Chapter : 26

3.3K 365 0
                                    

Zawgyi

အခန်း ၂၆- ဒဏ်ရာများ

Jenniferက သူမကို ထိတ်လန့်စွာ ကြည့်နေသည်။ "မစ္စMary ဒါက ဘာအဓိပ္ပာယ်လဲ"

Maryသည် အလွန်ငြိမ်သက်နေသည်။ "ဘာမှမဟုတ်ဘူး။ ကျွန်မမေးကြည့်တာပါ။ ကျွန်မပင်ပန်းနေပြီ။ Monroe ရှင်ကျွန်မကို ရေချိုးပြီး အနားယူဖို့ အခန်းထဲကို ပြန်ခေါ်သွားပေးလို့ရလား။ ကျွန်မ ရှင့်ကိုအစအဆုံးရှင်းပြပေးမယ်။"

Monroeက Maryကို သူမအခန်းထဲပြန်ပို့ပေးဖို့ သူ့အစောင့်တွေကို ခေါ်ချင်ပေမယ့် Maryက ငြင်းခဲ့တယ်။

Monroeကို သူမအခန်းကို ကိုယ်တိုင်ကိုယ်ကျ ပြန်ပို့ပေးစေချင်တာကြောင့်။

သူမရဲ့အကြောင်းပြချက်ကတော့ Monroeကလွဲလို့ ရဲတိုက်ထဲမှာ ဘယ်သူ့ကိုမှ မယုံကြည်လို့ပဲ။

Monroeသည် သူမသွေးများမြင်ရသည်ကို မုန်းသော်လည်း ဘာလို့မှန်းမသိ Maryရဲ့တောင်းဆိုချက်ကိုမငြင်းနိုင်ဖူး။

အောက်ကိုငုံ့ပြီး Maryကို သူ့လက်နှစ်ဖက်နဲ့ပွေ့လိုက်တယ်။ Monroe အနည်းငယ် အံ့သြသွားသည်။ သူမ ဘာလို့ပေါ့နေတာလဲ။

လေပြင်းက သူမကို အလွယ်တကူ မှုတ်ထုတ်လိုက်ရုံပဲ။

Monroe Hallသည် သွေးစွန်းနေသောMaryအား မွေးမြူရေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ သယ်သွားကာ နောက်ဆုံးအတင်းအဖျင်းစကားက ရဲတိုက်အတွင်းကလူအားလုံးကို ချက်ချင်း ပေါက်ကွဲသွားသည်။

အဲ့အမျိုးသမီး Maryအသက်မရှင်ဘူးလို့ အားလုံးကထင်နေကြတယ်။

Siriusနှင့်Snow wolfတို့က ဆရာ့အချစ်တော်များဖြစ်သည်ကို လူတိုင်းသိသည်။

အိပ်ရာပေါ်ကမိန်းမတွေထက် သူတို့က ပိုအရေးကြီးတယ်။

ဒါပေမယ့် Maryဟာ မွေးမြူရေးခန်းထဲမှာ ပိတ်မိနေပြီး သူမ မသေရုံသာမက Monroeကလည်း သူမကို ကိုယ်တိုင်သယ်လာလိမ့်တယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး။

ထိုအချိန်တွင် Monroeနောက်သို့လိုက်နေသော Jenniferသည် ယိမ်းယိုင်သွားသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး။

အရာအားလုံးက သူမရဲ့အစီအစဉ်နဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်နေတာ ကြာပြီ။ နောက်ဘာတွေဆက်ဖြစ်မလဲတော့ သူမ မသိတော့ဘူး...

ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိုအစ်ကိုခုနစ်ယောက်လက်ဆောင်ပေးခဲ့တယ်။Where stories live. Discover now