Ep-25

11.9K 940 9
                                    


"ခွပ်!"

"မောင်"

လှေကားမှာရပ်နေသူမို့အထိုးခံလိုက်ရတဲ့အရှိန်နှင့်
အနောက်ကိုအနည်းငယ်ယိုင်သွားသည်။ ထို့ပြင်ကိုယ့်ကိုစိတ်ပူနေတဲ့မျက်လုံးတွေနှင့်ကြည့်နေသော
ချစ်ရသူကိုလည်းဒေါသဖြစ်မိသည် ။ငယ်ငယ်တည်းကလက်နှင့်တောင်မရွယ်ဖူးသည့်ဖခင်က အခုသူ့မျက်နှာကိုထိုးပြီး ဒေါသတကြီးဖြစ်နေသည်။

"အဲ့ဒါမင်းနဲ့ရတဲ့ကိုယ်ဝန်လေ မင်းလူမဟုတ်ဘူးလား
အဲ့လိုစကားပြောစရာလား"

"ဟုတ်တယ် ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန် ကျွန်တော့်သွေးသား အဲ့ဒါကြောင့်နဲ့တော့ကျွန်တော်ချစ်တဲ့သူတစ်နှစ်နီးပါးဒုက္ခခံရတာမလိုချင်ဘူး"

"မောင်ရယ် ငါတို့စကားပြောကြရအောင်"

ဆွဲထားသောလက်ကိုဆုတ်ကိုင်ရင်း တောင်းဆိုသလိုပြောလာသောမျက်ဝန်းတွေကြောင့် သူပိုဒေါသထွက်ရသည် ။ဒီကိစ္စအတွက်နဲ့ဒူးထောက်ခဲ့တယ်ဆိုတဲ့
အတွေးတွေးမိတိုင်းမမွေးသေးတဲ့ကလေးကို သူမလိုချင်တော့ပါ။

"ငါစိတ်ပြေမှပြန်လာခဲ့မယ်"

ဆွဲထားတဲ့လက်ကိုဖြုတ်ချတာအားပါသွားသလားမသိ၊ ခန္ဓာကိုယ်လေးအနောက်ယိုင်သွားတာကိုသူသတိထားမိသည် ။ ဒီအချိန်ဒီမှာစကားဆက်ပြောနေမယ်ဆိုရင်သူတစ်ခုခုလုပ်မိမှာမို့ ကိုယ့်စိတ်ကိုယ်ဖြေ
ပြီးမှသာပြန်လာရန်ဆုံးဖြတ်ထားသည်။

"သားခွန်းရရဲ့လား"

"ကျွန်တော်အဆင်ပြေပါတယ်အန်ကယ် မောင်ကအချိန်လိုလို့ပါ သူစိတ်ဆိုးပြေရင်ပြန်လာမှာပါ"

"အေးပါသားရယ်"

မောင့်သွေးသားလေးဗိုက်ထဲရောက်နေပြီဆိုတဲ့အသိနဲ့တင်သူအရာရာကိုကျော်ဖြတ်နိုင်ပါပြီ ။ ဒီလအတွင်းအလုပ်တွေကြိုးစားလုပ်ပြီး ဗိုက်နည်းနည်းသိသာလာ
သည်နှင့်အိမ်ကနေသာလုပ်ဖို့တွေးမိသည်။ ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ သူ့သွေးသားအတွက်သာစဉ်းစားထားတာမို့ပင် ။ သူ့အတွက်မောင်ကသာအရေးကြီးသည် ၊အခုတော့မောင်ရောမောင့်သွေးသားလေးရောပေါ့ ။

"သားခွန်းဒီအခန်းမှာပဲနေမလား အောက်ကိုပြောင်းမလား အခုတော့အဆင်ပြေပေမယ့်နောက်မပေါ့မပါးကြီးနဲ့ဆိုအဆင်ပြေမှာမဟုတ်ဘူး"

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now