Part - 8 (U+Z)

43.3K 3.7K 1K
                                    

အနည်းငယ်လန့်သွားသော မေ့ကိုအိပ်ခန်းထဲပို့ထားခဲ့ကာသားတို့အခန်းဖက်ထွက်လာခဲ့လိုက်သည်။ အခန်းတံခါးကိုအသာတွန်းဖွင့်လိုက်တော့ စောင်ခြုံပြီးငြိမ်နေလိုက်သည့်သားကြီးအား ဖျတ်ခနဲတွေ့လိုက်ရပါသည်။ဦးမြတ်ဟန်ကုတင်နားရောက်သည့်အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော ‌သားငယ်၏ခေါင်းလေးကိုဖွဖွပွတ်ပေးလိုက်ပါ၏။ ထို့နောက်...

"သားကြီး...ခဏထဦး မအိပ်သေးတာအဖေသိတယ်"

ထိုအခါသားကြီးကစူပုပ်ပုပ်မျက်နှာဖြင့်ငုတ်တုတ်ထထိုင်လာသည်။

"ကြောင်ကုတ်သွားတယ်ဆို ဆေးထည့်ပြီးပြီလား ပြဦး"

မော့ကြည့်လာသောသားကြီး၏ မျက်ဝန်းများထဲတွင်မလုံမလဲမှုများကိုတွေ့လိုက်ရသည်။ ဦးမြတ်ဟန်သက်ပြင်းရှိုက်လိုက်ရင်း သားဖြစ်သူဘေးဝင်ထိုင်လိုက်ကာ...

"ကြောင်ကုတ်ခံရတာမဟုတ်ဘူးမလား"

သားကခေါင်းညိတ်ပြလာ၏။

"ညီလေးကိုကုတ်သွားလို့မလား"

ဘာမှပြန်မပြောဘဲငြိမ်နေတာကြောင့် ဦးမြတ်ဟန်စကားဆက်လိုက်ပါသည်။

"သားညီလေးအသားနာသွားလို့လုပ်တာဆိုရင်တောင် ညီလေးမှာဒဏ်ရာတွေကိုပျောက်အောင်လုပ်ပေးသူတွေရှိတယ်လေ..."

ဦးမြတ်ဟန်သူ့စကားကိုစိတ်ဝင်စား,မစားအကဲခတ်လိုက်တော့ ငြိမ်သက်ပြီးနားထောင်နေကြောင်းတွေ့လိုက်ရပါသည်။

"တိရစ္ဆာန်လေးတွေဆိုတာ အသိဉာဏ်မမြင့်ဘူးလေသားရဲ့.. ချစ်ရင်လည်းခံရမှာသတ်ရင်လည်းသေရမှာ ခံစားချက်တွေကိုဖော်ပြစရာစကားသူတို့မှာမရှိဘူး သား..အဲ့ဒီတော့ကိုယ့်ထက်အားနည်းသူကိုအနိုင်ယူတာ ကောင်းလားမကောင်းဘူးလား ပြော သား"

သားကြီးကခေတ္တငြိမ်သက်နေပြီးမှ...

"မကောင်းပါဘူး အဖေ"

"ဒါပေါ့ သားရဲ့ မကောင်းတဲ့ကိစ္စဘဲ....ကြောင်လေးကိုရေထဲပစ်ချလိုက်တာသားညီလေးမြင်သွားရင် သားကိုဘယ်လိုထင်သွားမယ်ထင်လဲ"

ထိုအခါမှသားကအလန့်တကြားပြူးကြည့်လာ၏။ မင်းညီနဲ့ကိုင်ပေါက်မှမင်းနားဝင်မှာမလားငါ့သားရဲ့...။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now