ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...
By hanakim_32398
450K 59.6K 2.5K
๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... More
Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51
Part - 4 (Z+U)
9.6K 1.4K 56
By hanakim_32398
🍼 ကြံ့ခိုင်သန်မာတဲ့ Capital ( Uni )
"မင်းသူ့ကို မနှောက်ယှက်တော့ဘူးလို့ ကတိပေးထားတယ်မလား?"
ချိယွီက အံ့ဩသွားပြီးမျက်မှောင်ကြုတ်လိုက်ကာ
"ငါဘယ်သူ့ကိုနှောက်ယှက်နေလို့လဲ ၊ သူကမှသာ ငါ့ကိုလိုက်နှောက်ယှက်နေတဲ့သူမဟုတ်ဘူးလား?"
ရှီးယွီရှင်း : "သူကစပြီး မင်းကိုနှောက်ယှက်တယ်ဆိုရင်တောင် ၊ မင်းသူ့ကို ရှောင်သင့်တယ်"
ချိယွီ : "..."
ချိယွီ : "???"
ရှီးယွီရှင်းက Beta တစ်ယောက်ဖြစ်သည်။သူက omega တွေထက် အများကြီး သန်မာပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလယ်အလတ်သာ ရှိတာကြောင့် ချိယွီကို အချိန်အကြာကြီး သယ်လာပြီးနောက် သူ ပင်ပန်းလာခဲ့သည်။
သူက ချိယွီ ဘေးမှာ ထိုင်ချလိုက်ပြီး ချိယွီရဲ့ ခြေထောက်နဲ့ပခုံးတွေကို နှိပ်နယ်ပေး‌နေကာ ပြောလိုက်တယ်။
"ကံကောင်းစွာနဲ့ ဟယ်ကျိုးကြည့်ရတာ အဲ့ဒါကို ဂရုမထားပုံဘဲ ၊မဟုတ်ရင် အဲဒီ ကော်ဖီဆိုင်ထဲက ဆွဲထုတ်နိုင်မလားဆိုတာ ဘယ်သူသိမလဲ။ "
ချိယွီ တိတ်ဆိတ်သွားခဲ့တယ်။
ရှီးယွီရှင်းက 'ဟယ်ကျိုး' လို့ပြောခဲ့တာဖြစ်တယ် ။
အဲ့ဒီ့လူရဲ့ အသွင်အပြင်အရ ၊ ဟယ်ကျောင်းရဲ့ အကိုဖြစ်ပုံရတယ် ။
ချိယွီရဲ့ဒေါသတွေဟာ ချက်ချင်းဘဲ အပြင်ကိုပေါက်ကွဲထွက်လာခဲ့တယ်။
ကောင်းပြီ ၊ သူမျိုးရိုးနာမည် 'ဟယ်' တွေရဲ့ အဝေးမှာဘဲနေတော့မယ်။
"ငါသိပြီ ၊ နောက်ကျရင် သူ့ကိုရှောင်ပါ့မယ်"
ရှီးယွီရှင်း : "မင်းငါ့ကို မနေ့ကလေးတင် ဒီကတိပေးခဲ့တာဘဲလေ"
ချိယွီ : "..."
ချိယွီ : "ဒါနောက်ဆုံးအကြိမ်ပါ ၊ နောက်တစ်ကြိမ်ဆိုတာ လုံးဝမရှိစေရဘူး "
စိတ်ဆိုးပြီး နုံအပုံပေါ်တဲ့ ရှီးယွီရှင်းက ချိယွီကို ထပ်ပြီး ယုံကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။
နှစ်ယောက်သား နေ့လည်စာအတွက် မုန့်ဝယ်ရန် စူပါမားကတ်သို့သွားကာ ထမင်းစားပြီးနောက် စာသင်ခန်းသို ပြန်သွားခဲ့ကြသည်။
(T/N : ဒါလေးမှာကိုယ်ကိုယ်တိုင် Transရင်းနဲ့လဲ မျက်စိလည်နေတာ၊ အပေါ်မှာ Dinnerလို့ ဆက်တိုက်ရေးထားတော့ ကိုယ်လဲ ညစာ လို့ပြန်လိုက်ရတာ ခုကြ Lunch ဆိုလို့ )
နေ့လည် နှစ်နာရီမှာ ကျောင်းအုပ်ဆရာမကြီး အခန်းထဲ ဝင်လာခဲ့တယ်။
"ဒီမှာ နေလို့မကောင်းတဲ့ ကျောင်းသား/သူတွေများ ရှိသလား?"
အားလုံးက သူတို့ရဲ့ ခေါင်းကိုခါနေကြပြီး ၊ ချိယွီတစ်ဦးတည်းသာ ပြန်မတုံ့ပြန်သူဖြစ်တယ်။သူက ခုံစောင်းပေါ်မှာ လှဲပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ဖြစ်တယ်။
လုံချန်း အလယ်တန်းကျောင်းက နေ့လည်စာစားချိန်အတွက် အချိန်အကြာကြီးပေးထားတတ်ပြီး သူအဲ့ဒါကို အရမ်းနှစ်သက်တယ် ။
15 မိနစ်မှ 30မိနစ်အထိ တစ်ရေးတစ်မော အိပ်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက အမြဲပြောထားသည်။ ဒါပေမယ့် ချိယွီ အိပ်ပျော်ဖို့ အချိန်အများကြီးယူရပြီး သူအိပ်ပျော်သွားတာနဲ့ အတန်းအတွက် နိုးလာခဲ့ရတာကြောင့် ဒါဟာ သူ့အတွက်နှိပ်စက်မှုတစ်မျိုး ဖြစ်လာခဲ့တယ်။ဒါကြောင့် သူက တစ်ရေးတစ်မောမအိပ်တော့ဘဲ အဲ့ဒီ့အစား အားလပ်ချိန်တွေမှာ စာကိုလေ့လာခဲ့တယ်။
ထို့ကြောင့် သူ့အတန်းဖော်တွေက သူ့လုပ်ရပ်တွေကြောင့် သူတို့အပေါ် ဖိအားတွေသက်ရောက်တယ်လို့ မကြာခဏပြောလေ့ရှိကြတယ်။တစ်ကယ်တမ်းသူ တစ်ရေးတစ်မော အိပ်လေ့မရှိပေမယ့်လဲ အဲ့ဒါကို အမှန်တစ်ကယ်နှစ်သက်မိတယ် ။
"ကောင်းပြီ ၊ ဒါဆို အတန်းခေါင်းဆောင်ကပြင်ဆင်ပြီး အားလုံးကို လေ့ကျင့်ခန်းလုပ်ဖို့ Gymကို စောစောခေါ်သွားမယ် " ထို့နောက် ကျောင်းအုပ်ဆရာမကြီးက အခန်းထဲမှထွက်သွားခဲ့တယ်။
ချိယွီ နိုးလာတဲ့အခါမှာ သူ နောက်ဆုံးစာတစ်ကြောင်းရဲ့ တစ်ဝက်ကို ကြားလိုက်ရတယ်။
သူက စိတ်ပူမနေခဲ့ဘဲ ၊ သူ့ရဲ့အိပ်ချင်ဆဲ မျက်လုံးတွေကို ခတ်ကာ အေးအေးဆေးဆေးနဲ့ သမ်းဝေလိုက်တယ်။
စားပွဲကို တစ်စုံတစ်ယောက်က ရုတ်တရက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သဖြင့် ချိယွီလျှပ်တစ်ပျက်သမ်းကာ ကြောက်လန့်သွားခဲ့တယ် ။
"ဝူကောင်း..."*
(T/N-
*我靠Wǒ kào(ဝူကောင်း)- အဓိပ္ပါယ်မဲ့သောဘာသာစကားသည် မကျေနပ်မှု၊ အံ့သြမှုနှင့် လျစ်လျူရှုသောလေသံတို့ကို ဖော်ပြသည်။ စကားလုံး၏ရေပန်းစားမှုသည် Zhou Xingchi သရုပ်ဆောင်ထားသော "Journey to the West" နှင့် နီးကပ်စွာဆက်စပ်နေသည်။ )
ချိယွီက ဧည့်သည်ကို မှိန်းပြီးမပျော်မရွှင်ဖြစ်နေတဲ့ မျက်နှာအမူအရာနဲ့ ကြည့်လိုက်တယ်။သူ့ကို ဒီကမ္ဘာ က လူတိုင်းက ဆဲချင်အောင်ဘာလို့တိုက်တွန်းနေကြတာလဲဆိုတာ သိချင်နေမိတယ်။
အတန်းခေါင်းဆောင်က သူ့ကို စိုက်ကြည့်ကာ
"ဘယ်လောက်တောင်အောက်တန်းကျလိုက်သလဲ ၊ အတန်းနဲ့အတူတူသွား"
"ဘာလုပ်ဖို့လဲ?" ချိယွီ မပျော်မရွှင်နဲ့ မေးလိုက်တယ်။
အတန်းခေါင်းဆောင်လဲ သူ့ကို လျစ်လျူရှုလိုက်ပြီး တစ်ခြားအခန်းဖော်တွေကို အပြင်ကိုခေါ်ထုတ်သွားတော့တယ်။
ချိယွီက ဒီအခန်းထဲမှာ သူ့အတွက် လူ့အခွင့်အရေး မရှိဘူးဆိုတာ သူသိတယ်။ဒါကြောင့် သူသက်ပြင်းချကာ အခန်းဖော်တွေနောက် လိုက်သွားရတော့တယ်။
အားကစားခန်းမထဲဝင်လိုက်ပြီး ၊ ခေါင်းဆောင်က သူတို့ကို loker roomအခန်းရဲ့ တံခါးဆီခေါ်သွားပေးခဲ့တယ်။
"လူတိုင်း တန်းစီပြီး ရေကူးဝတ်စုံနဲ့ ဦးထုပ်တွေလာယူကြ ၊ အဝတ်လဲပြီးတာနဲ့ ရေကူးကန်#8မှာ စုနေကြ "
သူမက ပစ္စည်း သေတ္တာနှစ်ခုကိုဖွင့်နေရင်း ပြောနေခဲ့တာဖြစ်တယ်။
"မိန်းကလေးတွေက ဘယ်ဘက်၊ ယောက်ျားလေးတွေက ညာဘက်"
ချိယွီက အသားကပ် ချည်မျှင်နဲ့ပြုလုပ်ထားတဲ့ အစိမ်းရောင် ကျောက်စိမ်း ဘောင်းဘီတစ်စုံကြောင့် တင်းကြပ်နေခဲ့တယ်။တစ်ချက်ကြည့်ရုံနဲ့ ဒီအရာ ဘယ်မျဉ်းကြောင်း ၊ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ဖော်ပြနိုင်တာကို တွေ့ရတယ်။
သူအခုဖျားပြီး ထွက်သွားလိုက်လို့ရနိုင်မလား?
အတန်းခေါင်းဆောင်က သူ့ကို စိတ်မရှည်စွာ တွန်းထုတ်လိုက်ပြီး : "သွားပြီး မြန်မြန်လဲလိုက်တော့လေ ၊ ဘာလို့ဒီနေရာမှာ လူတွေကိုပိတ်ပြီး ရပ်နေရတာလဲ "
ချိယွီ : "..."
သူ သက်ပြင်းထပ်ချလိုက်ပြီး 'ပြဿနာကြီး' အကြောင်းကို တွေးလိုက်မိကာ ၊ သူအ‌ရှေ့မှာ တစ်ခုခုထည့်ဖို့ကြိုးစားရပေမည်။
ရလဒ်အနေဖြင့် လူတိုင်းသည် တူညီနေသောကြောင့် သူဒီလှည့်ကွက်ကို အသုံးမပြုခဲ့ချေ။
ဒါတင်မကသေးဘူး ၊ သူ့မှာ ခြေသလုံးမွှေးတွေဘာတွေ မရှိတဲ့အတွက် သူနဲ့တူတဲ့ အခြားသူတွေရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမယ့် ယောက်ျားလေးတွေထဲမှာတော့ တကယ်ကိုပုံမှန်ဖြစ်နေခဲ့တယ်။
(T/N : အမွှေးလို့တော့ရေးထားတာဘဲ ဘာမှန်းမသိလို့ အဆင်ပြေသလိုပြန်လိုက်တယ် )
သူ့အရွယ်အစားကတောင် အခန်းထဲကထိပ်တန်းအဖြစ် တွေးလို့ရ‌နေသေးတယ်။
ချိယွီ : ငါ မယုံကြည်နိုင်လောက်အောင် နှစ်သိမ့်မှုကိုခံစားနေရတယ်။
သူ ခါးကို တည့်တည့်ပြန်မတ်လိုက်ပြီး ရေကန်#8 ဆီကို အေးအေးဆေးဆေး သွားလိုက်တယ်။
သူတို့အားလုံးက စီနီယာတွေဖြစ်ပြီး အများစုက ဂျူနီယာနှစ်ကတည်းက ရေကူးနည်းကို သင်ယူခဲ့ကြပြီးဖြစ်တာကြောင့် ရေကူးချိန်က တစ်ကယ်တော့ အပန်း‌ဖြေချိန်လဲဖြစ်တယ်။ဒီအတန်းမှာတော့ ရေကူးနိုင်တယ် ၊ဒါမှမဟုတ် ရေကူးကန်ကထွက်ခွာပြီး အေးအေးလူလူ စကားပြောနိုင်တယ် ။
ဆရာမ ပြန်သွားတော့ အသက်ကယ်အစောင့်တွေကို အတန်းတူကောင်လေးတွေနဲ့ အစားထိုးလိုက်တဲ့အတွက် အားလုံးက ပိုပြီးတော့ စိတ်အေးလက်အေးဖြစ်သွားကြတယ်။
‌ချိယွီက ရေကိုကြိုက်ပြီး ရေကူးရတာလဲ ကြိုက်တယ်။
သို့သော် ဤ ခန္ဓာကိုယ်ကအားနည်းလွန်းသည်။တစ်ခါလောက် ရေကူးပြီးတာနဲ့ သူ့စွမ်းအင်တွေကုန်ဆုံးသွားတဲ့အတွက် ရေကူးကန်မှာ လှဲပြီးအနားယူနေရတယ်။
ဒီတိုင်း လှဲနေရတာ ပျင်းဖို့ကောင်းတာကြောင့် ချိယွီက ရေအောက်မှာ အသက်အောင့်ပြီး လေ့ကျင့်ဖို့ သူ့နှာခေါင်းကိုလက်နဲ့ဖိပိတ်လိုက်တယ် ။
ချိယွီ ရေထဲကို လုံးလုံးလျားလျား ငုံ့လိုက်ပြီး ၊ အသံတွေအားလုံးချက်ချင်းပျောက်ကွယ်သွားကာ သူ့နားမှာ ရေသံတွေသာ ကျန်ရစ်ခဲ့တော့တယ်။
ရေက သူ့ခန္ဓာကိုယ်အနံ့ ပွတ်တိုက်ကာ လျှောကျနေပြီး အေးမြသက်သာလှတယ်။မျက်လုံးကိုမှိတ်ပြီး ခဏအကြာမှာ သူ့စိတ်နှလုံးက တစ်ဖြည်းဖြည်းငြိမ်သက်သွားတယ်။
သို့ပေမယ့်လဲ ဒီခန္ဓာကိုယ်ရဲ့ အဆုက်စွမ်းရည်ကကောင်းမွန်မှုမရှိသဖြင့် တစ်မိနစ်အတွင်း အောင်ဆီဂျင် ပြတ်လပ်လာတယ်။
ချိယွီက သူ့လက်ကိုရေကန်အစွန်းနားတင်လိုက်ပြီး အသက်ရှူကြပ်လာတာကြောင့် သူ့ခေါင်းကို ရေထဲကနေဆွဲထုတ်လိုက်တယ်။
မျက်နှာပေါ်က ရေတွေကို သုတ်လိုက်ပြီး မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်တယ်။
သူ့မျက်လုံးတွေက အနဲငယ် ဝေဝါးနေကာ ရေအချို့ဝင်သွားပုံရတယ်။
ခေါင်းကို မြှောက်လိုက်ပြီး မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း လက်တွေကိုရုတ်တရက် ရပ်တန့်လိုက်တယ်။
- ယောက်ျားတစ်ယောက်ရဲ့ ခြေတစ်စုံက သူ့အရှေ့မှာ ပေါ်လာခဲ့တယ်။
သွယ်လျတဲ့ခြေချောင်းတွေ ၊ သပ်ရပ်သန့်ရှင်းတဲ့ ခြေသည်းတွေ ၊ ကျယ်ပြန့်တဲ့ခြေဖဝါးတွေနဲ့ ပြီးပြည့်စုံတဲ့မျဥ်း‌ကြောင်းတွေနဲ့ ၊ပြီးပြည့်စုံပြီး ယောက်ျားပီသကာ လှပတဲ့ ခြေ‌ထောက်တစ်စုံ ။ အလွန်ယောက်ျားဆန်ပုံရတယ်။
ထို့အပြင် သန်မာသောကြွက်သားရှိသော ကြေးဝါနွားသငယ်ကဲ့သို့ ခြေထောက်။
ခြေတစ်စုံကိုကြည့်လိုက်ရုံနဲ့ ချိယွီက ဒီလူရဲ့ပုံပန်းသွင်ပြင်က မဆိုးလောက်ဟု ခံစားမိသည်။
သေချာတာပေါ့။ချိယွီ မော့ကြည့်လေလေ သူပိုချဉ်လာလေလေဘဲ။
သွယ်လျတဲ့ ခြေထောက် ၊ သန်မာပြီး တင်းကျပ်နေတဲ့ ပေါင်ကြွက်သားတွေနဲ့ တင်းကျပ်စွာ ဘောင်းဘီနဲ့ ရှင်းလင်းစွာဖော်ပြထားတဲ့ အင်အားကြီးပြီး အားကောင်းတဲ့ 'capital' ။
(T/N : သိတယ်မလားcapitalကဘာကိုဆိုလိုတာလဲဆိုတာ 🌚)
သူ ကြည့်လေကြည့်လေ ပိုချဉ်လာလေဘဲ။
မေ့လိုက်တော့ ၊ သူချဉ်လွန်းလို့သေတော့မယ် ။
ထိုလူ့ရဲ့ မျက်နှာကိုမော့မကြည့်မှီ သူ့စိတ်ကိုတည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်တယ်။
အချဉ်ဓာတ်ကလျင်မြန်စွာ ပျောက်ကွယ်သွားပြီး တစ်ဖက်လူအား သတ်ပစ်ရန် တိုက်တွန်းမှုက အစားထိုးဝင်ရောက်လာခဲ့တယ်။
"မင်းဘာလို့ ဒီမှာရှိနေရတာလဲ" ချိယွီက တည်ငြိမ်စွာမေးလိုက်တယ်။
ဟယ်ကျိုးက သူ့ကိုငုံ့ကြည့်လာကာ "ငါမင်းကိုကယ်ဖို့ အောက်ကိုဆင်းလာတော့မလို့ဘဲ"
ချိယွီ ဟယ်ကျိုးရဲ့ရင်ဘတ်မှာ ချိတ်ထားတဲ့ ကတ်ဆီအကြည့်ရောက်သွားခဲ့တယ်။ [အသက်ကယ်ဆယ်သူ၊ ဟယ်ကျိုး]
ဟယ်ကျိုးက ဆရာမရဲ့ အသက်ကယ်အစောင့်တွေထဲက တစ်ဦးဖြစ်ကြောင်းထင်ရှားလှတယ်။
"အသက်ရှူလိုက်အုံး
58စက္ကန့် ၊ မင်းလိုမျိုး ခန္ဓာကိုယ်အတွက်တော့ ဒါကတော်နေပါပြီ"
ချိယွီက သူ့ရဲ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။
ဒီလူက သူ့ကို ချီးကျူးနေတာလား၊ လှောင်ပြောင်နေတာလား ?
"ငါ့လို ခန္ဓာကိုယ်က ဘာများဖြစ်နေလို့လဲ ?"
ဟယ်ကျိုးရဲ့ အဖြေက ရိုးရှင်းပြီး တိုတိုတုတ်တုတ်ပဲဖြစ်တယ်။ : "အရမ်းအားနည်းလို့"
ချိယွီ :"..."
ကောင်းပြီ ၊ ဒါကသူ့ကို ရှင်းရှင်းလင်းလင်း ကဲ့ရဲ့တာဖြစ်ပြီးတော့ ဖုံးကွယ်ဖို့တောင် စိတ်မဝင်စားဘူးဘဲ။
ချိယွီက ဟယ်ကျိုးကို အမူအရာမဲ့စွာ စိုက်ကြည့်လိုက်တယ်။တစ်ခြားတစ်ဖက်မှာတော့ ဟယ်ကျိုးက သူ့ရဲ့လက်တွေကို သူ့ရင်ဘတ်နားတင်လိုက်ကာ ချိယွီကို ငုံ့ကြည့်လိုက်ပြီး ရေကန်‌ဘေးတွင်ရပ်နေလိုက်တယ်။
တဖြည်းဖြည်းနဲ့ လေထုက သိပ်သည်းလာခဲ့တယ်။
ဤမှုန်ဝါးနေတဲ့ လေထုထဲမှာ ချိယွီကမထင်မှတ်ဘဲ လက်တွေဆန့်တန်းလိုက်ပြီး ဟယ်ကျိုးရဲ့ ခြေကျင်းဝတ်တွေကို ဆုပ်ကိုင်လိုက်ကာ ၊တစ်ချိန်တည်းမှာဘဲ ဟယ်ကျိုးရဲ့ ခြေထောက်တွေကို ရေကန်နံရံနဲ့ဆန့်ကျင်ဘက် ကန်ထုတ်လိုက်ကာ ဟယ်ကျိုးကို ရေကန်ထဲသို့ဆွဲချဖို့ သူ့ခွန်အားကို အသုံးပြုလိုက်တယ်။
ဒါပေမယ့်လည်း၊ သူအဲ့လိုလုပ်ပြီးတာတောင် ဟယ်ကျိုးက ရေကန်ဘေးမှာ ခိုင်မြဲစွာရပ်နေဆဲဖြစ်တယ်။
ချိယွီ : "..."
ဟယ်ကျိုး : "..."
လေထုက ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယ်။
မြင်ကွင်းက အလွန်ရှက်စရာကောင်းပြီး အသက်ရှူကြပ်သွားစေနိုင်တယ်။
ချိယွီက မျက်တောင်ခတ်လိုက်ပြီး "မင်းကတစ်ကယ် အရည်အချင်းရှိတာဘဲ ၊ အရမ်းသန်မာတယ်"
စကားပြောပြီးတဲ့နောက်မှာတော့ ချိယွီက ကိုရိုးကားယားနိုင်စွာ ဟယ်ကျိုးရဲ့ ခြေသလုံးကိုကိုင်ထားတဲ့ သူ့ရဲ့လက်ကို ယဉ်ကျေးစွာပြန်ဆွဲယူလိုက်တယ်။
ဟယ်ကျိုးက ထိုင်ချလိုက်ပြီး ၊ ချိယွီရဲ့ မျက်နှာက အနက်ရောင်အရိပ်တွေရောင်ပြန်ဟပ်နေခဲ့တယ်။
"နည်းလမ်း ထပ်ပြောင်းလိုက်တာလား"
ချိယွီက နားမလည်စွာ "ဘာ"
"မင်းငါ့ရဲ့ အာရုံစိုက်မှုကို လိုချင်နေတာမဟုတ်ဘူးလား?
ထမင်းစားနေတုန်းက တစ်ခြား ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်တွေကို စိုက်ကြည့်နေခဲ့တယ်။ပြီးတော့ မင်းရဲ့မျက်လုံးတွေကိုလည်း 'ငါ့အရာ' နားမှာခုလေးတင်ဘဲ ကပ်ငြိနေခဲ့ပြီး အကြည့်လွှဲဖို့ငြင်းဆန်ခဲ့တယ်။မင်းဘာလို့ heatဝင်နေတာလဲ"
ချိယွီ မျက်ခုံးပင့်လိုက်ကာ : "မင်း ဘာအကြောင်းပြောနေတာတုန်း ? မင်းညီမကသာ heatဝင်နေတာ! "**
(** T/N : "မင်းညီမက heatဝင်နေတယ်"- ရှင်းလင်းရန်၊ ဒါက တန်ပြန်စော်ကားမှုပါ။ ဒီ ABO ကမ္ဘာမှာ အခုလိုပြောဆိုချက်ကို စာသားအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်တာကြောင့် ၎င်းက ရှုပ်ထွေးနိုင်တယ်။ ကံမကောင်းစွာပဲ၊ သဲလွန်စမရှိသော ချိယွီကမသိနားမလည်သေးပါ။ )
သူ့ကိုခွေးလို့ခေါ်ရင် တစ်ကယ် မမှားလောက်ဘူး။
ဟယ်ကျိုးက သူ့ဘေးနားက ခိုးနားထောင်နေတဲ့သူတွေကို တစ်ချက်ကြည့်လိုက်ပြီး သူ့အောက်နှုတ်ခမ်းကို မကျေမနပ် ကိုက်လိုက်တယ်။
သူရုတ်တရက် လက်ဆန့်ပြီးချိယွီရဲ့ လက်မောင်းကို ဖမ်းကိုင်လိုက်ကာ လက်တစ်ဖက်တည်းနဲ့ ကြက်ကလေးတစ်ကောင်လို လူကိုရေကန်ထဲကဆွဲထုတ်လိုက်တယ်။
ချိယွီ : "..."
သူစိတ်မထိန်းနိုင်တော့ဘဲ ပြင်းပြင်းထန်ထန်ရုန်းကန်ရင်း
"မင်းဦးနှောက်ပျက်နေတာလား?ငါ့ကိုအောက်ချပေး!Fuck! "***
သူက လူတိုင်းရဲ့အကြည့်တွေကိုဖမ်းစားနိုင်တဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်တယ်။
ဟယ်ကျိုးက သူ့ကို မျက်နှာပျက်အောင်လုပ်ရုံနဲ့ မပြီးသေးဘူး၊ အခုတော့ သူ့ဂုဏ်သိက္ခာကိုမြေကြီးပေါ်ပစ်ချလိုက်ပြီး သူ့ခြေထောက်ကိုပါရိုက်ချိုးလိုက်သလိုဘဲ။
"ငါ့ကိုဆင်းခွင့်ပြုပါ!ငါ့ကိုချပေးလို့, မင်းငါပြောတာကြားရဲ့လား?!"
"ဟယ်ကျိုး၊ Fuck you!" ***
"လောင်ဇီက (ဒီဆရာက) မင်းကိုfuck‌ ပေးမယ်၊ မင်းကြားရဲ့လား!"
(T/N : "Laozi" is best taken to mean "Old (lao) Master (zi)," )
အာရုံခံစားချက်ထဲမှ 'ပေါ့ပ်' သည် အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ချိယွီက ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယ်။
(T/N : အရိုက်ခံလိုက်ရတာပါ 🤭)
ဟယ်ကျိုးရဲ့ ပုခုံးပေါ်မှာ မှိန်းနေတဲ့ အမူအရာနဲ့လှဲလျောင်းနေတဲ့ ချိယွီက ကြိုးပဲ့လွယ်တဲ့အရုပ်ကလေးတစ်ရုပ်လိုဖြစ်နေတယ်။ရုန်းကန်မနေတော့ဘဲ ခေါင်းငိုက်စိုက်ချကာ ခေါင်းငုံ့ပြီး သူ့ကိုယ်ကို သယ်ခွင့်ပြုထားလိုက်တယ်။
တစ်ခြားသူတွေက အသက်ရှင်နေသေးလိမ့်ပေမယ့် ၊ သူကတော့သေနေပြီ။
ဟယ်ကျိုးက ချိယွီကိုသယ်ရင်း ပိတ်ထားတဲ့ ရေကူးကန်တံခါးပေါက်နား ခေါ်ဆောင်သွားခဲ့တယ်။
ရေကူးကန်ဧရိယာက အလွန်ကျယ်ဝန်းပြီး ရေကူးကန်ဆယ်ခုနဲ့ ဝင်ပေါက်ရှစ်ခုပါရှိတယ်။အရေးကြီးတဲ့ ပွဲတွေမရှိတဲ့အခါမှာ လေးခုသာဖွင့်ပြီးကျန်တစ်ခုကို သော့ခတ်ထားခဲ့တယ်။ဒီနေရာ၌နေခြင်းက တစ်ခြားသူတွေရဲ့အကြည့်တွေကိုရှောင်ရှားနိုင်ပြီး ပြင်ပမှဝင်လာတဲ့သူတွေကို စိုးရိမ်စရာမလိုဘူး။
ဟယ်ကျိုးက ချိယွီကို အောက်ချပေးလိုက်ပေမယ့် ၊ ချိယွီက ဝိဉာဉ်မရှိတော့သလို မြေပြင်‌ပေါ်ထိုင်နေခဲ့တယ်။
ဟယ်ကျိုးက မျက်မှောင်ကြုတ်ကာ လက်ဆန့်လိုက်ပြီး ချိယွီရဲ့ပုခုံးကိုဆွဲလိုက်ကာ : "သေချာရပ်စမ်း"
"ငါသေပြီးသွားပြီလေ"
ဟယ်ကျိုး :"..."
"မင်းငါ့ကို ရိုက်လိုက်တုန်းက"
ဟယ်ကျိုး : "..."
သူကသူ့ရဲ့ လက်ကို ပြန်ဆွဲယူလိုက်တော့ ၊ ချိယွီက တစ်ကယ်သေနေသလိုမျိုး မြေပြင်ပေါ် ညှင်သာစွာ လဲကျသွားတော့တယ်။
"ထတော့" သူထပ်ပြောလိုက်တယ်။
ချိယွီက မလှုပ်မယှက်နဲ့၊ သူ့ရဲ့မျက်လုံးတွေကို ပိတ်လိုက်တယ်။
ဟယ်ကျိုးက ကဲ့ရဲ့လိုက်တယ် "မင်းဘဲ ငါ့ကိုfuckချင်တယ်လို့ မပြောခဲ့ဘူးလား?"
"ငါမင်းကို မနိုင်,နိုင်ဘူး ၊အရမ်းနောက်ကျသွားပြီ ၊ဒါကြောင့်ငါမင်းကိုအရှုံးပေးလိုက်ပြီ"
ဟယ်ကျိုး : "..."
"မတ်တပ်ရပ်!"
"မရပ်နိုင်ဘူး"
ဟယ်ကျိုးက သူ့ရင်ဘတ်ပေါ် လက်နှစ်ဖက်ကိုဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး ချိယွီကို မထူးမခြားနားစွာ ကြည့်လိုက်တယ်။
ချိယွီနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေသလို သူအမြဲခံစားနေခဲ့ရတာဖြစ်တယ်။
ချိယွီရဲ့ ရဲစွမ်း သတ္တိနဲ့ စိတ်ဓာတ်က အရင်ကထက်ပိုပြီးကြီးမားသန်စွမ်းလာပုံရတယ်။ သူ့ကို မကြောက်တော့သလို ၊ သူစိတ်ကျေနပ်အောင်လဲမကြိုးစားတော့သလိုဘဲ။ဆန့်ကျင်ဘက်အနေနဲ့ ချိယွီက ရုန်းကန်နေခဲ့ပြီး၊ခက်ထန်မာကျောတဲ့ ဝံပုလွေလေးတစ်ကောင်လို ထက်မြတ်စွာ သူ့ကို ရေထဲဆွဲချဖို့ လိမ္မာပါးနပ်စွာနဲ့ ကြိုးစားခဲ့တာဘဲဖြစ်တယ်။
သူဘယ်လိုတောင် လုပ်ရဲရတာလဲ?
ဟယ်ကျိုးက သူ့မျက်လုံးတွေနဲ့ စစ်ဆေးနေချိန်မှာဘဲ ၊ ချိယွီက မျက်လုံးဖွင့်လာခဲ့တယ်။
ချိယွီ ထလိုက်ကာ အလျင်အမြန်ဘဲ ဟယ်ကျိုးအ‌ေနာက်နား ရွေ့လိုက်ပြီး ၊ သူက ဟယ်ကျိုးရဲ့ လည်ပင်းနားကိုသူ့လက်တွေနဲ့ကာလိုက်ကာ သူ့ခြေထောက်တွေကို ဟယ်ကျိုး ရင်ဘတ်နားမှာ ရစ်ပတ်လိုက်တယ်။ပြီးနောက် သူ့ကိုယ်ကို အောက်ဘက်သို့ ပြင်းပြင်းထန်ထန်ဆောင့်ချလိုက်ပြီး ဟယ်ကျိုးကို မြေပေါ်လဲကျအောင်လုပ်ဖို့ကြိုးစားတော့တယ်။
သို့သော်လည်း ဟယ်ကျိုးက မတုန်မလှုပ်နဲ့ ချိယွီကိုတည်ငြိမ်စွာနဲ့ပင် မေးလိုက်သေးတယ် : " မင်းငါ့ကို ကလိထိုး‌ချင်နေတာလား"
လေထုက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့တယ်။
မြင်ကွင်းက အလွန်ရှက်စရာကောင်းပြီး တုန်လှုပ်ချောက်ချားစရာပင်။
ချိယွီကသူ့ဘဝကိုတောင် နည်းနည်းတော့ သံသယဖြစ်လာမိတယ် : "..."
ဘုရားရေ...။မင်းက အရမ်းကြောက်စရာကောင်းတာဘဲ။မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်တဲ့နေရာမှာ အောင်မြင်သွားခဲ့ပြီ။
ဟယ်ကျိုးက သူ့ရှေ့က ငါးသေလိုဖြစ်နေတဲ့ ချိယွီကို ဆွဲကာ : "သေချာရပ်"
ချိယွီက 'သံပန်းကန်' ကြီးကိုကန်လိုက်ပြီး ၊ သူရှုံးတာကို အတည်ပြုလိုက်တယ်။
"မင်းဘာလုပ်နေတာလဲ?"
ဟယ်ကျိုးက လက်ဆန့်လိုက်ကာ ချိယွီရဲ့လည်ပင်း‌ပေါ်က လည်ပတ်ရဲ့ ခလုတ်ကိုနှိပ်လိုက်တယ်။အဲ့ဒီမှာပြထားတဲ့ pheromone အာရုံစူးစိုက်မှုက estrusကာလနဲ့ မဝေးတော့ဘူးဖြစ်တယ်။
လည်ပတ်မှာ လုပ်ဆောင်ချက်နှစ်ခုရှိတယ်။ပထမလုပ်ဆောင်ချက်က ပုံမှန်လူမှုဆက်ဆံရေးမှာ အနှောက်အယှက်မဖြစ်အောင်ကာကွယ်ရန် pheromoneပါဝင်တယ်။ဒုတိယလုပ်ဆောင်ချက်ကတော့ ကော်လာပိုင်ရှင်နဲ့ ပိုင်ဆိုင်မှုကို ခွဲဝေသုံးစွဲသူတွေကသာ မြင်နိုင်တဲ့ pheromoneကို ပြသရန်ဖြစ်တယ်။ဒီလုပ်ဆောင်ချက်က omegaနဲ့ သူ့ရဲ့alphaအတွက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုစီစဉ်ရန် ၊ အားလပ်ချိန်နဲ့ နှစ်ဖက်စလုံး estrusကာလကို စုံလင်စွာအသုံးပြုနိုင်ရန် အဓိကအားဖြင့် အထောက်အကူပြုတာဖြစ်တယ်။
ဟယ်ကျိုး:"ပြန်ပြီး ဆေးထိုးလိုက်တော့ ၊ ငါမင်းကိုကူညီပေးမယ် မထင်နဲ့"
ချိယွီက နားမလည်ဘူး။ "ဘာ?"
ဟယ်ကျိုးက သူ့ဘက်လှည့်ပြီး အေးစက်စွာကြည့်လာကာ : "မင်းတစ်ခါ အောင်မြင်ခဲ့တယ် ၊ ဒါပေမယ့် ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး"
ချိယွီ : "???"
"ဒါ့အပြင်နောက်လဲ ငါ့နဲ့ဝေးဝေးနေပြီး လာမနှောက်ယှက်နဲ့ " ထို့နောက် ဟယ်ကျိုး လှည့်ထွက်သွားကာ ချိယွီကို အေးစက်ပြီးဆုံးဖြတ်ချက်ချပြီးပြီဖြစ်သော နောက်ကျောဖြင့် ‌ချန်ထားခဲ့လိုက်တယ်။
ချိယွီက မတ်တပ်ရပ်နေခဲ့ပြီး ၊ question mark‌ တွေအပြည့်ဖြစ်နေခဲ့တယ်။
'ဆေးထိုးဖို့' ဆိုတာဘာကိုပြောတာလဲ?ပြီးတော့ ဘယ်သူက ဘယ်သူ့ကို လိုက်နှောက်ယှက်နေတာလဲ?
ချိယွီ အသံတိတ်ဆဲရေးလိုက်ကာ ၊ သူ့ရဲ့ လက်ခလယ်ကို ဆန့်ထုတ်လိုက်ပြီး ဟယ်ကျိုးရဲ့နောက်ကျောကို ထောင်ပြလိုက်တယ်။
ဟားဟား။
ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့ ဘာတွေက အံ့ဩစရာကောင်းနေလို့လဲ။
====================================
🍼 ႀကံ့ခိုင္သန္မာတဲ့ Capital ( Zaw )
ချိယွီက အံ့ဩသွားပြီး မျက်မှောက်ကြုတ်လိုက်ကာ "ငါဘယ်သူ့ကိုနှောက်ယှက်‌နေလို့လဲ၊ သူကမှသာ ငါ့ကိုလိုက်နှောက်ယှက်နေတဲ့သူမဟုတ်ဘူးလား?"
ရှီးယွီရှင်း : "သူ့ကစပြီး မင်းကိုနှောက်ယှက်တယ်ဆိုရင်တောင် ၊ မင်းသူ့ကို‌ရှောင်သင့်တယ်"
ချိယွီ : "..."
ချိယွီ : "???"
သူက ချိယွီဘေးမှာ ထိုင်ချလိုက်ပြီး ချိယွီရဲ့ခြေထောက်နဲ့ ပုခုံးတွေကို နှိပ်နယ်ပေးနေကာ ပြောလိုက်တယ်။
"ကံကောင်းစွာနဲ့ ဟယ်ကျိုးကြည့်ရတာ အဲ့ဒါကို ဂရုမထားပုံဘဲ၊ မဟုတ်ရင် အဲ့ဒီ့ကော်ဖီဆိုင်ထဲကနေဆွဲထုတ်နိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ "
အဲ့ဒီလူရဲ့ အသွင်အပြင်အရ ဟယ်ကျောင်းရဲ့ အကိုဖြစ်ပုံဘဲ။
ချိယွီရဲ့ ဒေါသတွေဟာ ချက်ချင်းအပြင်ကို ပေါက်ကွဲထွက်လာခဲ့တယ်။
ကောင်းပြီ၊ သူ မျိုးရိုးနာမည်'ဟယ်' တွေနဲ့ အဝေးမှာဘဲနေတော့မယ်။
"ငါသိပါပြီ၊‌နောက်ကျရင် သူ့ကို ရှောင်ပါ့မယ်"
ချိယွီ : "..."
စိတ်ဆိုးနေပြီး နုံအပုံပေါ်တဲ့ ရှီးယွီရှင်းက ချိယွီကိုထပ်ပြီး ယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်။
နှစ်ယောက်သား နေ့လည်စာအတွက် မုန့်ဝယ်ရန် စူပါမားကတ်သို့ သွားကာ နေ့လည်စာစားပြီးနောက် ကိုယ့်စာသင်ခန်းကိုယ်ပြန်လာခဲ့ကြတယ်။
နေ့လည်နှစ်နာရီမှာ ကျောင်းအုပ်ဆရာမက အတန်းထဲသို့ ဝင်လာခဲ့တယ်။
"ဒီမှာ နေမကောင်းတဲ့သူရှိသလား?"
လုံချန်း အထက်တန်းကျောင်းက နေ့လည်စာစားချိန်အတွက် အချိန်အကြာကြီးပေးထားတတ်ပြီး သူအဲ့ဒါကို အရမ်းနှစ်သက်တယ်။
၁၅မိနစ်မှ ၃၀မိနစ်အထိ တစ်ရေးတစ်မော အိပ်ခြင်းသည် ကျန်းမာရေးအတွက် အ‌ကောင်းဆုံးဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက အမြဲပြောထားသည်။ဒါပေမယ့် ချိယွီအိပ်ပျော်ဖို့ အချိန်အများကြီးယူရပြီး သူအိပ်ပျော်သွားတာနဲ့အတန်းအတွက် နိုးထလာရ‌တာကြောင့် သူ့အတွက် နှိပ်စက်မှုတစ်မျိုးဖြစ်လာခဲ့တယ်။ဒါ့ကြောင့်သူက တစ်ရေးတစ်မောမအိပ်တော့ဘဲ အဲ့ဒီအစား အားလပ်ချိန်တွေမှာ စာလေ့လာခဲ့တယ်။
"ကောင်းပြီ၊ ဒါဆိုအတန်းခေါင်းဆောင်ကပြင်ဆင်ပြီး အားလုံးကို လေ့ကျင့်ခန်းလုပ်ဖို့ Gymကိုစောစောခေါ်သွားကြမယ်" ထို့နောက်ကျောင်းအုပ်ဆရာမကြီးက အတန်းထဲမှထွက်သွားခဲ့သည်။
ချိယွီနိုးလာတဲ့အခါမှာ သူနောက်ဆုံးစာကြောင်းရဲ့ တစ်ဝက်ကိုကြားလိုက်ရတယ်။
သူက စိတ်ပူမနေခဲ့ဘဲ၊ သူ့ရဲ့အိပ်ချင်ဆဲမျက်လုံးတွေကို မျက်တောင်ခတ်ကာ အေးအေးဆေးဆေး သန်းဝေနေလိုက်တယ်။
စားပွဲကို တစ်စုံတစ်ယောက် ရုတ်တရက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သဖြင့် ချိယွီ သန်းရင်း ထိတ်လန့်သွားခဲ့တယ်။
"ဝူကောင်း..."*
( T/N : *我靠Wǒ kào ; မကျေနပ်မှု၊အံ့ဩမှုနှင့် လျစ်လျူရှုသောလေသံကို‌ ‌ဖော်ပြသည်။စကားလုံးရဲ့ရေပန်းစားမှုသည် Zhoun Xingchi သရုပ်ဆောင်ထားသော "Journey to the west"နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ )
ချိယွီက ဧည့်သည်ကို မှိန်းပြီးမပျော်မရွှင်ဖြစ်နေတဲ့ မျက်နှာအမူအယာနဲ့ ကြည့်လိုက်တယ်။သူ့ကို ဒီကမ္ဘာကလူတိုင်းက ဆဲချင်အောင် ဘာလို့တိုက်တွန်းနေကြလဲဆိုတာ သိချင်နေမိတယ်။
"ဘယ်လောက် အောက်တန်းကျလိုက်သလဲ၊အတန်းနဲ့အတူတူသွား"
"ဘာလုပ်ဖို့လဲ?" ချိယွီက မပျော်မရွှင်ဖြစ်စွာ မေးလိုက်တယ်။
အတန်းခေါင်းဆောင်က သူ့ကိုလျစ်လျူရှုလိုက်ပြီး တစ်ခြားအခန်းဖော်တွေကို အပြင်ကိုခေါ်ထုတ်သွားတော့တယ်။
အားကစားခန်းမထဲဝင်လိုက်ပြီး၊ ခေါင်းဆောင်ကသူတို့ကို locker roomအခန်းရဲ့ တံခါးဆီခေါ်သွား‌ပေးခဲ့တယ်။
သူမက ပစ္စည်းသေတ္တာ နှစ်ခုကိုဖွင့်ရင်း ပြောနေခဲ့တာဖြစ်တယ်။
"မိန်းကလေးတွေက ဘယ်ဖက် ၊ ယောက်ျားလေးတွေက ညာဖက်"
ချိယွီက အသားကပ်ချည်မျှင်နဲ့ပြုလုပ်ထားတဲ့ အစိမ်းရောင်ကျောက်စိမ်း ရေကူးဘောင်းဘီတိုကိုကြည့်ရင်း တင်းကြပ်နေခဲ့တယ်။တစ်ချက်ကြည့်ရုံနဲ့ ဒီအရာက ဘယ်မျဉ်းကြောင်း ၊ ဘယ် ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ​ဖော်ပြနိုင်တာကိုတွေ့ရတယ်။
သူ အခုချက်ချင်း ဖျားလိုက်ပြီး ထွက်သွားလို့ရနိုင်မလား?။
ချိယွီ : "..."
သူ သက်ပြင်းထပ်ချလိုက်ပြီး ပြဿနာကြီးအကြောင်းကို တွေးလိုက်မိကာ၊ သူ့အရှေ့မှာ တစ်ခုခု ထည့်ဖို့ ကြိုးစားရ‌ပေမည်။
ရလဒ်အနေဖြင့် လူတိုင်းသည် တူညီသောကြောင့် သူဒီလှည့်ကွက်ကို အသုံးမပြုခဲ့​ချေ။
ဒါတင်မကသေးဘူး သူ့မှာ ယောက်ျားဆန်ဆန် ခြေသလုံးအမွှေးတွေဘာတွေမရှိတဲ့အတွက် သူနဲ့တူတဲ့ အခြားသူတွေရှိလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမယ့်၊ ယောက်ျားလေး တွေထဲမှာ ဒါဟာတစ်ကယ်ကို ပုံမှန်သာဖြစ်နေခဲ့သည်။
သူ့အရွယ်အစားကတောင် အတန်းထဲက ထိပ်တန်းတွေအဖြစ်တွေးလို့ရသေးတယ်။
(T/N: omegaတွေထဲမှာတော့ ဟုတ်ရင်ဟုတ်မပေါ့ ^^)
သူတို့အားလုံးက စီနီယာတွေဖြစ်ပြီး အများစုက ဂျူနီယာနှစ်ကတည်းက ရေကူးနည်းကိုသင်ယူခဲ့ပြီးဖြစ်တာကြောင့် ရေကူးချိန်ကတစ်ကယ်တော့ အပန်းဖြေချိန်လဲဖြစ်တယ်။ဒီအတန်းချိန်မှာဆို ရေကူးနိုင်တယ်၊ ဒါမှမဟုတ် ရေကူးကန်ကထွက်ပြီး အေးအေးလူလူ စကားပြောနိုင်တယ်။
ဆရာမပြန်သွားတော့ အသက်ကယ် အစောင့်တွေကို အတန်းတူကောင်လေးတွေနဲ့အစားထိုးလိုက်တဲ့အတွက် ပိုပြီးတော့စိတ်အေးလက်အေးဖြစ်သွားကြတယ်။
သို့သော် ဤခန္ဓာကိုယ်သည် အရမ်းအားနည်းလွန်းသည်။ ရေတစ်ခေါက်လောက်ကူးပြီးတာနဲ့ သူ့စွမ်းအင်တွေကုန်ဆုံးသွားတဲ့အတွက် ရေကူးကန်မှာလှဲပြီးအနားယူနေရသည်။
ဒီတိုင်းလှဲနေရတာ ပျင်းဖို့ကောင်းတာကြောင့် ချိယွီရေအောက်မှာ အသက်အောင့်ပြီးလေ့ကျင့်ဖို့ သူ့နှာခေါင်းကို လက်နဲ့ဖိပိတ်လိုက်တယ်။
ချိယွီ ရေထဲကို လုံးလုံးလျားလျားငုံ့လိုက်ပြီး အသံတွေအားလုံးချက်ချင်းပျောက်ကွယ်သွားကာ သူ့နားထဲမှာရေသံတွေသာ ကျန်ရစ်ခဲ့တော့တယ်။
ရေက ခန္ဓာကိုယ်အနှံ့ပွတ်တိုက်ကာလျှောကျနေပြီး အေးမြသက်သာလှတယ်။မျက်လုံးကိုမှိတ်ပြီး ခဏအကြာသူ့စိတ်နှလုံးက တစ်ဖြည်းဖြည်းငြိမ်သက်သွားတယ်။
သို့ပေမယ့်လည်း ဒီခန္ဓာကိုယ်ရဲ့အဆုတ်စွမ်းရည်က ကောင်းမွန်မှုမရှိသဖြင့်တစ်မိနစ်အတွင်း အောက်ဆီဂျင်ပြတ်လပ်လာတယ်။
ချိယွီကသူ့လက်ကို ရေကန်စွန်းနားတင်လိုက်ပြီး အသက်ရှူကြပ်လာတာကြောင့် သူ့ခေါင်းကိုရေထဲကနေဆွဲထုတ်လိုက်တယ်။
သူ့မျက်လုံးတွေက အနည်းငယ်ဝေဝါးနေကာ ရေအချို့ဝင်သွားပုံရတယ်။
ခေါင်းကို မြှောက်လိုက်ပြီးမျက်လုံးတွေကို ပွတ်လိုက်ရင်းလက်တွေကိုရုတ်တရက် ရပ်တန့်လိုက်တယ်။
-ယောက်ျားတစ်ယောက်ရဲ့ ခြေတစ်စုံက သူ့ရှေ့မှာပေါ်လာခဲ့တယ်။
ထို့အပြင်သန်မာတဲ့ကြွက်သားတွေရှိသော ကြေးဝါနွားသူငယ်ကဲ့သို့ခြေထောက်၊၊
(T/N: ကြေးဝါနွားသူငယ်ကဲ့သို့ခြေထောက်: သန်မာပြီးကြွက်သားအပြည့်နဲ့ခြေထောက်)
ခြေထောက်ကိုကြည့်လိုက်ရုံနဲ့တင် ဒီလူရဲ့ ပုံပန်းသွင်ပြင်က မဆိုးလောက်ဟုခံစားမိသည်။
သေချာတာကတော့ ချိယွီ မော့ကြည့်လေလေ၊ ပိုချဉ်လာလေဘဲ။
(T/N: ချဉ် ; မနာလိုလွန်းလို့သုံးနှုန်းတဲ့အခေါ်အဝေါ်)
သွယ်လျတဲ့ခြေထောက်၊ သန်မာပြီးတင်းကြပ်နေတဲ့ပေါင်ကြွက်သား တွေနဲ့ တင်းကြပ်သောဘောင်းဘီနဲ့ရှင်းလင်းစွာဖော်ပြထားတဲ့ အင်အားကြီးပြီးအားကောင်းတဲ့ 'capital' ။
(T/N: 'Capital' ဆိုတာဘာကို ရည်ညွှန်းမှန်းသိတယ်မလား 🌚
ပုံမှန်ဆိုရင်တော့ 'မြို့တော်' ပေါ့နော်)
သူကြည့်လေလေ ၊ ပိုချဉ်လာလေဘဲ။
ထိုလူရဲ့ မျက်နှာကိုမော့မကြည့်မီသူ့စိတ်ကိုတည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်တယ်။
"မင်းက ဘာလို့ဒီမှာရှိနေရတာလဲ" ချိယွီ တည်ငြိမ်စွာမေးလိုက်တယ်။
ဟယ်ကျိုးက ဆရာမရဲ့အသက်ကယ်အစောင့်တွေထဲက တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှတယ်။
"အသက်ရှူလိုက်အုံး
58စက္ကန့် ၊ ဒါက မင်းလိုခန္ဓာကိုယ်မျိုးအတွက်တော့ တော်နေပါပြီ"
ချိယွီ သူ့ရဲ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။
ချိယွီ: "..."
ကောင်းပြီ၊ ဒါက သူ့ကို ရှင်းရှင်းလင်းလင်း ကဲ့ရဲ့နေတာဖြစ်ပြီး ဖုံးကွယ်ဖို့​တောင် စိတ်မဝင်စားဘူးဘဲ။
ချိယွီက ဟယ်ကျိုးကို အမူအယာမဲ့စွာစိုက်ကြည့်လိုက်တယ်။တစ်ခြားတစ်ဖက်မှာ​တော့ ဟယ်ကျိုးကလက်ပိုက်ကာ ချိယွီကိုငုံ့ကြည့်ပြီးရေကန်ဘေးမှာရပ်နေခဲ့တယ်။
လေထုက တဖြည်းဖြည်း သိပ်သည်းလာခဲ့တယ်။
ဤမှုန်ဝါးနေတဲ့ လေထုမှာချိယွီက မထင်မှတ်ဘဲသူ့ရဲ့လက်တွေကိုဆန့်ထုတ်လိုက်ပြီး ဟယ်ကျိုးရဲ့ခြေချင်းဝတ်ကို ဆုပ်ကိုင်လိုက်တယ်။တစ်ချိန်တည်းမှာဘဲ ဟယ်ကျိုးရဲ့ခြေထောက်ကို ရေကန်နံရံနဲ့ဆန့်ကျင်ဘက် ကန်ထုတ်လိုက်ကာ ဟယ်ကျိုးကိုရေထဲသို့ ဆွဲချရန်သူ့ခွန်အားကို အသုံးပြုလိုက်တယ်။
ဒါပေမယ့်လဲ သူအဲ့လိုလုပ်ပြီးတာတောင် ဟယ်ကျိုးက ​ရေကန်ဘေးမှာ ခိုင်မြဲစွာရပ်နေဆဲဖြစ်တယ်။
ချိယွီ: "..."
ဟယ်ကျိုး: "..."
မြင်ကွင်းက အလွန်ရှက်စရာ ကောင်းပြီး၊မြင်ရသူအဖို့ အသက်ရှူကြပ်သွားစေနိုင်တယ်။
ချိယွီက မျက်တောင်ခတ်လိုက်ကာ: "မင်းက တစ်ကယ်အရည်အချင်းရှိတာဘဲ၊အရမ်းသန်မာတယ်"
စကားပြောပြီးတဲ့နောက်မှာ ချိယွီက ကို့ရို့ကားယားနိုင်စွာ ဟယ်ကျိုးရဲ့ခြေသလုံးကို ဆွဲထားတဲ့သူ့ရဲ့လက်တွေကို ယဉ်ကျေးစွာ ပြန်ဆွဲယူလိုက်တယ်။
ဟယ်ကျိုးထိုင်ချလိုက်တော့၊ ချိယွီရဲ့မျက်နှာမှာ အနက်ရောင်အရိပ်တွေရောင်ပြန်ဟပ်နေခဲ့တယ်။
ချိယွီက နားမလည်စွာ "ဘာ?"
ထမင်းစားနေတုန်းက တခြားယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်တွေကို စိုက်ကြည့်နေခဲ့တယ်။ပြီးတော့ မင်းရဲ့မျက်လုံးတွေကိုလည်း'ငါ့အရာ' နားမှာ ခု​လေးတင်ကပ်ငြိနေခဲ့ပြီး အကြည့်လွှဲဖို့ငြင်းဆန်ခဲ့တယ်။မင်းheatဝင်​နေတာလား? "
ချိယွီကမျက်ခုံးပင့်လိုက်ကာ "မင်းဘာအကြောင်းပြောနေတာတုန်း?မင်းညီမကသာheatဝင်နေတာ!"
(T/N: မင်းညီမက heatဝင်နေတာ : တန်ပြန်စော်ကားမှုပေါ့နော် ။ 'ဥပမာ-မင်းရူးနေလား?: မင်းကသာရူးနေတာ မင်းတို့တစ်မိသားစုလုံးရူးနေတာ ' အဲ့လိုမျိုးပေါ့နော် ။ချိယွီက အဓိပ္ပါယ်ကိုမသိရင်တောင် တန်ပြန်ချေပလိုက်တာပါ )
သူ့ကို ခွေးလို့ခေါ်ရင်တောင် တစ်ကယ်မမှားလောက်ဘူး။
ဟယ်ကျိုးက သူ့ဘေးက ခိုးနားထောင်နေတဲ့သူတွေကို တစ်ချက်ကြည့်လိုက်ပြီး သူ့အောက်နှုတ်ခမ်းကို မကျေမနပ်ကိုက်လိုက်တယ်။
သူ ရုတ်တရက် လက်ဆန့်ပြီးချိယွီရဲ့ လက်မောင်းကိုဖမ်းကိုင်လိုက်ကာ လက်တစ်ဖက်တည်းနဲ့ ချိယွီကို ကြက်ကလေးတစ်ကောင်လို ရေထဲကဆွဲထုတ်လိုက်တယ်။
ချိယွီ: "..."
သူက လူတိုင်းရဲ့ အကြည့်တွေကို ဖမ်းစားထားတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်တယ်။
ဟယ်ကျိုးက သူ့ကို မျက်နှာပျက်အောင်လုပ်ရုံတင် မကသေးဘူး၊ ခုတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို မြေကြီးပေါ်ပစ်ချပြီး သူ့ရဲ့ခြေထောက်တွေကို ရိုက်ချိုးလိုက်သလိုဘဲ။
"ဟယ်ကျိုး၊Fuck you!"***
"ဒီလောင်ဇီက (ဒီဆရာက) မင်းကို Fuckပေးမယ် ကြားရဲ့လား!"
အာရုံခံစားမှုထဲတွင် 'pop' ဆိုသည့်အသံသည်အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ၊ ချိယွီလည်း ရုတ်ချည်း တိတ်ဆိတ်သွားခဲ့တယ်။
ဟယ်ကျိုးရဲ့ပုခုံးပေါ်မှာ မှိန်းနေတဲ့အမူအယာနဲ့ လဲလျောင်းနေတဲ့ချိယွီက ကျိုးပဲ့လွယ်တဲ့အရုပ်ကလေးနဲ့တူနေတယ်။ရုန်းကန်မ​နေတော့ဘဲ ခေါင်းငိုက်စိုက်ချကာ သူ့ရဲ့ကိုယ်ကို သယ်ခွင့်ပြုထားလိုက်တော့တယ်။
တခြားသူတွေ အသက်ရှင်ရင်ရှင်နေသေးလောက်ပေမယ့်၊ သူကတော့ သေနေပြီ။
ဟယ်ကျိုးက ချိယွီကိုသယ်ရင်းပိတ်ထားတဲ့ရေကူးကန် တံခါးပေါက်နားခေါ်ဆောင်သွားလိုက်တယ်။
ရေကူးကန်ရဲ့ ဧရိယာက အလွန်ကျယ်ဝန်းပြီး ရေကန်ဆယ်ခုနဲ့ဝင်ပေါက်ရှစ်ခုပါရှိတယ်။အရေးကြီးတဲ့ပွဲတွေမရှိတဲ့အခါ လေးခုသာဖွင့်ထားပြီးကျန်တစ်ခုကိုပိတ်ထားလေ့ရှိတယ်။ဒီ​နေရာ၌နေခြင်းက တခြားသူတွေရဲ့အကြည့်တွေကိုရှောင်ရှားနိုင်ပြီး ပြင်ပမှလူတွေဝင်လာမှာကို စိုးရိမ်စရာလဲမလိုပေ။
ဟယ်ကျိုးက ချိယွီကိုအောက်ချလိုက်ပေမယ့်၊ ချိယွီက ဝိဥာဉ်မရှိတော့တဲ့လူတစ်ယောက်လို မြေပြင်ပေါ်မှာ ပျော့ခွေနေခဲ့တယ်။
ဟယ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး လက်ဆန့်ကာ ချိယွီရဲ့ပုခုံးကို ဆွဲကိုင်လိုက်တယ်။"သေချာရပ်"
"ငါသေသွားပြီလေ"
ဟယ်ကျိုး: "..."
ဟယ်ကျိုး: "..."
သူကသူ့ရဲ့လက်ကို ပြန်ဆွဲယူလိုက်တော့ ချိယွီက တစ်ကယ်သေနေသလို ညှင်သာစွာ မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။
ချိယွီက မလှုပ်မယှက်နဲ့သူ့ရဲ့မျက်လုံးတွေကို မှိတ်ထားခဲ့တယ်။
"ငါမင်းကို မနိုင်,နိုင်ဘူး၊ နောက်ကျသွားပြီ ၊ ဒါ့ကြောင့် ငါမင်းကို အရှုံးပေးလိုက်ပြီ"
ဟယ်ကျိုး: "..."
"မတ်တပ်ရပ်!"
"မရပ်နိုင်ဘူး"
ဟယ်ကျိုးက လက်ပိုက်ကာ ချိယွီကို ထူးမခြားနားစွာကြည့်လာတယ်။
ချိယွီနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေသလို သူအမြဲခံစားနေရတာဖြစ်တယ်။
ချိယွီရဲ့ သတ္တိနဲ့စိတ်ဓာတ်က အရင်ကထက်ပိုသန်မာလာပုံရတယ်။သူ့ကို​ကြောက်မနေတော့သလို သူ့စိတ်ကျေနပ်အောင် လုပ်ပေးဖို့လဲကြိုးစားမနေတော့ဘူး။ဆန့်ကျင်ဘက်အနေနဲ့ ချိယွီကရုန်းကန်နေခဲ့ပြီး ခက်ထန်တဲ့မြေခွေးလေးတစ်ကောင်လို ထက်မြတ်စွာသူ့ကိုရေထဲဆွဲချဖို့ လိမ္မာပါးနပ်စွာ ကြိုးစားလာခဲ့တယ်။
ဟယ်ကျိုးက သူ့ရဲ့မျက်လုံးတွေနဲ့ချိယွီကို စစ်ဆေးနေချိန်မှာဘဲ ချိယွီကမျက်လုံးဖွင့်ကြည့်လာခဲ့တယ်။
ချိယွီ ထရပ်ကာ အလျင်အမြန်ဘဲ ဟယ်ကျိုးအနောက်နားရွေ့သွားလိုက်ပြီး၊ ဟယ်ကျိုးရဲ့လည်ပင်းနား သူ့ရဲ့လက်တွေနဲ့ရစ်ပတ်လိုက်ကာ ခြေထောက်တွေကိုတော့ ဟယ်ကျိုးရဲ့ရင်ဘတ်နားမှာ ရစ်ပတ်လိုက်တယ်။ပြီးနောက်သူ့ကိုယ်ကိုအောင်ဖက်သို့ဆောင့်ချလိုက်ပြီး ဟယ်ကျိုးကို​မြေပေါ်လဲကျအောင်ကြိုးစားတော့တယ်။
သို့သော်လည်း ဟယ်ကျိုးကတော့ မတုန်မလှုပ်နှင့်၊ ချိယွီကိုတည်ငြိမ်စွာပင် မေးလိုက်သေးသည်။
"မင်းက ငါ့ကို ကလိထိုးချင်နေတာလား?"
လေထုက နောက်တစ်ကြိမ်တိတ်ဆိတ်သွားခဲ့ပြန်တယ်။
ချိယွီက သူ့ဘဝကိုတောင် အနည်းငယ် သံသယ ဝင်လာမိသည်။: "..."
ဟယ်ကျိုးက သူ့ရှေ့က ငါးသေတစ်ကောင်လိုဖြစ်နေတဲ့ချိယွီကိုဆွဲကာ: "သေချာရပ်"
ချိယွီက သူ့ရှေ့က 'သံပန်းကန်' ကြီးကိုကန်ပြီး သူရှုံးတာကို အတည်ပြုလိုက်တယ်။
"မင်းဘာလုပ်နေတာလဲ ?"
ဟယ်ကျိုးက လက်ဆန့်ပြီး ချိယွီရဲ့ လည်ပင်းကလည်ပတ်ခလုတ်ကိုနှိပ်လိုက်တယ်။
အဲ့ဒီမှာ ဖော်ပြထားတဲ့ pheromoneအာရုံစူးစိုက်မှုက estrus ကာလနဲ့ မဝေးတော့ဘူးဖြစ်တယ်။
လည်ပတ်မှာ လုပ်ဆောင်ချက် နှစ်ခုရှိသည်။ ပထမလုပ်ဆောင်ချက်က ပုံမှန်လူမှုဆက်ဆံရေးမှာ အနှောက်အယှက်မဖြစ်စေရန် ကာကွယ်သည့် pheromoneပါဝင်သည်။ ဒုတိယလုပ်ဆောင်ချက်က ကော်လာပိုင်ရှင်နှင့် ပိုင်ဆိုင်မှုကိုခွဲဝေသုံးစွဲသူကသာ မြင်နိုင်တဲ့ pheromoneကိုပြသရန်ဖြစ်သည်။ဒီလုပ်​ဆောင်ချက်က omegaနဲ့သူ့ရဲ့alphaအတွက် လုပ်ဆောင်ချက်များကိုစီစဉ်နိုင်ရန် ၊အားလပ်ချိန်နှင့် နှစ်ဖက်စလုံးestrusကာလကို စုံလင်စွာအသုံးပြုနိုင်ရန် အဓိကအားဖြင့်အထောက်အကူပြုသည်။
ချိယွီ နားမလည်ဘူး။ "ဘာ?"
ဟယ်ကျိုးကသူ့ဘက်လှည့်ပြီး အေးစက်စွာကြည့်လာကာ: "မင်းပထမအကြိမ်တုန်းကအောင်မြင်ခဲ့ပေမယ့် ၊ ဒုတိယအကြိမ်ဆိုတာ ရှိလာမှာမဟုတ်ဘူး"
ချိယွီ: "..."
"ဒါ့အပြင် နောက်လဲငါနဲ့ဝေးဝေးနေ၊လာမနှောက်ယှက်နဲ့ " ထို့နောက် ဟယ်ကျိုးလှည့်ထွက်သွားကာ ချိယွီအတွက် ​အေးစက်ပြီးဆုံးဖြတ်ချက်ချပြီးသား ကျောပြင်ကိုသာချန်ထားခဲ့တော့တယ်။
ချိယွီက မတ်တပ်ရပ်နေဆဲဖြစ်ကာ၊ question mark အပြည့်ဖြစ်နေခဲ့တယ်။
'ဆေးထိုးဖို့' ဆိုတာဘာကိုပြောချင်တာလဲ? ပြီးတော့ ဘယ်သူကဘယ်သူ့ကို လိုက်​နှောက်ယှက်နေတာလဲ?
ချိယွီက အသံတိတ်ဆဲရေးလိုက်ကာ၊သူ့ရဲ့လက်ခလယ်ကိုဆန့်ထုတ်လိုက်ပြီး ဟယ်ကျိုးရဲ့နောက်ကျောကို ထောင်ပြလိုက်တယ်။
ဟားဟား။
ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့ ဘာတွေကများ အဲ့​လောက် အံ့သြစရာကောင်းနေလို့လဲ။
------------------------------------------------------------
Continue Reading
You'll Also Like
1.3M 95.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
27.6K 2.2K 13
brokeback moumtain แ‚แ€ฏแ€•แ€นแ€›แ€ฝแ€„แ€นแ€Ÿแ€ฌ 2005 แ€แ€ฏแ‚แ€ฝแ€…แ€น แ€†แ€ฏ แˆ แ€†แ€ฏแ€›แ€แ€ฒแ‚•แ€•แ€ซแ€แ€šแ€น.. แ€•แ€‘แ€™แ€†แ€ฏแ€ถแ€ธ แ€œแ€ฐแ‚€แ€€แ€ญแ€ณแ€€แ€นแ€กแ€™แ€บแ€ฌแ€ธแ€†แ€ฏแ€ถแ€ธ Gay แ‚แ€ฏแ€•แ€นแ€›แ€ฝแ€„แ€นแ€•แ€ซ.. แ€€แ€ญแ€ฏแ€šแ€นแ‚• แ€กแ€แ€ผแ€€แ€น LGBT แ€†แ€ญแ€ฏแ€แ€ฌ แ€•แ€‘แ€™แ€†แ€ฏแ€ถแ€ธ แ€™แ€ญแ€แ€นแ€†แ€€แ€ญแ€™แ€ญแ€แ€ฒแ‚•...
351K 8.7K 80
"แ€•แ€ฐแ€แ€„แ€บแ€ธแ€œแ€ฑแ€ธแ€€แ€˜แ€ฌแ€œแ€ฒ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€แ€ญแ€ฏแ€ทแ€€แ€›แ€ฑแ€ฌแ€˜แ€ฌแ€œแ€ฒ " "แ€™แ€ฑแ€ฌแ€„แ€บแ€”แ€พแ€™" "แ€Ÿแ€ฌ..."