလိုက်၏။

" ငါ့ကို လိမ်ဖို့တော့ မစဉ်းစားနဲ့၊ အဲဒီစီစဉ်ထားတဲ့ မင်္ဂလာပွဲကြေညာစာကို မင်းပဲ ရေးခဲ့တာမဟုတ်လား ? ပြီး-ပြီးတော့၊ ဒီနေ့ မင်း အဲ့ဒီအခမ်းအနားဝတ်စုံကို ဝတ်လာခဲ့တာပဲ မဟုတ်လား ? "

ယုဇီကျွေး သည် ဘာပြန်ပြောရမည်ကို စဉ်စားနေသကဲ့သို့ မျက်ခုံးများ စုကျုံ့နေပြီးနောက် အတော်ကြာသောအခါမှသာ ပြန်ဖြေလာလေသည်။

" ကိုယ်ရေးခဲ့တာ မှန်ပါတယ်၊ ဒါပေမယ့် …… "

လင်းရှ သည် ချက်ချင်းပင် စိတ်ပျက်သွားရ၏။ သူသည် ထထိုင်ကာ ယုဇီကျွေး ၏ ကော်လာကို ဆွဲဆုပ်လိုက်ပြီးနောက်

" အဲ့ဒါဆို တကယ်တမ်း ဘာကိစ္စတွေ ဖြစ်နေတာလဲ ! ငါ့ကို သေသေချာချာရှင်းပြ ! "

" ဒီမင်္ဂလာပွဲက အတုပဲ။ "

ယုဇီကျွေး သည် လင်းရှ ကို ထိုသို့ သွေးများညစ်စွန်းကာ ညစ်ပတ်လှသည့် ကိစ္စများကို မသိစေချင်သည့်အတွက် အများကြီး မရှင်းပြလိုချေ။ ဤလူသည် နေရောင်အောက်တွင်နေရင်း သူ့ကို နေ့တိုင်း ပြုံးပြဖို့သာ လိုလေသည်။

ထိုသို့ ရိုးရှင်းလှသည့် အဖြေကြောင့် လင်းရှ သည် သဘာဝကျကျပင် စိတ်ရှုပ်ထွေးသွားရ၏။ သူသည် အံကြိတ်ကာ မေးလိုက်ပေသည်။

" ဘာဖြစ်လို့လဲ ? ပြီးတော့လည်း မင်းဘာဖြစ်လို့ ငါ့ကိုယ်ပေါ်မှာ ချိပ်ပိတ်တဲ့စည်းကို ထည့်ထားရတာလဲ ? အဲ့ဒါက အရေးကြီးလို့ မင်းငါ့ကို မဖြစ်မနေ ပြောပြရမယ် ! အခု ငါတို့က … တောင် ဖြစ်နေပြီ ဆိုတော့ …… "

သူထိုသို့ ပြောပြီးနောက် ဆက်ကာ စကားမပြောနိုင်တော့ချေ။

ယုဇီကျွေး သည် လက်ရှိတွင် ချန်ခွင်း ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ မကြာမီတွင် မှော်နက်မိစ္ဆာဂိုဏ်း၏ မိစ္ဆာဘုရင် ဖြစ်လာမည့်သူဖြစ်၏။ သူ့ထံတွင် လျှို့ဝှက်ချက်တွေ အများကြီးရှိဖို့ဆိုတာက ရှောင်လွှဲ၍ရနိုင်သည့် ကိစ္စမဟုတ်ပေ။ သို့သော်လည်း ဤသို့သော ကိစ္စများကသာ အခေါက်ခေါက် အခါခါ ဖြစ်နေမည်ဆိုပါက သူတို့သည် မည်သို့ ရှေ့ဆက်သွားရပါမည်နည်း ? လင်းရှ သည် အကျိုးသင့်အကြောင်းသင့် မစဉ်းစားတတ်သည့်သူ မဟုတ်သလို သူသည် ယုဇီကျွေး ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီဖြစ်လေရာ ထိုကိစ္စများကို လက်ခံပေးမည်ဆိုသည်မှာ ပြောစရာမလိုပေ ……

သူ့နောက်ကို အရူးလိုမျိုးလိုက်ပြီး ဒီလိုခမ်းနားတဲ့နန်းတော်ကြီးမှာ အတူတူနေပြီးတာတောင် ငါက ယုဇီကျွေး ကို နေ့တိုင်း အလုပ်သွားနှုတ်ဆက်ပြီး သူ့အပြန်ကိုပဲ စောင့်နေရမယ်လို့တော့ မပြောနဲ့နော် ?

ယုဇီကျွေး သည် ကူကယ်ရာမဲ့စွာ ခေါင်းကိုငုံ့ပြီး လင်းရှ ၏ နှဖူးကို ခပ်ဖွဖွ နမ်းလိုက်လေ၏။ သူသည် ရှင်းပြလာလေသည်။

" ကိုယ်က မင်းနေပြန်ကောင်းလာတာနဲ့ အဲ့ဒီစည်းကို ပြန်ဖယ်ပေးမလို့ပါပဲ။ မင်းရဲ့ နှလုံးသွေးကြောတွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီးတော့ မင်းအသက်ကို ကယ်ထားလိုက်နိုင်တာကိုတောင်မှ တော်တော်လေး ကံကောင်းတယ်လို့ ပြောရမှာ၊ ပြီးတော့လည်း ကိုယ် မင်းကို စိတ်မပူစေချင်ဘူး …… မင်းကို ယုကလန် နဲ့ပတ်သတ်တဲ့ ကိစ္စတွေကိုလည်း ပြောပြမယ်၊ ဟုတ်ပြီလား ? "

စင်စစ်တွင် ဤစေ့စပ်လက်ထပ်ပွဲမှာ နှစ်ထပ်ထောင်ချောက်ဖြစ်လေ၏။ ယုကလန် မှ တုဝမ် ဖြစ်သူ၏ အင်အားမှာ ကောင်းသည်ထက် ကောင်းလာခဲ့သည်။ သူမသည် လွန်ခဲ့သည့် ဆယ်နှစ်တာအတွင်းတွင် ဂိုဏ်းအချို့ကို သိမ်းသွင်းနိုင်ခဲ့ပြီး သူတို့သည် ချန်ခွင်း ဂိုဏ်းကိုလည်း အလေးပင် မထားတော့ချေ။ ဤအယောင်ဆောင် စေ့စပ်လက်ထပ်ပွဲမှာ ယုကလန် ကို သစ္စာဖောက်ပြီး သူတို့အား တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးပေ။

ယုဇီကျွေး သည် ယင်းကို ရိုးရှင်းသည့် စာကြောင်းတစ်ချို့ဖြင့် ရှင်းပြလာလေ၏။ လင်းရှ သည်လည်း တုံးအနေသည်မဟုတ်သည့်အတွက် ချက်ချင်းပင် သဘောပေါက်သွားရသည်။

ဤသည်မှာ အခြားသောကမ္ဘာတစ်ခုဖြစ်ကာ ဂိုဏ်းဂဏများက အုပ်ချုပ်ပြီး နေရာတိုင်းတွင် ဤကဲ့သို့ အာဏာလုသည့်ကိစ္စများမှာ သာမန်သာဖြစ်သည့်  နေရာပင်။ သူသည် ထိုသို့သော မြင်ကွင်းများကို မျက်လုံးထဲတွင် မြင်ယောင်ကြည့်လိုက်နိုင်ပေသည် …… သူသည် ထစ်အစွာ မေးလိုက်မိ၏။

" ဒါ-ဒါဆို မင်းက ထွက်သွားတော့မှာလား၊ အဲ့ဒီကိုလေ ? "

" အဲ့ဒါကိစ္စက ဖြေရှင်းပြီးသွားပြီ။ "

ယုဇီကျွေး သည် လင်းရှ ၏ ကျောကို ပွတ်ပေးရင်း ဘာမှမထူးခြားသည့်ဟန်ဖြင့် ပြန်ဖြေလာလေသည်။ ထို့နောက်

" အချိန်ကို စီစဉ်ထားတာထက် အရှေ့ကိုရွှေ့လိုက်တယ်။ လက်ရှိမှာ အကြီးအကဲတွေနဲ့ တတိယနဲ့ ဆဌမ အစောင့်အရှောက်တွေက ကျန်တာတွေကို ဆက်ရှင်းနေတယ်။ ဒီ ယုကလန် ကို ဖြေရှင်းရတာက ကိစ္စအသေးအဖွဲလေးပါ။ "

လင်းရှ သည် တောင့်တင်းသွားရ၏။

အဲ့ဒါက ငါ့ကြောင့်လား ? အစီအစဉ်ထဲမှာ ရုတ်တရက် အပြောင်းအလဲဖြစ်သွားရင် သူတို့အစီအစဉ်ကို မထိခိုက်သွားနိုင်ဘူးလား ?

သူသည် ခပ်အက်အက်အသံဖြင့် မေးလိုက်၏။

" …… ဒါဆို မင်းမှာ ဒဏ်ရာတွေဘာတွေ မရလာဘူးမလား ? "

ယုဇီကျွေး သည် ခေတ္တမျှတန့်သွားပြီးနောက် အသေအချာ ပြန်ဖြေလာလေသည်။

" မရလာခဲ့ဘူး။ "

မင်းဖင်ကြီးကိုပဲ မရလာခဲ့ဘူး !

လင်းရှ သည် ထထိုင်ကာ ယုဇီကျွေး ၏ အဝတ်များအား အားကုန်သုံး၍ ဆွဲချွတ်လိုက်ပြီးနောက် ချက်ချင်းပင် ကြောင်အသွားရ၏။ မျှော်လင့်မထားစွာပင် ယုဇီကျွေး ၏ ကျောထက်တွင် လက်တစ်ဖဝါးစာမျှ အရှည်ရှိကာ နှစ်လက်မမျှကျယ်သည့် သွေးများစိုရွှဲနေပြီး အတော်လေးအခြေအနေဆိုးလှသော ဒဏ်ရာနှစ်ခုသည် ထိစပ်လုနီးပါး ရှိနေကြလေသည် ! ယုဇီကျွေး သည် ယင်းတို့ကို ပတ်တီးများနှင့်ပင် မစည်းထားပဲ သူ၏ ဝိဉာဉ်စွမ်းအားဖြင့်သာ သွေးတိတ်အောင် လုပ်ထားလေ၏။ သူ့အဖြူရောင်ဝတ်စုံ၏ နောက်ကျောအလည်တည့်တည့်တွင်လည်း သွေးစီးကြောင်းတစ်ခုက ထင်းနေအောင် ရှိနေပေသည်။

ယုဇီကျွေး ၏ အမူအရာသည် အနည်းငယ် ရှက်အမ်းအမ်းဖြစ်နေသည့်ဟန် ပေါ်လေသည်။

" ဒါက ပြောရရင် အခမ်းအနား ဝတ်စုံမဟုတ်ဘူး၊ ကိုယ်က အပြင်ဝတ်ရုံအနေနဲ့ဝတ်ဖို့ လုပ်လိုက်တဲ့ သာမန်အနီရောင်ဝတ်စုံပါပဲ။ "

သူသည် တခြားသူများအား သူဒဏ်ရာရထားသည့်အကြောင်း မသိသွားစေချင်သည့်အတွက် အလိုလို အနီရောင်ဝတ်စုံကို ရွေးဝတ်လိုက်မိတာပင်။ ယင်းမှာ လင်းရှ ကို လုံးဝအထင်လွဲသွားစေလိမ့်မည်ဟု သူမထင်ထားမိခဲ့ချေ။

လက်ရှိတွင် လင်းရှ သည် မည်သို့သော အမူအရာမျိုးကိုလုပ်ရမည်မှန်းပင် မသိတော့ချေ။

ဒါဆို ဒါတွေအကုန်လုံးက မထင်မှတ်ထားမိတဲ့ အမှားကြီးတစ်ခုပဲပေါ့ ? ဒီကလေးစုတ်လေး ယုဇီကျွေး က အခုလိုမျိုး ဒဏ်ရာရခဲ့ရုံတင်မကဘူး ငါကပါ အဲ့ဒီလိုကိစ္စတွေကိုလိုက်ပြီး တွေးပူရင်း ခံစားနေခဲ့မိတယ် …… အဝတ်တွေ ! ယုဇီကျွေး က ငါ့အဝတ်တွေကျ အကုန်ချွတ်ပြီး သူ့အဝတ်တွေကျ မချွတ်သေးတာ တခြားမဟုတ်ဘူးကိုး …… ဒီကောင်စုတ်ကတော့ !

" ဒဏ်ရာတွေအတွက် လိမ်းတဲ့ဆေးက ဘယ်နားမှာလဲ ? "

လင်းရှ သည် ပြန်လည် တည်ငြိမ်သွားပြီဖြစ်သော်လည်း သူ၏ မျက်လုံးများမှာမူ ဖောင်းအစ်ကာ နီရဲနေဆဲဖြစ်လေသည်။

ယုဇီကျွေး သည် သူ၏ အမူအရာကို ဂရုတစိုက် စူးစမ်းကြည့်လာ၏။ သူသည် လင်းရှ ၏ စကားများကို ကြားလိုက်ရသောအခါ သူ့နှလုံးသားသည်လည်း စိတ်သက်သာရာရသွားပြီး သူ့ဒဏ်ရာအတွက်ဆေးကို ကမ်းပေးလိုက်လေသည်။

လင်းရှ သည် သူ့နောက်တွင်ထိုင်ကာ ရေစိုတဘက်တစ်ထည်ကိုသုံးရင်း ဒဏ်ရာပတ်ပတ်လည်ရှိ သွေးများကို ခပ်ဖွဖွ သုတ်ပေးလိုက်ပြီးနောက် ဆေးကို ဒဏ်ရာပေါ်တွင် အသေအချာ ဂရုတစိုက်ဖြင့် လိမ်းပေးလိုက်လေ၏။ သူသည် ထိုဒဏ်ရာများကို ကြည့်နေသည်ကပင် နာကျင်လာရချေသည်။ ယုဇီကျွေး သည် သူ့ရှေ့တွင် လိမ်လိမ်မာမာထိုင်နေကာ လွန်ခဲ့နှစ်များက ခေါင်းမာပြီး သီးသန့်ဆန်လှသည့် ထိုကလေးနှင့် အတော်လေး ကွာခြားနေလေ၏။

ယခင်ကနှင့်မတူတော့ချေ …… ယခုအခါတွင် ယုဇီကျွေး ၏ နောက်ကျောမှာ ပို၍ ကျယ်ပြန့်လာသလို သူ့ကြွက်သားများ၏ ကောက်ကြောင်းသည် နူးညံ့ကြည့်ကောင်းလှကာ တစ်နေ့နေ့တွင် ထိပ်ဆုံးသို့တိုင် မြင့်တက်နိုင်သည့် ယောကျ်ားတစ်ယောက်ပင် ဖြစ်နေချေပြီ။

လင်းရှ သည် ဆေးလိမ်းပေးပြီးနောက် စောင်ပါးတစ်ထည်ကို သူ့ကိုယ်ပေါ်သို့ဆွဲခြုံကာ ကုတင်ပေါ်သို့ လှဲအိပ်လိုက်လေ၏။

သူသည် အစောပိုင်းမှ သူ၏ မိန်းမဆန်သည့် ပုံပန်းအကြောင်းကို ပြန်သတိရသွားသောအခါ အတော်လေးကို အရှက်ရသလိုခံစားနေရပေသည် …… သူ့မျက်နှာပေါ်မှ အပူရှိန်မှာ ကြက်ဥတစ်လုံးပင် ပြုတ်၍ရလောက်ပေ၏။

ဖာခ့် ! ဒါတွေအကုန်လုံးက ဟိုကလေးစုတ် ယုဇီကျွေး ရဲ့ အပြစ်တွေပဲ ! သူက ငါ့ခံစားချက်တွေကို တရားလွန် ကစားနေတာကိုး …… အကယ်လို့ သူသာ အဲ့ဒါကို တမင်သက်သက် လုပ်ခဲ့တာမဟုတ်ဘူးဆိုရင် ငါ့ရဲ့ မျိုးရိုးနာမည်ကို သူ့မျိုးရိုးနာမည် ယု လို့ ပြောင်းပစ်လိုက်မယ် !

ယုဇီကျွေး သည်လည်း သူ့နောက်မှလိုက်ကာ ထိုစောင်ပါးတစ်ထည်အောက်တွင် ကပ်သပ်လှဲအိပ်ရင်း လင်းရှ ၏ ခါးတစ်ဝိုက်တွင် သူ့လက်များဖြင့် ရစ်ပတ်လိုက်လေ၏။

လင်းရှ ၏ ကိုယ်မှာ ဆတ်ခနဲ တုန်ယင်သွားကာ သူ့နှလုံးသားမှာ စတင်ကာ အခုန်မြန်လာလေတော့သည်။ သူသည် မသိလိုက်မသိဖာသာ အဝေးသို့ ရွေ့လိုက်မိသော်လည်း ယုဇီကျွေး သည်လည်းသူ့အတိုင်းပင် လိုက်ကာ သူရွေ့သည့်ဖက်သို့ လိုက်ရွေ့လာလေ၏။ ဤလူနှစ်ယောက်သည် တစ်ယောက်က နောက်ဆုတ်ရင်း တစ်ယောက်က ရှေ့တိုးရင်း ဖြစ်နေကြချေသည်။ ကုတင်မှာ အတော်လေးကိုပင် ကျယ်ဝန်းသည်ဆိုသော်လည်း လင်းရှ သည် သိပ်မကြာခင်မှာပင် ယုဇီကျွေး ကြောင့် ပိတ်မိသွားကာ ကုတင်၏ အစွန်းပိုင်းတွင် ကပ်ညပ်ကာ နေနေရလေတော့၏။

ယုဇီကျွေး သည် လင်းရှ ၏ ခါးပေါ်တွင် လက်တစ်ဖက်ဖြင့် ဖက်ကာ ကျန်တစ်ဖက်အား လင်းရှ လည်ပင်းအောက်တွင် ရစ်ပတ်ထားလိုက်လေသည်။ သူသည် လင်းရှ အား သူ့ရင်ခွင်ထဲတွင် အသေအချာထည့်ဖက်ထားပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ ကြားထဲတွင် နေရာလွတ်မရှိအောင်ပင် နီးကပ်စွာ ထိစပ်နေကြလေ၏။

လင်းရှ သည် ယုဇီကျွေး ၏ ဒဏ်ရာပြန်ပွင့်သွားမည်စိုးသည့်အတွက် ထပ်မရုန်းကန်တော့ချေ။ တစ်ဖက်သူသည် သူ၏ အာရုံခံစားလွယ်သည့် လည်ကုပ်ပေါ်သို့ ပူလောင်လှသည့် လေငွေ့များ ရှုထုတ်နေလေရာ သူသည် ချက်ချင်းလိုလိုပင် လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရပြီး ကြောက်ရွံ့စွာဖြင့် လက်သီးဆုပ်ထားမိလိုက်၏။

" ကိုယ်အရမ်းပျော်တာပဲ။ "

သူ့နားရွက်နံဘေးတွင် သံလိုက်ပမာ နက်ရှိုင်းလှသည့်အသံသည့် ပဲ့တင်ထပ်လာကာ ယင်းထဲတွင် ပျော်ရွှင်နေသည့် အရိပ်အငွေ့တို့ ပါဝင်နေလေသည်။

" လင်းရှ ကလည်း ကိုယ့်ကိုအရမ်းသဘောကျမှန်း သိလိုက်ရတော့။ "

လင်းရှ ၏နားရွက်များမှာ နီရဲသွားရ၏။

ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ သူဆက်ငြင်းနေလိုက်သင့်လား ?

သူသည် ' အင်း ' ဟု အားပျော့စွာ ပြန်ဖြေလိုက်လေသည်။

မင်းက ဘာလို့ဟောဒီ စိတ်ပျက်အားလျော့နေတဲ့ လောင်ဇီ ကို မဖြေဖြေအောင် လုပ်နေရတာတုန်း !

ယုဇီကျွေး သည် မနေနိုင်ပဲ လင်းရှ ၏ နောက်ကျောပေါ်သို့ အနမ်းပေးလိုက်ကာ တီးတိုးပြောနေသည့်အလား ညင်သာလှသည့်အသံဖြင့် ဆိုလာ၏။

" ကိုယ် မင်းကို အရမ်းလိုချင်တယ် …… မင်းကို နမ်းပြီးတော့ မလွှတ်တမ်း ဖက်ထားချင်တယ် …… ကိုယ်တို့အခုပဲ အဲ့ဒါကို လုပ်ကြရအောင်နော် …… "

ထိုနက်ရှိုင်းလှသည့်အသံထဲတွင် ပိုးသားပမာ ပျော့ပျောင်းပြီး ဆွဲဆောင်ညှို့ငင်သည့် ဟန်ပန်တို့ ပါဝင်နေလေရာ ကြားရသူ၏ နှလုံးသားထဲတွင် ကလိကလိ ဖြစ်လာစေအောင် ပြုစားနိုင်စွမ်း ရှိလေသည်။ လင်းရှ ၏ နှလုံးသားသည် ကျယ်လောင်စွာ ခုန်လှုပ်နေရ၏၊ ဘယ်တုန်းကများ ယုဇီကျွေး က အခုလို ယောကျ်ားတစ်ယောက်ကို ဆွဲဆောင်တတ်သွားရတာလဲ ?

သူ၏ ကြောင်တောင်တောင် ဖြစ်နေသည့် ဦးနှောက်ထဲတွင် စိတ်ရှုပ်ထွေးမှုများက ပြည့်နှက်သွားသည့်အလား

" မင်းက အခုထိ ဒဏ်ရာကြီးနဲ့ …… "

ဟု ပြောထွက်သွားလေတော့၏။

" ဒါဆို ကိုယ်ဒဏ်ရာ သက်သာလာတာနဲ့နော်။ "

ယုဇီကျွေး ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့တက်သွားကာ မျက်လုံးများထဲတွင် ဝံပုလွေပမာ အလင်းအချို့ ဖြတ်ပြေးသွားလေ၏။

" နောက်တစ်ခါဆို ကိုယ်တကယ့်ကို သတိထားပါ့မယ် --- အဲ့ဒါမှ မင်းမနာမှာ။ "

လင်းရှ သည် ချက်ချင်းပင် အသိပြန်ဝင်လာကာ ရုတ်တရက် ကြောက်လန့်သွားပြီး နှဖူးပေါ်တွင် ချွေးအေးများပင် သီးလာတော့၏။

သူသာ ငါ့ကိုယ်ထဲ ဝင်လာလို့ကတော့ ဘယ်လိုများ ခံစားရမှာလဲ ? ပြီးတော့လည်း ယုဇီကျွေး မှာ လူမဆန်အောင် ကြောက်စရာကောင်းတဲ့ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းကလည်း ရှိနေသေးတာ …… သုံးရက်ကနေငါးရက်လောက်နေရင် အဲ့ဒီဒဏ်ရာတွေ ပြန်ပျောက်သွားဖို့ မဖြစ်နိုင်ဘူးလား ?

သို့သော်လည်း သူ့မှာ နောင်တရဖို့ပင် အခွင့်အရေးမရှိချေ။ ယုဇီကျွေး သည် လင်းရှ ကျောပေါ်တွင် မှီရင်းတိုးဝှေ့ကာ

" လင်းရှ၊ ကိုယ် မင်းကိုကြိုက်တယ်။ "

ဟု အသံနိမ့်နိမ့်ဖြင့် ဆိုလာလေ၏။

ဝှက်သယ်ဖာခ့် ! ငါက ဒါတွေကို ဘယ်လိုကိုင်တွယ်ရမှာလဲ ! ဟောဒီလောင်ဇီက အဲ့ဒီလိုမျိုး အချစ်ရည်ရွှမ်းနေတဲ့ စကားလုံးတွေကို ခုခံနိုင်စွမ်း နည်းနည်းလေးမှတောင် မရှိဘူးဟ !

အဆုံးတွင်မူ လင်းရှ သည် မျက်နှာတစ်ခုလုံး နီရဲကာ ပြန်ဖြေလိုက်လေသည်။

" ငါသိပါတယ်။ ငါ-ငါလည်း မင်းကို ကြိုက်တယ် အားကျွေး။ "

လင်းရှ သည် ဒီတစ်ခေါက် အဖြစ်အပျက်မှာ မှော်နက်ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် ကိစ္စဖြစ်ကြောင်းသိသလို ကျန်ဂိုဏ်းငယ်များမှ ကြောက်လန့်ကာ သံသယမဝင်ကြစေရန်အလို့ငှာ ယုဇီကျွေး ကိုယ်တိုင်ထွက်ပြီး ဖြေရှင်းရမည်ဖြစ်ကြောင်းကိုလည်း နားလည်ပေသည်။ သို့သော်လည်း ထိုသူသည် လက်ရှိတွင် လင်းရှ နှင့်အတူ နန်းတော်ထဲတွင် နေနေဆဲဖြစ်၏။ ယင်းမှာ သူ၏ ခေါင်းဆောင်အကြီးအကဲဆိုသည့် အာဏာနှင့် နေရာကို သေချာပေါက် ထိခိုက်လာစေနိုင်သည့်အတွက် လင်းရှ သည် သူ့အား အပြင်ထွက်ဖို့ ချက်ချင်းပင် တိုက်တွန်းမိပေသည်။

သူသည် လောလောဆယ်မှာတောင် ယုဇီကျွေး ကို ဘာမှမကူညီပေးနိုင်တာ၊ အနာဂတ်မှာ အမြဲတမ်းလိုလို တစ်ဖက်လူ၏ ခြေထောက်ကို ဆွဲထားမှ ဖြစ်မှာလား ?

ယုဇီကျွေး သည် မှောင်မိုက်နေသည့် မျက်နှာဖြင့် အပြင်ထွက်သွားကာ ဆယ်မိနစ်သာကြာလိုက်ပြီးနောက် တစ်ဖက်သူကို ဖိချကာ ထပ်တစ်ခါ နမ်းလာပြန်ချေသည်။ လင်းရှ သည် ထိုအနမ်းကြောင့် သတိတောင်လစ်လုနီးပါးပင်။

ဒီနေ့ကတော့ ငါ့ကိုတကယ် အခွင့်အရေးလေးတောင်မပေးဘူးပဲ !

ယုဇီကျွေး သည် နောက်ဆုံးတွင် သူ့ကိုယ်ပေါ်မှ ချိပ်စည်းကို ဖြေပေးလိုက်ကာ သူ့ကိုယ်သူအလွန်အကျွံ ဖိအားမပေးသင့်ကြောင်း ထပ်ခါထပ်ခါ မှာလာလေသည်။ လင်းရှ သည်လည်း _ ကတိပေးလိုက်ပေ၏။ သူသည် ယုဇီကျွေး မှ အိမ်ထောင်ဦးစီးပမာ ပြုမူနေသည်ကိုကြည့်ကာ အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရချေသည်။

နန်းတွင်းအရေးကိစ္စများ ဆွေနွေးသည့် ခန်းမထဲ၌ ယုဇီကျွေး သည် အမြင့်ဆုံးနေရာရှိ ပုလ္လင်ထက်တွင် ကျက်သရေရှိစွာ ခြေချိတ်ထိုင်နေပေ၏။ သူသည် ပိုင်ယွမ်ဟုဖာ အစောင့်အရှောက် မင်ကျဲ့ ၏ လျှောက်တင်ချက်များကို နားထောင်နေခြင်းဖြစ်လေသည်။ သူ၏ မျက်လုံးများသည် တဖြည်းဖြည်း မှေးကျဉ်းလာရ၏။

" ယုကလန် ရဲ့ အမျိုးသမီးခေါင်းဆောင်က ပျောက်နေတယ်၊ ဘာတွေဖြစ်နေတာလဲ ? တခြားအကြီးအကဲတွေနဲ့ အစောင့်အရှောက်တွေကို ပေးထားတဲ့ တာဝန်တွေက အကုန်လုံး ပြီးသွားပြီ၊ ဒါဆို ဘာကြောင့်များ ပိုင်ယွမ်ဟုဖာ အစောင့်အရှောက်က ဒီလိုပေါ့လျော့တဲ့ အမှားမျိုးကို အဖြစ်ခံနိုင်ရတာလဲ ? "

သူတို့ မဖမ်းလိုက်နိုင်သည့် ယုကလန် အမျိုးသမီးခေါင်းဆောင်မှာ ဒုတိယမြောက်လက်ဆက်ရန်လျာထားသူ ယုဖေးရန် ဖြစ်ပြီး သူမသည် နာမည်ကျော်ကြားသည့် ချင်းမင်ဟုဖာ ခဲ့လန်မင့်အာ့ပိုင် လိုပင် အဆိပ်သုံးရာ၌ ကျွမ်းကျင်လေသည်။ သူမသည် အတော်လေး ရည်မှန်းချက်ကြီးမားကာ စင်စစ်တွင် ယုကလန် ကိုဆက်ခံရမည့်သူ ဖြစ်၏။

မင်ကျဲ့ သည် ခေါင်းငုံ့ကာ ဆိုလာ၏။

" ဟောဒီငယ်သားက အသုံးမကျပါဘူး၊ ပြီးတော့ သူမမှာ အစားထိုးလူစားရှိနေလိမ့်မယ်လို့လည်း ငယ်သား မမျှော်လင့်ထားခဲ့မိဘူး။ စိတ်ချပါ ခေါင်းဆောင်၊ ဒီငယ်သားက အဲ့ဒီမိန်းမကို သေချာပေါက် ဖမ်းပြီး သတ်ပစ်လိုက်ပါ့မယ်။ "

" ဆယ်ရက်။ "

ယုဇီကျွေး သည် သာမန်ကာလျှံကာပင် ပုလ္လင်လက်မှီပေါ်တွင် လက်မောင်းကိုတင်လိုက်လေ၏။ ထို့နောက် အပြုံးသေးသေးပြုံးရင်း အမိန့်ပေးလိုက်ချေသည်။

" ဆယ်ရက်အတွင်း၊ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ။ "

မင်ကျဲ့ သည် တုံ့ဆိုင်းမနေပဲ ဒူးတစ်ဖက်ထောက်ချလိုက်လေ၏။

" ဟောဒီလက်အောက်ငယ်သားမှ အမိန့်ကို နာခံပါ့မယ်။ "

သူသည် မောက်မာစွာ ထိုင်နေကာ တောင်ဝင်ဆန်မှု အပေါင်းတို့ဖြင့် ပြည့်လျှမ်းနေသည့် ယုဇီကျွေး အား လေးစားစွာ နှင့် မပြောင်းလဲသည့် သစ္စာရှိမှုတို့ဖြင့် ကြည့်လိုက်ပေသည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းပြသည့်စွဲလမ်းမှုအချို့ကိုပင် မြင်ရနိုင်လေ၏။

သူကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ပြီး အကုန်လုံးရဲ့ အုပ်ချုပ်သူဖြစ်လာတဲ့အချိန်ထိ ငါသူ့နောက်ကိုလိုက်မယ်၊ ပြီးရင်တော့ မင်း ငါ့ရဲ့ဘုရင်ဖြစ်လာပါ။

ယုဇီကျွေး သည် အခြားသော အစောင့်အရှောက်များ၏ လျှောက်တင်ချက်များကို နားထောင်နေသော်လည်း အမှန်တကယ်တွင်မူ သူ၏ စိတ်သည် ပျော်ရွှင်နေကာ ချင်နန်းတော်ဆီသို့ပင် ပျံသန်းသွားပြီဖြစ်လေသည်။

ထိုလူက သူ့ကို ကတိတောင် ပေးပြီးသွားပြီ …… ဒါဆို ဒီဒဏ်ရာက သုံးရက်လောက်ဆို ပျောက်သွားနိုင်မလား ?

သူသည် ဤပျင်းစရာကောင်းလှသည့် အစည်းအဝေးကို မြန်မြန်အဆုံးသတ်ကာ ချက်ချင်းပြန်သွားလိုလှပြီဖြစ်၏။

မင်ကျဲ့ သည် နောက်ဆုံးတွင် မိစ္ဆာသခင်ဖြစ်သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ယခင်ကနှင့်မတူကြောင်း ခံစားလိုက်ရသော်လည်း ဘာမှားနေသလဲဆိုသည်ကို အသေအချာ အတပ်မပြောနိုင်ပဲ ဖြစ်နေရလေသည်။

ထိုလူသားဆေးပေါင်းအိုး၏ ယုဇီကျွေး အပေါ်သက်ရောက်မှုမှာ အတော်လေး နက်ရှိုင်းလှ၏။ ထိုအချိန်က သူသည် အလျှင်စလိုပင် ယင်းလူသားဆေးပေါင်းအိုး၏ နှလုံးသွေးကြောများကို လုံးဝဖျက်ဆီးပစ်လိုက်လေရာ ထိုသူမှာ သေချာပေါက်သေသွားပြီးပြီ ဖြစ်သည်။ သို့သော်လည်း သ့ူအနေနှင့် အမှားလုပ်မိခဲ့၏။ ယုဇီကျွေး သည် သတိပြန်ရလာသည်နှင့် အာရုံခံစားနိုင်သည့် ဖုတ်ကောင်ပမာ ပြုမူလာလေသည်။ သူသည် ထိုလူသားဆေးပေါင်းအိုး၏ သေပြီးသား ခန္ဓာကိုယ်ကို ဖက်ကာ ထိုင်နေရင်း ကျင့်ကြံသူဆယ်ယောက်နီးပါးကို အရှင်လတ်လတ် ပြာကျသွားစေသည့် မီးလောင်ပြင်ကျယ်ကြီးကို ဖန်တီးခဲ့၏။ မသိလျှင် သူသည် အခြားသူများ၏ စကားကို မကြားနိုင်သည့်အလား သူ့ကိုယ်ပိုင် အေးစက်မှုန်မှိုင်းလှသည့် မီးတောက်များကြားတွင်သာ ကိုယ့်ကိုယ်ကို နှစ်မြှုစ်ထားခဲ့လေသည်။

သို့သော် လက်ဝဲဖက်အကြီးအကဲ ချူးယင် မှ သူ့အားအကြံပေးလာခဲ့၏။ ယင်းသည် ထိုလူသားဆေးပေါင်းအိုးမှာ ကယ်တင်၍ ရနိုင်သေးသည်ဟု လှည့်ဖျားကာ ထိုအခွင့်အရေးကို အသုံးချပြီး လူသားဆေးပေါင်းအိုး၏ သေပြီးသား ကိုယ်ထည်အလွတ်ပေါ်တွင် ရုပ်သေးဝိဉာဉ်ထည့်သွင်းရင်း အတုအယောင် ဖန်တီးလိုက်ဖ့ိုပင်။

သူရွေးချယ်ခဲ့သည့် ဘုရင်ဖြစ်သူမှ သူ့ခန့်မှန်းချက်များကို မကျရှုံးစေရန် သူသည် နည်းပေါင်းစုံသုံးကာ ယခင်မိစ္ဆာဘုရင်ထက် ပိုအောင်မြင်အောင် လုပ်ပေးမှာဖြစ်သည်။ ပြီးတော့ အရေးအကြီးဆုံးတစ်ချက်မှာ အတိတ်မှ ယုထျန်းထျင် ကဲ့သို့ ယုဇီကျွေး အား ထိုအဓိပ္ပာယ်မရှိသည့် ခံစားချက်များကြားထဲတွင် လုံးဝအပိတ်မိမခံနိုင်ချေ !

မင်ကျဲ့ ၏ နှုတ်ခမ်းများသည် ကော့တက်သွားရ၏။ သူသည် သူ့ထံတွင် ရှိသမျှကို ပေးမည်ဖြစ်သလို မိစ္ဆာသခင်မှ ဘုရင်ဖြစ်လာမည့် လမ်းကို မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း အပိတ်ခံမည် မဟုတ်ချေ !

သူ့အနေနဲ့ ဘုရင့်အတွက် ခြေနင်းကျောက်တုံး ဖြစ်လာရမယ်ဆိုရင်တောင် နောင်တရစရာ တစ်ကွက်မှမရှိဘူး !

Continua a leggere

Ti piacerà anche

124K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
482K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
1.2M 62.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
2.7M 74.4K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...