Ep.7

14.1K 1.1K 17
                                    


မောင်လက်ရဲဇက်ရဲ 💕 ေမာင္ခြန္းလက္ယာ
          မင်္ဂလာဧည့်ခံပွဲ    

နောက်ဆုံးတော့သူရင်ခုန်နေတဲ့နေ့ကြီးကိုရောက်လာပြီ ။ မီးရောင်စုံထွန်းလင်းထားတဲ့ မင်္ဂလာစာတန်း
ကြီးကိုကြည့်ပြီး တွေးနေမိသည်။တစ်ယောက်ကစော
က်ကြောတင်းပြီး ဘာအလုပ်မှသေချာမလုပ်တဲ့အကောင်၊ တစ်ယောက်ကတိကျလွန်းပြီးပြတ်သားလွန်းလို့ကိုယ်ကတောင်လေးစားရတဲ့လူ ။ဒီနှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကိုလည်း သူအရမ်းရင်ခုန်နေမိပြန်သည် ။ ခန်းမနောက်ကနေပွဲတတ်လာသူတွေကိုသူကြည့်မိတော့ ဦးလက်ယာအောင်တစ်ယောက်သူ့ပါတနာတွေနဲ့လုပ်ငန်းရှင်တွေကို လိုက်ဧည့်ခံနေသည်။

မင်္ဂလာဧည့်ခံပွဲအလုံးစုံကိုတစ်ရက်ထဲနဲ့အပြီး
စီစဉ်သွားတဲ့သတို့သားနှစ်ယောက်ကို သူတကယ်လေးစားမိသည် ။အထူးသဖြင့်ဘာအလုပ်မှရေရေရာရာမလုပ်တတ်တဲ့သူ့သားကိုပင် ၊သူ့မင်္ဂလာဆောင်
်ကြတော့စီစဉ်ထားတာ လစ်ဟာမုှမရှိ ။

ခြံတစ်ခုလုံးကိုweddingအတွက် လုပ်ထားတဲ့ဆိုင်ကသူ့သူငယ်ချင်းခန့်မင်းမြတ်ရဲ့ဆိုင်ဆိုတာ ယုံချင်စရာကိုမရှိ ၊သူ့သားပေါင်းတဲ့ကောင်တွေကိုလမ်းဘေးကကောင်တွေလို့တောင်ထင်ခဲ့တာ ။တကယ်တမ်းလည်းကြရော တစ်ယောက်ကဒေါက်တာ၊တစ်ယောက်ကကိုယ်ပိုင်စီးပွားရေးနှင့် ဘာအလုပ်မှမလုပ်ဘဲလေလွင့်နေတဲ့အိမ်ကကောင်ကို ဘာများကြည့်ပေါင်းကြသလဲမသိတော့ ။

ခြံပတ်ပတ်လည်ကိုအဖြူ ရောင်ဆေးသုံးထားတဲ့အပြင်စိမ်းလန်းနေတဲ့သစ်ပင်ပန်းပင်များနှင့်အတူ ထိုင်စရာနေရာလေးတွေကိုချစ်စဖွယ်လုပ်ထားတာကြောင့်
သူတကယ်ချီးကျူ းမိသည် ။ မင်္ဂလာချိန်နီးပြီမို့သူလည်းပြင်ဆင်ပြီး ထွက်လာလိုက်ပြီးဦးလက်ယာအောင်နှင့်အတူလိုက်ဧည့်ခံနေလိုက်သည် ။

ပွဲတတ်လာသူငါးဆယ်မှာလေးဆယ်ကျော်လောက်က
လူကြီးတွေ ၊စီးပွားရေးရှင်တွေသာဖြစ်သည် ။ မနက်ပိုင်းပွဲကိုလူကြီးတွေနဲ့ အများသိဖို့သာဖြစ်ပြီးညကြမှသူတို့လူငယ်တွေပါတီပွဲလုပ်မှာဖြစ်သည် ။အခုလည်းသတို့သားနှစ်ယောက်ရဲ့အရိပ်အယောင်ကို သူတို့မမြင်ရသေး ၊မြန်မာမှုအတိုင်းဆောင်ချင်တယ်ဆိုတဲ့သားခွန်းနှင့်သူ့အဖေကြောင့် မနက်ပိုင်းကိုမြန်မာလိုဖြစ်ပြီး
ညကြမှအနောက်တိုင်းပုံနဲ့ဆောင်ဖို့လုပ်ထားသည်။

ေမာင့္လက္ယာ(မောင့်လက်ယာ){completed} Where stories live. Discover now