Chapter : 53

2K 219 2
                                    

Zawgyi

အခန်း ၅၃ - Monroeကို ရှာခြင်း

အနက်ရောင်ဝတ်ထားသောအမျိုးသားသည် မျက်လုံးပြူးသွားသည်။

"ငါ Siriusကိုသတ်ပြီး Snow Wolfကို ဒဏ်ရာရအောင် လုပ်ခဲ့တာကို မင်းမယုံဘူးလား။ မြန်မြန် ငါမင်းရဲ့Bossကိုရှာရမယ်!"

အနက်ရောင်ဝတ်ထားသောအမျိုးသားက မကျေမနပ်ဖြစ်နေသည်။ သူ့တာဝန်က သူတို့ကို နယူးယောက်ကို ပြန်ခေါ်သွားဖို့ပဲ။

Maryက သေနတ်ကို တိုက်ရိုက်ယူသွားတယ်။ အနက်ရောင်ဝတ်လူက မခုခံရဲတော့ Maryက သေနတ်ကို လွယ်လွယ် လုယူသွားသည်။

Mary ကျည်ကပ်ကို စစ်တယ်။ "ရပြီ မင်းတို့မြန်မြန်သွားကြတော့!"

Maryသည် လှည့်၍ အမှောင်ထဲသို့ ပြေးသွားကာ မကြာမီ ပျောက်ကွယ်သွားသည်။

Hermanလဲ ကားပေါ်မှ ဆင်းလာပြီး Hugh၏မျက်လုံးများ ပြူးသွားကာ "ဒီကောင်မလေး... တော်တော် ရဲရင့်တယ်!"

Hermanသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ကားထဲတွင် ပြန်ထိုင်လိုက်သည်။

ကားအပြင်ဘက်တွင် ရပ်ကာ ကြောင်နေသော အနက်ရောင်ဝတ်အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။ "သွားရအောင်။ ဒါပေမယ့် မင်းက ငါတို့ကို လိုက်ပို့ပေးရုံပဲ ကျန်တဲ့သူတွေလည်း နေခဲ့ကြ။"

Hugh ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ငါတို့က ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။ ဒါပေမဲ့ အများစုကတော့ ငါ့အစ်ကိုကို ကူညီဖို့ နောက်မှာနေသင့်တယ်။ ပြီးတော့... Maryကိုကာကွယ်ပါ။"

အနက်ရောင်ဝတ်လူက မငြင်းပြန်ဘူး။ သူသည် အခြားသူများ နောက်တွင် နေခဲ့ရန် ချက်ချင်းစီစဉ်ခဲ့သည်။ နေဝင်ရီတရောမှာ မြို့ပြင်ကို ကားသုံးစီး မောင်းထွက်သွားဖို့ ယာဉ်မောင်း သုံးယောက်ပဲ ကျန်တော့တယ်။

Maryသည် မှောင်မိုက်သောညထဲသို့ ပြေးဝင်သွားသည်။

မနီးမဝေးတွင် သေနတ်သံများ ပြင်းထန်လာသည်။ Maryသည် ချက်ချင်းလှည့်ကြည့်ကာ အသံနောက်ကို လိုက်သွားခဲ့သည်။

သူမသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်သော်လည်း Monroeကို ရှာမတွေ့ခဲ့ပေ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now