ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

779K 69.9K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အကျဉ်းချုပ် - ထိပ်တန်းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္

1.7K 167 4
By MayKingMK119

Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်

ယာဉ်ထိန်းရဲများထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် ရွှယ်လွေ့ သည် အချိန်အတော်ကြာအောင် စိတ်နှင့်ကိုယ် ပြန်မကပ်နိုင်ဖြစ်သွားရသည်။

"မင်းဆိုလိုတာက ကျိုးရင် က ငါ့မွေးစားသားရဲ့ကားကို မောင်းလာပြီး တစ်စုံတစ်ယောက်ကို ဝင်တိုက်တယ်၊ အခု သူတို့တွေရဲ့အသက်ကို ကယ်တင်ဖို့ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ ဆိုလိုတာလား။ ငါ့မွေးစားသားကော ဘယ်လိုလဲ။"

"လောလောဆယ် ကျွန်တော်တို့ သူ့ကို ရှာနေတယ်၊ ဒါပေမယ့် ဖုန်းက အမြဲပိတ်ထားတယ်။"

ယာဉ်ထိန်းရဲလူငယ်က လေသံခပ်မာမာဖြင့် ဆက်ပြောခဲ့သည်။

"သူ့ကို အမြန်ဆုံးစုံစမ်းစစ်ဆေးရာမှာ ကူညီပေးဖို့ ဗျူရိုကိုခေါ်သွားပါ၊ သူ့ကားက တစ်စုံတစ်ယောက်ကို ဝင်တိုက်မိမှန်းသိရပေမယ့် ယာဉ်မောင်းမဟုတ်ပေမယ့် သူနဲ့တွဲပြီး တာဝန်ယူရတာတွေလည်း ရှိတယ်။"

စကားများမကြာမီပင် အခြားယာဉ်ထိန်းရဲ အရာရှိတစ်ဦးက အမြန်ပြေးလာပြီး ပြောခဲ့သည်။

"သေသေချာချာ ထပ်စစ်ကြည့်ပါဦး၊ ဒီကားက ဟွမ်ရီက ကျိုးရင်ကို ငှားထားတာ မဟုတ်ဘူး၊ ကျိုးရင်က ဟွမ်းရီ ပစ္စည်းတွေဝယ်ဖို့ စတိုးဆိုင်ကို သွားနေတုန်း ခိုးသွားခဲ့တာကွ။ 110 က ဟွမ်ရီ ရဲ့ ဖုန်းနဲ့ တိုင်ကြားခဲ့တာကို လက်ခံရရှိခဲ့တယ်၊ အဲ့ဒါက လွန်ခဲ့တဲ့ လေးနာရီကပဲ၊ အဲဒီဆိုင်က စီစီတီဗွီ ကင်မရာက ဟွမ်ရီရဲ့ ကားခိုးမှုဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်စောင့်ကြည့်ပေးခဲ့တယ်"

ဒါကိုကြားတော့ ယာဉ်ထိန်းရဲအရာရှိငယ်က အနည်းငယ်ရှက်သွားပြီး ဖုန်းထဲကို ပြောလိုက်သည်။

"မစ္စတာရွှယ်၊ အခုလေးတင်မှ ဒီအကြောင်းကို သိလိုက်ရပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး၊ မင်းရဲ့မွေးစားသား ဟွမ်ရီက ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမယ့် အခုပဲ ဆေးရုံကိုလာပေးဖို့ တောင်းပန်ပါတယ်၊ သူ့ကိုခေါ်လာပေးပါလားခင်ဗျာ၊ သူက ကားပိုင်ရှင်ဖြစ်လို့ပါ။"

"ကောင်းပြီ ငါ သူ့ကို ဆက်သွယ်လိုက်မယ်။"

ရွှယ်လွေ့က ဖုန်းကို ချလိုက်ပြီး ဆယ်ကျော်သက်လေးရဲ့ ဆဲလ်ဖုန်းနံပါတ်ကို ချက်ချင်း ခေါ်လိုက်သည်။ စာရွက်စာတမ်းထဲတွင် ကိုယ်တွင်းအင်္ဂါများလှူဒါန်းပြီးကြောင်း လက်မှတ် ရေးထိုးထားပြီးနောက် သူတို့ စီစဉ်ထားတဲ့ ကား မတော်တဆ ဖြစ်မှုက သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ဒါပေမယ့် ကြိုတင် လာဘ်ထိုးထား တဲ့ သူက ကားမတော်တဆဖြစ်တဲ့ထဲ ပါသွားခဲ့တယ်။ သူတို့ ဖြစ်စေချင်တဲ့ ကောင်လေးက လွတ်သွားခဲ့တယ်။ ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကြည့်မကောင်းရှုမကောင်း ကမောက်ကမ ဖြစ်ကုန်ပြီ။

ကိုယ်တွင်းအင်္ဂါအလှူခံသည့် ပရဟိတ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ အများသူငှာကို အသက်ကယ်တင်ပေးနိုင်ရန် ကျယ်ပြန့်စွာ လုပ်ဆောင်နေသော လုပ်ငန်းဖြစ်သည်။ ဒီဖြစ်ရပ်ကြောင့် ရွှယ်လွေ့ရဲ့ ရင်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ပေါ်လာတယ်။

တစ်ချိန်တည်းမှာပင်၊ ရွှယ်ဇီရွမ် က ဆယ်ကျော်သက်ကလေးအား ဆက်တိုက်ဖုန်းခေါ်ပေမယ့် တဖက်မှ "လူကြီးမင်းခေါ်ထားတဲ့ ဖုန်းက ပိတ်ထားပါတယ်" ဟူသောအသံကြောင့် သူ ပို၍ထိတ်လန့်သွားကာ စားပွဲပေါ်ရှိ ကားသော့ ကို ကောက်ကိုင်ကာ အိမ်ပြန်ရန် ရည်ရွယ်ထားစဉ် လက်ထောက်က တံခါးကိုတွန်းပြီး စာအိတ်တစ်အိတ်ကို လွှဲပေးရင်း အရေးတကြီးပြောလိုက်သည်။

"မစ္စတာ ရွှယ်၊ ခင်ဗျားလက်ထဲ အပ်ရမယ့် ဒီစာရွက်စာတမ်းကို ခင်ဗျား ကြည့်မှာလား။"

"ငါ မအားဘူး။"

ရွှယ်ဇီရွမ်က သူ့လက်ကို ဝှေ့ယမ်းပြီး လက်ထောက်ကို တွန်းထုတ်လိုက်သည်။ သူ့တို့ ပခုံးချင်းယှဉ်ပြီး ဖြတ်သန်းလာခိုက် စာအိတ်ပေါ်ရှိ စာလုံးများကို တစ်ချက်ကြည့်လိုက်မိပြီး ချက်ခြင်းရပ်သွားသည်။

"ဒီစာကိုလာပို့တဲ့သူ ဘယ်မှာလဲ"

သူသည် စာအိတ်ပေါ်ရှိ ပျံသန်းနေသော နဂါးတစ်ကောင်နှင့် ငွေရောင်စာလုံးလေးတွေကို တွေ့လိုက်သည်နှင့် ဒီစာက ရှောင်ရီဆီက စာဆိုတာ ရွှယ်ဇီရွမ် သေချာသိသွားသည်။ သူက လက်ထောက် ရှောင်ဖုန်းကို ရှောင်လိုက်ပြီး ရှောင်ရီရဲ့စာကို လှမ်းယူလိုက်သည်။

"ထွက်သွားခဲ့တာ ကြပါပြီ၊ သူက China Express ပို့ဆောင်ရေးလုပ်ငန်းက လူပါ၊ ဂိတ်စောင့်ဆီမှာ လာပို့တဲ့လူရဲ့ မှတ်ပုံတင်နံပါတ်ရှိတယ်၊ မစ်စတာရွှယ် ကိုယ်စား ကျွန်တော် စစ်ဆေးပေးပါ့မယ်။"

လက်ထောက်က သူ့ တင်ပြချက်မပြီးသေးခင် ရွှယ်ဇီရွမ်က သူ့ကို ရုံးခန်းထဲက နှင်ထုတ်လိုက်ပါတယ်။

ရွှယ်ဇီရွမ် ဟာ ဒီအချိန်မှာ ရှောင်ရီကို လိုက်မဖမ်းနိုင်ဘူးဆိုတာ သေချာသွားခဲ့တယ်၊ သူ့စိတ်တွေ ရှုပ်နေပြီး တစ်ချိန်တည်းမှာပဲ ရှောင်ရီ က သူ့ကို ဘာပြောခဲ့သလဲဆိုတာ မသိပေမယ့် သူ့ကို စာတစ်စောင်ပို့ခိုင်းပြီး ဖုန်းကို စက်ပိတ်ထားခဲ့တယ်။ ရှောင်ရီက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။

ဓာတ်လှေကားကိုစောင့်နေစဉ် စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ မန်မိုရီကတ်တစ်ခုနှင့် စာရွက်ပေါ်တွင် စကားလုံးများစွာ မပါသည့် စာရွက်တစ်ရွက်ကို တွေ့ရှိပြီး ရိုးရှင်းသော စာကြောင်းက အထဲမှာပါသည့် မန်မိုရီကဒ်ထဲက အချက်အလက်များကို ကြည့်ရှုရန် ရွှယ်မိသားစုဝင်အားလုံးကို ရင်းရင်းနှီးနှီးဖိတ်ခေါ်ပါတယ် ဆိုသည့် စာကိုသာ ရေးထားသည်။ ဒါတွေအားလုံးကို ဟွမ်ရီက လေးစားကြောင်းလည်း ဖော်ပြထားတယ်။

ဘာအချက်အလက်တွေလဲ။

ဒါကို ကြည့်ရှုဖို့ မိသားစုအားလုံးကို အဘယ်ကြောင့် ဖိတ်ခေါ်ရသလဲ။

ကျဉ်းမြောင်းသော ဓာတ်လှေကားထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ချောမောသော ရွှယ်ဇီရွမ်၏မျက်နှာသည် စိုးရိမ်စိတ်နှင့် လုံးဝ ပုံပျက်နေကာ ကြောက်လန့်တကြား စိုးရိမ်နေပုံရသည်။

ပထမထပ်သို့ ဓာတ်လှေကားဖြင့် ဆင်းလာစဉ် ဖုန်းအနည်းငယ်ခေါ်ပြီး ရွှယ်လွေ့ ကို ဆက်သွယ်ရန်သာ ဆက်သွယ်လိုက်သည်။

"ရှောင်ရီက်ု ဘယ်ကိုပို့လိုက်သလဲ။"

ရန်ငြိုးတွေ အပြည့်နဲ့ တင်းမာသော အသံကြောင့် ရွှယ်လွေ့က ဆွံ့အသွားကာ ပြန်ဖြေလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ၊ သူ ဘယ်ကိုသွားတယ်ဆိုတာ ငါ ဘယ်လိုသိလဲ။ "

ရွှယ်လွေ့က အခုထိ ဘာမှန်းမသိပဲ ယာဉ်ထိန်းရဲဌာန ဗျူရိုက အခြေအနေကိုကြည့်ဖို့ သူ့လက်ထောက်ကို လွှတ်လိုက်တယ်၊ သူ့လက်ထောက်စောင့်နေသည့် နေရာကို သွားဖို့ပြင်နေခိုက် သူ့သားဆီက ရန်လိုသည့် ဖုန်းဝင်လာသဖြင့် အခုတော့ ဒီခွေးကောင် ဟွမ်ရီ ဘယ်ရောက်သွားလဲ သိဖို့ အရမ်း စိတ်ဝင်စားနေပြီ။

ရွှယ်ဇီရွမ်က ရွယ်လွေ့ကို အတင်းမေးနေသော်လည်း ဧည့်ခန်းမကျယ်ကြီးတွင် ထားရှိသည့် LED ဖန်သားပြင်ကို မတော်တဆကြည့်လိုက်မိသည်။ ထိုဖန်သားပြင်တွင် သူနှင့်ရင်းနှီးလွန်းသော အနီရောင်စူပါပြိုင်ကား မတော်တဆမှုအဖြစ် သတင်းထုတ်လွှင့်နေသည်ကို မြင်လိုက်ရသည် ။

တခဏချင်းမှာပဲ သူ့သွေးတွေ အေးခဲသွားပြီး မတည်မငြိမ်ဖြစ်သွားတယ်။ ဝန်ထမ်းတစ်ဦးမှ မူးလဲတော့မလိုဖြစ်နေသည့် ဥက္ကဌ ရွှယ်ဇီရွမ်ကို သတိပြုမိပြီး ကြင်နာစွာ ထိန်းမပေးခဲ့သည်။

"ဥက္ကဌရွှယ် .....အဆင်ပြေရဲ့လား ကျွန်တော် ိုဆေးရုံပို့ပေးရမလား"

"ဟုတ်တယ်...ငါ... ဆေးရုံသွားချင်တယ်၊ ဆေးရုံသွားမယ်"

သူသည် ထိုဝန်ထမ်းကို တွန်းဖယ်လိုက်ကာ ခြေလှမ်းအနည်းငယ်ဖြင့် ကားပါကင်ဆီသို့ အရူးအမူးပြေးသွားခဲ့သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ယာဉ်ထိန်းဌာနသို့ ဖုန်းဆက်စဉ် ထိုကားအင်ဂျင်က တခုခုဖြစ်တယ်လို့ ပြောခဲ့သည်။ အော်ပရေတာသည် အခြေအနေကို သေချာမသိသော်လည်း မတော်တဆမှုတွင် ပါဝင်သည့် ကားပိုင်ရှင်၏အစ်ကိုဖြစ်ကြောင်း ကြားသိရသောအခါတွင် တစ်စုံတစ်ဦးကို ရှာဖွေရန် ဆေးရုံသို့ အမြန်သွားရန် ပြောခဲ့သည်။

ရွှယ်ဇီရွမ်က ဆေးရုံကို တတ်နိုင်သမျှ အမြန်ပြေးပြီး ပင်မဝင်ပေါက်မှာ ရွယ်လွေ့ ရဲ့ လက်ထောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လက်ထောက်က ကြွက်တစ်ကောင်လိုပဲ ရွှယ်ဇီရွမ်ကိုမြင်ပြီး ဓာတ်လှေကားကနေတောင် မတက်ဝံ့ဘဲ လှေကားပေါ် ပြေးတက်သွားတယ်။

ရွယ်လွေ့က ရွှယ်ဇီရွမ်ကို အေးစက်စွာ ကြည့်နေမိသည်။

ရွှယ်ဇီရွမ် က သူ့အဖေရဲ့ အကြည့်ကို စိတ်မဝင်စားဘဲ ခွဲစိတ်ခန်း၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် သွားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုအား ကိုင်တွယ်ရန် တာဝန်ရှိ ရဲအရာရှိက နာမည်ကြီး စန္ဒယားပညာရှင်ကို မျက်နှာချင်းဆိုင်တွေ့လိုက်ရသောအခါ သဘာဝကျကျပဲ ချက်ချင်းမှတ်မိလိုက်ပြီး မှင်တက်နေသော မျက်နှာဖြင့် လျှောက်လာသော အမျိုးသားကို မြင်လျှင် စကားပြောရန် တိတ်ဆိတ်ကာ လူမရှိသည့် နေရာသို့ အလျင်အမြန် ခေါ်သွားခဲ့သည်။

"ရှောင်ရီ.... ဘယ်မှာလဲ၊ သူ နေကောင်းရဲ့လား"

ရွှယ်ဇီရွမ်၏ အသံက တုန်ယင်နေခဲ့သည်။ လမ်းတလျှောက် ဘာကိုမှ မတွေးဝံ့တော့ဘဲ တွေးလေလေ ပိုကြောက်လေဖြစ်ပြီး နောက်ထပ် သူချစ်ရသည့်လူအား ဆုံးရှုံးလိုက်ရမည်ကို မခံနိုင်တော့သောကြောင့် ဖြစ်သည်။

"ဟမ်၊ မင်းအဖေက မင်းကို မပြောပြဘူးလား? ကားမောင်းတဲ့သူက ဟွမ်ရီ မဟုတ်ဘူး။ လွန်ခဲ့တဲ့ လေးနာရီက မင်းမိသားစုရဲ့ ဒရိုင်ဘာ ကျိုးရင် က သူ့ကားကို ခိုးပြီး မြို့ထဲမှာ နှစ်နာရီကြာအောင် လျှောက်မောင်းပြီး Maybach ကား နဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားတယ်။ လောလောဆယ် သူတို့ အသက်ကို အသည်းအသန် ကယ်ဆယ်ထားပါတယ်။"

"ကားမောင်းတဲ့သူက ရှောင်ရီ မဟုတ်ဘူးလား?"

ရွှယ်ဇီရွမ်သည် ဆေးရုံကုတင်ပေါ်မှ ဖြည်းညှင်းစွာထိုင်ကာ အသံအက်အက်ဖြင့် မေးလိုက်သည်။

"ဒါဆို သူ ဘယ်ရောက်သွားတာလဲ"

ယာဉ်ထိန်းရဲက ကူကယ်ရာမဲ့ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။

" သူ ဘယ်ရောက်နေတယ်ဆိုတာ ငါတို့လည်း မသိဘူး။ မင်း ရဲစခန်းကို ဘာလို့ သွား မရှာကြည့်တာလဲ၊ သူက ရဲစခန်းကို သွားနေတာလည်း ဖြစ်နိုင်တယ်။"

"ကောင်းပြီ ကျွန်တော် ချက်ချင်းသွားလိုက်မယ် ကျေးဇူးပဲ"

ရွှယ်ဇီရွမ်က မတ်တပ်ရပ်ပြီး ထွက်သွားပေမယ့် ယာဉ်ထိန်းရဲက လှမ်းပြောလိုက်သည်။

"ဟေး...... မသွားသေးနဲ့ဦး။ အဲဒီကားပိုင်ရှင် ဟွမ်ရီရဲ့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ စုံစမ်းရေးမှာ ကူညီဖို့ မင်း ဒီမှာ နေမှဖြစ်မယ်။ Maybach ကား ပိုင်ရှင်မိသားစုက မင်းနဲ့ ညှိနှိုင်းရလိမ့်မယ်။ ကျိုးရင်ရဲ့ မိသားစုက မြို့ပြင်မှာနေပြီး မနက်ဖြန်မှ ရောက်လာမှာ၊ မင်းဟာ ပိုင်ရှင်ရော အလုပ်ရှင်ရောဖြစ်နေလို့ ဒီမှာ ရှိဖို့ လိုတယ်။"

အဆိုပါအမျိုးသားအား ဒေါသထွက်နေသည့်ပုံပေါက်သည်ကိုမြင်တော့ ယာဉ်ထိန်းရဲက ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ခိုးယူထားတဲ့ကားက လူကို ဝင်တိုက်တယ်၊ မင်းမှာ တာဝန်မရှိဘူး၊ ခံရတဲ့ မိသားစုနဲ့ စကားပြောရုံပဲ၊ မဟုတ်ရင် သူတို့က မင်းကို ဖုန်းဆက်ဖို့ ပြောနေသေးတယ်။ မင်းက ဘာလို့အဲ့လိုလုပ်ရတာတုန်း"

စကားလုံးတွေ အပြီးဆုံးခင် အပြင်မှာ ဆူညံနေတော့ ရဲအရာရှိက လှမ်းပြောလိုက်သည်။

"လျူအဖွဲ့..... ကားတိုက်ခံရတဲ့ မိသားစုဝင်တွေ အဲ့မှာ ရှိနေသေးလား။ သူတို့ အပြင်မှာ ငိုနေတယ် ဟုတ်လား၊ အပြင်ထွက်ပြီး မင်း မြန်မြန်သွားကြည့် လိုက်ပါဦး"

ရဲအရာရှိက ရွှယ်ဇီရွမ်ကို တိုက်တွန်းလိုက်တယ်။

ယာဉ်ထိန်းရဲများ သဘောတူညီခြင်းမပြုမီတွင် ရွှယ်ဇီရွမ် သည် တံခါးကို တွန်းဖွင့်လိုက်ရာ ဇိမ်ခံဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသော်လည်း သူမ၏ဆံပင်များမှာ ကွဲသွားကာ အေးခဲနေသောနေရာတွင် ရပ်နေခဲ့သည်။

" Maybach ပိုင်ရှင်က ဘယ်သူလဲ။"

သူ့မျက်လုံးများသည် သွေးများဖြင့် တဖြည်းဖြည်း ရဲလာသည်။ ထိုအခိုက်အတန့်တွင်သာ သူသည် မတော်တဆမှု မဟုတ်ဘဲ လူကြောင့်ဖြစ်ရသည့် ကားမတော်တဆဖြစ်နိုင်ချေများကြောင်း သဘောပေါက်ခဲ့သည်။ ရှောင်ရီ ရဲ့ မိဘတွေကို သတ်ခဲ့တဲ့ တရားခံရဲ့ အမျိုးသမီးကို သူ မှတ်မိနေ တယ်။ သူတို့၏ အရင်ဘဝတွင်၊ သူတို့သည် ရွှယ်ရန် ဖျက်ဆီးပစ်တာကို ခံခဲ့ရပြီး ဤဘဝတွင် သူသည် ရှောင်ရီကိုယ်စား သူတို့ ကို လက်စားချေရန် ကြံစည်ထားသော်လည်း ဒါကို ပြေလည်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။

ကျိုးရင် က ဘယ်သူ့ကိုမှ မတိုက်မိခဲ့ဘူး။ ဒါပေမယ့် ရှောင်ရီရဲ့ ရန်သူကို တိုက်ပစ်ခဲ့တယ်။ ဒီလို တိုက်ဆိုင်မှုမျိုး ကမ္ဘာပေါ်မှာ ရှိနိုင်လို့လား။ ဖန်းတောင်ခြေက အဝေးပြေး လမ်းမကြီးတစ်လျှောက် အရှိန်ထိန်းဖို့ရန် PSPCAO ကွန်ပြူတာစနစ် ကို အသုံးပြုပြီးနောက် ရှောင်ရီက ပြုပြင်မွမ်းမံထားသော ပြိုင်ကား၏ပုံသဏ္ဍာန်ကို တွေးတောမနေနိုင်ဘဲ သူ့စိတ်ထဲတွင် မရေရာသော အမှန်တရားတစ်ခုကို ကောက်ချက်ချ နိုင်ခဲ့သည်။ ရဲအရာရှိ၏အဖြေက ကားမတော်တဆမှု၏ 80% မှ 90% သည် ရှောင်ရီ၏လက်ချက်ုဖြစ်ကြောင်း ပိုသေချာစေ ခဲ့သည်။

ရဲစခန်းကို ချက်ခြင်းသွားဖို့ စီစဉ်ထားပြီး အေးစက်တဲ့ ခုံတန်းလျားမှာ ရွှယ်ဇီရွမ် ထိုင်စောင့်နေတယ်။ ရှောင်ရီ ရဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သူ ဂရုစိုက် ဖြေရှင်းရမှာဖြစ်ပြီး မတော်တဆမှုမှာ ရှောင်ရီက စီစဉ်ထားသည်ဖြစ်စေ မတော်သည်ဖြစ်စေ၊ ဒီယာဉ်တိုက်မှုကို မတော်တဆမှုဖြစ်စေဖို့ သူ သေချာစီမံရမည်။

အပေါ်ဆုံးထပ်သို့ မောဟိုက်ကာ တက်နေသော လက်ထောက်သည် ရွှယ်ဇီရွမ် ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရပြီး ရှေ့သို့ တိုးလာဖို့ မဝံ့မရဲ ဖြစ်နေသည်။

"ဒီည ရှစ်နာရီမှာ အိမ်မှာ သူ့ကိုစောင့်နေမယ်။ ရွှယ်လွေ့ဆီကို ပြန်သွားပြီး ရွယ်မိသားစု ရဲ့ လုပ်ငန်းစုပြိုကွဲတာကို မြင်ချင်ရင် မလာနဲ့လို့ ပြောလိုက်.... "

ရွှယ်ဇီရွမ် က သူ့အိတ်ကပ်ထဲက Memory ကတ်ကို ထိလိုက်တာနဲ့ သူ့မျက်နှာက မုန်တိုင်းထန်တော့မည့် အသွင်ဖြင့် အေးစက်စက်၊ မှုန်ကုပ်ကုပ် အသွင်အပြင်ကို ဖော် ပြနေတယ်။

လက်ထောက်က မေးခွန်းတွေ ထပ်မမေးရဲတော့ဘဲ ခေါင်းညိတ်လိုက်တယ်။

ရွှယ်ဇီရွမ် သည် သူ့ဖုန်းကို ထပ်မံထုတ်လိုက်ပြီး ရွယ်လီဒန်နီနှင့် ရွယ်ကျင်းရီတို့ထံ စာတိုပေးပို့ခဲ့သည်။ သူသည် ရှောင်ရီ၏ဆန္ဒကို ဘယ်သောအခါမှ လွန်ဆန်မည်မဟုတ်ပေ၊ သူသည် ဓားတစ်လက်ကို သူ့ခေါင်းထက်တွင် ချိတ်ထားမယ်ဆိုရင်တောင် ဒီလမ်းကို ရှောင်တိမ်းမည်မဟုတ်ပေ။ သူက ရွယ်မိသားစုထဲက အားလုံးကို ဒီ Memory ကဒ်ထဲက ပါဝင်သည့်အကြောင်းရာကို မြင်စေချင်တာမို့ ကြည့်ရအောင် ခေါ်လိုက်သည်။။

ဤသို့တွေးကာ ရင်ဘတ်အတွင်းမှ ရုတ်တရတ် နာကျင်မှုကို ခံစားလိုက်ရပြီး ရွှယ်ဇီရွမ်က သူ့နှလုံးသားကို ဖိထားလိုက်သည်။

အနီရောင်စူပါပြိုင်ကားသည် ရွှယ်မိသားစု၏မွေးစားသား ပိုင်ဆိုင်တာ ဖြစ်ပြီး မစ္စစ်ဟူသည် မေးခွန်းများမေးရန် ပြင်းပြင်းထန်ထန် မျက်နှာထားဖြင့် ရောက်လာပြီး သူမစကားမပြောမီတွင် လူငယ်၏အနီရောင်နှင့် ရန်လိုသောမျက်လုံးများကြောင့် သူမ လန့်သွားသည်။

"သူတစ်ပါးကို မနှိပ်ခင်၊ မင်းခင်ပွန်းက အပြစ် မရှိဘူးလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရင် ပိုကောင်းမလား၊ အခု သူ ခံစားနေရတာတွေအတွက် လက်စားချေဖို့ အခွင့်အရေး မရှိဘူး"

သူသည် ကြောက်မက်ဖွယ် အသံဖြင့် ပြောခဲ့ပြီး မတ်တပ်ရပ်ကာ ဆေးလိပ်သောက်ရန် လှေကားထစ်သို့ လျှောက်သွားခဲ့သည်။

စီးကရက်မီးညှိနေစဉ် သူ့ လက်များ တုန်တုန်ယင်ယင် ဖြစ်ကာ သူ မရှိသည့် လှေကားထစ်များပေါ်တွင် ဖင်ချထိုင်ကာ သူက ဆယ်ကျော်သက်ကလေးအား ဖုန်းခေါ်ဆိုရန် ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းခေါ်ဆိုမှုက အဆုံးသတ်သွားချိန်မှာ သူက နောက်ထပ် ဖုန်းထပ်ခေါ်သည်။

ဖုန်းကျသွားသည့် မြည်သံက ထပ်ခါထပ်ခါ ပဲ့တင်ထပ်ကာ အကြောင်းပြချက်မရှိဘဲ ကြားရသူကို ထိတ်လန့်သွားကြသည်။ နောက်ပိုင်း ဆယ်ကျော်သက်လေးအတွက်သာ ယာဉ်တိုက်မှုကို ဖြေရှင်းရဦးမှာ မဟုတ်ရင် အရာရာတိုင်းကို ပစ်ချထားပြီး သူက ရှောင်ရီကို မတွေ့မချင်း လိုက်ရှာနေမိလိမ့်မည် ဖြစ်သည်။

သူ့အာရုံကြောတွေက ကန့်သတ်ချက်ကိုရောက်အောင် တင်းနေပြီး လဲပြိုကျသွားမတတ် ခံစားနေရသည်။

နှစ်နာရီအကြာတွင် ကျိုးရင် နှင့် ဟူတုန်းတို့ နှစ်ဦးစလုံး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်ခဲ့သော်လည်း သူ၏ဘယ်ခြေထောက်ကို ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ညာဘက်ခြေထောက်လည်း မကောင်းလို့ ထပ်ပြီး ဖြတ်တောက်ခဲ့ရာ ဟူတုန်းက အမြဲတမ်း မသန်စွမ်းဖြစ်သွားခဲ့ရသည်။

မစ္စစ်ဟူသည် ရှိုက်ကြီးတငင်ငိုကြွေးကာ ကျိုးရင် ကို ကျိန်ဆဲရင်း ရွှယ်ဇီရွမ်အား မုန်းတီးမှုဖြင့် ရံဖန်ရံခါ စိုက်ကြည့်နေသည်။ ဒဏ်ရာရနေသည့် ကျိုးရင်နှင့် ဟူတုန်းက မနက်ဖန်အထိ သတိမရနိုင်သေးတာ သိရလို့ ရွှယ်ဇီရွမ်က စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားကာ နှစ်သိမ့်စကားတစ်ခွန်းမှ မပြောဘဲ မစ္စဟူးနားက ဖြတ်သွားခဲ့သည်။

ရှောင်ရီ၏မိဘများသည် ဟူတုန်း၏ ကားဖြင့် မသေမချင်း ဖြတ်တိုက်ခံခဲ့ရပြီး သူလည်း ဒီလိုနေ့မျိုးကို အနှေးနှင့်အမြန်ဆိုသလို ကြုံရမည်ဆိုတာ သိထားသင့်သည်။ ဟူတုန်း ခံရသည့်အဖြစ်က အရင်ဘဝနှင့် နှိုင်းယှဉ်ပါက ကံကောင်းသည်ဟု ယူဆလို့ရသည်။ အရင်ဘဝက ရွှယ်ရန်က ကလဲ့စားချေပေးသဖြင့် ဟူတုန်းက ထာင်ကျကာ ထောင်ထဲမှာ အသတ်ခံလိုက်ရသည်။ ရွှယ်ရန် က ဟူတုန်းကို ထောင်ထဲမှာ အရှင်မထားခဲ့ပေ။

"အခိုးခံရတဲ့ကားကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကြည့်ချင်လို့...ရနိုင်မလား?"

ယာဉ်ထိန်းရဲကို တားရင်း ရွှယ်ဇီရွမ်က နွေးထွေးသော အသံဖြင့် မေးသည်။

"ကိစ္စမရှိပါဘူး၊ မင်းက ငါနဲ့အတူ ယာဉ်ထိန်းဌာန ဗျူရိုကို လိုက်ခဲ့ပါ။"

ယာဉ်ထိန်းရဲက ခေါင်းညိတ် သဘောတူသည်။

သူတို့သည် ယာဉ်ထိန်းရဲဌာနဗျူရိုသို့ရောက်ရှိလာပြီး စတိုးဆိုင်က ပေးအပ်ခဲ့သည့် စီစီတီဗွီမှတ်တမ်း ဗီဒီယိုနှင့် လမ်းဘေးရှိ အများပြည်သူများ ရိုက်ကူးပေးခဲ့သည့် ဗီဒီယိုကို ဆွဲထုတ်ခဲ့သည်။ ပုံက သိပ်မရှင်းပေမယ့် ဆယ်ကျော်သက်လေးရဲ့ လက်ရာမြောက်ပြီး ထူးကဲတဲ့ အသွင်အပြင်က ထင်ရှားလို့နေသည်။

ရှောင်ရီသည် သူနှင့် လိုက်ဖက်မှုမရှိသော ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း အနက်ရောင် ကျောပိုးအိတ်ကို ကိုင်ဆောင်ထားသည်။

လက်ထဲတွင် PSP ဂိမ်းတစ်လုံးကို ကိုင်ထားပြီး စင်ပေါ်မှ ပေါ့ပေါ့ပါးပါး လျှောက် ကြည့်ငယ ဓာတ်သတ္တုပါသည့် ရေသန့် ဘူးတစ်ဘူးကို ယူလိုက်သည်။ ပြီးတော့ လှည့်ကာ ငွေရှင်းရန် ကောင်တာဆီသို့ လျှောက်သွားသည်။ ပိုက်ဆံထုတ်တဲ့အခါ အပြင်ကို လှမ်းကြည့်လိုက်တော့ ရေသန့်ပုလင်းကို ချလိုက်ပြီး အမြန်ထွက်သွားတယ်။

စတိုးဆိုင်၏ ဗီဒီယိုကို ဤနေရာတွင်သာ မှတ်တမ်းတင်ခဲ့ပြီး ယာဉ်ထိန်းရဲများသည် အဝေးပြေးလမ်းမပေါ်တွင် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ထပ်ပြခဲ့သည်။

အနီရောင် စူပါပြိုင်ကားတစ်စီးက စက်သံကြမ်းကြမ်း ကျယ်ကျယ်လောင်လောင် မြည်ဟီးလျက် တဟုန်ထိုးမောင်းထွက်သွားခဲ့သည်။

ဆယ်ကျော်သက်သည် ဒေါသတကြီးခုန်ပေါက်ကာ အနီးနားရှိလူများက သတိပေးသည့်နောက် သူက ရဲထံဖုန်းဆက်ရန် လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။

အချက်အလက်အရ 110 ဆီကို ဖုန်းခေါ်ပြီးတိုင်ချက်ဖွင့်ထားကြောင့် အားလုံးမှန်သည်၊ ဆယ်ကျော်သက်လေး၏ ဖြစ်ရပ်က လက်ရှိ ယာဉ်တိုက်မှုနှင့် လုံးဝ မသက်ဆိုင်ပေ။

ဒါဆို သူ အခု ဘယ်ကိုရောက်နေတာလဲ။ ကားပျောက်ဆုံးသွားလို့ ဒေါသနှင့်အိမ်မပြန်ချင်သဖြင့် တနေရာရာမှာ ရှိနေတာလား။

"ဗီဒီယိုတွေက အများကြီးပဲ။"

ယာဉ်ထိန်းရဲက ဗွီဒီယိုကို ပိတ်လိုက်ပြီး ပြောခဲ့သည်။

"ဟွမ်ရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့ လုံလောက်ပါပြီ။ မင်း သူ့ကို အမြန်ဆုံး ရှာတွေ့နိုင်တာပဲ၊ သူနဲ့ စကားပြောလိုက်ပါ၊ ဒီကိစ္စအတွက် သူ တာဝန်မယူရပါဘူး၊ ကြောက်နေစရာမလိုဘူး။"

"ကောင်းပါပြီ။ ကျေးဇူးပဲ။"

ရွှယ်ဇီရွမ်က အရာရှိတွေကို နှုတ်ဆက်ပြီး သူ့ကားကို ပြန်လာချိန်မှာပဲ စိုးရိမ်တဲ့ အရိပ်အယောင်ကို ပြသခဲ့ပါတယ်။

တခြားသူတွေ မသိကြပေမယ့် CAO က ပြိုင်ကားရဲ့စက်ကို ထိန်းချုပ်ရာမှာ သုံးတဲ့ ရှောင်ရီရဲ့ လက်ထဲက psp ဂိမ်းစက်လေးထဲမှာ ပါတယ်ဆိုတာကို ရွှယ်ဇီရွမ် အတိအကျ သိလိုက်တယ်။ ကြမ်းတမ်းသော တောင်ခြေက အဝေးပြေး လမ်းမထက်တွင် တဟုန်ထိုးပြေးလွှားသွား လာနေစေရန် ရှောင်ရီက အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နေခဲ့သည်။ ဒါကြောင့် ပြိုင်ကားတစ်စီးမှ ကီလိုမီတာရာနှင့်ချီ ဝေးကွာနိုင်ပြီး သဘာဝကျကျပဲ ဟူတုန်းစီးနင်းလာသည့် ကားကို တည့်မတ်စွာ တိုက်မိသွားနိုင်ခဲ့သည်။

အခုမေးစရာရှိတာက ရဲတွေက မော်တော်ယဉ်ကို ဖြုတ်လိုက်ရင် အထဲက ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို ရှာတွေ့နိုင်မလား။ ဟူတုန်း နဲ့ ရှောင်ရီတို့ရဲ့ အရင်ရန်ငြိုးဟောင်းကို ရှာမတွေ့တော့ရင် သူ့ကို သံသယဖြစ်မိမှာလား။

ရွှယ်ဇီရွမ်သည် စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိရင်း တစ်ဖက်က ဆေးလိပ်ကို ပြင်းပြင်းရှူကာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို တွေးနေသည်။

ရှောင်ရီ ကို ထောင်ထဲ မလွှတ်လိုက်နိုင်ဘူး ၊ ဒါကြောင့် သူက ကောင်းကင်ကို ဓားနဲ့ထိုးဖို့ လိုပါစေ ရှောင်ရီ လွတ်မယ့် နည်းလမ်းရှာရတော့သည်။ ဘာပဲပေးဆပ်ရပါစေ ရှောင်ရီ့ လုပ်ရပ်မပေါ်စေဖို့ အားလုံး သူ လိုက်လံဖြေရှင်းပေးမည်။

စီးကရက်တစ်လိပ်သောက်ပြီးသွားတော့ သူက စီးကရက်ဘူးကို ပစ်ထုတ်လိုက်ပြီး ယာဉ်ထိန်းရဲဌာန ဗျူရိုကနေ အမြန်မောင်းထွက်လာခဲ့သည်။ အဆက်အသွယ်အားလုံးကို မုန်းတီးနေပေမယ့် ရှောင်ရီကိုရှာဖို့ ကမ္ဘာတဝှမ်းက သက်တော်စောင့်တွေကို ဖုန်းခေါ်ဖို့ ရွှယ်ဇီရွမ် မမေ့ခဲ့ပေ။

*********-*******

Extra 1_ Chapter (14-2)_ ဟွမ်ရီကို သေတာထက် ဆိုးသည့်ဘဝကို ရောက်အောင်လုပ်ပစ်မည်.....

ည ၈ နာရီအထိ နေခဲ့ပြီး ရွှယ်ဇီရွမ်က ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကိုသယ်ဆောင်ကာ ရွှယ်စံအိမ်တော်ကို ပြန်လာခဲ့ပြီးနောက် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ရွှယ်လွေ့၊ ရွှယ်လီဒန်နီ၊ ရွယ်ကျင်းရီကို တွေ့လိုက်ရသည်။

"ငါတို့ကို ဘာလုပ်ဖို့ရှာနေတာလဲ၊ မင်းက ကုမ္ပဏီတစ်ခုလုံးကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ အမြဲတမ်း သုံးနေလို့မရဘူး၊ ငါ့ရဲ့စိတ်ရှည်မှုဟာ အကန့်အသတ်နဲ့ ရှိတယ်။"

ရွယ်လွေ့၏ မျက်နှာသည် တင်းမာပြီး မတည်မငြိမ် ဖြစ်နေသည်။

"အစ်ကိုကြီး..ရှောင်ရီ ပျောက်ကွယ်သွားတယ်လို့ အိမ်ထိန်းဆီကကြားရတာ၊ သူ့ကိုတွေ့ပြီးပြီလား"

ရွှယ်ကျင်းရီ ၏ အဓိက ပူပန်မှုသည် သူမ၏ နှလုံးသားထဲတွင် ရှိနေဆဲဖြစ်သည်။

ရွှယ်လီဒန်နီသည် ပြေပြစ်သော အမူအရာဖြင့် ကော်ဖီကို သောက်နေလိုက်သော်လည်း အနည်းငယ် တုန်ရီနေသော လက်ချောင်းများက သူမ၏ အတွင်းစိတ် အခြေနေကို ဖောြ်ပနေပြီး အား လျော့ သွားစေသည် ။

ကျိုးရင်က တစ်ယောက်ယောက်ကို ဝင်တိုက်မိလို့ ရဲတွေက ထိုလမ်းကြောင်းကနေ လိုက်လာပြီး ရွှယ်မိသားစုက လူသတ်ရန်ကြံစည်မှုအတွက် သက်သေအထောက်အထားတွေ ရှာတွေ့မှာကို စိုးရိမ်တာကြောင့် ဒီည ထပ်အိပ်မပျော်တော့ဘူးလို့ သူမ ထင်ခဲ့ပေမဲ့ ရှောင်ရီက ရွှယ်အိမ်တော်ကို ပြန်မလာဖြစ်ဘူးဆိုတာ သူ မသိခဲ့ဘူး။ ဒါကြောင့် သူမက ဒီည ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကို ပြန်လာဖို့ အခွင့်အရေး ရှိခဲ့တယ်။

ရွှယ်ဇီရွမ် သည် စကားတစ်ခွန်းမှ မပြောဘဲ ကွန်ပျူတာကိုဖွင့်ကာ မန်မိုရီကဒ်ကို ထည့်လိုက်ပြီး ရွယ်လွေ့ကို ကြည့်ကာပြောခဲ့သည်။

"ဒါက ရှောင်ရီ ပို့လိုက်တဲ့ အရာပဲ၊ တစ်မိသားစုလုံး အတူတူကြည့်ဖို့ ပြောခဲ့တယ်"

သူ ဒီလိုပြောတဲ့အခါ သူ့နှလုံးသားက တစ်ဖန်ပြန်လည် တင်းမာလာပြီး ရွှယ်မိသားစုနဲ့ အဝေးဆုံးနေရာမှာထိုင်ပြီး ငြိမ်သက်စွာ ကြည့်နေခဲ့တယ်။

ဆယ်ကျော်သက်ကောင်လေးက တည်ငြိမ်စွာ စန္ဒယားတီးနေသည်၊ ကင်မရာနားကပ်လာပြီး လူတိုင်းကို နှုတ်ဆက်သံကို မကြားရတော့ဘဲ "ကျွန်တော် သွားစရာရှိတယ်" လို့ ပြောတော့ ရွှယ်ဇီရွမ် အသက်ရှုကြပ်သွားခဲ့တယ်။

အဲဒီမတိုင်ခင်အထိ၊ စန္ဒယားတီးတဲ့အသံ တိုးတိုး ကြားလိုက်ရပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တေးသွား တစ်ခုပေါ်လာခဲ့သည်။ ဒီတေးသွားက "Assassin in the Wind" ဆိုတဲ့ ဂန္တဝင်သူရဲကောင်း လုပ်ကြံသတ်ဖြတ်သူ မင်ဒဲလားအတွက် Sears က သီချင်းအဖြစ် ရေးစပ်ထားခဲ့တဲ့ တေးသွားဖြစ်တယ်။ သေဒဏ်ကျခံနေရပြီး လက်စားချေရန် အတွက် သူ့ဘေးမှာ ဝန်းရံနေသည့် ရန်သူများ၏ လည်ချောင်းများကို ထက်မြက်သည့် ဓားမြှောင်နှင့် တစ်ချက်စီ လှီးဖြတ်ခဲ့သည့်အကြောင်းကို ရေးစပ်ထားသည်။ ထိုတေးသွားက အမုန်းတရားများ၊ သရော်လှောင်ပြောင်မှုများနှင့် သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေသည့် တေးသွားဖြစ်ပြီး၊ ဆယ်ကျော်သက်လေးရဲ့ သွယ်လျသော အဖြူရောင်လက်ချောင်းထိပ်များဖြင့် တစ်ချက်ချင်း တီးခတ်နေခဲ့သည်၊ ထက်မြက်သည့် တေးသွားတွေက ရွှယ်ဇီရွမ် ၏ရင်ဘတ်ထဲသို့ ဓါးမြှောင်နှင့် ထိုးသွင်းနေသလို သူ့နှလုံးသားကို ကွဲအက်နေသော အသားစိုင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

သူ မှန်ကန်စွာ မှန်းဆလိုက်မိသည်၊ ဆယ်ကျော်သက် လူငယ်လေးသည် စိတ်ခံစားမှုဆိုင်ရာကို ဖော်ပြနေသည့် တေးဂီတကို မတီးခတ်နိုင်ရခြင်း အကြောင်းရင်းမှာ သူ့တွင် အရည်အချင်း မရှိသောကြောင့်မဟုတ်ဘဲ ထိုခံစားချက်တွေကို ခံစားမိစေဖို့ ရှောင်ရီက သူ့နှသားကို မဖွင့်ထားသောကြောင့်ဖြစ်သည်။

ရှောင်ရီက ခံစားချက်မရှိတာ မဟုတ်ပဲ မသက်ဆိုင်သော လူတွေအပေါ် မသက်ဆိုင်သော ခံစားချက်ကို ထည့်မထားချင်သောကြောင့်ဖြစ်သည်။

ဆယ်ကျော်သက်လေးသည် ဒီလက်စားချေခြင်း အကြောင်း ရေးစပ်သီကုံးထားသည့် တေးသီချင်းကို တီးခတ်သောအခါ၊ ပြင်းထန်သော သတ်ဖြတ်မှုနှင့် အေးစက်စက်ရွံရှာမှုတို့သည် နားထောင်သူ၏နှလုံးကို တုန်လှုပ်သွားစေလောက်အောင်ပင် ထူးချွန်ပြောင်မြောက်စွာ ဖော်ကျူးနိုင်ခဲ့သည်။ ရှောင်ရီသည် စိတ်ခံစားမှုလုံးဝမရှိတာ မဟုတ်ပဲ မသက်ဆိုင်သောလူများအတွက်သာ ဖြုန်းတီးခြင်းပဲဖြစ်သည်။

လူသတ်မှု၏အစ ဆိုသည့် ကားလုံးလေးတွေက ရွှယ်ဇီရွမ် ရဲ့ စိတ်ဝိဉာဉ်ကို ဖျက်ဆီးပစ်လိုက်ပြီး ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အချက်က သူ့ရင်ထဲက အသည်းနင့်အောင်ချစ်ရသည့် ဆယ်ကျော်သက်လေးဟာ ဘဝနှစ်ခုလုံးမှာ သူ့ကိုယ်သူ ဘယ်တော့မှ မချစ်ခဲ့ဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်။

သူ၏အရင်ဘဝတွင်ဖြစ်စေ ဒီဘဝတွင်ဖြစ်စေ သူတို့၏အစပြုခြင်းက လူသတ်ရန် ကြံစည်မှုတစ်ခုမှ အစပြုခဲ့ကာ အစကတည်းက သူတို့ဆုံတွေ့မှုက မှားယွင်းနေခဲ့တယ်ဆိုတာ ဆယ်ကျော်သက်ကောင်လေးက ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

ရှောင်ရီက ရွယ်ကျင်းရီကို ပထမဆုံးမြင်လိုက် ကတည်းက သူမ စိတ်ထဲ ဘာရှိသည်ကို သိခဲ့ပြီဖြစ်သည်။ ဒါဆိုရင် သူက ရှောင်ရီရဲ့စိတ်ထဲမှာ ဘယ်လိုအနေထားရှိနေမလဲ။ သူ့ကိုလည်း လူသတ်သမားလို မြင်ခဲ့သလား။

ရှောင်ရီ....က ရွှယ်ကျင်းရီကို ပထမဆုံးမြင်လိုက်ရတာက သူမဟာ အသုံးပြုရမယ့် ကိရိယာတစ်ခုဖြစ်တယ်။ ဒါမှမဟုတ် သူမက လူသတ်သမားမှန်း သိခဲ့ပြီးပြီ။

ဟုတ်တယ်၊ သူက ဘယ်သူ့ကိုမဆို ချစ်မိသွားလို့ရပေမယ့် လူသတ်သမားကို မချစ်နိုင်ဘူး၊ ဒီအချစ်က သူ့ကို ကြောက်ရွံ့စေလိမ့်တယ်၊ ဒါကြောင့် ရှောင်ရီက သူ့အချစ်ကို မလိုချင်တော့လောက်ဘူး။

ဆယ်ကျော်သက်ကောင်လေးက သူ့ကိုယ်သူ အသုံးပြုခဲ့ပြီး ဒါကို လုပ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ ကြောက်ရွံ့လာပြီး ပိုပြီး စိတ်ပျက်လက်ပျက်ဖြစ်လာလို့ အဝေးကို ထွက်ပြေးသွားခဲ့တာ ဖြစ်နိုင်တယ်။

သူ့ယခင်ဘဝကထက် ပိုနက်ရှိုင်းတဲ့ စိတ်ပျက်အားငယ်မှုက ရွှယ်ဇီရွမ်၏တကိုယ်လုံးကို ပျံ့နှံ့လာခဲ့ပြီး ဆယ်ကျော်သက်ကောင်လေးရဲ့ မကျေမနပ်ဖြစ်ပြီး ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေရတဲ့ ကောင်လေးရဲ့ ဘဝကို သူ ပိုနားလည်လာလေခဲ့တယ်။

သူ့ရဲ့ပြန်လည် မွေးဖွားခြင်းကြောင့် အရာအားလုံးကို ပြောင်းလဲစေနိုင်တယ်လို့ သူ ထင်ခဲ့ပေမယ့် အစကတည်းက သူတို့ရဲ့အဆုံးသတ်ကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့တယ်။

ရှောင်ရီရဲ့ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးကို သူ ဘယ်လို လျစ်လျူရှုနိုင်ခဲ့တာလဲ။

ရှောင်ရီရဲ့ ဉာဏ်ပညာဖြင့် ရွှီမိသားစု၏ ပူးပေါင်းကြံစည်မှုကိုပင် နားမလည်နိုင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါဆို သူ့ကိုလည်း ဘယ်လိုမြင်သွားခဲ့ပြီလဲ။

သူ့ကို အရမ်း မိုက်မဲတဲ့သူလို့ ထင်ခဲ့ပြီလား။ ဒါမှမဟုတ် သူက ကြောက်စရာကောင်းတဲ့သူလို့ ထင်နေပြီလား။

ရွှယ်ဇီရွမ် သည် စိတ်ပျက်အားငယ်စွာဖြင့် အမူယာပျက်ယွင်းနေသော သူ့မျက်နှာကို ဖြည်းညှင်းစွာ ဖုံးအုပ်ကာ စိတ်ထဲကနေ တိတ်တိတ်ဆိတ်ဆိတ် နာကျင်စွာ အော်ဟစ်လိုက်သည်။

ဒါပေမယ့် ဗီဒီယို ပြီးသွားတဲ့အခါ ကွန်ပြူတာက အသံတစ်သံထွက်ပေါ်လာ ပြီးပြီးချင်း အလိုအလျောက် ဖွင့်ဖို့ လည်ပတ်နေတုန်းပဲ၊ သူ့စိတ်ထဲမှာ အဆုံးမဲ့ အကြောက်တရားတွေကို ဖိနှိပ်ထားပြီး သေချာနားထောင်ခဲ့တယ်။ အဆုံးထိ နားထောင်ပြီး မန်မိုရီကဒ်ကို အမြန်ထုတ်ပြီး အိတ်ထဲကို ထည့်လိုက်ပြီး သူ့ဘေးကနေ

ကြောင်တောင်တောင်တောင်ဖြစ်နေသော လူသုံးယောက်ကို လှည့်ကြည့်လိုက်တယ်။

ရှောင်ရီကို သတ်ဖို့ စီစဉ်နေတာ သူ သိပေမယ့် ရှောင်ရီရဲ့ အိတ်ထဲမှာ မူးယစ်ဆေးတွေ ဝှက်ထား ပြီး ရဲကို သတင်းပေးကာ ဖမ်းခိုင်းရန် ကြံစည်ခဲ့သည်ကို ရွှယ်ဇီရွမ် မသိခဲ့ပေ။

ပြီးနောက် သူတို့က ရဲကို လှမ်းခေါ်ပြီး ဒီကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ဖို့ မီဒီယာကို ငွေပေး ဝယ်ကာ ရှောင်ရီ ဆေးစွဲနေသူဖြစ်နေကြောင်း သတင်းကိုဖြန့်ခိုင်းလိမ့်မည်။ ဒီနောက် နိုင်ငံတကာက ရှောင်ရီရဲ့ ပရိတ်သတ်တွေကြားမှာ ရှောင်ရီက မူးယစ်ဆေးစွဲသူအဖြစ် လုံးဝအပြစ်တင်ခံရလိမ့်မည်။ ရှောင်ရီ၏ နာမည်ပျက်သွားပြီးနောက် သူ၏ ပရိတ်သတ်များထံမှ ယုံကြည်ကိုးစားမှု ပျက်ပြားသွားခဲ့ပြီးနောက် ရှောင်ရီ ၏ကားထဲတွင် မူးယစ်ဆေးများ ဝှက်ထားကာ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးသွားသလို ကြံစည်လိမ့်မည်။

ရှောင်ရီက မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ရဲများက တွေးထားလိမ့်မည် ။

ဤကဲ့သို့သော အလွန်အဆိပ်ပြင်းသော အစီအစဉ်ကို ကြံစည်ခဲ့ပေမယ့် အသက် ၁၇ သို့မဟုတ် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ စီစဉ်ထားတာပဲဖြစ်လို့ သူမ ညွှန်ကြားခဲ့သည့် အသံဖိုင်ကို သူ ရယူနိုင်ခဲ့သည်။

ရွယ်ကျင်းရီသည် ယေဘူယျ သူမ ဖြစ်ချင်သည့် စိတ်ကူးကို တင်ပြရုံသာမက အသေးစိတ်တိုင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြီးပြည့်စုံအောင် သေချာစီစဉ်ထားခဲ့သည်။

သူမရဲ့ နှလုံးအခြေနေကို ထိခိုက်မှာကို မကြောက်ဘူးဆိုရင်တော့ ကားမတော်တဆမှု မတိုင်ခင် ရှောင်ရီကို မူးယစ်ဆေးတိုက်ကွှေးထားဖို့ ကျိုးရင်ကို သူမ စေခိုင်းဖို့ ရည်ရွယ်ထားခဲ့သည်။

နောက်တော့ စိတ်ပြောင်းပြီး ကျိုးရင်ကိုပါ မူးယစ်ဆေးတိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်သည်။ ဒါက နှစ်ထပ်ကွမ်းသေချာစေမည့် အစီစဉ်ဖြစ်သည်။ တကယ်လို့ ရှောင်ရီက ကားက တောင်စောင်းအောက်ကို ထိုးကျကာ မသေခဲ့လျှင် မူးယစ်ဆေးကြောင့် သေဆုံးစေရန် လုပ်ထားခဲ့သည်။

ထိုသို့ ညွှန်ကြားထားသည့် သူမရဲ့အသံကို ကြားလိုက်ရချိန်မှာ ရွှယ်ဇီရွမ်က ရှောင်ရီ ဘယ်လိုခံစားခဲ့ရမည်ကို မတွေးတတ်အောင်ပင် ဖြစ်မိသည်။

ရှောင်ရီ အရမ်းခြောက်ခြားသွားတာ အံ့သြစရာမဟုတ်သလို ကျိုးရင် ကို သနားညှာတာခြင်းမရှိ ခုလို ကြံစည်ခဲ့တာ အံ့သြစရာမရှိတော့ဘူး။

သူ ဒီဘဝမှာ ဘယ်တော့မှ သူ့ဆီကို ပြန်လာမှာ မဟုတ်ဘူး၊ သူ ကိုယ်တိုင် အပါအဝင် ရွယ်မိသားစုထဲက လူတိုင်းကို မုန်းတီးနေလောက်ပြီ။

ရှောင်ရီက အေးစက်နေသော ဓားမြှောင်ဖြင့် ရန်သူ၏ လည်ချောင်းများကို တစ်ချက်စီ လှီးဖြတ်ကာ လေထဲသို့ တိုးဝင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည့် လုပ်ကြံရေးသမားကဲ့သို့ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ရွှယ်ဇီရွမ်က ဒီလိုတွေးလိုက်မိချိန်မှာ သူ့မျက်လုံးတွေထဲကနေ ရုတ်တရက် မျက်ရည်နှစ်ကြောင်း စီးကျသွားတယ်၊ သူ အခု အရမ်း နာကျင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်၊ မကြုံစဖူး အကူအညီမဲ့သလို ဖြစ်နေပြီ။

သူ လုပ်နိုင်မယ်ဆိုရင် ဒီခမ်းနားထည်ဝါတဲ့အိမ်ကြီးကို ဖျက်ဆီးပစ်မယ်၊ ရှိနေတဲ့လူတိုင်းကို ဖျက်ဆီးပစ်မယ်၊ နောက်ဆုံးတော့ အရာအားလုံးကို ပြန်စဖို့ ပြောနိုင်စေဖို့အတွက် သူ့ကိုယ်သူ ဖျက်ဆီးပစ်ချင်ပေမယ့် အဲဒါက လှည့်စားမှု တစ်ခုသာဖြစ်တယ်။

ဒီအချိန် ဖုန်းဝင်လာလို့ ရွှယ်ဇီရွမ်က ဖုန်းကိုသာ ကောက်ကိုင်လိုက်ရသည်။

ရွှယ်လွေ့က သတိပြန်ဝင်လာချိန်မှာ မန်မိုရီကတ်ကို ဖမ်းဖို့ကြိုးစားတဲ့အခါ အရမ်းနောက်ကျနေပြီ၊ ကဒ်ကို သားဖြစ်သူက မီးခံ သေတ္တာထဲမှာ သော့ခတ်ထားပြီးပြီဖြစ်သည်။

ရွှယ်လွေ့က လျှို့ဝှက် ကုဒ်ကို အမြန်ခုန်လိုက်ပြီး နှိပ်လိုက်ပေမယ့် ရွှယ်စံအိမ်မှာ သူရောက် ရှိတာကို မေ့သွားခဲ့တယ်။ ဒီအိမ်က သူ့ ိအိမ်၊ သူ့ကမ္ဘာမဟုတ်တော့တာ ကြာပြီဖြစ်သည်။ ဒီအိမ်ထဲက အစေခံတွေ၊ အဆောက်အဦတွေ အားလုံးကို ပြန်လည်ပြင်ဆင်ထားခဲ့ပြီး၊ အတွင်းထဲက အကျည်းတန်တဲ့ သူတို့ရဲ့လူသတ်ရန် ကြံစည်ထားတဲ့ သက်သေ အထောက်အထားတွေကို ထုတ်ယူဖို့ နည်းလမ်း မရှိတော့ဘူး။

"ကဒ်ကို ပေးစမ်း!"

သူ က နောက်ကို လှည့်ကြည့်လိုက်ကာ ဟိန်းဟောက်လိုက်သည်။ ဒါပေမယ့် သူ့သားရဲ့ ဖုန်းစခရင်မှာ ဖုန်းနံပါတ်ကို မြင်လိုက်ရပြီး အရူးတစ်ယောက်လို အော်လိုက်သည်။

"မင်း ရဲခေါ်ချင်တာလား"

"ထွက်သွားကြ!"

ရွှယ်ဇီရွမ်သည် မုန်းတီးမှုများ ပြည့်နှက်နေသော သွေးနီရောင် မျက်လုံးများဖြင့် သူ့ကို တွန်းထုတ် လိုက်သည်။ သူတို့သည် သူ၏နောက်ဆုံးအသက်ကို ဖျက်ဆီးခဲ့ပြီး သူ၏လက်ရှိဘဝကို ဖျက်ဆီးခဲ့ကြသည်၊

ဒါကို သူ ဘယ်အချိန်မှာ အဆုံးသတ်ပစ်လိုက်ရမလဲ.....

လုပ်နိုင်မယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးကို ထုတ်ယူပြီး ရွှယ် မိသားစုဆီ ပြန်ပေးပြီး သူ့ ဆယ်ကျော်သက်ကောင်လေး ပြန်လာစေဖို့ အလဲလှယ်လုပ်လိုက်ချင်တော့သည်။

"ဇီရွမ်...မင်း.... မင်းရဲကိုမခေါ်ဖို့ မင်းကို ငါ တောင်းပန်ပါတယ်၊ မင်း ရဲကိုခေါ်ရင် ငါတို့တစ်မိသားစုလုံး ပျက်စီးသွားလိမ့်မယ်၊ ငါနောက်ပိုင်းမှာ စင်ပေါ်မှာ ဖျော်ဖြေဖို့ကျန်သေးတယ်၊ မင်းညီမက ကျောင်းတက်နေရတုန်းပဲ၊ သူမက Curtis Institute က လက်ခံစာတစ်စောင်ရခဲ့တယ်။ သူမရဲ့ အနာဂါတ်က ဂီတစင်မြင်ထက်မှာ အောင်မြင်နိုင်မယ့် ကြီးကျယ်တဲ့ အနာဂတ်တစ်ခု ရှိပါသေးတယ်။ ဇီရွမ်.... မေမေ တောင်းပန်ပါတယ်!"

ရွယ်လီဒန်နီလည်း အသိပြန်ဝင်လာပြီး သားဖြစ်သူ၏ေ ခြေရင်းသို့ ခုန်ဝင်ကာ ဒူးထောက်ပြီး ဆွဲလွဲတောင်းပန်လိုက်သည်။

ဟွမ်ရီက ဒီလို ဆိုးရွားတဲ့ သက်သေအထောက်အထား အပြည့်အစုံကို စုဆောင်းနိုင်ဖို့ အိမ်ထဲမှာလျှို့ဝှက် အသံဖမ်းစက်ကို တပ်ဆင်ခဲ့တာကို သူမ တကယ်ကို အံ့အားသင့်သွားခဲ့မိတယ်။

သူ့မွေးစားသားက ဒီစွမ်းရည်ကို ဘယ်လိုရနိုင်မှာလဲ၊ သားဖြစ်သူ၏ တုံ့ပြန်မှုကို မမြင်ရေတော့ ရွယ်လီဒန်နီက ဖျတ်ဖျတ်လူးနေတော့သည်။

ဆယ်ကျော်သက်ကောင်လေးကို လျစ်လျူရှုခဲ့မိလို့ ဒီကောင်လေးက စက်ပြင်အတတ်အပြင် အခြား အံ့သြဖွယ်အရည်ချင်း ဘယ်လောက်ရှိတယ်ဆိုတာ သူမ လုံးဝ မသိခဲ့တော့ပေ။

သူမတို့ ဖုန်းခေါ်ဆိုမှုများကို နားဆင်ရန် သူမတို့၏ဖုန်းများတွင် ဆော့ဖ်ဝဲလ်လေးတစ်ခု ထည့်သွင်းထားရန်သာ လိုအပ်ပြီး အချိန်မရွေး ဖုန်းတွေထဲက အပြန်လှန်ပြောဆိုမှုတိုင်းကို အလိုလျောက် အသံဖမ်းထားသည့် စနစ်ပါရှိသဖြင့် ကာယကံရှင်ကိုယ်တိုင် မသိနိုင်ပေ။

ဒီဆော့ဖ်ဝဲငယ်လေးသည် လူသတ်ရန် ကြံစည်သည့် သူတို့၏ ပူးပေါင်းကြံစည်မှုများကို မှတ်တမ်းတင် ထားနိုင်ရုံသာမက ညဘက် ဟောက်သံတောင် မလွတ်သွားခဲ့ပေ၊ ဆိုလိုသည်မှာ ဖုန်းကို ပိတ်ထားပေမယ့်လည်း အသံဖမ်းယူခြင်းက ပုံမှန်အတိုင်း လုပ်ဆောင်နိုင်သေးတယ်ဆိုတာကိုပြသနေတာပဲ။

အသံအချို့သည် အန်ကယ်ဖူနှင့် သူမ၏ ကိုယ်ပိုင်ဖုန်းဖြင့် ခေါ်ဆိုမှုအသံဖြစ်သည်ကို ရွှယ်ကျင်းရီ က တွေ့ရှိခဲ့ပြီး ဖုန်းကာဗာကို ချက်ချင်းဖွင့်လိုက်သော်လည်း ဖုန်းထဲမှာ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ ဖခင်ဖြစ်သူက ရွှယ်ဇီရွမ်၏ အစေခံများက မြေပြင်ပေါ် လဲကျသည်အထိ ဝိုင်းဝန်း ကန်ကျောက်ခံလိုက်ရပြီး မထနိုင်တော့ဘဲ မိခင်ဖြစ်သူက ဒူးထောက်ကာ တောင်းပန်နေသည်ကို တွေ့လိုက်ရသည်။

အစ်ကိုဖြစ်သူက နံပါတ် 110 ကို မှန်ကန်စွာ ခေါ်ဆိုနေတာကို တွေ့လိုက်ရတဲ့အတွက် အော်ဟစ်ပြီး အပြေးအလွှား ခုန်ထကာ တောင်းပန်ခဲ့သည်။

"အစ်ကို၊ရှောင်ရီ...ဒုက္ခရောက်နေတာ မဟုတ်သေးဘူး ၊ သူက ထွက်သွားပြီ၊ ကျွန်မတို့ သူ့ကို ဘယ်တော့မှ ထပ်ပြီး နာကျင်အောင် မလုပ်တော့ပါဘူး ၊ ငါတို့ကို နှမြောစရာပဲ၊ ကျွန်မတို့က မိသားစုတွေပါပဲ။ အစ်ကိုနဲ့ ညီမက ငယ်ငယ်တုန်းက ဘယ်လောက်ရင်းနှီးခဲ့တယ်ဆိုတာ မေ့သွားပြီလား။ အကိုကြီးက ကျွန်မကို ဂရုစိုက်မယ်လို့ ပြောခဲ့တယ်လေ။ ကျွန်မ တစ်သက်လုံး......"

သူမစကားမဆုံးခင် ရွှယ်ဇီရွမ်က သူမ ၏လည်ချောင်းကို လက်နှင့် ညစ်ထားလိုက်သည်။

"ရှောင်ရီမှာ မတော်တဆမှုတစ်ခုမှ အဖြစ်ခဲ့ဘူး၊ ဒါကြောင့် သူ့ဒဏ်ရာအတွက် သူ့ကို ခွင့်လွှတ်ပေးနိုင်မလား?"

ရွယ်လီဒန်နီက ဖုန်းကို လုကာ ချလိုက်ပြီး ရွှယ်ဇီရွမ်က ဖုန်းကို ကောက်ကိုင်ဖို့ ငုံ့ကြည့်တော့မှာဘဲ ရွယ်ကျင်းရီက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

မုန်းတီးမှုက တဟုန်ထိုးတက်လာပြီး သူ့ဘဝနှစ်ခုလုံးကို ပျက်စီးစေခဲ့သော ဒီအမျိုးသမီးကို သတ်ပစ်ကာ ငရဲသို့ ပို့လိုက်ချင်စိတ်တွေ ပေါ်လာခဲ့သည်။

ဒီကောင်မလေးရဲ့ပင်ကိုယ်စိတ်ရင်းက ပြောင်းလဲရခက်တယ်ဆိုတာ သူ ကြိုသိခဲ့ရင်၊ ပထမဆုံး ပြန်လည်မွေးဖွားလာကတည်းက သူမကို သတ်ပစ်ခဲ့သင့်တယ်ဟု တွေးလိုက်မိသည်။

ရွယ်ကျင်းရီ၏မျက်နှာကိုက အသက်ရှုရကျပ်လာခဲ့ပြီး သူမ လည်ပင်းကို တင်းနေအောင်ဆုပ်ထားသည့် လက်ချောင်းများကြောင့် သူမ၏မျက်နှာက ပြာနှမ်းလာခဲ့သည်။

ရွယ်လီဒန်နီသည် ရွှယ်ဇီရွမ်၏ ဖုန်းကို အဝေးသို့ ကန်ထုတ်လိုက်ပြီး သူ့သား၏ လက်မောင်းကို ဆွဲရန် ပြန်လှည့်လာသည်။ ရွှယ်လွေ့က တုန်တုန်ယင်ယင်နှင့် ကယ်တင်ရန် မသွားဘ သူ့ကို ဝိုင်းချုပ်ထားသည့် အစေခံလေးယောက်နှင့် ပြန်လည် လုံးထွေးသတ်ပုတ်ကာ သူတို့ဘေးက စားပွဲများပေါ်မှ ခွက်များနှင့် ပန်းကန်ပြားများကို မှောက်ကျ စေသဖြင့် အိမ်ထိန်းသည် ကြောက်လန့်တကြားဖြင့် အနားကို မချဉ်းကပ်ရဲတော့ပေ။

"ခွင့်မလွှတ်ဘူး၊ သူတို့ထဲက တစ်ယောက်မှ ငါ အလွတ်မပေးဘူး။"

ရွှယ်ဇီရွမ်က သားရဲကဲ့သို့ အော်ဟစ်လိုက်ပြီး ရွယ်ကျင်းရီ၏လည်ပင်းကို ရုတ်တရက် မဆွဲမီ တစ်စက္ကန့်မျှ လွှတ်လိုက်သည်။ သူ့လက်က အရင်ဘဝကဲ့သို့ ကြောက်စရာကောင်းသော အမာရွတ်များ မရှိပေမယ့် သူ့နှလုံးသားထဲမှာ သူ့စိတ်ဝိညာဉ်တွင် ရေးထွင်းထားသည့် နာကျင်မှု၊ အလွမ်း၊ ကောင်လေးအပေါ် လုပ်ခဲ့မိသည့် အဖြစ်ပျက်တွေကြောင့် ရသည့် နောင်တ စတာတွေက နက်ရှိုင်းစွာ ထင်ကျန်နေဆဲဖြစ်သည်။

ရွယ်ကျင်းရီကို သတ်လိုက်လျှင် ထိုအပြစ်သား၏သွေးများက သူ့ကို ကျက်သရေယုတ်စေလိမ့်မည်။ သူက ဒီဘဝတွင် ရှောင်ရီအတွက် သူ့ကိုယ်သူ ပိုမိုကောင်းမွန်သော လူတစ်ယောက်ဖြစ်အောင် လုပ်လိုသည်ဟု တစ်ချိန်က ပြောခဲ့ဖူးပြီး သူ့စကားအတိုင်း အတည်လို့မဖြစ်ပေ။

ချက်ခြင်းပင် ရွှယ်ကျင်းရီကို သတ်ချင်သည့် သူ့စိတ်တွေ ပြောင်းသွားခဲ့ပြီး ရွှယ်ကျင်းရီနှင့် ရွှယ်လီဒန်နီတို့ကို တွန်းပစ်ကာ ဖုန်းကို ကုန်းကောက်လိုက်စဉ် ရွှယ်လွေ့က လက်ထဲမှာ သေနတ်ကို ကိုင်ပြီး သူ့ကိုချိန်ကာ ပြောလိုက်သည်။

"ကဒ်ကို ေ ပးစမ်း!"

ရွယ်လွေ့ က ပြင်းထန်သော အသံဖြင့် အော်ဟစ် လိုက်သည်။ ဧည့်ခန်းရှိ ကော်ဖီစားပွဲအောက်တွင် ပစ္စတိုသေနတ်တစ်လက်ကို ဝှက်ထားခဲ့သည်ကို သူ သတိရ သင့်သည်။

ရွှယ်ဇီရွမ်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာထလိုက်ပြီး ရွယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့ နှစ်ယောက် ခပ်ဝေးဝေးတစ်နေရာသို့ ဆုတ်သွားကာ ဘာမှ မပြောဘဲ တိတ်တဆိတ် ကြည့်နေလေသည်။ ထောင်ထဲကို မသွားချင်ကြတဲ့အတွက် ဒီကဒ်ကို လိုအပ်နေသည်။ သူတို့ ဒီကဒ်ကို ရအောင်ယူရမယ်။

" ရှောင်ရီဆီမှာ ဒီကဒ်တစ်ကဒ်ပဲ ရှိတယ်လို့ အဖေ ထင်နေလား။ ရှောင်ရီက ဒီကဒ်တစ်ခုတည်းထားပြီး ကျွန်တော့် လက်ထဲကို ထည့်မယ်လို့ တကယ်ထင်နေတာလား။ အဖေက တကယ်ကို ဉာဏ်မရှိတာပဲ။ "

ရွှယ်ဇီရွမ် သည် ခပ်တိုးတိုး ရယ်မောကာ ဆက်ပြောနေခဲ့သည်။

ရွယ်လွေ့ရဲ့အမူအရာက ပြင်းထန်လာခဲ့တယ်၊

ဟွမ်ရီလက်ထဲမှာ ဒီကဒ်ထက် ပိုတဲ့အချက်လက်တွေ ရှိနေတယ်ဆိုတာ သူ သိတယ်၊ ပြင်းထန်တဲ့ သက်သေအထောက်အထားတွေ အများကြီး စုဆောင်းထားပေမယ့် ရဲကို သတင်းမပို့ဘဲ ပျောက်ကွယ်သွားကာ အရိပ်ထဲကနေ သူတို့ကို ဟွမ်ရီက ကစားနေချင်သည်။ သူက ငွေညစ်ချင်တဲ့ သဘောသက်သက် မဟုတ်ဘူးလား။ သူက ရွယ်မိသားစုဆီ ကဒ်ကို ပို့လိုက်တာက သူတို့ကို သတိပေးလိုက်တာ မဟုတ်ဘူးလား? နာရီအနည်းငယ်အကြာတွင် ဟွမ်ရီသည် ငွေအမြောက်အမြား တောင်းဆိုရန် ဖုန်းပြန်ခေါ်မည်ဟု ရွယ်လွေ့ သေချာသိနေသည်။

ထိုအချိန်တွင် သူနှင့်အတူ ကြံ့ကြံ့ခံနိုင်ကာ သူတို့ကို ခြိမ်းခြောက်နေသည့် ထိုအရာကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သည်။ မူလက သူတို့က ဟွမ်းရီကို သက်တောင့်သက်သာ သေစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ပေမယ့် အခုတော့ ဟွမ်းရီကို တွေ့အောင် ရှာဖွေကာ သေသည်ထက် ပိုဆိုးသည့် ဘဝဖြင့် နေရစေရန် လုပ်ရမည်။

သူ အဲ့လို လုပ်မယ်ဆိုရင် ဟွမ်ရီက ဘာတတ်နိုင်မှာလဲ။ သူ့ကို ဘာပြန်လုပ်နိုင်မှာတဲ့လဲ။

ဒီကမ္ဘာကြီးမှာ ဘယ်လိုလူတွေပဲ ရှင်သန်နေနိုင်တယ်ဆိုတာကို ကောင်းကောင်းမသိတဲ့ သူတွေလည်း အများကြီးရှိနေသေးတာပဲဟု ရွယ်လွေ့က တွေးလိုက်သည်။

********-***********

***********-*************

Extra 1_ Chapter (14-3)_ ဟွမ်ရီ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ.....

ဒါပေမယ့် အခုအချိန်မှာ အကြီးဆုံးပြဿနာက ဟွမ်ရီကို ကာကွယ်ပေးချင်သည့် စိတ်တစ်ခုတည်းရှိတဲ့သားကို ဘယ်လို တားရမလဲဆိုတာ ဖြစ်သည်။

ရွယ်လွေ့က သားဖြစ်သူရဲ့ နဖူးကို သေနတ်ဖြင့်ထောက်ကာ ပြောလိုက်သည်။

"ဖုန်းချလိုက်ပြီး ကဒ်ကို ပေးပါ" လို့ ပြင်းပြင်းထန်ထန် ပြောလိုက်တယ်။

ရွှယ်ဇီရွမ် က နားထောင်ပေမယ့် မကြားသလိုပင် ဖုန်းက နှိပ်ပြီး စကားပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ချိန် ရွယ်လွေ့က ဒေါသတကြီးနဲ့ ခလုတ်ကို ဆွဲလိုက်ပါတော့တယ်။

ရွယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့က အော်ဟစ်ပြီးနောက် ရွယ်လွေ့ကိုင်ထားသည့် သေနတ်တွင် ကျည်ဆံမရှိမှန်း သိလိုက်ရသည်။ ရွယ်လွေ့က ခလုတ်နှိပ်လိုက်မိပြီးမှ သူ့ခြေထောက်တွေ ယိုင်နဲ့ကာ ကြမ်းပြင်ပေါ် ထိုင်လျက်လဲကျသွားခဲ့သည်။

တကယ်လို့ သေနတ်ထဲ ကျည်ဆန်တစ်တောင့်သာ ရှိခဲ့ရင် သူလည်း လူသတ်သမားဖြစ်နေပြိ။ သူ့သားအရင်းကို သူ့လက်နှင့် ကိုယ်တိုင်သတ်မိလိမ့်မည်။

ရွှယ်ဇီရွမ် သည် သေနတ်ထဲတွင် ကျည်ဆံမရှိ မှန်းသိသည်၊ ရှောင်ရီက အရမ်းစပ်စုတတ်သည်။ ခါတိုင်းဆိုရင် ရှောင်ရီကို သူက ဒီလို အန္တရာယ်များသော အရာများကို ထိရန် ခွင့်မပြုသော်လည်း သူ့အဖေက သေတန်မောင်း ခလုတ်ကို အမှန်တကယ် ဆွဲကာ ပစ်ခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။

အရင်ဘဝတုန်းက သူ့အဖေက ဟွမ်ရီကိုူ ုလုပ်ကြံဖို့ ကြိုးစားခဲ့သည့် ရွှယ်ကျင်းရီကို သတိပေးခဲ့ပြီး နောက်ပိုင်းမှာ သူ့အမေက သူမကို အပြစ်ပေးဖို့ အဝေးကို ခေါ်ဆောင်သွားခဲ့သည်။

ရွယ်လွေ့က တကိုယ်ကောင်းဆန်သည့် လူတစ်ယောက်ဖြစ်သည်။ သူ့ကို ထိခိုက်လာမည်ဆိုရင် သား၊သမီးဖြစ်ပါစေ... သူက ရှင်းပစ်မည်ဆိုတာ ထင်ရှားပါသည်။

ဒါကိုကြည့်ရင် သူတို့ ရွှယ်မိသားစုက လူကောင်းတစ်ယောက်မှ မရှိတာထင်ရှားသည်။ ဒါကြောင့် သူက ဒီမိသားစုကို ဖျက်ဆီးပစ်တာ ပိုကောင်းလိမ့်မည်။ သူ့ဆီက ကောင်းတဲ့အရာမှန်သမျှကိုလည်း ဒီရွှယ်မိသားစုက တဖြည်းဖြည်းဖျက်ဆီးနေခဲ့သည် မဟုတ်လား။

ရွှယ်ဇီရွမ် သည် မျက်လုံးများနီရဲကာ ဖုန်း၏တစ်ဖက်မှ စိုးရိမ်သောအသံကိုကြားလိုက်ကာ ဖြည်းညှင်းစွာပြောသည်။

"ဟယ်လို၊ ကျွန်တော့် အဖေ၊ အမေ၊နဲ့ ညီမက ကျွန်တော့်ည ီလေးကို သတ်ဖို့ ကြံစည်နေတဲ့အကြောင်း တိုင်ချက်ဖွင့်ချထင်ပါတယ်။ အခု ကျွန်တော့် ညီပျောက်နေလို့ ရဲ ခေါ်ချင်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကိုရှာပေးပါ"

သူ့လိပ်စာကို ပေးခဲ့ပြီး တစ်ဖက်ကလည်း ရဲတွေကို မကြာခင် ပို့ပေးမယ်လို့ ပြောခဲ့တယ်။

"မင်း ဘာတွေပြောနေတာလဲ။ ဟွမ်ရီက သွားပြီ၊ သူက နေကောင်းပါတယ်၊ ငါတို့ သူ့ကို လုံးဝမသတ်ခဲ့ဘူး!"

ရွယ်လွေ့က သူ့ကို လှမ်းကိုင်လိုက်ပြီး ဖုန်းကို လှမ်းဆွဲလိုက်သည်။

ရွှယ်ဇီရွမ်က သူ့ကို ဖယ်ထုတ်လိုက်ပြီး ရွယ်လွေ့ နဲ့ သူ့လူတွေကို စောင့်ကြည့်ဖို့ တစ်နှစ်ပတ်လုံး သူ ဌားရမ်းခဲ့တဲ့ လုံခြုံရေးကုမ္ပဏီကို ဖုန်းဆက်ပြီး မေးမြန်းခဲ့တယ်။

အံ့အားသင့်နေသောရွယ်လီဒန်နီနှင့် ရွယ်ကျင်းရီ တို့ကို လျင်မြန်စွာရောက်ရှိလာသော သက်တော်စောင့်များက ဒုတိယထပ် ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရွယ်လွေ့ကို ဧည့်ခန်းထဲတွင် အခြားသက်တော်စောင့်တစ်ဦးနှင့်အတူ သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ကာ ထိုင်နေခဲ့သည်။

ရွှယ်ဇီရွမ် သည် ရဲကိုမပေးလိုသော နှုတ်ဆက်စကားပြောနေသည့် ရှောင်ရီ၏ဗီဒီယိုကို ဖြတ်တောက်ကာ အခြားနေရာတွင် ကူးယူထားရန် အိတ်ထဲမှ Memory ကတ်ကို ထုတ်လိုက်သည်။

အချိန်အတော်ကြာအောင် မန်မိုရီကဒ်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုးအသံနဲ့ပြောလိုက်သည်။

"ရှောင်ရီက ဒီသက်သေအထောက်ထားတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညစ်တဲ့စာပို့မယ်လို့ အဖေ ထင်နေခဲ့တာလား။ အဖေ မှားနေပြီ၊ သူ

ဒီအိမ်ကို လာတုန်းက အဝတ်အစားကလွဲရင် အခြား တန်ဖိုးကြီးတာ ဘာမှ ယူမသွားခဲ့ဘူး။ ကျွန်တော်တို့အိမ်က ဆင်ပေးလိုက်တဲ့ အဝတ်စားတွေမှာ မကောင်းမှု စွန်းထင်းနေလို့ သူက ဝတ်တောင် မသွားခဲ့ဘူး။ "

ရွယ်လွေ့က စိုးရိမ်ပြီး ချွေးတွေထွက်ကာ သူ့သားကို တစာစာတောင်းပန်နေခဲ့သည်။

"ဟုတ်တယ်၊ ငါတို့မှားတယ်၊ ငါတို့ သူ့ကို မထိခိုက်စေသင့်ဘူး။ သား၊ ဖေဖေ၊ မင်းကို အများကြီး ပြုစုပျိုးထောင်ပေးတာကို ထောက်ထားပြီး မင်း ငါတို့ကို လွှတ်ထားပေးပါလား။ ဟွမ်ရီ ပြန်လာတဲ့အခါ၊ မင်းကြိုက်ရင် လုပ်လို့ရတယ်။ သူနဲ့ ထွက်သွားလို့ရတယ်၊ မင်းကြိုက်ရင် သူနဲ့ လက်ထပ်လည်း ငါတို့ ဂရုမစိုက်ဘူး။ ရဲတွေ မလာခင် မင်း ကဒ်ထဲကဟာတွေကို ဖျက်ပြီး ငါတို့အားလုံး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရအောင်ပါ။ ဘာလို့ ဒီအရှုပ်ထဲ အားလုံးကို ဆွဲသွင်းရတာလဲ။ ဇီရွမ်...... ဖေဖေ မင်းကို တောင်းပန်ပါတယ်!"

"ကျွန်တော် အဖေ့ကို ရှောင်ရီကို ဘယ်သူက လွှတ်မှာလဲ။"

ရွှယ်ဇီရွမ် က ရုတ်တရက်ထရပ်ပြီး ပြောလိုက်သည်။

"အဖေ့ရဲ့အကြံအစည်ကို သူသာ ကြိုတင် သတိမထားမိရင် အဖေ ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ၊ သူ့ပေါ် ပိုပြီးမကောင်းကြံဦးမှာ မဟုတ်လား။ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျအောင်လုပ်ဦးမယ် မဟုတ်လား။ သူသေသွားရင် သူ့နှလုံးကို တူးထုတ်ဦးမယ် မဟုတ်လား။ သူ့ကို ခုလို ထွက်သွားအောင် ဘယ်သူလုပ်ခဲ့တာလဲ။ သူ့ကို တစ်ယောက်တည်း ဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ။ "

ရွှယ်ဇီရွမ်သည် မျက်ရည်များနှင့်အော် ပြောရင်း သူ့နှလုံးသားက နာကျင်လွန်းလို့ သူ ပြိုလဲကျမလိုဖြစ်နေရသည်။

ရွယ်လွေ့ သည် သူ့အော်သံကြောင့် အေးခဲသွားပြီး သူ့ကိုယ်ရံတော်၏ လက်က ကိုင်ထားတဲ့ သေနတ်ပင်လျှင် တုန်ခါသွားသည်။ သူ့အလုပ်ရှင်က ဒီလိုဒေါသအမျက်ထွက်တာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ၊ နောက်တစက္ကန့်မှာ သူ့အလုပ်ရှင် ရူးသွားလိမ့်မယ်လို့တောင်ထင်ရသည်။

ဒါပေမယ့် ရွှယ်ဇီရွမ် ဟာ နောက်ဆုံး မရူးပါဘူး၊ သူ ချစ်ရတဲ့ ဆယ်ကျော်သက်ကောင်လေးကို ပြန်ရအောင် လုပ်ရမယ်၊ ယာဉ်မတော်တဆဖြစ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ကို ရှင်းထုတ်ရမယ်၊ ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်ရဦးမယ်။

ရွှယ်ဇီရွမ်သည် အပျက်အစီးများပြန့်ကျဲနေသည့် ကြမ်းပြင်ပေါ်မှ ဆိုဖာပေါ် ထိုင်ကာ သူ့နာရီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

တစ်နာရီကျော်လောက် စောင့်ပြီးမှ ရဲကားက ရွှွယ်နေအိမ်အဝင်ဝကို မောင်းလာခဲ့တယ်။ ရွှယ်ဇီရွမ်သည် ဗီဒီယိုဖြတ်တောက်ထားသည့် မန်မိုရီကဒ်ပြားကို အမှုတာဝန်ခံ ရဲအရာရှိထံ ပေးအပ်ခဲ့ပြီး ဒီအတွက် ရွှယ်မိသားစုသုံးယောက်ကို လူသတ်ရန် ကြံစည်မှုဖြင့် အမှုဖွင့်လိုက်သည်။

ဒီနည်းဖြင့်၊ ဒီအချက်လက်တွေက ရှောင်ရီ စုဆောင်းထားသော အထောက်အထားဖြစ်ကြောင်းကို ရဲ အရာရှိတွေ မသိဘဲ၊ ရှောင်ရီက ဒီဖြစ်ရပ်ကို ရှောင်ရီသိသွားလို့ ကြောက်လန့်တကြားဖြင့် အိမ်ကနေ ထွက်ပြေးသွားသည်ဟုသာ ထင်ကြလိမ့်မည်။ ဤနည်းဖြင့် သူသည် အမှုအခင်းမှ လုံးဝ ကင်းရှင်းသွားနိုင်သည်။

ရဲများသည် ဖမ်းယူထားသော စကားသံတွေရဲ့ မူရင်း ဇစ်မြစ် နှင့် ပတ်သက်၍ သံသယရှိခဲ့ကြပြီး ရွှယ်ဇီရွမ်က ဒါကို သူငှားရမ်းထားသော အလွတ်စုံထောက်တစ်ဦးက သူ့ထံပေးအပ်ခဲ့သည်ဟု ဆိုခဲ့သည်။

"မင်းမိသားစုကို ထောက်လှမ်းဖို့ လျှို့ဝှက်စုံထောက်တစ်ယောက် ငှားထားတာလား။"

ရဲအရာရှိက သူနဲ့ စကားပြောဖို့ သီးခြားအခန်းကို ရှာတွေ့ခဲ့ပြီး ရဲအရာရှိရဲ့ စကားတွေက မနှစ်သက်ပုံပေါက်နေသည်။

"ဒါက ဘာထူးဆန်းလို့လဲ? သူ့ နှလုံးသားကို တူးထုတ်ဖို့ ရှောင်ရီကို အိမ်ပြန်ခေါ်လာခိုင်းတုန်းက အစီအစဉ်ကို ဖျက်သိမ်းဖို့ ကျွန်တော် အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ကျွန်တော့် မိဘတွေရဲ့ သဘောထားက တင်းခံနေခဲ့တယ်။ ရှောင်ရီရဲ့ ဘေးကင်းလုံခြုံစေဖို့ ကျွန်တော့်မိဘတွေရဲ့လုပ်ရပ်ကို ကျွန်တော် စောင့်ကြည့်ရမှာပဲလေ "

ရွှယ်ဇီရွမ်သည် အမူယာမဲ့စွာဖြင့် ပြောကြားလိုက်သည်။

"ဘာကြောင့် ဒီအမှုကို အရင်ဆုံး တရားရုံးမှာ မတင်ပြတာလဲ။ "

ရဲအရာရှိက မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ရဲ့လုပ်ရပ်ကြောင့် ရွှယ်မိသားစုအရှက်ကို လူသိရှင်ကြားအဖြစ်ချင်လို့ တရားရုံးကို မတင်ပြခဲ့ဘူး။ ကျွန်တော်က သူတို့ကို ပြုပြင်ပြောင်းလဲဖို့ အမြဲတမ်း အခွင့်အရေးပေးခဲ့ပေမယ့် ကျွန်တော့်မိသားစုက မပြောင်းလဲလာဘူး။ ကိုယ့်မိသားစုကို သတင်းပို့ တိုင်ကြားဖို့ဆိုတာ လွယ်တယ်လို့ ရဲအရာရှိကြီး ထင်နေလား။ အဲဒီလို မိသားစုဝင်တစ်ယောက်ရှိရတာ ဂုဏ်ယူစရာလို့ ထင်နေလား။"

ရွှယ်ဇီရွမ် ၏ မျက်လုံးများ နီရဲနေပြီး ဆံပင်များ ဖွာလန်ကျဲနေကာ သူ့မျက်နှာမှာ ကြည်လင်သော မျက်ရည်များဖြင့် စွန်းထင်းနေသေးသည်၊ ရွှယ်ဇီရွမ်၏ ပုံကို ကြည့်ရတာ စိတ်ဆင်းရဲနေပုံရပြီး ဖုန်းကို ဆက်ကြည့်ရင်း ဆယ်ကျော်သက်လေး၏ နံပါတ်ကို စက္ကန့်အနည်းငယ်တိုင်း ခေါ်ဆိုနေသည်၊ သူ့စိုးရိမ်မှုမှာ အတုအယောင်မဟုတ်ပေ။

ရဲအရာရှိက သူ့ကို အလွန်စာနာပြီး ဟွမ်ရီ ကို ရှာနေတယ်ဆိုတဲ့ အကြောင်းကြားစာကို မထုတ်ပြန်ခင် မေးခွန်းအနည်းငယ်မေးခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ရွယ်လွေ့တို့ သုံးယောက်က ထိုအသံတွေက တကယ်မဟုတ်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း ရဲစခန်းက အချုပ်ခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အသံကို လျှို့ဝှက်ဖမ်းယူထားခြင်းက ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်လက် ကျူးလွန်ခြင်းဖြစ်သောကြောင့် ထိုအသံဖမ်းယူထားသည်ကို တရားရုံးတွင် အမှုတည်ဆောက်ရန်အတွက် သက်သေအဖြစ် အသုံးမပြုနိုင်သောကြောင့် ရဲတပ်ဖွဲ့သည် စွဲချက်တင်ရန်အတွက် လူနှင့်ပစ္စည်းဆိုင်ရာ အထောက်အထားများ ထပ်မံရှာဖွေရမည်ဖြစ်ပါသည်။

ကောင်းတဲ့အချက်ကတော့ ဖူဘို၊ ကျုံးရင်တို့ကို ငွေပေးပြီး ခိုင်းစေထားတဲ့ သက်သေတွေကို ရှာဖွေနိုင်သည်။ ပြီးတော့ ကိုယ်တွင်းအင်္ဂါလှူဒါန်းခြင်း စာချုပ်ကို ရေးဆွဲပေးသည့် ရှေ့နေနှင့် နှလုံးကို တူးထုတ်ပေးဖို့ ဌားရမ်းထားသည့် ဆရာဝန်တို့ကို ရဲက လိုက်လံ မေးမြန်းစုံစမ်းနိုင်ခဲ့သည်။

ဒါကြောင့် ဒီအမှုအကြောင်းကို စစ်ဆေးမေးမြန်းဖို့ အဆင်ပြေခဲ့ပြီး အမှုမှန်ပေါ်ဖို့ ပိုပိုနီးလာခဲ့သည်။ ဒီသတင်းက လူတိုင်းရဲ့အာရုံကို ဆွဲယူနိုင်ခဲ့သည်။ လူသတ်ရန် ကြံစည်ခဲ့သည့်အဓိက လူက သားကောင်ဖြစ်ခဲ့ရသည့် ကောင်လေး ဟွမ်ရီ၏ အမွှာညီမ ဖြစ်ပြီး အသံဖိုင်အရ ဘယ်လောက်တောင် ရက်စက်တဲ့ လုပ်ရပ်ကို ကြံစည်ထားသည်ကို ရဲအရာရှိတွေ သိခဲ့ရလို့ သက်ပြင်းချလိုက်မိကြသည်။

ဒီရွှယ်မိသားစုသည် အလွန်ကြောက်စရာကောင်းသော လူများဖြစ်သည်၊ ကံကောင်းထောက်မစွာ ဟွမ်ရီ က ဉာဏ်ရည် ထက်မြက်ပြီး လျင်မြန်စွာ ရှောင်ထွက်သွားနိုင်ခဲ့သည်။

နောက်တစ်နေ့တွင် မဟာသတင်းနှစ်ခု ထွက်ပေါ်လာပြီး နှစ်ဦးစလုံးသည် ရွယ်မိသားစုနှင့် သက်ဆိုင်နေသည်။ ပထမ သတင်းက ရွှယ်မိသားစု၏ မွေးစားသား ဟွမ်ရီ ပိုင်ဆိုင်သည့် စူပါပြိုင်ကား ၏ ကားတိုက်မှုဖြစ်ပြီး ဟွမ်ရီ ပျောက်နေသည့် ဆိုသည့် သတင်းနှင့် နောက်သတင်းက ဟွမ်ရီကို သတ်ရန် ကြံစည်မှုဖြင့် ဒုတိယမြောက် ရွှယ်၏ လုပ်ငန်းစုဥက္ကဋ္ဌနှင့် သူ၏ဇနီးနှင့် သမီးတို့ကို ဖမ်းဆီး ခံခဲ့ရသည့် သတင်းဖြစ်သည်။

အထက်တန်းလွှာ အသိုင်းဝိုင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်၊ ရွှယ် လုပ်ငန်းစု၏ စတော့ဈေးလည်း တောက်လျှောက် ကျဆင်း သွားသည်၊ ကုမ္ပဏီသည် အထိတ်တလန့်ဖြစ်ကာ ပရမ်းပတာ သဲသဲကွဲကွဲ ဖြစ်သွားသည်။ ရွှယ်ဇီရွမ်က ဒီလို အခြေနေကို အရင်ဘဝက ကြုံခဲ့ဖူးလို့ အတွေ့ကြုံရှိနေသည်။ သူက ချက်ချင်းပင် အစုရှယ်ယာရှင်များ အစည်းအဝေးကို အမြန်ကျင်းပပြီး အလွန်ကြီးမားသော ပြင်ပ လုပ်ငန်းများနှင့် ရွှယ်လုပ်ငန်းကို ပူးပေါင်းလိုက်ပြီး အစုရှယ်ယာရှင်တွေကို စိတ်တည်ငြိမ်အောင်လုပ်ခဲ့သည်။

ဒါကို ကိုင်တွယ်ဖြေရှင်းပြီးနောက်မှာ ကား မတော်တဆမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး တိုးတက်မှုကို မေးမြန်းခဲ့သည်။

ရွှယ်ဇီရွမ်က သူ့ ကုမ္ပဏီ၊ စတော့ရှယ်ယာ၊ မိသားစုစီးပွားရေးနဲ့ ချုပ်နှောင်ခံထားရတဲ့ မိဘတွေကိုတောင် ဘေးဖယ်ထားနိုင်ပေမယ့် ရှောင်ရီ အကြောင်းပေါ်ပေါက်သွားစေနိုင်တဲ့ ယာဉ်တိုက်မှုကို ဦးစားပေးကာ တောက်လျှောက်စောင့် ကြည့်နေသည်။ သူ ချစ်တဲ့ကောင်လေးကို လူသတ်သမာမး ဆိုသည့် နာမည်တပ်ဖို့မပြောနဲ့..သံသယဝင်ဖို့ အခွင့်ရေးပင် ရွှယ်ဇီရွမ် မပေးနိုင်ပေ။

ဟုတ်တယ်၊ သူ့မှာ စံသတ်မှတ်ချက်က နှစ်မျိုးဖြစ်သည်။ သူ့မိဘတွေနဲ့ ရွှယ်ကျင်းရီတို့ လုပ်ရပ်ကို ခွင့်မလွှတ်နိုင်ပေမ ယ့် ရှောင်ရီ လုပ်သမျှ အရာအားလုံးနဲ့ပတ်သက်တဲ့ သူ သည်းခံ ခွင့်လွှတ် ံနိုင်တယ်။

တချို့က ရှောင်ရီရဲ့လုပ်ရပ်က အဆိုးဆုံးအပြစ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ရွှယ်ဇီရွမ် ကတော့ သူ့မှာ အပြစ်မရှိဘူးဆိုတာ သိတယ်။ ဟူတုန်းသာ ဟွမ်ရီတို့ မိဘကို ကားနဲ့ တိုက်မသတ်ခဲ့ရင် ရွယ်မိသားစုလည်း ပေါ်မလာနိုင်ပေ။ ဒါဆိုရင် ဟွမ်ရီတို့ မိသားစုလေးက ဆင်းရဲပေမယ့် နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာရှိတဲ့ ဘဝမှာ နေရလိမ့်မည်။ သူ့ကလေးလေးက သူ့မိဘတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နေပါသေးတယ်။ သူက ရွှယ်မိသားစုသို့ ခေါ်ဆောင်ခြင်းခံရတာက ကောင်းကင်ဘုံကို တင်ပေးခံရတာ မဟုတ်ပဲ ငရဲသို့ရောက်ခဲ့ရတာ ဖြစ်သည်။

ရွှယ်ဇီရွမ် သည် မည်းမှောင်သော မျက်နှာဖြင့် ယာဉ်ထိန်းရဲဌာနထဲသို့ ဖြတ်ကျော်လာသောအခါ အမှုကို ကိုင်တွယ်နေသော ယာဉ်ထိန်းရဲက သူ့ကို စာနာစိတ်ဖြင့် ကြည့်ကာ ပြောခဲ့သည်။

"ဟွမ်ရီက အိမ်ကထွက်ပြေးသွားတာ လို့ ကျွန်တော် ကြားလိုက်ရတာလား။ မင်းမိဘတွေနဲ့ ညီမက သူ့ကို သတ်တော့မယ်ဆိုတာ သိသွားလို့လား။ "

ရွှယ်ဇီရွမ် ၏ မျက်နှာမှာ ဘာမှ ထုတ်ဖော်မပြဘဲ ဖြေလိုက်သည်။

"အင်း"

ယာဉ်ထိန်းရဲက သူ့ရဲ့စိတ်ပျက်စရာအခြေအနေကို တော်တော်လေး စာနာ နားလည်ပေးခဲ့တယ်၊ ဥပဒေကြောင်းအရ အကြောင်းပြချက်နဲ့ မိသားစုဝင်တွေကို တိုင်ကြားဖို့ ရွေးချယ်တဲ့လူက မများပါဘူး။ မိသားစုဝင်တစ်ယောက်က ပြစ်မှု ကျူးလွန်ရင် ဆွေမျိုးတွေက ဖုံးဖိကူညီပေးကြ၊ ဒုက္ခရောက်တဲ့သူတွေကို ဘယ်သူက တရားမျှတမှုပေးတော့ မလဲ။ အထူးသဖြင့် အဓိကတရားခံ သို့မဟုတ် ဟွမ်ရီ ၏ တစ်ဦးတည်းသော သွေးချင်းဆွေမျိုး ရွှယ်ကျင်းရီသည် ဟွမ်ရီအပေါ် အရမ်းကို ရက်စက်လွန်းလှသည်။

"ကျွန်တော် မေးချင်တာက ဘယ်တော့ ကားကို ပြန်ယူလို့ ရမှာလဲ"

ရွှယ်ဇီရွမ်က ကြိုးစားပြီးပြောလိုက်တယ်။

"ဒီလောက်ထိ ပျက်စီးသွားတဲ့ ကားကို မင်း ပြန် လိုချင်တာလား။"

ယာဉ်ထိန်းရဲက အနည်းငယ် အံ့သြသွားသော်လည်း ကမ္ဘာပေါ်တွင် ကားအစီးရေ ငါးစီးသာ ထုတ်ထားသည့် စူပါပြိုင်ကားက ပျက်စီး ဆုံးရှုံးသွားသည်ကို တွေးကာ သနားစရာ ကောင်းလှသဖြင့် ဖြေကြားလိုက်သည်။

"မှုခင်းဆေးပညာဌာနက စစ်ဆေးရေးပြီးအောင် စောင့်နေတယ်၊ မြန်ရင် တစ်လ နှစ်လ၊ ကြာရင် ခြောက်လ လောက် စောင့်ရတယ်"

ရွယ်ဇီရွမ် က မေးခွန်းတွေ ထပ်မမေးတော့ဘဲ အထက်က လူတွေနဲ့ စကားပြောဖို့ပဲလုပ်လိုက်တယ်။ သူက ယာဉ်ထိန်းရဲဌာနက မထွက်ခင်မှာ မေးခဲ့သေးသည်။

"ကျိုးရင် နိုးပြီလား"

"နိုးပြီ၊ ဒီအချိန်မှာ ငါတို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲစခန်းက လူတွေက သူ့ကို စစ်ဆေးဖို့ စောင့်နေကြတယ်။ ဒီကောင်က အတော်များများမှာ ပါဝင်ပတ်သတ်နေခဲ့တာပဲ "

ယာဉ်ထိန်းရဲအရာရှိက ခေါင်းညိတ်ကာ ကျိုးရင်ကို အထင်သေးစွာပြောခဲ့သည်။

"ဆေးခန်းကို သွားတွေ့လို့ရမလား"

ရွယ်ဇီရွမ် က ယဉ်ယဉ်ကျေးကျေး မေးသည်။

"ကောင်းပြီ ။ ကျွန်တော်နဲ့ အတူတူသွားရအောင်။"

သူတို့ နှစ်ယောက် ဆေးရုံကို ရောက်တော့ ကျိုးရင်ဟာ မသန်မစွမ်းအဖြစ်ကနေ မပျောက်ကင်းသေးပဲ လူသတ်မှုနဲ့ စွဲချက်တင်ခံရပြန်ပြီ ၊

"ကားမတော်တဆမှု မဖြစ်ခင် ဒီစကားပြောရမှာဖြစ်ပေမယ့် နောက်ကျသွားခဲ့ပါတယ်။ ကျွန်တော်က ဟွမ်ရီကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဒါကြောင့် ဒါက လူသတ်မှုလို့ ပြောလို့မရပါဘူး။ ပြီးတော့ ကျွန်တော်လည်းပဲ သားကောင်ပါ။ ကျွန်တော်က ကားကို မခိုးရပါဘူး။ ဒီကားက သူ့ဖာသာ ထိုင်ခုံခါးပတ်ကို တင်းကျပ်အောင်လုပ်ပြီး ကားက အလိုလျောက် တရကြမ်းမောင်းထွက်သွားခဲ့ပါ ရဲအရာရှိကြီးရာ.... ကျွန်တော် ကားမခိုးဘူး ၊ ကားက လမ်းပေါ်မှာ သူ့ဖာသာ ရွေ့လျားမောင်းနှင်နေတယ် ။ ကားက အလိုလို လီဗာနင်းပြီး တရှိန်ထိုးမောင်းထွက်သွားတာပါ။ ကားပေါ်မှာ တစ္ဆေရှိခဲ့သည်။ အဲ့ဒါက သရဲက ကားမောင်းနေတာပဲ၊ မင်း ငါ့ကိုယုံပါ"

ကျိုးရင်က စကားပြောလေလေ၊ စိတ် ကသိကအောက်ဖြစ်လေလေ၊ အနားတွင်ရပ်နေသော သူနာပြုဆရာမက သူ့ကို စိတ်ငြိမ်ဆေးထိုးပေးလိုက်ရသည်။

ကျိုးရင် စိတ် ငြိမ်သက်သွားစေရန် စောင့်ဆိုင်းရန် ရဲများကို ပြောခဲ့သည်။

"တစ္ဆေက ကား မောင်းနေတာလား"

ရွယ်ဇီရွမ် က သံသယဝင်နေခဲ့သည်။

"ဒီလိုစကားမျိုးကို မင်း ယုံသလား။ ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေ ဘယ်မှာရှိလဲ။ တစ်ယောက်ယောက်က အဲဒီကားကို အဝေးကနေ မထိန်းချုပ်ထားဘူးဆိုရင် ဒီလိုဖြစ်ရပ်မျိုး လုံးဝ မဖြစ်နိုင်ဘူး"

ထို့ကြောင့် ယာဉ်ထိန်းရဲက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။

"တကယ့်ကို အရူးပဲ.... ကျွန်တော်တော့ ရူးချင်တော့တာပဲ။ အဝေးထိန်းစနစ်နဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ လုပ်ဆောင်ချက်ပါတဲ့ ကားဟာ ငါတို့ လမ်းလျှောက်တာထက် နှေးပြီး တစ်နာရီ မိုင်သုံးဆယ်လောက်ပဲ သွားနိုင်တယ်။ ဒါတောင် ဘေးကနေ ထိန်းချုပ်သူက တောက်လျှောက်လိုက်နေရတယ်။ အရမ်းဝေးဝေးကနေ ထိန်းချုပ်လို့မရသေးဘူး အခု ကျိုးရင်က တနာရီကို ကီလို 160 နှုန်းနဲ့ မြို့ကိုပတ်ပြီး 2 နာရီကြာအောင် လျှောက်မောင်းနေခဲ့တယ်။ ကီလိုမီတာ သုံးရာ့နှစ်ဆယ်ဝန်းကျင်နှင့် အတားအဆီးအားလုံးကို ရှောင်ရှားပြီး မောင်းခဲ့တယ်။ ဒီလို ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှုစနစ်နဲ့ မော်တော်ကားတည်ဆောက်မှု ကို အခုခေတ်မှာ မလုပ်နိုင်သေးဘူး။ နောက်ထပ် နှစ်ပေါင်း 50၊ 100 လောက်ဆိုရင် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ "

ရွယ်ဇီရွမ် က ခေါင်းညိတ်လိုက်ပြီး ဒီစကားတွေကို ဘာ ထင်မြင်ချက်မှ မပေးခဲ့ဘူး။ ဆေးရုံက ဆင်းလာတော့ သက်ဆိုင်ရာ အသိမိတ်ဆွေကို ဖုန်းဆက်ပြီး ပြိုင်ကား စစ်ဆေးမှု အခြေနေ ဘယ်လိုဖြစ်လဲလို့ မေးတယ်။

"မင်းပြန်ယူချင်တာလား၊ ကောင်းပါတယ်၊ ငါ့ဝန်ထမ်းတွေကို မြန်မြန်လုပ်ခိုင်းလိုက်မယ်၊ ဒါပေမယ့် ကားက လုံးဝပျက်စီးနေပြီး ပြုပြင်လို့ မရဘူးလို့ ပြောရမယ်"

အဲဒီလူက ကားနဲ့ ပတ်သက်ပြီး အသည်းကွဲနေတယ်လို့ ထင်ရပြီး သူ့လေသံကဘာသံသယမှ မရှိဘူး။

"ကားနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တွေ့ရှိသေးလား"

ရွယ်ဇီရွမ် က လေးနက်သော အသံဖြင့် ပြောသည်။

"ပုံမှန် မဟုတ်တာ ဘာမှ မတွေ့ရဘူး၊ ကျိုးရင်က ကားကို ခိုးပြီး တခုခုလုပ်ဖို့ မမှီလိုက်ဘူး။ "

တဖက်လူက ကျိုးရင်ကို ရွှယ်လွေ့က ငွေပေးပြီး ကားကို ချို့ယွင်းအောင်လုပ်ဖို့ ခိုင်းစေထားတယ်ဆိုတာကို သတင်းတွေကနေ တဆင့် သိထားခဲ့လို့ အခုလိုဖြေခဲ့တယ်။

"မနက်ဖြန် ဘယ်အချိန် ကား ပြန်ရနိုင်မလဲ"

"မင်းက သံတုံး တစ်တုံး လိုချင်လို့လား။"

"အင်း..."

ရွယ်ဇီရွမ် က စကားများများ မပြောချင်တော့ဘူး။

"ကောင်းပြီ မနက်ဖြန်မနက် လာယူလိုက်..."

ဖုန်းကို ချလိုက်ပြီးနောက် ရွယ်ဇီရွမ် က အရမ်းပင်ပန်းနေသလို ခံစားရတယ်၊ ရှောင်ရီက အခု ဘယ်ရောက်နေလဲ၊ သူ မနေကောင်းဖြစ်နေသေးလား။ ရှောင်ရီ.... ဘယ်လိုခံစားရလဲ၊ ဒီဘဝမှာ သူ့ဆီကိုရော ပြန်လာ ပါဦးမလား၊ သူ့ကို ခွင့်လွှတ်ပေးဦးမှာလား ဆိုတာ ရွယ်ဇီရွမ် သိချင်နေသည် ။ .

ဒီလောက်အထိ မသွားချင်သော်လည်း ကျန်းမာသော လူသားတစ်ယောက်၏ နှလုံးသားကို တူးထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ကို လာခေါ်ခဲ့သည့်အကြောင်းကို သိရကတည်းက ရှောင်ရီက ဝမ်းနည်းနေလောက်ပြီ။

ဒီဘဝတွင် သူ၏ပြန်လည်မွေးဖွားခြင်းသည် ကောင်းကင်ဘုံက ပေးအပ်သည့် လက်ဆောင်တစ်ခုဖြစ်သည်ဟု သူထင်ခဲ့သည်၊ သူသည် အချိန်မနှောင်းသေးဟု ထင်မိသော်လည်း တကယ်တော့ ရှောင်ရီက ရွှယ်ကျင်းရီကို ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ပြီးဖြစ်ကတည်းက သူ့အတွက် အရာရာကို ပြန်ပြင်ဖို့ အရမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဒါက လက်ဆောင် မဟုတ်ပဲ ပြစ်ဒဏ်တစ်ခုပဲ၊ အရင်ဘဝက အကြွေးဆပ်ဖို့ မလုံလောက်သေးလို့လား။ ဒီဘဝက ဘုရားသခင်က သူ့ကို ပေးပြီးတော့ပြန်ယူသွားခဲ့တယ်။

ရှောင်ရီသည် ယခုနှစ်တွင် မည်သို့ အသက်ရှင်ကာ လွတ်မြောက်ခဲ့သည်ကို တွေးဆလို့ပင် မရခဲ့ပေ။

သူသည် အလွန်ထက်မြက်ပြီး ရွယ်ကျင်းရီ ၏ အခြေအနေကို ရိပ်မိပြီး အမှန်တရားကို ချက်ချင်းနီးပါး နားလည်လာကာ နေ့တိုင်း လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး လူသတ်သမားတစ်စု၏ ဝန်းရံထားတာကို ခံခဲ့ရသည်။ ညတိုင်းညတိုင်း ရှောင်ရီက အိပ်လို့ကော ပျော်နိုင်ပါ့မလား။

ပြီးတော့ သူ့အမွှာညီမရဲ့ ဆိုးညစ်တဲ့ အတွေးတွေနဲ့ ရင်ဆိုင်ဖို့ ဘယ်လို စိတ်မျိုးနဲ့ ဆက်လက်ရှင်သန်နေခဲ့၇တာပါလိမ့်။

ရှောင်ရီက အိပ်ပျော်သွားတိုင်း သေးငယ်တဲ့ ဘောလုံးလေးတစ်လုံးကို ကွေးနေရတာ အံ့သြစရာ မဟုတ်တော့ဘူး၊ ရှောင်ရီက ကြောက်ရွံ့မှုတွေ ၊ ေ နဲ့ နေထိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဒီလိုပြင်းထန်တဲ့ အမုန်းတရားတွေအဖြစ် ပေါင်းစည်းသွားတဲ့အတွက် သူ့ကိုယ်သူ မချစ်နိုင်ပါဘူး ။ ထို့ကြောင့် သူသည် လေထဲတွင် ပျောက်ကွယ်သွားဖို့ပဲ ရွေးချယ်ခဲ့သည်.....။

ရွယ်ဇီရွမ် က ဆက်မတွေးနိုင်တော့ပဲ စတီယာရင်ဘီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်မိတော့သည် ။

********-***********

Continue Reading

You'll Also Like

1.4K 79 5
Sometimes, we met and we must be apart. People come and go but I'll be the one who is st'll beside you. MELANCHOLIC : Short Stories Collection You...
63.5K 9K 69
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
102K 10.8K 52
Author - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all A...