ဘုန်းပြည့်ချမ်းဟန် (Complete)

By _ReThor_

2.9M 188K 23.6K

ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022 More

Part - 1 + 2 (U+Z)
Part-3 (U+Z)
Part - 4(U+Z)
Part-5 (U+Z)
Part - 6 (U+Z)
Part - 7 (U+Z)
Part - 8 (U+Z)
letter from 🖋to 📖💌
Part - 9 (U+Z)
Part - 10 (U+Z)
Part - 11 (U+Z)
Part-12 (U+Z)
Part - 13 (U+Z)
Part - 14 (U+Z)
Part-15 (U+Z)
Part-16 (U+Z)
Part-17 (U+Z)
Part-18 (U+Z)
Part-19(U+Z)
Part-20 (U+Z)
Part -21 (U+Z)
Part-22 (U+Z)
Part-23(U+Z)
Part-24 (U+Z)
Part-25 (U+Z)
Part-26(U+Z)
Part-27(U+Z)
Part-28(Unicode)
Part-28(Zawgyi)
Part-29 (Unicode)
Part-29 (Zawgyi)
Part-30 (Unicode)
Part-30(Zawgyi)
Part-31(Unicode)
Part-31(Zawgyi)
Part-32- Heavenic (Uni)
Part-32- Heavenic (Zawgyi )
Part-33🚨 (Unicode)
Part-33 🚨 (Zawgyi)
Part-34🚨 (U+Z)
Part-35 (Unicode)
Part-35 (Zawgyi)
Part-36 (Unicode)
Part-36 (Zawgyi)
Part-37 (Unicode)
Part-37 (Zawgyi)
Part-38 (U+Z)
Part-39 (U+Z)
Part-40 🚨 (U+Z)
Part-41 🚨🏕️🐂 (U+Z)
Part-42 နှောင်ကြိုး 🕸️💎(U+Z)
Part-43(U+Z)
Part-44 Yogurt🚨(Uni)
Part-44 Yogurt🚨(Zawgyi )
Part-45(U+Z)
Part-46 Pre-Devil (U+Z)
Part-47 🚨Devil🚨(U+Z)
Part-48 🙆‍♂️(U+Z)
Part-49 ☕ (U+Z)
Part-50(U+Z)
Part-51📜(U+Z)
Part-52 Ko~~~(Uni)
Part-52 Ko~~~(Zawgyi)
💜ကျော်မသွားကြပါနဲ့ဗျို့📌
Part-53 🥧💧(U+Z)
Part-54 (U+Z)
Part-55 (U+Z)
Part-56 (U+Z)
Part-57 🦋(Uni)
Part-57 🦋(Zawgyi)
Part-58 💜 (U+Z)
Part-59 (U+Z)
Part-60 (Unicode)
Part-60(Zawgyi)
Part-61 (U+Z)
Part-62 (U+Z)
Part-63 (U+Z)
Part-64 (U+Z)
Part-65 (U+Z)
Part-66 (U+Z)
Part-68 (U+Z)
Part-69 (U+Z)
Final Part (U+Z)
ကျေးဇူးတင်လွှာ / ေက်းဇူးတင္လႊာ
💜Announcement♒(U+Z)
💔Announcement💔
Thingyan Extra (U+Z)
Surprise !!!
💜Volume 2-Cover ♒
💜Volume 1- Cover♒
📚 Book Details 📃
💜Chibi Art💜
🎟️ Gifts 🎁
🛎️ Announcement 🛎️
About Google Form
🙏 Please 🙏
💜 Hello ♒
💜Anniversary Extra♒
Just .. 27 steps 👣
Hello
Announce - 1

Part-67 (U+Z)

23.7K 1.5K 83
By _ReThor_

အမြွှာလေးတို့မွေးပြီးတစ်ပတ်ခန့်ကြာသော်.....

သုံးလပိုင်းလဆန်းလောက်မှမွေးမယ်လို့ခန့်မှန်းထားခဲ့ပေမယ့် ကျွန်တော်တို့ကလေးတွေဟာရက်အနည်းငယ်စောပြီးရောက်လာခဲ့ပါတယ်။ ဒီလိုစောစောရောက်လာမယ်မှန်း မထင်မှတ်ထားခဲ့တာကြောင့် ‌‌ဂျပန်သွားမယ့်မူလအစီအစဥ်ကိုဖျက်ပြီး အစီအစဥ်သစ်တစ်ခုအမြန်ဆွဲရတော့တာပေါ့။ ‌ကျွန်တော့်ရဲ့ရုံးအလုပ်တွေကိုတော့ထုံးစံအတိုင်း အဖေ့လက်ထဲအပ်ခဲ့ပြီး ချမ်း,ရဲ့အလုပ်တွေကတော့အမေနဲ့လင်းထွဋ်တာဝန်ဖြစ်သွားရပြန်ပါတယ်။ ဗီဇာကိစ္စနဲ့တခြားကိစ္စအဝဝစီစဥ်ပြီးတဲ့နောက်မှာတော့ ကျွန်တော်နဲ့ချမ်း ကလေးတွေကိုပြန်ခေါ်မယ့်ခရီးစခဲ့ပါ၏။

ပထမတစ်ခေါက်ဂျပန်လာတုန်းကတစ်လမ်းလုံးအိပ်လိုက်လာခဲ့တဲ့ချမ်း,ယခုတစ်ခေါက်မှာတော့ ဂျပန်အမြန်ရောက်ချင်စိတ်ကသာကြီးစိုးနေတာကြောင့်အိပ်ဖို့လည်းသတိမရတော့။ ဖင်တကြွကြွဖြစ်နေတဲ့ကောင်လေးဟာ ဖြစ်နိုင်ရင်လေယာဥ်ပြတင်းကနေခုန်ဆင်းပစ်ချင်နေသည့်အလား။

ဘုန်းဟန်,သူ့ဘေးမှအမြန်ရောက်လိုဇောကပ်နေသည့်မျက်နှာနှင့်အမျိုးသားလေးအားငဲ့စောင်းကြည့်လိုက်ပါသည်။ လက်ဖဝါးတွေကိုအချင်းချင်းပွတ်သပ်နေတဲ့ချမ်း,ကသူကြည့်နေတာသိတော့ သူ့ကိုပြန်ကြည့်လာပြီးတစ်ဝက်တည်းသော အပြုံးကိုခပ်မြန်မြန်ပြုံးပြပြီးအရှေ့ပြန်လှည့်သွားပါသည်။ လက်ဖဝါးတွေအချင်းချင်းပွတ်လိုက်  ဒူးခေါင်းကိုလက်ဖဝါးဖြင့်ပွတ်လိုက်နဲ့ဂနာမငြိမ်ဖြစ်နေတဲ့သူရဲ့ရင်ထဲမှာ "မြန်မြန်ရောက်ပါတော့" ဟုအော်ဟစ်နေပုံရပါသည်။

ဘုန်းဟန်,ချမ်းရဲ့လက်ကလေးတွေကိုဆွဲယူလိုက်ပြီး ပူပန်မှုတွေလျော့ပါးစေရန်ရည်ရွယ်ကာ တင်းတင်းအုပ်ကိုင်ထားလိုက်ပါ၏။ ချမ်း,၏ပူပန်မှုတွေကိုလျော့စေလိုသူ၏လက်အစုံသည်လည်း စိတ်လှုပ်ရှားမှုကြောင့်အေးစက်စက်ဖြစ်နေလျက်။ အားလုံးခြုံငုံလိုက်ရလျှင် စိတ်လှုပ်ရှားခြင်း၊ ပူပန်ခြင်းဆိုတဲ့ခံစားချက်တွေပေါင်းစပ်ပါဝင်နေတဲ့ဖခင်နှစ်ယောက်ရဲ့လက်တွေသည် တစ်ဦးထက်တစ်ဦးမပိုသောမလျော့သောအနေအထားဖြင့်အေးစက်နေခဲ့ကြပါသည်။

တိုကျိုသို့ရောက်ပြီဖြစ်ကြောင်း announce လုပ်ချိန်မှာတော့ ‌နှစ်ယောက်သား၏ဆုပ်ကိုင်ထားသောလက်များသည်ပို၍တင်းကျပ်သွားရလေပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတဲ့အခါ ထပ်တူကျတဲ့အပြုံးတွေဟာအသက်ဝင်စွာဖြစ်တည်လာခဲ့၏။ မကြာတော့သောအချိန်ကာလတွင် သူတို့ရင်သွေးလေးတွေကိုပိုင်ပိုင်နိုင်နိုင်ကြီးပွေ့ချီကြရတော့မည်။ နုနုအိအိပါးပြင်လေးတွေကိုနမ်းရှိုက်ပြီး အကြီးလေးကတော့ဘယ်သူနဲ့တူတယ် အငယ်လေးကတော့ဘယ်သူနဲ့တူတယ်ဆိုပြီး မေတ္တာဂုဏ်ဆာပွဲကြီးဖြင့်ပီတိဖြစ်ရပေဦးတော့မည်။

========================

ပထမတစ်ခေါက်လာကြိုတဲ့လူငယ်လေးဘဲ ဒီတစ်ခေါက်မှာလည်းလာကြိုပါ၏။ ကျွန်တော့်လက်တွေကိုမလွတ်တမ်းဆုပ်ကိုင်ထားတဲ့ချမ်း,ရဲ့လက်လေးတွေဟာ ကလေးတွေနဲ့နီးလာလေလေပို၍တင်းကျပ်လာလေလေပင်။ ကောင်လေးစိတ်အရမ်းလှုပ်ရှားနေပြီမှန်းခံစားရတာကြောင့် ဘုန်းဟန်,ချမ်းလက်လေးကိုဖွဖွပုတ်ပေးလိုက်ရင်းတီးတိုးစကားဆိုလိုက်သည်။

"ချမ်း...စိတ်အေးအေးထားလေ လက်တွေအေးစက်နေပြီ"

ပြောလည်းပြော ချမ်း,လက်လေးကိုသူ့လက်ဖြင့်ပွတ်ပေးရင်းအနွေးဓာတ်ပေးလိုက်ပါ၏။

"စိတ်ကသူ့ဟာသူဖြစ်နေတာလေ ကိုကိုရဲ့..."

"ပြောမယ်သာပြောရတာ ကိုကိုလည်းစိတ်လှုပ်ရှားတယ်"

"တွေ့လား ကိုကို...ကလေးတွေကအခုတည်းကကျွန်တော်တို့ကိုနိုင်စားနေပြီ"

"ကြိုက်သလောက်နိုင်စားစမ်းကွာ ! ဖေကြီးကအားလုံးကိုအရှူံးပေးပြီးချစ်ပြလိုက်မှာ"

ကိုကို့ရဲ့ရွှတ်နောက်နောက်စကားအဆုံးမှာနှစ်ယောက်သားပြိုင်တူရယ်မောလိုက်ကြတဲ့အတွက် လှုပ်ရှားနေတဲ့စိတ်လေးတောင်အနည်းငယ်ပေါ့ပါးသွားရပါသည်။

ကိုကိုနဲ့သူထွေရာလေးပါးပြောရင်းအာရုံလွှဲလာကြသည်မှာ ဆေးရုံသို့ရောက်လာလို့ရောက်လာမှန်းပင်မသိလိုက်။ ကားလေးငြိမ့်ခနဲထိုးရပ်သွားတဲ့အခါမှသာ ပတ်ဝန်းကျင်ကိုစူးစမ်းလေတော့ဆေးရုံအပေါက်ဝသို့ရောက်နေပြီဖြစ်သည်။ သူတို့စီးလာတဲ့ကားလေးရပ်သွားသည်နှင့်ကားနားသို့လူတစ်ယောက်ရောက်လာ၏။ ထိုသူကအခြားသူမဟုတ်။ ချမ်း,တို့အလာကိုဆေးရုံအဝတွင်စောင့်နေသော ခွါညိုပင်ဖြစ်သည်။ ချမ်း,တံခါးဖွင့်ဆင်းလိုက်ပြီးနောက်...

"အညိုမ သူငယ်ချင်း !!"

"congratulation ပါအမြွှာတို့အဖေလေး"

ခွါညို့နှုတ်ဆက်စကားကို ချမ်း,ကိုသဘောကျစွာပြုံးပြလိုက်ပြီး သူ့စကားကိုပင်သံယောင်လိုက်ကာ...

"အမြွှာတို့အဖေလေး...ဟားဟား ဟုတ်ပဟုတ်ပ ငါတောင်အဖေဖြစ်ပြီနော်"

ခွါညိုကယခင်နှင့်မတူတည်တည်ငြိမ်ငြိမ်ပြုံးလိုက်ပြီး...

"အေးနော်...သူငယ်တန်းအရွယ်ငါ့သူငယ်ချင်းလေးကနေ အခုတော့ကလေးတို့အဖေငါ့သူငယ်ချင်းလေးပေါ့ မနေ့တနေ့ကလိုပါဘဲ"

ခွါညိုကအတည်ပေါက်နဲ့ဆွေးဆွေးမြည့်မြည့်ပြောလာလေတော့ချမ်း,စိတ်ထဲဝမ်းနည်းချင်သလိုလိုတောင်ဖြစ်လာရသည်။ ထိုစဥ်သူ့နားကိုကိုရောက်လာပြီး...

"ကဲ !! နောက်မှစကားပြောကြတော့ ဝင်ကြမယ်.."

ချမ်း,ကိုကို့ကိုကြည့်လိုက်ချိန်မှာ ခရီးဆောင်အိတ်တွေနဲ့ရှိနေရမည့်ကိုကိုသည် လက်ဗလာချည်းဖြစ်နေတာကြောင့်...

"ဟင် ! ကိုကိုအိတ်တွေရော"

ထိုအခါ ကိုကိုကထွက်သွားပြီဖြစ်သည့်ကားလေးအားမေးငေါ့ပြကာ...

"ဟိုမှာလေ ဟိုတယ်တစ်ခါတည်းပို့ခိုင်းလိုက်တယ်ချမ်းရဲ့...ဘာယူစရာရှိလို့လဲ"

"မရှိပါဘူး ကိုကိုများယူဖို့မေ့သွားတာလားလို့"

"မမေ့ပါဘူး ချမ်းရဲ့..ကဲ လာ သွားမယ်"

ဘုန်းဟန်,လက်ကမ်းပေးလိုက်တော့ချမ်း,ကသူ့လက်ကိုအလိုက်သင့်လေးဆုပ်ကိုင်လာပြီးနောက် ခွါညို့ဘက်သို့လှည့်ကာ...

"အညို ဟားနရောဘယ်လိုနေသေးလဲ"

"ချုပ်ရိုးမကျက်သေးဘူးလေ...ဟားနဆီအရင်သွားကြမလား"

ထိုအခါ ချမ်း,ကခေါင်းတညိတ်ညိတ်ဖြင့်သူ့ဘက်ပြန်လှည့်လာပြီး

"ကိုကို ဟားနဆီအရင်သွားရအောင်နော်"

"ချမ်း..သဘော"

"ဒါဆို ဟားနကိုအရင်တွေ့လိုက်မယ်"

"ဟားနကလည်းနင်တို့ကိုတွေ့ချင်နေတာ ကလေးတွေသေချာအပ်မလို့တဲ့လေ"

ထိုသို့ကြားရတော့လည်း ချမ်း,စိတ်ထဲတော့သိပ်မကောင်း။ တကယ်ဆိုသူမ,လည်းဆယ်လလုံးလုံးဝမ်းနဲ့လွယ်ပေးခဲ့ရတဲ့မိခင်ဘဲ ကလေးတွေကိုသံယောဇဥ်မရှိဘဲနေမလား။ သူတို့ကလေးတွေကိုခေါ်သွားမယ့်ကိစ္စကသူမ,အတွက်ရောတရားပါ့မလား။ ဒါပေမယ့်လည်း ဒီကိစ္စအကောင်အထည်ဖော်ကတည်းကသူမ,ကိုယ်တိုင်အရာအားလုံးသဘောတူခဲ့တာဘဲ။ သူမ,ကိုယ်တိုင်လိုလိုလားလားသန္ဓေဆောင်ပေးခဲ့တာဘဲ။ မတရားဘူးရယ်လို့တော့မရှိလောက်ပါဘူး။ အင်း...ကိုကိုသာသိရင် အတွေးလွန်နေပြန်ပြီဆိုပြီးဆူဦးမလားဘဲ။

ချမ်း,သူ့အတွေးနဲ့သူလှစ်ခနဲပြုံးမိလေတော့ သူအသက်ရှုသံပြောင်းရင်တောင်သတိထားမိနေတတ်တဲ့ကိုကိုက...

"ဘာတွေသဘောကျနေလဲ ချမ်းလေး.."

"ဟင်..ဘာမှမဟုတ်ပါဘူးကိုကိုရဲ့.."

ဘုန်းဟန်,တစ်ခုခုပြောဖို့ပြင်ခိုက် ရုတ်တရက်ဖြတ်ဝင်လာတဲ့ခွါညိုရဲ့စကားသံကြောင့် ပြောမည့်စကားများရပ်တန့်ကုန်ရ၏။

"ရောက်ပြီ...အထဲမှာငါ့ယောက္ခထီးလောင်းကြီးရှိတယ်နော်"

"ဒေါက်တာသီဟလား"

"အင်း.."

ပြောလည်းအပြီးခွါညိုကတံခါးတွန်းဖွင့်လိုက်တာကြောင့် သူတို့အားလုံးအခန်းထဲလှမ်းဝင်ခဲ့ကြပါ၏။ အခန်းထဲအရောက် ကုတင်ပေါ်မှာလှဲအိပ်နေတဲ့ဟားနနဲ့ဘေးမှာထိုင်နေတဲ့ဒေါက်တာသီဟမျိုးလွင်ကိုတွေ့လိုက်ရပါသည်။ စကားပြောနေပုံရတဲ့သားအဖကသူတို့ဝင်လာတာမြင်မြင်ချင်းပြုံးပြနှုတ်ဆက်လာတာကြောင့် အခန်းလေးထဲမှာအပြန်အလှန်နှုတ်ဆက်သံတွေညံဝေသွားရသည်။

video call ထဲမှာတော့ခဏခဏတွေ့ဖူးတဲ့ ဟားနကိုယနေ့မှာတော့ပထမဆုံးအပြင်မှာတွေ့ဖူးခြင်းဖြစ်၏။ ဟားနသည်လည်းဂျပန်အမျိုးသမီးတစ်ဦး၏မျိုးဥဖြင့်မွေးဖွားလာခဲ့ရသည်ဖြစ်ရာ မြန်မာ-ဂျပန်စပ်သော ထိုကောင်မလေးသည်တစ်မျိုးတစ်မည်ကြည့်ကောင်းပါ၏။ ဆံပင်ထူထူကိုနဖူးပေါ်သည်အထိလှန်တင်ထားသဖြင့် baby hair လေးတွေနဲ့နဖူးပြေပြေလေးအားအတိုင်းသားမြင်နေရသည်။ မိတ်ကပ်မကူထားသော်လည်းပင်ကိုယ်နုနယ်သည့် မျက်နှာလေးသည်ဗိုက်ခွဲထားရသည်ကြောင့်ထင် နွမ်းနယ်နေ၏။
မထူမပါးမျက်ခုံးနက်နှစ်ဖြာကြားမှဖြောင့်တန်းစွာဆင်းလာသည့် နှာတံသွယ်သွယ်သည် "က"ကြီးပုံနှုတ်ခမ်းဖူးဖူးထက်တွင် တင့်တယ်စွာနေရာယူထားလေသည်။ ဖော်ပြခဲ့ပြီးသောအစိတ်အပိုင်းများသည် မျက်နှာသွယ်သွယ်ထက်တွင်တည်ရှိနေကြလေသောကြောင့် တောင်အမေရိကတိုက်ရှိမိန်းမလှများ၏မျက်နှာပုံစံမျိုးပိုင်ဆိုင်ထားသော ခွါညို့အတွက်ထိုကောင်မလေးသည်အူယားစဖွယ်ဖြစ်နေပါလိမ့်မည်။

ချမ်း,ဒေါက်တာသီဟကိုနှုတ်ဆက်လိုက်ပြီးနောက် ဟားနအားရင်းရင်းနှီးနှီးပြုံးပြလိုက်ရင်းဖြင့်...

"နေကောင်းရဲ့လား ဟားန"

ထိုကောင်မလေးကလည်းပြုံးပြုံးလေးနဲ့ခေါင်းညိတ်ပြလာပြီး...

"ကောင်းပါတယ်ရှင်..."

"ကျွန်တော်တို့အခုမှတွေ့ဖူးကြတာနော်...ဒီကြားထဲမှာဖာသိဖာသာနေသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်"

"မဟုတ်တာ..ဟားနနားလည်ပါတယ် အဲ့ဒါကြောင့်တောင်းပန်စရာကိစ္စမဟုတ်ပါဘူးရှင် ပြီးတော့ဟားနကိုယ်တိုင် request လုပ်ထားတာဘဲဟာ ဒေါက်တာကဘာလို့တောင်းပန်ရမှာလဲရှင်"

ဟုတ်လည်းဟုတ်ပါသည်။ သူမ,တောင်းဆိုထားခဲ့၍ကလေးတွေကိုလွယ်ထားစဥ်တစ်လျှောက်လုံး ချမ်း,တို့သူမ,ကိုသွားမတွေ့ခဲ့ပေ။ ယခုပထမဆုံးတွေ့တွေ့ချင်းမည်သည့်စကားဆိုရမှန်းမသိ၍ ယခုလိုတောင်းပန်စကားပြောလိုက်ခြင်း။

ချမ်း,ဟားနကုတင်ဘေးရှိခုံတွင်ဝင်ထိုင်လိုက်ပါ၏။ ကိုကိုကတော့သူ့နောက်မှာဘဲမတ်တတ်ရပ်နေမြဲ။

"ဒီကြားထဲအများကြီးပင်ပန်းခဲ့မှာ ဒါတောင်ကလေးနှစ်ယောက်ကိုရအောင်မွေးပေးခဲ့တယ် ဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ပါဘူးဗျာ..."

ထိုအခါ ဟားနကသူမ,လက်မောင်းကိုဆုပ်နယ်ပေးနေသော ခွါညို့လက်ကိုဆွဲယူလိုက်ပြီးပြွတ်ခနဲမြည်အောင်နမ်းလိုက်တာကြောင့် ချမ်း,ပါးစပ်ဟဟလေးပွင့်သွားရ၏။ မပွင့်ရိုးလားဘေးမှာ အဖေကြီးငုတ်တုတ်နဲ့လေဗျာ။ ချမ်း,ဒေါက်တာသီဟကိုမသိမသာကြည့်လိုက်တော့လည်း ဦးလေးကြီးက တွေ့မြင်နေကျဖြစ်နေ၍မထူးဆန်းတော့သည့်ပုံစံဖြင့်သက်သောင့်သက်သာပြုံးကြည့်နေ၏။ ထိုမှတစ်ဆင့်ခွါညို့ကိုကြည့်မိတော့ အညိုမကဘယ်လိုလဲဟူသောမျက်နှာပေးဖြင့်သူ့ကိုပြီတီတီပြုံးပြနေ၏။ မျက်ခုံးကိုနှစ်ခါတောင်ပင့်ပြလိုက်သေး။

"ညို,ရှိနေလို့နည်းနည်းမှမပင်ပန်းခဲ့ပါဘူး ... ပြီးတော့ ဘယ်လိုကျေးဇူးတင်ရမယ်မှန်းမသိရင် ကလေးလေးတွေကိုကောင်းကောင်းပျိုးထောင်ပြီးကျေးဇူးတင်ပေးပါနော်"

ဟားန,စကားမှာချမ်း,သဘောတကျပြုံးမိရသည်။

"အဲ့ဒီအတွက်မပူပါနဲ့ဗျာ ကျွန်တော်တို့အကောင်းဆုံးပျိုးထောင်မှာပါကတိပေးပါတယ်"

ထိုစဥ် ကိုကိုကသူ့ပခုံးကိုဖျစ်ညှစ်ဆုပ်ကိုင်လာလေပြီးနောက်...

"သားနဲ့သမီးအတွက်အစ်ကိုတို့ကအကောင်းဆုံးဖခင်တွေဖြစ်ပေးမှာပါ အစ်ကိုတို့ကြောင့်ကလေးတွေစိတ်အားမငယ်စေရပါဘူး ပြီးတော့ ခက်ခဲတဲ့ကိစ္စတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ ဒီကညီမလေးကိုရော ခွင့်ပြုပေးခဲ့တဲ့မိဘတွေကိုရောတကယ်ကျေးဇူးအများကြီးတင်ပါတယ်"

"သမီးလေးဆန္ဒကိုလိုက်လျောခဲ့ရုံပါကွယ်..."

"ဘာဘဲဖြစ်ဖြစ် ဦးတို့ကြည်ဖြူလို့သာဟားန,လည်းစိတ်ဖြောင့်ဖြောင့်နဲ့ဒီလမ်းကိုပြီးတဲ့အထိလျှောက်နိုင်တာပေါ့ ဟုတ်တယ်မလားဟားန"

ချမ်း,ဟားနကိုကြည့်ကာမေးလိုက်တော့ ဟားန,ကသူမဖေဖေဘက်လှည့်ကာ...

"သမီးတို့ခေါင်းမညိတ်မချင်းကျေးဇူးတင်စကားပြောလို့ပြီးတော့မှာမဟုတ်ဘူးဖေဖေ.."

စကားအဆုံးမှာတော့အခန်းလေးထဲဝယ်ရယ်မောသံလေးတွေပြည့်လျှံလာခဲ့ပြန်သည်။

"ငါ့ကိုရော.. ငါ့ကိုရောကျေးဇူးမတင်တော့ဘူးလား"

"အမလေး ငါ့သူငယ်ချင်းရယ်...နင့်ကိုထိပ်ဆုံးကနေကျေးဇူးအထူးတင်နေတာပါဟာ"

အခန်းလေးထဲရယ်သံတွေထပ်မံထွက်ပေါ်လာပြန်၏။

"ကဲ ကဲ တော်ပြီတော်ပြီ ဟားနကအများကြီးရယ်လို့မရသေးဘူ ချုပ်ရိုးပြေသွားလိမ့်မယ်"

ထိုအခါ ခွါညိုကစိုးရိမ်သွားသောအမူအရာဖြင့်...

"အယ်...ဟုတ်သားဘဲ ညိုမေ့သွားတာကြည့်စမ်း...ကဲပါ ဒါဆိုပြောစရာတွေကုန်ပြီဆိုရင် အဖေနှစ်ယောက်ကိုကလေးတွေဆီခေါ်သွားပေးလိုက်တော့မယ်နော်"

ထိုစကားသံကြောင့် ချမ်းနဲ့ကိုကိုဝင်းပသွားသောမျက်နှာများဖြင့် ‌တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြ၏။ ထို့နောက်မှာတော့ဒေါက်တာသီဟနှင့်ဟားနကိုနှုတ်ဆက်ပြီး ခွါညို့ဦးဆောင်မှုဖြင့်ကလေးတို့ရှိရာထွက်လာခဲ့ကြပါတော့သည်။ လာရာလမ်းမှာတော့သူနဲ့ကိုကိုရဲ့နှလုံးခုန်သံတွေမြန်ဆန်နေခဲ့မယ်ဆိုတာကိုပြောဖို့မလိုအပ်တော့ဟုထင်ပါသည်။

==============================

မှန်နံရံခြားထားသောကြောင့် အခန်းတွင်းမှနီတာရဲရက်သားလေးတွေကိုထိတွေ့ခွင့်တော့မရပေ။ ချမ်း,ဝမ်းနည်းဝမ်းသာခံစားချက်များရောပြွမ်းလာတာကြောင့် ကတုန်ကယင်ဖြစ်လာပြီးကိုကို့လက်မောင်းကိုအားဖြင့်ဆုပ်ကိုင်ထားမိသည်။ အသက်ရှူသံတွေမြန်နေတာကိုအတိုင်းသားကြားနေရ၏။ ကိုကိုကလက်မောင်းကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေကိုညင်ညင်သာသာလေးအုပ်ကိုင်ထားပေး၏။ မျက်တောင်တွေတဖျတ်ဖျတ်ခတ်နေတဲ့ကိုကိုလည်း စိတ်လှုပ်ရှားမှုကိုမနည်းထိန်းချုပ်နေပုံရပါသည်။

"ဟော !!! ကိုကို ကိုကို !!! တွေ့လားတွေ့လား လက်ကလေးလှုပ်သွားတယ် လက်ပိစိလေး တွေ့လား"

သူတို့အကောင်ပေါက်တွေကိုကြည့်နေတုန်း အငယ်မလေးရဲ့လက်ရဲရဲလေးတစ်ဖက်ကအပေါ်သို့ဆတ်ခနဲမြောက်တက်လာတာကြောင့် ချမ်း,အသည်းတယားယားနဲ့ပြောလိုက်ခြင်း။ ထိုအခါ ကိုကိိုကခေါင်းတဆတ်ဆတ်ညိတ်လာပြီး...

"ဟုတ်တယ်ဟုတ်တယ် ချမ်း,ကိုယ်တွေ့တယ် သေးသေးလေးသေးသေးလေး အမလေး အူယားလိုက်တာ ကိုကိုအရမ်းချီချင်နေပြီ ချမ်းရယ်..."

"ကျွန်တော်ရောဘဲ...ချီချင်လှပြီ  အညိုငါတို့ချီလို့မရဘူးလားဟင်"

ထိုအခါ ခွါညိုကဘေးဘီကိုအကဲခတ်လိုက်ပြီးနောက် အခန်းတံခါးကိုလှစ်ခနဲဖွင့်လိုက်ကာဝင်သွားပြီး...

"မြန်မြန်လာ ~~~"

ချမ်း,ကိုကို့လက်မောင်းကိုဆောင့်ဆွဲကာ အခန်းတွင်းသို့အလျှင်အမြန်ဝင်လိုက်ပါ၏။ ထို့နောက်နှစ်ယောက်သားဦးတည်ရာကအကောင်ပေါက်လေးနှစ်ယောက်ဆီ...

သူတို့အနားလည်းအရောက်အကောင်ပေါက်လေးတွေကိုငုံ့ကြည့်လိုက်တော့ နီတာရဲသေးသေးလေးတွေကမျက်လုံးလေးတွေမှိတ်ပြီး ပါးစပ်လေးတွေဟစိဟစိဖြစ်နေကာ လှုပ်ရှားမှုသေးသေးလေးတွေနဲ့လှုပ်စိလှုပ်စိဖြစ်နေတာကြောင့် အူတယားယားဖြစ်နေတဲ့အဖေနှစ်ယောက်ကတော့ကောက်ဘဲချီရတော့မလိုလို ထိုင်ပြီးဘဲကြည့်နေရတော့မလိုလိုနဲ့ယောက်ယက်ခတ်နေတဲ့လက်တွေဟာ ထားစရာမရှိဖြစ်နေပါ၏။

"ချမ်း ချမ်း !! ကိုယ် ကိုယ်ဘယ်လိုချီရမှာလဲ လက်ကြားထဲကပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ"

" ခ.. ခဏလေး ကိုကို  ချမ်း,ချီပြမယ်"

ပြောလည်းအပြီး ချမ်း,ကသူ့ရဲ့အသားရောင်ဆွယ်တာလက်ရှည်လေးကိုလက်ဖျံပေါ်အောင်ပင့်တင်လိုက်ပြီးနောက် အကြီးကောင်လေးအားကောက်ပွေ့လိုက်ပါ၏။

၈ပေါင်၅အောင်စရှိတဲ့သားကြီးကသူ့လက်ထဲနင့်နေအောင်ပါလာ၏။

"အဲ့...အဲ့ "

တအဲ့အဲ့နဲ့အသံပြုလာတဲ့သားရဲ့အသံလေးကိုကြားတော့ သူ့စိတ်ထဲလေနုအေးလေးများဖြတ်တိုက်သွားသလိုခံစားလိုက်ရပါသည်။မဟာနဖူးလေးနဲ့ဆံပင်မည်းမည်းလေးတွေနဲ့သားဟာသူ့ဖေကြီး၏ကိုယ်ပွါးလေးပင်ဖြစ်ရမည်။

"ကိုကို...ဒီမှာ ဒီလိုလေးချီကြည့်လိုက်"

သူနဲ့သားကိုပါးစပ်လေးဟပြီးပြုံးကြည့်နေတဲ့ ကိုကို့အားသမီးကိုချီကြည့်ရန်သတိပေးစကားဆိုတော့ ပြုံးကြည့်ပြီးမျောနေတဲ့ကိုကိုအသိဝင်လာပြီး..

"ဟင် .. အင်း ချီမယ် သမီးလေးကိုချီမယ်"

ချမ်း,ပြောတဲ့အတိုင်းသမီးလေးကိုလက်နှစ်ဖက်ဖြင့်ပွေ့ပိုက်ပြီးရင်ခွင်မှာအပ်ကာချီလိုက်လေတော့ သမီးကိုယ်နွေးနွေးလေးရဲ့အတွေ့ဟာသူ့ရင်ဘက်ဆီစီးကူးလာ၏။ သူစိတ်ထင်တာမမှားဘူးဆိုသမီးလေးကပါးစပ်ဟစိလေးနဲ့ပြုံးလိုက်သလိုပင်။ သူသမီးကိုပွေ့ထားပြီးချမ်းနဲ့သားနားလျှောက်သွားကာ ကလေးနှစ်ယောက်အားယှဥ်ကြည့်မိသည်။ အမြွှာလေးတွေကဆံပင်လေးတွေကလွဲလို့မျက်နှာလေးတွေကချွတ်စွပ်ပင်။ ချမ်း,ကိုယ်ပွါးလေးဖြစ်သည့်သမီးလေးတွင်ချမ်း,ကဲ့သို့ဆံနွယ်ညိုလေးတွေရှိနေပြီး သူချစ်ရတဲ့ချမ်း,ကဲ့သို့နှုတ်ဘယ်အောက်ဘယ်ဖက်နားလေးတွင််မှဲ့နက်လေးတစ်လုံးလည်းပါနေပါတော့သည်။

ပီတိဖြစ်ပြီးကြည်နူးရလွန်းလို့သူဘာပြောရမှန်းပင်မသိတော့။ သူသိပ်ချစ်ရတဲ့ချမ်းကိုသေးသေးလေးဖြစ်အောင်လုပ်ထားပြီးပွေ့ထားရသလိုပါပင်။

" သမီးကကိုယ့်ချမ်းနဲ့တူလိုက်တာ..."

ချမ်း,ကိုကို့အပြောကြောင့်သမီးလေးအားကြည့်ပြီးစိတ်လိုလက်ရပြုံးမိရပြန်သည်။ မှန်ပါ၏။ သူ့ကိုယ်ပွါးဟုပြောရမည့်သမီးလေးသည် ကိုကို့လက်ပေါ်တွင်ငြိမ်နေသည်မှာအသံပင်မထွက်။ ချမ်း,သမီးကိုကြည့်ရင်းကြည့်ရင်းနဲ့စကားသံတချို့အားပြန်ကြားယောင်လာခဲ့၏။

("ပြန်လာခဲ့ပါ့မယ်...အမေကသားတို့ဆီပြန်လာခဲ့ပါ့မယ်")

ထိုစကားအားပြန်ကြားယောင်လေတော့ ချမ်း,ဝမ်းနည်းဝမ်းသာဖြစ်ရပြန်ပါသည်။ ချမ်း,မသိတာတစ်ခုက ကိုကိုသည်လည်းသမီးကိုကြည့်နေရင်း သူသတိရလာသည့်နေ့ကမက်ခဲ့သောအိပ်မက်ထဲမှစကားသံများအားပြန်ကြားနေရသည်ဆိုတာကိုပင်။

သမီးလေးသည်အမေပြန်ဝင်စားသည်ဆိုပါက အမေ့ကိုလက်ပေါ်မှာတင်ဆုံးရှူံးလိုက်ရတဲ့ချမ်းလေးအတွက်အများကြီးဝမ်းသာစရာကိစ္စပင်။ ထိုစဥ် ...

"ဟင် !!!"

"ဘာဖြစ်လို့လဲ ချမ်း!"

ချမ်း,သားကိုချီလိုက်စဥ်ကသတိမထားမိသည့်အရာလေး။ သားမျက်နှာလေးရှိအစိတ်အပိုင်းလေးများအားဖွဖွထိတွေ့နေရင်း နှုတ်ခမ်းပါးလေးနားရှိ ကွာလက်စအရေပြားဖက်သေးသေးလေးအားဖွဖွလေးဖယ်ပေးလိုက်တော့မြင်လိုက်ရသည့်အရာလေးက သူ့မျက်လုံးအစုံကိုပြူးကျယ်သွားစေပြီး ထခုန်မိမတတ်ဝမ်းသာသွားရပါ၏။ ထိုအရာလေးက...

"ကိုကို ! ဒီမှာကြည့်စမ်း!!"

ဘုန်းဟန်,ချမ်းညွှန်ပြရာနေရာဖြစ်သည့် သား၏နှုတ်ခမ်းအောက်ဘက်လေးကိုသေချာကြည့်လိုက်လေတော့မြင်လိုက်ရသည်က နှုတ်ခမ်းဘယ်ဖက်အောက်နားရှိမှဲ့နက်လေးတစ်လုံးပါပင်။

သူ့မျိုးဗီဇတွေစုဝေးနေတဲ့သားဆီမှာချမ်းရဲ့သင်္ကေတလေးရှိနေတယ်တဲ့လား။

"ဒါ ဒါက ... ချမ်း ဒါဆို!!"

သူတို့နှစ်ယောက်လုံးရဲ့အကြည့်ကသမီးထံကျရောက်သွားလေ၏။ ချမ်း,လက်လေးတစ်ဖက်ကသမီးနဖူးလေးထံလှမ်းလာပြီးအုပ်ကျနေတဲ့ဆံသားညိုလေးတွေကိုအပေါ်သို့လှန်တင်လိုက်တဲ့အခါ သမီးရောသားရောသည်ပြိုင်တူလိုပင်ပါးစပ်လေးတွေဟကာပြုံးပြုံးလေးတွေဖြစ်လာကြပါတော့သည်။

သမီးလေးမှာလည်း ချမ်း,နမ်းနေကြကိုကို့ဆံဦးချွန်လေးရှိနေခဲ့ပါ၏။ သမီးလေးကလည်းကိုကို့အတိုင်း"က"ကြီးပုံမဟာနဖူးပိုင်ရှင်လေးဖြစ်နေပါတော့သည်။ တစ်နည်းအားဖြင့်ဆိုသော် ကိုကို့ရဲ့မဟာနဖူးနဲ့သူ့ရဲ့မှဲ့နက်လေးတွေဟာ သားနဲ့သမီးဆီမှာပါထပ်တူတကျဖြစ်တည်နေခဲ့ပါတော့သည်။

ဘုန်းဟန်,သူ့လက်ညှိုးကိုတင်းတင်းဆုပ်ကိုင်ထားတဲ့သမီးရဲ့လက်ချောင်းပိစိလေးတွေကိုကြည့်ပြီးချစ်မဝဖြစ်နေရပါသည်။ လက်ပိစိလေးကိုနမ်းလိုက်လေတော့ပြုံးပြီးရင်းပြုံးနေတဲ့သမီးလေးဟာ သူ့ဖခင်ကိုခံစားသိရှိနေသည့်အလား။

"သမီးလေး...ဖေကြီးသမီးလေး"

ထိုအခါ ချမ်း,ကသားကိုကြည့်လိုက်ပြီး...

"တွေ့လား သား, သားဖေကြီးကဘက်လိုက်တယ်နော်...ဖေဖေကအကောင်းဆုံး ဟုတ်တယ်မလား"

"ကြည့် ! ဘာမှမသိသေးတဲ့ကလေးနဲ့သွေးခွဲနေပြီ...အဲ့ဒီအကောင်ပေါက်လေးလည်းကိုယ့်သားပါနော်...ဟုတ်တယ်နော် သားကြီး...ကဲ !!! လာပါဦးကွာ မောင်ရှစ်ပေါင်ကိုချီရအောင်"

ပြောပြောဆိုဆိုသားနဲ့သမီးကိုလဲချီသွားတဲ့ကိုကို...။

"တွေ့လားတွေ့လား ပါးစပ်ကပေါက်ကရစပါပြီ...ပြောပြီးသားနော် ကလေးတွေကိုပေါက်ကရလျှောက်ခေါ်ရင်အငတ်ထားမှာ"

ပြောပြီးမှ အခန်းထဲဝယ်သူတို့ဘဲမဟုတ်ဘဲခွါညိုပါရှိနေတာကိုသတိရသွားပြီးလှည့်ကြည့်လိုက်တဲ့အခါ မယ်မင်းကြီးမကဘယ်အချိန်တည်းကထွက်သွားသည်မသိအခန်းထဲတွင်တောင်မရှိတော့ပေ။

ချမ်း,ကိုကို့ဘက်ပြန်လှည့်လိုက်ပြီး...

"နာမည်မဖျက်ရဘူးနော် ကိုကို"

"နာမည်တောင်မပေးရသေးတာကို ချမ်းရာ..ဟုတ်တယ်မလား ရှစ်ပေါင်လေး"

ဖြန်းးး !! ဖြန်းးး !!

ချမ်း,စိတ်အချဥ်ပေါက်လာရတာနဲ့ ကိုကို့လက်မောင်းကိုနှစ်ချက်လောက်ပိတ်ရိုက်ပေးလိုက်ပါ၏။

" အ ! အ !!  ရိုက်ပြန်ပြီကွာ...သား မင်းဖေဖေက ဖေကြီးကိုရိုက်နေပြီဟ "

"ရိုက်မှာဘဲ ပြောလေကဲလေဖြစ်နေတာအမြင်ကပ်လာပြီ"

ဘုန်းဟန်,ချမ်းနဲ့စကားနိုင်မလုတော့ဘဲနှုတ်ခမ်းဆူပြီးမဲ့တဲ့တဲ့လုပ်ပြတော့ သူ့ကိုအံကြိတ်ပြလာတဲ့ချမ်း။ သဘောက ကြပ်ကြပ်သတိထားဆိုသည့်အမူအရာမျိုးပင်။ ဘုန်းဟန်,သားကိုချီထားရင်းဖြင့်ပင် ချမ်းနဲ့သမီးလေးနားတိုးကပ်သွားကာ ချမ်းလက်ထဲမှသမီးကိုတစ်လှည့် သူ့လက်ထဲမှသားကိုတစ်လှည့်ကြည့်လိုက်ပါ၏။

"ချမ်း..."

"ဗျာ .."

"ကိုယ်တို့မှာကလေးလေးတွေရှိပြီနော်..."

"အင်းလေ ကိုကိုရဲ့ ... သားတစ်ယောက်သမီးတစ်ယောက် ကျွန်တော်တို့ကကလေးနှစ်ယောက်အဖေတွေ"

"အကောင်ပေါက်လေးတွေက ကိုကိုတို့ကိုချစ်မှာပါနော်"

"အော်...မချစ်ဘဲနေမလား ကိုကိုရယ်"

"အေးနော် မချစ်ဘဲဘယ်နေပါ့မလဲ"

ဘုန်းဟန်,စိတ်ထဲလုံးဝအေးချမ်းနေရပါသည်။ ကလေးတွေရဲ့မျက်နှာလေးတွေကိုတစိမ့်စိမ့်ကြည့်ရင်း မေတ္တာတွေယိုဖိတ်ကျလာသလိုတောင်ခံစားနေရသည်။ သူ့ကိုမွေးတုန်းကအဖေနဲ့အမေလည်းဒီလိုခံစားခဲ့ရမှာဘဲပေါ့။ ဘုန်းဟန်,ချမ်းရယ်ကလေးတွေရယ်နဲ့သူ့ရဲ့ရှေ့လာမယ့်နေ့ရက်တွေဟာဘယ်လိုတောင်ပျော်ဖို့ကောင်းနေမလဲဆိုတာတွေးပြီးကျေနပ်ပျော်ရွှင်နေမိသည်။

ကလေးလေးတွေကအရမ်းပြုံးတာဘဲဗျာ။ မျက်လုံးလေးတွေမပွင့်သေးဘဲသွားမပေါက်သေးတဲ့ပါးစပ်လေးကိုဟပြီးပြုံးနေလိုက်ကြတာများ အူယားလို့ကိုက်တောင်စားပစ်ချင်လာပြီ။ ချမ်းကိုကြည့်လိုက်တော့လည်းသမီးကိုပြုံးကြည့်နေတာများမျက်လုံးလေးတွေတောင်ပိတ်ကျတော့မလိုဘဲ။ ကလေးတွေနဲ့အပြိုင်ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော့်ကလေးတွေအဖေပေါက်စလေး။

အကောင်ပေါက်လေးတွေကလည်း ဒီအဖေတွေကိုသိနေသလိုမျိုးကိုလက်ပေါ်မှာတင် ငြိမ်နေပြီးပြုံးနေလိုက်ကြတာဆိုတာရပ်ကိုမရပ်တော့ပါဘူးဗျာ။ ကလေးလေးတွေကြီးလာရင်ရော ဘယ်တစ်ယောက်ကကျွန်တော်နဲ့အမူအကျင့်တွေတူမှာပါလိမ့်။ ဘယ်တစ်ယောက်က ချမ်းရဲ့အမူအကျင့်လေးတွေနဲ့တူနေမှာပါလိမ့်။

ချမ်း,ရင်ခွင်ထဲမှသမီးလေးကိုငုံ့ကြည့်ပြီးအတွေးများနေရပါသည်။ သမီးရဲ့ဆံပင်ညိုလေးတွေကိုကိုင်ကြည့်လိုက် မှဲ့လေးကိုပွတ်ကြည့်လိုက်နဲ့အလုပ်ရှုပ်နေရသည်။

(သမီးလေးက အမေဝင်စားတာများလား... ဟင် သမီး..ဖေဖေ့ကိုပြောပါဦး သမီးဖွားဖွားဝင်စားတာဆိုရင်....)

ထိုစဥ် ရုတ်တရက်ဆိုသလိုပါးကိုအနမ်းခံလိုက်ရတာကြောင့် ချမ်း,အတွေးစပြတ်သွားရသည်။ နမ်းသူကိုလှည့်ကြည့်တော့ ပြုံးပြုံးကြီးကြည့်နေတဲ့ကိုကိုက ခေါင်းငုံ့ကျလာပြီးနှုတ်ခမ်းကိုပါဖိကပ်နမ်းလိုက်ပြန်ပါ၏။ ထို့နောက် သူ့လက်ထဲမှသမီးလေးရဲ့မှဲ့လေးနားကိုဖွဖွလေးထပ်နမ်းလိုက်တဲ့ကိုကိုဟာ သားရဲ့ပါးဖောင်းဖောင်းလေးတွေကိုပါနှာခေါင်းနစ်ဝင်သည်အထိနမ်းပစ်လိုက်ပါသည်။ ထိုအခါ သားမျက်နှာလေးသည်မဲ့ကျသွားပြီး ဟင့်ခနဲရှိုက်သံလေးထွက်ကျလာခဲ့၏။

"ဟင့် ~~~ ဟင့်..."

"အိုးးဟိုးဟိုးး ဖေကြီးကချစ်လို့နမ်းတာလေ သားရယ်"

"ကလေးအသားနုနုလေးကိုအကြမ်းပတမ်းနမ်းတော့ ငိုပြီပေါ့"

ချမ်း,ကသူ့ကိုပြစ်တင်ဝေဖန်လာပြီးနောက် သားကိုချော့မြူလေ၏။

"အော် မကြမ်းပါဘူးဗျာ ဒီတိုင်းလေးနမ်းလိုက်တာပါဗျ"

"မကြမ်းဘဲနဲ့ငိုမလား ကလေးက...ဒီမှာ ဒီလိုလေးနမ်းရတယ်"

ပြောပြောဆိုဆိုနဲ့ချမ်း,ကသားပါးလေးကိုနှာခေါင်းထိပ်ဖျားလေးဝင်သည်ဆိုရုံလေးနမ်းလိုက်တဲ့အခါ မဲ့ကျနေတဲ့သားမျက်နှာဟာတဖြည်းဖြည်းပြန်၍ကြည်လင်လာပြီးပြုံးယောင်ပင်သန်းလာ၏။

"ဟေ့ရောင် မင်းဟာကမဟုတ်သေးပါဘူးကွ ..ငါလည်းမင်းအဖေပါရှစ်ပေါင်ရဲ့"

ဖြန်းး !!! ရိုက်ခံလိုက်ရပြန်ပါသည်။

မတတ်နိုင်ဘူးရိုက်ရိုက်သတ်သတ်ပြောစရာရှိတာတော့ပြောရမှာဘဲ...ဘယ်နှယ့် ကိုယ်နမ်းတော့ငိုပြီးသူ့အဖေသေးသေးနမ်းတာကျတော့ပြုံးတယ်တဲ့။ အော် ငါ့ဟာနဲ့လူဖြစ်လာပြီး မျက်လုံးတောင်မပွင့်သေးဘူးကျေးဇူးကကန်းချင်ပြီပေါ့။ မင်းကြီးလာရင်ငါနဲ့တွေ့မယ် ရှစ်ပေါင်။

ထို့နောက်မှာတော့ ခွါညိုတစ်ယောက်ပြန်ရောက်လာ၍သူနဲ့ချမ်းကလေးတွေကိုနေရာမှာပြန်ပို့ကာ ဟားနတို့ဆီတစ်ခေါက်ပြန်လာခဲ့ပါတော့သည်။

အဲ့ဒီနောက်မှာတော့ သူနဲ့ချမ်းရဲ့ဂျပန်မှာရှိနေခဲ့တဲ့ နှစ်လဆိုတဲ့အချိန်ကာလသည်ဆေးရုံနဲ့ဟိုတယ်လူးလာခေါက်ပြန်သွားလာရင်းဖြင့်ဘဲကုန်ဆုံးခဲ့ပါသည်။ ဟားနလည်းဆေးရုံဆင်းခဲ့ပြီးဖြစ်သလို ဂျပန်မှာဘဲအခြေချတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့ခွါညိုသည်လည်းလိုအပ်တဲ့သင်တန်းတွေတက်နေရင်းဖြင့်အလုပ်ရှုပ်နေခဲ့ပါတော့သည်။ ငယ်ငယ်လေးတည်းကအနီးကပ်ပေါင်းသင်းနေခဲ့တဲ့သူငယ်ချင်းအရင်းကြီးနဲ့တွေ့ဖို့မလွယ်တော့ဘူးဆိုပြီး သုံးရက်လောက်ဝမ်းနည်းနေခဲ့တဲ့ အဖေသေးသေးလေးကိုလည်းအမှန်အ
ကန်ဖေးမပြီးအားပေးခဲ့ရပါသေးသည်။

လူတိုင်းဟာကိုယ့်ဘဝနဲ့ကိုယ်မို့လို့အရာအားလုံးကို နားလည်ပေးတတ်ရန်ကြိုးစားနေထိုင်ရမည်မဟုတ်ပါလား။

ကလေးတွေရှိတဲ့ဆီရောက်လို့ ရန်ကုန်မှာကျန်ခဲ့တဲ့မိဘတွေနဲ့ကလေးတွေကိုပြရင်း video call ပြောချိန်တိုင်းဟာသူ့အတွက်တော့ မိဘမေတ္တာပိုပိုပြီးနားလည်သိရှိလာရတဲ့နေ့ရက်တွေပါပင်။ သူမိဘမေတ္တာကိုတဖြည်းဖြည်းနားလည်လာရသလို ချမ်း,ကိုလည်းနားလည်သ‌ဘောပေါက်လာစေချင်တဲ့အတွက်  ကောင်လေးရင်ထဲမှာရှိနေမယ့်သူ့အဖေနဲ့ပတ်သက်တဲ့အစိုင်အခဲတွေကိုဖြည်းဖြည်းချင်းဖျော်ချပေးရပါ၏။ အဲ့ဒီလိုဖျော်ချပေးတဲ့နေ့တွေမှာတော့ ချမ်း,ကသူ့ရင်ခွင်ထဲခေါင်းတိုးပြီးဝမ်းနည်းပြတတ်ပါသည်။

ဒီလိုနဲ့အချိန်တွေကုန်လာလိုက်တာ နှစ်လကြာပြီးတဲ့နောက်မှာတော့ သူတို့မိသားစုလေး သူရယ် ချမ်းရယ် သားကြီးရယ် သမီးငယ်ရယ်ဆိုတဲ့မိသားစုလေးဟာ ဆာကူရာမြေကိုကျောခိုင်းပြီး ပိတောက်တွေပျော်ရာမြေဆီပြန်လာခဲ့ပါတော့သည်။ ဆာကူရာမြေကိုအပြီးတိုင်ကျောခိုင်းခြင်းမဟုတ်၍ ဝမ်းနဲ့လွယ်ပေးခဲ့တဲ့ကျေးဇူးရှင်မိသားစုဆီကလေးတွေကိုအလျဥ်းသင့်ရင်သင့်သလိုအလည်ခေါ်သွားပေးရဦးမှာပင်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲကနေထွက်လာတဲ့သူတို့မိသားစု။ သေချာပြောရမည်ဆိုလျှင် သားကိုလက်တစ်ဖက်နဲ့ပွေ့ထားပြီး ကျန်လက်တစ်ဖက်ကချမ်း,ပခုံးကိုဖက်ထားတဲ့သူ့ပုံစံနဲ့ သမီးကိုလက်နှစ်ဖက်နဲ့ပွေ့ချီထားတဲ့ချမ်းရဲ့ပုံစံဟာ အဲ့ဒီနေ့ရဲ့ Trend တစ်ခုဖြစ်သွားသည်ဟုဆိုရမည်။

သူတို့မိသားစုရဲ့ထိုပုံရိပ်လေးကို သူတို့အတွဲကိုသိနေတဲ့တစ်ယောက်ယောက်ကရိုက်ပြီးတင်လိုက်ပုံရပါသည်။

""တဖြည်းဖြည်းတည်လာလိုက်တာ ကလေးလေးနှစ်ယောက်တောင်မြဲသွားပြီ""

သူတို့နှစ်ယောက်ရဲ့လက်တွဲတွေခိုင်မြဲလာတာ ကလေးနှစ်ယောက်ကသက်သေဟုပြောချင်ပုံရသည်။ တကယ်တော့လေ...

*လိင်တူလိင်ကွဲမှမဟုတ်ပါဘူး နှစ်ဦးနှစ်ဖက်သစ္စာမေတ္တာစစ်မှန်ရင် ဆင်းရဲရဲချမ်းသာသာ အချစ်ဆိုတဲ့အရာကမင်းရဲ့ပျော်ရွှင်မှုလေးဖြစ်လာမှာပါ*

မင်းတို့လက်တွဲတွေတကယ်ခိုင်မြဲရင် မင်းတို့သစ္စာတရားတွေမှန်ကန်နေရင် နှာခေါင်းရှုံ့ချင်တဲ့သူတွေကိုတည့်တည့်ကြည့်ပြီးမေးလိုက်စမ်းပါ။

ခင်ဗျားရဲ့လက်တွဲဖော်ကခင်ဗျားအတွက်...စိတ်ချရပြီလား?

လို့မေးပြီး ဥာဏ်မှီသလောက်တွေးခိုင်းလိုက်စမ်းပါလေ...။

===========================

ည ၂ နာရီ...။

တအဲ့အဲ့နဲ့အစပြုလာတဲ့ခပ်စူးစူးငိုသံလေးကိုကြားလိုက်ရတဲ့အခါ ဘုန်းဟန်,မျက်လုံးတွေဖျတ်ခနဲပွင့်သွားရပြီး အသံလာရာဆီအပြေးတစ်ပိုင်းထထွက်သွားပါ၏။

ဘုန်းဟန်,ပုခက်ကုတင်လေးနားအရောက် ခြေကားယားလက်ကားယားလေးနဲ့တစ်ရေးနိုးထငိုနေတဲ့သားကိုသူ့အသံပေးလိုက်ပြီးကောက်ချီလိုက်ပါ၏။

"ကျွတ်ကျွတ်ကျွတ်ကျွတ် သားရေ သားရေ ဖေကြီးရှိတယ်လေ"

သူ့အသံလည်းကြားရော ကိုးလအရွယ်ရောက်နေပြီဖြစ်တဲ့သားဟာအငိုတိတ်သွားပြီးမျက်လုံးလေးပြူးကာ ရှိုက်သံတစ်ဝက်ဖြင့်သူ့အားလိုက်ရှာပါ၏။ သူကောက်ချီလိုက်ချိန်မှာတော့သားကသူ့ပါးစပ်လေးထဲလက်မထည့်ပြီးတပြွတ်ပြွတ်စုပ်ရင်းပခုံးပေါ်မေးတင်မှေးပါလေတော့သည်။ သူသားကျောပြင်လေးကိုပွတ်ပေးပြီးသမီးရှိရာပုခက်လေးဆီလျှောက်သွားပြီး သမီးအားငုံ့ကြည့်လေတော့ သူ့အစ်ကိုငိုသံကြောင့်နိုးသွားပုံရတဲ့သမီးဟာ သူ့ကိုလည်းမြင်ရောတခစ်ခစ်ရယ်ပြပါတော့သည်။ ဒီအတောအတွင်း သူသတိထားမိရသလောက် သမီးကသူ့ကိုပိုကပ်ပြီး သားကတော့ချမ်းမှချမ်းပင်။  ကျွန်တော့်သားပီသပါပေ့။

"အင်...ကို သားနိုးတာလား"

အသံကြောင့်သူလှည့်ကြည့်လိုက်တော့မွေ့ရာပေါ်မှာငုတ်တုတ်ထိုင်ပြီးအိပ်ချင်မူးတူးဖြစ်နေတဲ့ချမ်း,ကိုတွေ့လိုက်ရသည်။

ညဝတ်အင်္ကျီကအနည်းငယ်လျောကျနေတာကြောင့် ချမ်း,ရဲ့ညှပ်ရိုးဖွေးဖွေးလေးကိုအတိုင်းသားမြင်နေရသည်။ ယခင်ကအတူနေပြီးတဲ့ညတိုင်းအဝတ်မကပ်နိုင်ဘဲအိပ်အိပ်သွားတတ်တဲ့သူတို့နှစ်ယောက် ကလေးတွေရောက်လာပြီးနောက်မှာတော့ အတူနေပြီးသွားတိုင်းညဝတ်အင်္ကျီတွေသတိတရဝတ်ဖြစ်လာ၏။ ‌ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်လေးတွေဟာ ခေါင်းလျှော်ထားတဲ့အတွက်ခပ်ဖွာဖွာလေးဖြစ်နေကာအုပ်ကျနေတဲ့အတွက် ချမ်း,တစ်ယောက်
လုံးလုံးလေးဖြစ်နေပြန်သည်။ ၂၈နှစ်ပြည့်ပြီး၍ ၃၀ နားကပ်လာသည့်တိုင် ချမ်း,ကသူ့မျက်စိထဲမှာတော့ထာဝရကလေးလေးလိုပင်။ ကြာလေနုလေဖြစ်လာတဲ့ချမ်း,ကိုကလေးလိုဘဲမြင်နေတာသူ့အပြစ်မဟုတ်ပါ။

"ချမ်းအိပ်လေ..ပင်ပန်းထားတာကို သားကိုကိုယ်သိပ်လိုက်မယ် ပြန်အိပ်နော်"

ခေါင်းယမ်းပြလာတဲ့ချမ်း,ကမွေ့ရာပေါ်မှဆင်းလာကာမျက်လုံးတွေပွတ်သပ်ရင်း သူ့နားလျှောက်လာပြီး...

"သားနိုးတာကြာပြီလား ချမ်းကိုပေးလေ"

ပြန်အိပ်ပျော်ခါစဖြစ်နေပြီဖြစ်တဲ့သားသည် ချမ်း,အသံကြားတာနှင့် ဆတ်ခနဲခေါင်းလေးထောင်လာပြီး...

"အဲ့...ဟင့်ဟင့် ~~~"

တဟင့်ဟင့်အသံပြုကာတစ်ဖန်ပြန်လူးလွန့်လာလေ၏။

"တွေ့လား မင်းသားကမင်းအသံကြားတာနဲ့မရဘူး"

"ဒီကိုပေး...သားကိုမဝေဖန်နဲ့"

သူ့လက်ထဲမှသားကိုလက်လွှဲယူသွားပြီး သူ့ကိုလျစ်လျူရှုသွားတဲ့သားအဖလေးကို ဘုန်းဟန်,ပြုံးပြီးသာကြည့်နေလိုက်သည်။ ချမ်း,ကသွားရည်တွေပေနေတဲ့သားရဲ့လက်မပိစိလေးကိုပွတ်သုတ်ပေးနေပြီးအသံမျိုးစုံနဲ့ချော့မြူနေလေ၏။ တခစ်ခစ်ရယ်မောနေတဲ့သားကသူ့ဖေဖေကိုပစ်ကြွေနေပုံပင်။

"ဖေဖေ့ ပြေ့ရေးကနိုးနာရား...ဖေဖေ့ ပြေ့ရေးကနို့နို့ချာရို့ယက်မဂိုချုပ်နာရား ဖေဖေရီးကပြေ့ရေးဂိုနို့နို့တိုက်ဖူးရား အင်းအင်း ဖေဖေရိုက်လိုက်မယ်နော် အို့အို့အို့ အမလေး အမလေး ရယ်တယ်ဗျ ဖေ့ကလေးလေးကရယ်တယ်ဗျ ဟ့ ရယ်နေပြန်ပြီဗျ..! အမလေးဗျ ချစ်လိုက်တာဗျ ဖေဖေ့ ပြေ့လေးကိုနမ်းပါရစေဗျ"

အူးးးးမွ ..... !!

"ရှူးရှူးပေါက်ထားလားကြည့်ပါရစေဗျ..."

ချမ်း,သားကိုအိပ်ရာပေါ်သာသာလေးချလိုက်ပြီး diperလဲပေးရန်ဆွဲချွတ်လိုက်ပါ၏။ diperဆွဲချွတ်လိုက်တော့ ချမ်း,မြင်ကွင်းထဲသားရဲ့အဲ့ဒါလေးဝင်လာတာကြောင့် အူယားလာရပြီး..

"အမလေး ချစ်စရာငရုတ်သီးတောင့်လေးပါဗျ!"

ဘုန်းဟန်,ထိုသားအဖကိုကြည့်ပြီးမနိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းတယမ်းယမ်းလုပ်မိပြီးသမီးဆီလျှောက်လာလိုက်ပါ၏။ သမီးကိုကြည့်လိုက်တော့ မှောက်ခုံဖြစ်နေပြီဖြစ်တဲ့သမီးဟာပုခက်ကုတင်တိုင်တွေကြားကနေသူတို့ကိုချောင်းကြည့်နေသည်အားတွေ့လိုက်ရသည်။ ချစ်စရာအပြုအမူလေးကြောင့် ဘုန်းဟန်,အသည်းတယားယားဖြစ်သွားပြီးသမီးကိုကောက်ချီလိုက်ပါ၏။

"ချမ်းချမ်းကဖေကြီးတို့ကိုကြည့်နေတာလား ဟင် ကလေးလေးရဲ့!"

"ခစ်ခစ်...ခစ်"

တခစ်ခစ်ရယ်သံပြုလာတဲ့သမီးကသူ့မျက်နှာကိုလက်သေးသေးလေးတွေဖြင့်အုပ်ကိုင်လာပြီး ပါးအားကိုက်ဆွဲပါ၏။ အပေါ်သွားနှစ်ချောင်းအောက်သွားနှစ်ချောင်းပေါက်ခါစလေးတွေမို့ယားကျိကျိတော့ဖြစ်ပါသည်။

သူ့ရဲ့အမေးစကားကိုကြားသွားတဲ့ ချမ်း,ကသားကို diperလဲပေးနေရင်း...

"ဟုတ်လားသမီး...ဖေဖေတို့ကိုကြည့်နေတာပေါ့"

ထို့နောက်မှာတော့ချမ်း,ကသားကိုချီပြီးသူတို့နားလျှောက်လာပါတော့သည်။ ထိုညကတော့ ကလေးနှစ်ယောက်ကိုတစ်ယောက်တစ်လှည့်စီမြှူနေရင်းဖြင့်ပင်အချိန်တစ်နာရီခွဲခန့်ကုန်သွားပြီးတဲ့နောက်မှာတော့ သားနဲ့သမီးလည်းပြန်အိပ်ပျော်သွားပါ၏။ သူတို့နှစ်ယောက်လည်းမနက်လေးနာရီလောက်မှဘဲပြန်အိပ်ဖို့လုပ်ရပါတော့သည်။ ထုံးစံအတိုင်း ချမ်း,ကတော့သူ့ရင်ခွင်ထဲမှာဘဲနေသားတကျအိပ်ပျော်သွားမြဲပင်။

==================================

ဘုန်းဟန်,သားနဲ့သမီးရဲ့နဖူးလေးတွေကိုတစ်လှည့်စီနမ်းလိုက်ပြီးရုံးသွားဖို့ရန်အတွက်မတ်တတ်ထရပ်လိုက်တော့ လည်ပင်းတစ်ဆုံးမော့ကြည့်လာတဲ့ချစ်စရာရင်သွေးလေးနှစ်ယောက်။

"အမေ !! ကျွန်တော်သွားတော့မယ်"

"အေး အေး သား!! အမေလာပြီ"

ဒေါ်မေသူအောင် အအေးခံထားတဲ့နို့ဘူးနှစ်ဘူးကိုကိုင်ပြီးမီးဖိုခန်းမှကပျာကယာပြန်ထွက်လာခဲ့ပါ၏။

"သွားတော့မှာလား သား"

"ဟုတ်အမေ...ဒါနဲ့ဒီနေ့အမေတို့ဟိုဘက်အိမ်သွားမှာလား"

ဟိုဘက်အိမ်ဆိုသည်မှာ ချမ်းရဲ့အဖေဦးနေလင်းမောင်၏အိမ်ကိုဆိုလိုခြင်းဖြစ်သည်။ ချမ်းနဲ့သူ့အဖေပြန်အဆင်ပြေတာမကြာသေးပါ။ သူ့ရဲ့ဖျောင်းဖျပေးမှုတွေ နားသွင်းပေးမှုတွေဟာတဖြည်းဖြည်းနဲ့အလုပ်ဖြစ်လာပြီး အဆုံးမှာတော့သားအဖနှစ်ယောက်ရဲ့ပြန်ဆုံခန်းဟာဝမ်းသာမျက်ရည်တွေနဲ့ပြည့်နှက်ခဲ့ပါသည်။ အဖေကိုတော့ပြန်လက်ခံခဲ့တဲ့ကောင်လေးက သူ့အစ်ကိုဆိုသူ၏အကြောင်းကိုတော့လုံးဝဟခွင့်မပေးခဲ့ပေ။ သူ့အစ်ကိုဆိုသူကြောင့် ဖြစ်သွားခဲ့ရတဲ့ကျွန်တော့်ရဲ့ ၂နှစ်ကျော်ကြာအိပ်စက်မှုဟာ တစ်ခါတစ်ရံမှာချမ်း,ကိုအိပ်မက်ဆိုးအဖြစ်ခြောက်လှန့်နေဆဲပါ။  ထို့ကြောင့် ကျွန်တော်လည်းသူ့အစ်ကိုနဲ့ပြန်ပြေလည်ဖို့ကိုတော့အတင်းအကြပ်မတိုက်တွန်းဖြစ်ခဲ့ပေ။

အဖေဖြစ်သူနဲ့ပြန်အဆင်ပြေသွားပေမယ့် ချမ်း,သည်ယခုထိတော့သူ့အဖေကိုစကားဟက်ဟက်ပက်ပက်တော့မပြောသေး။ သူတို့နှစ်ယောက် ဦးနေလင်းမောင်ဆီကလေးတွေနဲ့သွားတွေ့ဖြစ်ပေမယ့် အမေတို့သွားလည်သလောက်တော့ အခေါက်ရေမများပေ။ ပြန်ကြားရသည့်စကားတွေအရ သမီးငယ်သည်ကျွန်တော့်အဖေသူ့အဖိုးနဲ့တော့အဆင်ပြေသလောက် ဖိုးဖိုး(ဦးနေလင်းမောင်) ချီသည်ဆိုပါကပြဲလန်နေအောင်အော်ငိုပြီး တူးတူးခါးခါးဖြစ်သည်ဆို၏။

ဦးနေလင်းမောင်ကိုသူနဲ့ချမ်းရဲ့အိပ်မက်တွေအကြောင်းပြောပြလေတော့ ဦးနေလင်းမောင်က သူ့အပြစ်တွေပါ ဟုဆိုကာမျက်ရည်ကျခဲ့ပါ၏။

ချမ်း,ကိုဆေးရုံလိုက်ပို့ပြီးတိုင်း ကလေးနှစ်ယောက်ကိုအမေတို့ဆီမှာဘဲအပ်ခဲ့ရပြီးသူရုံးသွားရ၏။ ထိုကြောင့် ကလေးတွေသည်ရုံးဖွင့်ရက်တွေဆိုလျှင် အမေတို့အိမ်မှာသာအနေများလေသည်။ ကလေးတွေအနေများလေ ဦးမြတ်ဟန်နဲ့ဒေါ်မေသူအောင်အကြိုက်တွေ့လေပင်။ ထိုအခါ ကလေးတွေခေါ်ပြီးဦးနေလင်းမောင်ဆီပါခရီးဆန့်တတ်ကြပါသေးသည်။ ယနေ့လည်းဦးနေလင်းမောင်ဆီသွားမည်အထင်ဖြင့်မေးလိုက်တဲ့အခါ အမေကကလေးတွေနားထိုင်ချပြီးခေါင်းခါပြလာ၏။

"မသွားဖြစ်ဘူး သား...ဒီနေ့တော့သူလာခဲ့မယ်ပြောတယ်"

"ဟုတ်လား..အမေ"

"အင်းးး သူလည်းအပြင်လေးဘာလေးထွက်ချင်မှာပေါ့သားရယ်.. သူလာမယ်ဆိုလို့ မင်းအဖေတောင်ဘုရားစောစောရှိခိုးနေတယ်"

ဘုန်းဟန်,မျက်ခုံးတွေတွန့်သွားရပြီး...

"ဘာဖြစ်လို့လဲ အမေ"

"check ထိုးလို့မျောသွားရင် ဘုရားရှိခိုးဖို့မေ့နေမှာစိုးလို့တဲ့လေ"

"ဟားဟား အဖေတို့ကတော့ အမေ့ကိုတစ်ယောက်တည်းကလေးထိန်းခိုင်းတာပေါ့"

"အမလေး သူတို့ကလေးလာမထိန်းလေကောင်းလေဘဲ မဟုတ်ရင်နားတွေငြီးလွန်းလို့ အမေ့မြေးတွေနဲ့အမေကအေးဆေး ဟုတ်တယ်မလား မြေးတို့!"

ဘုန်းဟန်,အမေ့ကိုကြည့်ပြီးပြုံးမိရပြန်သည်။ အမေကတော့ရုံးပိတ်ရက်တွေကိုမုန်းသည်ဆို၏။ ရုံးပိတ်ရက်မို့လို့ကလေးတွေသွားမပို့ရင် သူ့ကိုသူ့မြေးတွေနဲ့ခွဲထားပြီးလွမ်းနာကျသေအောင်လုပ်နေသလားဟုပင်စကားနာထိုးတတ်ပါသည်။ ထို့ပြင် ကွန်ဒိုရောင်းပြီးအိမ်မှာပြန်လာနေကြဖို့လည်းမကြာခဏပြောတတ်ပါသေး၏။ ဘာဘဲဖြစ်ဖြစ်အမေ့သောကကိုငြိမ်းပေးလိုက်နိုင်သည်က ချမ်းနဲ့သူ့အတွက်မဟာအောင်မြင်မှုကြီးပင်။

ဘုန်းဟန်,ကလေးတွေကိုတစ်ခေါက်ထပ်နမ်းလိုက်ပြီးနောက်...

"ကဲ အမေ ! ကျွန်တော်သွားမယ် ပြီးတော့ အစည်းအဝေးရှိလို့ညနေနည်းနည်းနောက်ကျမယ်နော်"

"လာမခေါ်လေ ကောင်းလေ"

ဘုန်းဟန်,ဘာစကားမှမဆိုတော့ဘဲ ကလေးတွေကိုအာဟာရကျွေးနေတဲ့ အမေ့ကိုသာတစ်ချက်ကြည့်လိုက်ပြီးခေါင်းခါမိပါသည်။

ထို့နောက်မှာတော့ ခြံထဲကနေမောင်းထွက်သွားတဲ့ကားလေးဟာ ညနေတွေဆိုလျှင်လည်းထိုခြံလေးဆီပြန်လာလေ့ရှိပါ၏။ ညနေပြန်လာရင်တော့ မောင်းသူဘေးမှာကလေးအဖေလေးတစ်ယောက်ပါပါလာတာပေါ့။ မနက်ဆိုချမ်း,ကိုဆေးရုံပို့ ကလေးတွေကိုအမေ့အိမ်ပို့ ပြီးရင်ရုံးသွား...ညနေဆိုရုံးဆင်း ချမ်း,ကိုပြန်ကြို ကလေးတွေကိုပြန်လာခေါ် ပြီးရင်အိမ်ပြန် ညတွေဆိုသားအဖတွေ တရုန်းရုန်းနဲ့သူတို့အိမ်လေးဟာအမြဲဆူညံနေတတ်တာပေါ့။

နိစ္စဓူဝလုပ်နေရတဲ့ကိစ္စတွေဆိုပေမယ့် ချမ်းနဲ့ကလေးတွေအတွက်ဆို သူဟာအမြဲလန်းဆန်းတက်ကြွနေမြဲပင်။ နောက်ပိုင်းနေ့ရက်တွေဟာသူတို့နှစ်ယောက်အတွက် ဘယ်လိုမှမမေ့မယ့်အမှတ်တရတွေပင်။

===========================

ဒီလိုနဲ့  ဒီလိုနဲ့.......သူအသက် ၃၅နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ၃၁နှစ်ရှိပြီဖြစ်တဲ့ ချမ်းလေးကိုပိုပိုချစ်လာရမြဲပေါ့။

ချမ်း,တံခါးဖွင့်ပြီးအိမ်ထဲခြေအချ...သူ့ခြေထောက်ဖျားမှသည် ဧည့်ခန်းတစ်ခန်းလုံးနီးပါးပြန့်ကျဲနေတဲ့ အရုပ်ပင်လယ်ကြောင့်သွေးတက်မလိုဖြစ်သွားရသည်။

ဟူးးးးးး....

"ဘုန်းပြေ့ !!!"  "ချမ်းဟန် !!!"

"ဂျာ !!! "  "ချင် !!!"

"ချမ်း !!! ကိုကိုလာပြီ ကိုကိုလာပြီ !!!"

(လာခဲ့ လာခဲ့ !! သုံးယောက်လုံးနာဖို့သာပြင်ပေတော့!!)

မရှေးမနှောင်းမှာပင်...မီးဖိုခန်းထဲက‌နေ diper ကိုယ်စီနဲ့လုံးတုံးလုံးတုံးပြေးထွက်လာတဲ့အကောင်သေးနှစ်ယောက်ရယ်...ပန်းကန်းပြားနှစ်ချပ်ကိုကိုင်ပြီးပြေးထွက်လာတဲ့အကောင်ကြီးတစ်ယောက်ရယ်ကိုတွေ့လိုက်ရပါသည်။

ဆံပင်နက်နက်တွေကို မဟာနဖူးလေးပေါ်အောင်လှန်ဖြီးထားတဲ့ အကြီးကောင်လေးဂာကလေးဝတ်ဂျူတီကုတ်ဖြူလေးကိုဝတ်ဆင်ထားပြီးအထဲမှာတော့ diperမှလွဲ၍လုံးတီးလေးဖြစ်နေ၏။ ထို့အတူ ဆံညိုရှည်လေးကိုခေါင်းပေါ်မှာဆံထုံးလုံးလေးထုံးထားတဲ့အငယ်ဆုံးလေးကတော့ ကလေးဝတ် suit coatအနက်လေးနှင့်ဖြစ်နေ၏။ ဘယ်သူ့လက်ချက်လည်းမေးစရာမလို။ ပိတ်ရက်တွေတိုင်းကလေးတွေနဲ့ပေါက်ကရဆော့တတ်တဲ့သူငယ်ပြန်နေတဲ့လူကြီး၏လက်ချက်ပင်။

ထို့နောက်မှာတော့ ချမ်း,သမီးရဲ့ထူးဆန်းနေတဲ့မျက်နှာကိုသေချာကြည့်လိုက်ပြီးတဲ့နောက်မှာတော့ မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေဟာ ယောက်ျားလုပ်သူထံဒိုင်းခနဲရောက်သွားရပြီး..

"ဦးအောင်ဘုန်းဟန် !! ခင်ဗျားတော့လား !!!"

ဒေါသမထွက်ရိုးလား။ ကြည့်ဦးလေဗျာ ကလေးမျက်နှာနုနုကိုဘာလုပ်ထားတယ်မှတ်လဲ? မှုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးနဲ့ပါးသိုင်းမွေးလိုပုံစံဖြစ်အောင် ဆော့ပင်အနက်နဲ့ခြယ်ထားတယ်လေ...။ ငါ့သမီးကိုမားဖီးယားဇာတ်သွင်းနေတာ ဒင်းက။

ခင်ဗျားသေဖို့ပြင်ထားလိုက်တော့ ဦးအောင်ဘုန်းဟန်ရေ...။
______________________________________
𝙆𝙈𝙏-💜-
𝟐𝟕 𝙅𝘼𝙉,𝟐𝟎𝟐𝟐-♒-
နောက်ကျသွားလို့ ဆောရီးပါဗျ 🙏🙏🙏

Zawgyi ⬇️

အႁမႊာေလးတို႔ေမြးၿပီးတစ္ပတ္ခန္႔ၾကာေသာ္.....

သုံးလပိုင္းလဆန္းေလာက္မွေမြးမယ္လို႔ခန္႔မွန္းထားခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ကေလးေတြဟာရက္အနည္းငယ္ေစာၿပီးေရာက္လာခဲ့ပါတယ္။ ဒီလိုေစာေစာေရာက္လာမယ္မွန္း မထင္မွတ္ထားခဲ့တာေၾကာင့္ ‌‌ဂ်ပန္သြားမယ့္မူလအစီအစဥ္ကိုဖ်က္ၿပီး အစီအစဥ္သစ္တစ္ခုအျမန္ဆြဲရေတာ့တာေပါ့။ ‌ကြၽန္ေတာ့္ရဲ႕႐ုံးအလုပ္ေတြကိုေတာ့ထုံးစံအတိုင္း အေဖ့လက္ထဲအပ္ခဲ့ၿပီး ခ်မ္း,ရဲ႕အလုပ္ေတြကေတာ့အေမနဲ႔လင္းထြဋ္တာဝန္ျဖစ္သြားရျပန္ပါတယ္။ ဗီဇာကိစၥနဲ႔တျခားကိစၥအဝဝစီစဥ္ၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္နဲ႔ခ်မ္း ကေလးေတြကိုျပန္ေခၚမယ့္ခရီးစခဲ့ပါ၏။

ပထမတစ္ေခါက္ဂ်ပန္လာတုန္းကတစ္လမ္းလုံးအိပ္လိုက္လာခဲ့တဲ့ခ်မ္း,ယခုတစ္ေခါက္မွာေတာ့ ဂ်ပန္အျမန္ေရာက္ခ်င္စိတ္ကသာႀကီးစိုးေနတာေၾကာင့္အိပ္ဖို႔လည္းသတိမရေတာ့။ ဖင္တႂကြႂကြျဖစ္ေနတဲ့ေကာင္ေလးဟာ ျဖစ္ႏိုင္ရင္ေလယာဥ္ျပတင္းကေနခုန္ဆင္းပစ္ခ်င္ေနသည့္အလား။

ဘုန္းဟန္,သူ႔ေဘးမွအျမန္ေရာက္လိုေဇာကပ္ေနသည့္မ်က္ႏွာႏွင့္အမ်ိဳးသားေလးအားငဲ့ေစာင္းၾကည့္လိုက္ပါသည္။ လက္ဖဝါးေတြကိုအခ်င္းခ်င္းပြတ္သပ္ေနတဲ့ခ်မ္း,ကသူၾကည့္ေနတာသိေတာ့ သူ႔ကိုျပန္ၾကည့္လာၿပီးတစ္ဝက္တည္းေသာ အၿပဳံးကိုခပ္ျမန္ျမန္ၿပဳံးျပၿပီးအေရွ႕ျပန္လွည့္သြားပါသည္။ လက္ဖဝါးေတြအခ်င္းခ်င္းပြတ္လိုက္  ဒူးေခါင္းကိုလက္ဖဝါးျဖင့္ပြတ္လိုက္နဲ႔ဂနာမၿငိမ္ျဖစ္ေနတဲ့သူရဲ႕ရင္ထဲမွာ "ျမန္ျမန္ေရာက္ပါေတာ့" ဟုေအာ္ဟစ္ေနပုံရပါသည္။

ဘုန္းဟန္,ခ်မ္းရဲ႕လက္ကေလးေတြကိုဆြဲယူလိုက္ၿပီး ပူပန္မႈေတြေလ်ာ့ပါးေစရန္ရည္႐ြယ္ကာ တင္းတင္းအုပ္ကိုင္ထားလိုက္ပါ၏။ ခ်မ္း,၏ပူပန္မႈေတြကိုေလ်ာ့ေစလိုသူ၏လက္အစုံသည္လည္း စိတ္လႈပ္ရွားမႈေၾကာင့္ေအးစက္စက္ျဖစ္ေနလ်က္။ အားလုံးၿခဳံငုံလိုက္ရလွ်င္ စိတ္လႈပ္ရွားျခင္း၊ ပူပန္ျခင္းဆိုတဲ့ခံစားခ်က္ေတြေပါင္းစပ္ပါဝင္ေနတဲ့ဖခင္ႏွစ္ေယာက္ရဲ႕လက္ေတြသည္ တစ္ဦးထက္တစ္ဦးမပိုေသာမေလ်ာ့ေသာအေနအထားျဖင့္ေအးစက္ေနခဲ့ၾကပါသည္။

တိုက်ိဳသို႔ေရာက္ၿပီျဖစ္ေၾကာင္း announce လုပ္ခ်ိန္မွာေတာ့ ‌ႏွစ္ေယာက္သား၏ဆုပ္ကိုင္ထားေသာလက္မ်ားသည္ပို၍တင္းက်ပ္သြားရေလၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကတဲ့အခါ ထပ္တူက်တဲ့အၿပဳံးေတြဟာအသက္ဝင္စြာျဖစ္တည္လာခဲ့၏။ မၾကာေတာ့ေသာအခ်ိန္ကာလတြင္ သူတို႔ရင္ေသြးေလးေတြကိုပိုင္ပိုင္ႏိုင္ႏိုင္ႀကီးေပြ႕ခ်ီၾကရေတာ့မည္။ ႏုႏုအိအိပါးျပင္ေလးေတြကိုနမ္းရႈိက္ၿပီး အႀကီးေလးကေတာ့ဘယ္သူနဲ႔တူတယ္ အငယ္ေလးကေတာ့ဘယ္သူနဲ႔တူတယ္ဆိုၿပီး ေမတၱာဂုဏ္ဆာပြဲႀကီးျဖင့္ပီတိျဖစ္ရေပဦးေတာ့မည္။

========================

ပထမတစ္ေခါက္လာႀကိဳတဲ့လူငယ္ေလးဘဲ ဒီတစ္ေခါက္မွာလည္းလာႀကိဳပါ၏။ ကြၽန္ေတာ့္လက္ေတြကိုမလြတ္တမ္းဆုပ္ကိုင္ထားတဲ့ခ်မ္း,ရဲ႕လက္ေလးေတြဟာ ကေလးေတြနဲ႔နီးလာေလေလပို၍တင္းက်ပ္လာေလေလပင္။ ေကာင္ေလးစိတ္အရမ္းလႈပ္ရွားေနၿပီမွန္းခံစားရတာေၾကာင့္ ဘုန္းဟန္,ခ်မ္းလက္ေလးကိုဖြဖြပုတ္ေပးလိုက္ရင္းတီးတိုးစကားဆိုလိုက္သည္။

"ခ်မ္း...စိတ္ေအးေအးထားေလ လက္ေတြေအးစက္ေနၿပီ"

ေျပာလည္းေျပာ ခ်မ္း,လက္ေလးကိုသူ႔လက္ျဖင့္ပြတ္ေပးရင္းအေႏြးဓာတ္ေပးလိုက္ပါ၏။

"စိတ္ကသူ႔ဟာသူျဖစ္ေနတာေလ ကိုကိုရဲ႕..."

"ေျပာမယ္သာေျပာရတာ ကိုကိုလည္းစိတ္လႈပ္ရွားတယ္"

"ေတြ႕လား ကိုကို...ကေလးေတြကအခုတည္းကကြၽန္ေတာ္တို႔ကိုႏိုင္စားေနၿပီ"

"ႀကိဳက္သေလာက္ႏိုင္စားစမ္းကြာ ! ေဖႀကီးကအားလုံးကိုအရႉံးေပးၿပီးခ်စ္ျပလိုက္မွာ"

ကိုကို႔ရဲ႕႐ႊတ္ေနာက္ေနာက္စကားအဆုံးမွာႏွစ္ေယာက္သားၿပိဳင္တူရယ္ေမာလိုက္ၾကတဲ့အတြက္ လႈပ္ရွားေနတဲ့စိတ္ေလးေတာင္အနည္းငယ္ေပါ့ပါးသြားရပါသည္။

ကိုကိုနဲ႔သူေထြရာေလးပါးေျပာရင္းအာ႐ုံလႊဲလာၾကသည္မွာ ေဆး႐ုံသို႔ေရာက္လာလို႔ေရာက္လာမွန္းပင္မသိလိုက္။ ကားေလးၿငိမ့္ခနဲထိုးရပ္သြားတဲ့အခါမွသာ ပတ္ဝန္းက်င္ကိုစူးစမ္းေလေတာ့ေဆး႐ုံအေပါက္ဝသို႔ေရာက္ေနၿပီျဖစ္သည္။ သူတို႔စီးလာတဲ့ကားေလးရပ္သြားသည္ႏွင့္ကားနားသို႔လူတစ္ေယာက္ေရာက္လာ၏။ ထိုသူကအျခားသူမဟုတ္။ ခ်မ္း,တို႔အလာကိုေဆး႐ုံအဝတြင္ေစာင့္ေနေသာ ခြါညိဳပင္ျဖစ္သည္။ ခ်မ္း,တံခါးဖြင့္ဆင္းလိုက္ၿပီးေနာက္...

"အညိဳမ သူငယ္ခ်င္း !!"

"congratulation ပါအႁမႊာတို႔အေဖေလး"

ခြါညိဳ႕ႏႈတ္ဆက္စကားကို ခ်မ္း,ကိုသေဘာက်စြာၿပဳံးျပလိုက္ၿပီး သူ႔စကားကိုပင္သံေယာင္လိုက္ကာ...

"အႁမႊာတို႔အေဖေလး...ဟားဟား ဟုတ္ပဟုတ္ပ ငါေတာင္အေဖျဖစ္ၿပီေနာ္"

ခြါညိဳကယခင္ႏွင့္မတူတည္တည္ၿငိမ္ၿငိမ္ၿပဳံးလိုက္ၿပီး...

"ေအးေနာ္...သူငယ္တန္းအ႐ြယ္ငါ့သူငယ္ခ်င္းေလးကေန အခုေတာ့ကေလးတို႔အေဖငါ့သူငယ္ခ်င္းေလးေပါ့ မေန႔တေန႔ကလိုပါဘဲ"

ခြါညိဳကအတည္ေပါက္နဲ႔ေဆြးေဆြးျမည့္ျမည့္ေျပာလာေလေတာ့ခ်မ္း,စိတ္ထဲဝမ္းနည္းခ်င္သလိုလိုေတာင္ျဖစ္လာရသည္။ ထိုစဥ္သူ႔နားကိုကိုေရာက္လာၿပီး...

"ကဲ !! ေနာက္မွစကားေျပာၾကေတာ့ ဝင္ၾကမယ္.."

ခ်မ္း,ကိုကို႔ကိုၾကည့္လိုက္ခ်ိန္မွာ ခရီးေဆာင္အိတ္ေတြနဲ႔ရွိေနရမည့္ကိုကိုသည္ လက္ဗလာခ်ည္းျဖစ္ေနတာေၾကာင့္...

"ဟင္ ! ကိုကိုအိတ္ေတြေရာ"

ထိုအခါ ကိုကိုကထြက္သြားၿပီျဖစ္သည့္ကားေလးအားေမးေငါ့ျပကာ...

"ဟိုမွာေလ ဟိုတယ္တစ္ခါတည္းပို႔ခိုင္းလိုက္တယ္ခ်မ္းရဲ႕...ဘာယူစရာရွိလို႔လဲ"

"မရွိပါဘူး ကိုကိုမ်ားယူဖို႔ေမ့သြားတာလားလို႔"

"မေမ့ပါဘူး ခ်မ္းရဲ႕..ကဲ လာ သြားမယ္"

ဘုန္းဟန္,လက္ကမ္းေပးလိုက္ေတာ့ခ်မ္း,ကသူ႔လက္ကိုအလိုက္သင့္ေလးဆုပ္ကိုင္လာၿပီးေနာက္ ခြါညိဳ႕ဘက္သို႔လွည့္ကာ...

"အညိဳ ဟားနေရာဘယ္လိုေနေသးလဲ"

"ခ်ဳပ္႐ိုးမက်က္ေသးဘူးေလ...ဟားနဆီအရင္သြားၾကမလား"

ထိုအခါ ခ်မ္း,ကေခါင္းတညိတ္ညိတ္ျဖင့္သူ႔ဘက္ျပန္လွည့္လာၿပီး

"ကိုကို ဟားနဆီအရင္သြားရေအာင္ေနာ္"

"ခ်မ္း..သေဘာ"

"ဒါဆို ဟားနကိုအရင္ေတြ႕လိုက္မယ္"

"ဟားနကလည္းနင္တို႔ကိုေတြ႕ခ်င္ေနတာ ကေလးေတြေသခ်ာအပ္မလို႔တဲ့ေလ"

ထိုသို႔ၾကားရေတာ့လည္း ခ်မ္း,စိတ္ထဲေတာ့သိပ္မေကာင္း။ တကယ္ဆိုသူမ,လည္းဆယ္လလုံးလုံးဝမ္းနဲ႔လြယ္ေပးခဲ့ရတဲ့မိခင္ဘဲ ကေလးေတြကိုသံေယာဇဥ္မရွိဘဲေနမလား။ သူတို႔ကေလးေတြကိုေခၚသြားမယ့္ကိစၥကသူမ,အတြက္ေရာတရားပါ့မလား။ ဒါေပမယ့္လည္း ဒီကိစၥအေကာင္အထည္ေဖာ္ကတည္းကသူမ,ကိုယ္တိုင္အရာအားလုံးသေဘာတူခဲ့တာဘဲ။ သူမ,ကိုယ္တိုင္လိုလိုလားလားသေႏၶေဆာင္ေပးခဲ့တာဘဲ။ မတရားဘူးရယ္လို႔ေတာ့မရွိေလာက္ပါဘူး။ အင္း...ကိုကိုသာသိရင္ အေတြးလြန္ေနျပန္ၿပီဆိုၿပီးဆူဦးမလားဘဲ။

ခ်မ္း,သူ႔အေတြးနဲ႔သူလွစ္ခနဲၿပဳံးမိေလေတာ့ သူအသက္ရႈသံေျပာင္းရင္ေတာင္သတိထားမိေနတတ္တဲ့ကိုကိုက...

"ဘာေတြသေဘာက်ေနလဲ ခ်မ္းေလး.."

"ဟင္..ဘာမွမဟုတ္ပါဘူးကိုကိုရဲ႕.."

ဘုန္းဟန္,တစ္ခုခုေျပာဖို႔ျပင္ခိုက္ ႐ုတ္တရက္ျဖတ္ဝင္လာတဲ့ခြါညိဳရဲ႕စကားသံေၾကာင့္ ေျပာမည့္စကားမ်ားရပ္တန္႔ကုန္ရ၏။

"ေရာက္ၿပီ...အထဲမွာငါ့ေယာကၡထီးေလာင္းႀကီးရွိတယ္ေနာ္"

"ေဒါက္တာသီဟလား"

"အင္း.."

ေျပာလည္းအၿပီးခြါညိဳကတံခါးတြန္းဖြင့္လိုက္တာေၾကာင့္ သူတို႔အားလုံးအခန္းထဲလွမ္းဝင္ခဲ့ၾကပါ၏။ အခန္းထဲအေရာက္ ကုတင္ေပၚမွာလွဲအိပ္ေနတဲ့ဟားနနဲ႔ေဘးမွာထိုင္ေနတဲ့ေဒါက္တာသီဟမ်ိဳးလြင္ကိုေတြ႕လိုက္ရပါသည္။ စကားေျပာေနပုံရတဲ့သားအဖကသူတို႔ဝင္လာတာျမင္ျမင္ခ်င္းၿပဳံးျပႏႈတ္ဆက္လာတာေၾကာင့္ အခန္းေလးထဲမွာအျပန္အလွန္ႏႈတ္ဆက္သံေတြညံေဝသြားရသည္။

video call ထဲမွာေတာ့ခဏခဏေတြ႕ဖူးတဲ့ ဟားနကိုယေန႔မွာေတာ့ပထမဆုံးအျပင္မွာေတြ႕ဖူးျခင္းျဖစ္၏။ ဟားနသည္လည္းဂ်ပန္အမ်ိဳးသမီးတစ္ဦး၏မ်ိဳးဥျဖင့္ေမြးဖြားလာခဲ့ရသည္ျဖစ္ရာ ျမန္မာ-ဂ်ပန္စပ္ေသာ ထိုေကာင္မေလးသည္တစ္မ်ိဳးတစ္မည္ၾကည့္ေကာင္းပါ၏။ ဆံပင္ထူထူကိုနဖူးေပၚသည္အထိလွန္တင္ထားသျဖင့္ baby hair ေလးေတြနဲ႔နဖူးေျပေျပေလးအားအတိုင္းသားျမင္ေနရသည္။ မိတ္ကပ္မကူထားေသာ္လည္းပင္ကိုယ္ႏုနယ္သည့္ မ်က္ႏွာေလးသည္ဗိုက္ခြဲထားရသည္ေၾကာင့္ထင္ ႏြမ္းနယ္ေန၏။
မထူမပါးမ်က္ခုံးနက္ႏွစ္ျဖာၾကားမွေျဖာင့္တန္းစြာဆင္းလာသည့္ ႏွာတံသြယ္သြယ္သည္ "က"ႀကီးပုံႏႈတ္ခမ္းဖူးဖူးထက္တြင္ တင့္တယ္စြာေနရာယူထားေလသည္။ ေဖာ္ျပခဲ့ၿပီးေသာအစိတ္အပိုင္းမ်ားသည္ မ်က္ႏွာသြယ္သြယ္ထက္တြင္တည္ရွိေနၾကေလေသာေၾကာင့္ ေတာင္အေမရိကတိုက္ရွိမိန္းမလွမ်ား၏မ်က္ႏွာပုံစံမ်ိဳးပိုင္ဆိုင္ထားေသာ ခြါညိဳ႕အတြက္ထိုေကာင္မေလးသည္အူယားစဖြယ္ျဖစ္ေနပါလိမ့္မည္။

ခ်မ္း,ေဒါက္တာသီဟကိုႏႈတ္ဆက္လိုက္ၿပီးေနာက္ ဟားနအားရင္းရင္းႏွီးႏွီးၿပဳံးျပလိုက္ရင္းျဖင့္...

"ေနေကာင္းရဲ႕လား ဟားန"

ထိုေကာင္မေလးကလည္းၿပဳံးၿပဳံးေလးနဲ႔ေခါင္းညိတ္ျပလာၿပီး...

"ေကာင္းပါတယ္ရွင္..."

"ကြၽန္ေတာ္တို႔အခုမွေတြ႕ဖူးၾကတာေနာ္...ဒီၾကားထဲမွာဖာသိဖာသာေနသလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္ေနာ္"

"မဟုတ္တာ..ဟားနနားလည္ပါတယ္ အဲ့ဒါေၾကာင့္ေတာင္းပန္စရာကိစၥမဟုတ္ပါဘူးရွင္ ၿပီးေတာ့ဟားနကိုယ္တိုင္ request လုပ္ထားတာဘဲဟာ ေဒါက္တာကဘာလို႔ေတာင္းပန္ရမွာလဲရွင္"

ဟုတ္လည္းဟုတ္ပါသည္။ သူမ,ေတာင္းဆိုထားခဲ့၍ကေလးေတြကိုလြယ္ထားစဥ္တစ္ေလွ်ာက္လုံး ခ်မ္း,တို႔သူမ,ကိုသြားမေတြ႕ခဲ့ေပ။ ယခုပထမဆုံးေတြ႕ေတြ႕ခ်င္းမည္သည့္စကားဆိုရမွန္းမသိ၍ ယခုလိုေတာင္းပန္စကားေျပာလိုက္ျခင္း။

ခ်မ္း,ဟားနကုတင္ေဘးရွိခုံတြင္ဝင္ထိုင္လိုက္ပါ၏။ ကိုကိုကေတာ့သူ႔ေနာက္မွာဘဲမတ္တတ္ရပ္ေနၿမဲ။

"ဒီၾကားထဲအမ်ားႀကီးပင္ပန္းခဲ့မွာ ဒါေတာင္ကေလးႏွစ္ေယာက္ကိုရေအာင္ေမြးေပးခဲ့တယ္ ဘယ္လိုေက်းဇူးတင္ရမွန္းမသိေတာ့ပါဘူးဗ်ာ..."

ထိုအခါ ဟားနကသူမ,လက္ေမာင္းကိုဆုပ္နယ္ေပးေနေသာ ခြါညိဳ႕လက္ကိုဆြဲယူလိုက္ၿပီးႁပြတ္ခနဲျမည္ေအာင္နမ္းလိုက္တာေၾကာင့္ ခ်မ္း,ပါးစပ္ဟဟေလးပြင့္သြားရ၏။ မပြင့္႐ိုးလားေဘးမွာ အေဖႀကီးငုတ္တုတ္နဲ႔ေလဗ်ာ။ ခ်မ္း,ေဒါက္တာသီဟကိုမသိမသာၾကည့္လိုက္ေတာ့လည္း ဦးေလးႀကီးက ေတြ႕ျမင္ေနက်ျဖစ္ေန၍မထူးဆန္းေတာ့သည့္ပုံစံျဖင့္သက္ေသာင့္သက္သာၿပဳံးၾကည့္ေန၏။ ထိုမွတစ္ဆင့္ခြါညိဳ႕ကိုၾကည့္မိေတာ့ အညိဳမကဘယ္လိုလဲဟူေသာမ်က္ႏွာေပးျဖင့္သူ႔ကိုၿပီတီတီၿပဳံးျပေန၏။ မ်က္ခုံးကိုႏွစ္ခါေတာင္ပင့္ျပလိုက္ေသး။

"ညိဳ,ရွိေနလို႔နည္းနည္းမွမပင္ပန္းခဲ့ပါဘူး ... ၿပီးေတာ့ ဘယ္လိုေက်းဇူးတင္ရမယ္မွန္းမသိရင္ ကေလးေလးေတြကိုေကာင္းေကာင္းပ်ိဳးေထာင္ၿပီးေက်းဇူးတင္ေပးပါေနာ္"

ဟားန,စကားမွာခ်မ္း,သေဘာတက်ၿပဳံးမိရသည္။

"အဲ့ဒီအတြက္မပူပါနဲ႔ဗ်ာ ကြၽန္ေတာ္တို႔အေကာင္းဆုံးပ်ိဳးေထာင္မွာပါကတိေပးပါတယ္"

ထိုစဥ္ ကိုကိုကသူ႔ပခုံးကိုဖ်စ္ညႇစ္ဆုပ္ကိုင္လာေလၿပီးေနာက္...

"သားနဲ႔သမီးအတြက္အစ္ကိုတို႔ကအေကာင္းဆုံးဖခင္ေတြျဖစ္ေပးမွာပါ အစ္ကိုတို႔ေၾကာင့္ကေလးေတြစိတ္အားမငယ္ေစရပါဘူး ၿပီးေတာ့ ခက္ခဲတဲ့ကိစၥတစ္ခုကိုလုပ္ဖို႔ဆုံးျဖတ္ခဲ့တဲ့ ဒီကညီမေလးကိုေရာ ခြင့္ျပဳေပးခဲ့တဲ့မိဘေတြကိုေရာတကယ္ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

"သမီးေလးဆႏၵကိုလိုက္ေလ်ာခဲ့႐ုံပါကြယ္..."

"ဘာဘဲျဖစ္ျဖစ္ ဦးတို႔ၾကည္ျဖဴလို႔သာဟားန,လည္းစိတ္ေျဖာင့္ေျဖာင့္နဲ႔ဒီလမ္းကိုၿပီးတဲ့အထိေလွ်ာက္ႏိုင္တာေပါ့ ဟုတ္တယ္မလားဟားန"

ခ်မ္း,ဟားနကိုၾကည့္ကာေမးလိုက္ေတာ့ ဟားန,ကသူမေဖေဖဘက္လွည့္ကာ...

"သမီးတို႔ေခါင္းမညိတ္မခ်င္းေက်းဇူးတင္စကားေျပာလို႔ၿပီးေတာ့မွာမဟုတ္ဘူးေဖေဖ.."

စကားအဆုံးမွာေတာ့အခန္းေလးထဲဝယ္ရယ္ေမာသံေလးေတြျပည့္လွ်ံလာခဲ့ျပန္သည္။

"ငါ့ကိုေရာ.. ငါ့ကိုေရာေက်းဇူးမတင္ေတာ့ဘူးလား"

"အမေလး ငါ့သူငယ္ခ်င္းရယ္...နင့္ကိုထိပ္ဆုံးကေနေက်းဇူးအထူးတင္ေနတာပါဟာ"

အခန္းေလးထဲရယ္သံေတြထပ္မံထြက္ေပၚလာျပန္၏။

"ကဲ ကဲ ေတာ္ၿပီေတာ္ၿပီ ဟားနကအမ်ားႀကီးရယ္လို႔မရေသးဘူ ခ်ဳပ္႐ိုးေျပသြားလိမ့္မယ္"

ထိုအခါ ခြါညိဳကစိုးရိမ္သြားေသာအမူအရာျဖင့္...

"အယ္...ဟုတ္သားဘဲ ညိဳေမ့သြားတာၾကည့္စမ္း...ကဲပါ ဒါဆိုေျပာစရာေတြကုန္ၿပီဆိုရင္ အေဖႏွစ္ေယာက္ကိုကေလးေတြဆီေခၚသြားေပးလိုက္ေတာ့မယ္ေနာ္"

ထိုစကားသံေၾကာင့္ ခ်မ္းနဲ႔ကိုကိုဝင္းပသြားေသာမ်က္ႏွာမ်ားျဖင့္ ‌တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္လိုက္မိၾက၏။ ထို႔ေနာက္မွာေတာ့ေဒါက္တာသီဟႏွင့္ဟားနကိုႏႈတ္ဆက္ၿပီး ခြါညိဳ႕ဦးေဆာင္မႈျဖင့္ကေလးတို႔ရွိရာထြက္လာခဲ့ၾကပါေတာ့သည္။ လာရာလမ္းမွာေတာ့သူနဲ႔ကိုကိုရဲ႕ႏွလုံးခုန္သံေတြျမန္ဆန္ေနခဲ့မယ္ဆိုတာကိုေျပာဖို႔မလိုအပ္ေတာ့ဟုထင္ပါသည္။

==============================

မွန္နံရံျခားထားေသာေၾကာင့္ အခန္းတြင္းမွနီတာရဲရက္သားေလးေတြကိုထိေတြ႕ခြင့္ေတာ့မရေပ။ ခ်မ္း,ဝမ္းနည္းဝမ္းသာခံစားခ်က္မ်ားေရာႁပြမ္းလာတာေၾကာင့္ ကတုန္ကယင္ျဖစ္လာၿပီးကိုကို႔လက္ေမာင္းကိုအားျဖင့္ဆုပ္ကိုင္ထားမိသည္။ အသက္ရႉသံေတြျမန္ေနတာကိုအတိုင္းသားၾကားေနရ၏။ ကိုကိုကလက္ေမာင္းကိုဆုပ္ကိုင္ထားတဲ့သူ႔လက္ေတြကိုညင္ညင္သာသာေလးအုပ္ကိုင္ထားေပး၏။ မ်က္ေတာင္ေတြတဖ်တ္ဖ်တ္ခတ္ေနတဲ့ကိုကိုလည္း စိတ္လႈပ္ရွားမႈကိုမနည္းထိန္းခ်ဳပ္ေနပုံရပါသည္။

"ေဟာ !!! ကိုကို ကိုကို !!! ေတြ႕လားေတြ႕လား လက္ကေလးလႈပ္သြားတယ္ လက္ပိစိေလး ေတြ႕လား"

သူတို႔အေကာင္ေပါက္ေတြကိုၾကည့္ေနတုန္း အငယ္မေလးရဲ႕လက္ရဲရဲေလးတစ္ဖက္ကအေပၚသို႔ဆတ္ခနဲေျမာက္တက္လာတာေၾကာင့္ ခ်မ္း,အသည္းတယားယားနဲ႔ေျပာလိုက္ျခင္း။ ထိုအခါ ကိုကိိုကေခါင္းတဆတ္ဆတ္ညိတ္လာၿပီး...

"ဟုတ္တယ္ဟုတ္တယ္ ခ်မ္း,ကိုယ္ေတြ႕တယ္ ေသးေသးေလးေသးေသးေလး အမေလး အူယားလိုက္တာ ကိုကိုအရမ္းခ်ီခ်င္ေနၿပီ ခ်မ္းရယ္..."

"ကြၽန္ေတာ္ေရာဘဲ...ခ်ီခ်င္လွၿပီ  အညိဳငါတို႔ခ်ီလို႔မရဘူးလားဟင္"

ထိုအခါ ခြါညိဳကေဘးဘီကိုအကဲခတ္လိုက္ၿပီးေနာက္ အခန္းတံခါးကိုလွစ္ခနဲဖြင့္လိုက္ကာဝင္သြားၿပီး...

"ျမန္ျမန္လာ ~~~"

ခ်မ္း,ကိုကို႔လက္ေမာင္းကိုေဆာင့္ဆြဲကာ အခန္းတြင္းသို႔အလွ်င္အျမန္ဝင္လိုက္ပါ၏။ ထို႔ေနာက္ႏွစ္ေယာက္သားဦးတည္ရာကအေကာင္ေပါက္ေလးႏွစ္ေယာက္ဆီ...

သူတို႔အနားလည္းအေရာက္အေကာင္ေပါက္ေလးေတြကိုငုံ႔ၾကည့္လိုက္ေတာ့ နီတာရဲေသးေသးေလးေတြကမ်က္လုံးေလးေတြမွိတ္ၿပီး ပါးစပ္ေလးေတြဟစိဟစိျဖစ္ေနကာ လႈပ္ရွားမႈေသးေသးေလးေတြနဲ႔လႈပ္စိလႈပ္စိျဖစ္ေနတာေၾကာင့္ အူတယားယားျဖစ္ေနတဲ့အေဖႏွစ္ေယာက္ကေတာ့ေကာက္ဘဲခ်ီရေတာ့မလိုလို ထိုင္ၿပီးဘဲၾကည့္ေနရေတာ့မလိုလိုနဲ႔ေယာက္ယက္ခတ္ေနတဲ့လက္ေတြဟာ ထားစရာမရွိျဖစ္ေနပါ၏။

"ခ်မ္း ခ်မ္း !! ကိုယ္ ကိုယ္ဘယ္လိုခ်ီရမွာလဲ လက္ၾကားထဲကျပဳတ္က်သြားရင္ဘယ္လိုလုပ္မလဲ"

" ခ.. ခဏေလး ကိုကို  ခ်မ္း,ခ်ီျပမယ္"

ေျပာလည္းအၿပီး ခ်မ္း,ကသူ႔ရဲ႕အသားေရာင္ဆြယ္တာလက္ရွည္ေလးကိုလက္ဖ်ံေပၚေအာင္ပင့္တင္လိုက္ၿပီးေနာက္ အႀကီးေကာင္ေလးအားေကာက္ေပြ႕လိုက္ပါ၏။

၈ေပါင္၅ေအာင္စရွိတဲ့သားႀကီးကသူ႔လက္ထဲနင့္ေနေအာင္ပါလာ၏။

"အဲ့...အဲ့ "

တအဲ့အဲ့နဲ႔အသံျပဳလာတဲ့သားရဲ႕အသံေလးကိုၾကားေတာ့ သူ႔စိတ္ထဲေလႏုေအးေလးမ်ားျဖတ္တိုက္သြားသလိုခံစားလိုက္ရပါသည္။မဟာနဖူးေလးနဲ႔ဆံပင္မည္းမည္းေလးေတြနဲ႔သားဟာသူ႔ေဖႀကီး၏ကိုယ္ပြါးေလးပင္ျဖစ္ရမည္။

"ကိုကို...ဒီမွာ ဒီလိုေလးခ်ီၾကည့္လိုက္"

သူနဲ႔သားကိုပါးစပ္ေလးဟၿပီးၿပဳံးၾကည့္ေနတဲ့ ကိုကို႔အားသမီးကိုခ်ီၾကည့္ရန္သတိေပးစကားဆိုေတာ့ ၿပဳံးၾကည့္ၿပီးေမ်ာေနတဲ့ကိုကိုအသိဝင္လာၿပီး..

"ဟင္ .. အင္း ခ်ီမယ္ သမီးေလးကိုခ်ီမယ္"

ခ်မ္း,ေျပာတဲ့အတိုင္းသမီးေလးကိုလက္ႏွစ္ဖက္ျဖင့္ေပြ႕ပိုက္ၿပီးရင္ခြင္မွာအပ္ကာခ်ီလိုက္ေလေတာ့ သမီးကိုယ္ေႏြးေႏြးေလးရဲ႕အေတြ႕ဟာသူ႔ရင္ဘက္ဆီစီးကူးလာ၏။ သူစိတ္ထင္တာမမွားဘူးဆိုသမီးေလးကပါးစပ္ဟစိေလးနဲ႔ၿပဳံးလိုက္သလိုပင္။ သူသမီးကိုေပြ႕ထားၿပီးခ်မ္းနဲ႔သားနားေလွ်ာက္သြားကာ ကေလးႏွစ္ေယာက္အားယွဥ္ၾကည့္မိသည္။ အႁမႊာေလးေတြကဆံပင္ေလးေတြကလြဲလို႔မ်က္ႏွာေလးေတြကခြၽတ္စြပ္ပင္။ ခ်မ္း,ကိုယ္ပြါးေလးျဖစ္သည့္သမီးေလးတြင္ခ်မ္း,ကဲ့သို႔ဆံႏြယ္ညိဳေလးေတြရွိေနၿပီး သူခ်စ္ရတဲ့ခ်မ္း,ကဲ့သို႔ႏႈတ္ဘယ္ေအာက္ဘယ္ဖက္နားေလးတြင္္မွဲ႔နက္ေလးတစ္လုံးလည္းပါေနပါေတာ့သည္။

ပီတိျဖစ္ၿပီးၾကည္ႏူးရလြန္းလို႔သူဘာေျပာရမွန္းပင္မသိေတာ့။ သူသိပ္ခ်စ္ရတဲ့ခ်မ္းကိုေသးေသးေလးျဖစ္ေအာင္လုပ္ထားၿပီးေပြ႕ထားရသလိုပါပင္။

" သမီးကကိုယ့္ခ်မ္းနဲ႔တူလိုက္တာ..."

ခ်မ္း,ကိုကို႔အေျပာေၾကာင့္သမီးေလးအားၾကည့္ၿပီးစိတ္လိုလက္ရၿပဳံးမိရျပန္သည္။ မွန္ပါ၏။ သူ႔ကိုယ္ပြါးဟုေျပာရမည့္သမီးေလးသည္ ကိုကို႔လက္ေပၚတြင္ၿငိမ္ေနသည္မွာအသံပင္မထြက္။ ခ်မ္း,သမီးကိုၾကည့္ရင္းၾကည့္ရင္းနဲ႔စကားသံတခ်ိဳ႕အားျပန္ၾကားေယာင္လာခဲ့၏။

("ျပန္လာခဲ့ပါ့မယ္...အေမကသားတို႔ဆီျပန္လာခဲ့ပါ့မယ္")

ထိုစကားအားျပန္ၾကားေယာင္ေလေတာ့ ခ်မ္း,ဝမ္းနည္းဝမ္းသာျဖစ္ရျပန္ပါသည္။ ခ်မ္း,မသိတာတစ္ခုက ကိုကိုသည္လည္းသမီးကိုၾကည့္ေနရင္း သူသတိရလာသည့္ေန႔ကမက္ခဲ့ေသာအိပ္မက္ထဲမွစကားသံမ်ားအားျပန္ၾကားေနရသည္ဆိုတာကိုပင္။

သမီးေလးသည္အေမျပန္ဝင္စားသည္ဆိုပါက အေမ့ကိုလက္ေပၚမွာတင္ဆုံးရႉံးလိုက္ရတဲ့ခ်မ္းေလးအတြက္အမ်ားႀကီးဝမ္းသာစရာကိစၥပင္။ ထိုစဥ္ ...

"ဟင္ !!!"

"ဘာျဖစ္လို႔လဲ ခ်မ္း!"

ခ်မ္း,သားကိုခ်ီလိုက္စဥ္ကသတိမထားမိသည့္အရာေလး။ သားမ်က္ႏွာေလးရွိအစိတ္အပိုင္းေလးမ်ားအားဖြဖြထိေတြ႕ေနရင္း ႏႈတ္ခမ္းပါးေလးနားရွိ ကြာလက္စအေရျပားဖက္ေသးေသးေလးအားဖြဖြေလးဖယ္ေပးလိုက္ေတာ့ျမင္လိုက္ရသည့္အရာေလးက သူ႔မ်က္လုံးအစုံကိုျပဴးက်ယ္သြားေစၿပီး ထခုန္မိမတတ္ဝမ္းသာသြားရပါ၏။ ထိုအရာေလးက...

"ကိုကို ! ဒီမွာၾကည့္စမ္း!!"

ဘုန္းဟန္,ခ်မ္းၫႊန္ျပရာေနရာျဖစ္သည့္ သား၏ႏႈတ္ခမ္းေအာက္ဘက္ေလးကိုေသခ်ာၾကည့္လိုက္ေလေတာ့ျမင္လိုက္ရသည္က ႏႈတ္ခမ္းဘယ္ဖက္ေအာက္နားရွိမွဲ႔နက္ေလးတစ္လုံးပါပင္။

သူ႔မ်ိဳးဗီဇေတြစုေဝးေနတဲ့သားဆီမွာခ်မ္းရဲ႕သေကၤတေလးရွိေနတယ္တဲ့လား။

"ဒါ ဒါက ... ခ်မ္း ဒါဆို!!"

သူတို႔ႏွစ္ေယာက္လုံးရဲ႕အၾကည့္ကသမီးထံက်ေရာက္သြားေလ၏။ ခ်မ္း,လက္ေလးတစ္ဖက္ကသမီးနဖူးေလးထံလွမ္းလာၿပီးအုပ္က်ေနတဲ့ဆံသားညိဳေလးေတြကိုအေပၚသို႔လွန္တင္လိုက္တဲ့အခါ သမီးေရာသားေရာသည္ၿပိဳင္တူလိုပင္ပါးစပ္ေလးေတြဟကာၿပဳံးၿပဳံးေလးေတြျဖစ္လာၾကပါေတာ့သည္။

သမီးေလးမွာလည္း ခ်မ္း,နမ္းေနၾကကိုကို႔ဆံဦးခြၽန္ေလးရွိေနခဲ့ပါ၏။ သမီးေလးကလည္းကိုကို႔အတိုင္း"က"ႀကီးပုံမဟာနဖူးပိုင္ရွင္ေလးျဖစ္ေနပါေတာ့သည္။ တစ္နည္းအားျဖင့္ဆိုေသာ္ ကိုကို႔ရဲ႕မဟာနဖူးနဲ႔သူ႔ရဲ႕မွဲ႔နက္ေလးေတြဟာ သားနဲ႔သမီးဆီမွာပါထပ္တူတက်ျဖစ္တည္ေနခဲ့ပါေတာ့သည္။

ဘုန္းဟန္,သူ႔လက္ညႇိဳးကိုတင္းတင္းဆုပ္ကိုင္ထားတဲ့သမီးရဲ႕လက္ေခ်ာင္းပိစိေလးေတြကိုၾကည့္ၿပီးခ်စ္မဝျဖစ္ေနရပါသည္။ လက္ပိစိေလးကိုနမ္းလိုက္ေလေတာ့ၿပဳံးၿပီးရင္းၿပဳံးေနတဲ့သမီးေလးဟာ သူ႔ဖခင္ကိုခံစားသိရွိေနသည့္အလား။

"သမီးေလး...ေဖႀကီးသမီးေလး"

ထိုအခါ ခ်မ္း,ကသားကိုၾကည့္လိုက္ၿပီး...

"ေတြ႕လား သား, သားေဖႀကီးကဘက္လိုက္တယ္ေနာ္...ေဖေဖကအေကာင္းဆုံး ဟုတ္တယ္မလား"

"ၾကည့္ ! ဘာမွမသိေသးတဲ့ကေလးနဲ႔ေသြးခြဲေနၿပီ...အဲ့ဒီအေကာင္ေပါက္ေလးလည္းကိုယ့္သားပါေနာ္...ဟုတ္တယ္ေနာ္ သားႀကီး...ကဲ !!! လာပါဦးကြာ ေမာင္ရွစ္ေပါင္ကိုခ်ီရေအာင္"

ေျပာေျပာဆိုဆိုသားနဲ႔သမီးကိုလဲခ်ီသြားတဲ့ကိုကို...။

"ေတြ႕လားေတြ႕လား ပါးစပ္ကေပါက္ကရစပါၿပီ...ေျပာၿပီးသားေနာ္ ကေလးေတြကိုေပါက္ကရေလွ်ာက္ေခၚရင္အငတ္ထားမွာ"

ေျပာၿပီးမွ အခန္းထဲဝယ္သူတို႔ဘဲမဟုတ္ဘဲခြါညိဳပါရွိေနတာကိုသတိရသြားၿပီးလွည့္ၾကည့္လိုက္တဲ့အခါ မယ္မင္းႀကီးမကဘယ္အခ်ိန္တည္းကထြက္သြားသည္မသိအခန္းထဲတြင္ေတာင္မရွိေတာ့ေပ။

ခ်မ္း,ကိုကို႔ဘက္ျပန္လွည့္လိုက္ၿပီး...

"နာမည္မဖ်က္ရဘူးေနာ္ ကိုကို"

"နာမည္ေတာင္မေပးရေသးတာကို ခ်မ္းရာ..ဟုတ္တယ္မလား ရွစ္ေပါင္ေလး"

ျဖန္းးး !! ျဖန္းးး !!

ခ်မ္း,စိတ္အခ်ဥ္ေပါက္လာရတာနဲ႔ ကိုကို႔လက္ေမာင္းကိုႏွစ္ခ်က္ေလာက္ပိတ္႐ိုက္ေပးလိုက္ပါ၏။

" အ ! အ !!  ႐ိုက္ျပန္ၿပီကြာ...သား မင္းေဖေဖက ေဖႀကီးကို႐ိုက္ေနၿပီဟ "

"႐ိုက္မွာဘဲ ေျပာေလကဲေလျဖစ္ေနတာအျမင္ကပ္လာၿပီ"

ဘုန္းဟန္,ခ်မ္းနဲ႔စကားႏိုင္မလုေတာ့ဘဲႏႈတ္ခမ္းဆူၿပီးမဲ့တဲ့တဲ့လုပ္ျပေတာ့ သူ႔ကိုအံႀကိတ္ျပလာတဲ့ခ်မ္း။ သေဘာက ၾကပ္ၾကပ္သတိထားဆိုသည့္အမူအရာမ်ိဳးပင္။ ဘုန္းဟန္,သားကိုခ်ီထားရင္းျဖင့္ပင္ ခ်မ္းနဲ႔သမီးေလးနားတိုးကပ္သြားကာ ခ်မ္းလက္ထဲမွသမီးကိုတစ္လွည့္ သူ႔လက္ထဲမွသားကိုတစ္လွည့္ၾကည့္လိုက္ပါ၏။

"ခ်မ္း..."

"ဗ်ာ .."

"ကိုယ္တို႔မွာကေလးေလးေတြရွိၿပီေနာ္..."

"အင္းေလ ကိုကိုရဲ႕ ... သားတစ္ေယာက္သမီးတစ္ေယာက္ ကြၽန္ေတာ္တို႔ကကေလးႏွစ္ေယာက္အေဖေတြ"

"အေကာင္ေပါက္ေလးေတြက ကိုကိုတို႔ကိုခ်စ္မွာပါေနာ္"

"ေအာ္...မခ်စ္ဘဲေနမလား ကိုကိုရယ္"

"ေအးေနာ္ မခ်စ္ဘဲဘယ္ေနပါ့မလဲ"

ဘုန္းဟန္,စိတ္ထဲလုံးဝေအးခ်မ္းေနရပါသည္။ ကေလးေတြရဲ႕မ်က္ႏွာေလးေတြကိုတစိမ့္စိမ့္ၾကည့္ရင္း ေမတၱာေတြယိုဖိတ္က်လာသလိုေတာင္ခံစားေနရသည္။ သူ႔ကိုေမြးတုန္းကအေဖနဲ႔အေမလည္းဒီလိုခံစားခဲ့ရမွာဘဲေပါ့။ ဘုန္းဟန္,ခ်မ္းရယ္ကေလးေတြရယ္နဲ႔သူ႔ရဲ႕ေရွ႕လာမယ့္ေန႔ရက္ေတြဟာဘယ္လိုေတာင္ေပ်ာ္ဖို႔ေကာင္းေနမလဲဆိုတာေတြးၿပီးေက်နပ္ေပ်ာ္႐ႊင္ေနမိသည္။

ကေလးေလးေတြကအရမ္းၿပဳံးတာဘဲဗ်ာ။ မ်က္လုံးေလးေတြမပြင့္ေသးဘဲသြားမေပါက္ေသးတဲ့ပါးစပ္ေလးကိုဟၿပီးၿပဳံးေနလိုက္ၾကတာမ်ား အူယားလို႔ကိုက္ေတာင္စားပစ္ခ်င္လာၿပီ။ ခ်မ္းကိုၾကည့္လိုက္ေတာ့လည္းသမီးကိုၿပဳံးၾကည့္ေနတာမ်ားမ်က္လုံးေလးေတြေတာင္ပိတ္က်ေတာ့မလိုဘဲ။ ကေလးေတြနဲ႔အၿပိဳင္ခ်စ္ဖို႔ေကာင္းေနတဲ့ ကြၽန္ေတာ့္ကေလးေတြအေဖေပါက္စေလး။

အေကာင္ေပါက္ေလးေတြကလည္း ဒီအေဖေတြကိုသိေနသလိုမ်ိဳးကိုလက္ေပၚမွာတင္ ၿငိမ္ေနၿပီးၿပဳံးေနလိုက္ၾကတာဆိုတာရပ္ကိုမရပ္ေတာ့ပါဘူးဗ်ာ။ ကေလးေလးေတြႀကီးလာရင္ေရာ ဘယ္တစ္ေယာက္ကကြၽန္ေတာ္နဲ႔အမူအက်င့္ေတြတူမွာပါလိမ့္။ ဘယ္တစ္ေယာက္က ခ်မ္းရဲ႕အမူအက်င့္ေလးေတြနဲ႔တူေနမွာပါလိမ့္။

ခ်မ္း,ရင္ခြင္ထဲမွသမီးေလးကိုငုံ႔ၾကည့္ၿပီးအေတြးမ်ားေနရပါသည္။ သမီးရဲ႕ဆံပင္ညိဳေလးေတြကိုကိုင္ၾကည့္လိုက္ မွဲ႔ေလးကိုပြတ္ၾကည့္လိုက္နဲ႔အလုပ္ရႈပ္ေနရသည္။

(သမီးေလးက အေမဝင္စားတာမ်ားလား... ဟင္ သမီး..ေဖေဖ့ကိုေျပာပါဦး သမီးဖြားဖြားဝင္စားတာဆိုရင္....)

ထိုစဥ္ ႐ုတ္တရက္ဆိုသလိုပါးကိုအနမ္းခံလိုက္ရတာေၾကာင့္ ခ်မ္း,အေတြးစျပတ္သြားရသည္။ နမ္းသူကိုလွည့္ၾကည့္ေတာ့ ၿပဳံးၿပဳံးႀကီးၾကည့္ေနတဲ့ကိုကိုက ေခါင္းငုံ႔က်လာၿပီးႏႈတ္ခမ္းကိုပါဖိကပ္နမ္းလိုက္ျပန္ပါ၏။ ထို႔ေနာက္ သူ႔လက္ထဲမွသမီးေလးရဲ႕မွဲ႔ေလးနားကိုဖြဖြေလးထပ္နမ္းလိုက္တဲ့ကိုကိုဟာ သားရဲ႕ပါးေဖာင္းေဖာင္းေလးေတြကိုပါႏွာေခါင္းနစ္ဝင္သည္အထိနမ္းပစ္လိုက္ပါသည္။ ထိုအခါ သားမ်က္ႏွာေလးသည္မဲ့က်သြားၿပီး ဟင့္ခနဲရႈိက္သံေလးထြက္က်လာခဲ့၏။

"ဟင့္ ~~~ ဟင့္..."

"အိုးးဟိုးဟိုးး ေဖႀကီးကခ်စ္လို႔နမ္းတာေလ သားရယ္"

"ကေလးအသားႏုႏုေလးကိုအၾကမ္းပတမ္းနမ္းေတာ့ ငိုၿပီေပါ့"

ခ်မ္း,ကသူ႔ကိုျပစ္တင္ေဝဖန္လာၿပီးေနာက္ သားကိုေခ်ာ့ျမဴေလ၏။

"ေအာ္ မၾကမ္းပါဘူးဗ်ာ ဒီတိုင္းေလးနမ္းလိုက္တာပါဗ်"

"မၾကမ္းဘဲနဲ႔ငိုမလား ကေလးက...ဒီမွာ ဒီလိုေလးနမ္းရတယ္"

ေျပာေျပာဆိုဆိုနဲ႔ခ်မ္း,ကသားပါးေလးကိုႏွာေခါင္းထိပ္ဖ်ားေလးဝင္သည္ဆို႐ုံေလးနမ္းလိုက္တဲ့အခါ မဲ့က်ေနတဲ့သားမ်က္ႏွာဟာတျဖည္းျဖည္းျပန္၍ၾကည္လင္လာၿပီးၿပဳံးေယာင္ပင္သန္းလာ၏။

"ေဟ့ေရာင္ မင္းဟာကမဟုတ္ေသးပါဘူးကြ ..ငါလည္းမင္းအေဖပါရွစ္ေပါင္ရဲ႕"

ျဖန္းး !!! ႐ိုက္ခံလိုက္ရျပန္ပါသည္။

မတတ္ႏိုင္ဘူး႐ိုက္႐ိုက္သတ္သတ္ေျပာစရာရွိတာေတာ့ေျပာရမွာဘဲ...ဘယ္ႏွယ့္ ကိုယ္နမ္းေတာ့ငိုၿပီးသူ႔အေဖေသးေသးနမ္းတာက်ေတာ့ၿပဳံးတယ္တဲ့။ ေအာ္ ငါ့ဟာနဲ႔လူျဖစ္လာၿပီး မ်က္လုံးေတာင္မပြင့္ေသးဘူးေက်းဇူးကကန္းခ်င္ၿပီေပါ့။ မင္းႀကီးလာရင္ငါနဲ႔ေတြ႕မယ္ ရွစ္ေပါင္။

ထို႔ေနာက္မွာေတာ့ ခြါညိဳတစ္ေယာက္ျပန္ေရာက္လာ၍သူနဲ႔ခ်မ္းကေလးေတြကိုေနရာမွာျပန္ပို႔ကာ ဟားနတို႔ဆီတစ္ေခါက္ျပန္လာခဲ့ပါေတာ့သည္။

အဲ့ဒီေနာက္မွာေတာ့ သူနဲ႔ခ်မ္းရဲ႕ဂ်ပန္မွာရွိေနခဲ့တဲ့ ႏွစ္လဆိုတဲ့အခ်ိန္ကာလသည္ေဆး႐ုံနဲ႔ဟိုတယ္လူးလာေခါက္ျပန္သြားလာရင္းျဖင့္ဘဲကုန္ဆုံးခဲ့ပါသည္။ ဟားနလည္းေဆး႐ုံဆင္းခဲ့ၿပီးျဖစ္သလို ဂ်ပန္မွာဘဲအေျခခ်ေတာ့မယ္လို႔ဆုံးျဖတ္လိုက္တဲ့ခြါညိဳသည္လည္းလိုအပ္တဲ့သင္တန္းေတြတက္ေနရင္းျဖင့္အလုပ္ရႈပ္ေနခဲ့ပါေတာ့သည္။ ငယ္ငယ္ေလးတည္းကအနီးကပ္ေပါင္းသင္းေနခဲ့တဲ့သူငယ္ခ်င္းအရင္းႀကီးနဲ႔ေတြ႕ဖို႔မလြယ္ေတာ့ဘူးဆိုၿပီး သုံးရက္ေလာက္ဝမ္းနည္းေနခဲ့တဲ့ အေဖေသးေသးေလးကိုလည္းအမွန္အ
ကန္ေဖးမၿပီးအားေပးခဲ့ရပါေသးသည္။

လူတိုင္းဟာကိုယ့္ဘဝနဲ႔ကိုယ္မို႔လို႔အရာအားလုံးကို နားလည္ေပးတတ္ရန္ႀကိဳးစားေနထိုင္ရမည္မဟုတ္ပါလား။

ကေလးေတြရွိတဲ့ဆီေရာက္လို႔ ရန္ကုန္မွာက်န္ခဲ့တဲ့မိဘေတြနဲ႔ကေလးေတြကိုျပရင္း video call ေျပာခ်ိန္တိုင္းဟာသူ႔အတြက္ေတာ့ မိဘေမတၱာပိုပိုၿပီးနားလည္သိရွိလာရတဲ့ေန႔ရက္ေတြပါပင္။ သူမိဘေမတၱာကိုတျဖည္းျဖည္းနားလည္လာရသလို ခ်မ္း,ကိုလည္းနားလည္သ‌ေဘာေပါက္လာေစခ်င္တဲ့အတြက္  ေကာင္ေလးရင္ထဲမွာရွိေနမယ့္သူ႔အေဖနဲ႔ပတ္သက္တဲ့အစိုင္အခဲေတြကိုျဖည္းျဖည္းခ်င္းေဖ်ာ္ခ်ေပးရပါ၏။ အဲ့ဒီလိုေဖ်ာ္ခ်ေပးတဲ့ေန႔ေတြမွာေတာ့ ခ်မ္း,ကသူ႔ရင္ခြင္ထဲေခါင္းတိုးၿပီးဝမ္းနည္းျပတတ္ပါသည္။

ဒီလိုနဲ႔အခ်ိန္ေတြကုန္လာလိုက္တာ ႏွစ္လၾကာၿပီးတဲ့ေနာက္မွာေတာ့ သူတို႔မိသားစုေလး သူရယ္ ခ်မ္းရယ္ သားႀကီးရယ္ သမီးငယ္ရယ္ဆိုတဲ့မိသားစုေလးဟာ ဆာကူရာေျမကိုေက်ာခိုင္းၿပီး ပိေတာက္ေတြေပ်ာ္ရာေျမဆီျပန္လာခဲ့ပါေတာ့သည္။ ဆာကူရာေျမကိုအၿပီးတိုင္ေက်ာခိုင္းျခင္းမဟုတ္၍ ဝမ္းနဲ႔လြယ္ေပးခဲ့တဲ့ေက်းဇူးရွင္မိသားစုဆီကေလးေတြကိုအလ်ဥ္းသင့္ရင္သင့္သလိုအလည္ေခၚသြားေပးရဦးမွာပင္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ထဲကေနထြက္လာတဲ့သူတို႔မိသားစု။ ေသခ်ာေျပာရမည္ဆိုလွ်င္ သားကိုလက္တစ္ဖက္နဲ႔ေပြ႕ထားၿပီး က်န္လက္တစ္ဖက္ကခ်မ္း,ပခုံးကိုဖက္ထားတဲ့သူ႔ပုံစံနဲ႔ သမီးကိုလက္ႏွစ္ဖက္နဲ႔ေပြ႕ခ်ီထားတဲ့ခ်မ္းရဲ႕ပုံစံဟာ အဲ့ဒီေန႔ရဲ႕ Trend တစ္ခုျဖစ္သြားသည္ဟုဆိုရမည္။

သူတို႔မိသားစုရဲ႕ထိုပုံရိပ္ေလးကို သူတို႔အတြဲကိုသိေနတဲ့တစ္ေယာက္ေယာက္က႐ိုက္ၿပီးတင္လိုက္ပုံရပါသည္။

""တျဖည္းျဖည္းတည္လာလိုက္တာ ကေလးေလးႏွစ္ေယာက္ေတာင္ၿမဲသြားၿပီ""

သူတို႔ႏွစ္ေယာက္ရဲ႕လက္တြဲေတြခိုင္ၿမဲလာတာ ကေလးႏွစ္ေယာက္ကသက္ေသဟုေျပာခ်င္ပုံရသည္။ တကယ္ေတာ့ေလ...

*လိင္တူလိင္ကြဲမွမဟုတ္ပါဘူး ႏွစ္ဦးႏွစ္ဖက္သစၥာေမတၱာစစ္မွန္ရင္ ဆင္းရဲရဲခ်မ္းသာသာ အခ်စ္ဆိုတဲ့အရာကမင္းရဲ႕ေပ်ာ္႐ႊင္မႈေလးျဖစ္လာမွာပါ*

မင္းတို႔လက္တြဲေတြတကယ္ခိုင္ၿမဲရင္ မင္းတို႔သစၥာတရားေတြမွန္ကန္ေနရင္ ႏွာေခါင္းရႈံ႕ခ်င္တဲ့သူေတြကိုတည့္တည့္ၾကည့္ၿပီးေမးလိုက္စမ္းပါ။

ခင္ဗ်ားရဲ႕လက္တြဲေဖာ္ကခင္ဗ်ားအတြက္...စိတ္ခ်ရၿပီလား?

လို႔ေမးၿပီး ဥာဏ္မွီသေလာက္ေတြးခိုင္းလိုက္စမ္းပါေလ...။

===========================

ည ၂ နာရီ...။

တအဲ့အဲ့နဲ႔အစျပဳလာတဲ့ခပ္စူးစူးငိုသံေလးကိုၾကားလိုက္ရတဲ့အခါ ဘုန္းဟန္,မ်က္လုံးေတြဖ်တ္ခနဲပြင့္သြားရၿပီး အသံလာရာဆီအေျပးတစ္ပိုင္းထထြက္သြားပါ၏။

ဘုန္းဟန္,ပုခက္ကုတင္ေလးနားအေရာက္ ေျခကားယားလက္ကားယားေလးနဲ႔တစ္ေရးႏိုးထငိုေနတဲ့သားကိုသူ႔အသံေပးလိုက္ၿပီးေကာက္ခ်ီလိုက္ပါ၏။

"ကြၽတ္ကြၽတ္ကြၽတ္ကြၽတ္ သားေရ သားေရ ေဖႀကီးရွိတယ္ေလ"

သူ႔အသံလည္းၾကားေရာ ကိုးလအ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့သားဟာအငိုတိတ္သြားၿပီးမ်က္လုံးေလးျပဴးကာ ရႈိက္သံတစ္ဝက္ျဖင့္သူ႔အားလိုက္ရွာပါ၏။ သူေကာက္ခ်ီလိုက္ခ်ိန္မွာေတာ့သားကသူ႔ပါးစပ္ေလးထဲလက္မထည့္ၿပီးတႁပြတ္ႁပြတ္စုပ္ရင္းပခုံးေပၚေမးတင္ေမွးပါေလေတာ့သည္။ သူသားေက်ာျပင္ေလးကိုပြတ္ေပးၿပီးသမီးရွိရာပုခက္ေလးဆီေလွ်ာက္သြားၿပီး သမီးအားငုံ႔ၾကည့္ေလေတာ့ သူ႔အစ္ကိုငိုသံေၾကာင့္ႏိုးသြားပုံရတဲ့သမီးဟာ သူ႔ကိုလည္းျမင္ေရာတခစ္ခစ္ရယ္ျပပါေတာ့သည္။ ဒီအေတာအတြင္း သူသတိထားမိရသေလာက္ သမီးကသူ႔ကိုပိုကပ္ၿပီး သားကေတာ့ခ်မ္းမွခ်မ္းပင္။  ကြၽန္ေတာ့္သားပီသပါေပ့။

"အင္...ကို သားႏိုးတာလား"

အသံေၾကာင့္သူလွည့္ၾကည့္လိုက္ေတာ့ေမြ႕ရာေပၚမွာငုတ္တုတ္ထိုင္ၿပီးအိပ္ခ်င္မူးတူးျဖစ္ေနတဲ့ခ်မ္း,ကိုေတြ႕လိုက္ရသည္။

ညဝတ္အက်ႌကအနည္းငယ္ေလ်ာက်ေနတာေၾကာင့္ ခ်မ္း,ရဲ႕ညႇပ္႐ိုးေဖြးေဖြးေလးကိုအတိုင္းသားျမင္ေနရသည္။ ယခင္ကအတူေနၿပီးတဲ့ညတိုင္းအဝတ္မကပ္ႏိုင္ဘဲအိပ္အိပ္သြားတတ္တဲ့သူတို႔ႏွစ္ေယာက္ ကေလးေတြေရာက္လာၿပီးေနာက္မွာေတာ့ အတူေနၿပီးသြားတိုင္းညဝတ္အက်ႌေတြသတိတရဝတ္ျဖစ္လာ၏။ ‌ပြေယာင္းေယာင္းျဖစ္ေနတဲ့ဆံပင္ေလးေတြဟာ ေခါင္းေလွ်ာ္ထားတဲ့အတြက္ခပ္ဖြာဖြာေလးျဖစ္ေနကာအုပ္က်ေနတဲ့အတြက္ ခ်မ္း,တစ္ေယာက္
လုံးလုံးေလးျဖစ္ေနျပန္သည္။ ၂၈ႏွစ္ျပည့္ၿပီး၍ ၃၀ နားကပ္လာသည့္တိုင္ ခ်မ္း,ကသူ႔မ်က္စိထဲမွာေတာ့ထာဝရကေလးေလးလိုပင္။ ၾကာေလႏုေလျဖစ္လာတဲ့ခ်မ္း,ကိုကေလးလိုဘဲျမင္ေနတာသူ႔အျပစ္မဟုတ္ပါ။

"ခ်မ္းအိပ္ေလ..ပင္ပန္းထားတာကို သားကိုကိုယ္သိပ္လိုက္မယ္ ျပန္အိပ္ေနာ္"

ေခါင္းယမ္းျပလာတဲ့ခ်မ္း,ကေမြ႕ရာေပၚမွဆင္းလာကာမ်က္လုံးေတြပြတ္သပ္ရင္း သူ႔နားေလွ်ာက္လာၿပီး...

"သားႏိုးတာၾကာၿပီလား ခ်မ္းကိုေပးေလ"

ျပန္အိပ္ေပ်ာ္ခါစျဖစ္ေနၿပီျဖစ္တဲ့သားသည္ ခ်မ္း,အသံၾကားတာႏွင့္ ဆတ္ခနဲေခါင္းေလးေထာင္လာၿပီး...

"အဲ့...ဟင့္ဟင့္ ~~~"

တဟင့္ဟင့္အသံျပဳကာတစ္ဖန္ျပန္လူးလြန္႔လာေလ၏။

"ေတြ႕လား မင္းသားကမင္းအသံၾကားတာနဲ႔မရဘူး"

"ဒီကိုေပး...သားကိုမေဝဖန္နဲ႔"

သူ႔လက္ထဲမွသားကိုလက္လႊဲယူသြားၿပီး သူ႔ကိုလ်စ္လ်ဴရႈသြားတဲ့သားအဖေလးကို ဘုန္းဟန္,ၿပဳံးၿပီးသာၾကည့္ေနလိုက္သည္။ ခ်မ္း,ကသြားရည္ေတြေပေနတဲ့သားရဲ႕လက္မပိစိေလးကိုပြတ္သုတ္ေပးေနၿပီးအသံမ်ိဳးစုံနဲ႔ေခ်ာ့ျမဴေနေလ၏။ တခစ္ခစ္ရယ္ေမာေနတဲ့သားကသူ႔ေဖေဖကိုပစ္ေႂကြေနပုံပင္။

"ေဖေဖ့ ေျပ့ေရးကႏိုးနာရား...ေဖေဖ့ ေျပ့ေရးကႏို႔ႏို႔ခ်ာ႐ို႕ယက္မဂိုခ်ဳပ္နာရား ေဖေဖရီးကေျပ့ေရးဂိုႏို႔ႏို႔တိုက္ဖူးရား အင္းအင္း ေဖေဖ႐ိုက္လိုက္မယ္ေနာ္ အို႔အို႔အို႔ အမေလး အမေလး ရယ္တယ္ဗ် ေဖ့ကေလးေလးကရယ္တယ္ဗ် ဟ့ ရယ္ေနျပန္ၿပီဗ်..! အမေလးဗ် ခ်စ္လိုက္တာဗ် ေဖေဖ့ ေျပ့ေလးကိုနမ္းပါရေစဗ်"

အူးးးးမြ ..... !!

"ရႉးရႉးေပါက္ထားလားၾကည့္ပါရေစဗ်..."

ခ်မ္း,သားကိုအိပ္ရာေပၚသာသာေလးခ်လိုက္ၿပီး diperလဲေပးရန္ဆြဲခြၽတ္လိုက္ပါ၏။ diperဆြဲခြၽတ္လိုက္ေတာ့ ခ်မ္း,ျမင္ကြင္းထဲသားရဲ႕အဲ့ဒါေလးဝင္လာတာေၾကာင့္ အူယားလာရၿပီး..

"အမေလး ခ်စ္စရာင႐ုတ္သီးေတာင့္ေလးပါဗ်!"

ဘုန္းဟန္,ထိုသားအဖကိုၾကည့္ၿပီးမႏိုင္ဘူးဆိုသည့္သေဘာျဖင့္ေခါင္းတယမ္းယမ္းလုပ္မိၿပီးသမီးဆီေလွ်ာက္လာလိုက္ပါ၏။ သမီးကိုၾကည့္လိုက္ေတာ့ ေမွာက္ခုံျဖစ္ေနၿပီျဖစ္တဲ့သမီးဟာပုခက္ကုတင္တိုင္ေတြၾကားကေနသူတို႔ကိုေခ်ာင္းၾကည့္ေနသည္အားေတြ႕လိုက္ရသည္။ ခ်စ္စရာအျပဳအမူေလးေၾကာင့္ ဘုန္းဟန္,အသည္းတယားယားျဖစ္သြားၿပီးသမီးကိုေကာက္ခ်ီလိုက္ပါ၏။

"ခ်မ္းခ်မ္းကေဖႀကီးတို႔ကိုၾကည့္ေနတာလား ဟင္ ကေလးေလးရဲ႕!"

"ခစ္ခစ္...ခစ္"

တခစ္ခစ္ရယ္သံျပဳလာတဲ့သမီးကသူ႔မ်က္ႏွာကိုလက္ေသးေသးေလးေတြျဖင့္အုပ္ကိုင္လာၿပီး ပါးအားကိုက္ဆြဲပါ၏။ အေပၚသြားႏွစ္ေခ်ာင္းေအာက္သြားႏွစ္ေခ်ာင္းေပါက္ခါစေလးေတြမို႔ယားက်ိက်ိေတာ့ျဖစ္ပါသည္။

သူ႔ရဲ႕အေမးစကားကိုၾကားသြားတဲ့ ခ်မ္း,ကသားကို diperလဲေပးေနရင္း...

"ဟုတ္လားသမီး...ေဖေဖတို႔ကိုၾကည့္ေနတာေပါ့"

ထို႔ေနာက္မွာေတာ့ခ်မ္း,ကသားကိုခ်ီၿပီးသူတို႔နားေလွ်ာက္လာပါေတာ့သည္။ ထိုညကေတာ့ ကေလးႏွစ္ေယာက္ကိုတစ္ေယာက္တစ္လွည့္စီျမႇဴေနရင္းျဖင့္ပင္အခ်ိန္တစ္နာရီခြဲခန္႔ကုန္သြားၿပီးတဲ့ေနာက္မွာေတာ့ သားနဲ႔သမီးလည္းျပန္အိပ္ေပ်ာ္သြားပါ၏။ သူတို႔ႏွစ္ေယာက္လည္းမနက္ေလးနာရီေလာက္မွဘဲျပန္အိပ္ဖို႔လုပ္ရပါေတာ့သည္။ ထုံးစံအတိုင္း ခ်မ္း,ကေတာ့သူ႔ရင္ခြင္ထဲမွာဘဲေနသားတက်အိပ္ေပ်ာ္သြားၿမဲပင္။

==================================

ဘုန္းဟန္,သားနဲ႔သမီးရဲ႕နဖူးေလးေတြကိုတစ္လွည့္စီနမ္းလိုက္ၿပီး႐ုံးသြားဖို႔ရန္အတြက္မတ္တတ္ထရပ္လိုက္ေတာ့ လည္ပင္းတစ္ဆုံးေမာ့ၾကည့္လာတဲ့ခ်စ္စရာရင္ေသြးေလးႏွစ္ေယာက္။

"အေမ !! ကြၽန္ေတာ္သြားေတာ့မယ္"

"ေအး ေအး သား!! အေမလာၿပီ"

ေဒၚေမသူေအာင္ အေအးခံထားတဲ့ႏို႔ဘူးႏွစ္ဘူးကိုကိုင္ၿပီးမီးဖိုခန္းမွကပ်ာကယာျပန္ထြက္လာခဲ့ပါ၏။

"သြားေတာ့မွာလား သား"

"ဟုတ္အေမ...ဒါနဲ႔ဒီေန႔အေမတို႔ဟိုဘက္အိမ္သြားမွာလား"

ဟိုဘက္အိမ္ဆိုသည္မွာ ခ်မ္းရဲ႕အေဖဦးေနလင္းေမာင္၏အိမ္ကိုဆိုလိုျခင္းျဖစ္သည္။ ခ်မ္းနဲ႔သူ႔အေဖျပန္အဆင္ေျပတာမၾကာေသးပါ။ သူ႔ရဲ႕ေဖ်ာင္းဖ်ေပးမႈေတြ နားသြင္းေပးမႈေတြဟာတျဖည္းျဖည္းနဲ႔အလုပ္ျဖစ္လာၿပီး အဆုံးမွာေတာ့သားအဖႏွစ္ေယာက္ရဲ႕ျပန္ဆုံခန္းဟာဝမ္းသာမ်က္ရည္ေတြနဲ႔ျပည့္ႏွက္ခဲ့ပါသည္။ အေဖကိုေတာ့ျပန္လက္ခံခဲ့တဲ့ေကာင္ေလးက သူ႔အစ္ကိုဆိုသူ၏အေၾကာင္းကိုေတာ့လုံးဝဟခြင့္မေပးခဲ့ေပ။ သူ႔အစ္ကိုဆိုသူေၾကာင့္ ျဖစ္သြားခဲ့ရတဲ့ကြၽန္ေတာ့္ရဲ႕ ၂ႏွစ္ေက်ာ္ၾကာအိပ္စက္မႈဟာ တစ္ခါတစ္ရံမွာခ်မ္း,ကိုအိပ္မက္ဆိုးအျဖစ္ေျခာက္လွန္႔ေနဆဲပါ။  ထို႔ေၾကာင့္ ကြၽန္ေတာ္လည္းသူ႔အစ္ကိုနဲ႔ျပန္ေျပလည္ဖို႔ကိုေတာ့အတင္းအၾကပ္မတိုက္တြန္းျဖစ္ခဲ့ေပ။

အေဖျဖစ္သူနဲ႔ျပန္အဆင္ေျပသြားေပမယ့္ ခ်မ္း,သည္ယခုထိေတာ့သူ႔အေဖကိုစကားဟက္ဟက္ပက္ပက္ေတာ့မေျပာေသး။ သူတို႔ႏွစ္ေယာက္ ဦးေနလင္းေမာင္ဆီကေလးေတြနဲ႔သြားေတြ႕ျဖစ္ေပမယ့္ အေမတို႔သြားလည္သေလာက္ေတာ့ အေခါက္ေရမမ်ားေပ။ ျပန္ၾကားရသည့္စကားေတြအရ သမီးငယ္သည္ကြၽန္ေတာ့္အေဖသူ႔အဖိုးနဲ႔ေတာ့အဆင္ေျပသေလာက္ ဖိုးဖိုး(ဦးေနလင္းေမာင္) ခ်ီသည္ဆိုပါကၿပဲလန္ေနေအာင္ေအာ္ငိုၿပီး တူးတူးခါးခါးျဖစ္သည္ဆို၏။

ဦးေနလင္းေမာင္ကိုသူနဲ႔ခ်မ္းရဲ႕အိပ္မက္ေတြအေၾကာင္းေျပာျပေလေတာ့ ဦးေနလင္းေမာင္က သူ႔အျပစ္ေတြပါ ဟုဆိုကာမ်က္ရည္က်ခဲ့ပါ၏။

ခ်မ္း,ကိုေဆး႐ုံလိုက္ပို႔ၿပီးတိုင္း ကေလးႏွစ္ေယာက္ကိုအေမတို႔ဆီမွာဘဲအပ္ခဲ့ရၿပီးသူ႐ုံးသြားရ၏။ ထိုေၾကာင့္ ကေလးေတြသည္႐ုံးဖြင့္ရက္ေတြဆိုလွ်င္ အေမတို႔အိမ္မွာသာအေနမ်ားေလသည္။ ကေလးေတြအေနမ်ားေလ ဦးျမတ္ဟန္နဲ႔ေဒၚေမသူေအာင္အႀကိဳက္ေတြ႕ေလပင္။ ထိုအခါ ကေလးေတြေခၚၿပီးဦးေနလင္းေမာင္ဆီပါခရီးဆန္႔တတ္ၾကပါေသးသည္။ ယေန႔လည္းဦးေနလင္းေမာင္ဆီသြားမည္အထင္ျဖင့္ေမးလိုက္တဲ့အခါ အေမကကေလးေတြနားထိုင္ခ်ၿပီးေခါင္းခါျပလာ၏။

"မသြားျဖစ္ဘူး သား...ဒီေန႔ေတာ့သူလာခဲ့မယ္ေျပာတယ္"

"ဟုတ္လား..အေမ"

"အင္းးး သူလည္းအျပင္ေလးဘာေလးထြက္ခ်င္မွာေပါ့သားရယ္.. သူလာမယ္ဆိုလို႔ မင္းအေဖေတာင္ဘုရားေစာေစာရွိခိုးေနတယ္"

ဘုန္းဟန္,မ်က္ခုံးေတြတြန္႔သြားရၿပီး...

"ဘာျဖစ္လို႔လဲ အေမ"

"check ထိုးလို႔ေမ်ာသြားရင္ ဘုရားရွိခိုးဖို႔ေမ့ေနမွာစိုးလို႔တဲ့ေလ"

"ဟားဟား အေဖတို႔ကေတာ့ အေမ့ကိုတစ္ေယာက္တည္းကေလးထိန္းခိုင္းတာေပါ့"

"အမေလး သူတို႔ကေလးလာမထိန္းေလေကာင္းေလဘဲ မဟုတ္ရင္နားေတြၿငီးလြန္းလို႔ အေမ့ေျမးေတြနဲ႔အေမကေအးေဆး ဟုတ္တယ္မလား ေျမးတို႔!"

ဘုန္းဟန္,အေမ့ကိုၾကည့္ၿပီးၿပဳံးမိရျပန္သည္။ အေမကေတာ့႐ုံးပိတ္ရက္ေတြကိုမုန္းသည္ဆို၏။ ႐ုံးပိတ္ရက္မို႔လို႔ကေလးေတြသြားမပို႔ရင္ သူ႔ကိုသူ႔ေျမးေတြနဲ႔ခြဲထားၿပီးလြမ္းနာက်ေသေအာင္လုပ္ေနသလားဟုပင္စကားနာထိုးတတ္ပါသည္။ ထို႔ျပင္ ကြန္ဒိုေရာင္းၿပီးအိမ္မွာျပန္လာေနၾကဖို႔လည္းမၾကာခဏေျပာတတ္ပါေသး၏။ ဘာဘဲျဖစ္ျဖစ္အေမ့ေသာကကိုၿငိမ္းေပးလိုက္ႏိုင္သည္က ခ်မ္းနဲ႔သူ႔အတြက္မဟာေအာင္ျမင္မႈႀကီးပင္။

ဘုန္းဟန္,ကေလးေတြကိုတစ္ေခါက္ထပ္နမ္းလိုက္ၿပီးေနာက္...

"ကဲ အေမ ! ကြၽန္ေတာ္သြားမယ္ ၿပီးေတာ့ အစည္းအေဝးရွိလို႔ညေနနည္းနည္းေနာက္က်မယ္ေနာ္"

"လာမေခၚေလ ေကာင္းေလ"

ဘုန္းဟန္,ဘာစကားမွမဆိုေတာ့ဘဲ ကေလးေတြကိုအာဟာရေကြၽးေနတဲ့ အေမ့ကိုသာတစ္ခ်က္ၾကည့္လိုက္ၿပီးေခါင္းခါမိပါသည္။

ထို႔ေနာက္မွာေတာ့ ၿခံထဲကေနေမာင္းထြက္သြားတဲ့ကားေလးဟာ ညေနေတြဆိုလွ်င္လည္းထိုၿခံေလးဆီျပန္လာေလ့ရွိပါ၏။ ညေနျပန္လာရင္ေတာ့ ေမာင္းသူေဘးမွာကေလးအေဖေလးတစ္ေယာက္ပါပါလာတာေပါ့။ မနက္ဆိုခ်မ္း,ကိုေဆး႐ုံပို႔ ကေလးေတြကိုအေမ့အိမ္ပို႔ ၿပီးရင္႐ုံးသြား...ညေနဆို႐ုံးဆင္း ခ်မ္း,ကိုျပန္ႀကိဳ ကေလးေတြကိုျပန္လာေခၚ ၿပီးရင္အိမ္ျပန္ ညေတြဆိုသားအဖေတြ တ႐ုန္း႐ုန္းနဲ႔သူတို႔အိမ္ေလးဟာအၿမဲဆူညံေနတတ္တာေပါ့။

နိစၥဓူဝလုပ္ေနရတဲ့ကိစၥေတြဆိုေပမယ့္ ခ်မ္းနဲ႔ကေလးေတြအတြက္ဆို သူဟာအၿမဲလန္းဆန္းတက္ႂကြေနၿမဲပင္။ ေနာက္ပိုင္းေန႔ရက္ေတြဟာသူတို႔ႏွစ္ေယာက္အတြက္ ဘယ္လိုမွမေမ့မယ့္အမွတ္တရေတြပင္။

===========================

ဒီလိုနဲ႔  ဒီလိုနဲ႔.......သူအသက္ ၃၅ႏွစ္ျပည့္ၿပီးတဲ့ေနာက္မွာေတာ့ ၃၁ႏွစ္ရွိၿပီျဖစ္တဲ့ ခ်မ္းေလးကိုပိုပိုခ်စ္လာရၿမဲေပါ့။

ခ်မ္း,တံခါးဖြင့္ၿပီးအိမ္ထဲေျခအခ်...သူ႔ေျခေထာက္ဖ်ားမွသည္ ဧည့္ခန္းတစ္ခန္းလုံးနီးပါးျပန္႔က်ဲေနတဲ့ အ႐ုပ္ပင္လယ္ေၾကာင့္ေသြးတက္မလိုျဖစ္သြားရသည္။

ဟူးးးးးး....

"ဘုန္းေျပ့ !!!"  "ခ်မ္းဟန္ !!!"

"ဂ်ာ !!! "  "ခ်င္ !!!"

"ခ်မ္း !!! ကိုကိုလာၿပီ ကိုကိုလာၿပီ !!!"

(လာခဲ့ လာခဲ့ !! သုံးေယာက္လုံးနာဖို႔သာျပင္ေပေတာ့!!)

မေရွးမေႏွာင္းမွာပင္...မီးဖိုခန္းထဲက‌ေန diper ကိုယ္စီနဲ႔လုံးတုံးလုံးတုံးေျပးထြက္လာတဲ့အေကာင္ေသးႏွစ္ေယာက္ရယ္...ပန္းကန္းျပားႏွစ္ခ်ပ္ကိုကိုင္ၿပီးေျပးထြက္လာတဲ့အေကာင္ႀကီးတစ္ေယာက္ရယ္ကိုေတြ႕လိုက္ရပါသည္။

ဆံပင္နက္နက္ေတြကို မဟာနဖူးေလးေပၚေအာင္လွန္ၿဖီးထားတဲ့ အႀကီးေကာင္ေလးဂာကေလးဝတ္ဂ်ဴတီကုတ္ျဖဴေလးကိုဝတ္ဆင္ထားၿပီးအထဲမွာေတာ့ diperမွလြဲ၍လုံးတီးေလးျဖစ္ေန၏။ ထို႔အတူ ဆံညိဳရွည္ေလးကိုေခါင္းေပၚမွာဆံထုံးလုံးေလးထုံးထားတဲ့အငယ္ဆုံးေလးကေတာ့ ကေလးဝတ္ suit coatအနက္ေလးႏွင့္ျဖစ္ေန၏။ ဘယ္သူ႔လက္ခ်က္လည္းေမးစရာမလို။ ပိတ္ရက္ေတြတိုင္းကေလးေတြနဲ႔ေပါက္ကရေဆာ့တတ္တဲ့သူငယ္ျပန္ေနတဲ့လူႀကီး၏လက္ခ်က္ပင္။

ထို႔ေနာက္မွာေတာ့ ခ်မ္း,သမီးရဲ႕ထူးဆန္းေနတဲ့မ်က္ႏွာကိုေသခ်ာၾကည့္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ မီးဝင္းဝင္းေတာက္ေနတဲ့မ်က္လုံးေတြဟာ ေယာက္်ားလုပ္သူထံဒိုင္းခနဲေရာက္သြားရၿပီး..

"ဦးေအာင္ဘုန္းဟန္ !! ခင္ဗ်ားေတာ့လား !!!"

ေဒါသမထြက္႐ိုးလား။ ၾကည့္ဦးေလဗ်ာ ကေလးမ်က္ႏွာႏုႏုကိုဘာလုပ္ထားတယ္မွတ္လဲ? မႈတ္ဆိတ္ေမြး၊ႏႈတ္ခမ္းေမြးနဲ႔ပါးသိုင္းေမြးလိုပုံစံျဖစ္ေအာင္ ေဆာ့ပင္အနက္နဲ႔ျခယ္ထားတယ္ေလ...။ ငါ့သမီးကိုမားဖီးယားဇာတ္သြင္းေနတာ ဒင္းက။

ခင္ဗ်ားေသဖို႔ျပင္ထားလိုက္ေတာ့ ဦးေအာင္ဘုန္းဟန္ေရ...။
______________________________________
𝙆𝙈𝙏-💜-
𝟐𝟕 𝙅𝘼𝙉,𝟐𝟎𝟐𝟐-♒-
ေနာက္က်သြားလို႔ ေဆာရီးပါဗ် 🙏🙏🙏

Continue Reading

You'll Also Like

733K 29.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
403K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
645K 87.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ