Chapter : 99

1.7K 200 5
                                    

Zawgyi

အခန်း ၉၉ - သူမကို စွန့်ပစ်သွားပြီ။

ရယ်မောခြင်းအပြီးတွင် ဘေးတွင်ရပ်နေပြီး တစ်လုံးမှမပြောခဲ့သည့် Jayceသည် စကားပြောလာသည်။ "မင်း ဒုတိယအစ်ကိုကို သိပြီဆိုတော့ နောင်ကျ အတူတူနေဖို့ အချိန်ပိုရတာပေါ့။ မင်းက ခုမှ သတိရလာကာစပဲ ရှိသေးတယ်။ အခြားပြောစရာရှိရင် မင်းသက်သာလာတဲ့အချိန်ကျ ငါတို့ကိုပြော။"

Maryသည် ခေါင်းကိုမော့ပြီး Jayceကိုအလွန်တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမ ခေါင်းညိတ်လိုက်သည်။

Jayceက Mary၏အကြည့်ကို တွေ့လိုက်သည်။ သူမ၏မျက်လုံးထဲက တည်ငြိမ်မှုက သူ့ကိုအံ့အားသင့်စေခဲ့သည်။

သို့သော် Jayceသည် ၎င်းကို အလေးနက်မထားခဲ့ပါ။ သူသည် ညီအငယ်ဆုံးကို မေးလိုက်တယ်။ "Herman သူမအခု ဘယ်လိုနေလဲ"

Hermanသည် အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားသည်။ သူ၏အသံသည် အေးဆေးတည်ငြိမ်သည်။ "သူမ အခု အဆင်ပြေပါတယ်။ ရက်အနည်းငယ်အတွင်း ဆေးရုံဆင်းပြီး New Yorkပြန်လို့ရပြီ။"

Jayceက "Nelsonနဲ့ငါက အရင်ပြန်နှင့်မှာ။ မင်းကရော?"

Hermanက ခေါင်းခါသည်။ "ဒီမှာ သူမ ဆေးရုံဆင်းတာကို စောင့်ပေးမယ်။ ဒါပေမယ့် ဒီမိန်းကလေးရဲ့မိုက်မဲတဲ့ အသွင်အပြင်ကို ကောင်းကောင်းကြည့်ပြီး ဓာတ်ပုံများများရိုက်ထားချင်တယ်။ ဒါမှ ဆေးရုံကဆင်းတဲ့အခါ ငါ့စကားနားထောင်မှာ!"

Mary နားထောင်လေလေ သူမစိတ်ရှုပ်လေလေပါပဲ။ ညီအစ်ကိုလေးယောက် အတူတူထွက်သွားတော့မည်ကို တွေ့တော့ Maryက Jayceကို တားလိုက်သည်။

"ကျွန်မ သံသယရှိတယ်။ အဖြေမသိရရင် လောလောဆယ် ကောင်းကောင်းအနားယူနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။"

Maryက လှဲနေရာမှထထိုင်ပြီး Jayceကို ကြည့်လိုက်တယ်။

Jayceက Herman ကိုကြည့်တယ်။ Hermanထံမှခွင့်ပြုချက်ရပြီးနောက် Jayceသည် နေခဲ့သည်။

ကျန်တဲ့ ညီအစ်ကို သုံးယောက်က ဝါ့ဒ်ထဲကို ထွက်သွားတယ်။

Jayceက သူ့ဘေးက ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ သူ့အကြည့်တွေက အရင်ကလို နူးညံ့သိမ်မွေ့ပြီး ယောက်ျားဆန်နေတုန်းပဲ။ သူတို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတစ်ခုမှ မဖြစ်ဖူးသလိုပဲ။

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now