Part-18 (U+Z)

34.5K 3.1K 60
                                    

အမိမြေထက်တိုးတက်ခေတ်မီနေတဲ့ နိုင်ငံရဲ့ညအလှ
တွေဟာ သူ့အတွက်တော့အိမ်ကနေလှမ်းမြင်ရတဲ့ အင်ယားရေပြင်အလှလောက်တော့ ဆွဲဆောင်မှုမရှိပါ။ Londonမှာသာတဲ့လကလည်း သူ့ရဲ့သက်ရှိလမင်းလေးလောက် စိတ်ဝင်စားဖို့မကောင်းပါဘူး။
စရောက်ခါစကထက် နေရတာသက်တောင့်သက်သာ
ရှိလာပေမယ့် အချိန်တွေထပ်တူမကျတဲ့နှစ်နိုင်ငံကြားမှာ အိမ်နဲ့ contact လုပ်ခါနီးတိုင်းဗျာများနေရဆဲ။ တဖြည်းဖြည်းနေသားကျလာတဲ့အချိန်တွေမှာ
ချမ်း,ကလည်းသူနဲ့ပုံမှန်အဆက်အသွယ်ပြန်လုပ်သ
လို အိမ်အတွက်သားကြီးတာဝန်တွေ‌ပါယူပေးနေ
ကြောင်းတစ်စွန်းတစ်စကြားရတော့ စိတ်လေးအေးမိ
ပါသည်။ သူဘယ်သွားသွားဘာလုပ်လုပ်ကိုယ်ကအရိပ်လိုပါခဲ့တဲ့အချိန်တွေကများတော့ ကိုယ်မရှိရင်
ထိုကလေးတစ်ယောက်တည်းယောင်လည်လည်အား
ငယ်နေမှာလည်းစိုးသည်။ ယခုကိုယ်မရှိလည်းအဆ
င်ပြေနေတာမြင်တော့ စိတ်ချတာထက် တစ်သက်
လုံးကိုယ်မရှိလည်းနေနိုင်သွားမှာစိုးရိမ်မိပြန်သည်။

ယနေ့ sundayဖြစ်သည့်အတွက် ချမ်း,အရင်နေ့တွေ
ထက်တော့အားလပ်ချိန်ပိုရနိုင်ကောင်းပါရဲ့။ ညနေ
ခင်းလေးမှာကော်ဖီလေးတစ်ခွက်နဲ့ Myanmar
Companies Lawစာအုပ်လေးဖတ်နေတုန်း screenပေါ်,ပေါ်လာသည့် မျက်နှာလေးကြောင့် ဘုန်းဟန်၏မျက်နှာထက်အပြုံးတစ်ခုဖြစ်တည်လာရ၏။ screenပေါ်မှအစိမ်းရောင်ခလုတ်လေးဘက်သို့ click တစ်ချက်နှိပ်လိုက်၏။

("ကိုကို...")

"အင်း..ချမ်း,အားပြီလား"

screen ပေါ်မှမျက်နှာနုနုလေးပြုံးပြလာရင်း...

"ခဏနားတုန်းလေးဆက်လိုက်တာ ချမ်း,final exam
နီးပြီလေ အများကြီးနားလို့မဖြစ်ဘူး"

စီနီယာတန်းရောက်လာသည့်အသက် ၂၀အရွယ်ကောင်လေးသည်ယခင်လိုဆံပင်အုပ်အုပ်လေးတွေ
မရှိတော့ပြီ။ ဆံပင်တွေကိုအပေါ်သို့အနည်းငယ်လှန်ဖြီးထားတော့ ဖြူဥနေတဲ့နဖူးသားလေးမှာအစိမ်းရောင်အမျှင်တန်းလေးတွေကိုအတိုင်းသားမြင်နေရ၏။ သူ့ရဲ့ပြောင်းလဲလာမှုတွေကို ကိုယ်ကပထမဦးဆုံးဘဲမြင်ချင်တာ။ ထိုနဖူးကိုထိကြည့်ချင်စိတ်ကများနေတော့ ခြားနေတဲ့screenကြီးဘဲပြေးကိုင်ရမှာလိုလို အခုဘဲမြန်မာပြည်ထပြန်ရမှာလိုလိုနဲ့ဘယ်သူ့ကိုမကျေနပ်လို့မကျေနပ်ရမှန်းမသိ။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now