🍼 အဲ့ဒါက ငါ့ကိုတွန်းအားပေးနေတဲ့ သူပဲဖြစ်ရမယ်! ( Uni )
( 🌞T/N : ဒီအပိုင်းကစပြီး 'ယူးဆောင်' ကို 'ရူးဆောင်' လို့ ပြန်ပါတော့မယ်နော်။ 'ယူး' ထက် 'ရူး' က ပိုမှန်တယ်ထင်လို့ပါ၊အသံထွက်ကတော့တူတူဘဲရယ်။ )
ဖုန်းနံပါတ်ကိုတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုအဖြစ်နဲ့ မှတ်ယူနိုင်တယ်။
ဖုန်းကို အောက်ချထားလိုက်ပြီး ချိယွီက သူ့ရဲ့ လက်မောင်းတွေကို အကျောဆန့်ကာ ဆိုဖာပေါ် လှဲနေလိုက်တယ်။
ကလေးလေးရဲ့ ရယ်သံတွေကို အပေါ်ထပ်ကနေကြားရနိုင်တယ်။
ရူးဆောင်ရဲ့ ချော့မြှူသံနဲ့အတူ ၊ ကြီးမားပြီးဗလာဖြစ်နေတဲ့ ဗီလာကြီးထဲ နွေးထွေးတဲ့လေထုဟာ နားမလည်နိုင်စွာ တိုးဝင်လာခဲ့တယ်။
ကံကောင်းစွာနဲ့ဘဲ၊သူက တစ်ယောက်တည်းမဟုတ်ခဲ့ဘူး။
ချိယွီ သန်းဝေလိုက်ပြီး သူအနည်းငယ်ပင်ပန်းနေခဲ့တယ်။
မကူးပြောင်းခင် ရက်တော်တော်ကြာကြာ စာလေ့လာခဲ့တဲ့ သက်ရောက်မှုတွေနဲ့ ကူးပြောင်းပြီးနောက် မကြာသေးမီက ပင်ပန်းနွမ်းနယ်မှုတွေကအတူ စုစည်းလာခဲ့တယ်။
ချိယွီ နွမ်းလျလာတာကြောင့် သူ့မျက်လုံးများကို တဖြည်းဖြည်းမှိတ်ကာ ဘေးတိုက်လှည့်ပြီး သက်တောင့်သက်သာ အရှိဆုံး အနေအထားကို ကွေးအိပ်ကာ မကြာမီပဲ အိပ်ပျော်သွားခဲ့တယ်။
ချိယွီ အသံတိုးတိုးလေးကြောင့် နိုးမလာခင်အထိ အချိန်မည်မျှကြာအောင် အိပ်ပျော်သွားခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေ။
သူမျက်လုံးတွေကို ပွတ်သပ်လိုက်ကာ ထထိုင်လိုက်ပြီး ဆိုဖာပေါ်မှာ အသစ်ငှားထားတဲ့ ရူးဆောင် ကို တွေ့လိုက်ရတယ်။
"sorry, ကျွန်တော် အိပ်ပျော်သွားတယ်" ချိယွီ ဖုန်းကို ကြည့်လိုက်တော့ အခု ညနေ7နာရီတောင်ကျော်သွားတာကို တွေ့လိုက်ရတယ်။သူ တော်တော်ကြာကြာ အိပ်ပျော်သွားခဲ့တာဘဲ။
ရူးဆောင် ခေါင်းငြိမ့်ပြလိုက်ပြီး "dinnerအဆင်သင့်ဖြစ်နေပြီ မီးဖိုးချောင်ထဲမှာ၊ ပြန်နွှေးပေးရမလား?"
ချိယွီ လက်ခါပြလိုက်ပြီး "မလိုပါဘူး၊အော်ဟုတ်သားဘဲ မင်းရောစားပြီးပြီလား?"
"မစားရသေးပါဘူး"
သူတို့ရဲ့ မရင်းနှီးသေးတဲ့ ဆက်ဆံရေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ရူးဆောင်ကြည့်ရတာ သတိထားပြီးနေ နေသလိုဘဲ။
"အတူတူ စားကြတာပေါ့" ချိယွီပြုးပြကာ ပြောလိုက်တယ်။
အဲ့ဒီ့ အပြုံးက ရူးဆောင်ကို ထိတ်လန့်သွားစေခဲ့တယ်။
ဘုရားက တစ်ကယ်ကိုဘဲ သူ့ရဲ့ နူးညံ့မှုတွေအားလုံးကို အိုမီဂါတွေဆီကို ပေးအပ်ထားတာဘဲ။သူမရဲ့ ဌေးအသစ်ရဲ့ မျက်နှာက သိပ်မကောင်းဘူးဆိုရင်တောင် ရယ်တဲ့အခါ မှင်သက်သွားစေသေးတယ်။ သူ့ရဲ့ နုနယ်တဲ့ အသွင်အပြင်က လူတွေကို အကာအကွယ်ပေးတယ်လို့ ခံစားရစေတယ်။
သူမ ပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
ရူးဆောင် ချက်ပြုတ်ထားတဲ့ dinnerတွေက အရမ်း အရသာရှိပေမယ့် ချိယွီရဲ့ အစာစားချင်စိတ်က ပျှမ်းမျှသာဖြစ်တာကြောင့် နဲနဲသာစပြီး၊ သူယွီကျိုးလေးကိုကြည့်ဖို့ အပေါ်ထက်ကို တက်သွားလိုက်တယ်။
ယွီကျိုးလေးဟာ ရေချိုးထားပြီးအဝတ်လဲထားတာလဲတွေ့ရတယ်။ သူ့ပါးစပ်ထဲမှာလဲ သေးငယ်တဲ့ pacifier လေးတစ်ခုရှိနေခဲ့ပြီး မျက်နှာလေးက နီမြန်းနေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့တယ်။
(T/N: Pacifier 👶)
ဒီကလေးလေးက တစ်နေ့လုံး ငိုသံမကြားရတဲ့အတွက် ကြည့်ရတာ ပျိုးထောင်ဖို့ လွယ်မယ့်ပုံပေါ်တယ်။
ချိယွီ သူ့ရဲ့ လက်ချောင်းကိုဆန့်ထုတ်လိုက်ကာ ကလေးရဲ့ ပြည့်ဖောင်းနေတဲ့ ပါးလေးကို ဂရုတစိုက် ထိုးကြည့်လိုက်တယ်။ ဒီ နူးညံ့ပြီးပျော့ပျောင်းတဲ့ အထိအတွေ့လေးက လူတွေရဲ့ နှလုံးသားကို နူးညံ့သွားအောင် လုပ်ဆောင်နိုင်တယ်။သူ အရှေ့ကို ငုံ့ကိုင်းလိုက်ပြီး ရှူကြည့်လိုက်တဲ့အခါ ကလေးလေးဆီက ရတဲ့နို့နံ့လေးက တစ်ကယ်ကောင်းကြောင်း ခံစားမိတယ်။
ချိယွီက သူ့အိပ်ခန်းကို အမြန်ပြန်ပြီး မအိပ်ခင် ရေချိုးဖို့ လုပ်တော့တယ်။
မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပေါ်က အဝတ်တွေအားလုံးကို ချွတ်ပြီးချိန်မှာ ချိယွီ ထိတ်လန့်သွားခဲ့တယ်။
မူလကိုယ်က ပိန်တယ်ဆိုတာ သူသိပေမယ့် ဒီလောက်ထိ ပိန်လှီနေမယ်လို့ မထင်ထားခဲ့ဘူး။ မရှိတဲ့ ကြွက်သားတွေကို မပြောနဲ့အုံး ၊ ဘယ်နေရာမှာမှ ပြတ်သားတဲ့ ကြွက်သား မရှိဘူး။အသားပြည့်နေတာမြင်ချင်ရင်တောင် လက်မောင်းကို တင်းတင်း ညှစ်ထားမှရနိုင်မယ်။
သူ့ပုံသဏ္ဍာန်က ပိန်ပြီး သစ်သားချောင်းပုံပေါက်နေပေမယ့် အချိုးကျလှပပြီး ကျန်းမာရေးသိပ်မကောင်းတာတော့ သေချာတယ်။
ဒါ့ကြောင့် ချိယွီက ဘာမှထပ်တွေးမနေတော့ဘဲ သူ့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းထဲကို ကြံ့ခိုင်မှုကိုပါ ထပ်ဖြည့်ခဲ့ပြီး မနက်ဖြန်အပြန်လမ်းမှာ dumbbell ဝယ်ရမည်ဟုပင် တွေးထားတာကြောင့် အိမ်စာလုပ်ရင်း လေ့ကျင့်ခန်းလုပ်နိုင်မှာဖြစ်တယ်။
( T/N : dumbbell 💪)
ထို့နောက်တွင် သူ၏အကြည့်များသည် သဘာဝအတိုင်း ပျံ့လွင့်သွားကာ လူသားတိုင်း အလွန်အလေးထားသည့် နေရာတွင် ကျဆင်းသွားခဲ့သည်။
ခဏအကြာ တိတ်ဆိတ်နေပြီးနောက်မှာတော့ ချိယွီက သူ့မျက်လုံးတွေကို အဝေးကို တွန်းပို့လိုက်တယ်။
မူလကိုယ်က အပြည့်အဝမဖွံ့ဖြိုးသေးလို့ အဲ့အရာ ဆက်ပြီးဖွံ့နေဆဲဆိုတာဖြစ်သင့်ပါတယ်လို့ ချိယွီ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်တယ်။
မဟုတ်ဘူး၊ အဲ့ဒါ ဖွံ့ဖြိုးလာမှာပါ!
သေချာပေါက်ကို ဖွံ့ဖြိုးလာမှာပါ!
(T/N : သူ့ဥကြီးလာမှာပါလို့ သူ့ကိုယ်သူနှစ်သိမ့်နေတာပါ 🤣)
ချိယွီ အသက်ပြင်းပြင်းရှူလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုယ်ပေါ်ကို ရေပူတွေနဲ့ ဆေးကြောစေလိုက်တယ်။
အတော်ကြာတော့ သူ ရေပန်းကို ပိတ်လိုက်တယ်။
Shit!
သူ အဲ့ဒါကို ဆေးလေ ၊ ယုတ်ညံ့တယ်လို့ ခံစားလာရလေဘဲ။အဲ့ဒါဆိုလည်း အဲ့ဒါကို ထပ်ဆေးမနေနဲ့တော့။
ချိယွီက သူ့ ခန္ဓာကိုယ်ကို သဘက်အကြီးကြီးနဲ့ သုတ်ပြီးနောက် ဘောင်းဘီတိုတစ်စုံ ထုတ်ဝတ်ကာ အိပ်ယာပေါ် ခုန်တက်လိုက်ပြီး သူ့ကိုယ့်သူ တိတ်ဆိတ်မှုထဲ နှစ်မြှုပ်ပစ်လိုက်တယ်။
ငါ သေချာပေါက် ပြန်ဖွံ့ဖြိုးလာမှာပါ။
သေချာပေါက် ပြန်ဖွံ့ဖြိုးလာမှာပါ။
ချိယွီဟာ အိပ်မောကျမသွားခင်အထိ ဒီစာကြောင်းကို ဆက်တိုက်ရွက်ဆိုနေခဲ့တယ်။
----------------------
နောက်တစ်နေ့ မနက်စောစောမှာ ချိယွီ နိုးထလာခဲ့တယ်။
ပြီးတော့ သူဟာ အားနည်းနေတဲ့ မျက်နှာအမူအရာနဲ့ မနက်စာစားပြီး ကျောင်းသွားဖို့ ရှီးယွီရှင်း ရဲ့ စက်ဘီးပေါ် တက်ထိုင်လိုက်တယ်။
"မင်းဘာဖြစ်နေတာလဲ?" ရှီးယွီရှင်း စိတ်ရှုပ်ထွေးသွားခဲ့တယ်။
ချိယွီ : "ဘာမှမဟုတ်ပါဘူး၊ဒီတိုင်း စိတ်ဒဏ်ရာအသေးစားလေး တစ်ခုကြောင့်ပါ"
ရှီးယွီရှင်း : "စိတ်ဒဏ်ရာ?ဟယ်ကျောင်းက မင်းကို ထပ်အနိုင်ကျင့်ပြန်ပြီလား?၊ဒါမှမဟုတ် ဟယ်ကျိုးလား?"
"တစ်ကယ်လို့ ငါက ဟုတ်တယ်လို့ပြောရင် မင်းက ငါ့အတွက် လက်စားချေပေးမှာမို့လို့လား"
"မဟုတ်ပါဘူး၊ဒါပေမယ့် သူတို့ကိုဆူဖို့အတွက် ငါမင်းကိုအဖော်လိုက်ပေးနိုင်တယ်၊ငါက သူခိုးတွေနဲ့ လူတွေကို ဆူနိုင်တယ်။ သူရဲကောင်းတွေကိုတောင်မှ မကြောက်ဘဲ ဆန့်ကျင်နိုင်တယ်" ရှီးယွီရှင်းက ဒီစာကြောင်းကို အသံကျယ်ကျယ်နဲ့ အော်ပြောနေခဲ့တာဖြစ်တယ်။
ချိယွီလဲ အော်ဟစ်ကာ ခေါင်းရမ်းပြလိုက်တယ်။
"အဲ့ဒါက သူတို့မဟုတ်ပါဘူး၊ တစ်ခြားတစ်ခုခုကြောင့်ပါ"
"ဒါဆို ဘာဖြစ်လို့များလဲ?"
"ငါ သင်္ချာမှာ သုညဘဲရခဲ့လို့"
သူ့ယောက်ျား အတ္တက နာကျင်စွာ ထိုးနှက်ခံရတယ်လို့ မပြောနိုင်ဘူး။အဲ့ဒါက အရမ်းရှက်စရာကောင်းလွန်းတယ်။
ရှီးယွီရှင်း ခေါင်းကုတ်ကာ ဆိုလာတယ်။"ဒါပေမယ့် မင်းအရင်ကလဲ သင်္ချာမှာသုညရတာဘဲလေ၊ဒါပေမယ့် မင်းအရင်က ဒီလောက်ဝမ်းမနည်းခဲ့ဖူးပါဘူး။"
ချိယွီ : "..."
"ငါ ဒီမနက် နိုးလာတော့ အရမ်းရှက်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်၊ငါစာခက်ခက်ခဲခဲပြန်ကြိုးစားပြီး စာရွက်သစ်တစ်ရွက်လှန်လိုက်လို့ မရဘူးလား?"
ရှီးယွီရှင်းက ချိယွီရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "အဲ့ဒါကောင်းတယ်၊နောက်ဆုံးတော့ မင်းစိတ်အားထက်သန်လာပြီဘဲ၊ငါမင်းအတွက်အရမ်းပျော်တယ်"
နောက်ဆုံးတော့လဲ ရှင်းယွီရှင်းရဲ့ စိတ်ဓာတ်တွေဟာ ချိယွီဆီ ကူးစက်လာခဲ့ပြီး သူလဲ စိတ်သက်သာရာရမှုကြောင့် သက်ပြင်းရှည်တစ်ခုချလိုက်တယ်။ပြီးနောက် သူ့ရဲ့ ရင်ဘတ်ကို ဖြောင့်အောင်ထားလိုက်ကာ၊ ပိုပြီး သက်တောင့်သက်သာ ဖြစ်သလို ခံစားလာရတယ်။
သူတို့ ကျောင်းအဆောက်အဦရှေ့ လှေကားအောက်ခြေမှာ လမ်းခွဲကြတဲ့အခါ ချိယွီက သူ့ရဲ့လက်ကို အားပါပါဝေ့ရမ်းလိုက်ပြီး ရှီးယွီရှင်းကို သူနဲ့ညစာ အတူစားဖို့မေးမြန်းလိုက်တယ်။
အခု သူ့မှာ အဖော်ရှိလာပြီဖြစ်တာကြောင့်ချိယွီ အတန်းထဲက လူတွေအားလုံးကို လျစ်လျူရှုလိုက်တယ်။
သူတို့က သူ့ကို မကြိုဆိုမှတော့ သူလဲ သူတို့နဲ့ သူငယ်ချင်းမဖြစ်ချင်ပါဘူး။အချင်းချင်း ရှင်းရှင်းလင်းလင်း နေတာက အားလုံးအတွက် အကောင်းဆုံးဘဲလေ။ဘာပဲဖြစ်ဖြစ် သူဂရုမစိုက်ပါဘူး။
အတန်းထဲမှာ ချိယွီက သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေနဲ့ အာရုံထွေပြားချင်းမရှိဘဲ မေးခွန်းပင်လယ်ကြီးထဲ နစ်မြုပ်နေပြီး အချိန်တွေကလဲ လျင်မြန်စွာကုန်ဆုံးနေခဲ့တယ်။
အတန်းတွေက အလွန်မြန်မြန်ဘဲ ကုန်ဆုံးသွားတယ်လို့ ချိယွီအမြဲတမ်းခံစားနေရတယ်။ဒီကျောင်းက ဆရာ၊ဆရာမတွေက အသင်အပြကောင်းကြတယ်။သူ ခေါင်းစဉ်တွေကို သိပြီးသား ဆိုရင်တောင်မှ သူတို့ပြောတာကို နားထောင်ရတာ ကြိုက်နေတုန်းဘဲ။
ဘယ်လိုပဲပြောပြော သူ အတန်းချိန်တွေကို အခွင့်ကောင်းယူကာ သင်္ချာပြဿနာတွေကို တွက်ချက်နေတာဖြစ်တယ်။
အတန်းဆင်း ခေါင်းလောင်းသံ မြည်လာတဲ့အခါ ချိယွီကသူ့ရဲ့ ဘောပင်ကို ချလိုက်ပြီး စိတ်သက်သာရာ ရသွားတယ်။သူ့ ရင်ဘတ်မှာ စုပြုံနေခဲ့တဲ့ အခိုးအငွေ့တွေကလဲ ပျောက်ကွယ်သွားခဲ့တယ်။သေချာပါတယ် ၊သင်ယူခြင်းက သူ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ် !။
------------------------
"ငါတို့ ဘာစားသင့်လဲ" ချိယွီရွှင်မြူးစွာနဲ့ ပြောလိုက်တယ်။
ရှီးယွီရှင်း : "စားပွဲ အရင်သွားဦးချေ ၊ ငါလိုင်းမှာ တန်းစီနေလိုက်မယ် ၊ မင်းဘာစားချင်လဲ? မှာယူတဲ့ ပြတင်းပေါက်နားမှာ လူတွေအများကြီးဘဲ။ဒါကြောင့် အမြန်ဆုံး မှာယူမှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစားအစာတွေဘဲရှိတယ် ။ ငါတို့ဘာလို့ အင်္ဂါနေ့ရဲ့ setကို မစားရမှာလဲ"
ချိယွီ ပြန်ဖြေလိုက်တယ်။ "အိုကေ"
ရှီးယွီရှင်း လိုင်းမှာ သွားပြီးတန်းစီတာနဲ့ ချိယွီလဲ ပတ်ပတ်လည်မှာ ထိုင်ဖို့ စားပွဲကို ရှာနေလိုက်တယ်။
သူ ခုံလွတ်ကို တစ်ခါ တွေ့လိုက်တယ်။
"ဒီမှာ သူတို့တွေအသုံးမပြုတဲ့ ခုံလွတ်တွေ အများကြီးရှိတာဘဲ ..."
သို့သော် ဤနေရာလွတ်သည် ထူးဆန်းသည်။ ဟန်နယ်စပ်ရှိ ချူမြစ်ကဲ့သို့ နှစ်ဘက်စလုံးမှ လူများကို ပိုင်းခြားထားသော ထိုင်ခုံလွတ်တန်းရှည်ကြီးတစ်ခုဖြစ်သည်။
တစ်ဖက်မှာတော့ အရပ်ရှည်ရှည် မိန်းကလေးများနဲ့ ယောက်ျားလေးများက တောက်ပပြီးသာလွန်တဲ့ ရောင်ဝါတွေနဲ့ မတ်မတ်ထိုင်နေကြပြီး ၊ တစ်ဖက်မှာတော့ လူအားလုံးက အရပ်ပုကာ နူးညံ့ပြီးအားနည်းတဲ့ပုံပေါ်တယ်။
ဒီကျောင်းမှာ ခန္ဓာကိုယ်အမျိုးအစားနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုရှိတာလား?
ဒါမှမဟုတ် ဒီထိုင်ခုံတွေကို ဆရာတွေအတွက် သီးသန့်ထားပြီး ကျောင်းသားတွေ အသုံးမပြုနိုင်ဘူးလား။ ဒါပေမယ့် ကျောင်းသားတွေ ထိုင်ခွင့်မရှိဘူးဆိုတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။
ချိယွီက ဖြတ်လျှောက်လာပြီး မျက်နှာအမူအရာမပြောင်းလဲဘဲ ဒီ "ချူ-ဟန်မြစ်" မှာ တိုက်ရိုက်ထိုင်လိုက်တယ်။
အထူးသဖြင့် အရပ်ရှည်သော ယောက်ျားလေးများနှင့် ဆင်တူသော ပေါက်ကွဲလွယ်တဲ့ အသွင်အပြင်ကို ပိုင်ဆိုင်လိုတာကြောင့် ဖြစ်တယ်၊ သူက ၎င်းတို့အနီးရှိ စားပွဲ၌ တမင်တကာ ထိုင်နေခဲ့တယ်။
လေးနက်သောအမူအရာဖြင့် စူးစူးစိုက်စိုက်ကြည့်မနေဘဲ ၊
ချိယွီက အလွန်ကျွမ်းကျင်ပြီး ထိုကောင်လေးတွေရဲ့ သန်မာတဲ့ ခန္ဓာကိုယ်တွေကို သတိမထားမိဘဲ စိုက်ကြည့်နေမိတယ်။
မာနကြီးခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ သူ့ရဲ့မာနပျောက်ဆုံးသွားတဲ့အခါမှာ သူ့ရဲ့အကြည့်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။ပြီးတော့ သူ့ရဲ့နှလုံးသားမှာပေါ်ထွက်နေတဲ့ မနာလိုစိတ်ကိုလဲ မထိန်းချုပ်နိုင်ခဲ့ဘူး။
အရပ်ရှည်ပြီး၊ကြွက်သားတွေက အလွန်တင့်တယ်လှတယ်။
အရမ်း အားကျမိတယ်။
သူ အားကျပြီးမနာလိုမိလွန်းလို့ သူ့ရုပ်က လီမွန်တောင်းတစ်တောင်းလုံးစားထားသလိုမျိုး ချဉ်တူးနေပြီး သူတစ်ကိုယ်လုံးချဉ်လာခဲ့တယ်။
သူ နှလုံးသားထဲမှာ သက်ပြင်းချလိုက်ကာ၊ အခြားတစ်ယောက်ရဲ့ မျက်လုံးနဲ့ ဆုံသွားခဲ့တယ်။
တစ်ဖက်လူက သူ့ကို ဗလာသပ်သပ် စိုက်ကြည့်နေခဲ့ပြီး နှုတ်ခမ်းတွေကလဲ တွန့်ကွေးနေကာ သူ့မျက်ဝန်းတွေက တောက်လောင်နေခဲ့တယ်။ကြည့်ရတာ သတိပေးနေတဲ့အကြည့်လိုလို လှောင်ပြောင်နေသလိုလို။
ဒီလူ့ရဲ့ အသွင်အပြင်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ထူးခြားကောင်းမွန်ပြီးတော့ ၊ ဒီကျောင်းမှာ ကြည့်ကောင်းတဲ့ကောင်လေးတွေအများကြီးရှိရင်တောင် သူက အံ့ဩစရာအကောင်းဆုံးတစ်ယောက်ဘဲ။
ချိယွီရဲ့ နှလုံးခုန်သံက စည်းချက်လွတ်သွားခဲ့တယ်။
တောင့်တမှုတစ်ခု သူ့စိတ်ထဲတွင် အထိန်းအကွပ်မရှိ ကြီးထွားလာခဲ့တယ်။
သူ့ရဲ့ ရင်ဘတ်ကို ဖိလိုက်ပြီး မရှင်းပြနိုင်တဲ့ နှလုံးခုန်နှုန်းကို လျစ်လျူရှုလိုက်ကာ သူ့အားနည်းချက်ကိုဖုံးကွယ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တယ်။
သူတို့အားလုံးက ယောက်ျားလေးတွေဘဲ။ဒီတော့ သူတစ်ခြားသူရဲ့ ခန္ဓာကိုယ်ကို ချီးကျူးလိုက်ရင်ရော?
ဘေးနားမှာတော့၊ သူတင်မဟုတ်ခဲ့ပါဘူး။
သူစူးစူးရဲရဲစိုက်ကြည့်နေတာကိုမြင်တော့ ထိုလူ့ရဲ့တွန့်ချိုး နေခဲ့တဲ့ နှုတ်ခမ်းတွေ ပျောက်ကွယ်သွားပေမယ့် သူ့ရဲ့ မျက်လုံးထဲက မထီမဲ့မြင်ပြုမှုက နှစ်ဆတိုးလာခဲ့တယ်။
ချိယွီလက်သီးဆုပ်လိုက်တယ်၊ ရုတ်တရက် သူ့ခန္ဓာကိုယ်က နွေးထွေးမှုကို ခံစားလိုက်ရတယ်။
သူ့ပါးပြင်တွေက ပန်းရောင်သန်းလာကာ၊ အသက်ရှူလဲမြန်လာပြီး သူ့ခန္ဓာကိုယ်က သူ့အမိန့်ကိုမနာခံတော့ဘူး။သူ ခေါင်းငုံ့လိုက်တယ်၊ခြေလက်တွေထုံကျင်လာပြီး သူဆက်မထိုင်နိုင်တော့ဘူး။
သူ ရုတ်တရက် မနေ့ကသိမ်းလိုက်တဲ့ ပစ္စည်းတွေထဲက အပြာရောင်အရည်တွေကို သတိရသွားတယ်။
မူလကိုယ်က တစ်ကယ်ဘဲ မူးယစ်ဆေးစွဲနေခဲ့တာလား? သူ အခုမူးယစ်ဆေးစွဲနေတာလား?
သူဘေးကို အကူအညီမရှိ ယိုင်ပြီး ကျသွားတာနဲ့၊ သူ့ကို ယိုင်နဲ့စေခဲ့တဲ့ စွမ်းအားတွေကလဲ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့တယ်။
ချိယွီ သူ့လက်ကို စားပွဲပေါ်ဆွဲတင်ကာ ပြုတ်ကျမသွားအောင် ထိန်းလိုက်တယ်။
သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းပြီးတဲ့နောက်မှာ ချိယွီဟာ စားပွဲပေါ်လှဲချကာ အသက်ရှူကြပ်လာတာကြောင့် သူ့ခန္ဓာကိုယ်မှချွေးများထွက်လာခဲ့တယ်။
အရပ်ရှည်တဲ့ ကောင်လေးတွေနဲ့ကောင်မလေးတွေက သူ့ကိုလှောင်ပြောင်စွာကြည့်နေခဲ့ကြတယ် ၊ အံ့ဩစရာမဟုတ် ၊ တစ်ဖက်က အားနည်းတဲ့ ကောင်လေးတွေနဲ့ကောင်မလေးတွေကတော့ ပို၍မရိုးသားစွာ ၊ပါးစပ်ကိုလက်နဲ့အုပ်ထားကြပြီး တစ်ယောက်ပြီးတစ်ယောက် သူ့ရဲ့ ကံဆိုးမှုကို ကျေနပ်နေကြတယ်။
အစကတော့ မူလပိုင်ရှင်က နေမကောင်းတာလား ဆေးစွဲနေလို့လား လို့ထင်ခဲ့ပေမယ့်၊ သူ့အနားကလူတွေရဲ့အမူအရာတွေကို မြင်တဲ့အခါ ချိယွီချက်ချင်းသဘောပေါက်သွားခဲ့တယ်။
- mother f*cker ဒီ ကမ္ဘာ မှာ စူပါပါဝါတွေ ရှိနေတာလား?
-ငါ့ကို တိုက်ခိုက်တဲ့သူက သူတို့ထဲက တစ်ယောက်ဖြစ်ရမယ် !
ချိယွီ အရမ်းဒေါသထွက်သွားခဲ့တယ်။ စားပွဲခုံကိုရိုက်ကာ အဲ့ဒီ့ခွေးကောင်ရဲ့ကော်လာကို ဆွဲပြီး သူ့တို့ရဲ့ခေါင်းကို ထုလိုက်ချင်ပေမယ့်၊ သူ့ကိုယ်ဟာ အလွန်အားနည်းနေတာကြောင့် ခေါင်းတောင်မထောင်နိုင်ခဲ့ဘူး။
"ချိယွီ မင်းဘာလို့ ဒီမှာထိုင်နေရတာလဲ?ဘာဖြစ်နေတာလဲ?"
အဲ့ဒီအချိန်မှာဘဲ ရှီးယွီရှင်းက ညစာပန်းကန်တွေနဲ့အတူ ရောက်လာခဲ့တယ်။
သူက ညစာပန်းကန်ကိုချကာ ချိယွီပုခုံးကို ထိန်းကိုင်လိုက်ပြီး ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာသိဖို့ လှည့်ကြည့်လိုက်တယ် ။
ရှီးယွီရှင်းက ရုတ်တရက်ကြောက်လန့်သွားပြီး သူ့အသံကိုတိုးလိုက်ကာ ချိယွီကို တွဲပြီး ထွက်လာခဲ့တယ် ။အစားစာ ပန်းကန်တွေကို လျစ်လျူရှုခဲ့ပြီးတော့ပေါ့။
"သူ့ကို ရန်သွားမစဖို့ မင်းကိုငါပြောခဲ့တယ်မလား?"
"ငါဒီတိုင်းထိုင်နေခဲ့တာ ၊သူကသာ အရင်ရန်လာစတဲ့သူကွ"
ဒီစကားလုံးက ခန့်ညားပေမယ့် ချိယွီက အားနည်းနေတာကြောင့်၊ သူ့အသံကလဲ ကလေးလေး အမှားလုပ်ထားသလိုမျိုး နူးညံ့ပြီးအားနည်းနေခဲ့တယ်။
ရှီးယွီရှင်းတားလိုက်တယ် "တိတ်တိတ်နေ ၊ မင်းမှာ ပြောဖို့အားမရှိရင် စကားပြောမနေနဲ့တော့"
ချိယွီ ဒေါသထွက်သွားခဲ့တယ် "ဘာလို့ အဲ့ဒါကို ငါမပြောနိုင်ရမှာလဲ?!"
"မင်းသူ့ကို မနိုင်နိုင်ဘူး၊ ဒီကြီးမားတဲ့ ပစ်ချက်ကြီးကို မင်းတွေ့လိုက်တယ်မလား၊ ငါတို့မိသားစုတစ်စုလုံးပေါင်းရင်တောင် သူ့ရဲ့လက်ချောင်းလေးတစ်ချောင်းကိုတောင်
ထိခိုက်စေနိုင်မှာမဟုတ်ဘူး "
"ဘုရားရေ၊ ရပ်အုံး ။မင်းအရင်က ဒီလိုမျိုးအရမ်း မကြောက်ခဲ့ပါဘူး "
ချိယွီက စကားဆက်ပြောချင်နေသေးတာကို မြင်ရတော့ ရှီးယွီရှင်းက သူ့ရဲ့ပါးစပ်ကို လက်နဲ့အမြန်ပိတ်လိုက်တယ်။
ချိယွီ ဒေါသထွက်သွားပြီး မျက်လုံးလှိမ့်ကာ ရှီးယွီရှင်းဆွဲခေါ်ရာနောက် ပါသွားတော့တယ် ။
ထိုနှစ်ယောက် ထွက်သွားပြီးနောက် ကဖေးထဲက လူတွေဟာ တီးတိုးပြောဆိုနေခဲ့ကြတယ်။
အဲ့ဒါက "pop" ဆိုပြီး တူတစ်စုံရဲ့ စားပွဲပေါ်ခေါက်လိုက်သံကြားမလာခင် အထိသာဖြစ်ပြီး ၊ထမင်းစားခန်းတစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့တယ်။
အခန်းထဲရှိ မျက်လုံးများက alphaဝိုင်းက ဟယ်ကျိုးကို စိုက်ကြည့်နေကြပေမယ့် တစ်ချက်သာကြည့်ကာ ခေါင်းငုံ့ပြီး သူတို့ရဲ့အစားအသောက်တွေကို တိတ်ဆိတ်စွာ ဆက်စားနေလိုက်ကြတယ်။
သူတို့အားလုံး ကျောင်းရဲ့ အသန်မာဆုံး alpha ဟယ်ကျိုးနဲ့ ၊အဆိုးရွားဆုံး omega ချိယွီတို့ရဲ့ ဇာတ်လမ်းကို
သိပြီးသားဖြစ်တယ်။
အကြောင်းအရာကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိကြပေမယ့်လဲ သူတို့ အဲ့ဒါကို အနည်းနဲ့အများတော့ ခန့်မှန်းနိုင်ပါသေးတယ် ။တစ်ကယ်တော့ ဟယ်ကျိုးနဲ့ ရှီးချီ တို့ လက်ထပ်စာချုပ်ဖျက်သိမ်းခဲ့ကာ ဒေါသဖြစ်စရာဖြစ်ပြီး လူတိုင်းသိကြတယ်။
လူတိုင်းက ဟယ်ကျိုးက သူ့ ကံကြမ္မာရဲ့ အစစ်အမှန် omegaကိုတွေ့ပြီလို့ ခန့်မှန်းခဲ့ကြတာဖြစ်တယ်။မဟုတ်ရင် ၊သူ့လိုမျိုး လက်တွဲဖော်အတွက် သဘောထားကွဲလွဲတတ်တဲ့သူက မိသားစုတစ်စုလုံးရဲ့ အကျိုးစီးပွားကို လူတစ်ဦးတည်းအတွက် မည်သို့ချန်ထားခဲ့နိုင်ပါမည်နည်း။
တစ်ကယ်ကိုဘဲ၊သူတို့ထင်ခဲ့တဲ့အတိုင်းဘဲ ချိယွီ အမည်ရှိတဲ့ omegaတစ်ယောက် ဟယ်ကျိုးဘဝထဲဝင်ရောက်လာခဲ့တယ်။
ဒါပေမယ့် ဒီomegaက နိမ့်ကျတဲ့နောက်ခံကနေ ဆင်းသက်လာတဲ့သူဖြစ်တယ်။ဟယ်ကျိုးကြောင့်သာမဟုတ်ရင် လုံချန်းကျောင်းကို ဝင်ရောက်နိုင်မှာမဟုတ်ဘူး။
သူက လုံးဝကို ဗီလိန်တစ်ယောက်လိုဖြစ်ပြီး လူတိုင်းကို ရွံရှာစေခဲ့တယ်။
ဒါပေမယ့် သူက ဟယ်ကျိုးဆီက အမှတ်အသားအပြုခံခဲ့ရသူဖြစ်တာကြောင့်၊ လူတိုင်း ဘာစကားမှ မဟရဲကြဘူး။
ပြီးနောက် ချိယွီ ရုတ်တရက် ကျောင်းထွက်ခဲ့ပြီး ကလေးမွေးခဲ့တယ်။သူက ဟယ်မိသားစုထဲ ဝင်ရောက်ပြီး ဖီးနစ်ငှက်တစ်ကောင်လို ပျံသန်းနေရမှာဖြစ်ပေမယ့် ၊ဘာသတင်းမှမကြားခဲ့ရဘူး။
တစ်နှစ်အကြာမှာ ကျောင်းပြန်တက်ခဲ့ပေမယ့် ၊ ဟယ်ကျိုးရဲ့ မျက်နှာသာ ပေးမှုကိုမခံခဲ့ရရုံသာမက ဟယ်ကျောင်းလို သူမရဲ့ နာမည်ဂုဏ်သတင်းကို အမြဲမြတ်နိုးတဲ့ ချစ်စရာကောင်မလေးကတောင် သူ့အပေါ်မကောင်းတဲ့အရာတွေလုပ်နေတာကို မရပ်တန့်နိုင်ခဲ့ဘူး။(ချိယွီကို အနိုင်ကျင့်တာကိုမရပ်တန့်နိုင်ခဲ့ဘူး။)
ကြည့်ရတာ ချိယွီပျောက်သွားတဲ့ တစ်နှစ်အတွင်းမှာ တစ်ခုခုဖြစ်သွားခဲ့တာဘဲ ဖြစ်ရမယ်။
ဘယ် alphaကမှ သူ့ကလေးကိုမွေးပေးပြီး သူ့ဆီက အမှတ်အသားအပြုခံခဲ့ရတဲ့ omegaကို ဒီလိုဆက်ဆံမှာ မဟုတ်ဘူး၊ အကယ်၍ omegaကသာ တစ်ခုခု အလွန်အကျွံမလုပ်ခဲ့ရင်ပေါ့။
သို့သော်လည်း ဒီ ကိစ္စတွေကို ဟယ်မိသားစုက ဖုံးကွယ်ထားတာကြောင့် အပြင်လူတွေမသိနိုင်ပေ။
ဒီလို ဖုံးကွယ်ထားတာကြောင့် လူတွေက ဘာဖြစ်ခဲ့တယ်ဆိုတာ သိချင်လာကြပြီး သူ့တို့ထင်ရာမြင်ရာ မှန်းဆနေခဲ့ကြကာ နောက်ဆုံးမှာတော့ ဟယ်ကျိုးနဲ့ဟယ်မိသားစုက အကြပ်ကိုင်လိုက်တာကြောင့် လူတိုင်းပါးစပ်ပိတ်နေခဲ့ကြရတော့တယ် ။
ဒီ အကြောင်းအရာက တစ်ဖြည်းဖြည်းနဲ့ တားမြစ်စကားတစ်ခု ၊ တားမြစ်အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။
------------------------------------------------------------
စာရေးသူမှာ ပြောစရာရှိပါတယ်။
ချိယွီ : "ဘယ်သူက AOB worldကို တွေးမိပါ့မလဲ! !
ဘယ်သူ ! က! တွေးမိ! ပါ့မလဲလို့!!
=========================================
🍼 အဲ့ဒါက ငါ့ကိုတွန်းအားပေးနေတဲ့သူပဲဖြစ်ရမယ် ( Zaw )
ဖုန်းနံပါတ်ကိုတော့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုအဖြစ်နဲ့ မှတ်ယူနိုင်တယ်။
ကလေးလေးရဲ့ရယ်သံကို အပေါ်ကနေကြားရနိုင်တယ်။ရူးဆောင်ရဲ့ချော့မြူသံနဲ့အတူ ၊ ကြီးမားပြီး ဗလာဖြစ်နေတဲ့ ဗီလာကြီးထဲ နွေးထွေး တဲ့လေထုဟာ နားမလည်နိုင်စွာ တိုးဝင်လာခဲ့တယ်။
ကံကောင်းစွာနဲ့ဘဲ ၊ သူက တစ်ယောက်ထဲ မဟုတ်ခဲ့ဘူး။
ချိယွီ သမ်းဝေလိုက်ပြီး သူအနည်းငယ် ပင်ပန်းနေခဲ့တယ်။
မကူးပြောင်းခင်၊ ရက်တော်တော်ကြာကြာ စာလေ့လာခဲ့တဲ့သက်ရောက်မှုတွေနဲ့ ကူးပြောင်း ပြီးနောက် မကြာသေးမီကမှ ပင်ပန်းနွမ်းနယ်မှုတွေ စုလာခဲ့တယ်။
ချိယွီ နွမ်းလျလာတာကြောင့် သူမျက်လုံးတွေကို တဖြည်းဖြည်းမှိတ်ကာ ဘေးတိုက်လှည့်ပြီး သက်သောင့်သက်သာ အရှိဆုံးအနေအထားကို ကွေးအိပ်ကာ မကြာမီဘဲအိပ်ပျော်သွားခဲ့တယ်။
ချိယွီ အသံတိုးတိုးလေးကြောင့် နိုးမလာခင်အထိ သူအချိန်မည်မျှကြာအောင် အိပ်ပျော်သွားခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေ။
သူ့မျက်လုံးတွေကိုပွတ်သပ်လိုက်ကာ ထထိုင်လိုက်ပြီးဆိုဖာပေါ်မှာ အသစ်ငှားထားတဲ့ ရူးဆောင် ကိုတွေ့လိုက်ရတယ်။
"sorry,ကျွန်တော် အိပ်ပျော်သွားတယ်" ချိယွီဖုန်းကိုကြည့်လိုက်တော့ အခုညနေ 7နာရီတောင်ကျာ်သွားပြီဆိုတာကို တွေ့လိုက်ရတယ်။သူတော်တော်ကြာကြာကို အိပ်ပျော်သွားခဲ့တာဘဲ။
ရူးဆောင် ခေါင်းငြိမ့်ပြလိုက်ပြီး "ညစာအဆင်သင့်ဖြစ်နေပြီ၊ မီးဖိုချောင်ထဲမှာ ပြန်နွှေးပေးရအုံးမလား?"
"မစားရသေးဘူး"
"အတူစားကြတာပေါ့" ချိယွီပြုံးပြီးပြောလိုက်တယ်။
သူမပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ် "
"ရပါတယ်"
ရူးဆောင် ချက်ပြုတ်ထားတဲ့ dinner က အရမ်းအရသာရှိပေမယ့် ချိယွီရဲ့အစာစားချင်စိတ်ဟာ ပျှမ်းမျှသာဖြစ်တာကြောင့် နဲနဲသာစားပြီး ၊ သူယွီကျိုးလေးကိုကြည့်ဖို့ အပေါ်ထက်ကိုတက်သွားလိုက်တယ်။
(T/N: pacifier 👶)
ဒီကလေးလေးက တစ်နေ့လုံး ငိုသံမကြားရတဲ့အတွက် ကြည့်ရတာ ပျိုးထောင်ဖို့ လွယ်ကူမယ့်ပုံပေါ်တယ်။
ချိယွီ သူ့ရဲ့လက်ချောင်းကိုဆန့်ထုတ်ကာ ကလေးရဲ့ပြည့်ဖောင်းနေတဲ့ပါးလေးကို ဂရုတစိုက် ထိုးကြည့်လိုက်တယ်။ဒီနူးညံ့ပျော့ပျောင်းတဲ့ အထိအတွေ့လေးက လူတွေရဲ့နှလုံးသားကို နူးညံ့သွားအောင်လုပ်ဆောင်နိုင်တယ်။သူအရှေ့ကိုငုံ့ကိုင်းလိုက်ပြီး ရှူကြည့်လိုက်တဲ့အခါ ကလေးဆီက ရတဲ့နို့နံ့လေးကတစ်ကယ်ကောင်းကြောင်း ခံစားမိတယ်။
သို့သော်လည်း သူ့ကိုယ်ပေါ်က အဝတ်တွေ ချွတ်ချပြီးတဲ့ အချိန်မှာ
သူ့ပုံသဏ္ဍာန်က ပိန်ပြီးသစ်သားချောင်းပုံပေါက်နေပေမယ့် အချိုးကျလှပပြီး ကျန်းမာရေးမကောင်းတာတော့သေချာတယ်။
ဒါကြောင့် ချိယွီက ဘာမှထပ်တွေးမနေတော့ဘဲ သူ့ရဲ့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းထဲကို ကြံ့ခိုင်မှုကိုပါ ထပ်ဖြည့်ခဲ့ပြီး မနက်ဖြန်အိမ်အပြန်လမ်းမှာ dumbbell ဝယ်ရမည်ဟုပင်တွေးထားတာကြောင့် အိမ်စာလုပ်ရင်းလေ့ကျင့်ခန်းလုပ်နိုင်မှာဖြစ်တယ်။
(T/N: dumbbell)
ထို့နောက်တွင် သူ့အကြည့်များက သဘာဝအတိုင်းပျံ့လွင့်သွားကာ လူသားတိုင်းအလွန်အလေးထားသည့်နေရာသို့ ကျဆင်းသွားခဲ့သည်။
ခဏအကြာတိတ်ဆိတ်နေအပြီးမှာတော့ ချိယွီက သူ့မျက်လုံးများကို အဝေးသို့တွန်းပို့လိုက်တယ်။
မူလကိုယ်က အပြည့်အဝမဖွံဖြိုးသေးလို့ အဲ့အရာက ဆက်ပြီးဖွံဖြိုးနေဆဲဆိုတာ ဖြစ်သင့်ပါတယ်လို့ ချိယွီကိုယ်တိုင်နှစ်သိမ့်လိုက်တယ်။
မဟုတ်ဘူး အဲ့ဒါဖွံဖြိုးလာမှာပါ !
သေချာပေါက်ကို ဖွံဖြိုးလာမှာပါ!
Shit!
ချိယွီ သူ့ခန္ဓာကိုယ်ကို သဘက်အကြီးကြီးနဲ့ သုတ်ပြီးနောက် ဘောင်းဘီတိုတစ်စုံထုတ်ကာ အိပ်ယာပေါ်ခုန်တက်လိုက်ပြီးတော့ သူ့ကိုယ်သူတိတ်ဆိတ်မှုထဲနှစ်မြုပ်လိုက်တော့တယ်။
ငါ သေချာပေါက်ပြန်ဖွံဖြိုးလာမှာပါ။
သေချာပေါက်ကို ပြန်ဖွံဖြိုးလာမှာပါ။
ချိယွီဟာ သူအိပ်မောမကျခင်အထိ ဒီစာကြောင်းကို ဆက်တိုက်ရွတ်ဆိုနေခဲ့တာဖြစ်တယ်။
------------
ပြီးတော့ သူဟာ အားနည်းနေတဲ့ မျက်နှာအမူအရာနဲ့ မနက်စာစားပြီး ကျောင်းသွားဖို့အတွက် ရှီးယွီရှင်းရဲ့ စက်ဘီးပေါ် တက်ထိုင်လိုက်တယ်။
ချိယွီ: " ဘာမှမဟုတ်ပါဘူး၊ဒီအတိုင်း စိတ်ဒဏ်ရာအသေးစားလေးတစ်ခုကြောင့်ပါ"
ရှိးယွီရှင်း: "စိတ်ဒဏ်ရာ?ဟယ်ကျောင်းက မင်းကို ထပ်ပြီးအနိုင်ကျင့်ပြန်ပြီလား?ဒါမှမဟုတ် ဟယ်ကျိုးလား?"
ချိယွီလဲ အော်ကာခေါင်းရမ်းပြလိုက်တယ်။
"အဲ့ဒါကသူတို့ကြောင့်မဟုတ်ပါဘူး၊ တစ်ခြားတစ်ခုခုကြောင့်ပါ"
"သချာင်္မှာ သုညဘဲရလို့"
သူ့ရဲ့ ယောက်ျားအတ္တက နာကျင်စွာထိုးနှပ်ခံရတယ်လို့တော့မပြောနိုင်ဘူး။အဲ့ဒါက အရမ်းရှက်စရာကောင်းတယ်။
ရှီးယွီရှင်းက ခေါင်းကုပ်ကာဆိုလာတယ်။ "ဒါပေမယ့် မင်းအရင်ကလဲ သချာင်္မှာသုညရခဲ့တာဘဲလေ၊ ဒါပေမယ့် မင်းအရင်က ဒီလောက်ဝမ်းမနည်းခဲ့ဖူးပါဘူး။"
ချိယွီ: "..."
"ငါ ဒီမနက်နိုးလာတော့ အရမ်းရှက်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ် ၊ ငါ စာကိုခက်ခက်ခဲခဲပြန်ကြိုးစားပြီး စာရွက်သစ်တစ်ရွက်လှန်လိုက်လို့ မရဘူးလား?"
ရှီးယွီရှင်းက ချိယွီရဲ့ပုခုံးကိုပုတ်လိုက်ပြီး : "အဲ့ဒါကောင်းတယ်၊ မင်းနောက်ဆုံးတော့ စိတ်အားထက်သန်လာပြီဘဲ၊ ငါမင်းအတွက် အရမ်းပျော်တာဘဲ"
နောက်ဆုံးတော့လဲ ရှီးယွီရှင်းရဲ့ စိတ်ဓာတ်တွေဟာ ချိယွီဆီကူးစက်လာခဲ့ပြီး သူလည်းစိတ်သက်သာရာရမှုကြောင့် သက်ပြင်းရှည်တစ်ခုချလိုက်တယ်။ ပြီးနောက် သူ့ရဲ့ရင်ဘတ်ကိုဖြောင့်အောင်ထားလိုက်ကာ ပိုပြီး သက်သောင့်သက်သာဖြစ်သလို ခံစားလာရတယ်။
သူတို့ ကျောင်းအဆာက်အအုံရှေ့လှေကားအောက်ခြေမှာ လမ်းခြွဲကတဲ့အခါ ချိယွီက သူ့ရဲ့လက်ကို အားပါပါဝေ့ယမ်းလိုက်ပြီး ရှီးယွီရှင်းကို သူနဲ့နေ့လည်စာ အတူစားဖို့မေးမြန်းလိုက်တယ်။
အတန်းထဲမှာ ချိယွီက သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေနဲ့ အာရုံထွေပြားခြင်းမရှိဘဲ မေးခွန်းပင်လယ်ကြီးထဲနစ်မြုပ်နေပြီး အချိန်တွေဟာလည်း လျင်မြန်စွာဘဲ ကုန်ဆုံးနေခဲ့တယ်။
သေချာပါတယ်၊ သင်ယူခြင်းက အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်! ။
--------------------
"ငါတို့ဘာစားသင့်လဲ?" ချိယွီက ရွှင်မြူးစွာနဲ့မေးလိုက်တယ်။
ချိယွီပြန်ပြောလိုက်တယ်။ "အိုကေ"
ရှီးယွီရှင်း လိုင်းမှာ သွားတန်းစီတာနဲ့ ချိယွီလဲ ပတ်ပတ်လည်မှာ ထိုင်ဖို့ စားပွဲရှာလိုက်တယ်။
သူခုံလွတ်ကို တစ်ခါတော့တွေ့လိုက်တယ်။
"ဒီမှာ သူတို့မသုံးတဲ့ခုံတွေအများကြီးရှိတာဘဲ..."
တစ်ဖက်မှာတော့ အရပ်ရှည်ရှည်မိန်းကလေးများနှင့် ယောက်ျားလေး များက တောက်ပပြီးသာလွန်တဲ့ အရောင်အဝါတွေနဲ့မတ်မတ်ထိုင်နေကြပြီး ၊ တစ်ဖက်မှာတော့ လူအားလုံးကအရပ်ပုကာ နူးညံ့ပြီးအားနည်းတဲ့ပုံပေါ်တယ်။
ဒါမှမဟုတ် ဒီခုံလွတ်တွေကို ဆရာ ,ဆရာမတွေအတွက် သီးသန့်ထားပြီး ကျောင်းသားတွေသုံးလို့မရဘူးလား?၊ ဒါပေမယ့် ကျောင်းသားတွေထိုင်လို့မရတဲ့ အရိပ်အယောင်လဲမတွေ့ရပါဘူး။
ချိယွီက ဖြတ်လျှောက်လာပြီး မျက်နှာအမူအရာမပြောင်းလဲဘဲ အဲ့ဒီ "ချူ-ဟန်" မြစ်မှာ တိုက်ရိုက်ထိုင်လိုက်တယ်။
အထူးသဖြင့်၊ အရပ်ရှည်တဲ့ယောက်ျားလေးများနဲ့ ဆင်တူသော ပေါက်ကွဲလွယ်တဲ့အသွင်အပြင်ကို ပိုင်ဆိုင်လိုတာကြောင့်ဖြစ်တယ်။သူက ၎င်းတို့အနီးရှိစားပွဲမှာ တမင်တကာထိုင်နေခဲ့တယ်။
လေးနက်သောအမူအယာများဖြင့် စူးစူးစိုက်စိုက် ကြည့်မနေဘဲ ၊ ချိယွီက အလွန်ကျွမ်းကျင်ပြီး ထိုကောင်လေးတွေရဲ့ သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တွေကို သတိမထားမိဘဲ စိုက်ကြည့်နေမိတယ်။
အရမ်း အားကျမိတယ် ။
သူအားကျမနာမိလွန်းလို့ သူ့ရုပ်ကလီမွန်တောင်းတစ်တောင်းလုံးကို စားထားသလိုမျိုးချဉ်တူးနေပြီး သူ့တစ်ကိုယ်လုံးချဉ်လာခဲ့တယ်။
သူ နှလုံးသားထဲမှာ သက်ပြင်းချလိုက်ကာ တစ်ခြားတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ဆုံသွားခဲ့တယ်။
ဒီလူ့ရဲ့ အသွင်အပြင်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ထူးခြားကောင်းမွန်ပြီးတော့ ဒီကျောင်းမှာ ကြည့်ကောင်းတဲ့ကောင်လေးတွေအများကြီးရှိရင်တောင် သူက အံ့သြစရာအကောင်းဆုံး တစ်ယောက်ဘဲ။
သူ့ရဲ့ ရင်ဘတ်ကိုဖိလိုက်ပြီး မရှင်းပြနိုင်တဲ့ နှလုံးခုန်သံကိုလျစ်လျူရှုလိုက်ကာ သူ့အားနည်းချက်ကိုဖုံးကွယ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တယ်။
သူ စူးစူးရဲရဲစိုက်ကြည့်နေတာကိုမြင်တော့ ထိုလူရဲ့တွန့်ချိုးနေခဲ့တဲ့နှုတ်ခမ်းပေါ်က အပြုံးက ပျောက်ကွယ်သွားပေမယ့် သူ့ရဲ့ မျက်လုံးတွေက မထီမဲ့မြင်ပြုမှုတွေက နှစ်ဆတိုးလာခဲ့တယ်။
မူလကိုယ်က တစ်ကယ်ဘဲ မူးရစ်ဆေးစွဲနေတာလား? သူ အခုမူးယစ်ဆေးစွဲနေတာလား?
သူ ဘေးကို အကူအညီမရှိ ယိုင်ကျသွားတာနဲ့ သူ့ကို ယိုင်နဲ့ စေခဲ့တဲ့စွမ်းအားတွေကလဲ သဲလွန်စမရှိပျောက်ကွယ်သွားခဲ့တယ်။
ချိယွီ သူ့လက်ကို စားပွဲပေါ်တင်လိုက်ကာ ပြုတ်ကျမသွားအောင် ထိန်းလိုက်တယ်။
သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းပြီးတဲ့နောက်မှာ ချိယွီဟာ စားပွဲပေါ်လှဲချကာ အသက်ရှူကြပ်လာတာကြောင့် ချွေးများထွက်လာခဲ့တယ်။
အရပ်ရှည်တဲ့ ကောင်လေးနဲ့ကောင်မလေးများက သူ့ကို လှောင်ပြောင်စွာကြည့်နေခဲ့ကြတယ်၊ အံသြစရာမဟုတ် ၊ တစ်ဖက်မှာရှိတဲ့ အားနည်းတဲ့ကောင်မလေးတွေနဲ့ကောင်လေးတွေကတော့ ပိုပြီးတော့မရိုးသားစွာ ၊ ပါးစပ်ကိုလက်နဲ့အုပ်ကာ တစ်ယောက်ပြီးတစ်ယောက် သူ့ရဲ့ကံဆိုးမှုကိုကျေနပ်နေကြတယ်။
အစကတော့ မူလပိုင်ရှင်က နေမကောင်းတာလား ဆေးစွဲနေလို့များလား လို့ ထင်ခဲ့ပေမယ့် သူ့အနားကလူတွေရဲ့အမူအရာတွေကို မြင်တဲ့အခါမှာ ချိယွီက ချက်ချင်းသဘောပေါက်သွားခဲ့တယ်။
-mother f*cker. ဒီကမ္ဘာမှာစူပါ ပါဝါတွေများရှိနေတာလား?
အဲ့ဒီ့အချိန်မှာဘဲ ရှီးယွီရှင်းက နေ့လည်စာပန်းကန်တွေနဲ့အတူ ရောက်လာခဲ့တယ်။
သူက နေ့လည်စာ ပန်းကန်တွေကိုချကာ ချိယွီရဲ့ပုခုံးကိုထိန်းကိုင်ပေးလိုက်ပြီး၊ ဘာတွေဖြစ်နေလဲဆိုတာသိဖို့ လှည့်ကြည့်လိုက်တယ်။
ရှီးယွီရှင်းကရုတ်တရက် ကြောက်လန့်သွားပြီး သူ့ရဲ့အသံကိုတိုးလိုက်ကာ ချိယွီကိုတွဲပြီးထွက်လာခဲ့တယ်။အစားအစာ ပန်းကန်တွေကို လျစ်လျူရှုပြီးတော့ပေါ့။
"သူ့ကို ရန်သွားမစဖို့ ငါပြောခဲ့တယ်မလား?"
"ငါက ဒီအတိုင်းထိုင်နေခဲ့တာ၊ သူကသာ အရင်ရန်လာစတဲ့သူကွ"
ဒီစကားလုံးက ခန့်ညားပေမယ့် ချိယွီဟာ အားနည်းနေတာကြောင့် သူ့အသံဟာ ကလေးလေး အမှားလုပ်ထားသလို နူးညံ့ပြီးအားနည်းနေခဲ့တယ်။
ရှီးယွီရှင်းက တားလိုက်တယ်။ "တိတ်တိတ်နေ၊ မင်းမှာစကားပြောဖို့အားမရှိရင် မပြောနဲ့တော့။"
ချိယွီက ဒေါသထွက်သွားခဲ့တယ်။ "ဘာလို့ မပြောရမှာလဲ?"
"မင်းသူ့ကိုမနိုင်နိုင်ဘူး၊ ခုနကလေးတင် ကြီးမားတဲ့ပစ်ချက်ကြီးကိုတွေ့တယ်မလား၊ ငါ့ရဲ့ တစ်မိသားစု လုံးပေါင်းပြီး သူ့ကိုတိုက်ခိုက်ရင်တောင် သူ့ရဲ့လက်ချောင်းလေးတစ်ချောင်းကိုတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"
"ဘုရားရေ၊ ရပ်အုံး။မင်းအရင်က ဒီလို မကြောက်ခဲ့ဖူးပါဘူး။"
ချိယွီ စကားဆက်ပြောချင်နေသေးတာမြင်တော့ ရှီးယွီရှင်းက ချိယွီရဲ့ပါးစပ်ကို သူ့လက်နဲ့အမြန်ပိတ်လိုက်တယ်။
ချိယွီဒေါသထွက်နေပေမယ့် မျက်လုံးလှိမ့်ကာ ရှီးယွီရှင်း ခေါ်ဆောင်ရာနောက်လိုက်ပါသွားရတော့တယ်။
အဲ့ဒါက 'pop' ဆိုပြီး တူတစ်စုံရဲ့ စားပွဲခေါက်သံကို မကြားရခင်အထိသာဖြစ်ပြီး ထမင်းစားခန်းတစ်ခုလုံး ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့တယ်။
အခန်းထဲရှိ မျက်လုံးမှန်သမျှက alpha ဝိုင်းက ဟယ်ကျိုးကို စိုက်ကြည့်နေကြပေမယ့် တစ်ချက်သာကြည့်ရုံကြည့်ကြပြီး ထို့နောက် ခေါင်းငုံ့ကာ စားစရာရှိတာဆက်စားနေလိုက်ကြတယ်။
တစ်ကယ်ကို သူတို့ထင်ခဲ့တဲ့အတိုင်းဘဲ ချိယွီအမည်ရှိတဲ့ omega တစ်ယောက် ဟယ်ကျိုးဘဝထဲကို ဝင်ရောက်လာခဲ့တယ်။
ဒါပေမယ့် သူက ဟယ်ကျိုးဆီက အမှတ်အသားပေးခံခဲ့ရတဲ့သူဖြစ်တာကြောင့် လူတိုင်းဘာစကားမှမဟရဲခဲ့ကြဘူး။
တစ်နှစ်အကြာမှာ ကျောင်းပြန်တက်ခဲ့ပေမယ့်၊ ဟယ်ကျိုးရဲ့ မျက်နှာသာပေးမှုကိုမခံရရုံသာမက ဟယ်ကျောင်းလိုသူမရဲ့ ဂုဏ်သတင်းကိုမြတ်နိုးတဲ့ ချစ်စရာမိန်းကလေးကတောင် ချိယွီကို အနိုင်ကျင့်တာကိုမရပ်တန့်နိုင်ခဲ့ဘူး။ ကြည့်ရတာ ချိယွီပျောက်သွားတဲ့ တစ်နှစ်အတွင်းမှာ တစ်ခုခုဖြစ်ပျက်ခဲ့တာ ဖြစ်ရမယ်။
ဒီလို ဖုံးကွယ်ထားတာကြောင့် လူတွေက ဘာဖြစ်ခဲ့တယ်ဆိုတာ သိချင်လာခဲ့ကြပြီး သူတို့ထင်ရာမြင်ရာ မှန်းဆကာနောက်ဆုံးမှာတော့ ဟယ်ကျိုးနဲ့ဟယ်မိသားစုက အကြပ်ကိုင်လိုက်တာကြောင့် လူတိုင်းပါးစပ်ပိတ်နေခဲ့ကြရတော့တယ်။
ဒီလိုနဲ့ဘဲ ဒီအကြောင်းအရာက တစ်ဖြည်းဖြည်းနဲ့ တားမြစ်စကားတစ်ခု ဖြစ်လာကာ တားမြစ်အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။
-------------------------------------------------------------------------
========================================