🍼ဆိုးရွားတဲ့သူတစ်ယောက် ဖြစ်သွားရင် ဘာလုပ်ရမလဲ?( Uni )
ချိယွီသည် အလွန်စိတ်ရှုပ်သွားသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ နှစ်ရက်အလိုတွင် သူသည် Red Bullနှင့် ဖောင်တိန်တစ်ချောင်းကို ကိုင်ဆောင်ကာ တစ်ညလုံး အလုပ်ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် သူသည် ဤအိမ်ကြီးဆီသို့ ရောက်လာခဲ့သည်...။
သူ ကူးပြောင်းလာခြင်းဖြစ်နိုင်သည်၊ ဒါမှမဟုတ် သူ့ရဲ့ဝိညာဉ်က အခြားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သူခံစားခဲ့ရသည်။
သူ့ အသားရည်ဟာ အဖြူရောင်ပြောင်းသွားခဲ့ပြီး သူ့ရဲ့ဝမ်းဗိုက်က ကြွက်သားတွေ ပျောက်ကွယ်သွားတဲ့အတွက် သူ့ခန္ဓာကိုယ်ပြောင်းလဲခဲ့တယ်ဆိုတာ သိသာလှတယ်...။
သူ့လက်ထဲမှာ အိပ်ဆေးပုလင်းတစ်ဝက်နဲ့ အိပ်ရာကနိုးထလာတဲ့အခါ မူလပိုင်ရှင်က သူ့ကိုယ်သူ သတ်သေခဲ့တယ်ပြီးတော့ သူကူးပြောင်းလာခဲ့တာဖြစ်မယ်လို့ ခန့်မှန်းလိုက်တယ်။
သတင်းအချက်အလက်တွေ ပေါက်ကြားနေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ သူ့အဖို့ မအံ့ဩတော့ပါဘူး။နည်းနည်း စိတ်ရှုပ်ထွေးသွားရုံပါ...။
ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့ရဲ့ထိုင်းမှိုင်းနေတဲ့ စိတ်ခံစားချက်ကို အကြိမ်ပေါင်းများစွာ ထိန်းညှိလိုက်တယ်။ - သူ့ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အိမ်ထောင်ရှိပြီးသားလား? ကလေးရှိတယ်လား? ကလေးအမေကော ဘယ်မှာလဲ?
ကလေးက အခုထိ မနိုးသေးတာကြောင့် ချိယွီဟာ ခြေဖျားထောက်ပြီးလမ်းလျှောက်ရင်း ရေချိုးခန်းကိုရှာဖွေနေလိုက်တယ်။
မှန်ထဲက ရင်းနှီးနေတဲ့မျက်နှာကိုကြည့်ရင်း ချိယွီ ကြောင်အနေမိပြီး ပြန်ကောင်းလာဖို့အချိန်ယူလိုက်ရတယ်။
ဒီမျက်နှာက သူ့ရဲ့မူလမျက်နှာနဲ့ တစ်ပုံစံတည်းဘဲ။ဒါပေမယ့် အခုမျက်နှာက အရမ်းဖြူဖျော့ကာ ဖျားနာမှုတွေနဲ့ပြည့်နှက်နေပြီး လေတိုက်ရင်တောင် လွင့်ပါသွားမလားစိုးရိမ်ရတယ်။ပြီးတော့ သူ့လည်ပင်းမှာ နှစ်လက်မအထူ သတ္တုလည်ပတ်တစ်ခုတွေ့လိုက်ရတယ်။အဲ့ဒီလည်ပတ်ကို ဘာနဲ့လုပ်ထားလဲ သူမသိပေမယ့် အဲ့ဒါကို ရှိနေတယ်လို့တောင်မခံစားရဘူး...။
သူလည်ပတ်ကို ဖြုတ်ဖို့ကြိုးစားပေမယ့် မရတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ်တပ်ထားလိုက်တော့တယ်။
သူ အရှိန်လျှော့လိုက်ကာ အိမ်တစ်အိမ်လုံးကို လိုက်ပတ်ကြည့်နေမိတယ်။
ကလေးရဲ့အခန်းကို ထည့်မတွက်လျှင်၊ ရေချိုးခန်းနဲ့ အိပ်ခန်းတစ်ခန်းမှာ လူနေတဲ့အရိပ်အယောင်ရှိသေးတယ်။ အခြားအခန်းမှာရှိတဲ့ အရာအားလုံးကို အဖြူထည်အဝတ်စကြီးတွေနဲ့ ဖုံးအုပ်ထားပြီး ကြမ်းပြင်က မီးခိုးရောင်ဖြစ်တယ်။
ဖိနပ်ပုံးထဲက ဖိနပ်တွေက ယောက်ျားစီးတွေချည်းပဲ၊ မှန်တင်ခုံပေါ်မှာ ဘာမှမရှိဘူး၊ ရေချိုးခန်းထဲမှာလည်း ခေါင်းဖြီးပေါ်မှာ ဆံချည်မျှင်အရှည်တွေ ရှိမနေဘူး။
မိန်းမတစ်ယောက်နဲ့တူတဲ့ အရိပ်အယောင် တစ်ခုတစ်လေတောင် ရှိမနေဘူး။
ဒါကြောင့် သူနဲ့ကလေးလေးကဘဲ ဒီကြီးမားတဲ့ ဗီလာကြီးမှာ နေပုံပေါ်တယ်။
ချိယွီက သူ့စိတ်ထဲက သံသယတွေကို ဖျောက်ထားပြီး မူလပိုင်ရှင်ရဲ့ ဖုန်းကို ရှာဖို့ကြိုးစားတဲ့အခါ ဖုန်းကိုရှာမတွေ့ပေမယ့် မူလပိုင်ရှင်ရဲ့ ကျောင်းသား IDကို တွေ့လိုက်တယ် :
[လုံချန်း first senior high school]
[စီနီယာ အခန်း-3]
[ချိယွီ]
သူနဲ့ နာမည်တူ,အခန်းတူပေမယ့် ကျောင်းနာမည်တော့မတူဘူး။
နေအုံး,မူလပိုင်ရှင်က အထက်တန်းတတိယနှစ်မှာ ကလေးရှိတယ်?
ဒါမှမဟုတ် အဲ့ကလေးလေးက သူ့ကလေးမဟုတ်ဘဲ သူ့ညီငယ်လေးများလား?
အဲ့ဒီတော့ question markတွေ သူ့ခေါင်းပေါ်မှာပေါ်လာတော့တယ် : မူလကိုယ်ရဲ့ မိဘတွေကရော?သူတို့က အခုမှ အထက်ကျောင်းသားဘဲရှိသေးတဲ့ တစ်စုံတစ်ယောက်ကို ကလေးကို ပြုစုပျိုးထောင်ဖို့ ခွင့်ပြုပါ့မလား?
သူ့ရဲ့အတွေးတွေ မြင်းရိုင်းတစ်ကောင်လို သူ့ခေါင်းထဲ ဖြတ်ပြေးနေတုန်းမှာဘဲ ချိယွီက မူလကိုယ်ရဲ့ ဖုန်းကို ရှာတွေ့သွားခဲ့တယ်။
လက်ဗွေနှိပ်ပြီး လော့ဖွင့်ကာ contact listထဲ ဝင်ကြည့်တော့ မနေ့ညက ခေါ်ထားတဲ့ နောက်ဆုံးနံပါတ်တစ်ခုကလွဲရင် ဘာမှရှိမနေခဲ့ဘူး။ဒါပေမယ့် အဲ့ဒါကလဲ နံပတ်တွေချည်းသာဖြစ်ပြီး ဘယ်သူမှန်းလဲ သူမသိဘူး။
ချိယွီ : "..."
အခုတော့ ချိယွီဟာ စိတ်ရှုပ်ထွေးရုံတင်မကဘဲ စိုးရိမ်လာတော့တယ်...။
အခုချိန်မှာ သူဘာမှမသိသေးဘူး။သူ တစ်ယောက်ယောက်နဲ့တွေ့ရင် တစ်ခုခု သိနေစရာ မလိုဘူးလား။
"Buzz---"
အဲ့ဒီအချိန်မှာဘဲ ဖုန်းမြည်လာခဲ့တယ်။
ချိယွီဟာ ဖုန်းကို အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ အစမ်းသဘောအနေနဲ့ ပြောလိုက်တယ်: "ဟဲလို?"
"ဟေး,ဘာလဲ ?ဟေး!မင်းဂိတ်ပေါက်မှာ စောင့်နေမယ်လို့ ပြောထားတယ်မလား?အပြင်မှာ နေတောင်တော်တော်မြင့်နေပြီ ,ငါသေတော့မယ်ကွ!
ထွက်လာခဲ့ !မြန်မြန် မြန်မြန်!မင်းနောက်တစ်ခါထပ်အိပ်ရင် ငါတို့နောက်ကျလိမ့်မယ်!"
ချိယွီဟာ အဆက်မပြတ် အတားအဆီးကြောင့် မှိန်းနေပြီး သူ့စိတ်ခံစားချက်ကလည်း စိုးရိမ်တကြီး မြင့်တက်နေခဲ့တယ်။ သူပြတင်းပေါက်ဖက်ကို အမြန်ကြည့်လိုက်ပေမယ့် အောက်ထပ်မှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
"ငါ ဘယ်သူ့မှမတွေ့ဘူး"
"ဂိတ်ပေါက်မှာကွ!ဂိတ်ပေါက်မှာ!"
ချိယွီ အံ့ဩသွားပြီး မသိစိတ်ကနေ ပြောလိုက်တယ်:
"ဘယ်ဂိတ်လဲ?" ပြောပြီးတဲ့နောက်မှာဘဲ ချိယွီဟာ မူလကိုယ်က ဒါကိုသိဖို့အကူအညီမလိုတာကြောင့် ဖော်ထုတ်ခံရသလိုခံစားလိုက်ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက သိသိသာသာဘဲ ဘာမှအများကြီးတွေးမနေဘဲနဲ့ ပြန်ဖြေလာတယ် : "ငါမင်းဆီလာခဲ့မယ်" ပြီးနောက်ဖုန်းချသွားခဲ့တယ်။
ဖုန်းကိုကြည့်နေရင်း ချိယွီ ရုတ်တရက် ထိတ်လန့်လာခဲ့တယ် ။
အဲ့ဒီ့လူက ဘယ်သူလဲ?
သူနဲ့ မူလကိုယ်က ဘယ်လို ပတ်သက်နေကြတာလဲ?
သူက မကြာခင် ရောက်လာတော့မယ်,ငါသူ့ကို ဘယ်လိုခေါ်ရမှာလဲ?ငါဖျားနေသလို ဟန်ဆောင်ရမယ်!
သူနေမကောင်းကြောင်းပြောဖို့ တစ်ခြားလူကို ပြန်ခေါ်မလို့ လုပ်နေချိန်မှာဘဲ တံခါးခေါက်သံကြားလိုက်ရတယ်။
ချိယွီဟာ သူ့လက်ကိုလွှတ်ချလိုက်ပြီး တစ်စုံတစ်ခုကိုစွန့်လွှတ်လိုက်သလိုမျိုး အသက်ကို အကြာကြီးရှူလိုက်သည်။
အိုကေ,အခုရောက်နေပြီးမှတော့ ရှောင်နေလို့လဲ အသုံးမဝင်တော့ဘူး။
သူ့ရဲ့နှုတ်ခမ်းကို လျှာနဲ့သပ်ကာ တံခါးဆီလျှောက်သွားပြီး ဖွင့်လိုက်တယ်။တစ်ဖက်ကလူကို ဘယ်လိုပုံရှိလဲ သူမမြင်ရခင် အသံတစ်ခုက သူ့နားထဲ မြည်ဟီးလာပြီး သူ့ဦးနှောက်တစ်ခုလုံး တုန်ခါနေသလို ခံစားလိုက်ရတယ်။
"မင်းရဲ့ ကျောင်းလွယ်အိတ်ရော?မင်းရဲ့ ကျောင်းသားကတ်ကရော?ကျောင်းကို ဘာမှယူမသွားဘဲ သွားမလို့လား?
မင်းမျက်နှာက ဘာဖြစ်နေတာလဲ? ဖြူဖျော့နေတာဘဲ...မင်းကိုနေပူထဲမှာ လမ်းလျှောက်သင့်တယ်လို့ ငါပြောခဲ့တယ်လေ မင်းပုံက vampireအတိုင်းဘဲ"
အပေါက်ဝမှာပိတ်ရပ်နေခဲ့တဲ့ တစ်ဖက်လူက ချိယွီကို ကျော်ဖြတ်ကာ ရင်းနှီးနေသောပုံဖြင့်အထဲကိုဝင်ပြီး
"ယွီကျိုးအသေးလေးရော?ငါသူ့ကို သွားကြည့်မယ်"
ဘာ ယွီကျိုးအသေးလေးလဲ?
ချိယွီ အသက်ပြင်းပြင်းရူလိုက်တယ်။တစ်ဖက်လူက တဲ့တိုးဆန်ပေမယ့် ဒီလူက မူလကိုယ်ရဲ့ သူငယ်ချင်း ကောင်းတစ်ယောက်ဆိုတာ သိဖို့မခတ်လှဘူး။
သူ အဲ့အကြောင်းကိုတွေးကြည့်လိုက်တယ်,ပြီးနောက် လက်မြှောက်ကာ ကလေးလေးရဲ့ အခန်းကို ညွှန်ပြလိုက်တယ်။
ဧည့်သည်ဟာ အလွန်ရင်းနှီးစွာ အပေါ်ထက်ကိုတက်သွားပြီး ချိယွီလည်း သူ့နောက်ကနေလိုက်သွားခဲ့တယ်။
"သူ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာဘဲ,ချစ်စရာလေး"
တစ်ဖက်လူရဲ့ အမူအရာတွေဟာ ရုတ်တရက် အရမ်းကိုနူးညံ့လာပြီး သူ့အသံကလဲ 8 ဒီဂရီလောက်လျော့ကျသွားတယ်။
ချိယွီ တစ်ဖက်လူရဲ့ ရင်ဘတ်က ကျောင်းသားကတ်ကို ရုတ်တရက်ကြည့်လိုက်တော့:
[စီနီယာ---အခန်း 10]
[ရှီး ယွီရှင်း]
မူလကိုယ်က သူ့ကိုဘယ်လိုခေါ်တာလဲ?အကို ရှီး?ယွီရှင်း?အကို ရှင်း?
ရှီး ယွီရှင်း ချိယွီဘက်လှည့်ပြီးကြည့်လာကာ : "သူ့ရဲ့ နေ့လည်စာက ဘယ်မှာလဲ?"
ချိယွီ အံ့အားသင့်သွားခဲ့တယ် : "အာ,ငါ..."
ရှီး ယွီရှင်းက သက်ပြင်းချလိုက်ကာ သူ့ကို စတီးမဖြစ်သေးတဲ့သံအတွက် မုန်းတီးနေသော အမူအရာနဲ့ကြည့်ကာ
"မင်းက သူ့ကိုမွေးပြီး ဂရုစိုက်မှုတော့မပေးဘူး,ငါတို့ရဲ့ ယွီကျိုးလေးက သနားစရာကောင်းလိုက်တာ!"
ချိယွီ မျက်တောင်ခတ်လိုက်တယ်။
ဒီကလေးက တစ်ကယ်ဘဲ မူလကိုယ်ရဲ့ကလေးလား, ဒါကဘယ်လိုမျိုးလဲ?
ရှီး ယွီရှင်း က ချိယွီရဲ့ ရှုပ်ထွေးနေမှုကို ချက်ချင်းဘဲ ဖြေရှင်းပေးခဲ့တယ်။
"ဒီတစ်ခါ မင်းကျောင်းပြန်ရောက်ရင် သူ့ကိုမနှောက်ယှက်နဲ့တော့။ငါတို့နဲ့ သူက မတူညီတဲ့ကမ္ဘာမှာ နေနေကြတာ" ရှီးယွီရှင်းဟာ သူ့ဘာသာ နို့ပေါင်ဒါနဲ့ ပုလင်းတစ်ခုကို
ရှာတွေ့ခဲ့ပြီး နို့ကို ကျွမ်းကျင်စွာဖျော်တော့တယ်။
သူ နို့ဖျော်ရင်း ချိယွီကို စကားပြောနေခဲ့တယ်, "ညှစ်ထားတဲ့ဖရဲသီးက မချိုဘူး။သူတို့မိသားစုက မင်းကိုမသတ်တာကိုဘဲ သနားစရာလို့ ယူဆနိုင်တယ်။မင်း ယွီကျိုးလေးကို ပျိုးထောင်ပြီး ကောင်းကောင်းနေသွားနိုင်တယ်
အရမ်းကြီး မညည်းညူပါနဲ့။ မင်းကမှန်တဲ့အရာတွေ မလုပ်ခဲ့ဘဲ၊ သူ မင်းကို ကယ်တင်ပြီးတဲ့ နောက်မှာတောင် မင်းအခုထိ...အခုထိ ဒီတိုင်းဖြစ်နေတုန်းဘဲ၊ လက်ထပ်စာချုပ် ပျက်သွားတာတောင် မင်းကိုငွေရှင်းဖို့မပြောဘဲ အိမ်ကိုပြန်မခိုင်းတာကဘဲ တော်တော်လေးအဆင်ပြေနေပါပြီ ။
မင်းကလေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သင်ယူ၊ယွီကျိုးလေးက ဖြူစင်ပြီးတော့ မင်းရဲ့ကလေးဘဲ"
ချိယွီဟာ ငှက်တစ်ကောင်လို နှုတ်ဆိတ်နေခဲ့တယ်။ဒါပေမယ့် သူ့စိတ်ထဲမှာတော့ မုန်တိုင်းထန်နေပြီ။
ဒီစကားလုံးတွေက ဗဟုသုတရလွန်းလို့ သူသည်းမခံနိုင်တော့ဘူး။
ဒါဆို သူက အကျင့်မကောင်းတဲ့လူတစ်ယောက်ရဲ့ကိုယ်ထဲ ကူးပြောင်းလာခဲ့တာလား?
သူ ချစ်မိသွားပြီး ကလေးမွေးခဲ့ရုံတင်မကဘူး၊သူပြဿနာပါ ရှာခဲ့ပြီး တစ်ခြားသူတစ်ယောက်ရဲ့ လက်ထပ်စာချုပ်ကိုပါ ပျက်စီးစေခဲ့တယ်။ သားတစ်ယောက်နှင့် အိမ်တစ်လုံးအတွက် သူရဲ့ သုက်ပိုးကို ရောင်းဝယ်ဖောက်ကားတဲ့ ဝံပုလွေဖြူတစ်ကောင်လည်းဖြစ်တယ်။
ချိယွီ : ဘယ်လိုတောင် ချိုမြိန်တဲ့ အရှက်ကွဲမှုမျိုးလဲ...ခုချိန် အတိတ်မေ့ချင်ယောင်ဆောင်ဖို့ အရမ်းနောက်ကျသွားပြီလား?
"ငါပြောတာ ကြားရဲ့လား?" ရှီးယွီရှင်း ထပ်မေးလိုက်တယ်။
ချိယွီ ခေါင်းငြိမ့်လျက် : "အင်း"
ရှီးယွီရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အရမ်း အကျင့်ပျက်တာဘဲ၊မင်း ခုထိ သူ့အကြောင်းတွေးနေတုန်းဆိုတာ ငါသိတယ်"
ချိယွီ : "ငါ အဲ့လူမဟုတ်ဘူး၊ငါမတွေးပါဘူး"
ရှီးယွီရှင်း သူ့မျက်ခုံးကိုပင့်ကာ : "ဟမ်?"
ချိယွီ သူ့နှုတ်ခမ်းကိုကိုက်ကာ : "ငါသူမ***ကို ထပ်ပြီး မနှောက်ယှက်တော့ပါဘူး,စာကြိုးစားပြီးတော့ ယွီကျိုးလေးကို ပျိုးထောင်မှာပါ"
"အတူတူနီးပါးပါပဲ" ရှီးယွီရှင်း ကျေနပ်သွားတယ်။
နို့ဖျော်ပြီးသွားတဲ့အခါ ရှီးယွီရှင်း နို့ဗူးကို ကလေးလေးရဲ့ ခေါင်းဘေးမှာ ထားလိုက်တယ်။
ချိယွီ တစ်ခါမှ ကလေးတစ်ယောက်ကို မပျိုးထောင်ဖူးဘူး။ ပြီးတော့ သူ ကလေးတွေ ဘာစားလေ့ရှိလဲဆိုတာကိုလဲ မသိဘူး။ရှီးယွီရှင်းရဲ့ ကျွမ်းကျင်မှုကိုတွေ့တဲ့အခါ သူနားမလည်နိုင်အောင် ယုံကြည်မိသွားတယ်။ပြီးတော့ သူဘာမှ များများစားစားမတွေးမိဘူး။သူ့ရဲ့ ကျောင်းသားကတ်နဲ့ ကျောပိုးအိတ်ကို ယူကာ ကျောင်းသွားဖို့အတွက် ရှီးယွီရှင်းနောက်ကိုလိုက်သွားတော့တယ်။
ဘာပဲဖြစ်လာဖြစ်လာ မှန်ကန်တဲ့အဖြေဆိုတာ အမြဲရှိတယ်။ချိယွီ ပွင့်ပွင့်လင်းလင်း တွေးလိုက်တယ်။
သူ ကောလိပ် ဝင်ခွင့်စာမေးပွဲကို မကြောက်ပါဘူး။ပြီးတော့ လူတွေကိုထွက်တွေ့ရတာလဲ ကြောက်စရာမရှိဘူး။ အဲ့ဒီ့မကောင်းတဲ့အရာတွေကို သူလုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့် တစ်စုံတစ်ယောက်က သူ့ကို အတင်းအဖျင်းပြောရင်တောင် နားထောင်နေစရာမလိုဘူး။
ချိယွီ လမ်းတစ်လျှောက် လည်ပင်းမှာ ကော်လာတွေပတ်ထားတဲ့ လူတော်တော်များများကို တွေ့ရတယ်။လည်ပင်းမှာ ကော်လာ မပတ်ထားတဲ့သူတစ်ချို့လဲရှိတယ်။ဒါပေမယ့် အဲ့အစား လက်ပတ်တွေကို သူ့တို့လက်မှာပတ်ထားကြတယ်။
ချိယွီတွေးလိုက်တာက ဒါက ဒီ ကမ္ဘာရဲ့ Id cardများလား?အဲ့ဒါက မင်းရဲ့နောက်ခံကိုပါ သိနိုင်တာလား?
သူ သိလည်းမသိသလို မေးလဲမမေးရဲခဲ့ဘူး။
ဒီမေးခွန်းမျိုးသာ မေးလိုက်ရင် သူက မူလကိုယ်မဟုတ်ဘူးဆိုတာ ဖော်ထုတ်မိသွားလိမ့်မယ်။
မူလကိုယ်က စကားသိပ်မပြောလို့ဖြစ်နိုင်တယ်၊ချိယွီ တစ်လမ်းလုံး တိတ်ဆိတ်နေတာတောင် ရှီးယွီရှင်းက ဘာမူမမှန်တာမှမတွေ့ဘူး။သူတို့ ကျောင်းကို ရောက်တော့ သူ(ရှီးယွီရှင်း) က သူ့(ယွီကျိုး) ပခုံးကို ပုတ်ကာ ပြောလိုက်တယ်
"တစ်ကယ်လို့ ဟယ်ကျောင်းက မင်းကိုတစ်ခုခု ခက်ခဲအောင်လုပ်ရင် မင်းသည်းခံမှရမယ်၊မင်းမှားနေတာ အမှန်ဘဲ၊ဟယ်ကျောင်း နဲ့ ဘာပြဿနာမှမလုပ်မိစေနဲ့။သူက မင်းကို ကူညီမှာမဟုတ်ဘူး၊မင်းကို လူတွေဝိုင်းရယ်အောင်ပဲလုပ်လိမ့်မယ်။နေ့လည်မှာ မင်းကို တွေ့ဖို့ငါလာခဲ့မယ်။"
ဒီ ကမ္ဘာ ရဲ့ သနားစရာကောင်းတဲ့ အကို။
ချိယွီ ခေါင်းငြိမ့်ပြကာ လှေကားအောက်ခြေမှာ ရှီးယွီရှင်းနဲ့ လမ်းခွဲခဲ့ကြတယ်။
ဒါဆို မူလကိုယ်ရဲ့ အနိုင်ကျင့်တာခံခဲ့ရသူက ဟယ်ကျောင်းဆိုတဲ့ ကောင်မလေးပေါ့...။
ချိယွီ သက်ပြင်းချလိုက်ကာ ဒါက တစ်ကယ့်ကို ပစ်မှုဘဲ လို့ သူ့နှလုံးသားထဲမှာ ပြောလိုက်မိတယ် ။အထက်တန်း တတိယနှစ်တွေက ကောလိပ် စာမေးပွဲအတွက် ပြင်ဆင်ဖို့ နေ့တိုင်း စာကိုခက်ခက်ခဲခဲ ကြိုးစားမနေသင့်ဘူးလား?
သူ လှေကားခြေရင်းမှာ အချိန်တော်တော်ကြာရပ်နေမိတယ်။ဒါပေမယ့် လူတွေဖြတ်သွားတိုင်းသူ့ကို မထီမဲ့မြင် အကြည့်တွေနဲ့ကြည့်သွားကြတာကို သူခံစားမိနေတယ်။
ချိယွီနောက်ကို လှည့်ကြည့်တော့ မထီမဲ့မြင်ပြုသော "ဟမ့်" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
အိုကေ၊အဲ့တော့ ကျောင်းတစ်ကျောင်းလုံးက မူလကိုယ် ဘာလုပ်ခဲ့လဲဆိုတာ သိနေကြပုံဘဲ။
ဒါပေမယ့် ဒီကျောင်းက တကယ်ကို သည်းခံတယ်။ပြီးတော့ အဲ့ဒါက မူလကိုယ်ကို ကျောင်းထွက်ဖို့တောင် ခွင့်မပြုဘူး။
ဒီအကြောင်းကို တွေးရင်း၊ချိယွီ လှေကားပေါ်တက်ပြီး ကျောင်းခန်းထဲဝင်သွားလိုက်တယ်။
သူ ဝင်လာတာနဲ့ အခန်းတစ်ခန်းလုံးက ချက်ချင်းကြီး တိတ်ဆိတ်သွားခဲ့တယ်။အခန်းအတွင်းကလူတွေဟာ သူ့ကိုရှောင်မသွားကြခင်မှာ ချိယွီကို မထင်မဲ့မြင်ပြုတဲ့ အကြည့်တွေနဲ့ ကြည့်လာကြတယ်။
ချိယွီ : "..."
သူလဲ ထောင့်က ခုံလွတ်ဆီ တိတ်ဆိတ်စွာ လျှောက်လာလိုက်တယ်။
ဒီအတန်းဖော်တွေကို မြင်လိုက်တာနဲ့ သူ့စိတ်ထဲမှာ သူထင်ထားတာက သူ့ကို ဖယ်ထုတ်ခံရတာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီအတန်းထဲက ယောက်ျားလေး အတန်းဖော်တွေက ကြည့်ကောင်းပေမယ့်... အရမ်းအားနည်းလို့။
အခန်းထဲက ယောက်ျားလေး အားလုံးရဲ့ မျက်နှာတွေက လှပပြီး လက်ရာမြောက်ပေမယ့် ဘာလို့အရမ်းကိုဖြူဖျော့ပြီး သွယ်လျနေကြတာလဲ?မှန်ကိုင်ပြီး မျက်ခုံးဆွဲနေတဲ့ ကောင်လေးတစ်ချို့တောင် တွေ့နေရတယ်။
sorry,လူတွေကို အပြင်ပန်းကိုကြည့်ရုံနဲ့ မဝေဖန်သင့်ပေမယ့်လဲ သူတစ်ကယ်မထိန်းချုပ်လိုက်နိုင်ဘူး။
ဆရာပုံစံ လူတစ်ယောက်က အခန်းထဲဝင်ဝင်လာချင်းဘဲ ပြောလိုက်တယ် "ဟယ်ကျောင်း ငါ့ကိုစာရွက်တွေ ကူဝေပေးပါအုံး"
ချိယွီရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။ပြီးနောက် အသံတစ်ခုကို သူ့လည်ချောင်းထဲသို့ အတင်းပြန်မျိုချလိုက်ရတယ်။
ပြန်တုံ့ပြန်မယ့် မိန်းကလေးကိုကြည့်ဖို့ သူ ခေါင်းကို မော့လိုက်တယ်။သူ့ရဲ့နှလုံးသားဟာ တစ်ချိန်တည်းမှာဘဲ တုန်ခါနေတယ်။
ဒါဆို တရားခံနဲ့နစ်နာသူက တစ်ခန်းတည်းမှာလား!
အဲ့လိုမျိုး ဖြစ်ပျက်သွားခဲ့တယ်၊ ကျောင်းက မူလကိုယ်ကို ကျောင်းမထုတ်ရုံတင်မကဘူး နစ်နာသူနဲ့အနိုင်ကျင့်သူကို တစ်ခန်းထဲပါ ထားပေးထားတယ်။သူတို့က သူမကို သေစေချင်နေတာလား?
စာရွက်ရဲ့အနားစနဲ့ ချိယွီရဲ့မျက်နှာကို ရိုက်မိသွားတယ်။ချိယွီဟာ သူ့ကို စာရွက်ဝေပေးခဲ့တဲ့ ဟယ်ကျောင်းကို လှည့်ကြည့်လိုက်တော့ မထင်မှတ်ဘဲ မထီမဲ့မြင်ပြုတဲ့ အကြည့်တွေကို တွေ့လိုက်ရတယ်။
ချိယွီက သူ့မျက်နှာကို စာရွက်နဲ့ ရိုက်ခံလိုက်ရပေမယ့် သူဒေါသမထွက်ခဲ့ဘူး။ဒါပေမယ့် သက်ပြင်းချလိုက်မိတယ်။ဒီ မိန်းကလေးက တော်တော်သန်မာပြီးမလွယ်ဘူး။
"ကျေးဇူးပဲ" သူက စာရွက်ကို ယဉ်ကျေးစွာယူလိုက်တယ်။
ဟယ်ကျောင်းက သူမရဲ့မျက်ခုံးကို ပင့်လိုက်ပြီး မယုံကြည်နိုင်သော မျက်နှာ အမူအရာနဲ့ ချိယွီကို စိုက်ကြည့်လိုက်တယ်။အဲ့ဒီ့နောက် သူမရဲ့ မျက်လုံးကို လှန်လိုက်ကာ " နင့် ဦးနှောက် ပျက်နေတာလား? " ပြီးနောက် လှည့်ကာ ထွက်သွားတော့တယ်။
ချိယွီ : "..." မဟုတ်ပါဘူး၊သူမ ဘာလို့ ငါ့ကိုဆူသွားတာလဲ?
ဒါပေမယ့် သူ မူလကိုယ် လုပ်ခဲ့တဲ့အရာတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ ဒီလို အဆူခံရဖို့တော့ အတော်အတန် ထိုက်တန်တယ်လို့ ခံစားလိုက်ရတယ်။
ဒါကြောင့် သူခေါင်းကိုငုံ့လိုက်ပြီး မေးခွန်းစာရွက်ကိုဖွင့်ကြည့်လိုက်တယ်။အဲ့ဒီ့မှာ သင်္ချာပြဿနာ တစ်ခုကို တွေ့လိုက်ရတယ်။
သင်္ချာက သူ့ရဲ့ အားသာချက်ဘဲ။ဒါပေမယ့် မူလကိုယ်အတွက်တော့ အားသာချက်မဟုတ်တာ သိသာလှတယ်။ဘာလို့လဲဆိုတော့ အနီရောင်အမှတ်အသားတွေဟာ စာရွက်ပေါ်မှာ အပေါ်ကနေအောက်ထိ ရေးခြစ်ခံထားရတဲ့အတွက် ဖြစ်တယ်။ပြီးတော့ အဖြေတစ်ခုမှလဲ မှန်မနေဘူး။
"Che." သူ့ဘေးနားက တစ်ယောက်ယောက်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်တယ်။
ချိယွီ လှည့်ကြည့်လိုက်တယ်။
ကောင်လေးက ရွဲ့ပြီးရယ်မောနေတယ်။သူ့မျက်လုံးတွေမှာ မထီမဲ့မြင်ပြုချင်းတွေပါဝင်နေတယ်။
"မင်းရဲ့ အဆင့်တွေက မင်းအတိုင်းဘဲ အမှိုက်ဆန်လိုက်တာ။မင်းကိုယ့်ကိုယ်ကို ပြန်မကြည့်မိဘူးလား?ဒါပေမယ့် မင်းက ဟယ်မိသားစုထဲဝင်ချင်နေသေးတယ် အိမ်မက်ကကြီးလိုက်တာ!
မင်းနဲ့အခန်းတူတော့ ငါဖျားချင်သလိုတောင် ခံစားလိုက်ရတယ် " ပြီးတော့ သူရဲ့ခုံကို ဘေးကိုရွှေ့လိုက်တယ်။
ချိယွီ တည်ငြိမ်စွာနဲ့ ပြောလိုက်တယ် "ငါတို့ကြားမှာ အာဃာတ များရှိနေလို့လား"
ကောင်လေးက သူ့မေးစေ့ကို မြှောက်ကာပြောလာတယ်။သူ့အသံက ပေါ့ပါးပြီး မထီမဲ့မြင်ပြုခြင်းတွေပါဝင်နေတယ်။
"မဟုတ်ဘူး ငါမင်းကို ရွံ နေရုံပါဘဲ"
ချိယွီ : "..."
ဒီရိုင်းစိုင်းတဲ့ကြက်ပေါက်လေးက သူ့ကိုဘာတွေလာကစားပြနေတာလဲ?
ဘယ်သူက ကောင်းမွန်တဲ့နောက်ခံမရှိတာလဲ?ဆိုးရွားတဲ့လူတစ်ယောက်ရဲ့ ကိုယ်ထဲ ရုတ်တရက်ကြီး အပြောင်းခံလိုက်ရတာနဲ့တင် စိတ်ဖိစီးနေပြီ။ပြီးတော့ မီးလောင်ရာလေပင့်တဲ့ သူတစ်ချို့တောင် ရှိနေသေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ရွေးနုတ်ခြင်းဇာတ်ကွက်တစ်မျိုးမျိုးကြောင့် သူကူးပြောင်းလာတာ မဟုတ်တာတော့ သေချာတယ်!။
" မင်းအမှတ် ဘယ်လောက်ရတာလဲ "သူမေးလိုက်တယ်။
ကောင်လေးက စာရွက်ကို ဂုဏ်ယူစွာ ဝှေ့ယမ်း လိုက်ပြီး "ကိုးဆယ့်ခြောက်"
"နောက်စာမေးပွဲက ဘယ်တော့လဲ?"
" လာမယ့် တနင်္လာနေ့"
ချိယွီ ခေါင်းငြိမ့်လိုက်တယ်။ "အိုကေ။မင်းစောင့်ကြည့်နေလိုက်"
"ဘာကို စောင့်ရမှာလဲ"
"ဒူးထောက်ပြီး ငါ့ကို daddyလို့ ခေါ်ဖို့ စောင့်နေလိုက်"
စာမေးပွဲနဲ့ ပတ်သက်လာရင်တော့ သူ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး။
TBC...
=========================================
🍼 ဆိုးရွားတဲ့သူတစ်ယောက် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ? (Zaw)
ကောလိပ် ဝင်ခွင့်စာမေးပွဲမစမီ နှစ်ရက်အလိုတွင် သူသည် red bullနှင့် ဖောင်တိန် တစ်ချောင်းကို ကိုင်ဆောင်ကာ တစ်ညလုံး အလုပ်ကြိုးစားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူသည် ဤအိမ်ကြီးဆီသို့ ရောက်လာခဲ့သည်...။
သူ ကူးပြောင်းလာခြင်းဖြစ်နိုင်သည် ဒါမှမဟုတ် သူ့ရဲ့ ဝိဥာဉ်က အခြား ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သူခံစားခဲ့ရသည်။
သူ့ အသားရည်ဟာ အဖြူရောင်ပြောင်းသွားခဲ့ပြီး သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ ပျောက်ကွယ်သွားတဲ့ အတွက် သူခန္ဓာကိုယ် ပြောင်းလဲခဲ့တယ် ဆိုတာ သိသာလှတယ်...။
သူ့လက်ထဲမှာ အိပ်ဆေးပုလင်း တစ်ဝက်နဲ့ အိပ်ရာကနိုးထလာတဲ့အခါ မူလပိုင်ရှင်က သူ့ကိုယ်သူ သတ်သေခဲ့တယ် ပြီးတော့ သူကူးပြောင်းလာတာဖြစ်တယ်လို့ ခန့်မှန်းလိုက်တယ်။
သတင်းအချက်အလက်တွေ ပေါက်ကြားနေတဲ့ ခေတ်ကြီးထဲမှာ ရှင်သန်ရတဲ့ သူ့အဖို့ မအံ့သြတော့ပါဘူး။နည်းနည်းလေး စိတ်ရှုပ်ထွေးသွားရုံပါ...။
ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ ထိုင်းမှိုင်းနေတဲ့ စိတ်ခံစားချက်ကို အချိန်ပေါင်းများစွာ ထိန်းညှိလိုက်တယ်။
-သူ့ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အိမ်ထောင်ရှိပြီးသားလား? ကလေးရှိတယ်လား? ကလေးအမေကကောဘယ်မှာလဲ ?
ဒီမျက်နှာက သူ့ရဲ့ မူလမျက်နှာနဲ့ တစ်ပုံစံတည်းပဲ။ဒါပေမယ့် အခုမျက်နှာက အရမ်းဖြူဖျော့ကာ ဖျားနာမှုတွေပြည့်နှက်နေပြီး လေတိုက်ရင်တောင်လွင့်ပါသွားမလား စိုးရိမ်ရတယ်။ပြီးတော့ သူ့လည်ပင်းမှာ နှစ်လက်မအထူ သတ္တု လည်ပတ်တစ်ခုကို တွေ့လိုက်ရတယ်။အဲ့လည်ပတ်ကို ဘာနဲ့လုပ်ထားလဲသူ့မသိပေမယ့် အဲ့ဒါကို ရှိနေတယ်လို့တောင် မခံစားရဘူး။
သူ့လည်ပတ်ကိုဖြုတ်ဖို့ကြိုးစားပေမယ့် မရတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ်တပ်ထားလိုက်တော့တယ်။
ကလေးရဲ့ အခန်းကို မျှော့်လင့်ထားတယ်။ရေချိုးခန်းနဲ့ အိပ်ခန်းတစ်ခန်းမှာ ဘဝ အစအနတွေပဲရှိတယ်။
အခြားအခန်းတစ်ခန်းမှာရှိတဲ့ အရာအားလုံးကို အဖြူထည်အဝတ်စကြီးတွေနဲ့ ဖုံးအုပ်ထားပြီး ကြမ်းပြင်က မီးခိုးရောင်ဖြစ်တယ်။
ချိယွီက သူ့စိတ်ထဲက သံသယတွေကို ဖျောက်ထားလိုက်ပြီး မူလပိုင်ရှင်ရဲ့ ဖုန်းကို ရှာဖို့ကြိုးစားတဲ့အခါ ဖုန်းကိုရှာမတွေ့ပေမယ့် မူလပိုင်ရှင်ရဲ့ ကျောင်းသား IDကို တွေ့လိုက်တယ် :
[စီနီယာ အခန်3း]
[ချိယွီ]
နေပါအုံး ,မူလပိုင်ရှင်ကအထက်တန်း တတိယနှစ်မှာ ကလေးရှိတယ်?
အဲ့တော့ question markတွေ သူ့ခေါင်းပေါ်မှာ ပေါ်လာတော့တယ် : မူလကိုယ်ရဲ့ မိဘတွေကရော? သူတို့က အခုမှ အထက်တန်းကျောင်းသားပဲ ရှိသေးတဲ့တစ်စုံတစ်ယောက်ကို ကလေးကိုပြုစုပျိုးထောင်ဖို့ ခွင့်ပြုပါ့မလား ?
သူ့ရဲ့အတွေးတွေ မြင်ရိုင်းတစ်ကောင်လို သူ့ခေါင်းထဲဖြတ်ပြေးနေတုန်းမှာဘဲ ချိယွီကမူလကိုယ်ရဲ့ဖုန်းကိုရှာတွေ့သွားခဲ့တယ်။
ချိယွီ : "..."
"Buzz---"
ချိယွီဟာ ဖုန်းကိုအတော်ကြာ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ အစမ်းသဘောအနေနဲ့ ပြောလိုက်တယ် :"ဟယ်လို?"
ထွက်လာခဲ့!့မြန်မြန် မြန်မြန်!မင်းနောက်တစ်ခါထပ်အိပ်ရင် ငါတို့နောက်ကျလိမ့်မယ်!"
"ငါဘယ်သူ့မှမတွေ့ဘူး"
ချိယွီအံ့သြသွားပြီး မသိစိတ်ကနေပြောလိုက်မိတယ် : "ဘယ်ဂိတ်လဲ?" ပြောပြီးတဲ့နောက်မှာဘဲချိယွီဟာ မူလကိုယ်ကဒါကို သိဖို့ အကူအညီမလိုတဲ့အတွက်ဖော်ထုတ်မိသွားသလို ခံစားလိုက်ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက သိသိသာသာကို ဘာမှအများကြီးတွေးမနေဘဲနဲ့ ပြန်ဖြေလာတယ် : "ငါမင်းဆီလာခဲ့မယ်" ပြီးနောက်ဖုန်းချသွားခဲ့တယ်။
အဲ့ဒီ့လူက ဘယ်သူလဲ?
သူ နေမကောင်းကြောင်းပြောဖို့ တစ်ဖက်ကလူကို ပြန်ခေါ်ဖို့ လုပ်နေချိန်မှာဘဲ တံခါးခေါက်သံကိုကြားလိုက်ရတယ်။
ချိယွီဟာ သူ့ရဲ့လက်ကိုလွှတ်ချလိုက်ပြီး တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်သလိုမျိုး အသက်ကိုအကြာကြီးရှူလိုက်တယ်။
ချိယွီ နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ကာ တံခါးဆီလျှောက်သွားပြီး ဖွင့်လိုက်တယ်။တစ်ဖက်လူကို ဘယ်လိုပုံရှိလဲ သူမမြင်ရခင် အသံတစ်ခုကသူ့နားထဲ မြည်ဟီးလာပြီး သူဦးနှောက်တစ်ခုလုံး တုန်ခါနေသလို ခံစားလိုက်ရတယ်။
"မင်းရဲ့ကျောင်းလွယ်အိတ်ကရော ? မင်းရဲ့ကျောင်းသားကဒ်ကရော ?ကျောင်းကို ဘာမှမယူဘဲ သွားမလို့လား?
အပေါက်ဝမှာ ပိတ်ရပ်နေခဲ့တဲ့ တစ်ဖက်လူက ချိယွီကိုကျော်ဖြတ်ကာ ရင်းနှီးစွာဖြင့် အခန်းထဲဝင်သွားပြီး
"ယွီကျိုးလေးကော?"
ဘာ ယွီကျိုးလေးလဲ?
ဧည့်သည်ဟာ အလွန် ရင်းနှီစွာ အပေါ်ထက်ကိုတက်သွားပြီး ချိယွီလဲ သူ့နောက်ကနေလိုက်သွားခဲ့တယ်။
တစ်ဖက်လူရဲ့ အမူအရာဟာ ရုတ်တရက် နူးညံ့လာပြီး သူ့အသံကလဲ 8 ဒီဂရီလောက် လျော့ကျသွားတယ်။
ချိယွီ တစ်ဖက်လူရဲ့ ရင်ဘတ်က ကျောင်းသားကဒ်ကို ကြည့်လိုက်တော့ :
[စီနီယာ---အခန်း10]
[ရှီးယွီရှင်း]
ချိယွီအံ့အားသင့်သွားပြီး : "အာ ,ငါ..."
ရှီးယွီရှင်း သက်ပြင်းချလိုက်ကာ သူ့ကို စတီးမဖြစ်သေးတဲ့သံ အတွက် မုန်းတီးနေသော အမူအရာနဲ့ ကြည့်ကာ
တစ်ကယ်ဘဲ ဒီကလေးလေးကမူလကိုယ်ရဲ့ ကလေးလား ဒါက ဘယ်လိုမျိုးလဲ။
အရမ်းကြီး မညီးညူပါနဲ့ ။မင်းကမှန်တဲ့ အရာတွေမလုပ်ခဲ့ဘဲ သူမင်းကိုကယ်တင်ပြီးတဲ့နောက်မှာတောင် မင်းကအခုထိ...အခုထိဒီလိုမျိုးဖြစ်နေတုန်းဘဲ။လက်ထပ်စာချုပ်ပျက်သွားတာတောင် မင်းကို ငွေရှင်းဖို့မပြောဘဲ အိမ်မပြန်ခိုင်းတာကဘဲ တော်တော်လေး အဆင်ပြေနေပါပြီ။
ဒါဆို သူက ဆိုးရွားတဲ့သူ တစ်ယောက်ရဲ့ ကိုယ်ထဲ ကူးပြောင်းလာမိတာလား?
ရှီးယွီရှင်းက သူ့မျက်ခုံးကိုပင့်ကာ "ဟမ်?"
ချိယွီနှုတ်ခမ်းကိုကိုက်ကာ : "ငါသူမ***ကိုထပ်ပြီးမနှောက်ယှက်တော့ပါဘူး စာကြိုးစားပြီး ယွီကျိုးလေးကိုပျိုးထောင်မှာပါ"
(T/N : သူလိုချင်တဲ့အဖြေနီးပါးပါပဲ)
နို့ဖျော်ပြီးသွားတဲ့ အခါ ရှီးယွီရှင်း နို့ဘူးကို ကလေးလေးရဲ့ခေါင်းဘေးမှာ ထားလိုက်တယ်။
ချိယွီတွေးလိုက်တာကဒါက ဒီကမ္ဘာရဲ့ IDကဒ်များလား?
ဒါဆို မူလကိုယ်ရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတဲ့သူက ဟယ်ကျောင်းဆိုတဲ့ ကောင်မလေးပေါ့။
သူ လှေကား ခြေရင်းမှာ အချိန်တော်တော်ကြာကြာ ရပ်နေမိတယ်။ဒါပေမယ့် လူတွေဖြက်သွားတိုင်း သူ့ကို မထီမဲ့မြင်အကြည့်တွေနဲ့ကြည့်သွားကြတာကို သူခံစားနေမိတယ်။
ချိယွီနောက်ကိုလှည့်တော့ မထီမဲ့မြင်ပြုသော "ဟမ့်" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
ချိယွီ : "..."
သူလဲ ထောင့်ကခုံလွတ်ဆီ တိတ်ဆိတ်စွာလျှောက်လာခဲ့တယ်။
အခန်းထဲက ယောက်ျားလေးအားလုံးရဲ့ မျက်နှာတွေဟာ လှပပြီးလက်ရာမြောက်ပေမယ့် ဘာလို့အရမ်းကိုဖြူဖျော့ပြီး သွယ်လျနေကြတာလဲ?မှန်ကိုင်ပြီး မျက်ခုံးဆွဲနေတဲ့ ကောင်လေးတစ်ချို့ တောင် တွေ့နေရတယ်။
sorry,လူတွေကို အပြင်ပန်းကြည့်ရုံနဲ့ မဝေဖန်သင့်ပေမယ့်လည်း သူတစ်ကယ်မထိန်းချုပ်လိုက်နိုင်ဘူး။
ဆရာပုံစံ လူတစ်ယောက်ကအခန်းထဲဝင်ဝင်လာချင်းဘဲ ပြောလိုက်တယ် "ဟယ်ကျောင်း ငါ့ကိုစာရွက်ကူဝေပေးပါအုံး"
ဒါဆို အနိုင်ကျင့်တဲ့သူနဲ့ အနိုင်ကျင့်ခံရသူက တစ်ခန်းတည်းမှာလား!
ဒါပေမယ့် သူ့မူလကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ ဒီလိုအဆူခံရဖို့ အတော်အတန် ထိုက်တန်တယ်လို့ ခံစားလိုက်ရတယ်။
ဒါ့ကြောင့် သူခေါင်းကိုငုံ့လိုက်ပြီး မေးခွန်းစာရွက်ကို ဖွင့်ကြည့်လိုက်တယ်။အဲဒီမှာ သချာင်္ပြဿနာ တစ်ခုကို တွေ့လိုက်ရတယ်။
မင်းနဲ့ အခန်းတူတော့ ငါဖျားချင်သလိုတောင် ခံစားလိုက်ရတယ်" ပြီးနောက် သူ့ရဲ့ခုံကို ဘေးကိုရွှေ့လိုက်တယ်။
ချိယွီ : "..."
ကောင်လေးက စာရွက်ကို ဂုဏ်ယူစွာဝေ့ရမ်းလိုက်ပြီး
"ကိုးဆယ့်ခြောက်"
"လာမယ့် တနင်္လာနေ့"
"ဘာကိုစောင့်ရမှာလဲ"
"ငါ့ရှေ့မှာ ဒူးထောက်ပြီး daddy လို့ခေါ်ဖို့ စောင့်နေလိုက်"
TBC...