Warning Alert'"ဟင်"
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ အသားစိုင်တစ်ခုကြောင့်စိတ်အစဉ်တို့ တုန်လှုပ်သွားသည် ။ တစ်ဆက်တည်းကိုယ်တိုင်ပင်အဝတ်မရှိဖြစ်နေသည်ကို သတိထားမိပြီးအသက်ကိုပင်ဖွဖွရှုရဲတော့သည် ။ သူလက်ရဲဇက်ရဲကိုစိတ်ဆိုးပြီး အပြင်သွားပေမယ့်ဘယ်သွားရမှန်းမသိတာကြောင့် ကားပေါ်မှာသာထိုင်နေတာ၊ပြီးမှ
ခန့်ရဲ့ဖုန်းရပြီးသူချိန်းတဲ့ဂေးဘားကိုရောက်လာတာ
ဖြစ်သည် ။ကိုယ်လည်းတစ်ခါမှမရောက်ဖူးပေမယ့်
ခဏကြာတော့နေရအဆင်ပြေလာတာပင် ။ခန့်ကလည်းအရေးကြီးကိစ္စရှိလို့ဆိုပြီး ပြန်သွားတာမို့ကိုယ်တစ်ယောက်တည်းသောက်နေချိန် အဖော်လာစပ်တဲ့ကောင်လေးကြောင့် စကားပြောမိကြသေးသည်။ သောက်ပြီးနည်းနည်းမူးလာတဲ့အချိန် သူလက်ရဲဇက်ရဲကိုမြင်လိုက်သည် ။ပြီးတော့...ဘာဖြစ်သွားလဲသူမသိ၊
မမှတ်မိတော့တာဆိုပိုမှန်မည်။သူအခုနိုးလာရင်ဘယ်လိုပြောရမလဲ ၊လူကိုလည်းဖက်ထားတာမို့ကိုယ်ထတာနဲ့သူသိမှာ ။ ကိုယ့်အတွေးနဲ့ကိုယ်ပူနေတုန်း လှုပ်ရှားလာတဲ့မျက်ဝန်းတစ်စုံကြောင့်အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။ နိုးလာတာနဲ့သက်ပြင်းချသံဖွဖွကို ကြားလိုက်ရသေးသည်။သူကပဲသက်ပြင်းချရတယ်ရှိသေးတယ် ၊ခံရတဲ့လူကကိုယ်ပါ ။ အတွေးတွေကောင်းနေတုန်း ပါးတစ်နေရာရဲ့နွေးထွေးမှုကြောင့် ဟန်မဆောင်နိုင်ဘဲလှုပ်မိသွားသည် ။သူအခုအိပ်နေတုန်းခိုးနမ်းနေတာမဟုတ်လား။
"အိပ်ချင်ယောင်ဆောင်မနေနဲ့ ထတော့"
"ဘယ်သူကအိပ်ချင်ယောင်ဆောင်နေလို့တုန်း ပြီးတော့မင်းငါအိပ်နေတုန်းဘာလုပ်တာလဲ"
"တကယ်မသိဘူးပေါ့"
"မသိဘူး"
"အွန့်!"
"ဘာလုပ်တာလဲ"
ရုတ်တရတ်နှုတ်ခမ်းကိုထနမ်းတဲ့သူကြောင့် အတင်းတွန်းထုတ်ရသည် ။ သူဘာဖြစ်ချင်နေတာလဲ။
"အိပ်နေတုန်းကဘာလုပ်တာလဲဆို"
"မဟုတ်ဘူး မင်းငါအိပ်နေတုန်းကပါးကိုနမ်းတာအခုကနှုတ်ခမ်း..ဟာ..ဘာတွေပြောနေမှန်းမသိဘူး"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022