Part-35 (Unicode)

41.6K 2.3K 494
                                    


"ဘုရားရေ!!!  ကိုကို ကျိုးပြီလား!!!"

'အား' ခနဲအော်ပြီး ကုတင်ပေါ်ကွေးကွေးလေးလဲသွားသူအားကြည့်ကာ ချမ်း,အလန့်တကြားမေးလိုက်မိပါ၏။ ထို့နောက်လဲကျသွားသူနားမကပ်နိုင်သေးဘဲ မှန်နံရံပတ်ပတ်လည်ရှိလိုက်ကာများကိုသာအလောတကြီးလိုက်ပိတ်နေမိသည်။ ချမ်း, ရှက်လွန်း၍မျက်နှာတစ်ခုလုံးလည်းထူပူနေပါပြီ။ ဘယ်နှယ့် ‌ဖေဖေနဲ့မှသွားမိရတယ်လို့။ မေမေစိတ်ဆိုးနေပါသော်လည်း ဖေဖေကတော့ကြည်ဖြူ၍အသက်ရှုအနည်းငယ်ချောင်မယ်ကြံကာရှိသေး ယခုတော့ဖြင့်ဖေဖေနှင့်မည်သို့မည်ပုံမျက်နှာချင်းဆိုင်ရပါတော့မည်နည်း။

ဘာတဲ့ 'တောအုပ်လေးထဲမှာချစ်ပေး' ဟုတ်လားဘုန်းပြည့်ချမ်းဟန် အရှက်မရှိတဲ့ပါးစပ် ပြောထွက်ဦး ပြောထွက်ဦးဟယ်။ ချမ်းအဓိကတရားခံဖြစ်တဲ့မိမိပါးစပ်ကိုသာခပ်ဆတ်ဆတ်လေးရိုက်လိုက်ပါ၏။

အောင့်သက်သက်ခံစားမှုကြောင့် သက်သာသလိုကွေးကွေးလေးလှဲနေတုန်း သူ့အသက်ကလေးကလိုက်ကာတွေပြေးပိတ်နေ၏။ တကယ်ပါဘဲ ဦးမြတ်ဟန်တို့ကအလိုက်ကန်းဆိုးကိုမသိဘူး။ တွေ့နေမြင်နေလည်းဘဲ နောက်မှတိုးတိုးတိတ်တိတ်ပြောပါတော့လားလို့။ ချမ်း,ဘယ်လောက်ရှက်သွားလိုက်မလဲ။ဟွန်း..သူတို့တုန်းကခြင်ထောင်ချရုံဘဲရှိခဲ့တာဆိုတော့ လေပေါ်ကဗားရှင်းအသစ်ကိုမြင်ပြီး ဦးမြတ်ဟန်သက်သက်မနာလိုလို့ဖျက်လိုဖျက်ဆီးလုပ်တာ။  အခုခံစားချက်ကနတ်ပြည်ရောက်နေတုန်း ကန်ချခံရလိုက်သလိုပင်။

(ဟိုကလေးကလည်းလိုက်ကာတွေပိတ်ပြီးရင် ယောက်ျားနားလာတာမဟုတ်ဘူး...)

ဘုန်းဟန် နံရံထောင့်လေးနားကမိမိလက်ချက်ဖြင့်ရဲစပ်စပ်လေးဖြစ်နေသောတင်ပြောင်လေးကိုလှမ်းကြည့်လိုက်ကာ...

"ချမ်း...ကိုကို့ဆီလာပါဦးကွာ...အာ့း..ကျွတ်ကျွတ်ကျွတ်"

ကိုကို့ခေါ်သံကြောင့် ပါးစပ်ကိုတဖျတ်ဖျတ်ရိုက်နေတဲ့ ချမ်း,နောက်လှည့်ကြည့်လာပြီး ညည်းညူနေသူထံလှမ်းလာ၏။အနားရောက်တော့ ကွေးကွေးလှဲနေသူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ကုတင်ပေါ်မတက်တော့ဘဲ အောက်မှာဘဲထိုင်ချလိုက်၏။ရုတ်တရက်ထိုင်ချလိုက်သည့်အတွက် စူးခနဲနာကျင်သွားရတာကြောင့်မျက်နှာလေးမဲ့မိတော့...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now