Chapter : 163

877 69 1
                                    

Zawgyi


********အခန်း ၁၆၃- စိတ်မဆိုးပါနဲ့။

Monroeသည် Hughကို စိုက်ကြည့်ပြီး Maryကို စိုက်ကြည့်လိုက်သည်။

နှစ်ယောက်စလုံး အပြစ်ရှိသလို ခံစားရသည်။

Hughက "မင်းဒီကိုရောက်တုန်း ညစာစားသွားလေ။ ငါမှာလိုက်မယ်။ ငါတို့ဒီနေ့ဘာစားကြမလဲ"

Maryက "ငါ တရုတ်ဟော့ပေါ့ စားချင်တယ်!"

Hughက "ဒါဆို ငါသွားမှာမယ်။ ဖြေးဖြေးပေါ့!"

Hughက သူ့အခန်းထဲကို ပြန်ပြေးသွားတယ်။ Monroeခွင့်မပြုရင် သူနဲ့Maryက New Yorkမြို့ကနေတောင် ထွက်မသွားနိုင်ဘူးဆိုတာ သူသိတယ်။

ထို့ကြောင့် ဤခရီးကို ချောချောမွေ့မွေ့ ဖြစ်ဖို့ Monroeက ခုအချိန်တွင် ကျော်ဖြတ်ရမည့် အတားအဆီးဖြစ်သည်။

Monroe၏စိတ်ကို ပြောင်းအောင်မလုပ်နိုင်ဖူးဆိုတာ သူသိတယ်။ ထို့ကြောင့် သူ့အစား Monroeရဲ့အဖိုးတန်ဆုံးညီမကို သူလုပ်ခွင့်ပေးမယ်။

Hugh ပြေးသွားတယ်။ Maryက Monroeကိုကြည့်ပြီး "ဘာလို့ မလုပ်.... ငါတို့ အခန်းထဲ သွားပြီး စကားပြောကြမလား"

Monroeသည် နှုတ်ဆိတ်နေပြီး ဒေါသတကြီးဖြင့် Maryနောက် သူမ၏ အိပ်ခန်းထဲသို့ လိုက်သွားခဲ့သည်။

တံခါးကိုပိတ်လိုက်သည်နှင့် တံခါးလော့ချသံကို Maryကြားလိုက်ရသည်။

Maryက လှည့်ပြီး Monroeကို တံခါးကြား ညှပ်လိုက်တယ်။

"စိတ်မဆိုးနဲ့!"

သူမသည် သူ့ကို ကြီးစိုးခြယ်လှယ်ရန် အမိန့်ပေးသည်။

Monroeက အရမ်းစိတ်တိုနေပေမဲ့ ရယ်လိုက်တယ်။ သူလက်ဆန့်ပြီး Mary၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

သူ့လက်ကို လှည့်ကာ သူမ ရင်သားတွေကို ကိုင်ခိုင်းလိုက်သည်။

Maryက ဒီနေ့ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင်စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားသည်။ စွပ်ကျယ်အင်္ကျီသည် သူမ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လုံးဝမဖုံးကွယ်နိုင်ပေ။ ဒီအချိန်မှာပဲ သူမ ရင်ဘတ်ကို ပင့်တင်ပေးလိုက်ရသည်။ ထိတွေ့နေသော သူမ၏ အရေပြားဧရိယာသည် တုန်ရီနေသည်။ အလွန်ဆွဲဆောင်မှုရှိသည်။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Onde histórias criam vida. Descubra agora