Zawgyi
Mary အံ့သြသွားတယ်။
"အတူတူသွားရအောင်!"
***************************************************************************************
Unicode
အခန်း ၁၆- သူမနဲ့အဆင်မပြေတဲ့စားသောက်ဆိုင်
နောက်တစ်နေ့ရောက်သွားသည်။
Maryက မနက်စာစားပြီး အိမ်အကူကိုမေးတော့ 'Monroeက မနက်အစောကြီး ထွက်သွားပြီ'လို့ ပြောတယ်။
သူလျှိုတွေအကြောင်း သိရဖို့ ရဲတိုက်ထဲက သတင်းပေးကို ရှာလို့တွေ့မှာမဟုတ်ဘူးဆိုတာ Maryသိတယ်။
သူမသည် Monroeရဲ့Raging Flame Corporationနဲ့ ဆက်သွယ်ရမည် ဖြစ်သည်။
မနက်၉:၃၀မှာ အိမ်အကူကတံခါးဖွင့်ပေးပြီး Jasonရောက်နေပြီလို့ ပြောတယ်။
ထင်ရှားတာက Jayceက Monroeကို ဖုန်းဆက်ပြောပြီးပြီ ဖြစ်သောကြောင့် Monroeရဲ့လူများက သူ့ကိုမတားတော့ဘဲ Jasonသည် Maryကို ချောချောမွေ့မွေ့လာခေါ်ကာ သူမကိုခေါ်ထုတ်သွားသည်။
Maryက Jasonကို သူမရဲ့တိုက်ခန်းဟောင်းမှာ ချပေးဖို့ ပြောခဲ့တယ်။
Maryသည် သန့်ရှင်းတဲ့အဝတ်အစားဖြစ်တဲ့ ရိုးရိုးတီရှပ်နှင့်ဂျင်းဘောင်းဘီကို လဲလိုက်သည်။ ထို့နောက် သူမ၏ရွှေရောင်ဆံပင်ရှည်ကို စည်းထားတာကြောင့် လန်းဆန်းပြီး လှပနေသည်။
ထုပ်ပိုးပြီးနောက် Maryသည် အိမ်ငှားခကို ပြန်ပေးလိုက်သည်။
ခဏလောက်တော့ ပြန်မလာဖြစ်ဘူးလို့ တွေးမိတယ်။
Maryက Jasonမပါဘဲ တစ်ခုခုလုပ်ချင်ပေမယ့် Jayceက သူမနဲ့ နေ့လည်စာစားချင်နေတယ်လို့ Jasonကပြောတယ်။
Maryကလည်း Jayceကိုတွေ့ချင်တာကြောင့် သဘောတူလိုက်တယ်။
Jasonသည် Maryကို စားသောက်ဆိုင်သို့ခေါ်သွားကာ အရာအားလုံးကို စီစဉ်ပေးပြီး ထွက်သွားသည်။
စားသောက်ဆိုင်ရဲ့ရှုခင်းနှင့်တည်နေရာသည် အထူးကောင်းမွန်ပြီး VIP အသင်းဝင်ဖြစ်သောကြောင့် သာမန်လူများ လာရောက်မစားသောက်နိုင်ပေ။
မနက်၁၁:၃၀ရောက်တော့ စားသောက်ဆိုင်မှာ သူမကလွဲပြီး တခြားဧည့်သည်တွေ မရှိတော့ဘူး။
Maryသည် အပေါ်ထပ်လသာဆောင်တွင် ထိုင်ကာ အေးအေးဆေးဆေးဖုန်းဆော့ရင်း ရှုခင်းကိုကြည့်ကာJayceကိုစောင့်နေသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို မှတ်မိသွားသည်။ " Mary Dawson? ဘယ်လိုလုပ် နင်ဖြစ်နေတာလဲ။ နင်ဒီကိုဘယ်လိုရောက်နေတာလဲ"
Maryက တစ်ဖက်ကို မော့ကြည့်လိုက်တယ်။ သူမအဒေါ်ရဲ့သမီး Selena။
Mary အံ့သြသွားပြီး မေးလိုက်တယ်"နင်က ဒီကစားပွဲထိုးလား?"
Selena၏မျက်နှာအမူအရာက ဂုဏ်ယူစရာပုံဖြစ်လာသည်။ "ဒါပေါ့! ဒါက NewYorkမြို့က နာမည်ကြီးRoseစားသောက်ဆိုင်လေ။ လူဆယ်သန်းကျော်ထဲက ဘာမှမရှိသောသူတောင် ဒီနေရာမှာ ချမ်းသာတဲ့သူဖြစ်လာနိုင်တယ်။ နင်ဒီကိုဘယ်လိုရောက်နေတာလဲ"
Maryက Roseစားသောက်ဆိုင်မှာ အရွက်သုပ်တစ်ပွဲတောင်စားဖို့ တတ်နိုင်မယ်လို့ Selenaက မယုံဘူး။
Maryက "အိုး၊ တစ်ယောက်ယောက်က ငါ့ကို ညစာစားဖို့ ဖိတ်လို့။"
Selenaရဲ့အမူအရာက ထူးဆန်းလာတယ်။ "ငါသိပါတယ်... ဒါပေမယ့် ဒီလောက်ချမ်းသာတဲ့သူကို နင်ဘယ်လိုသိသွားတာလဲ။ နင်က တခြားသူရဲ့အပျော်မယားလား။ ဟက် နင်ဝတ်ထားတာကအဲ့လိုပုံနဲ့မတူဘူး။ Mary Dawsonရိုးရိုးသားသားပြောစမ်းပါ။ ငါဒီမှာအလုပ်လုပ်နေတာသိလို့ ငါ့ကို အရှက်ရစေဖို့ တစ်စုံယောက်ယောက်ရဲ့အသင်းဝင်ကတ်ကို တမင်ခိုးခဲ့တာမလား။"
Maryက လှောင်လိုက်တယ်။ "Selena နင်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်။"
သူတို့မှာ အာဃာတဟောင်းတွေရှိခဲ့ပေမယ့် Maryဟာ သူ့အကြောင်းတွေးဖို့ အချိန်အများကြီးမရှိဖူး။
Selenaရဲ့လက်ထဲက သောက်စရာကို ကြည့်လိုက်တော့ Maryက "ဒါ ငါ့အတွက်မလား။ ငါ့ကိုပေး။"
မထင်မှတ်ပဲ Selenaက ရေခွက်ကို သောက်လိုက်ပြီး သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း လှည့်လိုက်ပြီး လက်ထဲကသောက်လက်စကို ထားခဲ့တယ်။
Mary အံ့သြသွားတယ်။
ခဏအကြာတွင် Selenaသည် စားပွဲထိုးများနှင့်အတူ ပြန်ရောက်လာသည်။
Selenaက "Mary Dawson! ရဲမခေါ်ခင် နင်ခိုးထားတဲ့အဖွဲ့ဝင်ကတ်ကို ပေးလိုက်ရင် ပိုကောင်းမယ်!"
သူမဒီမှာအလုပ်လုပ်တယ်ဆိုတာ Maryကသေချာသိတာကြောင့် ဒီကိုကြည့်ဖို့လာခဲ့တယ်ဆိုတာ သူမသေချာသိတယ်။
နောက်ဆုံးတော့ Selenaဟာ Maryက Green Gridမြို့က တောသူတစ်ယောက်ပဲဆိုတာ သိတယ်။
သူမ Roseစားသောက်ဆိုင်ကို ဘယ်လိုဝင်လာပြီး ထွက်သွားမလဲ။
Maryက စိတ်တိုတိုနဲ့ရယ်လိုက်တယ်။ "Selena နင့်ဦးနှောက်က ကြီးမလာဖူးလား။ ငါသူခိုးဖြစ်ကြောင်း သက်သေပြဖို့ နင့်မှာ သက်သေရှိလား"
"ဒါဆို နင့်ရဲ့အဖွဲ့ဝင်ကတ်ကို ထုတ်လိုက်။ အသင်းဝင်နံပါတ်အရ ငါတို့က ဖောက်သည်၏အချက်အလက်တွေကို စစ်ဆေးမယ်။ တကယ်ဆိုရင် နင့်ကို ငါတို့ တောင်းပန်မယ်။"
Maryက မျက်လုံးကိုအပေါ်သို့ လှန်လိုက်တယ်။ "ငါ့မှာ အသင်းဝင်ကတ် မရှိဘူး။"
အခြားသောစားပွဲထိုးများသည် ချက်ခြင်းပင် အပျော်သဘောဖြင့် ပါဝင်ခဲ့ကြသည်။ "ဒါဆို သူမဘယ်လိုဝင်လာတာလဲ"
"မန်နေဂျာကိုပြောလိုက်"
"ဟား မင်းက ခိုးဝင်လာပြီး ဂုဏ်ယူချင်တာလား။ Selenaက သူတို့အိမ်မှာနေတဲ့ ဆင်းရဲတဲ့ကလေးမလေးလို့ ပြောခဲ့တယ်!"
"အဲဒီနောက် သူမက နှင်ထုတ်ခံရပြီး လမ်းပေါ်မှာပဲနေလာတာ။"
"ဒီလိုလူက ငါတို့စားသောက်ဆိုင်ထဲကို ဘယ်လိုဝင်လာတာလဲ။ ရှက်စရာကောင်းလိုက်တာ!"
"မင်း! Roseစားသောက်ဆိုင်ကနေ ထွက်သွား!"
"မင်းကို ဒီကမကြိုဆိုဘူး! ထွက်သွား!"
"ငါ မန်နေဂျာကို ပြောချင်တာက သူမမထွက်သွားရင် ငါထွက်သွားမယ်!"
"အတူတူသွားရအောင်!"
အုပ်စုကဆန္ဒပြတော့မယ့်ချိန်တွင် မန်နေဂျာက မည်းမှောင်သောမျက်နှာဖြင့် သူတို့နောက်တွင်ရပ်နေသည်။
"မင်းတို့ဘာလုပ်နေတာလဲ!? အားလုံး အလုပ်ထုတ်ခံချင်နေလား ! အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်! အထောက်ထားမရှိတဲ့ ဖောက်သည်တွေကို စားသောက်ဆိုင်ထဲ ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ။ အရူးတွေရဲ့!"
မန်နေဂျာက သူတို့ကိုဆူပူကြိမ်းမောင်းပြီးသည့်နောက်တွင် သူ့အမူအရာ ပြောင်းသွားကာ ချက်ချင်းပင် နှစ်လိုဖွယ်ကောင်းသော အမူအရာဖြင့် သူ့နောက်မှလူကို မော့ကြည့်ကာ ရှေ့သို့ ဖိတ်ခေါ်လိုက်သည်။
"မစ္စတာ။ ကျေးဇူးပြုပြီး ဒီလမ်းပါ"
Jayce Hallသည် ဒီနေရာတွင် ရှိနေခဲ့သည်။
***************************************************************************************