(Unicode)
ရှင်ယဲ့ ‘ကောင်းပြီ’ ဟု အဖြေမပေးခင် အရင်ဆုံး ချင့်ချိန်ကာ မေးကြည့်လိုက်သည်: “အဲ့ဒါ မင်းရဲ့ခေါင်း ဖြစ်မှရမှာလား? မင်းက ငါ့ရဲ့ခေါင်းကိုတောင် ယူလို့ရတယ်လို့ ပြောတယ်ဆိုတော့၊ တကယ်လို့ သုံးရက်အတွင်း မင်းခေါင်းကို မရှာနိုင်ခဲ့ရင်၊ တခြားလူတစ်ယောက်ရဲ့ ခေါင်းကို မင်းဆီယူလာပေးရင်ကော အဆင်ပြေလား?”
ချောင်ချန့်နှင့် ဝူယွီမှာ missionက ပေါ်ထွက်လာပြီဟု တွေးထင်မိခဲ့ကြသည်။ သူတို့ ရှာဖွေရမည့်အရာမှာ သရဲမ၏ ဦးခေါင်းဖြစ်ပြီး၊ mission NPC မှာလည်း ထိုသရဲမသာ ဖြစ်သည်ဟုပင်။ သို့သော် ရှင်ယဲ့က ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း?
ဦးခေါင်းမှာ ရှင်ယဲ့ကြောင့် ခေါင်းရှုပ်သွားသည့်ပုံပေါ်သည်။ သူမ၏ ခေါင်းကို အထက်အောက်မြှောက်လျက်၊ ကြမ်းပြင်ပေါ်ထိ တဒုန်းဒုန်း အသံမြည်အောင် ခုန်ပေါက်နေလေတော့၏။ သူမ၏ မျက်လုံးများထံမှလည်း သွေးများ ထွက်ကျလာလေသည်။ ထို့နောက် ဆိုလိုက်လေ၏: “အခုလေးတင် ငါ့ခေါင်းထဲကို သွေးတွေဝင်လာလို့ နားမလည်ဖြစ်သွားတာ။ အခုအဆင်ပြေသွားပြီ။ မဟုတ်ဘူး.. နင် ငါ့ကို ကတိပေးခဲ့တယ်။ အဲ့ဒါကြောင့် ငါ နင့်ခေါင်းကို ယူရမယ်”
ရှင်ယဲ့ တုန်တက်နေသော ကျောင်းသား A C ကို ဆွဲထူလိုက်ပြီးနောက် လူဦးခေါင်းနှင့် ဆက်လက် ညှိနှိုင်းလိုက်သည်:
“အဲ့လိုဆိုရင်၊ မင်းကြည့်လိုက်။ မင်းမှာ အခု ဦးခေါင်းတစ်လုံးရှိနှင့်ပြီးပြီ။ ဒါပေမဲ့ အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင်ခေါင်းဟုတ်ပုံမရဘူး။ တစ်နည်းပြောရရင် မင်းရဲ့ ခေါင်းမဟုတ်ရင်တောင်မှ အဆင်ပြေနေတယ်။ အဲ့လိုဆို မင်းက ငါ့ခေါင်းကို ယူလိုက်ရင်တောင်မှ သိပ်အကျိုးရှိမှာမဟုတ်ဘူး။ အဲ့တော့ ငါတို့ တွက်ကြည့်လိုက်ရအောင်။ အကယ်၍ ငါက သုံးရက်ကြာပြီးလို့မှ မင်းရဲ့ ခေါင်းကိုရှာမတွေ့ဘူးဆိုရင်၊ နောက်သုံးရက်အတွက် တခြားတစ်ယောက်ရဲ့ခေါင်းကို ယူလာပေးမယ်။ အခုအချိန်ကစပြီး မင်းရဲ့နဂိုခေါင်းကို ရှာမတွေ့ခင်အချိန်အထိ သုံးရက်ပြည့်တိုင်း မင်းဆီ ခေါင်းတစ်လုံး ယူလာပေးမယ်”
“ဟမ်?” ဦးခေါင်းမှာ ထပ်မံ စိတ်ရှုပ်ထွေးသွားရပြန်သည်။ ရှင်ယဲ့လိုမျိုး လာစျေးညှိတဲ့ လူကို သူမ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။
“ရွေးစရာနှစ်ခုထဲက၊ ငါတို့ ဘယ်တစ်ခုက ပိုအကျိုးရှိမလဲဆိုတာ ယှဉ်ကြည့်ကြအောင်။ မင်းရဲ့ နည်းလမ်းအတိုင်းဆိုရင်၊ ငါက သုံးရက်အတွင်းမှာ ဦးခေါင်းတစ်လုံးကို မရှာနိုင်ဘူး၊ အဲ့တော့ ငါက သေမယ်။ အဲ့ဒီအခါ မင်းကို ကူရှာပေးမယ့်လူ ရှိမှာ မဟုတ်တော့ဘူး။ ငါ့ နည်းလမ်းနဲ့ဆိုရင် ငါက သုံးရက်အတွင်းမှာ သေမှာမဟုတ်ဘူး။ အဲ့တော့ မင်းရဲ့ ခေါင်းကို ကူရှာပေးမယ့်လူက ရှိနေဦးမယ်။ ကြည့်လိုက်တာနဲ့ ဒုတိယနည်းလမ်းက နှစ်ဦးနှစ်ဖက် အကျိုးရှိတာ သိသာနေတာပဲလေ။ လူတိုင်း ဘယ်နည်းလမ်းကို ရွေးရမလဲဆိုတာသိတယ်”
ကွန်ပြူတာတစ်လုံးသာ ဘေးမှာရှိခဲ့လျှင်၊ ရှင်ယဲ့ သေချာပေါက် ဦးခေါင်းအတွက် အချက်အလက် နှိုင်းယှဉ်ပြဇယားတစ်ခု ဆွဲပြလိမ့်မည်ပင်။
ဦးခေါင်းမှာ သူ့ကြောင့် ရူးချင်ချင်ဖြစ်သွားသည်။ အတန်ကြာမှ ဖြည်းဖြည်းချင်း ပြောလာနိုင်လေ၏: “နားထောင်ရတာ…. အဓိပ္ပာယ်တော့ရှိသား”
“ပြီးတော့ မင်း ငါတစ်ယောက်တည်းကိုပဲ မကြည့်သင့်ဘူး” ရှင်ယဲ့ ဆက်ပြောလေ၏။ “ငါတို့ အားလုံးပေါင်း ငါးယောက်တောင်ရှိတာ မင်းတွေ့တာပဲ။ မင်း အားလုံးနဲ့ သဘောတူညီချက်ယူလို့ရတယ်။ ခိုင်းဖက် ငါးယောက်တောင် ရမယ်ဆိုတော့၊ အကျိုးအမြတ် အရမ်း ရှိမသွားဘူးလား?”
“ရှိတယ်!” ဒီတစ်ကြိမ်မှာတော့ ဦးခေါင်းက အလွန် လျင်လျင်မြန်မြန် တုံ့ပြန်လာလေသည်။ ထို့နောက် တဒုန်းဒုန်းဖြင့် ခုန်ပေါက်လျက် အနားရှိ ချောင်ချန့်နဲ့ ဝူယွီတို့ ဘေးသို့ သွားကာ မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်လေ၏။
“ငါ နင်တို့ ငါးယောက်လုံးကို မှတ်ထားတယ်”
ချောင်ချန့်နှင့် ဝူယွီမှာ ရှင်ယဲ့ကို တစ်စစီဖြစ်အောင် လုပ်ချင်နေပြီဖြစ်သည်။ သို့သော်လည်း ရှင်ယဲ့၏ ညှိနှိုင်းမှုမှာ မပြီးဆုံးသေးပေ။ သူ စကားဆက်လိုက်သည်:
“ဒီမှာ ရှာပေးဖို့ လူငါးယောက်ရှိပြီဆိုတော့၊ ငါတို့ သုံးရက်အတွင်းမှာ မင်းရဲ့ ခေါင်းကို မရှာပေးနိုင်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်း ပြောရမယ်။ ငါကတော့ သုံးရက်ပြည့်တိုင်းမှာ ငါတို့ မင်းအတွက် ခေါင်းတစ်လုံး ယူလာပေးတာပဲ ကောင်းမယ်လို့ထင်တယ်”
“မရဘူး!” ဦးခေါင်း ရှောင်ကျယ်ကျဲက ရှင်ယဲ့ရှေ့တွင် တဖန်ပြန်၍ ခုန်ပေါက်လာသည်။ “တစ်ယောက်ကို တစ်လုံး၊ ငါးယောက်ဆို ငါးလုံး!”
“ငါးလုံးပဲလေ။ ငါက ပထမသုံးရက်အတွက် ယူလာပေးမယ်၊ ဒုတိယသုံးရက်အတွက် ဝူယွီ၊ တတိယအတွက် ချောင်ချန့် ပြီးရင် ကျန်တဲ့သူတွေ” ရှင်ယဲ့က တုန်လှုပ်မှုမရှိဘဲ ဆိုလေ၏။
လက်မရှိရှာသည့် ဦးခေါင်း ရှောင်ကျယ်ကျဲအတွက် နားလည်ဖို့ရန် အချိန်တော်တော်ကြာကြာ ယူရလေသည်: “မရဘူး။ တစ်ခါတည်း ငါးလုံး ပေး”
“ကောင်းပြီ၊ အဲ့တာဆိုလည်း တစ်ခါတည်းနဲ့ ငါးလုံးရတယ်။ ဒါပေမဲ့ မင်း ခေါင်းတွေ အများကြီးယူပြီး ဘာလုပ်မှာလဲ?” ရှင်ယဲ့က ထပ်မေးလိုက်လေ၏။
“ခုန်မယ်၊ ခုန်မယ်၊ ခုန်ရတာ အရမ်း ပျော်ဖို့ကောင်းတယ်~” ဦးခေါင်း ရှောင်ကျယ်ကျဲမှာ ရုတ်တရက်ဆိုသလို ပျော်ရွှင်လာလေသည်။ မြင့်သထက် မြင့်အောင် ခုန်လေတာကြောင့် ကြမ်းပြင်ပေါ်ရှိ သွေးများမှာ ငါးယောက်လုံးကို စင်ကုန်တော့သည်။
“အဲ့လိုဆို မင်းက ခေါင်းတွေကို ထိန်းချုပ်ပြီး ခုန်နိုင်တာပေါ့။ တစ်ခါတည်းနဲ့ ခေါင်းငါးလုံးလုံးကိုရော ထိန်းချုပ်နိုင်လို့လား?”
“တစ်ခါ တစ်လုံးပဲ။ ကျန်တာ သိမ်းထားမယ်” ရှောင်ကျယ်ကျဲမှာ ဝတ်ကောင်းစားလှတွေ ရလိုက်သလိုမျိုး အလွန် ပျော်ရွှင်နေပုံရသည်။
“ဒါပေမဲ့ ဦးခေါင်းတွေက ပုပ်တတ်တယ်လေ” ရှင်ယဲ့က ထပ်မံ ဖျောင်းဖျလေ၏။
“မင်း တစ်ခါတည်းနဲ့ ပုပ်သွားမယ့် ခေါင်းငါးလုံးကို လိုချင်လား၊ ဒါမှမဟုတ် သုံးရက်ကြာတိုင်း လတ်လတ်ဆတ်ဆတ် ခေါင်းတစ်လုံးကို လိုချင်လား?”
ဦးခေါင်း ရှောင်ကျယ်ကျဲမှာ အလွန် စိတ်ရှုပ်သွားရပြန်သည်။ ရှင်ယဲ့ သူမခေါင်းကို လက်ညှိုးကာ မေးလိုက်၏: “မင်း ဒီခေါင်းကို သုံးနေတာ ဘယ်လောက်ကြာပြီလဲ?”
သူ၏ လေသံမှာ အလွန် တည်ငြိမ်ကာ၊ “ဒီအင်္ကျီကို ဝတ်နေတာ ဘယ်လောက်ကြာပြီလဲ” ဟု မေးလိုက်သကဲ့သို့ပင်။
“နှစ်ရက်….. ထင်တယ်…. ငါ့ရဲ့ ကိုယ်ပိုင်ဦးခေါင်းကသာ မပျက်ဆီးသွားမှာ…” ဦးခေါင်း ရှောင်ကျယ်ကျဲမှာ မသေချာမရေရာစွာ ဆိုလေ၏။
“အခုတောင် အပုပ်နံ့ ထွက်နေပြီ” ရှင်ယဲ့ ခေါင်းခါလိုက်သည်။ “သုံးရက်က အလွန်ဆုံးပဲ”
“အဲ့ဒါဆို… တစ်ခါ တစ်လုံးပဲပေါ့” ဦးခေါင်းမှာ နောက်ဆုံးတော့ အလျှော့ပေးလိုက်လေသည်။
ရှင်ယဲ့မှာ အပြင်ပန်းက စိတ်တည်ငြိမ်ပုံပေါ်နေသော်လည်း၊ တကယ်တမ်းမှာတော့ စိတ်ထဲက အလွန်ထိတ်လန့်နေရလေသည်။ ဒီသရဲနှင့် ညှိနှိုင်းလို့ ရမရကိုလည်း မသေချာခဲ့ပေ။ ကြိုးစားကြည့်ရုံသာ တတ်နိုင်သည်။ ကံကောင်းစွာဖြင့် သူမရဲ့ IQက သိပ်မမြင့်တာကြောင့်၊ သဘောတူသွားလေ၏။
“ကောင်းပြီ၊ အပေးအယူဖြစ်တယ်” ရှင်ယဲ့ ဆိုလိုက်၏။ “ဒါဆို မင်းရဲ့ ခေါင်းက ဘယ်လိုပုံစံရှိတာလဲ? မဟုတ်ရင်လည်း အသက်ရှင်တုန်းက မင်းရဲ့ နာမည်ကို ပြောပြ။ အဲ့လိုဆို ငါ့အထင် သုံးရက်အတွင်းမှာ ရှာလို့ရနိုင်မယ်”
“မပြောပြဘူး။ ဟီ ဟီ ဟီး.. ငါ ခုန်ရတာ အရမ်းပျော်တယ်”
ဦးခေါင်း ရှောင်ကျယ်ကျဲမှာ သူမ၏ ခေါင်းဖြင့် ထပ်မံ ခုန်ပေါက်လာတော့သည်။ သူမ၏ ခုန်ပေါက်မှုက ရှင်ယဲ့ကို မူးဝေသွားစေကာ၊ မြင်ကွင်းများ သေချာပြန်မြင်ရသည့်အချိန်တွင်၊ သူတို့ငါးယောက်မှာ လင်းထိန်သည့် မိန်းကလေးအဆောင်ကို ပြန်လည် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အချိန်မှာ ည ၁၂နာရီအတိမှာပဲ ရှိနေသေးသည့်နောက် စက္ကန့်များမှာ စတင်ရေတွက်လာတော့သည်။
ရှင်ယဲ့မှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ သူဘေးက ကျောင်းသား A Cမှာတော့ ဝက်တစ်ကောင်လို အော်ဟစ်လာလေ၏: “အား!!! ပြန်ရောက်ပြီ!”
ရှင်ယဲ့: “…..”
ချောင်ချန့်က ရှေ့ထွက်လာပြီး၊ ကျောင်းသား A Cအား တစ်ယောက်တစ်ချက်စီ ဖြန်းခနဲ ရိုက်ချလိုက်သည်။ ထို့နောက် ဒေါသထွက်စွာ ဆိုလေ၏: “ပါးစပ်ပိတ်ထား! ဒါက မိန်းကလေးအဆောင်။ နင်တို့ အမိခံပြီး၊ ကျောင်းထုတ်ခံရချင်လို့လား?”
ထို ရိုက်ချက်နှစ်ချက်က ကြမ်းတမ်း ရက်စက်လှတာကြောင့်၊ ကျောင်းသားနှစ်ယောက်မှာ အသိစိတ်နည်းနည်း ပြန်ဝင်သွားတော့သည်။ သူတို့မှာ ရှင်ယဲ့နားကို ပြေးကပ်သွားကြပြီး၊ ချောင်ချန့်အား ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြလေသည်။
ချောင်ချန့်က ရှင်ယဲ့အား ခါးသီးစွာဖြင့် ကြည့်လိုက်ပြန်ကာ၊ မယုံသင်္ကာဖြင့် မေးလာလေ၏: “နင် ဘယ်သူလဲ?”
ရှင်ယဲ့ ဒီခန္ဓာကိုယ်အပေါ် တခြားလူများ၏ အထင်အမြင်ကို ပြန်စဉ်းစားလိုက်ပြီး၊ အထက်စီးဆန်စွာ ပြောလိုက်သည်: “ငါ ဘယ်သူလဲဆိုတာ မသိတဲ့လူ ရှိသေးတာလား? စာကြည့်တိုက်အသစ်က ငါ့အဖေ လှူပေးထားတာလေ!”
ချောင်ချန့်မှာ ရှင်ယဲ့ကို အမှုန့်ဖြစ်အောင် လုပ်ချင်သည့်စိတ်ကို မနည်းသည်းခံလိုက်ကာ၊ တွေဝေစွာဖြင့် မေးလိုက်သည်: “ငါပြောချင်တာ၊ နင်က ငါနဲ့ ဝူယွီလိုမျိုး တူတူပဲလားလို့ မေးတာ”
“မင်းတို့နဲ့ တူတူပဲ?” ရှင်ယဲ့ သူ့ခြေထောက်ကို ဖက်တွယ်ထားသည့် A နှင့် Cကို ကန်ထုတ်လိုက်ကာ၊ အဝတ်များကို သပ်ရပ်အောင် လုပ်လိုက်သည်။ ထို့နောက် သူ၏ ငါးသိန်းတန် ရူးဖိနပ်ကို ညွှန်ပြကာ ဆိုလိုက်လေ၏။
“မင်းရဲ့ထောင်းပေါင်*က ဝယ်ထားတဲ့ အားကစားဝတ်စုံကို ပြန်ကြည့်လိုက်ပါဦး။ ဘယ်လိုလုပ်ပြီး ငါတို့က တူတူပဲလို့ တွေးနိုင်ရတာလဲ? ငါ့ကို ကြည့်ရတာ အဲ့လောက်ထိ ဆင်းရဲနေပုံ ပေါက်နေလို့လား?”
[ ထောင်းပေါင် (Taobao) _ တော်တော်များများသိကြတဲ့ တရုတ်က online shopping platform တစ်ခုပါ]
ချောင်ချန့်: “…..”
ဝူယွီက မေးလေသည်: “မင်းက ငါနဲ့ မတူဘူးဆိုရင်၊ သရဲမနဲ့ ညှိနှိုင်းဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ?”
“ငါက ငယ်ငယ်တည်းက ငါ့အဖေနဲ့ စားပွဲတွေ လိုက်သွားဖူးတယ်။ အဲ့ဒီမှာ ဉာဏ်များတဲ့ စီးပွါးရေးသမားတွေနဲ့ ငါ့အဖေ ဘယ်လို အပေးအယူလုပ်လဲဆိုတာ ကြည့်ထားတာ။ မင်းတို့က ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?” ရှင်ယဲ့ ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်လေ၏။ “မိန်းကလေးအဆောင်က သွေးတွေပျောက်သွားတာ တော်သေးတယ်။ မဟုတ်ရင် ဒီဖိနပ်လေးတွေအတွက် စိတ်မကောင်းဖြစ်နေရမှာ”
သူက အလွန်အသက်ဝင်အောင် သရုပ်ဆောင်လိုက်နိုင်တာကြာင့်၊ ချောင်ချန့်နှင့် ဝူယွီမှာ အချိန်အတန်ကြာအောင် သံသဃဖြစ်စွာ ကြည့်နေသော်လည်း၊ ဟာကွက်ကို ရှာမတွေ့ဖြစ်နေလေသည်။
ရှင်ယဲ့လည်း သူတို့ကို အဖတ်လုပ်မနေတော့ဘဲ A C ကိုသာ ပြောလိုက်သည်: “ငိုမနေနဲ့တော့၊ အခန်း အမြန်ပြန်ပြီး အိပ်တော့။ မနက်ဖြန် ဦးခေါင်း သွားရှာရဦးမယ်။ ရှာလို့မတွေ့ရင် မင်းတို့ နှစ်ကောင်ရဲ့ ခေါင်းတွေကို ပေးလိုက်မယ်!”
တစ်ချိန်တည်းမှာပဲ၊ ဝူယွီကို စိုက်ကြည့်လိုက်လေ၏: “မင်း၊ သစ္စာဖောက်ကောင် နောက်ဆို ငါတို့နဲ့ ဝေးဝေးနေ။ သုံးစားမရတဲ့ အကောင်။ ပြီးတော့၊ ကစားသူနဲ့ အဲ့ဒီ ထူးထူးဆန်းဆန်းနေရာတွေက ဘာလဲဆိုတာ မင်းသိနေရင် အမြန်ထုတ်ပြောလိုက်။ ငါတို့ ငါးယောက်လုံး ခေါင်းကို အတူသွားရှာရမယ်”
ဝူယွီအား နှာခေါင်းရှုံ့ပြလိုက်ပြီးနောက်တွင်တော့၊ ရှင်ယဲ့ Aနဲ့ C ကို ဦးဆောင်ကာ သုံးလွှာ ပြတင်းပေါက်ကနေ တွယ်ဆင်းသွားတော့သည်။ ဝူယွီနှင့် ချောင်ချန့်ကတော့ စကား ခဏပြောနေပြီးနောက် ၅မိနစ်အကြာမှ ဆင်းလာလေ၏။
သူတို့ အုပ်စုမှာ မိန်းကလေးအဆောင်တွင် တော်တော်လေး ဆူဆူညံညံဖြစ်အောင် လုပ်ခဲ့ကြသော်လည်း၊ ဘယ်သူမှ ထွက်လာပြီး အခြေအနေကို လာမစစ်ဆေးကြပေ။ အဆောက်အဦးတစ်ခုလုံးမှာ သေဆုံးနေသယောင် ထင်ရသည်။
ရှင်ယဲ့နှင့် ကျန်သူများမှာ အိပ်ဆောင်ဆီသို့ ကိုယ်စီ ပြန်သွားကြလေသည်။ သူ၏ အဆောင်ခန်းမှာ ကိုယ်ပိုင်ရေချိုးခန်းပါရှိသည့် ဇိမ်ခံ တစ်ယောက်ခန်းဖြစ်သည်။ သူ့ကို တွယ်ကပ်နေသော ကျောင်းသားနှစ်ယောက်အား ခွာထုတ်ပြီးနောက်မှာတော့၊ အခန်းသို့ ပြန်ကာ ရေချိုးလိုက်၏။ ထို့နောက် ကုတင်ပေါ်၌ လှဲကာ တိတ်ဆိတ်စွာ တွေးတောလိုက်လေသည်။
မှန်မှာ ရှင်ယဲ့၏ ရှပ်အင်္ကျီအိတ်ကပ်ထဲတွင် တစ်ချိန်လုံး သိမ်းထားခံခဲ့ရပြီး၊ အခုမှသာ ထွက်လာခွင့်ရလေတော့သည်။
သေးငယ်သော မိတ်ကပ်မှန်လေးမှာ ခုတင်ပေါ်၌ ကျွမ်းနှစ်ပြန်လောက် ထိုးလိုက်ပြီးမှ၊ ရှင်ယဲ့ဘေးသို့ လှိမ့်နိုင်အောင် ကြိုးစားလိုက်ရသည်။ ထို့နောက် ‘ဘုတ်’ ဟူသော ခုန်သံနှင့်အတူ၊ ကောင်လေးတစ်ယောက်၏ ပလုံးပထွေးအသံက ထွက်ပေါ်လာသည်: “ငါ့ကို အသက်ရှူကျပ်ပြီး သေအောင်လုပ်နေတာလား!”
ရှင်ယဲ့က သူ့ကို လျစ်လျူရှုကာ ရှောင်ကျယ်ကျဲ၏ ဦးခေါင်းကို ဘယ်မှာရှာရမလဲဆိုတာကိုသာ စဉ်းစားနေလေ၏။
မှန်မှာ အဖယ်ခံထားရမှုကို လက်မခံနိုင်ဘဲ ဆက်ပြောလေ၏: “မင်းက အရမ်း ရဲတင်းလွန်းတာ မဟုတ်ဘူးလား။ မင်းမှာ ပွိုင့်၂၀၀ပဲ ရှိတာလေ။ ကျန်တဲ့ ကစားသူနှစ်ယောက်က မင်းကို မသင်္ကာဖြစ်မှာ မကြောက်ဘူးလား? ပြီးတော့ ဦးခေါင်းက မင်းကို ရုတ်တရက်ကြီး ထသတ်ပစ်လိုက်မယ်ဆိုရင်၊ ဒီဂိမ်းကတော့ သွားပြီပဲ”
ရှင်ယဲ့ မှန်ကို သူ့လက်ထဲတွင် ကိုင်လိုက်ပြီး၊ အတွေးများကို ပြန်လည်ချိန်ဆရင်း ဆိုလိုက်လေသည်: “အမှန်တိုင်းပြောရရင်၊ သုံးလွှာကို ရောက်တဲ့အချိန်မှာ အဲ့အလွှာက အဲ့လောက်ထိ ကြောက်စရာမကောင်းဘူးလို့ ခံစားမိတယ်။ တော်တော်များများကတော့ ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ ပြည့်နေတာ ကြောက်စရာကောင်းတယ်လို့ ထင်ကြမှာပဲ။ ဒါပေမဲ့ တကယ်တမ်း သေစေနိုင်လောက်တဲ့အရာသာဆိုရင် နောက်ကွယ်က အမှောင်ထဲမှာပဲ ပုန်းကွယ်နေလိမ့်မယ်။ ဒီလို လူတွေကို သတိချပ်စေမယ့် နေရာမျိုးမှာ ရှိလောက်မှာမဟုတ်ဘူး။
ပြီးတော့ ဦးခေါင်းက ငါ့အတန်းဖော်ကို တိုက်ခိုက်တုန်းကဆို၊ သူသာ တကယ်သတ်ချင်တယ်ဆိုလို့ရှိရင်၊ သာမန်လူတစ်ယောက်ရဲ့ အင်အားနဲ့ သူ့ကို ဘယ်လိုမှ ရှောင်နိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ အပြုအမူတွေကို ကြည့်ရင် သူက ဒီဂိမ်းဇာတ်လမ်းရဲ့ သတ်မှတ်ထားတဲ့ NPC ပါဆိုတဲ့ သဲလွန်စတွေပေးနေသလိုပဲ”
“ဒါပေမဲ့ သူက ခေါင်းကို ဘယ်မှာရှာရမလဲဆိုတာ မပြောခဲ့ဘူးလေ။ အချိန်သုံးရက်ပဲ ပေးလိုက်တာကို” မှန်က စိုးရိမ်စွာ ပြောလေ၏။
“သူက တစ်ချိန်လုံး အပေါ်အောက် ခုန်နေပြီးတော့၊ ခုန်ရတာ အရမ်းပျော်စရာကောင်းတယ်လို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် ဒီကျောင်းစဆောက်ချိန်ကစပြီး ကျောင်းပေါ်က ခုန်ချခဲ့တဲ့ ကျောင်းသားတွေ ရှိလားဆိုတာ ငါ မနက်ဖြန်မှာ သွားစုံစမ်းရမယ်။ အဲ့ဒီကနေ အကြံအဉာဏ်တွေ သေချာပေါက်ရလာမှာပဲ။ ပြီးတော့လည်း၊ မိန်းကလေးအဆောင်မှာ မရှာရသေးတဲ့ အလွှာ နှစ်လွှာကျန်သေးတယ်။ အဲ့ဒီမှာလည်း ကျန်တဲ့အရာတွေ ရှိနေဦးမှာပဲ။ လူဦးခေါင်းက နောက်ဆုံး mission မဟုတ်နိုင်ဘူး” ရှင်ယဲ့ သုံးသပ်လိုက်၏။
“အဲ့ဒါဆို ကျန်တဲ့ ကစားသူနှစ်ယောက်ကရော….”
မှန်က စိတ်ပူပေးနေတာကို ခံစားမိသည့်အခါ၊ ရှင်ယဲ့ မလုပ်တောင့်မလုပ်စဖူး လက်ကိုင်ပုဝါတစ်ခုကို ယူကာ မှန်မျက်နှာပြင်ကို ညင်ညင်သာသာဖြင့် သုတ်ပေးလေ၏။
“သူတို့ မယုံသင်္ကာဖြစ်တော့ရော ဘာဖြစ်လဲ? ငါက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထင်ရှားနေတာပဲလေ။ သူတို့ တစ်ယောက်ယောက်ကို သတ်ချင်ရင်တောင်မှ၊ ပေါ်ပေါ်ထင်ထင် လုပ်ရဲမှာမဟုတ်ဘူး။ ကစားသူတစ်ယောက်ဘက်က စဉ်းစားကြည့်ရင် သူတို့ရဲ့ သရုပ်မှန်ကို တခြားသူတွေဆီမှာ သေချာပေါက် ဖော်ထုတ်ခံရချင်မှာမဟုတ်ဘူး။ သိုသိုသိပ်သိပ်နေလေ ကောင်းလေပဲ။ ငါ မနက်ဖြန် ကျောင်းသား A နဲ့ Cကို လူတွေမြင်အောင် စုံစမ်းဖို့ ခေါ်သွားမယ်။ အဲ့ဒီအခါ နောက်ကွယ်က စောင့်ကြည့်နေတဲ့လူတွေ မသေချာမရေရာတော့ ဖြစ်သွားမှာပဲ”
မှန်မှာ ရှင်ယဲ့က အကုန်လုံးကို ကြိုတင်တွက်ချက်ပြီးသားဆိုတာကို သိလိုက်ရသည့်အခါ၊ ဘာမှ အသုံးမဝင်လို ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်အခြေအနေမှာလည်း မကောင်းတော့ပေ။
သူက level မြင့် ကစားသူတစ်ယောက်ဖြစ်ခဲ့သည်။ အစဦးကမ္ဘာနှင့် ရှုပ်ထွေးပွေလီကမ္ဘာတို့ကိုလည်း ရှင်းလင်းဖြတ်ကျော်ခဲ့ပြီးပြီဖြစ်သည်။ အစတုန်းကတော့ ရှင်ယဲ့က သူ့အတွက် အထူး QR codeကို စွန့်လွှတ်ပြီး၊ သူ့ကို System၏ ထိန်းချုပ်မခံရအောင် ကာကွယ်ပေးသည့်အတွက်၊ မှန်က သူ၏ အတွေ့အကြုံများနှင့် ရှင်ယဲ့ကိုကူညီပြီး အကြွေးပြန်ဆပ်ချင်ခဲ့တာဖြစ်သည်။
သို့သော်လည်း၊ သူ၏ အတွေ့အကြုံများက ရှင်ယဲ့အတွက် ဘာမှကို အသုံးဝင်မနေချေ။ ရှင်ယဲ့၏ တမူထူးခြားသော ဖြေရှင်းသည့် နည်းလမ်းများက မှန်ကို ကံကလွဲပြီး ဘာမှ မသုံးမကျသည့် အရူးတစ်ယောက်နှင့် တူသွားစေသည်။
ရှင်ယဲ့က စကားဆက်လေ၏: “ဒီည ကြုံတွေခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး၊ ငါက တော်တော်လေး အရေးနိမ့်နေတယ်ဆိုတာ သိသွားတယ်။ နိုင်ဖို့ကတော့ ခက်ပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
မှန်မှာ အသက်ရှူမှားသွားတော့မလိုပင်: “မင်းမှာ နိုင်ဖို့ နည်းလမ်းရှိတာလား? နောက်ကွယ်မှာ ပုန်းနေတဲ့ ကစားသူလေးယောက်လည်း ကျန်သေးတယ်လေ”
“အကြံတော့ရှိတယ်။ ဒါပေမဲ့ အခုအခြေအနေတွေနဲ့ဆိုရင်တော့ မလုပ်နိုင်သေးဘူး” ရှင်ယဲ့က ဆို၏။ “ငါ အထူးစွမ်းရည်တွေ လိုအပ်တယ်။ ဒီကမ္ဘာထဲမှာ ဖွက်ထားတဲ့ QR codeတွေ ရှိနိုင်တယ်လို့ မင်းပြောခဲ့တယ်မလား? နှစ်ခု၊ မဟုတ်ဘူး။ တစ်ခုလောက်ဆို လုံလောက်ပြီ”
မှန်က ပြောသည်: “ဟုတ်တယ်။ ဒီရှုပ်ထွေးပွေလီကမ္ဘာထဲမှာ ကစားသူကလည်း ၇ယောက်ရှိတယ်၊ ဂိမ်း mission ကလည်း တော်တော်လေး ရှုပ်ထွေးတယ်ဆိုတော့၊ အထူး QR codeတွေ အများကြီး ရှိမှာပဲ။ ကစားသူ အရေအတွက်နဲ့ဆိုရင် အနည်းဆုံး ခုနစ်ခုလောက် ရှိရမယ်”
“ငါက ရှာတာဖွေတာတွေ မတော်ဘူး။ ကံကလည်း သာမန်လောက်ပဲဆိုတော့၊ မင်း ငါ့အတွက် QR codeတွေ ရှာပေးနိုင်မလား?” ရှင်ယဲ့ မေးလိုက်လေ၏။
မှန််မှာ ချက်ချင်းဆိုသလို ပျော်ရွှင်သွားတော့သည်: “ဟမ်း၊ မင်း ဘာသာမင်း ဘယ်လောက်တော်တော်၊ ငါ့အကူအညီကို လိုအပ်သေးတာပဲမလား”
“ဟုတ်တယ်၊ လိုအပ်တယ််” ရှင်ယဲ့ အလိုက်အထိုက် ပြောပေးလေ၏။
မှန်: “ငါ့ကို ထိန်းချုပ်မခံရတော့အောင် လုပ်ပေးထားတဲ့အတွက်၊ ဒီတစ်ခေါက်တော့ တောင်းဆိုစရာမလိုဘူး။ နောက်တစ်ခါဆိုရင်တော့ သေချာပေါက် တောင်းဆိုရမယ်”
“အဲ့ဒါကတော့ အခြေအနေအပေါ်မှာ မူတည်တယ်” ရှင်ယဲ့ တကယ်ကို ဝတ်ကျေတမ်းကျေသာ ပြန်ဖြေလိုက်လေ၏။
(Zawgyi)
Chapter 22 _ အေပးအယူ
ရွင္ယဲ့ ‘ေကာင္းၿပီ’ ဟု အေျဖမေပးခင္ အရင္ဆုံး ခ်င့္ခ်ိန္ကာ ေမးၾကည့္လိုက္သည္: “အဲ့ဒါ မင္းရဲ႕ေခါင္း ျဖစ္မွရမွာလား? မင္းက ငါ့ရဲ႕ေခါင္းကိုေတာင္ ယူလို႔ရတယ္လို႔ ေျပာတယ္ဆိုေတာ့၊ တကယ္လို႔ သုံးရက္အတြင္း မင္းေခါင္းကို မရွာႏိုင္ခဲ့ရင္၊ တျခားလူတစ္ေယာက္ရဲ႕ ေခါင္းကို မင္းဆီယူလာေပးရင္ေကာ အဆင္ေျပလား?”
ေခ်ာင္ခ်န႔္ႏွင့္ ဝူယြီမွာ missionက ေပၚထြက္လာၿပီဟု ေတြးထင္မိခဲ့ၾကသည္။ သူတို႔ ရွာေဖြရမည့္အရာမွာ သရဲမ၏ ဦးေခါင္းျဖစ္ၿပီး၊ mission NPC မွာလည္း ထိုသရဲမသာ ျဖစ္သည္ဟုပင္။ သို႔ေသာ္ ရွင္ယဲ့က ဒီလိုေမးခြန္းမ်ိဳး ေမးလာလိမ့္မည္ဟု မည္သူက ထင္ထားခဲ့မည္နည္း?
ဦးေခါင္းမွာ ရွင္ယဲ့ေၾကာင့္ ေခါင္းရႈပ္သြားသည့္ပုံေပၚသည္။ သူမ၏ ေခါင္းကို အထက္ေအာက္ေျမႇာက္လ်က္၊ ၾကမ္းျပင္ေပၚထိ တဒုန္းဒုန္း အသံျမည္ေအာင္ ခုန္ေပါက္ေနေလေတာ့၏။ သူမ၏ မ်က္လုံးမ်ားထံမွလည္း ေသြးမ်ား ထြက္က်လာေလသည္။ ထို႔ေနာက္ ဆိုလိုက္ေလ၏: “အခုေလးတင္ ငါ့ေခါင္းထဲကို ေသြးေတြဝင္လာလို႔ နားမလည္ျဖစ္သြားတာ။ အခုအဆင္ေျပသြားၿပီ။ မဟုတ္ဘူး.. နင္ ငါ့ကို ကတိေပးခဲ့တယ္။ အဲ့ဒါေၾကာင့္ ငါ နင့္ေခါင္းကို ယူရမယ္”
ရွင္ယဲ့ တုန္တက္ေနေသာ ေက်ာင္းသား A C ကို ဆြဲထူလိုက္ၿပီးေနာက္ လူဦးေခါင္းႏွင့္ ဆက္လက္ ညႇိႏႈိင္းလိုက္သည္:
“အဲ့လိုဆိုရင္၊ မင္းၾကည့္လိုက္။ မင္းမွာ အခု ဦးေခါင္းတစ္လုံးရွိႏွင့္ၿပီးၿပီ။ ဒါေပမဲ့ အဲ့ဒါက မင္းရဲ႕ ကိုယ္ပိုင္ေခါင္းဟုတ္ပုံမရဘူး။ တစ္နည္းေျပာရရင္ မင္းရဲ႕ ေခါင္းမဟုတ္ရင္ေတာင္မွ အဆင္ေျပေနတယ္။ အဲ့လိုဆို မင္းက ငါ့ေခါင္းကို ယူလိုက္ရင္ေတာင္မွ သိပ္အက်ိဳးရွိမွာမဟုတ္ဘူး။ အဲ့ေတာ့ ငါတို႔ တြက္ၾကည့္လိုက္ရေအာင္။ အကယ္၍ ငါက သုံးရက္ၾကာၿပီးလို႔မွ မင္းရဲ႕ ေခါင္းကိုရွာမေတြ႕ဘူးဆိုရင္၊ ေနာက္သုံးရက္အတြက္ တျခားတစ္ေယာက္ရဲ႕ေခါင္းကို ယူလာေပးမယ္။ အခုအခ်ိန္ကစၿပီး မင္းရဲ႕နဂိုေခါင္းကို ရွာမေတြ႕ခင္အခ်ိန္အထိ သုံးရက္ျပည့္တိုင္း မင္းဆီ ေခါင္းတစ္လုံး ယူလာေပးမယ္”
“ဟမ္?” ဦးေခါင္းမွာ ထပ္မံ စိတ္ရႈပ္ေထြးသြားရျပန္သည္။ ရွင္ယဲ့လိုမ်ိဳး လာေစ်းညႇိတဲ့ လူကို သူမ ပထမဦးဆုံးအႀကိမ္ ေတြ႕ဖူးတာျဖစ္သည္။
“ေ႐ြးစရာႏွစ္ခုထဲက၊ ငါတို႔ ဘယ္တစ္ခုက ပိုအက်ိဳးရွိမလဲဆိုတာ ယွဥ္ၾကည့္ၾကေအာင္။ မင္းရဲ႕ နည္းလမ္းအတိုင္းဆိုရင္၊ ငါက သုံးရက္အတြင္းမွာ ဦးေခါင္းတစ္လုံးကို မရွာႏိုင္ဘူး၊ အဲ့ေတာ့ ငါက ေသမယ္။ အဲ့ဒီအခါ မင္းကို ကူရွာေပးမယ့္လူ ရွိမွာ မဟုတ္ေတာ့ဘူး။ ငါ့ နည္းလမ္းနဲ႔ဆိုရင္ ငါက သုံးရက္အတြင္းမွာ ေသမွာမဟုတ္ဘူး။ အဲ့ေတာ့ မင္းရဲ႕ ေခါင္းကို ကူရွာေပးမယ့္လူက ရွိေနဦးမယ္။ ၾကည့္လိုက္တာနဲ႔ ဒုတိယနည္းလမ္းက ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိတာ သိသာေနတာပဲေလ။ လူတိုင္း ဘယ္နည္းလမ္းကို ေ႐ြးရမလဲဆိုတာသိတယ္”
ကြန္ျပဴတာတစ္လုံးသာ ေဘးမွာရွိခဲ့လွ်င္၊ ရွင္ယဲ့ ေသခ်ာေပါက္ ဦးေခါင္းအတြက္ အခ်က္အလက္ ႏႈိင္းယွဥ္ျပဇယားတစ္ခု ဆြဲျပလိမ့္မည္ပင္။
ဦးေခါင္းမွာ သူ႔ေၾကာင့္ ႐ူးခ်င္ခ်င္ျဖစ္သြားသည္။ အတန္ၾကာမွ ျဖည္းျဖည္းခ်င္း ေျပာလာႏိုင္ေလ၏: “နားေထာင္ရတာ…. အဓိပၸာယ္ေတာ့ရွိသား”
“ၿပီးေတာ့ မင္း ငါတစ္ေယာက္တည္းကိုပဲ မၾကည့္သင့္ဘူး” ရွင္ယဲ့ ဆက္ေျပာေလ၏။ “ငါတို႔ အားလုံးေပါင္း ငါးေယာက္ေတာင္ရွိတာ မင္းေတြ႕တာပဲ။ မင္း အားလုံးနဲ႔ သေဘာတူညီခ်က္ယူလို႔ရတယ္။ ခိုင္းဖက္ ငါးေယာက္ေတာင္ ရမယ္ဆိုေတာ့၊ အက်ိဳးအျမတ္ အရမ္း ရွိမသြားဘူးလား?”
“ရွိတယ္!” ဒီတစ္ႀကိမ္မွာေတာ့ ဦးေခါင္းက အလြန္ လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္လာေလသည္။ ထို႔ေနာက္ တဒုန္းဒုန္းျဖင့္ ခုန္ေပါက္လ်က္ အနားရွိ ေခ်ာင္ခ်န႔္နဲ႔ ဝူယြီတို႔ ေဘးသို႔ သြားကာ မ်က္ေထာင့္နီႀကီးျဖင့္ စိုက္ၾကည့္လိုက္ေလ၏။
“ငါ နင္တို႔ ငါးေယာက္လုံးကို မွတ္ထားတယ္”
ေခ်ာင္ခ်န႔္ႏွင့္ ဝူယြီမွာ ရွင္ယဲ့ကို တစ္စစီျဖစ္ေအာင္ လုပ္ခ်င္ေနၿပီျဖစ္သည္။ သို႔ေသာ္လည္း ရွင္ယဲ့၏ ညႇိႏႈိင္းမႈမွာ မၿပီးဆုံးေသးေပ။ သူ စကားဆက္လိုက္သည္:
“ဒီမွာ ရွာေပးဖို႔ လူငါးေယာက္ရွိၿပီဆိုေတာ့၊ ငါတို႔ သုံးရက္အတြင္းမွာ မင္းရဲ႕ ေခါင္းကို မရွာေပးႏိုင္ရင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့အေၾကာင္း ေျပာရမယ္။ ငါကေတာ့ သုံးရက္ျပည့္တိုင္းမွာ ငါတို႔ မင္းအတြက္ ေခါင္းတစ္လုံး ယူလာေပးတာပဲ ေကာင္းမယ္လို႔ထင္တယ္”
“မရဘူး!” ဦးေခါင္း ေရွာင္က်ယ္က်ဲက ရွင္ယဲ့ေရွ႕တြင္ တဖန္ျပန္၍ ခုန္ေပါက္လာသည္။ “တစ္ေယာက္ကို တစ္လုံး၊ ငါးေယာက္ဆို ငါးလုံး!”
“ငါးလုံးပဲေလ။ ငါက ပထမသုံးရက္အတြက္ ယူလာေပးမယ္၊ ဒုတိယသုံးရက္အတြက္ ဝူယြီ၊ တတိယအတြက္ ေခ်ာင္ခ်န႔္ ၿပီးရင္ က်န္တဲ့သူေတြ” ရွင္ယဲ့က တုန္လႈပ္မႈမရွိဘဲ ဆိုေလ၏။
လက္မရွိရွာသည့္ ဦးေခါင္း ေရွာင္က်ယ္က်ဲအတြက္ နားလည္ဖို႔ရန္ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ယူရေလသည္: “မရဘူး။ တစ္ခါတည္း ငါးလုံး ေပး”
“ေကာင္းၿပီ၊ အဲ့တာဆိုလည္း တစ္ခါတည္းနဲ႔ ငါးလုံးရတယ္။ ဒါေပမဲ့ မင္း ေခါင္းေတြ အမ်ားႀကီးယူၿပီး ဘာလုပ္မွာလဲ?” ရွင္ယဲ့က ထပ္ေမးလိုက္ေလ၏။
“ခုန္မယ္၊ ခုန္မယ္၊ ခုန္ရတာ အရမ္း ေပ်ာ္ဖို႔ေကာင္းတယ္~” ဦးေခါင္း ေရွာင္က်ယ္က်ဲမွာ ႐ုတ္တရက္ဆိုသလို ေပ်ာ္႐ႊင္လာေလသည္။ ျမင့္သထက္ ျမင့္ေအာင္ ခုန္ေလတာေၾကာင့္ ၾကမ္းျပင္ေပၚရွိ ေသြးမ်ားမွာ ငါးေယာက္လုံးကို စင္ကုန္ေတာ့သည္။
“အဲ့လိုဆို မင္းက ေခါင္းေတြကို ထိန္းခ်ဳပ္ၿပီး ခုန္ႏိုင္တာေပါ့။ တစ္ခါတည္းနဲ႔ ေခါင္းငါးလုံးလုံးကိုေရာ ထိန္းခ်ဳပ္ႏိုင္လို႔လား?”
“တစ္ခါ တစ္လုံးပဲ။ က်န္တာ သိမ္းထားမယ္” ေရွာင္က်ယ္က်ဲမွာ ဝတ္ေကာင္းစားလွေတြ ရလိုက္သလိုမ်ိဳး အလြန္ ေပ်ာ္႐ႊင္ေနပုံရသည္။
“ဒါေပမဲ့ ဦးေခါင္းေတြက ပုပ္တတ္တယ္ေလ” ရွင္ယဲ့က ထပ္မံ ေဖ်ာင္းဖ်ေလ၏။
“မင္း တစ္ခါတည္းနဲ႔ ပုပ္သြားမယ့္ ေခါင္းငါးလုံးကို လိုခ်င္လား၊ ဒါမွမဟုတ္ သုံးရက္ၾကာတိုင္း လတ္လတ္ဆတ္ဆတ္ ေခါင္းတစ္လုံးကို လိုခ်င္လား?”
ဦးေခါင္း ေရွာင္က်ယ္က်ဲမွာ အလြန္ စိတ္ရႈပ္သြားရျပန္သည္။ ရွင္ယဲ့ သူမေခါင္းကို လက္ညႇိဳးကာ ေမးလိုက္၏: “မင္း ဒီေခါင္းကို သုံးေနတာ ဘယ္ေလာက္ၾကာၿပီလဲ?”
သူ၏ ေလသံမွာ အလြန္ တည္ၿငိမ္ကာ၊ “ဒီအက်ႌကို ဝတ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ” ဟု ေမးလိုက္သကဲ့သို႔ပင္။
“ႏွစ္ရက္….. ထင္တယ္…. ငါ့ရဲ႕ ကိုယ္ပိုင္ဦးေခါင္းကသာ မပ်က္ဆီးသြားမွာ…” ဦးေခါင္း ေရွာင္က်ယ္က်ဲမွာ မေသခ်ာမေရရာစြာ ဆိုေလ၏။
“အခုေတာင္ အပုပ္နံ႔ ထြက္ေနၿပီ” ရွင္ယဲ့ ေခါင္းခါလိုက္သည္။ “သုံးရက္က အလြန္ဆုံးပဲ”
“အဲ့ဒါဆို… တစ္ခါ တစ္လုံးပဲေပါ့” ဦးေခါင္းမွာ ေနာက္ဆုံးေတာ့ အေလွ်ာ့ေပးလိုက္ေလသည္။
ရွင္ယဲ့မွာ အျပင္ပန္းက စိတ္တည္ၿငိမ္ပုံေပၚေနေသာ္လည္း၊ တကယ္တမ္းမွာေတာ့ စိတ္ထဲက အလြန္ထိတ္လန္႔ေနရေလသည္။ ဒီသရဲႏွင့္ ညႇိႏႈိင္းလို႔ ရမရကိုလည္း မေသခ်ာခဲ့ေပ။ ႀကိဳးစားၾကည့္႐ုံသာ တတ္ႏိုင္သည္။ ကံေကာင္းစြာျဖင့္ သူမရဲ႕ IQက သိပ္မျမင့္တာေၾကာင့္၊ သေဘာတူသြားေလ၏။
“ေကာင္းၿပီ၊ အေပးအယူျဖစ္တယ္” ရွင္ယဲ့ ဆိုလိုက္၏။ “ဒါဆို မင္းရဲ႕ ေခါင္းက ဘယ္လိုပုံစံရွိတာလဲ? မဟုတ္ရင္လည္း အသက္ရွင္တုန္းက မင္းရဲ႕ နာမည္ကို ေျပာျပ။ အဲ့လိုဆို ငါ့အထင္ သုံးရက္အတြင္းမွာ ရွာလို႔ရႏိုင္မယ္”
“မေျပာျပဘူး။ ဟီ ဟီ ဟီး.. ငါ ခုန္ရတာ အရမ္းေပ်ာ္တယ္”
ဦးေခါင္း ေရွာင္က်ယ္က်ဲမွာ သူမ၏ ေခါင္းျဖင့္ ထပ္မံ ခုန္ေပါက္လာေတာ့သည္။ သူမ၏ ခုန္ေပါက္မႈက ရွင္ယဲ့ကို မူးေဝသြားေစကာ၊ ျမင္ကြင္းမ်ား ေသခ်ာျပန္ျမင္ရသည့္အခ်ိန္တြင္၊ သူတို႔ငါးေယာက္မွာ လင္းထိန္သည့္ မိန္းကေလးအေဆာင္ကို ျပန္လည္ ေရာက္ရွိသြားခဲ့ၿပီျဖစ္သည္။ အခ်ိန္မွာ ည ၁၂နာရီအတိမွာပဲ ရွိေနေသးသည့္ေနာက္ စကၠန္႔မ်ားမွာ စတင္ေရတြက္လာေတာ့သည္။
ရွင္ယဲ့မွာ စိတ္သက္သာရာရစြာ သက္ျပင္းခ်ႏိုင္သြားသည္။ သူေဘးက ေက်ာင္းသား A Cမွာေတာ့ ဝက္တစ္ေကာင္လို ေအာ္ဟစ္လာေလ၏: “အား!!! ျပန္ေရာက္ၿပီ!”
ရွင္ယဲ့: “…..”
ေခ်ာင္ခ်န႔္က ေရွ႕ထြက္လာၿပီး၊ ေက်ာင္းသား A Cအား တစ္ေယာက္တစ္ခ်က္စီ ျဖန္းခနဲ ႐ိုက္ခ်လိုက္သည္။ ထို႔ေနာက္ ေဒါသထြက္စြာ ဆိုေလ၏: “ပါးစပ္ပိတ္ထား! ဒါက မိန္းကေလးအေဆာင္။ နင္တို႔ အမိခံၿပီး၊ ေက်ာင္းထုတ္ခံရခ်င္လို႔လား?”
ထို ႐ိုက္ခ်က္ႏွစ္ခ်က္က ၾကမ္းတမ္း ရက္စက္လွတာေၾကာင့္၊ ေက်ာင္းသားႏွစ္ေယာက္မွာ အသိစိတ္နည္းနည္း ျပန္ဝင္သြားေတာ့သည္။ သူတို႔မွာ ရွင္ယဲ့နားကို ေျပးကပ္သြားၾကၿပီး၊ ေခ်ာင္ခ်န႔္အား ေၾကာက္႐ြံ႕စြာျဖင့္ ၾကည့္လိုက္ၾကေလသည္။
ေခ်ာင္ခ်န႔္က ရွင္ယဲ့အား ခါးသီးစြာျဖင့္ ၾကည့္လိုက္ျပန္ကာ၊ မယုံသကၤာျဖင့္ ေမးလာေလ၏: “နင္ ဘယ္သူလဲ?”
ရွင္ယဲ့ ဒီခႏၶာကိုယ္အေပၚ တျခားလူမ်ား၏ အထင္အျမင္ကို ျပန္စဥ္းစားလိုက္ၿပီး၊ အထက္စီးဆန္စြာ ေျပာလိုက္သည္: “ငါ ဘယ္သူလဲဆိုတာ မသိတဲ့လူ ရွိေသးတာလား? စာၾကည့္တိုက္အသစ္က ငါ့အေဖ လႉေပးထားတာေလ!”
ေခ်ာင္ခ်န႔္မွာ ရွင္ယဲ့ကို အမႈန္႔ျဖစ္ေအာင္ လုပ္ခ်င္သည့္စိတ္ကို မနည္းသည္းခံလိုက္ကာ၊ ေတြေဝစြာျဖင့္ ေမးလိုက္သည္: “ငါေျပာခ်င္တာ၊ နင္က ငါနဲ႔ ဝူယြီလိုမ်ိဳး တူတူပဲလားလို႔ ေမးတာ”
“မင္းတို႔နဲ႔ တူတူပဲ?” ရွင္ယဲ့ သူ႔ေျခေထာက္ကို ဖက္တြယ္ထားသည့္ A ႏွင့္ Cကို ကန္ထုတ္လိုက္ကာ၊ အဝတ္မ်ားကို သပ္ရပ္ေအာင္ လုပ္လိုက္သည္။ ထို႔ေနာက္ သူ၏ ငါးသိန္းတန္ ႐ူးဖိနပ္ကို ၫႊန္ျပကာ ဆိုလိုက္ေလ၏။
“မင္းရဲ႕ေထာင္းေပါင္*က ဝယ္ထားတဲ့ အားကစားဝတ္စုံကို ျပန္ၾကည့္လိုက္ပါဦး။ ဘယ္လိုလုပ္ၿပီး ငါတို႔က တူတူပဲလို႔ ေတြးႏိုင္ရတာလဲ? ငါ့ကို ၾကည့္ရတာ အဲ့ေလာက္ထိ ဆင္းရဲေနပုံ ေပါက္ေနလို႔လား?”
[ ေထာင္းေပါင္ (Taobao) _ ေတာ္ေတာ္မ်ားမ်ားသိၾကတဲ့ တ႐ုတ္က online shopping platform တစ္ခုပါ]
ေခ်ာင္ခ်န႔္: “…..”
ဝူယြီက ေမးေလသည္: “မင္းက ငါနဲ႔ မတူဘူးဆိုရင္၊ သရဲမနဲ႔ ညႇိႏႈိင္းဖို႔ ဘယ္က သတၱိေတြ ရလာတာလဲ?”
“ငါက ငယ္ငယ္တည္းက ငါ့အေဖနဲ႔ စားပြဲေတြ လိုက္သြားဖူးတယ္။ အဲ့ဒီမွာ ဉာဏ္မ်ားတဲ့ စီးပြါးေရးသမားေတြနဲ႔ ငါ့အေဖ ဘယ္လို အေပးအယူလုပ္လဲဆိုတာ ၾကည့္ထားတာ။ မင္းတို႔က ငါနဲ႔ ဘယ္လိုလုပ္ ယွဥ္ႏိုင္မွာလဲ?” ရွင္ယဲ့ ဂုဏ္ယူဝံ့ႂကြားစြာ ဆိုလိုက္ေလ၏။ “မိန္းကေလးအေဆာင္က ေသြးေတြေပ်ာက္သြားတာ ေတာ္ေသးတယ္။ မဟုတ္ရင္ ဒီဖိနပ္ေလးေတြအတြက္ စိတ္မေကာင္းျဖစ္ေနရမွာ”
သူက အလြန္အသက္ဝင္ေအာင္ သ႐ုပ္ေဆာင္လိုက္ႏိုင္တာၾကာင့္၊ ေခ်ာင္ခ်န႔္ႏွင့္ ဝူယြီမွာ အခ်ိန္အတန္ၾကာေအာင္ သံသဃျဖစ္စြာ ၾကည့္ေနေသာ္လည္း၊ ဟာကြက္ကို ရွာမေတြ႕ျဖစ္ေနေလသည္။
ရွင္ယဲ့လည္း သူတို႔ကို အဖတ္လုပ္မေနေတာ့ဘဲ A C ကိုသာ ေျပာလိုက္သည္: “ငိုမေနနဲ႔ေတာ့၊ အခန္း အျမန္ျပန္ၿပီး အိပ္ေတာ့။ မနက္ျဖန္ ဦးေခါင္း သြားရွာရဦးမယ္။ ရွာလို႔မေတြ႕ရင္ မင္းတို႔ ႏွစ္ေကာင္ရဲ႕ ေခါင္းေတြကို ေပးလိုက္မယ္!”
တစ္ခ်ိန္တည္းမွာပဲ၊ ဝူယြီကို စိုက္ၾကည့္လိုက္ေလ၏: “မင္း၊ သစၥာေဖာက္ေကာင္ ေနာက္ဆို ငါတို႔နဲ႔ ေဝးေဝးေန။ သုံးစားမရတဲ့ အေကာင္။ ၿပီးေတာ့၊ ကစားသူနဲ႔ အဲ့ဒီ ထူးထူးဆန္းဆန္းေနရာေတြက ဘာလဲဆိုတာ မင္းသိေနရင္ အျမန္ထုတ္ေျပာလိုက္။ ငါတို႔ ငါးေယာက္လုံး ေခါင္းကို အတူသြားရွာရမယ္”
ဝူယြီအား ႏွာေခါင္းရႈံ႕ျပလိုက္ၿပီးေနာက္တြင္ေတာ့၊ ရွင္ယဲ့ Aနဲ႔ C ကို ဦးေဆာင္ကာ သုံးလႊာ ျပတင္းေပါက္ကေန တြယ္ဆင္းသြားေတာ့သည္။ ဝူယြီႏွင့္ ေခ်ာင္ခ်န႔္ကေတာ့ စကား ခဏေျပာေနၿပီးေနာက္ ၅မိနစ္အၾကာမွ ဆင္းလာေလ၏။
သူတို႔ အုပ္စုမွာ မိန္းကေလးအေဆာင္တြင္ ေတာ္ေတာ္ေလး ဆူဆူညံညံျဖစ္ေအာင္ လုပ္ခဲ့ၾကေသာ္လည္း၊ ဘယ္သူမွ ထြက္လာၿပီး အေျခအေနကို လာမစစ္ေဆးၾကေပ။ အေဆာက္အဦးတစ္ခုလုံးမွာ ေသဆုံးေနသေယာင္ ထင္ရသည္။
ရွင္ယဲ့ႏွင့္ က်န္သူမ်ားမွာ အိပ္ေဆာင္ဆီသို႔ ကိုယ္စီ ျပန္သြားၾကေလသည္။ သူ၏ အေဆာင္ခန္းမွာ ကိုယ္ပိုင္ေရခ်ိဳးခန္းပါရွိသည့္ ဇိမ္ခံ တစ္ေယာက္ခန္းျဖစ္သည္။ သူ႔ကို တြယ္ကပ္ေနေသာ ေက်ာင္းသားႏွစ္ေယာက္အား ခြာထုတ္ၿပီးေနာက္မွာေတာ့၊ အခန္းသို႔ ျပန္ကာ ေရခ်ိဳးလိုက္၏။ ထို႔ေနာက္ ကုတင္ေပၚ၌ လွဲကာ တိတ္ဆိတ္စြာ ေတြးေတာလိုက္ေလသည္။
မွန္မွာ ရွင္ယဲ့၏ ရွပ္အက်ႌအိတ္ကပ္ထဲတြင္ တစ္ခ်ိန္လုံး သိမ္းထားခံခဲ့ရၿပီး၊ အခုမွသာ ထြက္လာခြင့္ရေလေတာ့သည္။
ေသးငယ္ေသာ မိတ္ကပ္မွန္ေလးမွာ ခုတင္ေပၚ၌ ကြၽမ္းႏွစ္ျပန္ေလာက္ ထိုးလိုက္ၿပီးမွ၊ ရွင္ယဲ့ေဘးသို႔ လွိမ့္ႏိုင္ေအာင္ ႀကိဳးစားလိုက္ရသည္။ ထို႔ေနာက္ ‘ဘုတ္’ ဟူေသာ ခုန္သံႏွင့္အတူ၊ ေကာင္ေလးတစ္ေယာက္၏ ပလုံးပေထြးအသံက ထြက္ေပၚလာသည္: “ငါ့ကို အသက္ရႉက်ပ္ၿပီး ေသေအာင္လုပ္ေနတာလား!”
ရွင္ယဲ့က သူ႔ကို လ်စ္လ်ဴရႈကာ ေရွာင္က်ယ္က်ဲ၏ ဦးေခါင္းကို ဘယ္မွာရွာရမလဲဆိုတာကိုသာ စဥ္းစားေနေလ၏။
မွန္မွာ အဖယ္ခံထားရမႈကို လက္မခံႏိုင္ဘဲ ဆက္ေျပာေလ၏: “မင္းက အရမ္း ရဲတင္းလြန္းတာ မဟုတ္ဘူးလား။ မင္းမွာ ပြိဳင့္၂၀၀ပဲ ရွိတာေလ။ က်န္တဲ့ ကစားသူႏွစ္ေယာက္က မင္းကို မသကၤာျဖစ္မွာ မေၾကာက္ဘူးလား? ၿပီးေတာ့ ဦးေခါင္းက မင္းကို ႐ုတ္တရက္ႀကီး ထသတ္ပစ္လိုက္မယ္ဆိုရင္၊ ဒီဂိမ္းကေတာ့ သြားၿပီပဲ”
ရွင္ယဲ့ မွန္ကို သူ႔လက္ထဲတြင္ ကိုင္လိုက္ၿပီး၊ အေတြးမ်ားကို ျပန္လည္ခ်ိန္ဆရင္း ဆိုလိုက္ေလသည္: “အမွန္တိုင္းေျပာရရင္၊ သုံးလႊာကို ေရာက္တဲ့အခ်ိန္မွာ အဲ့အလႊာက အဲ့ေလာက္ထိ ေၾကာက္စရာမေကာင္းဘူးလို႔ ခံစားမိတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ၾကမ္းျပင္ေပၚမွာ ေသြးေတြနဲ႔ ျပည့္ေနတာ ေၾကာက္စရာေကာင္းတယ္လို႔ ထင္ၾကမွာပဲ။ ဒါေပမဲ့ တကယ္တမ္း ေသေစႏိုင္ေလာက္တဲ့အရာသာဆိုရင္ ေနာက္ကြယ္က အေမွာင္ထဲမွာပဲ ပုန္းကြယ္ေနလိမ့္မယ္။ ဒီလို လူေတြကို သတိခ်ပ္ေစမယ့္ ေနရာမ်ိဳးမွာ ရွိေလာက္မွာမဟုတ္ဘူး။
ၿပီးေတာ့ ဦးေခါင္းက ငါ့အတန္းေဖာ္ကို တိုက္ခိုက္တုန္းကဆို၊ သူသာ တကယ္သတ္ခ်င္တယ္ဆိုလို႔ရွိရင္၊ သာမန္လူတစ္ေယာက္ရဲ႕ အင္အားနဲ႔ သူ႔ကို ဘယ္လိုမွ ေရွာင္ႏိုင္မွာ မဟုတ္ဘူး။ သူ႔ရဲ႕ အျပဳအမူေတြကို ၾကည့္ရင္ သူက ဒီဂိမ္းဇာတ္လမ္းရဲ႕ သတ္မွတ္ထားတဲ့ NPC ပါဆိုတဲ့ သဲလြန္စေတြေပးေနသလိုပဲ”
“ဒါေပမဲ့ သူက ေခါင္းကို ဘယ္မွာရွာရမလဲဆိုတာ မေျပာခဲ့ဘူးေလ။ အခ်ိန္သုံးရက္ပဲ ေပးလိုက္တာကို” မွန္က စိုးရိမ္စြာ ေျပာေလ၏။
“သူက တစ္ခ်ိန္လုံး အေပၚေအာက္ ခုန္ေနၿပီးေတာ့၊ ခုန္ရတာ အရမ္းေပ်ာ္စရာေကာင္းတယ္လို႔ ေျပာခဲ့တယ္။ အဲ့ဒါေၾကာင့္ ဒီေက်ာင္းစေဆာက္ခ်ိန္ကစၿပီး ေက်ာင္းေပၚက ခုန္ခ်ခဲ့တဲ့ ေက်ာင္းသားေတြ ရွိလားဆိုတာ ငါ မနက္ျဖန္မွာ သြားစုံစမ္းရမယ္။ အဲ့ဒီကေန အႀကံအဉာဏ္ေတြ ေသခ်ာေပါက္ရလာမွာပဲ။ ၿပီးေတာ့လည္း၊ မိန္းကေလးအေဆာင္မွာ မရွာရေသးတဲ့ အလႊာ ႏွစ္လႊာက်န္ေသးတယ္။ အဲ့ဒီမွာလည္း က်န္တဲ့အရာေတြ ရွိေနဦးမွာပဲ။ လူဦးေခါင္းက ေနာက္ဆုံး mission မဟုတ္ႏိုင္ဘူး” ရွင္ယဲ့ သုံးသပ္လိုက္၏။
“အဲ့ဒါဆို က်န္တဲ့ ကစားသူႏွစ္ေယာက္ကေရာ….”
မွန္က စိတ္ပူေပးေနတာကို ခံစားမိသည့္အခါ၊ ရွင္ယဲ့ မလုပ္ေတာင့္မလုပ္စဖူး လက္ကိုင္ပုဝါတစ္ခုကို ယူကာ မွန္မ်က္ႏွာျပင္ကို ညင္ညင္သာသာျဖင့္ သုတ္ေပးေလ၏။
“သူတို႔ မယုံသကၤာျဖစ္ေတာ့ေရာ ဘာျဖစ္လဲ? ငါက ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ ထင္ရွားေနတာပဲေလ။ သူတို႔ တစ္ေယာက္ေယာက္ကို သတ္ခ်င္ရင္ေတာင္မွ၊ ေပၚေပၚထင္ထင္ လုပ္ရဲမွာမဟုတ္ဘူး။ ကစားသူတစ္ေယာက္ဘက္က စဥ္းစားၾကည့္ရင္ သူတို႔ရဲ႕ သ႐ုပ္မွန္ကို တျခားသူေတြဆီမွာ ေသခ်ာေပါက္ ေဖာ္ထုတ္ခံရခ်င္မွာမဟုတ္ဘူး။ သိုသိုသိပ္သိပ္ေနေလ ေကာင္းေလပဲ။ ငါ မနက္ျဖန္ ေက်ာင္းသား A နဲ႔ Cကို လူေတြျမင္ေအာင္ စုံစမ္းဖို႔ ေခၚသြားမယ္။ အဲ့ဒီအခါ ေနာက္ကြယ္က ေစာင့္ၾကည့္ေနတဲ့လူေတြ မေသခ်ာမေရရာေတာ့ ျဖစ္သြားမွာပဲ”
မွန္မွာ ရွင္ယဲ့က အကုန္လုံးကို ႀကိဳတင္တြက္ခ်က္ၿပီးသားဆိုတာကို သိလိုက္ရသည့္အခါ၊ ဘာမွ အသုံးမဝင္လို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ စိတ္အေျခအေနမွာလည္း မေကာင္းေတာ့ေပ။
သူက level ျမင့္ ကစားသူတစ္ေယာက္ျဖစ္ခဲ့သည္။ အစဦးကမာၻႏွင့္ ရႈပ္ေထြးေပြလီကမာၻတို႔ကိုလည္း ရွင္းလင္းျဖတ္ေက်ာ္ခဲ့ၿပီးၿပီျဖစ္သည္။ အစတုန္းကေတာ့ ရွင္ယဲ့က သူ႔အတြက္ အထူး QR codeကို စြန႔္လႊတ္ၿပီး၊ သူ႔ကို System၏ ထိန္းခ်ဳပ္မခံရေအာင္ ကာကြယ္ေပးသည့္အတြက္၊ မွန္က သူ၏ အေတြ႕အႀကဳံမ်ားႏွင့္ ရွင္ယဲ့ကိုကူညီၿပီး အေႂကြးျပန္ဆပ္ခ်င္ခဲ့တာျဖစ္သည္။
သို႔ေသာ္လည္း၊ သူ၏ အေတြ႕အႀကဳံမ်ားက ရွင္ယဲ့အတြက္ ဘာမွကို အသုံးဝင္မေနေခ်။ ရွင္ယဲ့၏ တမူထူးျခားေသာ ေျဖရွင္းသည့္ နည္းလမ္းမ်ားက မွန္ကို ကံကလြဲၿပီး ဘာမွ မသုံးမက်သည့္ အ႐ူးတစ္ေယာက္ႏွင့္ တူသြားေစသည္။
ရွင္ယဲ့က စကားဆက္ေလ၏: “ဒီည ႀကဳံေတြခဲ့တဲ့ အျဖစ္အပ်က္ေတြကို ၾကည့္ၿပီး၊ ငါက ေတာ္ေတာ္ေလး အေရးနိမ့္ေနတယ္ဆိုတာ သိသြားတယ္။ ႏိုင္ဖို႔ကေတာ့ ခက္ေပမဲ့ လုံးဝ မျဖစ္ႏိုင္တာေတာ့ မဟုတ္ဘူး”
မွန္မွာ အသက္ရႉမွားသြားေတာ့မလိုပင္: “မင္းမွာ ႏိုင္ဖို႔ နည္းလမ္းရွိတာလား? ေနာက္ကြယ္မွာ ပုန္းေနတဲ့ ကစားသူေလးေယာက္လည္း က်န္ေသးတယ္ေလ”
“အႀကံေတာ့ရွိတယ္။ ဒါေပမဲ့ အခုအေျခအေနေတြနဲ႔ဆိုရင္ေတာ့ မလုပ္ႏိုင္ေသးဘူး” ရွင္ယဲ့က ဆို၏။ “ငါ အထူးစြမ္းရည္ေတြ လိုအပ္တယ္။ ဒီကမာၻထဲမွာ ဖြက္ထားတဲ့ QR codeေတြ ရွိႏိုင္တယ္လို႔ မင္းေျပာခဲ့တယ္မလား? ႏွစ္ခု၊ မဟုတ္ဘူး။ တစ္ခုေလာက္ဆို လုံေလာက္ၿပီ”
မွန္က ေျပာသည္: “ဟုတ္တယ္။ ဒီရႈပ္ေထြးေပြလီကမာၻထဲမွာ ကစားသူကလည္း ၇ေယာက္ရွိတယ္၊ ဂိမ္း mission ကလည္း ေတာ္ေတာ္ေလး ရႈပ္ေထြးတယ္ဆိုေတာ့၊ အထူး QR codeေတြ အမ်ားႀကီး ရွိမွာပဲ။ ကစားသူ အေရအတြက္နဲ႔ဆိုရင္ အနည္းဆုံး ခုနစ္ခုေလာက္ ရွိရမယ္”
“ငါက ရွာတာေဖြတာေတြ မေတာ္ဘူး။ ကံကလည္း သာမန္ေလာက္ပဲဆိုေတာ့၊ မင္း ငါ့အတြက္ QR codeေတြ ရွာေပးႏိုင္မလား?” ရွင္ယဲ့ ေမးလိုက္ေလ၏။
မွန္္မွာ ခ်က္ခ်င္းဆိုသလို ေပ်ာ္႐ႊင္သြားေတာ့သည္: “ဟမ္း၊ မင္း ဘာသာမင္း ဘယ္ေလာက္ေတာ္ေတာ္၊ ငါ့အကူအညီကို လိုအပ္ေသးတာပဲမလား”
“ဟုတ္တယ္၊ လိုအပ္တယ္္” ရွင္ယဲ့ အလိုက္အထိုက္ ေျပာေပးေလ၏။
မွန္: “ငါ့ကို ထိန္းခ်ဳပ္မခံရေတာ့ေအာင္ လုပ္ေပးထားတဲ့အတြက္၊ ဒီတစ္ေခါက္ေတာ့ ေတာင္းဆိုစရာမလိုဘူး။ ေနာက္တစ္ခါဆိုရင္ေတာ့ ေသခ်ာေပါက္ ေတာင္းဆိုရမယ္”
“အဲ့ဒါကေတာ့ အေျခအေနအေပၚမွာ မူတည္တယ္” ရွင္ယဲ့ တကယ္ကို ဝတ္ေက်တမ္းေက်သာ ျပန္ေျဖလိုက္ေလ၏။