Ep-6

14.1K 1.2K 47
                                    

"ကျွန်တော်လည်းဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး"

သားဆီကဖုန်းကြောင့်အသေးစိတ်ကိုသူသိပြီးလို့တရားစခန်းကနေချက်ချင်းပြန်လာခဲ့ရသည်။
မျက်နှာပူနေတဲ့ဦးရဲသီဟကိုလည်း သူစကားမပြောချင်တော့ ၊အခုတောင်သားကိုစေ့စပ်ဖို့သူတို့အိမ်ရောက်နေရပြီမဟုတ်လား ။သူ့သားလိုသားလိမ္မာလေးကို
ယောကျာ်းယူအောင်လုပ်မိတဲ့ ကိုယ့်ကိုလည်းနောင်တရမိသည် ။

"မင်္ဂလာကိစ္စကိုကျွန်တော်တို့ဘက်ကဦးလက်ယာအောင်တို့မျက်နှာမငယ်ရအောင် စီစဉ်ပေးမှာပါ"

"သားလာမှပဲဆက်ပြောကြတာပေါ့ ဦးရဲသီဟရေလေးဘာလေးသောက်ပါဦး"

ရောက်ကတည်းကရှင်းပြနေတဲ့ ဦးရဲသီဟအစားသူတောင်မောသည် ။သားသမီးမကောင်းမိဘခေါင်းတဲ့ ၊
အခုသူ့သားအမှားအတွက် သူကဒိုင်ခံရှင်းပြနေရသည်မဟုတ်လား ။ အခုကိစ္စကသာမန်မဟုတ်မှန်းသူသိပါသည် ၊သူ့သားလိုယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကိုမနိုင်ရလောက်အောင် ပျော့ညံ့တာမဟုတ် ဒီကိစ္စကသားဆန္ဒလည်းပါမည်မို့ သူဘာမှမပြောသေး ။သားကသူ့ကိစ္စသူနိုင်အောင်ထိန်းနိုင်သူဆိုတာသူသိသည် ။

"ခဏ​နေ ရောက်မယ်ထင်ပါတယ်"

"စောင့်ရမှာပေါ့"

စေ့စပ်ပွဲဆိုပြီးဘာမှကြီးကြီးမားမားပြင်ဆင်ထားတာမဟုတ် ၊လက်ရဲဇက်ရဲရဲ့အဖေဦးရဲသီဟနှင့်အတူ သူတို့မိသားစုရှေ့နေတစ်ယောက်သာရှိသည် ။ကိုယ်ကလည်းတရားစခန်းကထွက်လာသူမို့ ဘယ်သူ့မှမခေါ်ပဲတစ်ယောက်ထဲသာထွက်လာတာ ၊ဒီရောက်မှသားကသူ့အတွင်းရေးမှူးမေသက်ကို ခေါ်ထားမှန်းသိရတာ ။ အခုလည်းစေ့စပ်မယ့်သူနှစ်ယောက်ကမလာသေး ၊ကိုယ်တွေလူကြီးတွေကသာ ထိုင်စောင့်နေရတာ ။သားကအချိန်တိကျတဲ့သူပေမယ့် မ​တော်ရ​သေးတဲ့သားမက်ရဲ့အချိုး​တွေမှန်း သူသိသည်။

"ဟော ကားသံကြားပြီ"

"Hello အန်ကယ်"

မျှော်နေသူတွေမဟုတ်တာကြောင့် သိသိသာသာမျက်နှာပျက်သွားမှန်းသိသာသည် ။ဦးရဲသီဟတော်တော်မျက်နှာပူနေမှန်း သူတောင်ခံစားမိသည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now