Ep.16

12K 1K 39
                                    


"သားခွန်း"

ထမင်းစားခန်းထဲကအန်ကယ့်ခေါ်သံကြောင့် ဦးတည်ရာပြောင်းလိုက်သည် ။လက်ရဲဇက်ရဲထွက်သွားပြီးတည်းကသူဘယ်သူနဲ့မှ စကားပြောဖြစ်တာမဟုတ်၊ရှင်းရှင်းပြောရင်လက်ရဲဇက်ရဲနဲ့တောင် ဖုန်းမပြောဖြစ်တော့တာဖြစ်သည် ။ ဒါကလူကြီးအပေါ်ရိုင်းရာကျပေမယ့်သူဟိုကောင့်ကို အမြင်ကပ်လို့လုပ်နေတာဖြစ်သည် ။

"မနက္စာစားသြားပါဦး "

"ဟုတ်ကဲ့အန်ကယ်"

ဒီနေ့တော့အန်ကယ်ကိုယ်တိုင်ကပြောနေပြီမို့ သူမနက်စာစားဖို့ဝင်ထိုင်လိုက်သည် ။ ဒီရက်ပိုင်းအပြင်စာတွေပဲစားနေတာမို့ အိမ်ထမင်းအိမ်ဟင်းတောင်မေ့နေပြီ။ သူထိုင်လိုက်တော့မမြင်ဖူးတဲ့ကောင်မလေးတစ်ယောက်ကသူ့ရှေ့ကို ရှမ်းခေါက်ဆွဲတစ်ပွဲလာချပေးပြီးထွက်သွားသည် ။ သူဒီအိမ်ကအလုပ်သမားတွေကိုမမြင်ဖူးပေမယ့် ကောင်မလေးသုံးယောက်နဲ့ဟင်းချက်ဦးလေးကြီးတစ်ယောက်ရှိမှန်းတော့သိသည် ။

"လက်ရဲဇက်ရဲကရှမ်းခေါက်ဆွဲဆိုအနံ့တောင်ခံနိုင်တာမဟုတ်ဘူး အဲ့နေ့ကသားခွန်းရှမ်းခေါက်ဆွဲစားမယ်ဆိုလို့သာအန်ကယ်လုပ်ခိုင်းလိုက်တာ သူပြသာနာများရှာမလားလည်းတွေးကြောက်ရသေးတယ် ဒါပေမယ့်သူကပြသာနာမရှာတဲ့အပြင် မနက်စာပါအေးဆေးထိုင်စားနေတာလေ အန်ကယ့်သားကိုစကားတစ်ခွန်းတဲ့ထိန်းနိုင်တည်းကသားကို အန်ကယ်လေးစားတာပါ အခုရောသားတို့ရန်ဖြစ်ထားကြတာလား"

"မဟုတ်ပါဘူးအန်ကယ် ဒီတိုင်းပါပဲ"

သူ့အပြောကိုခေါင်းငြိမ့်ပြီးအသိအမှတ်ပြုကာ မနက်စာပြန်စားနေတဲ့အန်ကယ်ကြောင့် သူလည်းထပ်မပြောဖြစ်တော့ ။လက်ရဲဇက်ရဲရှမ်းခေါက်ဆွဲမကြိုက်မှန်းအဲ့နေ့ကအန်ကယ်ပြောပြလို့သူသိပါသည် ၊ဒါပေမယ့်
အနံ့တောင်မခံနိုင်တဲ့ထိဆိုတာကိုတော့ သူတကယ္မသိတာ ။ အဲ့ဒါဆိုသူ့ကိုကျွေးတဲ့နေ့ကသူငြင်းရင်ရတာပဲလေ ၊သူ့ဘာသာမငြင်းဘဲစားပြီးတော့ ။

ကိုယ်မကြိုက်တဲ့ဟာကိုအနံ့တောင်မခံနိုင်ဘူးဆိုတာ သူနားလည်တယ် ။ သူ့ဘာသာငြင်းလည်းရတာကိုအိုက်တင်ခံပြီးစားလိုက်တာမဟုတ်လား ၊မသိရင်ကိုယ့်စကားဘဲနားထောင်နေသလိုလို ။ သူ့အကြောင်းမတွေးမိအောင်နေပါမယ်ဆိုမှ ဆက်ပြီးတွေးမိနေသလိုဖြစ်နေသည် ။

ေမာင့္လက္ယာ(မောင့်လက်ယာ){completed} Where stories live. Discover now