High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 24 _ စန္ဒရား

1.2K 297 18
By Inix_ss


(Unicode)

လူတချို့မှာ ပုံမှန်အားဖြင့်တော့သူတော်ကောင်းယောင်ဆောင်တတ်ကြသည်။ သို့သော် ကိုယ်ကျင့်တရားနှင့် ဉပဒေဆိုသည့် ချည်နှောင်ထားသော ကြိုးများ လွတ်ထွက်သွားသည့် အချိန်မှာတော့ ထိုသူများက မထင်မှတ်ထားသည့် အရာများကို လုပ်တတ်ကြလေ၏။ ဉပမာဆိုလျှင် ဝူယွီပင်ဖြစ်သည်။

သူ့မှာ အထူးစွမ်းရည်များရှိတာကြောင့် ဒီကမ္ဘာပေါ်မှ အချိန်မရွေး ထွက်ခွာသွားနိုင်သည်။ သူ့ကိုယ်သူ သာမန်လူများထက် သာလွန်သော တည်ရှိမှုတစ်ခုအဖြစ် မှတ်ယူထားပြီး၊ ဒီလိုကမ္ဘာတွေထဲမှာ သူလုပ်ချင်တာ လုပ်လို့ရသည်ဟု ထင်မှတ်ထားသည်။

ရှင်ယဲ့ သူကိုယ်တိုင်၏ ကိုယ်ကျင့်တရားစံသတ်မှတ်ချက်များဖြင့် အခြားသူများကို အတင်းဓမ္မ ခိုင်းနှိုင်း၍ မရဘူးဆိုတာ သိသည်။ သို့သော်လည်း ဒီလို အခြေအနေမျိုးဖြင့် ကြုံတွေရသည့်အခါမှာတော့ သေချာပေါက် ဒေါသထွက်မိမှာပင်။

ကံကောင်းထောက်မစွာဖြင့် အတန်းပိုင်အင်္ဂလိပ်စာဆရာမကို တစ်ခုခု ထိခိုက်အောင် မလုပ်ရသေးခင်မှာ တားဆီးလိုက်နိုင်သည်။ ရှင်ယဲ့ ထိုတားလိုက်နိုင်သည့် ကျောင်းသားအား ငွေအချို့ထပ်ပေးလိုက်ပြီး၊ ဝူယွီအား စောင့်ကြည့်ရန်အတွက် သူ့သူငယ်ချင်းများကိုပါ စည်းရုံးခိုင်းလိုက်၏။ ဝူယွီ မဟုတ်တာတစ်ခုခု လုပ်တော့မည်ဆိုလျှင် ရဲကိုပါ ခေါ်လို့ရသည်ဟု ပြောလိုက်သည်။ ကျောင်းသားများကလည်း ဝမ်းပန်းတသာ လက်ခံကြလေ၏။

ပိုက်ဆံ၏ စွမ်းအားဖြင့် ဆင့်ခေါ်ထားသည့် သတင်းပေးညီလေးတစ်ယောက်က ဝူယွီနှင့် ဆက်သွယ်နေသော စီနီယာကျောင်းသား၏ ပုံကို ပို့လာသည်။ ရိုက်သည့်သူက အဝေးကနေမသိအောင် ချောင်းရိုက်ထားတာဖြစ်တာကြောင့် ဝူယွီက ထိုလူနားမှာ တီးတိုးပြောနေသည်ကိုသာ တွေ့နိုင်လေ၏။ ထိုစီနီယာကျောင်းသား၏ မျက်နှာနှင့် ပုံသဏ္ဌာန်ကို သေချာမမြင်ရပေ။

ကံကောင်းသည်က ထိုညီလေးက အလွန်ပင် ပါးနပ်သူဖြစ်နေတာပင်။ သူ၏အသိ တတိယနှစ်ကျောင်းသားများအား ထိုစီနီယာကျောင်းသား၏ နာမည်ကို မေးလိုက်ပြီးနောက်၊ သူ၏ ကိုယ်တစ်ပိုင်းပုံကိုပါ ရှင်ယဲ့အား ပို့ပေးလာသည်။

ထိုစီနီယာကျောင်းသား၏ နာမည်မှာ သီခွမ့်ဖြစ်ပြီး၊ အရပ်က ၁၉၀ စင်တီမီတာ ရှည်လျားသည်။ သူ၏ ခန္ဓာကိုယ်ပုံစံအနေအထားအား ခြုံကြည့်ရလျှင် အထက်တန်းကျောင်းသားတစ်​ယောက်နှင့် လုံးဝမတူပေ။ လူတွေကို ပြတ်သားပြီး တုံ့ဆိုင်းခြင်းမရှိသည့် ခံစားချက်ကိုပါ ပေးနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက ဝူယွီနောက်ကွယ်က လူဆိုတာ ရှင်ယဲ့ သိလိုက်သည်။ သီခွမ့်က ဝူယွီအား လူရှေ့မှာ ကျန်ကစားသူများကို အာရုံလွှဲခိုင်းထားပြီး။ သူကိုယ်တိုင်ကတော့ နောက်ကွယ်၌သာ လှုပ်ရှားနေတာဖြစ်သည်။

သူတို့၏ တွေ့ဆုံမှုမှာလည်း တော်တော်ပင် လျှို့လျှို့ဝှက်ဝှက်ရှိလှသည်။ ယောကျ်ားလေး သန့်စင်ခန်းထဲ၌ ဖြစ်သည်။ လူအားလုံးအတွက်အကျုံးဝင်သည့် ပိုက်ဆံ၏ စွမ်းအားကြောင့်သာ မဟုတ်လျှင် အဆုံးထိ သီခွမ့်ကို ရှာဖို့ ခက်ခဲမှာဖြစ်၏။

သီခွမ့်၏ ပုံကို ကြည့်ရသလောက် ရင်ဆိုင်ရ လွယ်ကူမည်မဟုတ်သည့် အင်အားကြီးသော ပြိုင်ဘက်ဖြစ်ကြောင်း ရှင်ယဲ့ အသိအမှတ်ပြုလိုက်သည်။

ရှင်ယဲ့ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီးနောက် ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲမှ မိတ်ကပ်မှန်လေးကိုထုတ်ကာ၊ အဖုံးကို ဖွင့်လိုက်၏။ ထို့နောက် သူ့အား သီခွမ့်၏ ပုံကို ပြလိုက်လေသည်: "သူ့ကို သိလား?"

"မမြင်ဖူးဘူး" မှန်က ဝံ့ကြွားစွာဆိုလေ၏။ "ငါက အဆင့်မြင့်ကမ္ဘာထိအောင် ကစားခဲ့တဲ့ သူလေ။ ငါလောက် ကစားသူသက်တမ်းရင့်တဲ့ ပြိုင်ဘက်က ဘယ်လိုလုပ်ပြီး ဒီလို ရှုပ်ထွေးပွေလီကမ္ဘာလေးမှာ ရှိနိုင်မှာလဲ။ သူက ဒီတိုင်း ဘာမှမဟုတ်တဲ့ လူသစ်လေးပါ"

"အခုကြည့်တာကော ဘယ်လိုမြင်လဲ?"

"သေအောင် ရုပ်ဆိုးတယ်" မှန်၏ အသံမှာ အလွန်ပင် မနှစ်မြို့သည့် ပုံပေါ်နေလေ၏။

ရုပ်ဆိုးတယ်....ဟုတ်လား? ရှင်ယဲ့ သီခွမ့်၏ ပုံကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။ ဘယ်လိုပဲကြည့်ကြည့် သူက ခန့်ညားပြီး တောင့်တောင့်ဖြောင့်ဖြောင့်ရှိသည့် သူဟု ခံစားရသည်။ သူ့ပုံစံက ကြမ်းတမ်းပြီး အရိုင်းဆန်သည့် အလှမျိုးရှိပြီး၊ ထိုခန္ဓာကိုယ် ပုံစံနှင့်ဆို မော်ဒယ်တောင် လုပ်လို့ရနိုင်သည်။ အခုခေတ်မှာ ထိုကဲ့သို့အသွင်အပြင်မျိုးက ရေပန်းစားသည်ပင်။

ထိုလိုလူကို မှန်က ရုပ်ဆိုးတယ်ဟု ပြောတာကိုကြည့်ပြီး၊ ရှင်ယဲ့ မနေနိုင်စွာ မေးမိလိုက်သည်: "မင်းရဲ့ မျက်လုံးထဲမှာ ဘယ်သူကမှ ချောတယ်လှတယ်လို့ ထင်တာလဲ?"

မှန်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေလေ၏: "ငါ့ကိုယ်ငါပဲ ထင်တယ်"

ရှင်ယဲ့: "....."

"မင်းသိရမှာက၊ ငါ နေ့တိုင်း ငါ့မျက်နှာကို မှန်ထဲမှာကြည့်တယ်။ အဲ့လိုနဲ့ ကြာလာတော့ လူတိုင်းကို ရုပ်ဆိုးတယ်လို့ ထင်သွားတာပဲ" မှန်၏ လေသံမှာ တကယ် အတည်ကြီး ပြောနေသလိုပင်။

ရှင်ယဲ့ စကားတစ်ခွန်းမှ မပြောတော့ဘဲ မှန်ကို ပိတ်ကာ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ အရမ်း အလုပ်များနေပြီး၊ ပြင်ဆင်စရာတွေလည်း တစ်ပုံကြီး ရှိနေသေးသည်။

အတန်းတစ်ချိန်လုံးပျက်နေသည့် ရှင်ယဲ့မှာ ကျောင်းအတွင်း၌တော့ လှည့်လည်သွားလာနေလေ၏။ သူက ကျောင်းဝန်းရှိ အံဖွယ်ဒဏ္ဌာရီ ခုနှစ်ခုထဲက
နှစ်ခုအကြောင်းကို အလေးထားလေ့လာနေခြင်းဖြစ်သည်။

'မှောင်စပျိုးလာတဲ့အခါ ကျောင်းထဲမှာ လမ်းလျှောက်နေရင်းနဲ့ တစ်ယောက်ယောက်က ကိုယ့်ကို အနောက်ကနေ စောင့်ကြည့်နေသလို ခံစားရလိမ့်မယ်'၊ နှင့် 'ဘာလို့ တစ်စုံတစ်ယောက်က ငါ့ပုခုံးကို လာပုတ်လိုက်တယ်လို့ ခံစားရတာလဲ?' တို့ဖြစ်သည်။

ကျန်သည့် ငါးခုမှာတော့တိကျသည့် အချိန်နှင့် နေရာတို့ ရှိကြသည်။ ည၁၂နာရီအတိ ၌ မိန်းကလေးအဆောင်၊ လပြည့်ညက ကောင်လေး၊ ဂီတခန်းက စန္ဒရား၊ စင်္ကြံလမ်းက မွန်နာလီဇာ၊ ထို့အပြင် အခန်း၄၀၄မှာနေသည့် လူတစ်ယောက် သို့မဟုတ် လူများ တို့ဖြစ်ကြ၏။ ထို နှစ်ခုတည်းကသာ ကျောင်းဝန်းတစ်ခုလုံးတွင် ဖြစ်လာနိုင်ပြီး၊ အဓိကဇာတ်လိုက်မှာလည်း "သင်" ဖြစ်နေသည်။

ဖြစ်နိုင်သည်က ကစားသူက သတ်မှတ်ထားသည့်အခြေအနေတစ်ခုကို ကြုံတွေ့ရပြီးနောက်မှာမှ ဒဏ္ဍာရီကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုအဖြစ်အပျက်နှစ်ခုက ဆက်စပ်နေသည်လား?

ရှင်ယဲ့ စဉ်းစားနေရင်းဖြင့် စန္ဒရားခန်းဆီသို့ လျှောက်သွားလိုက်၏။ ချောင်ချန့်က ဒီအခန်းထဲကနေ စာအုပ်တစ်အုပ်ယူသွားခဲ့သည်။ ကြည့်ရသည်မှာ သူရှာတွေ့သွားသည့် သဲလွန်စပင်ဖြစ်ရမည်။

ယခုမှာ နေ့လယ်ချိန်ဖြစ်ပြီး၊ စန္ဒရားခန််းထဲတွင် လူတစ်ယောက်မှ ရှိမနေချေ။ သို့သော် တံခါးကိုတော့ သော့ခတ်မထားပေ။ ဟောင်းနွမ်းပြီး ဖုန်တက်နေသည့် စန္ဒရားကြီးကတော့ အခန်းထောင့်မှာ ရှိနေသည်။

ရှင်ယဲ့ အဝတ်တစ်ခုကို ယူလိုက်ပြီး၊ စန္ဒရားအဖုံးအား သေချာစွာ ဖွင့်လိုက်ကာ ဖုန််များကို ခါလိုက်သည်။ ထို့နောက် စန္ဒရားခလုတ်များအား နှိပ်ကြည့်လိုက်လေ၏။

ပြောရလျှင်၊ သူငယ်ငယ်တုန်းက စန္ဒရားတီး သင်ခဲ့ဖူးသည်။

စန္ဒရား၊ ပန်းချီ၊ လက်ရေးလှ၊ ကိုယ်ခံပညာ....ရှင်ယဲ့၏ သင်ယူနိုင်သည့် စွမ်းရည်က အလွန်မြင့်သည်။ ဘာကိုပဲ သင်ယူသင်ယူ သူ၏ မိဘများက ဆရာအမြောက်အများခေါ်ပေးပြီး၊ ရှင်ယဲ့ကလည်း ဂရုတစိုက် လေ့လာ သင်ယူတတ်သည်။

ဂီတဆရာက သူ၏ စန္ဒရားလက်သံမှာ ခံစားချက်ကင်းမဲ့နေသည်ဟု ပြောဖူးသည်။ အရည်အသွေးကောင်းသည့် စက်တစ်ခုက ခလုတ်တွေကို နှိပ်နေသကဲ့သို့ ဟူ၍ပင်။ ရှင်ယဲ့ သံစဉ်တစ်ခုချင်းစီတိုင်းကို ဘယ်လိုတီးခတ်ရမလဲဆိုတာ မှတ်မိနိုင်ပြီး၊ ခက်ခဲသည့် သီချင်းများကိုပါ ပြီးပြည့်စုံစွာ တီးခတ်နိုင်သည်။ သို့သော် ဆရာက သူ၏ ဂီတမှာ အသက်မဲ့နေတာကြောင့် လူတွေရဲ့ စိတ်ကို မလှုပ်ကိုင်နိုင်ဘဲ၊ ပြောင်မြောက်သည့် အတီးအခတ််စွမ်းရည်ကိုသာ ကြွားလုံးထုတ်နိုင်မည်ဟု ဆိုခဲ့သည်။

ရှင်ယဲ့ အနုပညာလိုမျိုး သက်ဝင်ခံစားမှု အပြည့်အဝလိုအပ်သည့် အလုပ်မျိုးကို အသက်မွေးဝမ်းကျောင်းအနေနဲ့ တစ်ခါမှ လုပ်ဖို့ စိတ်မကူးခဲ့ဖူးပေ။ သူက ပညာရပ်တိုင်းကို နားလည်သဘောပေါက်ချင်တာသာဖြစ်သည်။

သတင်းပေးကျောင်းသားက ချောင်ချန့်ယူသွားသည့် သီချင်းသံစဉ်စာအုပ်၏ အမည်ကို ပြောပြပေးထားသည်။ ရှင်ယဲ့ သံစဉ်၏ e-book အား အင်တာနက်ပေါ်တွင် ရှာလိုက်ပြီး၊ တီးခတ်သည့်အချိန်နှင့်အကိုက် အလိုအလျောက် စာမျက်နှာများပြောင်းလဲပေးစေရန် သတ်မှတ်လိုက်၏။ သူ ထိုင်ခုံတစ်ခုကို ယူလိုက်ပြီး၊ စန္ဒရားရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက် သီချင်းအား တိကျစွာ စတင် တီးခတ််လိုက်လေသည်။

သို့ရာတွင် စန္ဒရားမှာ ပျက်နေလေ၏။ ခလုတ်အများစုမှာ အသံမထွက်ဘဲ၊ တချို့ခလုတ်များမှာလည်း အသံမမှန်ချေ။

သို့သော် ရှင်ယဲ့အတွက်တော့ ဒါတွေက အရေးမကြီးပေ။ သူ သီချင်းသံ ကောင်းသည်မကောင်းသည်ကို ဂရုမစိုက်ဘဲ၊ သံစဉ်ကို အဆုံးထိ တီးနိုင်ဖို့အရေးကိုသာ စိတ်နှစ်ထားသည်။

အမှားအယွင်းမရှိဘဲ သီချင်းအား အဆုံးထိတီးခတ်ပြီးစီးဖို့ရန်အတွက် နာရီဝက်ကြာမြင့်ခဲ့သည်။ ရှင်ယဲ့ နောက်ဆုံးခလုတ်အား နှိပ်လိုက်သည့်အချိန်၊ စန္ဒရားပေါ်ရှိ ခလုတ်များအားလုံးကို လက်မြောက်များစွာက တစ်ပြိုင်တည်း နှိပ်ချလိုက်သလို ဖြစ်သွားခဲ့ပြီး၊ ညည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို မမြင်နိုင်သည့် လက်တစ်စုံက ရှင်ယဲ့ တီးခတ်ခဲ့သည့် သံစဉ်အတိုင်း စန္ဒရားကို စတင်တီးခတ်လေတော့သည်။

ချောင်ချန့် သံစဉ်စာအုပ်ကို ယူသွားသည်မှာလည်း အံ့ဩစရာမဟုတ်တော့ပေ။ ပြဿနာက စန္ဒရားမဟုတ်ဘဲ၊ သီချင်းသံစဉ် ဖြစ်နေတာကို သိသွားတာကြောင့် ဖြစ်သည်ပင်။

ရှင်ယဲ့ စိတ်ရှည်ရှည်ဖြင့် နားထောင်ကြည့်လိုက်သည့်အခါ သံစဉ်တစ်ခုက သူတီးခဲ့တာနှင့် ကွဲပြားနေတာကို ရုတ်တရက် သတိထားမိသွားသည်။ သူ ချက်ချင်းပင် ထိုသံစဉ်ကို မှတ်သားလိုက်ပြီး၊ အာရုံစူးစိုက်စွာဖြင့် နားထောင်နေလိုက်သည်။ သူက မှတ်ဉာဏ်အားကောင်းပြီး ဂီတအကြောင်းလည်း နားလည်လေတာကြောင့် နာရီဝက်အကြာတွင် သံစဉ် သင်္ကေတ ၁၈ခု ကွဲပြားနေသည်ကို ရှာတွေ့ခဲ့လေ၏။

ချောင်ချန့် ဘာလို့ သံစဉ်စာအုပ်ကို ယူသွားလဲဆိုတာကို ရှင်ယဲ့ သဘောပေါက်လိုက်သည်။ ထို သံစဉ်စာအုပ်မှာ ခုနက အလိုအလျောက်တီးခတ်သွားသည့် သံစဉ်ဖြစ်ပြီး၊ ထိုသံစဉ်အား အင်တာနက်ပေါ်က တရားဝင်ထုတ်ထားသည် သံစဉ်စာအုပ်နှင့် နှိုင်းယှဉ်ကြည့်ဖို့ပင် ဖြစ်ရမည်။ သူမက သံစဉ်စာရွက်ကိုသာ ယူသွားလျှင် ကျန်သည့်သူများက ပြဿနာကို ရှာမတွေ့နိုင်လောက်ဘူးလို့ ထင်ခဲ့ပုံပေါ်သည်။

သို့သော် ဒါက ဂီတသင်္ကေတများဖြစ်နေသည်။ ဂီတ၏ သီအိုရီကို နားမလည်သည့် သူများက ဒီလို ရှည်လျားသည့် သံစဉ်စာရွက်ထဲမှာ ကွဲပြားနေသည့် သံစဉ်သင်္ကေတ၁၈ကို ရှာမည်ဆိုပါက မျက်လုံးများပင် ကန်းသွားနိုင်သည်။

ရှင်ယဲ့ သံစဉ်၁၈ခုအား အစဉ်လိုက်တိုင်း နှိပ်ကြည့်လိုက်၏။

သူ သီချင်းကို တီးခတ်ခဲ့တုန်းက ထို ခလုတ် ၁၈ခုမှာ အသံမထွက်သည်ကို ရှင်လင်းစွာ မှတ်မိလေသည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ရှင်ယဲ့ သူ ခလုတ်တစ်ခုကို တီးလိုက်တိုင်း အင်္ဂလိပ်စာလုံးတစ်လုံးကို သူ့နားထဲမှာ ကြားနေရလေသည်။

ရှင်ယဲ့ ထိုအင်္ဂလိပ်စာလုံံးများကို စာကြောင်းဖြစ်အောင် ရေးချလိုက်သည်: whokilledcockrobin

"Who Killed Cock Robin" မှာ လူသိများသည့် အင်္ဂလိပ်ကလေးကဗျာဖြစ်သည်။ ထိုကဗျာမှာ တရားခွင်တစ်ခု၏ ပုံပြင်ဇာတ်ကြောင်းကို ပြောပြထားသော ကဗျာတစ်ပုဒ်ဖြစ်လေ၏။ ရော်ဘင်မှာ တရားစွဲဆို ခံရတော့မည့် ငှက်တစ်ကောင်ဖြစ်သည်။ သို့သော် တရားခွင်မတိုင်ခင်မှာပဲ စာကလေးတစ်ကောင်ဆီက အသတ်ခံခဲ့ရသည်။ ဂရုမစိုက်သည့် ယင်ကောင်ဟာလည်း အဖြစ်အပျက်အကုန်လုံးကို မြင်ခဲ့သည်ဟု ဆိုသည်။ ငါးကလည်း သူ၏ သွေးကို ယူသွားသည်။ ကျန်သူများက ဘာမှမဖြစ်သလို ရပ်ကြည့်နေခဲ့ကြပြီး၊ ရော်ဘင် တကယ်သေသွားသည့်အခါကျမှ အကုန်လုံး ငိုကြွေးမြည်တမ်းကြတော့သည်။

ကလေးကဗျာ၏ အဆုံး၌ နောက်တရားခွင်မှာ ရော်ဘင်ကို သတ်ခဲ့သည့် စာကလေး၏ တရားခွင်ဖြစ်မည့်အကြောင်း ပြောထားသည်။

လူတိုင်းကတော့ ထို ကလေးကဗျာအပေါ် ကိုယ့်အဓိပ္ပာယ်ဖွင့်ချက်နှင့်ကိုယ်ရှိ ကြလေသည်။ ရှင်ယဲ့ အခုအချိန်မှာတော့ ထိုကဗျာ၏ အဓိပ္ပာယ်အပေါ် ထင်မြင်ချက်တွေ မထုတ်ချင်ပေ။ သူ အခု ဒီအဓိကကျသည့် အချက်အလက်ကိုသာ ဖျက်ဆီးပစ်ချင်နေသည်။

ထို့ကြောင့် သူ စန္ဒရားအား တစ်စစီဖြစ်အောင် အကြမ်းပတမ်း စတင် ဖျက်ဆီးလေတော့သည်။ စန္ဒရားအသံမထွက်အောင် လုပ်ရုံလောက်ကတော့ အသုံးမဝင်ချေ။ လုံးဝ အလုပ်မလုပ်တော့အောင်ကို ဖျက်ဆီးပစ်မှ ရပေမည်။

သူ စန္ဒရားပြင်သည့် ကိရိယာများကို ယူကာ ခလုတ်များကို တစ်ခုပြီး တစ်ခု ဖြုတ်ပစ်လိုက်လေ၏။

"မင်းဘာလုပ်နေတာလဲ! ဒါ အများပိုင် ပစ္စည်း!" လူတစ်ယောက်က ဂီတခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ ရှင်ယဲ့က အဖျက်အမှောက်လုပ်နေသည်ကို တွေ့သည့်အခါ ချက်ချင်း ပြေးဝင်လာခြင်းဖြစ်သည်။

သူက ရှင်ယဲ့ကို တားနေသည်မှာ အထင်အရှားဖြစ်သော်လည်း သူ၏ အသံမှာ အလွန်ပင် တိုးညင်းနေသည်။ အခြားသူများကြားသွားမှာ ကြောက်နေသကဲ့သို့ပင်။

"ဪ ဟုတ်လား? အဲ့တော့ ဘယ်လောက်လဲ၊ ကျသလောက်ပေးမယ်" ရှင်ယဲ့ ကျောပိုးအိတ်ထဲမှ ပိုက်ဆံနှစ်အုပ် ထုတ်လိုက်၏။ "ဒီလောက်ဆို ရပြီလား? မလောက်ရင် ရှိသေးတယ်"

ထိုလူက ကြောင်တောင်တောင်ဖြစ်သွားပြီး၊ ရှက်ရွံ့စွာ ပြုံးလိုက်သည်: "ငါ၊ ငါက ဒီဌာနက တာဝန်ရှိသူမဟုတ်ဘူး"

သတ်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်ဖြစ်ပြီး၊ အသက်သုံးဆယ်ကျော်လောက် ရှိပုံပေါ်သည်။ ရှင်ယဲ့ သူ့ကို ခပ်တည်တည်ပင်ကြည့်ကာ ဆိုလိုက်၏:
"အထက်တန်းပထမနှစ်ရဲ့ ကာယဆရာ တင်းချန်ရွှမ်း။ ဆရာတင်း ဘာလို့ ဂီတခန်းကို ရောက်လာတာလဲ?"

"ဒီက ကျောင်းသားက ဆရာ့ကို သိတာလား?" ဆရာတင်း၏ မျက်နှာမှာ အလွန်ပင်သာမန်ဆန်လှသည်။ လူအုပ်ထဲမှာဆို တစ်ခါတွေ့လိုက်တာနှင့် မေ့သွားမည့် ရုပ်မျိုး ဖြစ်သည်။

ရှင်ယဲ့ ဆရာများနှင့် ဝန်ထမ်းများ၏ အချက်အလက်တွေ အကုန်လုံးကို မှတ်မိဖို့ရာ တော်တော်လေး အားစိုက်ထုတ်ခဲ့ရသည်။ နောက်ဆုံးတော့လည်း အကုန်လုံးက သံသဃဖြစ်စရာကောင်းနေပြန်သည်။ ယာယီအစားထိုးဝင်လာသည့် ကစားသူများမှာတော့ အလုပ်လုပ်တာ ကျွမ်းကျွမ်းကျင်ကျင်ရှိမည်မဟုတ်ဘဲ၊ တကယ့် ဆရာများကတော့ ချောမွေ့စွာ လုပ်ကိုင်နိုင်မှာဖြစ်သည်။

"ခင်ဗျားတို့အတန်းထဲမှာ လှတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးကို ခဏခဏလာကြည့်ရင်းနဲ့ ဘာမှမဟုတ််တဲ့ ခင်ဗျားကို ဒီတိုင်းမှတ်မိသွားတာ" ရှင်ယဲ့ စန္ဒရားပေါ် ထိုင်ချလိုက်ပြီး၊ ခြေထောက်ဖြင့် ကန်လိုက်သည်။ စန္ဒရားအတွက် နည်းနည်းမှကို စိတ်မကောင်းဖြစ်သည့်ပုံမပေါ်ပေ။

"မင်း...ဟူး၊ ပျက်နေတဲ့ စန္ဒရားဆိုရင်တောင် တန်ဖိုးထားရမယ်လေ။ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ...." ဆရာတင်းမှာ စိတ်သောက ရောက်နေသော လေသံဖြင့် ဆိုလေသည်။

ရှင်ယဲ့ ခဏလောက် အကဲခတ်လိုက်ပြီးနောက်၊ ရုတ်တရက် ပြုံးလိုက်၏: "အဓိက သဲလွန်စကို ဖျောက်ချင်လို့။ ဒီ စန္ဒရားထဲမှာ ဖွက်ထားတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သိပြီးပြီ။ အဲ့ဒါကြောင့် ကျန်တဲ့လူတွေ ရှာတွေ့ဖို့ အခွင့်အရေးမရှိအောင်လုပ်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ကံကြမ္မာလိုက်နာသူ"

ဆရာတင်းမှာ ထိတ်လန့်သွားပြီး၊ ရုတ်တရက်ဆိုသလို မျက်နှာမည်းသွားသည်: "မင်းလည်း ကစားသူပဲလား?"

"ကျွန်တော်က ကံကြမ္မာဆန့်ကျင်သူ" ရှင်ယဲ့ တည့်တည့်သာ ပြောလိုက်၏။ "ခင်ဗျားက တစ်ယောက်တည်း ဆိုတော့၊ ကျွန်တော်နဲ့ မပူးပေါင်းချင်ဘူးလား?"

"မင်း ဘယ်လိုလုပ်သိတာ.... မဟုတ်ဘူး၊ ဘာလို့ ငါက မင်းနဲ့ ပူးပေါင်းရမှာလဲ?" ဆရာတင်းက မေးလေ၏။ "မင်းကြည့်ရတာ ငါ့အစွမ်းကို မသိသေးပါဘူး။ ငါ ဒီ levelကို တစ်ယောက်တည်း ကျော်ဖြတ်နိုင်တယ်။ ပြီးတော့ ငါတို့က အဖွဲ့လည်း တူတာမဟုတ်ဘူး။ ရှုပ်ထွေးပွေလီကမ္ဘာတွေ ပြီးသွားတဲ့အခါ အစဦးကမ္ဘာလိုမျိုး ကစားသူအချင်းချင်း ပြိုင်ရတဲ့ ကမ္ဘာတွေလာလိမ့်မယ်။ အဲ့ဒီတော့ အချင်းချင်းပူးပေါင်းလို့ ဘာအကျိုးမှ မရှိဘူး"

"ကျွန်တော်က လူတွေကို အကဲခတ်တတ်တယ်လေ" ရှင်ယဲ့ကဆို၏။ "ခင်ဗျား ဒီအခန်းထဲကို ဝင်လာတုန်းက ပထမဆုံးလုပ်လိုက်တဲ့ အပြုအမူက ကျွန်တော့်ကို လက်လွတ်စပယ် တိုက်ခိုက်ဖို့မဟုတ်ဘဲ တားရုံပဲ တားခဲ့တယ်။ အဲ့ဒါကို ကြည့်ရင် ခင်ဗျားက တည်ငြိမ်တဲ့လူလို့ ပြောလို့ရတယ်။ ကျွန်တော်က ဘယ်သူဘယ်ဝါလဲဆိုတာ သေချာမသိသေးခင်မှာ၊ အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်ဘူး"

အပြင်ပန်းမှာ တည်ငြိမ်တာအပြင်၊ တွန့်ဆုတ်တတ်ပြီး၊ ပြတ်သားမှုလည်း မရှိ၊ တစ်ခုခုကို ရွေးချယ်ဖို့ရာမှာလည်း ခက်ခဲနေသည့် ဟာကွက်များစွာ ရှိနေသည်။ ထိုကဲ့သို့ အကျင့်စရိုက်ရှိသည့် လူစားမျိုးမှာ ကြိုးကိုင်ခြယ်လှယ်ဖို့ရာ လွယ်ကူလေသည်။

"ခင်ဗျား အံဖွယ်ဒဏ္ဍာရီဘယ်နှခု စုံစမ်းပြီးပြီလဲ?" ရှင်ယဲ့ မေးလိုက်၏။

ဆရာတင်းက မျက်နှာနီသွားသည်: "ငါ အခုထိ မရှာရသေးဘူး။ ညဘက်ကြီးမှာ မိန်းကလေးအဆောင်ကို သွားဖို့ ငါ ရှက်တယ်။ ကျောင်းအအောက်အအုံတွေမှာ ၄၀၄ဆိုတဲ့ အခန်းနံပါတ်မရှိဘူး။ ရုံးအဆောက်အအုံမှာကော အဆောင်အဆောက်အအုံမှာကော။ ပြီးတော့ စင်္ကြံလမ်းတွေမှာလည်း မွန်နာလီဇာ ပန်းချီကားမရှိဘူး။ ငါ မနေ့က စန္ဒရားကို နားထောင်ကြည့်တော့လည်း ဘာသံမှမကြားဘူး။ ဒီနေ့ နေ့လယ် နောက်တစ်ခေါက် ပြန်လာတော့မှ မင်း စန္ဒရားကို ဖျက်ဆီးနေတာကို တွေ့တာ"

ကစားသူတွေက မိန်းကလေးအဆောင်ကို သွားဖို့ မသင့်တော်ဘူးဟု ပြောသည်ဆိုတော့၊ ကြည့်ရသည်မှာ ထိုလူက ယောကျာ်းမိန်းမကျင့်ဝတ် နားလည်သည့် ပုံပေါ်သည်။ ထိုကဲ့သို့သာဖြစ်လျှင် အပေါ်ယံ ပူပေါင်းမှုက အဆင်ပြေလောက်သည်။

"ကျွန်တော် ဒဏ္ဍာရီနှစ်ခုကို စုံစမ်းပြီးသွားပြီ။ ကစားသူလေးယောက်ရဲ့ သရုပ်မှန်ကိုလည်း အတည်ပြုနိုင်ထားတယ်။ ခင်ဗျား ကျွန်တော်နဲ့ မပူးပေါင်းဘူးဆိုတာ သေချာလား?" ရှင်ယဲ့ မေးလေသည်။

"ဒါမှမဟုတ် ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ကမ္ဘာသုံးခုထက်ပိုပြီး အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ဆိုတာသိလို့ လက်ထဲက မရှိမယ့်ရှိမယ့် QR codeလေးကို သုံးပြီး၊ ကျွန်တော့်ဆီက သတင်းနှိုက်မထုတ်နိုင်တာလား?"

ဆရာတင်းမှာ အံ့အားသင့်စွာဖြင့် ဆိုလေသည်: "ငါက ကမ္ဘာသုံးခုပဲ အတွေ့အကြုံရှိတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ? ငါ အခုမှ သုံးခုမြောက်ကမ္ဘာကို ရောက်တာ။ အဲ့လောက်ထိ ခက်မယ် မထင်ထားဘူး!"

ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ တခြားစီနီယာ ကစားသူတွေက ဂိမ်းကမ္ဘာထဲဂာမန်လူတွေကို အဖက်မလုပ်သလို အကြည့်မျိုးမရှိလို့လေ။ ပြီးတော့ အရူးလုပ်ဖို့ကလည်း လွယ်သေးတယ်။ ရှင်ယဲ့ စိတ်ထဲမှ တွေးလိုက်၏။

စာရေးသူ ပြောစရာရှိသည်:

ရှင်ယဲ့ : ကံကြမ္မာလိုက်နာအဖွဲ့က လူတွေက ဒီလိုပဲ နုံအပြီး ချစ်စရာကောင်းကြတာလား?

မှန်: လူတွေဆိုတာ ဘယ်သူ့ကို ပြောတာလဲ?

T/N _ Who Killed Cock Robin ကို ဒီ wiki linkထဲမှာ ဖတ်ကြည့်လို့ရပါတယ်

https://en.m.wikipedia.org/wiki/Cock_Robin


(Zawgyi)

                Chapter 24 _ စႏၵရား

လူတခ်ိဳ႕မွာ ပုံမွန္အားျဖင့္ေတာ့ သူေတာ္ေကာင္းေယာင္ေဆာင္တတ္ၾကသည္။ သို႔ေသာ္ ကိုယ္က်င့္တရားႏွင့္ ဉပေဒဆိုသည့္ ခ်ည္ေႏွာင္ထားေသာ ႀကိဳးမ်ား လြတ္ထြက္သြားသည့္ အခ်ိန္မွာေတာ့ ထိုသူမ်ားက မထင္မွတ္ထားသည့္ အရာမ်ားကို လုပ္တတ္ၾကေလ၏။ ဉပမာဆိုလွ်င္ ဝူယြီပင္ျဖစ္သည္။

သူ႔မွာ အထူးစြမ္းရည္မ်ားရွိတာေၾကာင့္ ဒီကမာၻေပၚမွ အခ်ိန္မေ႐ြး ထြက္ခြာသြားႏိုင္သည္။ သူ႔ကိုယ္သူ သာမန္လူမ်ားထက္ သာလြန္ေသာ တည္ရွိမႈတစ္ခုအျဖစ္ မွတ္ယူထားၿပီး၊ ဒီလိုကမာၻေတြထဲမွာ သူလုပ္ခ်င္တာ လုပ္လို႔ရသည္ဟု ထင္မွတ္ထားသည္။

ရွင္ယဲ့ သူကိုယ္တိုင္၏ ကိုယ္က်င့္တရားစံသတ္မွတ္ခ်က္မ်ားျဖင့္ အျခားသူမ်ားကို အတင္းဓမၼ ခိုင္းႏႈိင္း၍ မရဘူးဆိုတာ သိသည္။ သို႔ေသာ္လည္း ဒီလို အေျခအေနမ်ိဳးျဖင့္ ႀကဳံေတြရသည့္အခါမွာေတာ့ ေသခ်ာေပါက္ ေဒါသထြက္မိမွာပင္။

ကံေကာင္းေထာက္မစြာျဖင့္ အတန္းပိုင္အဂၤလိပ္စာဆရာမကို တစ္ခုခု ထိခိုက္ေအာင္ မလုပ္ရေသးခင္မွာ တားဆီးလိုက္ႏိုင္သည္။ ရွင္ယဲ့ ထိုတားလိုက္ႏိုင္သည့္ ေက်ာင္းသားအား ေငြအခ်ိဳ႕ထပ္ေပးလိုက္ၿပီး၊ ဝူယြီအား ေစာင့္ၾကည့္ရန္အတြက္ သူ႔သူငယ္ခ်င္းမ်ားကိုပါ စည္း႐ုံးခိုင္းလိုက္၏။ ဝူယြီ မဟုတ္တာတစ္ခုခု လုပ္ေတာ့မည္ဆိုလွ်င္ ရဲကိုပါ ေခၚလို႔ရသည္ဟု ေျပာလိုက္သည္။ ေက်ာင္းသားမ်ားကလည္း ဝမ္းပန္းတသာ လက္ခံၾကေလ၏။

ပိုက္ဆံ၏ စြမ္းအားျဖင့္ ဆင့္ေခၚထားသည့္ သတင္းေပးညီေလးတစ္ေယာက္က ဝူယြီႏွင့္ ဆက္သြယ္ေနေသာ စီနီယာေက်ာင္းသား၏ ပုံကို ပို႔လာသည္။ ႐ိုက္သည့္သူက အေဝးကေနမသိေအာင္ ေခ်ာင္း႐ိုက္ထားတာျဖစ္တာေၾကာင့္ ဝူယြီက ထိုလူနားမွာ တီးတိုးေျပာေနသည္ကိုသာ ေတြ႕ႏိုင္ေလ၏။ ထိုစီနီယာေက်ာင္းသား၏ မ်က္ႏွာႏွင့္ ပုံသဏၭာန္ကို ေသခ်ာမျမင္ရေပ။

ကံေကာင္းသည္က ထိုညီေလးက အလြန္ပင္ ပါးနပ္သူျဖစ္ေနတာပင္။ သူ၏အသိ တတိယႏွစ္ေက်ာင္းသားမ်ားအား ထိုစီနီယာေက်ာင္းသား၏ နာမည္ကို ေမးလိုက္ၿပီးေနာက္၊ သူ၏ ကိုယ္တစ္ပိုင္းပုံကိုပါ ရွင္ယဲ့အား ပို႔ေပးလာသည္။

ထိုစီနီယာေက်ာင္းသား၏ နာမည္မွာ သီခြမ့္ျဖစ္ၿပီး၊ အရပ္က ၁၉၀ စင္တီမီတာ ရွည္လ်ားသည္။ သူ၏ ခႏၶာကိုယ္ပုံစံအေနအထားအား ၿခဳံၾကည့္ရလွ်င္ အထက္တန္းေက်ာင္းသားတစ္​ေယာက္ႏွင့္ လုံးဝမတူေပ။ လူေတြကို ျပတ္သားၿပီး တုံ႔ဆိုင္းျခင္းမရွိသည့္ ခံစားခ်က္ကိုပါ ေပးေနသည္။ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ သူက ဝူယြီေနာက္ကြယ္က လူဆိုတာ ရွင္ယဲ့ သိလိုက္သည္။ သီခြမ့္က ဝူယြီအား လူေရွ႕မွာ က်န္ကစားသူမ်ားကို အာ႐ုံလႊဲခိုင္းထားၿပီး။ သူကိုယ္တိုင္ကေတာ့ ေနာက္ကြယ္၌သာ လႈပ္ရွားေနတာျဖစ္သည္။

သူတို႔၏ ေတြ႕ဆုံမႈမွာလည္း ေတာ္ေတာ္ပင္ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ရွိလွသည္။ ေယာက်္ားေလး သန္႔စင္ခန္းထဲ၌ ျဖစ္သည္။ လူအားလုံးအတြက္အက်ဳံးဝင္သည့္ ပိုက္ဆံ၏ စြမ္းအားေၾကာင့္သာ မဟုတ္လွ်င္ အဆုံးထိ သီခြမ့္ကို ရွာဖို႔ ခက္ခဲမွာျဖစ္၏။

သီခြမ့္၏ ပုံကို ၾကည့္ရသေလာက္ ရင္ဆိုင္ရ လြယ္ကူမည္မဟုတ္သည့္ အင္အားႀကီးေသာ ၿပိဳင္ဘက္ျဖစ္ေၾကာင္း ရွင္ယဲ့ အသိအမွတ္ျပဳလိုက္သည္။

ရွင္ယဲ့ တစ္စုံတစ္ခုကို စဥ္းစားမိသြားၿပီးေနာက္ ဘယ္ဘက္အက်ႌအိတ္ကပ္ထဲမွ မိတ္ကပ္မွန္ေလးကိုထုတ္ကာ၊ အဖုံးကို ဖြင့္လိုက္၏။ ထို႔ေနာက္ သူ႔အား သီခြမ့္၏ ပုံကို ျပလိုက္ေလသည္: "သူ႔ကို သိလား?"

"မျမင္ဖူးဘူး" မွန္က ဝံ့ႂကြားစြာဆိုေလ၏။ "ငါက အဆင့္ျမင့္ကမာၻထိေအာင္ ကစားခဲ့တဲ့ သူေလ။ ငါေလာက္ ကစားသူသက္တမ္းရင့္တဲ့ ၿပိဳင္ဘက္က ဘယ္လိုလုပ္ၿပီး ဒီလို ရႈပ္ေထြးေပြလီကမာၻေလးမွာ ရွိႏိုင္မွာလဲ။ သူက ဒီတိုင္း ဘာမွမဟုတ္တဲ့ လူသစ္ေလးပါ"

"အခုၾကည့္တာေကာ ဘယ္လိုျမင္လဲ?"

"ေသေအာင္ ႐ုပ္ဆိုးတယ္" မွန္၏ အသံမွာ အလြန္ပင္ မႏွစ္ၿမိဳ႕သည့္ ပုံေပၚေနေလ၏။

႐ုပ္ဆိုးတယ္....ဟုတ္လား? ရွင္ယဲ့ သီခြမ့္၏ ပုံကို အျပန္ျပန္အလွန္လွန္ၾကည့္လိုက္သည္။ ဘယ္လိုပဲၾကည့္ၾကည့္ သူက ခန္႔ညားၿပီး ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ရွိသည့္ သူဟု ခံစားရသည္။ သူ႔ပုံစံက ၾကမ္းတမ္းၿပီး အ႐ိုင္းဆန္သည့္ အလွမ်ိဳးရွိၿပီး၊ ထိုခႏၶာကိုယ္ ပုံစံႏွင့္ဆို ေမာ္ဒယ္ေတာင္ လုပ္လို႔ရႏိုင္သည္။ အခုေခတ္မွာ ထိုကဲ့သို႔အသြင္အျပင္မ်ိဳးက ေရပန္းစားသည္ပင္။

ထိုလိုလူကို မွန္က ႐ုပ္ဆိုးတယ္ဟု ေျပာတာကိုၾကည့္ၿပီး၊ ရွင္ယဲ့ မေနႏိုင္စြာ ေမးမိလိုက္သည္: "မင္းရဲ႕ မ်က္လုံးထဲမွာ ဘယ္သူကမွ ေခ်ာတယ္လွတယ္လို႔ ထင္တာလဲ?"

မွန္က ခဏေလာက္ စဥ္းစားၿပီး ျပန္ေျဖေလ၏: "ငါ့ကိုယ္ငါပဲ ထင္တယ္"

ရွင္ယဲ့: "....."

"မင္းသိရမွာက၊ ငါ ေန႔တိုင္း ငါ့မ်က္ႏွာကို မွန္ထဲမွာၾကည့္တယ္။ အဲ့လိုနဲ႔ ၾကာလာေတာ့ လူတိုင္းကို ႐ုပ္ဆိုးတယ္လို႔ ထင္သြားတာပဲ" မွန္၏ ေလသံမွာ တကယ္ အတည္ႀကီး ေျပာေနသလိုပင္။

ရွင္ယဲ့ စကားတစ္ခြန္းမွ မေျပာေတာ့ဘဲ မွန္ကို ပိတ္ကာ အိတ္ကပ္ထဲသို႔ ျပန္ထည့္လိုက္၏။ သူ အရမ္း အလုပ္မ်ားေနၿပီး၊ ျပင္ဆင္စရာေတြလည္း တစ္ပုံႀကီး ရွိေနေသးသည္။

အတန္းတစ္ခ်ိန္လုံးပ်က္ေနသည့္ ရွင္ယဲ့မွာ ေက်ာင္းအတြင္း၌ေတာ့ လွည့္လည္သြားလာေနေလ၏။ သူက ေက်ာင္းဝန္းရွိ အံဖြယ္ဒဏၭာရီ ခုႏွစ္ခုထဲက
ႏွစ္ခုအေၾကာင္းကို အေလးထားေလ့လာေနျခင္းျဖစ္သည္။

'ေမွာင္စပ်ိဳးလာတဲ့အခါ ေက်ာင္းထဲမွာ လမ္းေလွ်ာက္ေနရင္းနဲ႔ တစ္ေယာက္ေယာက္က ကိုယ့္ကို အေနာက္ကေန ေစာင့္ၾကည့္ေနသလို ခံစားရလိမ့္မယ္'၊ ႏွင့္ 'ဘာလို႔ တစ္စုံတစ္ေယာက္က ငါ့ပုခုံးကို လာပုတ္လိုက္တယ္လို႔ ခံစားရတာလဲ?' တို႔ျဖစ္သည္။

က်န္သည့္ ငါးခုမွာေတာ့တိက်သည့္ အခ်ိန္ႏွင့္ ေနရာတို႔ ရွိၾကသည္။ ည၁၂နာရီအတိ ၌ မိန္းကေလးအေဆာင္၊ လျပည့္ညက ေကာင္ေလး၊ ဂီတခန္းက စႏၵရား၊ စႀကႍလမ္းက မြန္နာလီဇာ၊ ထို႔အျပင္ အခန္း၄၀၄မွာေနသည့္ လူတစ္ေယာက္ သို႔မဟုတ္ လူမ်ား တို႔ျဖစ္ၾက၏။ ထို ႏွစ္ခုတည္းကသာ ေက်ာင္းဝန္းတစ္ခုလုံးတြင္ ျဖစ္လာႏိုင္ၿပီး၊ အဓိကဇာတ္လိုက္မွာလည္း "သင္" ျဖစ္ေနသည္။

ျဖစ္ႏိုင္သည္က ကစားသူက သတ္မွတ္ထားသည့္အေျခအေနတစ္ခုကို ႀကဳံေတြ႕ရၿပီးေနာက္မွာမွ ဒ႑ာရီကို ရွာေဖြေတြ႕ရွိႏိုင္မွာ ျဖစ္သည္။ ထိုသို႔ဆိုလွ်င္ ထိုအျဖစ္အပ်က္ႏွစ္ခုက ဆက္စပ္ေနသည္လား?

ရွင္ယဲ့ စဥ္းစားေနရင္းျဖင့္ စႏၵရားခန္းဆီသို႔ ေလွ်ာက္သြားလိုက္၏။ ေခ်ာင္ခ်န႔္က ဒီအခန္းထဲကေန စာအုပ္တစ္အုပ္ယူသြားခဲ့သည္။ ၾကည့္ရသည္မွာ သူရွာေတြ႕သြားသည့္ သဲလြန္စပင္ျဖစ္ရမည္။

ယခုမွာ ေန႔လယ္ခ်ိန္ျဖစ္ၿပီး၊ စႏၵရားခန္္းထဲတြင္ လူတစ္ေယာက္မွ ရွိမေနေခ်။ သို႔ေသာ္ တံခါးကိုေတာ့ ေသာ့ခတ္မထားေပ။ ေဟာင္းႏြမ္းၿပီး ဖုန္တက္ေနသည့္ စႏၵရားႀကီးကေတာ့ အခန္းေထာင့္မွာ ရွိေနသည္။

ရွင္ယဲ့ အဝတ္တစ္ခုကို ယူလိုက္ၿပီး၊ စႏၵရားအဖုံးအား ေသခ်ာစြာ ဖြင့္လိုက္ကာ ဖုန္္မ်ားကို ခါလိုက္သည္။ ထို႔ေနာက္ စႏၵရားခလုတ္မ်ားအား ႏွိပ္ၾကည့္လိုက္ေလ၏။

ေျပာရလွ်င္၊ သူငယ္ငယ္တုန္းက စႏၵရားတီး သင္ခဲ့ဖူးသည္။

စႏၵရား၊ ပန္းခ်ီ၊ လက္ေရးလွ၊ ကိုယ္ခံပညာ....ရွင္ယဲ့၏ သင္ယူႏိုင္သည့္ စြမ္းရည္က အလြန္ျမင့္သည္။ ဘာကိုပဲ သင္ယူသင္ယူ သူ၏ မိဘမ်ားက ဆရာအေျမာက္အမ်ားေခၚေပးၿပီး၊ ရွင္ယဲ့ကလည္း ဂ႐ုတစိုက္ ေလ့လာ သင္ယူတတ္သည္။

ဂီတဆရာက သူ၏ စႏၵရားလက္သံမွာ ခံစားခ်က္ကင္းမဲ့ေနသည္ဟု ေျပာဖူးသည္။ အရည္အေသြးေကာင္းသည့္ စက္တစ္ခုက ခလုတ္ေတြကို ႏွိပ္ေနသကဲ့သို႔ ဟူ၍ပင္။ ရွင္ယဲ့ သံစဥ္တစ္ခုခ်င္းစီတိုင္းကို ဘယ္လိုတီးခတ္ရမလဲဆိုတာ မွတ္မိႏိုင္ၿပီး၊ ခက္ခဲသည့္ သီခ်င္းမ်ားကိုပါ ၿပီးျပည့္စုံစြာ တီးခတ္ႏိုင္သည္။ သို႔ေသာ္ ဆရာက သူ၏ ဂီတမွာ အသက္မဲ့ေနတာေၾကာင့္ လူေတြရဲ႕ စိတ္ကို မလႈပ္ကိုင္ႏိုင္ဘဲ၊ ေျပာင္ေျမာက္သည့္ အတီးအခတ္္စြမ္းရည္ကိုသာ ႂကြားလုံးထုတ္ႏိုင္မည္ဟု ဆိုခဲ့သည္။

ရွင္ယဲ့ အႏုပညာလိုမ်ိဳး သက္ဝင္ခံစားမႈ အျပည့္အဝလိုအပ္သည့္ အလုပ္မ်ိဳးကို အသက္ေမြးဝမ္းေက်ာင္းအေနနဲ႔ တစ္ခါမွ လုပ္ဖို႔ စိတ္မကူးခဲ့ဖူးေပ။ သူက ပညာရပ္တိုင္းကို နားလည္သေဘာေပါက္ခ်င္တာသာျဖစ္သည္။

သတင္းေပးေက်ာင္းသားက ေခ်ာင္ခ်န႔္ယူသြားသည့္ သီခ်င္းသံစဥ္စာအုပ္၏ အမည္ကို ေျပာျပေပးထားသည္။ ရွင္ယဲ့ သံစဥ္၏ e-book အား အင္တာနက္ေပၚတြင္ ရွာလိုက္ၿပီး၊ တီးခတ္သည့္အခ်ိန္ႏွင့္အကိုက္ အလိုအေလ်ာက္ စာမ်က္ႏွာမ်ားေျပာင္းလဲေပးေစရန္ သတ္မွတ္လိုက္၏။ သူ ထိုင္ခုံတစ္ခုကို ယူလိုက္ၿပီး၊ စႏၵရားေရွ႕တြင္ ထိုင္လိုက္သည္။ ထို႔ေနာက္ သီခ်င္းအား တိက်စြာ စတင္ တီးခတ္္လိုက္ေလသည္။

သို႔ရာတြင္ စႏၵရားမွာ ပ်က္ေနေလ၏။ ခလုတ္အမ်ားစုမွာ အသံမထြက္ဘဲ၊ တခ်ိဳ႕ခလုတ္မ်ားမွာလည္း အသံမမွန္ေခ်။

သို႔ေသာ္ ရွင္ယဲ့အတြက္ေတာ့ ဒါေတြက အေရးမႀကီးေပ။ သူ သီခ်င္းသံ ေကာင္းသည္မေကာင္းသည္ကို ဂ႐ုမစိုက္ဘဲ၊ သံစဥ္ကို အဆုံးထိ တီးႏိုင္ဖို႔အေရးကိုသာ စိတ္ႏွစ္ထားသည္။

အမွားအယြင္းမရွိဘဲ သီခ်င္းအား အဆုံးထိတီးခတ္ၿပီးစီးဖို႔ရန္အတြက္ နာရီဝက္ၾကာျမင့္ခဲ့သည္။ ရွင္ယဲ့ ေနာက္ဆုံးခလုတ္အား ႏွိပ္လိုက္သည့္အခ်ိန္၊ စႏၵရားေပၚရွိ ခလုတ္မ်ားအားလုံးကို လက္ေျမာက္မ်ားစြာက တစ္ၿပိဳင္တည္း ႏွိပ္ခ်လိုက္သလို ျဖစ္သြားခဲ့ၿပီး၊ ညည္းသံႀကီးတစ္ခု ထြက္ေပၚလာခဲ့သည္။

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို မျမင္ႏိုင္သည့္ လက္တစ္စုံက ရွင္ယဲ့ တီးခတ္ခဲ့သည့္ သံစဥ္အတိုင္း စႏၵရားကို စတင္တီးခတ္ေလေတာ့သည္။

ေခ်ာင္ခ်န႔္ သံစဥ္စာအုပ္ကို ယူသြားသည္မွာလည္း အံ့ဩစရာမဟုတ္ေတာ့ေပ။ ျပႆနာက စႏၵရားမဟုတ္ဘဲ၊ သီခ်င္းသံစဥ္ ျဖစ္ေနတာကို သိသြားတာေၾကာင့္ ျဖစ္သည္ပင္။

ရွင္ယဲ့ စိတ္ရွည္ရွည္ျဖင့္ နားေထာင္ၾကည့္လိုက္သည့္အခါ သံစဥ္တစ္ခုက သူတီးခဲ့တာႏွင့္ ကြဲျပားေနတာကို ႐ုတ္တရက္ သတိထားမိသြားသည္။ သူ ခ်က္ခ်င္းပင္ ထိုသံစဥ္ကို မွတ္သားလိုက္ၿပီး၊ အာ႐ုံစူးစိုက္စြာျဖင့္ နားေထာင္ေနလိုက္သည္။ သူက မွတ္ဉာဏ္အားေကာင္းၿပီး ဂီတအေၾကာင္းလည္း နားလည္ေလတာေၾကာင့္ နာရီဝက္အၾကာတြင္ သံစဥ္ သေကၤတ ၁၈ခု ကြဲျပားေနသည္ကို ရွာေတြ႕ခဲ့ေလ၏။

ေခ်ာင္ခ်န႔္ ဘာလို႔ သံစဥ္စာအုပ္ကို ယူသြားလဲဆိုတာကို ရွင္ယဲ့ သေဘာေပါက္လိုက္သည္။ ထို သံစဥ္စာအုပ္မွာ ခုနက အလိုအေလ်ာက္တီးခတ္သြားသည့္ သံစဥ္ျဖစ္ၿပီး၊ ထိုသံစဥ္အား အင္တာနက္ေပၚက တရားဝင္ထုတ္ထားသည္ သံစဥ္စာအုပ္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ဖို႔ပင္ ျဖစ္ရမည္။ သူမက သံစဥ္စာ႐ြက္ကိုသာ ယူသြားလွ်င္ က်န္သည့္သူမ်ားက ျပႆနာကို ရွာမေတြ႕ႏိုင္ေလာက္ဘူးလို႔ ထင္ခဲ့ပုံေပၚသည္။

သို႔ေသာ္ ဒါက ဂီတသေကၤတမ်ားျဖစ္ေနသည္။ ဂီတ၏ သီအိုရီကို နားမလည္သည့္ သူမ်ားက ဒီလို ရွည္လ်ားသည့္ သံစဥ္စာ႐ြက္ထဲမွာ ကြဲျပားေနသည့္ သံစဥ္သေကၤတ၁၈ကို ရွာမည္ဆိုပါက မ်က္လုံးမ်ားပင္ ကန္းသြားႏိုင္သည္။

ရွင္ယဲ့ သံစဥ္၁၈ခုအား အစဥ္လိုက္တိုင္း ႏွိပ္ၾကည့္လိုက္၏။

သူ သီခ်င္းကို တီးခတ္ခဲ့တုန္းက ထို ခလုတ္ ၁၈ခုမွာ အသံမထြက္သည္ကို ရွင္လင္းစြာ မွတ္မိေလသည္။ သို႔ေသာ္ ဒီတစ္ႀကိမ္မွာေတာ့ ရွင္ယဲ့ သူ ခလုတ္တစ္ခုကို တီးလိုက္တိုင္း အဂၤလိပ္စာလုံးတစ္လုံးကို သူ႔နားထဲမွာ ၾကားေနရေလသည္။

ရွင္ယဲ့ ထိုအဂၤလိပ္စာလုံံးမ်ားကို စာေၾကာင္းျဖစ္ေအာင္ ေရးခ်လိုက္သည္: whokilledcockrobin

"Who Killed Cock Robin" မွာ လူသိမ်ားသည့္ အဂၤလိပ္ကေလးကဗ်ာျဖစ္သည္။ ထိုကဗ်ာမွာ တရားခြင္တစ္ခု၏ ပုံျပင္ဇာတ္ေၾကာင္းကို ေျပာျပထားေသာ ကဗ်ာတစ္ပုဒ္ျဖစ္ေလ၏။ ေရာ္ဘင္မွာ တရားစြဲဆို ခံရေတာ့မည့္ ငွက္တစ္ေကာင္ျဖစ္သည္။ သို႔ေသာ္ တရားခြင္မတိုင္ခင္မွာပဲ စာကေလးတစ္ေကာင္ဆီက အသတ္ခံခဲ့ရသည္။ ဂ႐ုမစိုက္သည့္ ယင္ေကာင္ဟာလည္း အျဖစ္အပ်က္အကုန္လုံးကို ျမင္ခဲ့သည္ဟု ဆိုသည္။ ငါးကလည္း သူ၏ ေသြးကို ယူသြားသည္။ က်န္သူမ်ားက ဘာမွမျဖစ္သလို ရပ္ၾကည့္ေနခဲ့ၾကၿပီး၊ ေရာ္ဘင္ တကယ္ေသသြားသည့္အခါက်မွ အကုန္လုံး ငိုေႂကြးျမည္တမ္းၾကေတာ့သည္။

ကေလးကဗ်ာ၏ အဆုံး၌ ေနာက္တရားခြင္မွာ ေရာ္ဘင္ကို သတ္ခဲ့သည့္ စာကေလး၏ တရားခြင္ျဖစ္မည့္အေၾကာင္း ေျပာထားသည္။

လူတိုင္းကေတာ့ ထို ကေလးကဗ်ာအေပၚ ကိုယ့္အဓိပၸာယ္ဖြင့္ခ်က္ႏွင့္ကိုယ္ရွိ ၾကေလသည္။ ရွင္ယဲ့ အခုအခ်ိန္မွာေတာ့ ထိုကဗ်ာ၏ အဓိပၸာယ္အေပၚ ထင္ျမင္ခ်က္ေတြ မထုတ္ခ်င္ေပ။ သူ အခု ဒီအဓိကက်သည့္ အခ်က္အလက္ကိုသာ ဖ်က္ဆီးပစ္ခ်င္ေနသည္။

ထို႔ေၾကာင့္ သူ စႏၵရားအား တစ္စစီျဖစ္ေအာင္ အၾကမ္းပတမ္း စတင္ ဖ်က္ဆီးေလေတာ့သည္။ စႏၵရားအသံမထြက္ေအာင္ လုပ္႐ုံေလာက္ကေတာ့ အသုံးမဝင္ေခ်။ လုံးဝ အလုပ္မလုပ္ေတာ့ေအာင္ကို ဖ်က္ဆီးပစ္မွ ရေပမည္။

သူ စႏၵရားျပင္သည့္ ကိရိယာမ်ားကို ယူကာ ခလုတ္မ်ားကို တစ္ခုၿပီး တစ္ခု ျဖဳတ္ပစ္လိုက္ေလ၏။

"မင္းဘာလုပ္ေနတာလဲ! ဒါ အမ်ားပိုင္ ပစၥည္း!" လူတစ္ေယာက္က ဂီတခန္းထဲသို႔ ေျပးဝင္လာခဲ့သည္။ ရွင္ယဲ့က အဖ်က္အေမွာက္လုပ္ေနသည္ကို ေတြ႕သည့္အခါ ခ်က္ခ်င္း ေျပးဝင္လာျခင္းျဖစ္သည္။

သူက ရွင္ယဲ့ကို တားေနသည္မွာ အထင္အရွားျဖစ္ေသာ္လည္း သူ၏ အသံမွာ အလြန္ပင္ တိုးညင္းေနသည္။ အျခားသူမ်ားၾကားသြားမွာ ေၾကာက္ေနသကဲ့သို႔ပင္။

"ဪ ဟုတ္လား? အဲ့ေတာ့ ဘယ္ေလာက္လဲ၊ က်သေလာက္ေပးမယ္" ရွင္ယဲ့ ေက်ာပိုးအိတ္ထဲမွ ပိုက္ဆံႏွစ္အုပ္ ထုတ္လိုက္၏။ "ဒီေလာက္ဆို ရၿပီလား? မေလာက္ရင္ ရွိေသးတယ္"

ထိုလူက ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး၊ ရွက္႐ြံ႕စြာ ၿပဳံးလိုက္သည္: "ငါ၊ ငါက ဒီဌာနက တာဝန္ရွိသူမဟုတ္ဘူး"

သတ္လတ္ပိုင္းအ႐ြယ္ေယာက်္ားတစ္ေယာက္ျဖစ္ၿပီး၊ အသက္သုံးဆယ္ေက်ာ္ေလာက္ ရွိပုံေပၚသည္။ ရွင္ယဲ့ သူ႔ကို ခပ္တည္တည္ပင္ၾကည့္ကာ ဆိုလိုက္၏:
"အထက္တန္းပထမႏွစ္ရဲ႕ ကာယဆရာ တင္းခ်န္႐ႊမ္း။ ဆရာတင္း ဘာလို႔ ဂီတခန္းကို ေရာက္လာတာလဲ?"

"ဒီက ေက်ာင္းသားက ဆရာ့ကို သိတာလား?" ဆရာတင္း၏ မ်က္ႏွာမွာ အလြန္ပင္သာမန္ဆန္လွသည္။ လူအုပ္ထဲမွာဆို တစ္ခါေတြ႕လိုက္တာႏွင့္ ေမ့သြားမည့္ ႐ုပ္မ်ိဳး ျဖစ္သည္။

ရွင္ယဲ့ ဆရာမ်ားႏွင့္ ဝန္ထမ္းမ်ား၏ အခ်က္အလက္ေတြ အကုန္လုံးကို မွတ္မိဖို႔ရာ ေတာ္ေတာ္ေလး အားစိုက္ထုတ္ခဲ့ရသည္။ ေနာက္ဆုံးေတာ့လည္း အကုန္လုံးက သံသဃျဖစ္စရာေကာင္းေနျပန္သည္။ ယာယီအစားထိုးဝင္လာသည့္ ကစားသူမ်ားမွာေတာ့ အလုပ္လုပ္တာ ကြၽမ္းကြၽမ္းက်င္က်င္ရွိမည္မဟုတ္ဘဲ၊ တကယ့္ ဆရာမ်ားကေတာ့ ေခ်ာေမြ႕စြာ လုပ္ကိုင္ႏိုင္မွာျဖစ္သည္။

"ခင္ဗ်ားတို႔အတန္းထဲမွာ လွတဲ့ ေကာင္မေလးတစ္ေယာက္ရွိတယ္။ အဲ့ေကာင္မေလးကို ခဏခဏလာၾကည့္ရင္းနဲ႔ ဘာမွမဟုတ္္တဲ့ ခင္ဗ်ားကို ဒီတိုင္းမွတ္မိသြားတာ" ရွင္ယဲ့ စႏၵရားေပၚ ထိုင္ခ်လိုက္ၿပီး၊ ေျခေထာက္ျဖင့္ ကန္လိုက္သည္။ စႏၵရားအတြက္ နည္းနည္းမွကို စိတ္မေကာင္းျဖစ္သည့္ပုံမေပၚေပ။

"မင္း...ဟူး၊ ပ်က္ေနတဲ့ စႏၵရားဆိုရင္ေတာင္ တန္ဖိုးထားရမယ္ေလ။ ဘာလို႔ ဒီလိုလုပ္ႏိုင္ရတာလဲ...." ဆရာတင္းမွာ စိတ္ေသာက ေရာက္ေနေသာ ေလသံျဖင့္ ဆိုေလသည္။

ရွင္ယဲ့ ခဏေလာက္ အကဲခတ္လိုက္ၿပီးေနာက္၊ ႐ုတ္တရက္ ၿပဳံးလိုက္၏: "အဓိက သဲလြန္စကို ေဖ်ာက္ခ်င္လို႔။ ဒီ စႏၵရားထဲမွာ ဖြက္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ကြၽန္ေတာ္ သိၿပီးၿပီ။ အဲ့ဒါေၾကာင့္ က်န္တဲ့လူေတြ ရွာေတြ႕ဖို႔ အခြင့္အေရးမရွိေအာင္လုပ္တာ ပုံမွန္ပဲ မဟုတ္ဘူးလား။ ကံၾကမၼာလိုက္နာသူ"

ဆရာတင္းမွာ ထိတ္လန္႔သြားၿပီး၊ ႐ုတ္တရက္ဆိုသလို မ်က္ႏွာမည္းသြားသည္: "မင္းလည္း ကစားသူပဲလား?"

"ကြၽန္ေတာ္က ကံၾကမၼာဆန္႔က်င္သူ" ရွင္ယဲ့ တည့္တည့္သာ ေျပာလိုက္၏။ "ခင္ဗ်ားက တစ္ေယာက္တည္း ဆိုေတာ့၊ ကြၽန္ေတာ္နဲ႔ မပူးေပါင္းခ်င္ဘူးလား?"

"မင္း ဘယ္လိုလုပ္သိတာ.... မဟုတ္ဘူး၊ ဘာလို႔ ငါက မင္းနဲ႔ ပူးေပါင္းရမွာလဲ?" ဆရာတင္းက ေမးေလ၏။ "မင္းၾကည့္ရတာ ငါ့အစြမ္းကို မသိေသးပါဘူး။ ငါ ဒီ levelကို တစ္ေယာက္တည္း ေက်ာ္ျဖတ္ႏိုင္တယ္။ ၿပီးေတာ့ ငါတို႔က အဖြဲ႕လည္း တူတာမဟုတ္ဘူး။ ရႈပ္ေထြးေပြလီကမာၻေတြ ၿပီးသြားတဲ့အခါ အစဦးကမာၻလိုမ်ိဳး ကစားသူအခ်င္းခ်င္း ၿပိဳင္ရတဲ့ ကမာၻေတြလာလိမ့္မယ္။ အဲ့ဒီေတာ့ အခ်င္းခ်င္းပူးေပါင္းလို႔ ဘာအက်ိဳးမွ မရွိဘူး"

"ကြၽန္ေတာ္က လူေတြကို အကဲခတ္တတ္တယ္ေလ" ရွင္ယဲ့ကဆို၏။ "ခင္ဗ်ား ဒီအခန္းထဲကို ဝင္လာတုန္းက ပထမဆုံးလုပ္လိုက္တဲ့ အျပဳအမူက ကြၽန္ေတာ့္ကို လက္လြတ္စပယ္ တိုက္ခိုက္ဖို႔မဟုတ္ဘဲ တား႐ုံပဲ တားခဲ့တယ္။ အဲ့ဒါကို ၾကည့္ရင္ ခင္ဗ်ားက တည္ၿငိမ္တဲ့လူလို႔ ေျပာလို႔ရတယ္။ ကြၽန္ေတာ္က ဘယ္သူဘယ္ဝါလဲဆိုတာ ေသခ်ာမသိေသးခင္မွာ၊ အလြယ္တကူ တိုက္ခိုက္မွာ မဟုတ္ဘူး"

အျပင္ပန္းမွာ တည္ၿငိမ္တာအျပင္၊ တြန႔္ဆုတ္တတ္ၿပီး၊ ျပတ္သားမႈလည္း မရွိ၊ တစ္ခုခုကို ေ႐ြးခ်ယ္ဖို႔ရာမွာလည္း ခက္ခဲေနသည့္ ဟာကြက္မ်ားစြာ ရွိေနသည္။ ထိုကဲ့သို႔ အက်င့္စ႐ိုက္ရွိသည့္ လူစားမ်ိဳးမွာ ႀကိဳးကိုင္ျခယ္လွယ္ဖို႔ရာ လြယ္ကူေလသည္။

"ခင္ဗ်ား အံဖြယ္ဒ႑ာရီဘယ္ႏွခု စုံစမ္းၿပီးၿပီလဲ?" ရွင္ယဲ့ ေမးလိုက္၏။

ဆရာတင္းက မ်က္ႏွာနီသြားသည္: "ငါ အခုထိ မရွာရေသးဘူး။ ညဘက္ႀကီးမွာ မိန္းကေလးအေဆာင္ကို သြားဖို႔ ငါ ရွက္တယ္။ ေက်ာင္းအေအာက္အအုံေတြမွာ ၄၀၄ဆိုတဲ့ အခန္းနံပါတ္မရွိဘူး။ ႐ုံးအေဆာက္အအုံမွာေကာ အေဆာင္အေဆာက္အအုံမွာေကာ။ ၿပီးေတာ့ စႀကႍလမ္းေတြမွာလည္း မြန္နာလီဇာ ပန္းခ်ီကားမရွိဘူး။ ငါ မေန႔က စႏၵရားကို နားေထာင္ၾကည့္ေတာ့လည္း ဘာသံမွမၾကားဘူး။ ဒီေန႔ ေန႔လယ္ ေနာက္တစ္ေခါက္ ျပန္လာေတာ့မွ မင္း စႏၵရားကို ဖ်က္ဆီးေနတာကို ေတြ႕တာ"

ကစားသူေတြက မိန္းကေလးအေဆာင္ကို သြားဖို႔ မသင့္ေတာ္ဘူးဟု ေျပာသည္ဆိုေတာ့၊ ၾကည့္ရသည္မွာ ထိုလူက ေယာက်ာ္းမိန္းမက်င့္ဝတ္ နားလည္သည့္ ပုံေပၚသည္။ ထိုကဲ့သို႔သာျဖစ္လွ်င္ အေပၚယံ ပူေပါင္းမႈက အဆင္ေျပေလာက္သည္။

"ကြၽန္ေတာ္ ဒ႑ာရီႏွစ္ခုကို စုံစမ္းၿပီးသြားၿပီ။ ကစားသူေလးေယာက္ရဲ႕ သ႐ုပ္မွန္ကိုလည္း အတည္ျပဳႏိုင္ထားတယ္။ ခင္ဗ်ား ကြၽန္ေတာ္နဲ႔ မပူးေပါင္းဘူးဆိုတာ ေသခ်ာလား?" ရွင္ယဲ့ ေမးေလသည္။

"ဒါမွမဟုတ္ ခင္ဗ်ားက ခင္ဗ်ားကိုယ္ခင္ဗ်ား ကမာၻသုံးခုထက္ပိုၿပီး အေတြ႕အႀကဳံမရွိတဲ့ လူသစ္တစ္ေယာက္ဆိုတာသိလို႔ လက္ထဲက မရွိမယ့္ရွိမယ့္ QR codeေလးကို သုံးၿပီး၊ ကြၽန္ေတာ့္ဆီက သတင္းႏႈိက္မထုတ္ႏိုင္တာလား?"

ဆရာတင္းမွာ အံ့အားသင့္စြာျဖင့္ ဆိုေလသည္: "ငါက ကမာၻသုံးခုပဲ အေတြ႕အႀကဳံရွိတယ္ဆိုတာ မင္း ဘယ္လိုသိတာလဲ? ငါ အခုမွ သုံးခုေျမာက္ကမာၻကို ေရာက္တာ။ အဲ့ေလာက္ထိ ခက္မယ္ မထင္ထားဘူး!"

ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားရဲ႕ မ်က္လုံးထဲမွာ တျခားစီနီယာ ကစားသူေတြက ဂိမ္းကမာၻထဲဂာမန္လူေတြကို အဖက္မလုပ္သလို အၾကည့္မ်ိဳးမရွိလို႔ေလ။ ၿပီးေတာ့ အ႐ူးလုပ္ဖို႔ကလည္း လြယ္ေသးတယ္။ ရွင္ယဲ့ စိတ္ထဲမွ ေတြးလိုက္၏။

စာေရးသူ ေျပာစရာရွိသည္:

ရွင္ယဲ့ : ကံၾကမၼာလိုက္နာအဖြဲ႕က လူေတြက ဒီလိုပဲ ႏုံအၿပီး ခ်စ္စရာေကာင္းၾကတာလား?

မွန္: လူေတြဆိုတာ ဘယ္သူ႔ကို ေျပာတာလဲ?

T/N _ Who Killed Cock Robin ကို ဒီ wiki linkထဲမွာ ဖတ္ၾကည့္လို႔ရပါတယ္

https://en.m.wikipedia.org/wiki/Cock_Robin

Continue Reading

You'll Also Like

655K 56.8K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?