Part-45(U+Z)

28K 1.8K 172
                                    

ကိုကိုနဲ့နေပြီးတိုင်းနုံးခွေချိနဲ့သွားသူက ကျွန်တော်ပင်။ မမောနိုင်မပန်းနိုင်လှုပ်ရှားခဲ့သူက ယခုထိလည်းသွက်လက်နေဆဲ။ တကယ်ပါဘဲဘာတွေစားလို့အားကမကုန်တာလဲမသိဘူး။ အခုလည်းမလှုပ်နိုင်တော့တဲ့ကျွန်တော့်ကို သန့်ရှင်းရေးလုပ်ပေးပြီးဝရန်တာခန်းလေးဆီပြန်ခေါ်လာပေးနေတယ်လေ။

ဘုန်းဟန် ချမ်း,ကိုမွေ့ရာပေါ်အသာချပေးလိုက်ပြီးနောက် စောင်ကိုဖြန့်လိုက်ကာနှစ်ယောက်လုံအောင်ခြုံလိုက်ပြီး သူပါချမ်း,ဘေးသို့ဝင်လှဲလေ၏။ သူဝင်လှဲလှဲချင်း သူလုပ်သမျှလိုက်ကြည့်နေသောကောင်လေးက ခေါင်းလေးအသာကြွပေးလာတာကြောင့် သူကအလိုက်သင့်ပင် ထိုခေါင်းလေးအောက်သို့လက်လျှိုသွင်းကာလက်မောင်းခေါင်းအုံးစေပါ၏။ နှစ်ယောက်လုံးပက်လက်အနေအထားတွင်စောင်အောက်မှ ချမ်း,ခြေထောက်တစ်ဖက်သည် သူ့ခြေထောက်များပေါ်သို့အလုံးစုံပစ်တင်လာလေသည်။

ထို့နောက် အပေါ်မှန်သားမျက်နှာကျက်မှတစ်ဆင့်မြင်နေရသည့်ညကောင်းကင်ပြင်ကြီးအားကြည့်နေမိကြရင်း နှစ်ယောက်သားတိတ်ဆိတ်နေကြပြန်သည်။ ထိုစဥ် ချမ်း,လက်တစ်ဖက်ကလက်ပြန်ပုံစံအနေအထားဖြင့် ကျွန်တော့်မေးစေ့ရှတတကိုပွတ်သပ်လာပြီးနောက်...

"ကိုကို...ဟိုမှာကြည့်"

ချမ်း,လက်ညှိုးညွှန်ရာအတိုင်းကြည့်လိုက်တော့ တစ်ဖက်တစ်ချက်စီတွင်လင်းလက်နေသောကြယ်လေးနှစ်လုံးကြား တစ်တန်းတည်းရှိနေသောကြယ်သုံးလုံးကိုတွေ့လိုက်ရ၏။

"အင်းး ဘာဖြစ်လို့လဲ ချမ်း"

"အဲ့ဒါဘာကြယ်လဲသိလား"

"အင်း..သိတယ်လေ မောင်ရင်ဆိုင်းထမ်းကြယ်လေ.. အိုရီယွန်လို့လည်းခေါ်တယ်"

"အဲ့ကြယ်ရဲ့ပုံပြင်လေးကိုရောသိလား"

"အင်း သိတယ်"

ထိုအခါ ချမ်း,ကကျွန်တော့်ရင်ဘက်ကိုနောက်ပြန်တစ်ချက်ရိုက်ကာ မျက်စောင်းထိုးပြီးတစ်ဖက်လှည့်သွားလေ၏။

"သိနေလိုက် အဲ့မှာ...အကုန်သာသိနေလိုက်"

ထိုအခါ ဘုန်းဟန်သည်သူဘာများမှားသွားပါလိမ့်ဆိုတဲ့ မျက်နှာလေးနဲ့ ချမ်း,အားသူ့ဘက်ပြန်ဆွဲလှည့်တော့ ‌အတင်းပြန်ရုန်းနေတာကြောင့်...

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now