ေမာင့္လက္ယာ(မောင့်လက်ယာ){comp...
By NweTarKi
462K 32.4K 760
story description>>>>> start-5/10/2021 end-1/1/2022 More
Ep-1
Ep-2
Ep.3
Ep_4
Ep-5
Ep-6
Ep.7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep.15
Ep.16
Ep.17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-26
Ep-27
Ep-28
Ep-29(Final)
Season-2
For Readers
Ep-25
11.9K 940 9
By NweTarKi
"ခွပ်!"
"မောင်"
"သားခွန်းရရဲ့လား"
"အေးပါသားရယ်"
<<<>>>
ဦးထက်မြတ်အောင်တို့နှင့်လည်း အတော်အဆင်ပြေနေသည် ။
"Ceoနွားနို့ရပါပြီ"
"အင်း ထားခဲ့တော့"
"အကို"
"အင်း"
"ဟုတ်ပါပြီ စိတ်ချလက်ချသွား"
လဲလာတာကတော့ ပိုကြည့်ကောင်းအောင်နေတတ်လာခြင်းပင် ။
"မစားရသေးဘူး ခဏနေလာပို့မှစားတော့မယ်"
"မှာမစားဘူးလား"
"အကို အကို"
"ဟင် အင်းပြော"
<<<<>>>
"အကို့ယောကျာ်းနဲ့လား"
"အင်းသူတို့နဲ့ပဲ ချိန်းပွဲရှိတယ်လေဒီနေ့ သူတို့နှစ်ယောက်ကိုထိန်းဖို့ကိုယ်လိုက်သွားရမှာမို့"
"ဒုန်း!"
ဆွဲထားရသည် ။
"ခွမ်း!"
"ခွမ်း!"
သံသယဝင်ရုံပဲရှိသေးမှာထားတဲ့ပုလင်းတွေကိုဟိုဘက်ဝိုင်းကကောင်ဆီတည့်တည့်မက်မက်ပစ်ပေါက်နေတာ ၊ငယ်ငယ်တည်းကသေနတ်ပစ်လေ့ကျင့်ထားသူမို့ဒီလောက်အကွာအဝေးကတော့အသာလေးသာ ။
"ခွမ်း!"
"မောင်!"
သူတို့နဲ့မလှမ်းမဝေးမှာရပ်နေတဲ့ညအိပ်ဝတ်စုံနဲ့
အနောက်ကလိုက်လာတဲ့Aကိုမှာပြီး ရင်ဘတ်ထဲကညအိပ်ဝတ်စုံနဲ့လူကို ကားထဲထည့်လိုက်သည်။
ထွက်လာမှန်းသိသာသော ညအိပ်အကျီင်္ီ။
"ဘာတွေမြင်လိုက်သေးလဲ"
"အင်း ကောင်းတယ် "
"ဆိုင်တံခါးပိတ်လိုက်"
############
ဖြေပေးကြပါနော်
Thx for reading & voting 😉💙
Uni
"ခွပ်!"
"မောင်"
လှေကားမှာရပ်နေသူမို့အထိုးခံလိုက်ရတဲ့အရှိန်နှင့်
အနောက်ကိုအနည်းငယ်ယိုင်သွားသည်။ ထို့ပြင်ကိုယ့်ကိုစိတ်ပူနေတဲ့မျက်လုံးတွေနှင့်ကြည့်နေသော
ချစ်ရသူကိုလည်းဒေါသဖြစ်မိသည် ။ငယ်ငယ်တည်းကလက်နှင့်တောင်မရွယ်ဖူးသည့်ဖခင်က အခုသူ့မျက်နှာကိုထိုးပြီး ဒေါသတကြီးဖြစ်နေသည်။
"အဲ့ဒါမင်းနဲ့ရတဲ့ကိုယ်ဝန်လေ မင်းလူမဟုတ်ဘူးလား
အဲ့လိုစကားပြောစရာလား"
"ဟုတ်တယ် ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန် ကျွန်တော့်သွေးသား အဲ့ဒါကြောင့်နဲ့တော့ကျွန်တော်ချစ်တဲ့သူတစ်နှစ်နီးပါးဒုက္ခခံရတာမလိုချင်ဘူး"
"မောင်ရယ် ငါတို့စကားပြောကြရအောင်"
ဆွဲထားသောလက်ကိုဆုတ်ကိုင်ရင်း တောင်းဆိုသလိုပြောလာသောမျက်ဝန်းတွေကြောင့် သူပိုဒေါသထွက်ရသည် ။ဒီကိစ္စအတွက်နဲ့ဒူးထောက်ခဲ့တယ်ဆိုတဲ့
အတွေးတွေးမိတိုင်းမမွေးသေးတဲ့ကလေးကို သူမလိုချင်တော့ပါ။
"ငါစိတ်ပြေမှပြန်လာခဲ့မယ်"
ဆွဲထားတဲ့လက်ကိုဖြုတ်ချတာအားပါသွားသလားမသိ၊ ခန္ဓာကိုယ်လေးအနောက်ယိုင်သွားတာကိုသူသတိထားမိသည် ။ ဒီအချိန်ဒီမှာစကားဆက်ပြောနေမယ်ဆိုရင်သူတစ်ခုခုလုပ်မိမှာမို့ ကိုယ့်စိတ်ကိုယ်ဖြေ
ပြီးမှသာပြန်လာရန်ဆုံးဖြတ်ထားသည်။
"သားခွန်းရရဲ့လား"
"ကျွန်တော်အဆင်ပြေပါတယ်အန်ကယ် မောင်ကအချိန်လိုလို့ပါ သူစိတ်ဆိုးပြေရင်ပြန်လာမှာပါ"
"အေးပါသားရယ်"
မောင့်သွေးသားလေးဗိုက်ထဲရောက်နေပြီဆိုတဲ့အသိနဲ့တင်သူအရာရာကိုကျော်ဖြတ်နိုင်ပါပြီ ။ ဒီလအတွင်းအလုပ်တွေကြိုးစားလုပ်ပြီး ဗိုက်နည်းနည်းသိသာလာ
သည်နှင့်အိမ်ကနေသာလုပ်ဖို့တွေးမိသည်။ ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ သူ့သွေးသားအတွက်သာစဉ်းစားထားတာမို့ပင် ။ သူ့အတွက်မောင်ကသာအရေးကြီးသည် ၊အခုတော့မောင်ရောမောင့်သွေးသားလေးရောပေါ့ ။
"သားခွန်းဒီအခန်းမှာပဲနေမလား အောက်ကိုပြောင်းမလား အခုတော့အဆင်ပြေပေမယ့်နောက်မပေါ့မပါးကြီးနဲ့ဆိုအဆင်ပြေမှာမဟုတ်ဘူး"
"ရပါတယ် အန်ကယ် အပေါ်မှာပဲနေတော့မယ်"
"သားအဖေကိုရောပြောပြီးပြီလား အန်ကယ်ဖုန်းဆက်ပေးရမလား"
"မဆက်နဲ့ဦးအန်ကယ် ဖေကြီးပြန်လာမှပဲသိပါစေ"
"ဒါဆိုသားနားလိုက်ဦး သားအတွက်လိုတာတွေအန်ကယ်ပြင်ထားဦးမယ်"
အန်ကယ်ထွက်သွားတာနဲ့သူလည်းအခန်းထဲဝင်လာပြီးလှဲနေမိသည် ။ဒီရက်ပိုင်းအားမရှိတာမို့ခုနကတောင်ယိုင်သလိုဖြစ်သွားသေးသည် ။မောင်သူ့ကိုယ်သူအပြစ်တင်နေဦးမလားမသိ ၊မောင်စိတ်တိုနေပေမယ့်
သူ့ကိုကြာကြာမပစ်ထားနိုင်မှန်းသူသိပါသည်။
"သားဖေကြီးကသားကိုစိတ်ဆိုးနေတယ်သားရေ"
ကလေးလေးရှိနေသည့်ဗိုက်ကိုသူဖွဖွပုတ်ရင်း
ပြောနေမိသည် ။အနည်းဆုံးတော့သူ့သားလေးက
မောင်မရှိတုန်းသူ့ကိုအဖော်ပြုပေးလိမ့်မည်။
<<<>>>
"ဒါဆိုဒါတွေကိုဒီလအတွင်းအပြီးလုပ်ကြမယ်နော်
ဒီကိစ္စနဲ့ပတ်သတ်ပြီးရှယ်ယာရှင်တွေအနေနဲ့ရောဘာပြောစရာရှိသေးလဲ"
"မရှိတော့ပါဘူး မောင်ခွန်းလက်ယာအဆင်ပြေသလိုလုပ်လိုက်ပါ"
Ceoကိုယ်ဝန်ရပြီးတည်းကအပြောအဆိုတွေကောင်းလာတယ်ဟုထင်မိသည် ။အရင်ဆိုကုမ္ပဏီအစည်းအဝေးတိုင်းသူ့ဆုံးဖြတ်ချက်တစ်ခုသာအရေးကြီးသူကအခုအကုန်လုံးသဘောထားတွေကိုပါမေးကြည့်နေသည် ။ ကိုယ်ဝန်သည်လို့သာပြောရတာပိုချောလာတဲ့Ceoကြောင့်သူ့မှာအားရင်အားသလိုငေးမိသည်။
အရင်ဘဝတည်းကရန်သူတွေလို့တောင်ထင်ရတဲ့
ဦးထက်မြတ်အောင်တို့နှင့်လညး် အတော်အဆင်ပြေနေသည် ။
"Ceoနွားနို့ရပါပြီ"
"အင်း ထားခဲ့တော့"
ကွန်ပျူ တာထဲသာခေါင်းနှစ်နေပြီးအာရုံထားနေတဲ့
Ceoကိုသနားသလို ချစ်ရက်သားနဲ့ပစ်ထားတဲ့ဟိုလက်ရဲဇက်ရဲရှိတဲ့လက်ရဲဇက်ရဲကိုလည်းသူဒေါသဖြစ်မိသည် ။ပန်းအိုးအနောက်ကတစ်နေရာကနေသူအခန်းထဲကိုကြည့်ချင်ကြည့်နေမှာပေါ့။
"အကို"
"အော် ခန့်ထိုင်လေ ဒေါက်တာလည်းပါတာလား"
"ဟုတ်တယ်အကို လမ်းကြုံလို့အကို့ကိုလည်းဝင်ကြည့်တာ"
ဒေါက်တာရောခန့်ကိုပါအတူတူတွေ့လိုက်ရတော့
တစ်ယောက်သောသူကိုလည်းလွမ်းမိပါသေးသည်။
ဒီအချိန်သူအဆင်မှပြေပါရဲ့လား ။
"ပြောပါဦး ဘာကိစ္စအတွဲလိုက်ရောက်လာတာတုန်း"
ကိုယ်ဝန်ဆောင်ပြီးမှပိုကြည့်ကောင်းလာတဲ့အကိုက
အိမ်ထောင်ရေးအဆင်မပြေလည်း ခပ်ပြုံးပြူံးသာ၊
လက်ထဲပါလာတဲ့ပစ္စည်းတွေစားပွဲပေါ်တင်ပေးတော့
မျက်ခုံးပင့်သလိုပင်ဖြစ်သွားပုံရသည် ။အကိုကတကယ်ကိုချစ်ဖို့ကောင်းလာတာပဲ ၊သူတောင်ဒီလောက်အသည်းယားနေရင်ပန်းအိုးအနောက်ကcctvကနေကြည့်နေတဲ့ဟိုတစ်ယောက်တော့ ပိုအသည်းယားမိမယ်ထင်။
"ကျွန်တော့်တူလေးအတွက် အားဆေးနဲ့အကို့အတွက်မုန့်တွေ"
"ရပါတယ် အကို့မှာလည်းရှိတာပဲ မယူတော့ပါဘူး"
အကို့စကားကြောင့်ဘေးနားကနေတစ်ချိန်လုံးငြိမ်နေတဲ့တစ်ယောက်ကိုလှမ်းဆွဲပြီး အချက်ပြရသည်။
"ယူလိုက်ပါ ကျွန်တော်ကိုယ်တိုင်သေချာရွေးထားတာမို့ကလေးအတွက်ကောင်းတယ်"
သေချာကိုရွေးထားရတာပါ ၊ဆေးရုံကိုဂျူတီချိန်အတွင်းလာဆွဲခေါ်ပြီး ဆွဲခြင်းကိုင်ကာအနောက်ကနေလိုက်သူကြောင့်သူ့မှာခပ်မြန်မြန်သာရွေးရသည် ။ဒါတောင်သူကပြောသေးသည် ။ ဒါတွေသူဝယ်ပေးတယ်မပြောနဲ့တဲ့ ။ မကျေနပ်ချက်တွေနဲ့ပန်းအိုးအနောက်ကမီးအနီလေးကိုကြည့်ပြီးကျိန်ဆဲမိသည် ။
"ဒါဆိုကျေးဇူးတင်ပါတယ်နော် ဒါနဲ့သူရော"
"ကောင်းပါတယ် ဒီရက်ပိုင်းအတွင်းဂျပန်ကိုအလုပ်ကိစ္စသွားစရာရှိသေးလို့တဲ့"
"အင်း"
သူ့ကိုဂရုစိုက်ပေးတို့၊ဘာတို့သူမမှာချင်ပါ။
မောင်သူ့ကိုယ်သူဂရုစိုက်နိုင်တာသူသိသည် ၊ကိုယ့်ယောကျာ်းကိုယ်ယုံကြည်မှုထားတာကြောင့်ဖြစ်သည်။
"ဒါဆိုကျွန်တော်သွားတော့မယ် သူ့ကိုဘယ်မှမသွားခိုင်းနဲ့ဦး အကို့အနားနေမယ်ဆိုပြီးဂျီနေလို့ ညနေကျွန်တော်ပြန်ဝင်ခေါ်မယ်ခွန်း"
"ဟုတ်ပါပြီ စိတ္ခ်လက္ခ်သြား"
ဒေါက်တာနဲ့သူနဲ့ကအသက်သိပ်မကွာတာမို့ အကိုတွေဘာတွေမခေါ်ကြ ၊သူတို့သူငယ်ချင်းသုံးယောက်မှာလည်းဒေါက်တာကအကြီးဆုံးဖြစ်ပြီး အငယ်ဆုံးကတော့မောင်ပင် ။
"ကဲ အကိုအလုပ်လုပ်ဦးမယ် ခန့်နဲ့စကားပြောနိုင်မှာမဟုတ်ဘူး"
"ရတယ်အကိုအေးဆေးလုပ် ကျွန်တော်ကူနိုင်တာရှိရင်ပေးလေ"
"ဒါဆိုဒီစာရင်းတွေပြန်စစ်ပေးပါဦး အဲ့နှစ်ခုတိုက်စစ်ရင်ရပြီ"
ကိုယ်ဝန်ကြောင့်ပြောင်းလဲလာတာတွေကိုဘေးလူ
ဖြစ်တဲ့သူပင်ခံစားမိသည် ။အရင်ဆိုသူ့အလုပ်ကိစ္စကိုသူမှလွဲအခြားလူကိုမလုပ်ခိုင်း ၊နွားနို့ဆိုအနံ့တောင်မခံနိုင်တဲ့အကိုက အခုတော့နွားနို့မှနွားနို့ ၊ပိုပြီးပြောင်း
လဲလာတာကေတာ့ ပိုကြည့်ကောင်းအောင်နေတတ်လာခြင်းပင် ။
"အကိုနေ့လည်စာစားပြီးပြီလား"
"မစားရေသးဘူး ခဏနေလာပို့မှစားတော့မယ်"
"မွာမစားဘူးလား"
"မစားချင်တော့လို့ အိမ်ကိုလာပို့ခိုင်းထားတာလေ"
သူလည်းမသိပါ ၊အရင်ဆိုအပြင်ကမှာတာဒါမှမဟုတ်
လမ်းကြုံဆိုင်မှာဝင်စားတာတွေသာရှိသည် ။အခုရက်ပိုင်းတော့အိမ်ထမင်း၊အိမ်ဟင်းမှအဆင်ပြေသည် ။မောင်ရောအိမ်ထမင်းဟင်းလွမ်းနေပြီလားမသိ။
ခဏအကြာအိမ်ကလာပို့တဲ့နှစ်ယောက်စာထမင်းဘူးကိုခန့်အတွက်ခွဲဝေပေးလိုက်သည် ။တစ်ယောက်ထဲနှစ်ဘူးလုံးစားတာမျိုးမဟုတ်ဘဲ မောင်လာရင်ဆိုတဲ့စိတ်နှင့်သာတစ်ဘူးအပိုပြင်ခိူင်းခြင်း ။တစ်နာရီခွဲထိမောင်မလာရင်ဒီဘူးကို အောက်ကsecurityဦးလေးကြီးတွေဆီအတွင်းရေးမှူးကတစ်ဆင့်ပေးလိုက်တော့သည်။ မောင်ကသူ့အနားမရှိဘူးသာထင်နေရတာ တကယ်တမ်းသူ့အနားမှာမောင်အမြဲရှိနေတာသူသိသည် ။
"အကို အကို"
"ဟင် အင်းပြော"
"ယောကျာ်းကိုလွမ်းနေတာလား ဒီမှာအကုန်ပြီးပြီ
အကိုရောလုပ်စရာရှိသေးလား"
"မရှိတော့ပါဘူး ဒါတွေကနောက်နေ့ဟာတွေ"
ဖိုင်ငါးခုလောက်ထပ်ထားတဲ့အပုံကြီးကိုလက်ညိုးထိုး
ပြရင်းပြောတော့ သူပြုံးမိသည်။ အကို့လိုအလုပ်ကိုမနက်ညမခွဲတတ်သူကအခုနောက်နေ့တွေဘာတွေရွေ့နေပြီ။
"ပေး ကျွန်တော်လုပ်ပေးမယ် သုံးနာရီအပြီးပဲ
မနက်ဖြန်အကိုပြန်စစ်လိုက်ရုံပဲ"
"ဒါဆိုအကိုခဏနားမယ်နော် ကျေးဇူးပဲခန့်"
ခဏနားမယ်သာပြောတယ် ၊သူနဲ့နေရာလဲပြီးစာအုပ်တစ်အုပ်ကိုယူဖတ်နေသည် ။ဖတ်တဲ့စာအုပ်ကလည်း
တက္ကသိုလ်ဘုန်းနိုင်ရဲ့'လွမ်း'ဆိုသည့်စာအုပ်၊အရင်တုန်းကဆိုပျင်းရင်တောင်စီးပွားရေးစာအုပ်တွေဖတ်သည့်သူ။အကိုအခုကိုယ်ဝန်ကြောင့်တော်တော်တောင်ပြောင်းလဲနေပြီ ။
<<<<>>>
"ညကြရင်ရုပ်ရှင်သွားကြည့်ရအောင် ကိုကို"
"ကိုကိုမအားဘူး ညချိန်းထားလို့"
အကို့အလုပ်ကအပြန်လာကြိုတာကြောင့် ဒီညနှစ်ယောက်သားရုပ်ရှင်ကြည့်ပြီးအိမ်မပြန်ဘဲနီးတဲ့ဟိုတယ်
တွင်သာတည်းတော့မည်ဟုတွေးထားသော အေတြးကတစ္စစီ။ ဒီဒေါက်တာကြီးကလူကြီးလူကောင်းဖြစ်လွန်းလို့သူ့ကိုတစ်ခါမှမချော့ဖူးပါ ။ အခုလည်းမအားဘူးကလွဲကျန်တာမပြော ၊ကိုယ့်လူအကြောင်းကိုယ်သိလို့သာ မဟုတ်ရင်ဘယ်မိန်းကလေးနဲ့သွားတာလဲ။ဂရုမစိုက်လို့လား ဘာလားနဲ့ဒီလိုတောင်တွဲနေရမှာမဟုတ်တော့ပေ ။
"အကို့ယောကျာ်းနဲ့လား"
"အင်းသူတို့နဲ့ပဲ ချိန်းပွဲရှိတယ်လေဒီနေ့ သူတိူ့နှစ်ယောက်ကိုထိန်းဖို့ကိုယ်လိုက်သွားရမှာမို့"
ကားကိုဘေးရပ်ပြီးခေါင်းကိုခပ်ဖွဖွပုတ်ပြီးပြောတော့စိတ်မဆိုးရက်သူမှာကိုယ်ပင် ။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ချစ်ရတဲ့သူကအိနြေ္ဒကြီးပြီး အရာရာကိုဂရုတစိုက်ရှိသူမို့ကိုယ်ကနားလည်ပေးရမည် ။
"ရန်တွေဘာတွေမဖြစ်စေနဲ့ဦး အကိုကမပေါ့မပါးကြီးနဲ့သူ့ယောကျာ်းတစ်ခုခုဖြစ်ရင်သူစိတ်ပူနေမယ်"
ချိန်းပွဲပါဆိုရန်မဖြစ်နဲ့လို့ပြောတဲ့ချာတိတ်ခေါင်းကိုခပ်ဖွဖွထုရင်း'မဖြစ်ပါဘူး'လို့သာ ပြောမိသည်။ အရင်ဆိုအိမ်ပေါ်ကဆင်းလာပြီးမူးပြဲ ချိန်းပွဲတွေနဲ့ဖြစ် ၊ဓားထိုးခံရတာတွေဘာတွေအတွက်လည်းနောက်ဆံတင်းစရာမလို ။အခုကိုယ်စီနှောက်ကြိုးတွေရှိနေပြီမဟုတ်လား ၊သူတို့ကအဲ့လောက်မဟုတ်ပေမယ့်လက်ရဲဇက်ရဲတစ်ခုခုဖြစ်ရင် သွေးနုသားနုနှင့်ခွန်းလက်ယာပါဒုက္ခရောက်နေမည် ။
ထင်ထားသည့်အတိုင်းချိန်းပွဲကလက်ရဲဇက်ရဲရဲ့
ဇာတ်လမ်းအဟောင်းကြီးတွေသာ ၊အသက်ပြည့်တည်းကဂျပန်မှာမှောင်ခိုလုပ်ရင်း မြေအောက်ဂိုဏ်းတွေနှင့်ထိတွေ့လာတဲ့ကိုယ်တွေနဲ့ယှဉ်ရင် သူတို့ကကလေးသာသာအရွယ်တွေသာ ။ဘေးနားကလက်ရဲဇက်ရဲကတော့သူ့အပူနဲ့သူမို့ သောက်တာကိုပဲအာရုံစိုက်နေသည် ။
"ဝိုး.. ယောကျာ်းယူသွားတဲ့ဖိုက်တာကြီးကအသည်းကွဲနေတာထင်တယ်နော်"
အဲ့ကောင်တွေစောက်ကျင့်ကဒီအချက်ပင် ၊တစ်ဖက်လူကိုစကားနဲ့လိုက်ဖိတာဖြစ်ပြီး ဟိုဘက်ကမခံနိုင်ရင်ပြသာနာတတ်ပြီး ပွဲဖြစ်မည် ။မနိုင်ရင်လက်နက်သုံးပြီးပြေးမည် ။ဒါနှင့်များသူတို့ကိုယ်သူတို့လူမိုက်ခံယူထားသလားမသိ ၊ခက်သည်ကအဲ့လိုစကားနဲ့ပြောလည်းကိုယ်တွေအဖွဲ့ကမနာတတ်တာပင် ။စိတ်ဝင်စားစရာမကောင်းတာမို့ phone wallpaper ပေါ်မှပြုံးရယ်နေသည့်ကောင်လေးကိုသာ ကြည့်နေမိသည် ။
"ဖိုက်တာကြီးကတောင်ဂေးတယ်ဆိုတော့အဲ့တစ်ယောက်ကတော်တော်လှမယ်ထင်တယ်နော်"
"ဒုန်း!"
ဟိုဘက်ကကောင်စကားကြောင့်ကုန်သွားတဲ့ဖန်ခွက်ကိုစားပွဲပေါ်ပစ်ချလိုက်တဲ့လက်ရဲဇက်ရဲမျက်လုံးတွေနီနေခြင်းကဒေါသကြောင့်လား ၊သောက်ထားတဲ့အရှိန်ကြောင့်လားမသဲကွဲ ။ဒါပေမယ့်ဒေါသထွက်နေပြီမှန်းသိသည်မို့ AရောDကပါမတ်တပ်တွေထရပ်နေကြသည် ။ခန့်မင်းမြတ်ကလည်းသူ့ကိုမျက်ခုံးတွေပင့်ပြနေတော့ကြားကကိုယ်က ဘာလုပ်ရမှန်းမသိတော့။
နွားတွေကလည်းတကယ့်ပြသာနာကိုမှပြောပြီးစနေသည် ၊တစ်ခုခုတော့ဖြစ်တော့မှာ ။
"အလကားသက်သက်ခွန်းလက်ယာစိတ်ပူရအောင်မလုပ်နဲ့"
ဒေါသထွက်နေသူပုခုံးကိုခပ်ဖွဖွပုတ်ရင်းပြောတော့
ခုနကလိုအကြောတွေပေါ်တဲ့ထိဒေါသထွက်နေတာမျိုးမဟူတ်ဘဲ သူ့ဟာသူပြန်သောက်နေသည် ။ သူငြိမ်သွားမှမတ်တပ်ရပ်နေတဲ့နှစ်ကောင်ကိုပါ ပြန်ထိန်းပြီး
ဆွဲထားရသည် ။
"လှရုံနဲ့တော့လက်ထပ်ပါ့မလားကွာ ကုတင်ပေါ်မှာလည်းအပြုအစုကောင်း"
"ခွမ်း!"
သူသောက်နေတဲ့အရက်ခွက်နဲ့ဟိုဘက်ကပြောတဲ့
ကောင်ခေါင်းကိုလှမ်းပစ်လိုက်တာ ကွက်တိပင်။ Aနဲ့
Dကတော့ကျန်တဲ့ကောင်တွေကိုသွား ကြိတ်နေပေမယ့်လက်ရဲဇက်ရဲကတော့ အရက်ပုလင်းတွေတောင်ထပ်မှာနေသည် ။ဒီကောင်တကယ်ကြီးဘာမှမလုပ်တော့ဘူးလား ။
"ခွမ်း!"
သံသယဝင်ရုံပဲရှိသေးမှာထားတဲ့ပုလင်းတွေကိုဟိုဘက်ဝိုင်းကကောင်ဆီတည့်တည့်မက်မက်ပစ်ပေါက်နေတာ ၊ငယ်ငယ်တည်းကသေနတ်ပစ်လေ့ကျင့်ထားသူမိူ့ဒီလောက်အကွာအဝေးကတော့အသာလေးသာ ။
"ခွမ်း!"
စားပွဲပေါ်ကပုလင်းတွေရောခွက်တွေပါကုန်တော့မယ့်အထိပစ်နေတာမို့ ဟိုဘက်ကကောင်ခေါင်းကသွေးတွေနဲ့ရဲနေသလိုမျက်နှာကလည်းတော်တော်စုတ်ပြတ်သတ်နေပြီ ။ စားပွဲပေါ်ကပုလင်းတွေအကုန်ကုန်သည်နှင့်စားပွဲခုံကိုစောက်ကန်လိုက်သူကြောင့် တစ်ဆိုင်လုံးငြိမ်သက်သွားသည်။ ဆိုးဆိုးရွားရွားဖြစ်တော့မယ်လို့ခန့်မှန်းထားပေမယ့် တိတ်ဆိတ်နေတဲ့နေရာမှာကြားလိုက်ရတဲ့အသံကြောင့် သူတို့အကုန်လန့်သွားသည် ။
"မောင်!"
သူတိူ့နဲ့မလှမ်းမဝေးမှာရပ်နေတဲ့ညအိပ်ဝတ်စုံနဲ့
ခွန်းလက်ယာ ။ သူ့ဘေးနားလက်ရဲဇက်ရဲတစ်ယောက်ဘယ်အချိန်တည်းက အဲ့နားရောက်သွားလဲမသိ၊
ခွန်းလက်ယာကိုပွေ့ချီပြီးအပြင်ထွက်သွားမှသူသတိဝင်တော့သည် ။
"ရေသန့်တစ်ဘူးဝယ်ခဲ့ မအေးစေနဲ့"
အေနာက္ကလိုက္လာတဲ့Aကိုမှာပြီး ရင်ဘတ်ထဲကညအိပ်ဝတ်စုံနဲ့လူကို ကားထဲထည့်လိုက်သည်။
ဆံပင်တွေကနဖူးထိခပ်ဖွာဖွာကျနေပြီး အိပ်နေရင်းက
ထွက်လာမှန်းသိသာသော ညအိပ်အကျီႌ။
"ဘာတွေမြင်လိုက်သေးလဲ"
"မှောင်နေလို့ မောင့်ကိုပဲမြင်တယ်"
"အင်း ကောင်းတယ် "
အနောက်ကနေလာပေးတဲ့ရေဘူးကိုဖောက်ပေးပြီး
အရှေ့ကကလေးလိုလိုပိုချစ်ဖို့ကောင်းလာသူကို ပေးတော့မယူပဲကြည့်နေသည်။
"ဒီရေတစ်ဘူးကုန်ရင်မောင်ပြန်လာမယ်"
သူပြောမှရေဘူးကိုယူပြီးသောက်နေသူကြောင့်
Aကိုထားခဲ့ပြီး မပြီးသေးတဲ့ကိစ္စကိုရှင်းဖို့ပြန်လာရသည် ။သူကိုယ်တိုင်တောင်မထိရက်မကိုင်ရက်ချစ်လွန်းတဲ့သူကိုစကားနဲ့ပြောဖို့သာသာ မျက်စိနဲ့တစ်မိနစ်ထက်ပိုကြည့်ရင်ပင်မကြိုက် ။
"ဆိုင်တံခါးပိတ်လိုက်"
############
(စာတိုပြီးပုံမှန်အပ်ပေးရမလား or
စာရှည်ပြီးနှစ်ရက်သုံးရက်စောင့်မလား)
ဖြေပေးကြပါနော်
Thx for reading & voting 😉
Continue Reading
You'll Also Like
1M 182K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
303K 19.2K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
296K 4.6K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။