အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့...

By amararosie

706K 15.5K 579

Unicode and Zaw Gyi❗️ Start date - Oct 18 2021 အတိတ္က ဒဏ္ရာတစ္ခ်ိဳ႕ေၾကာင့္ အေဝးမွာ ေနခဲ့ေပမဲ့ မလြန္ဆန္ႏိုင္... More

အချစ်သည်ထာဝရအတွက် ဖြစ်တည်ခဲ့လျင်
Part- 2
Part- 3
Part- 4
Part- 5
Part-6
Part- 7
Part- 8
Part- 9
Part - 10
Part -11 🌻
Part - 12 🌻
Part -13 🌻
Part - 14🌻
Part - 15🌻
Part - 16 🌻
Part - 17 🌻
Part - 18 🌻
Part - 19 🌻
Part - 20 🌻
Part- 21 🌻
Part-22🌻
Part-23 🌻
Part-24🌻
Part-25🌻
Part-26🌻
Part-27🌻
Part-28🌻
Part-29 🌻 End
Extra 1🌻
Extra 3🌻

Extra 2🌻

21.9K 525 43
By amararosie


Extra 2 🌻

🌻

" ေနစဥ္ အဘိုးတို႔နဲ႔အရမ္းမေဆာ့ရဘူးေနာ္ "

" ဟုတ္ "

" ညီမေလးကိုလဲအရမ္းမလုပ္ရဘူး၊ အန္တီတို႔နဲ႔လဲ လိမ္လိမ္မာမာေနရမယ္။ ကိုကိုယံကို႔လဲအႏိုင္မက်င့္ရဘူး "

" အင္းပါဆို "

ယမႈံတုတ္တစ္ေခ်ာင္းနဲ႔ေခါင္းငံု႔ကာ ေျပာေတာ့လက္ေလးပိုက္ၿပီး ေခါင္းၿငိမ့္ျပသည္။ အခုေလးတင္ ဖင္ကိုခပ္စပ္စပ္ရိုက္ၿပီးထားတာေၾကာင့္ မ်က္ရည္စက္လက္နဲ႔ျဖစ္ေနေလသည္။ သူ႔အေဖကအေနာက္က စားပြဲေပၚအသာမွီထိုင္ကာ လက္ပိုက္ၾကည့္ေနၿပီး ၿပံဳးစိစိျဖစ္ေနေတာ့သည္။ သမီးအငယ္ေလးကို သူနဲ႔မေဆာ့ေပးလို႔ဆိုၿပီး  ေခါင္းေခါက္လိုက္တာမို႔ အငယ္ေလးကငိုကာေအာ္ဟစ္ေတာ့သည္။ ယမႈံကဖင္ကို ၃ခ်က္ေလာက္ရိုက္မွ ေနာက္မလုပ္ေတာ့ပါဘူးလို႔ေျပာသည့္ အေၾကာတင္းပင္။ ေနေရာင္မေနႏိုင္ေတာ့တာမို႔ ေကာက္ခ်ီကာ

" ကိုဆံုးမလိုက္ပါ့မယ္  ယမႈံနားေနာ္ "

" ကို႔သားကအရမ္းဆိုးေနတာ ယမႈံထိန္းမယ္ "

" ေဒါသမထြက္ပါနဲ႔၊ ကေလးကေဒါသနဲ႔ဆံုးမလို႔မရဘူး၊ ကိုဆံုးမလိုက္မယ္ ေအးေဆးေနေနာ္ "

သူ႔သားကိုရိုက္ေတာ့ေလေျပနဲ႔ ေမာင္းထုတ္ေနၿပီမို႔ ယမႈံတုတ္ခ်ကာထြက္လာခဲ့ေတာ့သည္။ အငယ္ေလးကမေအနားကပ္ေနတာမို႔ လက္တြဲကာပံုျပင္စာအုပ္ဖတ္ျပဖို႔သာ စိတ္ကူးလိုက္ေတာ့သည္။ အမႊာေလးေတြက စိတ္ကအစမတူညီတာမို႔ တစ္ေယာက္တစ္မ်ိဳးထိန္းရေတာ့သည္။ အငယ္ေလးကပံုျပင္ဖတ္ျပရင္ ၿငိမ္ေပမဲ့သားကမၿငိမ္တာမို႔ သူ႔အေဖပဲထိန္းႏိုင္ပါလိမ့္မည္။

ေနေရာင္ငိုမဲ့မဲ့ေလးကိုခ်ီကာ ဆိုဖာေပၚတင္ၿပီးေမွာက္လ်က္ထားကာ ေဘာင္းဘီဆြဲခြၽတ္လိုက္ေတာ့သည္။ ဖင္လံုးလံုးေလးမွာအရိႈးရာထပ္ေနတာမို႔  ေနေရာင္အသာရီကာေဆးလိမ္းေပးလိုက္ေတာ့သည္။ တရႈံ႔ရႈံ႔ငိုေနတာမို႔ဖင္ကိုဖြဖြပုတ္ေတာ့ အီးခနဲထငိုပါေတာ့သည္။

" ပါးပါး "

" မငိုနဲ႔ေတာ့  မင္းဘာလို႔ညီမေလးကိုရိုက္တာလဲ "

" ေရွာ့ခ်င္လို႔ "

" ေဆာ့ခ်င္ရင္ေသခ်ာေျပာမွာေပါ့ကြ၊ ညီမေလးကႏူးညံတယ္ေလ မင္းလိုသိုင္းခ်တာမ်ိဳး ဘယ္ေဆာ့ခ်င္ပါ့မလဲ။ ညီမေလးကအရုပ္နဲ႔ပဲေဆာ့တာေလ  ကိုကိုလင္းဘယ္လိုေဆာ့လဲ ျမင္တယ္မလား။ သူ႔ညီမေလးနဲ႔ၿငိမ္ၿငိမ္ေလးထိုင္ေဆာ့တာေလ "

" အီး  သားကမေဆာ့ခ်င္တာ။ ေဘာလံုးကန္ခ်င္တယ္.... "

" အင္းပါ ပါပါးနဲ႔ကန္မယ္ေနာ္။ ညီမေလးကိုေတာ့ထပ္ၿပီးမရိုက္ရဘူး "

" အင္း "

" ကတိေနာ္ "

" ကတိ "

အခုမွဖေအေပၚတက္ၿပီး မ်က္မွန္ကိုဆြဲခြၽတ္ေတာ့သည္။ သားႀကီးကတကယ့္ငေပြး ဘယ္လိုေျပာေျပာၿပီးရင္ေျဗာင္းသက္ေအာင္ ေဆာ့တာပဲ။ အခုလဲ ေယာကၡမတို႔ကလာလည္မွာမို႔ ယံယံပါလာရင္ပိုဆိုးလိမ့္ဦးမည္။ ၿခံက်ယ္လို႔ေပါ့ မဟုတ္ရင္အိမ္ထဲပတ္ေဆာ့ေနရင္ မခက္ဘူးလား။ ေမေမတို႔ကလဲတရားစခန္းကျပန္ထြက္လာကာ လူႀကီးေတြဆံုမွာမို႔အခန္းေတြကအစ ေသခ်ာျပင္ေပးေနရသည္။ ငိုေနတဲ့ေပါက္စေလးကို သူေပြ့ခ်ီကာေမေမတို႔လာမဲ့ေနရာ လာေစာင့္ေနလိုက္ေတာ့သည္။ သိပ္မၾကာကားေရာက္လာတာမို႔ ေအာက္ဆင္းကာႀကိဳရေတာ့သည္။

" ေဖေဖ  ေမေမ ေနေကာင္းၾကရဲ့လား "

" ေကာင္းပါတယ္ရွင္ "

" ငါ့ေျမးေလးလာပါဦးကြ "

" လြင္ေမာ္ အိတ္ေတြေပး အစ္ကိုသယ္ေပးမယ္ "

အိတ္ေတြသယ္လာကာ အခန္းထဲေနရာခ်ေပးၿပီး ယမႈံ႔ကိုေအာက္ေခၚလာရေတာ့သည္။ အငယ္ေလးကသူ႔အစ္ကိုယံယံကို ေျပးဖက္တာမို႔ ေဆာ့ပါေစလႊတ္ထားလိုက္ေတာ့သည္။ ကေလးေတြဆူညံေနေပမဲ့ ၿခံထဲမွာမို႔သိပ္မထိန္းရေပ။ အဆူးပင္ေတြရိွတာမို႔ ကို႔အႏၲရာယ္ေတာ့ကို ၾကည့္ေရွာင္တတ္ၾကေသးသည္။

" ယမႈံ ဘာစားခ်င္လဲ "

" မစားခ်င္ဘူး မမ၊ အစားအေသာက္ပ်က္ေနလို႔ "

" ေအးပါ စားခ်င္ရင္ေျပာ ငါမျပန္ခင္ခ်က္ေကြၽးမယ္ "

" အင္း "

" နန္းေရာ ျပန္မေရာက္ၾကေသးဘူးလား "

" မေရာက္ေသးဘူး၊ တရားစခန္းကနဲနဲေတာ့ၾကာလို႔ေလ "

" ေအးပါ မနန္းပဲေကာင္းတယ္ တရားကိစၥေအးေဆးလုပ္ႏိုင္ေနၿပီ "

" မင္းျဖင့္ေျမးေတြသံေယာဇဥ္မပ်က္ပဲနဲ႔ "

" ရွင္ကလဲ "

ေဖေဖတို႔ရန္ျဖစ္ေနတာမို႔ ရီကာမတ္တပ္ရပ္ေနတဲ့ကိုကို ကို႔ေမာ့ၾကည့္မိေတာ့သည္။ ကိုကိုကနဂိုအတိုင္းခပ္ေအးေအး ၿပံဳးကာပုခံုးကိုဖြဖြကိုင္ထားေတာ့သည္။ လူႀကီးေတြေအးေဆးနားေနတုန္း ကေလးေတြကိုအိမ္ထဲျပန္ထည့္ကာ မ်က္စိေအာက္ထားရေတာ့သည္။ ေတာ္ၾကာလူႀကီးေတြလစ္တုန္း ျပသနာရွာရင္ဒုကၡ။ သမီးေလးက သူ႔အစ္ကိုနဲ႔အေဒၚေတြကို ျမတ္လင္းနဲ႔ရိုက္တဲ့ပံုေတျြပၿပီး တစ္ခစ္ခစ္ရီေနေလရဲ့

" ကိုကိုလင္းကေလ မီးမီးနဲ႔ေဆာ့ေပးတယ္။ အလွလဲျပင္ေပးတယ္ အရုပ္မေလးနဲ႔လဲေဆာ့ေပးတယ္ "

" ဟုတ္လား  နံသာေလးက ကိုကိုလင္းကိုခ်စ္တာလား "

" ဟီးဟီး ခ်စ္တယ္ "

ၿပံဳးစိစိနဲ႔မ်က္ႏွာကို လက္ေသးေသးေလးနဲ႔အုပ္ကာ ရွက္ေနတာမို႔ေနေရာင္ေခါင္းစားသြားရသည္။ မင္းဆက္သမီးကို သူေခြၽးမေတာ္ရတာေကာင္းေပမဲ့  သူ႔သားကိုသားမက္ေတာ့မေတာ္ခ်င္ေပ။ ဖေအလိုငေပြးဆို သူ႔သမီးေလးကိုယ္က်ိဳးနည္းရခ်ည္ရဲ့၊ အင္မတန္ခ်ဳပ္ခ်ယ္ မိန္းမကိုစိတ္ရိွတိုင္းအခ်စ္ၾကမ္းေနတဲ့ေကာင္ရဲ့ သားဆိုေတာ့ ေနေရာင္မ်က္ေမွာင္ကုတ္ရေတာ့သည္။ ခက္တာက သမီးေလးကသာလင္းကို သေဘာေတြက်ေနတာမို႔ ပါးပါးေနေရာင္ရွက္ရေတာ့သည္။

" သမီးေလး ပါးကိုခ်စ္တာဆို "

" အြန္း "

" အာ့ဆို လင္းကိုပိုခ်စ္လို႔မရဘူးေလ "

" ပါးကလဲ ကိုကိုလင္းက မီးကိုေတာင္းေတာ့ယူဆိုၿပီးေတာ့ "

" ျပႆနာပဲကြ "

စိုင္းခန္႔ေမြးေန့တုန္းက လင္းကိုစၿပီးဘာလိုခ်င္လဲ ဦးေနေပးမယ္လို႔အာေခ်ာင္မိေတာ့ ဖေအတူသားက ညီမေလးကိုေပးပါလားတဲ့။ အားေပးအားေျမႇာက္စိုင္းခန္႔က Record ထားတာမို႔ ေပးမယ္လို႔ျပန္ေနာက္ခဲ့တာကို အေတာ္ေနာင္တရေနပါၿပီ။

" လခြီး မင္းဆက္ရာဇသား ေစာက္ခ်ဥ္ေတာ့မဟုတ္ဘူး။ ငါ့သမီးႏုႏုေလးကို ရင္ခုန္ေအာင္လုပ္သြားတာပဲ "

" ကိုကိုရယ္ စိတ္ဒုကၡေရာက္မေနပါနဲ႔။ တကယ္မဟုတ္ေလာက္ပါဘူး "

" ဖေအဆိုတာကေတာ့ သမီးကိုစိတ္ပူတာပဲေလ "

" ငယ္ပါေသးတယ္ ၂ႏွစ္ပဲရိွေသးတာေလ၊ လာပါ ညေနေလ်ာက္လည္ၾကမယ္ လာ "

ယမႈံ႔မွာမနည္းဆြဲေခၚၿပီး စိတ္ေျပလက္ေပ်ာက္လုပ္ရေတာ့သည္။ တကယ့္ကိုစူပုတ္ေနတာမို႔ ယမႈံမွာရီရခက္၊ ငိုရခက္ျဖစ္သြားရသည္။

*************

" ေကာင္းတယ္ တိုးေရ၊ တရားေပးသိပ္ေကာင္းတာပဲ ေနာက္ဆိုတူတူသြားရေအာင္ "

"တိုးလဲစဥ္းစားထားပါတယ္၊ မိုးခင္လိုအပ်ိဳႀကီးျဖစ္လိုက္ခ်င္တယ္ အခုဟိုလူ႔ပူ၊ ဒီလူ႔ပူနဲ႔ ဘယ္မွမသြားျဖစ္ေတာ့ေလ ရေအာင္သြားဦးမယ္ "

" မတိုးကလဲ ေဆးေပးမီးယူႀကီးရိွတာမေကာင္းဘူးလား "

" မီးေပးမီးယူပါေအ "

" အဟြန္း "

အမ်ိဳးသမီးေတြစုေနတာမို႔ ေနေရာင္နဲ႔ ေယာကၡထီးကတစ္ဖက္မွာထိုင္ကာ က်ားကြက္ထိုးေနလိုက္ေတာ့သည္။

" မိန္းမေတြဆံုရင္ ေယာက်ာ္းေတြဘယ္ေတာ့မွမေကာင္းဘူးပဲ "

" အဟြန္း  အေဖစိတ္ညစ္ေနၿပီလား၊ ကြၽန္ေတာ္ေတာ့မၾကားခ်င္ေယာင္ေဆာင္လိုက္တယ္ "

" ေကာင္းပါတယ္ကြာ၊ အသက္ႀကီးေလ ေပါက္ေပါက္ေဖာက္ေလပဲ "

" ဒါဆိုယမႈံလဲအေမတူမယ္ထင္တယ္ "

" မင္းနားညီးခံေပဦးေပါ့ကြာ "

သမီးေယာကၡမစကားတေျပာေျပာနဲ႔ ဝရံတာမွာထိုင္ကာ အဆင္ေျပေနၾကေတာ့သည္။ ေဖေဖကသူ႔ေျမးေတြကို ေတာ္ေတာ္သတိရေနတာျဖစ္ၿပီး ရန္ကုန္အလည္ေခၚခ်င္ေနေတာ့သည္။ ရန္ကုန္ကလဲမျပန္တာၾကာၿပီမို႔ သူစီစဥ္ရတာၾကာေပဦးမည္

" သားလဲရန္ကုန္မွာ ေျမေလးျပန္ဝယ္မလို႔စဥ္းစားေနပါတယ္ "

" ေအးပါ မင္းကဦးေဆာင္ေနေတာ့လဲ မင္းအဆင္ေျပဖို႔လိုတယ္ကြ "

" ဟုတ္ ေဖေဖ "

***************

" ကိုကို ရေအာင္ဖမ္း "

" ေနစဥ္မေျပးနဲ႔ "

" ေဘာလံုးကန္ၾကမယ္ေနာ္ "

" ကန္မယ္ ကန္မယ္ "

" ေနစဥ္ ျပဳတ္က်မယ္၊ မကန္ရဘူး "

" ကန္မွာပဲ  ကိုကိုရိွတုန္းကန္မွာ "

" ပါးပါးမအားေသးဘူးေလ၊ ၿပီးမွကန္ "

" ဟင့္ အဲ့တာဆိုေမေမ့ဗိုက္ကို ေဘာလံုးလိုကန္မယ္ "

" ေဟ့ေကာင္ မေအကို "

ၾကည့္ ဒီပိစိကအရြယ္မေရာက္ေသးဘူး မေအကိုအာခံေနၿပီ။ သူ႔အေဖကိုသာေၾကာက္ၿပီး ယမႈံ႔က်ႏိုင္စားလြန္းသည္။ ေျပာမရဆိုမရနဲ႔ စကားလဲနားမေထာင္ေပ၊ သူ႔အေဖက အိမ္ထဲကထြက္လာမ် ၿငိမ္ကာကုတ္သြားေတာ့သည္။

" ေမေမကို အဲ့လိုမေျပာရဘူးေလ "

" ေဘာလံုးမွေပးမကန္တာ "

" အဲ့တာဆို ေပးကန္တဲ့ထိေခ်ာ့ေျပာေလ၊ ေမေမကိုအဲ့လိုေျပာရင္ ရိုက္ခံရလိမ့္မယ္၊ ေမေမရိုက္ရင္ဘယ္လိုလုပ္မလဲ "

" ပါပါးရိွတာပဲကို "

" လူဆိုးေလး ေနာက္အဲ့လိုမေျပာရဘူး။ ေဘာလံုးကန္ခ်င္ ပါပါးဆီလာေနာ္ "

" ဟုတ္ "

ပါးကိုညစ္ၿပီးေဘာလံုးေပးလိုက္မွ ရီၿပီးထြက္သြားေတာ့သည္။ ယမႈံကေတာ့စူပုတ္ေနတာမို႔ အသာဆြဲကာခံုေပၚထိုင္ခိုင္းရေတာ့သည္။

" ေတြ့လား ကိုကို႔သားကမေအကိုမခ်စ္ဘူး ၊ လင္းဆို အမရာ့ဘက္ေတာ္သား ေနစဥ္က်မွ ယမႈံ႔ဘက္ကမပါဘူး "

" မဟုတ္ပါဘူး ယမႈံရယ္၊ သားကနဂိုထဲကဂ်စ္ကန္ကန္မို႔ပါ သူ႔ကိုအရမ္းမခ်ဳပ္ခ်ယ္နဲ႔ ခ်ဳပ္ခ်ယ္တာမႀကိဳက္တဲ့ေကာင္ေလးေလ ေဆာ့စရာရိွေပးေဆာ့လိုက္ပါ "

" အင္းပါ ယမႈံကသားနဲ႔ဘယ္လိုတည့္ေအာင္ေနရမလဲ စဥ္းစားေနတာ "

" စိတ္မပူနဲ႔ေနာ္ ကိုကိုထိန္းပါ့မယ္ "

ယမႈံ႔ကိုေခ်ာ့ၿပီးမွ သားဆီကိုလာကာဂိုးဖမ္းေပးရေတာ့သည္။ အခုမွေယာက်ာ္းေလးခ်င္းေတြ့ရတာမို႔ တအားေပ်ာ္ေနေတာ့သည္။ ညီေလးလိုခ်င္တဲ့ေကာင္မို႔ ညီရလာရင္ေတာ့ လိမၼာလာမွာပါလို႔ ေနေရာင္ေတြးမိေတာ့သည္။ သမီးေလးကေတာ့လိမၼာသူမို႔ သိပ္ၿပီးေတာ့စိတ္ပူစရာမလိုပါ။ တစ္ေန့ေတာ့ အေဖေတြစုၿပီးသားေရး သမီးေရး ေဆြးေနြးဖို႔သူေတြးလိုက္ေတာ့သည္။

ညေနက်ရင္ မီးပံုးပ်ံပြဲသြားၾကည့္မယ္ဆိုတာေၾကာင့္ ေမေမတို႔ကကေလးေတြကို သူတို႔နဲ႔ေခၚသိပ္ကာထားမည္ဟု ေျပာေတာ့သည္။ ကေလးရထဲကႏွစ္ေယာက္ထဲ မေနျဖစ္တာေၾကာင့္ေမေမတို႔ကိုပဲ ေက်းဇူးတင္ရပါလိမ့္မည္။ ယမႈံဗိုက္ဖံုးဂါဝန္ေလးဝတ္ကာ အေပၚကအေနြးထည္ထူထူဝတ္ၿပီး တင္းလာခဲ့ေတာ့သည္။ ကေလးေတြေစာေစာအိပ္တာမို႔ လြတ္လပ္ကာကိုကိုကကားနားမွာ ႀကိဳေစာင့္ေနေတာ့သည္။ အရင္လိုပဲခဲေရာင္ဆြယ္တာနဲ႔ ဂ်င္းေဘာင္းဘီကိုဝတ္ကာ သူ႔လက္ဆြဲေတာ္ကုတ္အရွည္ကိုပါ ဆင္ျမန္းထားတာမို႔ အစ္ကိုေတာ္ကခန္႔ညားေနဆဲပင္။ မ်က္မွန္ကိုင္းေအာက္ကေန နာရီၾကည့္ေနတာမို႔

" သြားၾကမယ္ေလ "

" အင္း ကို႔နားမွာပဲေနေနာ္၊ လူမ်ားရင္တိုက္မိတတ္တယ္ ဗိုက္ကိုအေနြးထည္ေသခ်ာအုပ္ၿပီး ကိုင္ထား၊ ကိုယ္ဝန္သည္မွန္းသိသာေအာင္ "

" အင္းပါ ကိုကိုရဲ့ "

ကားေပၚတက္လာကာ ေတာင္ႀကီးမီးပံုးပ်ံပြဲကို ဦးတည္ၾကေတာ့သည္။  လူေတြကတိုးက်ိတ္ကာစည္ကားၿပီး မီးပံုးလႊတ္ဖို႔လုပ္ေနတာကိုလဲ ျမင္ေနရသည္။ ကိုကိုကလူရွင္းတဲ့ေနရာေလာက္ပဲေနကာ အေဝးႀကီးမသြားေပ။ မူးေနတဲ့လူေတြလဲရိွသလို  လူအရမ္းမ်ားတာမို႔တိုက္မိရင္ ဗိုက္ထိခိုက္မွာစိုးတာမို႔မသြားျဖစ္ခဲ့။ အေဝးကေနၾကည့္ေနရင္း မီးပံုးအႀကီးႀကီးကလႊင့္တတ္သြားတာမို႔ ယမႈံရင္သပ္ရႈေမာၿပီးၾကည့္ရေတာ့သည္။

" လွလိုက္တာေနာ္ ၾကည့္ပါဦး၊ ဟိုးမွာ,"

" အဟြန္း ေအးတယ္ လက္ေတြေပး "

လက္ကိုကိုင္ကာ သူ႔အိတ္ကပ္ထဲထည့္ထားရင္း မီးပံုးႀကီးေတြကိုၾကည့္ေနၾကေတာ့သည္။ နာမည္အမ်ိဳးမ်ိဳး ပံုအမ်ိဳးမ်ိဳးမို႔ အရမ္းလွသလို ၾကည့္လို႔လဲေကာင္းလွသည္။ မီးပံုးအေပၚတက္တာနဲ႔ ေအာ္ဟစ္ေနၾကတာေၾကာင့္ေပ်ာ္စရာေကာင္းလွသည္။ ေနာက္ႏွစ္က်ရင္ေတာ့ ကေလးေတြကိုေခၚကာလာမည္လို႔ စဥ္းစားထားပါေသးသည္။

" မိုမို "

" ဟင္  ဘာလဲကိုကို "

" ေက်းဇူးတင္ပါတယ္ ဒီအရူးေကာင္ စိတ္ရူးထသမ်ွကိုသည္းခံေပးလို႔ "

" ကိုကိုကလဲ ယမႈံ႔ကိုပိုခ်စ္ေနာ္၊ ကိုကို႔ကိုလဲခ်စ္တယ္ "

" ကိုလဲခ်စ္ပါတယ္ ကို႔မိန္းမရယ္  ၿပီးေတာ့ ကေလး၃ေယာက္ေတာင္ေမြးေပးလို႔လဲ ပိုေက်းဇူးတင္တယ္ "

" ကိုကိုေနာ္ "

ကိုကိုကၿပံဳးစိစိနဲ႔ဆိုလာတာမို႔ ရီကာပုခံုးကိုဖြဖြထုရိုက္လိုက္ေတာ့သည္။ လူေအးႀကီးကအရင္လို ေအးစက္စက္ပဲျဖစ္ကာလိုအပ္တာေလာက္ပဲ ေျပာေပမဲ့အျပဳအမူတိုင္းကေနြးေထြးလွသည္။ အခုလဲသူ႔မိန္းမကိုဖက္ကာ အေနြးဓာတ္ေပးၿပီး ေကာင္းကင္ေပၚကမီးပံုးေလးေတြကို ေငးၾကည့္ေနခဲ့ေတာ့သည္။ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲနဲ႔အတူ  ခ်စ္သူႏွစ္ဦးရဲ့ခ်စ္ျခင္းေမတၲာေတြကလဲ ေအးျမလ်က္ရိွပါေတာ့သည္။
:
:
:
:
ကိုေနတို႔ၿပီးပါၿပီ ေနာက္လာမဲ့အသစ္ေလးေတြကိုလဲ အမ်ားႀကီးအားေပးၾကပါဦးေနာ္ ♥️ တစ္ေလ်ွာက္လံုး တူတူလိုက္ပါဖတ္ေပးတဲ့လူအားလံုးကို Author မႏွင္းဆီကေက်းဇူးအမ်ားႀကီးတင္ရိွပါတယ္လို႔ ေျပာရင္းႏႈတ္ဆက္ပါတယ္ေနာ္ ♥️



Uni



Extra 2 🌻

🌻

" နေစဥ် အဘိုးတို့နဲ့အရမ်းမဆော့ရဘူးနော် "

" ဟုတ် "

" ညီမလေးကိုလဲအရမ်းမလုပ်ရဘူး၊ အန်တီတို့နဲ့လဲ လိမ်လိမ်မာမာနေရမယ်။ ကိုကိုယံကို့လဲအနိုင်မကျင့်ရဘူး "

" အင်းပါဆို "

ယမှုံတုတ်တစ်ချောင်းနဲ့ခေါင်းငုံ့ကာ ပြောတော့လက်လေးပိုက်ပြီး ခေါင်းငြိမ့်ပြသည်။ အခုလေးတင် ဖင်ကိုခပ်စပ်စပ်ရိုက်ပြီးထားတာကြောင့် မျက်ရည်စက်လက်နဲ့ဖြစ်နေလေသည်။ သူ့အဖေကအနောက်က စားပွဲပေါ်အသာမှီထိုင်ကာ လက်ပိုက်ကြည့်နေပြီး ပြုံးစိစိဖြစ်နေတော့သည်။ သမီးအငယ်လေးကို သူနဲ့မဆော့ပေးလို့ဆိုပြီး  ခေါင်းခေါက်လိုက်တာမို့ အငယ်လေးကငိုကာအော်ဟစ်တော့သည်။ ယမှုံကဖင်ကို ၃ချက်လောက်ရိုက်မှ နောက်မလုပ်တော့ပါဘူးလို့ပြောသည့် အကြောတင်းပင်။ နေရောင်မနေနိုင်တော့တာမို့ ကောက်ချီကာ

" ကိုဆုံးမလိုက်ပါ့မယ်  ယမှုံနားနော် "

" ကို့သားကအရမ်းဆိုးနေတာ ယမှုံထိန်းမယ် "

" ဒေါသမထွက်ပါနဲ့၊ ကလေးကဒေါသနဲ့ဆုံးမလို့မရဘူး၊ ကိုဆုံးမလိုက်မယ် အေးဆေးနေနော် "

သူ့သားကိုရိုက်တော့လေပြေနဲ့ မောင်းထုတ်နေပြီမို့ ယမှုံတုတ်ချကာထွက်လာခဲ့တော့သည်။ အငယ်လေးကမအေနားကပ်နေတာမို့ လက်တွဲကာပုံပြင်စာအုပ်ဖတ်ပြဖို့သာ စိတ်ကူးလိုက်တော့သည်။ အမွှာလေးတွေက စိတ်ကအစမတူညီတာမို့ တစ်ယောက်တစ်မျိုးထိန်းရတော့သည်။ အငယ်လေးကပုံပြင်ဖတ်ပြရင် ငြိမ်ပေမဲ့သားကမငြိမ်တာမို့ သူ့အဖေပဲထိန်းနိုင်ပါလိမ့်မည်။

နေရောင်ငိုမဲ့မဲ့လေးကိုချီကာ ဆိုဖာပေါ်တင်ပြီးမှောက်လျက်ထားကာ ဘောင်းဘီဆွဲချွတ်လိုက်တော့သည်။ ဖင်လုံးလုံးလေးမှာအရှိုးရာထပ်နေတာမို့  နေရောင်အသာရီကာဆေးလိမ်းပေးလိုက်တော့သည်။ တရှုံ့ရှုံ့ငိုနေတာမို့ဖင်ကိုဖွဖွပုတ်တော့ အီးခနဲထငိုပါတော့သည်။

" ပါးပါး "

" မငိုနဲ့တော့  မင်းဘာလို့ညီမလေးကိုရိုက်တာလဲ "

" ရှော့ချင်လို့ "

" ဆော့ချင်ရင်သေချာပြောမှာပေါ့ကွ၊ ညီမလေးကနူးညံတယ်လေ မင်းလိုသိုင်းချတာမျိုး ဘယ်ဆော့ချင်ပါ့မလဲ။ ညီမလေးကအရုပ်နဲ့ပဲဆော့တာလေ  ကိုကိုလင်းဘယ်လိုဆော့လဲ မြင်တယ်မလား။ သူ့ညီမလေးနဲ့ငြိမ်ငြိမ်လေးထိုင်ဆော့တာလေ "

" အီး  သားကမဆော့ချင်တာ။ ဘောလုံးကန်ချင်တယ်.... "

" အင်းပါ ပါပါးနဲ့ကန်မယ်နော်။ ညီမလေးကိုတော့ထပ်ပြီးမရိုက်ရဘူး "

" အင်း "

" ကတိနော် "

" ကတိ "

အခုမှဖအေပေါ်တက်ပြီး မျက်မှန်ကိုဆွဲချွတ်တော့သည်။ သားကြီးကတကယ့်ငပွေး ဘယ်လိုပြောပြောပြီးရင်ဗြောင်းသက်အောင် ဆော့တာပဲ။ အခုလဲ ယောက္ခမတို့ကလာလည်မှာမို့ ယံယံပါလာရင်ပိုဆိုးလိမ့်ဦးမည်။ ခြံကျယ်လို့ပေါ့ မဟုတ်ရင်အိမ်ထဲပတ်ဆော့နေရင် မခက်ဘူးလား။ မေမေတို့ကလဲတရားစခန်းကပြန်ထွက်လာကာ လူကြီးတွေဆုံမှာမို့အခန်းတွေကအစ သေချာပြင်ပေးနေရသည်။ ငိုနေတဲ့ပေါက်စလေးကို သူပွေ့ချီကာမေမေတို့လာမဲ့နေရာ လာစောင့်နေလိုက်တော့သည်။ သိပ်မကြာကားရောက်လာတာမို့ အောက်ဆင်းကာကြိုရတော့သည်။

" ဖေဖေ  မေမေ နေကောင်းကြရဲ့လား "

" ကောင်းပါတယ်ရှင် "

" ငါ့မြေးလေးလာပါဦးကွ "

" လွင်မော် အိတ်တွေပေး အစ်ကိုသယ်ပေးမယ် "

အိတ်တွေသယ်လာကာ အခန်းထဲနေရာချပေးပြီး ယမှုံ့ကိုအောက်ခေါ်လာရတော့သည်။ အငယ်လေးကသူ့အစ်ကိုယံယံကို ပြေးဖက်တာမို့ ဆော့ပါစေလွှတ်ထားလိုက်တော့သည်။ ကလေးတွေဆူညံနေပေမဲ့ ခြံထဲမှာမို့သိပ်မထိန်းရပေ။ အဆူးပင်တွေရှိတာမို့ ကို့အန္တရာယ်တော့ကို ကြည့်ရှောင်တတ်ကြသေးသည်။

" ယမှုံ ဘာစားချင်လဲ "

" မစားချင်ဘူး မမ၊ အစားအသောက်ပျက်နေလို့ "

" အေးပါ စားချင်ရင်ပြော ငါမပြန်ခင်ချက်ကျွေးမယ် "

" အင်း "

" နန်းရော ပြန်မရောက်ကြသေးဘူးလား "

" မရောက်သေးဘူး၊ တရားစခန်းကနဲနဲတော့ကြာလို့လေ "

" အေးပါ မနန်းပဲကောင်းတယ် တရားကိစ္စအေးဆေးလုပ်နိုင်နေပြီ "

" မင်းဖြင့်မြေးတွေသံယောဇဥ်မပျက်ပဲနဲ့ "

" ရှင်ကလဲ "

ဖေဖေတို့ရန်ဖြစ်နေတာမို့ ရီကာမတ်တပ်ရပ်နေတဲ့ကိုကို ကို့မော့ကြည့်မိတော့သည်။ ကိုကိုကနဂိုအတိုင်းခပ်အေးအေး ပြုံးကာပုခုံးကိုဖွဖွကိုင်ထားတော့သည်။ လူကြီးတွေအေးဆေးနားနေတုန်း ကလေးတွေကိုအိမ်ထဲပြန်ထည့်ကာ မျက်စိအောက်ထားရတော့သည်။ တော်ကြာလူကြီးတွေလစ်တုန်း ပြသနာရှာရင်ဒုက္ခ။ သမီးလေးက သူ့အစ်ကိုနဲ့အဒေါ်တွေကို မြတ်လင်းနဲ့ရိုက်တဲ့ပုံတွေပြပြီး တစ်ခစ်ခစ်ရီနေလေရဲ့

" ကိုကိုလင်းကလေ မီးမီးနဲ့ဆော့ပေးတယ်။ အလှလဲပြင်ပေးတယ် အရုပ်မလေးနဲ့လဲဆော့ပေးတယ် "

" ဟုတ်လား  နံသာလေးက ကိုကိုလင်းကိုချစ်တာလား "

" ဟီးဟီး ချစ်တယ် "

ပြုံးစိစိနဲ့မျက်နှာကို လက်သေးသေးလေးနဲ့အုပ်ကာ ရှက်နေတာမို့နေရောင်ခေါင်းစားသွားရသည်။ မင်းဆက်သမီးကို သူချွေးမတော်ရတာကောင်းပေမဲ့  သူ့သားကိုသားမက်တော့မတော်ချင်ပေ။ ဖအေလိုငပွေးဆို သူ့သမီးလေးကိုယ်ကျိုးနည်းရချည်ရဲ့၊ အင်မတန်ချုပ်ချယ် မိန်းမကိုစိတ်ရှိတိုင်းအချစ်ကြမ်းနေတဲ့ကောင်ရဲ့ သားဆိုတော့ နေရောင်မျက်မှောင်ကုတ်ရတော့သည်။ ခက်တာက သမီးလေးကသာလင်းကို သဘောတွေကျနေတာမို့ ပါးပါးနေရောင်ရှက်ရတော့သည်။

" သမီးလေး ပါးကိုချစ်တာဆို "

" အွန်း "

" အာ့ဆို လင်းကိုပိုချစ်လို့မရဘူးလေ "

" ပါးကလဲ ကိုကိုလင်းက မီးကိုတောင်းတော့ယူဆိုပြီးတော့ "

" ပြဿနာပဲကွ "

စိုင်းခန့်မွေးနေ့တုန်းက လင်းကိုစပြီးဘာလိုချင်လဲ ဦးနေပေးမယ်လို့အာချောင်မိတော့ ဖအေတူသားက ညီမလေးကိုပေးပါလားတဲ့။ အားပေးအားမြှောက်စိုင်းခန့်က Record ထားတာမို့ ပေးမယ်လို့ပြန်နောက်ခဲ့တာကို အတော်နောင်တရနေပါပြီ။

" လခွီး မင်းဆက်ရာဇသား စောက်ချဥ်တော့မဟုတ်ဘူး။ ငါ့သမီးနုနုလေးကို ရင်ခုန်အောင်လုပ်သွားတာပဲ "

" ကိုကိုရယ် စိတ်ဒုက္ခရောက်မနေပါနဲ့။ တကယ်မဟုတ်လောက်ပါဘူး "

" ဖအေဆိုတာကတော့ သမီးကိုစိတ်ပူတာပဲလေ "

" ငယ်ပါသေးတယ် ၂နှစ်ပဲရှိသေးတာလေ၊ လာပါ ညနေလျောက်လည်ကြမယ် လာ "

ယမှုံ့မှာမနည်းဆွဲခေါ်ပြီး စိတ်ပြေလက်ပျောက်လုပ်ရတော့သည်။ တကယ့်ကိုစူပုတ်နေတာမို့ ယမှုံမှာရီရခက်၊ ငိုရခက်ဖြစ်သွားရသည်။

*************

" ကောင်းတယ် တိုးရေ၊ တရားပေးသိပ်ကောင်းတာပဲ နောက်ဆိုတူတူသွားရအောင် "

"တိုးလဲစဥ်းစားထားပါတယ်၊ မိုးခင်လိုအပျိုကြီးဖြစ်လိုက်ချင်တယ် အခုဟိုလူ့ပူ၊ ဒီလူ့ပူနဲ့ ဘယ်မှမသွားဖြစ်တော့လေ ရအောင်သွားဦးမယ် "

" မတိုးကလဲ ဆေးပေးမီးယူကြီးရှိတာမကောင်းဘူးလား "

" မီးပေးမီးယူပါအေ "

" အဟွန်း "

အမျိုးသမီးတွေစုနေတာမို့ နေရောင်နဲ့ ယောက္ခထီးကတစ်ဖက်မှာထိုင်ကာ ကျားကွက်ထိုးနေလိုက်တော့သည်။

" မိန်းမတွေဆုံရင် ယောကျာ်းတွေဘယ်တော့မှမကောင်းဘူးပဲ "

" အဟွန်း  အဖေစိတ်ညစ်နေပြီလား၊ ကျွန်တော်တော့မကြားချင်ယောင်ဆောင်လိုက်တယ် "

" ကောင်းပါတယ်ကွာ၊ အသက်ကြီးလေ ပေါက်ပေါက်ဖောက်လေပဲ "

" ဒါဆိုယမှုံလဲအမေတူမယ်ထင်တယ် "

" မင်းနားညီးခံပေဦးပေါ့ကွာ "

သမီးယောက္ခမစကားတပြောပြောနဲ့ ဝရံတာမှာထိုင်ကာ အဆင်ပြေနေကြတော့သည်။ ဖေဖေကသူ့မြေးတွေကို တော်တော်သတိရနေတာဖြစ်ပြီး ရန်ကုန်အလည်ခေါ်ချင်နေတော့သည်။ ရန်ကုန်ကလဲမပြန်တာကြာပြီမို့ သူစီစဥ်ရတာကြာပေဦးမည်

" သားလဲရန်ကုန်မှာ မြေလေးပြန်ဝယ်မလို့စဥ်းစားနေပါတယ် "

" အေးပါ မင်းကဦးဆောင်နေတော့လဲ မင်းအဆင်ပြေဖို့လိုတယ်ကွ "

" ဟုတ် ဖေဖေ "

***************

" ကိုကို ရအောင်ဖမ်း "

" နေစဥ်မပြေးနဲ့ "

" ဘောလုံးကန်ကြမယ်နော် "

" ကန်မယ် ကန်မယ် "

" နေစဥ် ပြုတ်ကျမယ်၊ မကန်ရဘူး "

" ကန်မှာပဲ  ကိုကိုရှိတုန်းကန်မှာ "

" ပါးပါးမအားသေးဘူးလေ၊ ပြီးမှကန် "

" ဟင့် အဲ့တာဆိုမေမေ့ဗိုက်ကို ဘောလုံးလိုကန်မယ် "

" ဟေ့ကောင် မအေကို "

ကြည့် ဒီပိစိကအရွယ်မရောက်သေးဘူး မအေကိုအာခံနေပြီ။ သူ့အဖေကိုသာကြောက်ပြီး ယမှုံ့ကျနိုင်စားလွန်းသည်။ ပြောမရဆိုမရနဲ့ စကားလဲနားမထောင်ပေ၊ သူ့အဖေက အိမ်ထဲကထွက်လာမျ ငြိမ်ကာကုတ်သွားတော့သည်။

" မေမေကို အဲ့လိုမပြောရဘူးလေ "

" ဘောလုံးမှပေးမကန်တာ "

" အဲ့တာဆို ပေးကန်တဲ့ထိချော့ပြောလေ၊ မေမေကိုအဲ့လိုပြောရင် ရိုက်ခံရလိမ့်မယ်၊ မေမေရိုက်ရင်ဘယ်လိုလုပ်မလဲ "

" ပါပါးရှိတာပဲကို "

" လူဆိုးလေး နောက်အဲ့လိုမပြောရဘူး။ ဘောလုံးကန်ချင် ပါပါးဆီလာနော် "

" ဟုတ် "

ပါးကိုညစ်ပြီးဘောလုံးပေးလိုက်မှ ရီပြီးထွက်သွားတော့သည်။ ယမှုံကတော့စူပုတ်နေတာမို့ အသာဆွဲကာခုံပေါ်ထိုင်ခိုင်းရတော့သည်။

" တွေ့လား ကိုကို့သားကမအေကိုမချစ်ဘူး ၊ လင်းဆို အမရာ့ဘက်တော်သား နေစဥ်ကျမှ ယမှုံ့ဘက်ကမပါဘူး "

" မဟုတ်ပါဘူး ယမှုံရယ်၊ သားကနဂိုထဲကဂျစ်ကန်ကန်မို့ပါ သူ့ကိုအရမ်းမချုပ်ချယ်နဲ့ ချုပ်ချယ်တာမကြိုက်တဲ့ကောင်လေးလေ ဆော့စရာရှိပေးဆော့လိုက်ပါ "

" အင်းပါ ယမှုံကသားနဲ့ဘယ်လိုတည့်အောင်နေရမလဲ စဥ်းစားနေတာ "

" စိတ်မပူနဲ့နော် ကိုကိုထိန်းပါ့မယ် "

ယမှုံ့ကိုချော့ပြီးမှ သားဆီကိုလာကာဂိုးဖမ်းပေးရတော့သည်။ အခုမှယောကျာ်းလေးချင်းတွေ့ရတာမို့ တအားပျော်နေတော့သည်။ ညီလေးလိုချင်တဲ့ကောင်မို့ ညီရလာရင်တော့ လိမ္မာလာမှာပါလို့ နေရောင်တွေးမိတော့သည်။ သမီးလေးကတော့လိမ္မာသူမို့ သိပ်ပြီးတော့စိတ်ပူစရာမလိုပါ။ တစ်နေ့တော့ အဖေတွေစုပြီးသားရေး သမီးရေး ဆွေးနွေးဖို့သူတွေးလိုက်တော့သည်။

ညနေကျရင် မီးပုံးပျံပွဲသွားကြည့်မယ်ဆိုတာကြောင့် မေမေတို့ကကလေးတေွကို သူတို့နဲ့ခေါ်သိပ်ကာထားမည်ဟု ပြောတော့သည်။ ကလေးရထဲကနှစ်ယောက်ထဲ မနေဖြစ်တာကြောင့်မေမေတို့ကိုပဲ ကျေးဇူးတင်ရပါလိမ့်မည်။ ယမှုံဗိုက်ဖုံးဂါဝန်လေးဝတ်ကာ အပေါ်ကအနွေးထည်ထူထူဝတ်ပြီး တင်းလာခဲ့တော့သည်။ ကလေးတွေစောစောအိပ်တာမို့ လွတ်လပ်ကာကိုကိုကကားနားမှာ ကြိုစောင့်နေတော့သည်။ အရင်လိုပဲဲခဲရောင်ဆွယ်တာနဲ့ ဂျင်းဘောင်းဘီကိုဝတ်ကာ သူ့လက်ဆွဲတော်ကုတ်အရှည်ကိုပါ ဆင်မြန်းထားတာမို့ အစ်ကိုတော်ကခန့်ညားနေဆဲပင်။ မျက်မှန်ကိုင်းအောက်ကနေ နာရီကြည့်နေတာမို့

" သွားကြမယ်လေ "

" အင်း ကို့နားမှာပဲနေနော်၊ လူများရင်တိုက်မိတတ်တယ် ဗိုက်ကိုအနွေးထည်သေချာအုပ်ပြီး ကိုင်ထား၊ ကိုယ်ဝန်သည်မှန်းသိသာအောင် "

" အင်းပါ ကိုကိုရဲ့ "

ကားပေါ်တက်လာကာ တောင်ကြီးမီးပုံးပျံပွဲကို ဦးတည်ကြတော့သည်။  လူတွေကတိုးကျိတ်ကာစည်ကားပြီး မီးပုံးလွှတ်ဖို့လုပ်နေတာကိုလဲ မြင်နေရသည်။ ကိုကိုကလူရှင်းတဲ့နေရာလောက်ပဲနေကာ အဝေးကြီးမသွားပေ။ မူးနေတဲ့လူတွေလဲရှိသလို  လူအရမ်းများတာမို့တိုက်မိရင် ဗိုက်ထိခိုက်မှာစိုးတာမို့မသွားဖြစ်ခဲ့။ အဝေးကနေကြည့်နေရင်း မီးပုံးအကြီးကြီးကလွှင့်တတ်သွားတာမို့ ယမှုံရင်သပ်ရှုမောပြီးကြည့်ရတော့သည်။

" လှလိုက်တာနော် ကြည့်ပါဦး၊ ဟိုးမှာ,"

" အဟွန်း အေးတယ် လက်တွေပေး "

လက်ကိုကိုင်ကာ သူ့အိတ်ကပ်ထဲထည့်ထားရင်း မီးပုံးကြီးတွေကိုကြည့်နေကြတော့သည်။ နာမည်အမျိုးမျိုး ပုံအမျိုးမျိုးမို့ အရမ်းလှသလို ကြည့်လို့လဲကောင်းလှသည်။ မီးပုံးအပေါ်တက်တာနဲ့ အော်ဟစ်နေကြတာကြောင့်ပျော်စရာကောင်းလှသည်။ နောက်နှစ်ကျရင်တော့ ကလေးတွေကိုခေါ်ကာလာမည်လို့ စဥ်းစားထားပါသေးသည်။

" မိုမို "

" ဟင်  ဘာလဲကိုကို "

" ကျေးဇူးတင်ပါတယ် ဒီအရူးကောင် စိတ်ရူးထသမျှကိုသည်းခံပေးလို့ "

" ကိုကိုကလဲ ယမှုံ့ကိုပိုချစ်နော်၊ ကိုကို့ကိုလဲချစ်တယ် "

" ကိုလဲချစ်ပါတယ် ကို့မိန်းမရယ်  ပြီးတော့ ကလေး၃ယောက်တောင်မွေးပေးလို့လဲ ပိုကျေးဇူးတင်တယ် "

" ကိုကိုနော် "

ကိုကိုကပြုံးစိစိနဲ့ဆိုလာတာမို့ ရီကာပုခုံးကိုဖွဖွထုရိုက်လိုက်တော့သည်။ လူအေးကြီးကအရင်လို အေးစက်စက်ပဲဖြစ်ကာလိုအပ်တာလောက်ပဲ ပြောပေမဲ့အပြုအမူတိုင်းကနွေးထွေးလှသည်။ အခုလဲသူ့မိန်းမကိုဖက်ကာ အနွေးဓာတ်ပေးပြီး ကောင်းကင်ပေါ်ကမီးပုံးလေးတွေကို ငေးကြည့်နေခဲ့တော့သည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲနဲ့အတူ  ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းမေတ္တာတွေကလဲ အေးမြလျက်ရှိပါတော့သည်။
:
:
:
:
ကိုနေတို့ပြီးပါပြီ နောက်လာမဲ့အသစ်လေးတွေကိုလဲ အများကြီးအားပေးကြပါဦးနော် ♥️ တစ်လျှောက်လုံး တူတူလိုက်ပါဖတ်ပေးတဲ့လူအားလုံးကို Author မနှင်းဆီကကျေးဇူးအများကြီးတင်ရှိပါတယ်လို့ ပြောရင်းနှုတ်ဆက်ပါတယ်နော် 🙇‍♂️♥️


Continue Reading

You'll Also Like

1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
544K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
150K 3.9K 24
ကိုကိုလို့ခေါ်သံချိုချိုလေးသည်မြတ်အတွက်နားထဲသံရည်ပူလောင်းချလိုက်သလိုပူလောင်လှသည်။ ဟိုကောင့်ကိုကျကိုကိုတဲ့လား ကလေးလေးရယ်။ ဒီကောင်ကဘယ်လိုခံစားရမလဲ။ ကို...
38.2K 779 43
*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲ...