High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 20 _ အဆောင်

1.4K 319 14
By Inix_ss

(Unicode)

မှန်၏ အတွေ့အကြုံများမှာ ဘာမှ အားကိုးလို့ရမနေချေ။ ထို့အပြင် ဖုန်းသုံးနေသည့် သုံးယောက်မှာလည်း ကစားသူများဟုတ်မဟုတ် သေချာအတည်ပြုလို့ မရနိုင်သေးပေ။ mission ပြီးမြောက်အောင် လုပ်ဖို့ရာအတွက်၊ ထိုအံဖွယ်ဒဏ္ဍာရီများဖြင့် စတင်ရမည့်ပုံပေါ်နေသည်။

တခြားကစားသူများကိုလည်း လိုက်ရှာရဦးမယ်၊ အနည်းဆုံး mission itemတစ်ခုကိုလည်း ရှာတွေ့အောင် လုပ်ရမယ့်အချိန်မှာ သရုပ်မှန်ကို ဘယ်လိုဖုံးကွယ်ထားရမှာလဲ?

ရှင်ယဲ့ မှန်ကို ရင်ဘတ်အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဖတ်စာအုပ်ကို ခေါင်းပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် ကလေကချေကျောင်းသားပုံစံမျိုးပေါက်အောင် နံရံကို မှီကာ ပျင်းရိစွာဖြင့် ရပ်နေလိုက်၏။

ရှင်ယဲ့နှင့် ရှင်ရှော့တို့ ညီအစ်ကိုနှစ်ယောက်စလုံးက စာတော်သည့် ကျောင်းသားများဖြစ်ကြကာ၊ ကျောင်းတုန်းကလည်း ဆရာများ၏ အချစ်တော်လေးများဖြစ်ခဲ့ကြသည်။ ရှင်ယဲ့မှာ အထက်တန်းကျောင်းတွင် အပြစ်ပေးခံရသည့် အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ရဖူးပေ။ သို့သော်လည်း တက္ကသိုလ်မှာတော့… ကိစ္စတွေအများကြီးဖြစ်ပွားခဲ့ပြီး၊ ကျောင်းထွက်ရဖို့ ဖြစ်လာသည့်အချိန်တွင်  ရှင်ယဲ့ ကျောင်းသားဆိုးတစ်ယောက်ဖြစ်ရတာ ဘယ်ခံစားချက်မျိုးလဲဆိုတာကို နားလည်ခဲ့ရသည်။

ဂရုစိုက်သော်လည်း ဂရုမစိုက်ဟန်ဆောင်ခဲ့သည်။၊ ပိုပြီး ဝမ်းနည်းလေလေ ခံစားချက်မဲ့စွာ ရယ်မောလေလေဖြစ်ခဲ့သည်။ အခြားသူများက သူ့ကို ကျောင်းသားဆိုးတစ်ယောက်လို့ မမြင်ခင်မှာ၊ သူ့ကိုယ်သူ အရင်ဆုံး ကယ်တင်လို့ မရနိုင်တော့တဲ့ လူတစ်ယောက်လို ခံစားခဲ့ရသည်။

ထိုနည်းဖြင့် သူဟာ အရိုးထဲကနေ အသားအထိ ပုပ်သိုးနေတဲ့၊ ကုစားလို့ မရနိုင်တော့တဲ့ ကျောင်းသားဆိုးတစ်ယောက် ဖြစ်လာခဲ့သည်ပင်။

သရုပ်မှန်ကို ဖုံးကွယ်ဖို့ဆိုလျှင် အကောင်းဆုံးနည်းလမ်းကတော့ လူအုပ်ကြားထဲမှာ ကွယ်ဝှက်နေခြင်းပင်ဖြစ်သည်။ ထို့အပြင် ကစားသူသရုပ်မှန်ကို ဖော်ထုတ်ခံရနိုင်သည့် အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားသင့်သည်....

အလွန်သာယာသည့် ရာသီဉတုနှင့်၊ ရင်နှီးနေသော ဆရာမ၏ စာသင်သည့် အသံကြောင့် ဖြစ်မည်ထင်သည်။ ရှင်ယဲ့ အပူအပင်ကင်းသည့် ကာလများကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ ထို့ကြောင့် နံရံကို မှီလျက်ပင် အိပ်ပျော်သွားတော့သည်။

“ရှင်ယဲ့!” ဒေါသထွက်နေသော အော်ဟစ်သံတစ်ခုက ရှင်ယဲ့ကို နှိုးလိုက်လေသည်။ အင်္ဂလိပ်စာဆရာမက ဒေါသထွက်လွန်းသဖြင့် အငွေ့များထွက်လာတော့မလိုတောင် ဖြစ်နေလေ၏။ “နင် အပြစ်ပေးခံရတာတောင် အိပ်နေနိုင်သေးတယ် ဟုတ်လား။ နင့်မှာ စာသင်ချင်စိတ်ကော ရှိသေးရဲ့လား?”

ရှင်ယဲ့ ပါးစပ်ထောင့်က သွားရည်များကို သုတ်လိုက်ပြီးနောက် စင်္ကြံလမ်းမှာ ပွဲကြည့်ဖို့ ပြေးလာကြသည့် ကျောင်းသားများကို တွေ့လိုက်ရသည်။ ပြီးနောက် ဆိုလိုက်လေ၏: “ဆရာမ၊ အတန်းဆင်းပေးပြီး၊ အမြန်ပြန်ပြီး သွားနားလိုက်ပါတော့။ ဒီအတန်းကို စာသင်ရတာနဲ့ ဆရာမလည်ပင်းကနေ အငွေ့တွေတောင် ထွက်နေပြီ”

ပွဲလာကြည့်သည့် ကျောင်းသားများမှာ ပိုပိုများလာကာ၊ ဆရာမကလည်း စာကြိုးစားချင်စိတ်မရှိသည့် ရှင်ယဲ့ကို ဒီထက်ပိုပြီး အဖတ်မလုပ်ချင်တော့တာကြောင့် စိတ်ဆိုးဆိုးဖြင့်ပင် ထွက်သွားလေတော့၏။

ရှင်ယဲ့ လှည့်ထွက်သွားသော သူမအား ကြည့်နေလိုက်သည်။ စာသင်ကြားသည့် အရည်အချင်းမှာလည်း အစစ်အမှန်ဖြစ်ပြီး၊ ဒေါသထွက်နေသည့် အမူအရာကလည်း တကယ်ကို အသက်ဝင်တာကြောင့် ကစားသူ ဖြစ်နိုင်ချေကို ခဏလောက် ဖယ်ထားလိုက်လို့ရနိုင်သည်။

အကယ်၍ ဒီကစားသူက တကယ့်ကမ္ဘာမှာလည်း  ဆရာမတစ်ယောက်ဖြစ်မနေရင်ပေါ့။ အဲ့လောက်အထိတော့ မတိုက်ဆိုင်နိုင်လောက်ဘူးမလား?

မဟုတ်သေးဘူး။ ကံကြမ္မာလိုက်နာအဖွဲ့ကဆိုလျှင် ဖြစ်နိုင်ချေက သေချာပေါက် ရှိမှာပင်။

မှော်ဝင်မှန်ကမ္ဘာနှင့် ကွဲပြားစွာပဲ ဒီကမ္ဘာက တကယ့်ဘဝနှင့် တော်တော်လေး နီးစပ်လေသည်။ နှိုင်းယှဉ်ကြည့်လျှင်တော့ သရုပ်ဆောင်ရသည်က ပို၍ လွယ်ကူသည်။ ထို့ကြောင့်လည်း သဟဇာတမဖြစ်ဘဲ ထူခြားနေသည့် လူကို ရှာဖို့ ခက်နေပြန်သည်။

အင်္ဂလိပ်စာဆရာမ ထွက်သွားပြီးနောက်တွင်၊ ကျောင်းသားအချို့ ရောက်ချလာကာ  ရှင်ယဲ့ကို လှောင်ပြုံးများဖြင့် ဆိုလာလေ၏: “နောက်တစ်ခေါက် မတ်တတ်ရပ် အပြစ်ပေးခံရပြန်ပြီမလား။ မင်းကို အတန်းထဲမှာ အိပ်မယ်ဆိုရင် ဖတ်စာအုပ်နဲ့ ကာထားပါလို့ ဘယ်နှခါပြောရမလဲ။ မင်းကမှ နားမထောင်တာ”

သူတို့၏ မျက်နှာပေါ်တွင် “ကလေကချေအုပ်စု” ဆိုသည့် စာလုံးများကို ရေးသားထားသကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်ယဲ့၏ ကျောင်းသားဆိုးသူငယ်ချင်းများမှန်း သိသာလေသည်။

“ကိစ္စမရှိဘူး” ရှင်ယဲ့ကတော့ ဂရုစိုက်ပုံမပြပေ။ “အပြင်ထွက်ပြီး အိပ်ရတာ ပိုတိတ်ဆိတ်တယ်။ ခြေထောက်နည်းနည်းညောင်းတာက လွဲရင် အကုန်အဆင်ပြေတယ်”

“မတ်တတ်ရပ်ပြီး အိပ်နိုင်တဲ့ မင်းကို‌ေတာ့ အရမ်းလေးစားသွားပြီ” ကျောင်းသားတစ်ယောက်က ရှေ့တိုးလာပြီး ရှင်ယဲ့၏ ပုခုံးကို ဖက်ကာ၊ အလွန် ရင်းနှီးသောလေသံဖြင့် ပြောလာလေ၏။

ရှင်ယဲ့လည်း ငြင်းဆန်မနေတော့ဘဲ၊ သူ၏ ဇာတ်ရုပ်ကိုသာ ပီပြင်အောင် ကနေလိုက်သည်။

နောက်တစ်ချိန်က ကာယချိန်ဖြစ်တာကြောင့်၊ ရှင်ယဲ့တို့ အုပ်စုမှာ စုပြီး လေကန်ကြတော့သည်။ စကားပြောနေရင်းမှ ရှင်ယဲ့က ပါးနပ်စွာဖြင့် သူငယ်ချင်းများအား ကျောင်းနှင့်ပတ်သက်သည့် အကြောင်းများကို ပြောစေရန် လမ်းကြောင်းပေးလိုက်သည်။

ဤပုဂ္ဂလိက အထက်တန်းကျောင်းမှာ H မြို့တော်တွင် တက်ရောက်မှုအမြင့်ဆုံး အထက်တန်းကျောင်းဖြစ်သည်။ ကျောင်းတွင် ကျောင်းသားအမျိုးအစား သုံမျိုးသာရှိသည်။ အမှတ်ကောင်းသည့် ကျောင်းသား၊ အရည်အချင်းရှိသည့် ကျောင်းသားနှင့်၊ ပိုက်ဆံချမ်းသာသည့် ကျောင်းသားတို့သာ ဖြစ်ကြ၏။

ရှင်ယဲ့ကတော့ ပိုက်ဆံချမ်းသာပြီး အသုံးမကျသည့် ‌ကျောင်းသားအုပ်စုထဲမှာပါသည်။ သူနဲ့ပေါင်းသည့် သူငယ်ချင်းများမှာလည်း စိတ်ထင်ရာလုပ်တတ်သည့် သူဌေးသားလေးများသာဖြစ်ကြသည်။ ထုံးစံအတိုင်း ကျောင်းမှာ စိတ်ကြီးဝင်နေကြသည့် အဖွဲ့ပင်ဖြစ်သည်။ သာမန် ဆရာ၊ဆရာမများကတော့ သူတို့ကို လာပြီး ပြဿနာမရှာရဲကြပေ။ သူတို့ အတန်းပိုင် အင်္ဂလိပ်စာဆရာမ တစ်ယောက်ကသာ၊ မနှစ်က ရှင်ယဲ့ ရန်ဖြစ်သည့်ကိစ္စကြောင့် နှစ်ကုန်ဆုငွေကို အဖြတ်ခံလိုက်ရသည်။ ထိုအချိန်ကစပြီး ရှင်ယဲ့ကို လုံးဝ အမြင်မကြည်တော့ပေ။ အမြဲတမ်းလိုလို အပြစ်ရှာနေတော့၏။ သို့ပေမဲ့လည်း အရမ်းချောတဲ့ ဆရာမဖြစ်တာကြောင့်၊ ရှင်ယဲ့တို့အုပ်စုက မျက်နှာကြည့်ပြီး သည်းခံပေးကြလေသည်။

ကာယအချိန်ကုန်သွားသည့်နောက် အတန်းထဲသို့ ပြန်လာခဲ့ကြ၏။ ရှင်ယဲ့က ရည်ရွယ်ချက်ရှိရှိဖြင့်ပင် အတန်းရှေ့မှာ အော်ပြောလိုက်သည်: “ဟူး.. အခုတလော အရမ်းပျင်းဖို့ကောင်းတာပဲ။ ဘာမှ စိတ်ဝင်စားစရာကောင်းတာလေး မရှိတော့ဘူးလား?”

ထိုအပြုအမူက ဇာတ်ကောင်စရိုက်နှင့် တော်တော်လေး ကိုက်ညီလေသည်။ ရှင်ယဲ့တို့ အုပ်စုက အတန်းထဲမှာ လူမိုက်အုပ်စုအဖြစ် သတ်မှတ်ခြင်းခံထားရတာကြောင့် တခြားကျောင်းသားများက  သူတို့ကို လာမရှုပ်ရဲကြပေ။

“ဆရာမလီ ရေချိုးနေတာကို ချောင်းရိုက်ကြမလား?” ကျောင်းသားတစ်ယောက်က ပြောလိုက်၏: “သူက အရမ်းလန်းတယ်! ဓာတ်ပုံရိုက်လိုက်ရင် မင်းကိုထပ်ပြီး ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး”

ဆရာမလီက ရှင်ယဲ့ကို အပြစ်ပေးသည့် အင်္ဂလိပ်စာ ဆရာမဖြစ်သည်။ ထိုကောင်လေးက အသံကို တိုးတိုးပြောနေခြင်းမဟုတ်ပေ။ သူတို့ပြောနေတာကို ကြားသည့်အခါ ကျောင်းသားများက သူတို့ကို မျက်မှောင်ကြုတ်လျက် အထင်သေးစွာဖြင့် ကြည့်လာကြ၏။

ရှင်ယဲ့ ခေါင်းခါလိုက်သည်: “အိုနေပြီ။ ပျင်းစရာကောင်းတယ်”

အထက်တန်းကျောင်းသားများအတွက်တော့ ၂၆နှစ်အရွယ် အင်္ဂလိပ်စာဆရာမက အနည်းငယ် အသက်ကြီးပြီဖြစ်သည်။ နောက်ကျောင်းသားတစ်ယောက်က အကြံပေးလာသည်: “ငယ်တဲ့သူတွေ ဆိုရင်ရော ဘယ်လိုလဲ? ငါတို့ ဒီည မိန်းကလေးအဆောင်ကို သွားလို့ရတယ်။ ဟီ ဟီး…”

ရှင်ယဲ့လည်း ထိုစကားလုံးများကိုသာ စောင့်နေခြင်းဖြစ်သည်။ ထိုကျောင်းသား၏ ပုခုံးကို လက်နှစ်ဖက်လုံးဖြင့် ပုတ်ချကာ ဆိုလိုက်သည်: “အကြံကောင်းတယ်။ ဒီည သွားကြရအောင်!”

Missionနေရာကို သွားလိုက်တာနှင့် သံသဃအဝင်ခံရမည်ဆိုတာကို သူသိသည်။ သို့သော် လူများနှင့် ဆိုလျှင်တော့ သတိထားမိနိုင်ချေ နည်းသွားနိုင်သည်။

ရှင်ယဲ့ ခုနတုန်းက သံသဃဖြစ်စရာကောင်းသည့် ကျောင်းသားသုံးယောက်အား ပြန်ကြည့်လိုက်၏။ သူတို့၏ နာမည်များအား အတန်းတက်သူစာရင်းနှင့် အရင်လစာမေးပွဲအမှတ်စာရင်းတို့မှာ ရှာတွေ့ထားပြီးပြီဖြစ်သည်။ သူတို့က ကွမ်းလင်၊ ကျောက်ဟုန်နှင့် ချောင်ချန့်တို့ဖြစ်ကြသည်။ သူတို့၏ အမှတ်များမှာ အရမ်းမမြင့်ဘဲ၊ ပုံပန်းသွင်ပြင်မှာလည်း သာမန်မျှသာဖြစ်ကြ‌သည်။

အတန်းဖော်များကို စောင့်ကြည့်ရင်းဖြင့်ပင် ကျောင်းမှာ တစ်ရက်နီးပါး ကုန်ဆုံးလိုက်ပြီးနောက်၊ ညပိုင်း၌ ရှင်ယဲ့နှင့် ကျောင်းသားအချို့မှာ မိန်းကလေးအဆောင်ရှိ လှေကားဆီသို့ ခိုးထွက်ကြတော့သည်။

“ငါတို့ ဝင်သွားလို့ ရပါ့မလား?” ကျောင်းသား Aက မေးသည်။ “မိန်းကလေးအဆောင်က အန်တီကြီးက အရမ်းကြမ်းတာနော်။ တစ်ခါ ကျောင်းသားတစ်ယောက်တောင် ကြမ်းတိုက်တံနဲ့ ကြမ်းပြင်ပေါ်မှာ လှိမ့်နေအောင် အရိုက်ခံလိုက်ရသေးတယ်”

ကျောင်းသား B:  “ဘာမှမဖြစ်ပါဘူး။ ငါ ကြည့်ပြီးပြီ။ သူက ညဘက် ၁၁ခွဲဆို အိပ်ရာဝင်တယ်။ အပြင်က ဘယ်သူအော်ခေါ်ခေါ် မထွက်လာဘူး။ ကြည့်ရတာ မိန်းကလေးအဆောင်က ၁၂နာရီအတိဆိုရင် သရဲခြောက်လို့ဖြစ်မယ်။ ဟားဟားဟား.. အယူသည်းလိုက်ကြတာ”

ကျောင်သား B၏ အမည်က ဝူယွီဖြစ်သည်။ မိန်းကလေးအဆောင်ကို အပျော်သွားကြည့်ရအောင်လို့ အကြံပေးသည့် လူကလည်း သူပင်ဖြစ်လေသည်။ တော်တော်လေး သံသဃဖြစ်စရာကောင်းသည်ပင်။

ရှင်ယဲ့ ဒီကမ္ဘာကို စရောက်လာတုန်းက ဝူယွီ၏ အပြုအမူကို မှတ်မိသေးသည်။ သူက ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေပြီး၊ ပုံမှန်မဟုတ်သည့် အပြုအမူလုပ်တာမျိုး မရှိပေ။

သိထားသည့် အချက်များက အလွန်နည်းနေသေးသည်။ စိတ်ရှည်မှ ဖြစ်မည်။

၁၁နာရီ ၃၀မိနစ်အရောက်မှာတော့ အဆောင်စောင့် အန်တီကြီးက တံခါးများကို လော့ခ်ချလိုက်ပြီး၊ အနားယူရန်အတွက် ကျောင်းစောင့်အခန်းသို့သာ ပြန်သွားလေ၏။ မိန်းကလေးအအဆောင်ရှိ မီးများအားလုံးကိုလည်း ပိတ်ချလိုက်တော့၏။

ကျောင်းသားများက သုံးလွှာရှိ သန့်စင်ခန်းဘက်ကို ထွက်သွားကြပြီး၊ အပေါ်သို့ တွယ်တက်ရန် ပစ္စည်းကိရိယာများကို ထုတ်လိုက်ကြသည်။ ကျောင်းသားလေးယောက်လုံးက ထိုအရာမှာ ကျွမ်းကျင်ကြလေ၏။ ရှင်ယဲ့ကလည်း ချွင်းချက်မဟုတ်ပေ။ ထို့ကြောင့်  လေးယောက်သား မြန်ဆန်စွာပဲ အပေါ်တက်နိုင်သွားကြသည်။

သုံးလွှာ၏ ပြတင်းပေါက်များမှာ လက်ရန်းများ မရှိပေ။ ပြတင်းပေါက်များကိုလည်း နွေရာသီတွင် ဖွင့်ထားတတ်ကြသည်။ ဝူယွီက ပြတင်းလိုက်ကာများကို ဖယ်ရှားလိုက်ပြီးနောက်၊ လေးယောက်လုံး သန့်စင်ခန်းပြတင်းပေါက်ကို ဖြတ်ကာ ဝင်လာကြတော့သည်။

ထိုသို့ တွယ်တက်ရသည်က အချိန်တော်တော်များများကို ကုန်ဆုံးသွားစေ၏။ ရှင်ယဲ့ နာရီကို ကြည့်လိုက်သည့်အခါ ၁၁နာရီ ၅၀မိနစ်တောင် ရှိနေပြီဖြစ်သည်။

ဝူယွီက ပြတင်းလိုက်များကို တဖန်ပြန်ချလိုက်သည်။ ထိုအချိန်တွင် သန့်စင်ခန်းထဲ၌ လူတစ်ယောက်မှ ရှိမနေချေ။ ထို့ကြောင့် လေးယောက်သား ထောင့်မှာ ဆောင့်ကြောင့်ထိုင်ပြီး သန့်စင်ခန်းထဲ မိန်းကလေးတွေ ဝင်လာတာကိုပဲစောင့်မလား၊ အဆောင်ထဲက ပွင့်နေတဲ့ အခန်းတွေကိုပဲ လိုက်ချောင်းမလား၊ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို တိုင်ပင်ကြတော့သည်။

ရှင်ယဲ့က ဝူယွီကို ကြည့်ကာ အကြံပေးလိုက်၏: “ဒီမှာ ထိုင်စောင့်နေရတာ အရမ်းပျင်းဖို့ကောင်းတယ်။ သန့်စင်ခန်းထဲကို ဝင်လာတဲ့ မိန်းကလေးတွေကလည်း အဲ့လောက်လှမှာ မဟုတ်ဘူး။ ငါတို့ကျောင်းရဲ့ … အဲ့ဒီ အလှဆုံးမိန်းကလေး၊ သူက ဘယ်အခန်းမှာလဲ?”

ရှင်ယဲ့ ဒီကျောင်းရဲ့ အလှဆုံးမိန်းကလေးက ဘယ်သူလဲဆိုတာကို မသိပေ။ ကျန်တဲ့သူတွေကို ပြောပြချင်စေလို့သာ လမ်းကြောင်းပေးလိုက်ခြင်း ဖြစ်လေသည်။

ကျောင်းတိုင်းကျောင်းတိုင်းမှာတော့ အချောအလှဆုံး မိန်းကလေး၊ ယောကျ်ားလေး တစ်ယောက်စီကတော့ ရှိစမြဲပင်။

“အာ၊ အစ်ကိုယဲ့၊ မင်းက အရင်တစ်ခေါက်က မင်းနဲ့အတူ ဒိတ်ဖို့ကို ငြင်းခဲ့တဲ့ ကောင်မလေးကို ပြောနေတာလား။ ဒုတိယနှစ် အတန်း၃က ကျန်းကျင့်ရိုလေ။ သူက အခန်းနံပါတ် ၄၀၅မှာနေတာ။ အရင်တစ်ခေါက် မင်းသူ့ဆီက အငြင်းခံရတော့ ငါမင်းကို ကူပြီး စုံစမ်းပေးထားတာလေ” ကျောင်းသား C က ပြောလေသည်။

“ဘာကို အငြင်းခံရတာလဲ?” ရှင်ယဲ့ ကျောင်းသား Cရဲ့ ခေါင်းကို ရိုက်လိုက်သည်။ “အဲ့ဒါ ငါကိုယ်က သူက သိပ်မလှဘူးထင်လို့ အပြင်ထွက်ဒိတ်ဖို့ မခေါ်ချင်တာလေ”

ကျောင်းသား C က ပြုံးကာ မေးလေသည်: “ဟီးဟီး၊ အဲ့ဒါဆို အခုကော သွားဦးမှာလား?”

“သွားရမှာပေါ့” ရှင်ယဲ့ မတ်တပ်ရပ်ကာ ပြောလိုက်၏: “သူက ငါ့ကို မျက်နှာသာမပေးအောင် ဘယ်သူ လုပ်ရဲတာလဲ”

သူတို့ အုပ်စုမှာ လှောင်ပြုံးများဖြင့် သန့်စင်ခန်းထဲမှ ထွက်ခွာသွားကြလေ၏။ အခုမှာ သုံးလွှာဖြစ်သည့်အတွက် လေးလွှာသို့သွားချင်လျှင် သေချာပေါက် လှေကားပေါ်သို့ တက်ရမည် ဖြစ်သည်။

Missionမှာ ဖော်ပြထားသည့် ၁၂နာရီမထိုးခင် ငါးမိနစ်အလို၌ လှေကားပေါ်သို့ ပထမဆုံးတက်လိုက်သည့် လူမှာ ရှင်ယဲ့ဖြစ်သည်။ သူ့နောက်မှကပ်၍ ကျောင်းသား Aနဲ့ C တို့က လိုက်ပါလာကြသည်။ ဝူယွီကတော့ လိုက်မလာဘဲ လှေကားအောက်မှာသာ ရပ်နေလေ၏။ လှေကားလက်ရန်းများကို ကိုင်ကာ တွေဝေလျက်ရှိနေသည်: “ငါတို့ အဲ့လိုလုပ်လို့ ကောင်းပါ့မလာ:?”

ရှင်ယဲ့ လှေကားထစ်ပေါ်တွင် ရပ်ကာ သူ့ကို အထက်စီးက ကြည့်နေလိုက်၏။

Missionက ပြောထားသည့်အချိန်မှာ ညသန်းခေါင် ၁၂နာရီဖြစ်သည်။ သူတို့က ဒီအချိန်မှာ တက်လိုက်လျှင် အဆောင်ခန်းရှေ့ကို ၁၂နာရီမတိုင်ခင်မှာ ရောက်သွားမှာဖြစ်၏။

တကယ်ကစားသူသာဆိုလျှင် ၁၂နာရီမထိုးထိုးအောင် အချိန်ကို အတတ်နိုင်ဆုံး ဆွဲထားမှာပင်။

ဝူယွီက မိန်းကလေးအဆောင်ကို သွားဖို့ ပထမဆုံး တိုက်တွန်းသည့်သူ ဖြစ်သည်။ သူက တော်တော်လေးလည်း စိတ်မရှည် ဖြစ်နေတာကြောင့် ကစားသူဖြစ်နိုင်ချေ အလွန်များလေသည်။

“နင်တို့ ဘာလုပ်နေကြတာလဲ?” သုံးလွှာရှိ အခန်းတံခါးတစ်ခု ပွင့်လာပြီးနောက် ချောင်ချန့်က ထွက်ပေါ်လာခဲ့သည်။ သူမက လှေကားရှေ့မှာ စုပြုံရပ်‌နေသော ကျောင်းသားတစ်စုကို ကြည့်ကာ မေးလိုက်ခြင်းဖြစ်၏။

“ချောင်ချန့်….” ‌ကျောင်းသား Cက ခေါင်းကုတ်လိုက်သည်။ “မင်းရုပ်က သာမန်ပဲ။ ဘာမှ ချောင်းကြည့်စရာအကြောင်းမရှိဘူး။ မင်းတို့ အဆောင်မှာ ချောတဲ့ ကောင်မလေးတွေ မရှိဘူးလား?”

ချောင်ချန့်က အတန်းထဲမှာ ဖုန်းသုံးနေခဲ့တဲ့ ကျောင်းသားသုံးယောက်ထဲက တစ်ယောက်ဖြစ်သည်။ အခု ၂၃နာရီ ၅၈မိနစ်သို့ရောက်နေပြီဖြစ်သော်လည်း ညအိပ်ဝတ်စုံကို မဝတ်ထားဘဲ အားကစားဝတ်စုံကိုသာ ဝတ်ထားလေ၏။ အချိန်နှင့် ဝတ်ထားသည့်အဝတ်အစားမှာ သံသဃဖြစ်ဖို့ ကောင်းနေသည်။

“နင်တို့ အမြန်ထွက်သွားကြတော့”  ချောင်ချန့်က ဆို၏။ “အတန်းဖော်တွေဆိုတဲ့ မျက်နှာကိုထောက်ပြီး ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ နင်တို့ မိန်းကလေးတွေကို ဆက်ချောင်းနေမယ်ဆိုရင်တော့ ငါ မနက်ဖြန် ဆရာမကို သွားတိုင်ရလိမ့်မယ်။ အဲ့ဒီအခါ နင်တို့ ကျောင်းထုတ်ခံရဖို့သာ ပြင်ထားလိုက်ကြ”

ကျောင်းသားA : “ဟားဟား၊ နင် မသိလို့ပါ။ အဆင့်တစ်အမြဲရနေတဲ့ ဟယ်ကျန့်ချီသာ ကျောင်းထုတ်ခံရင်ခံရလိမ့်မယ်။ ငါတို့ကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး”

၂၃နာရီ၊ ၅၉မိနစ်၊ ၅၀စက္ကန့်အတိ၌၊ ရှင်ယဲ့ သာမန်ကာလျှံကာ ဆိုလိုက်၏။ “ဝူယွီ မင်းမလိုက်ရင်လည်း ထွက်သွားလိုက်တော့။ ချောင်ချန့် မင်းလည်း ကိုယ်နဲ့မဆိုင်တာတွေ ဝင်မပါစမ်းပါနဲ့” ထိုသို့‌ပြောပြီးနောက် လှေကားပေါ်သို့သာ တက်သွားလိုက်သည်။  ဝူယွီကလည်း နောက်ကနေ လိုက်လာပြီး၊ ချောင်ချန့်ကလည်း “ဆရာမကို သွားရှာမယ်”ဟု ဆိုကာ လှေကားပေါ်သို့ ပြေးတက်လာတော့၏။ ထို လူအုပ်စုမှာ စင်္ကြံလမ်းမှာ တွန်းတိုက်နေကြတော့သည်။

ကျောင်းသား Aနဲ့ Cက ချောင်ချန့်ကို တားဖို့ ကြိုးစားကြသည်။ ရှင်ယဲ့ကတော့ တည်ငြိမ်စွာပဲ နံပါတ်များကို ရေတွက်လျက် တက်လာခဲ့လေသည်။ လှေကားထစ်မှာ ၁၂ထစ်ရှိနေခဲ့သည်။ ၁၂နာရီတိတိ‌ရောက်သည့် အချိန်မှာတော့ ဆယ့်သုံးထစ်မြောက် လှေကားထစ်ကို နင်းမိလိုက်လေတော့၏။

ချောင်ချန့်နှင့် ဝူယွီတို့လည်း တစ်ချိန်တည်းမှာပင် နင်းမိလိုက်ကြသည်။

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်အနေအထားမှာ ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။ မူလ သစ်လွင်ကာ တောက်ပသည့် အဆောင်အဆောက်အအုံကြီးမှာ ပျက်စီးယို့ယွင်းနေသဏ္ဌာန်ဖြစ်သွားခဲ့လေသည်။ စင်္ကြံလမ်းတစ်လျှောက် မီးချောင်းများမှာလည်း ပျက်ယွင်းနေပြီး၊ နံရံများမှာလည်း ကွာကျနေကာ၊ အနံ့အသက်ကလည်း အနည်းငယ်ဆိုးဝါးနေလေသည်။ အကောင်ပလောင်များမှာလည်း သူတို့ သုံးယောက်၏ ဘေးတွင် တဝီဝီဖြင့် ဝဲပျံလျက်ရှိ‌ေနကြလေ၏။

ကျောင်းသား Aနဲ့ Cက ရုတ်တရက် ရှင်ယဲ့ လက်မောင်းကို လာဖက်ကြကာ တုန်ယင်စွာဖြင့် မေးလာလေ၏: “ယဲ့.. အစ်ကိုယဲ့။ ဒါဘာဖြစ်သွားတာလဲ? ငါတို့ အခု မိန်းကလေးအဆောင်မှာ မဟုတ်ဘူးလား?

“ဟက်” ချောင်ချန့်က လှောင်ရယ်လိုက်သည်။ “ဒီအခြေအနေမှာတောင် မသိချင်ဟန်ဆောင်နေကြသေးတယ်”

ထို့နောက် သူမက အပေါ်ထပ်ကို ပြေးတက်သွားတော့သည်။ ဝူယွီကလည်း နောက်က လိုက်သွား၏။ ရှင်ယဲ့လည်း ကျောင်းသားနှစ်ယောက်ကို ဆွဲကာ အပေါ်သို့ တက်လိုက်သည်။

ဤအဆောက်အအုံ၏ပုံစံမှာ အဆောင်တစ်ခုနှင့်တော့ တူနေသေးသည်။ လေးလွှာတွင်လည်း အဆောင်ခန်းများ ရှိနေသေးလေ၏။  ချောင်ချန့် လေးလွှာသို့ ရောက်သည့်အခါ အခန်းတံခါးများကို တစ်ခုပြီး တစ်ခု လိုက်ဖွင့်ကာ စစ်ဆေးကြည့်သည်။ သူမလည်း ဘာကိုရှာရမလဲ သိပုံမရပေ။ ဒီအတိုင်း တွေ့ရာကိုသာ လိုက်ကြည့်နေခြင်းဖြစ်သည်။

ရှင်ယဲ့လည်း အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး ကျောင်းသားနှစ်ယောက်ကို ဖက်ထားလိုက်သည်။ ‌စိတ်ထဲမှာကြောက်နေသော်လည်း အပြင်မှာတော့ တည်ငြိမ်ဟန် လုပ်ယူနေသည့်ပုံ ဟန်ဆောင်လိုက်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်: “အဟမ်း၊ စိတ်ဝင်စားစရာတော့ ကောင်းလာပြီပဲ”

ဝူယွီက သူတို့သုံးယောက်ကို ခဏလောက် မျက်မှောင်ကြုတ်လျက် ကြည့်လိုက်ပြီး၊ ခေါင်းကိုသာ ခါလိုက်တော့သည်။ ထို့နောက် ချောင်ချန့်နောက်ကိုသာ လိုက်သွားလေသည်။ သူတို့ သုံးယောက်ကို သံသဃစာရင်းထဲက ဖယ်ရှားလိုက်သည့် ပုံပေါ်သည်။

ကျောင်းသား Aက ဝူယွီခြေထောက်ကို ဆွဲကာ ဆိုလေ၏: “‌ေလာင်ဝူ၊ တစ်.. တစ်ယောက်တည်း မသွားနဲ့လေ။ သရဲကားတွေထဲကလိုမျိုး တစ်ယောက်တည်းရှိနေရင် သေသွားလိမ့်မယ်!”

ရှင်ယဲ့လည်း ခေါင်းညိတ်လိုက်သည်: “အမှန်ပဲ။ မင်းတို့ အကုန်လုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ ပြီးရင် အားလုံးအတူတူ ဒီ သရဲအဆောင်ကြီးကနေ ထွက်ဖို့နည်းလမ်းကို စဉ်းစားကြမယ်”

ဝူယွီက သက်ပြင်းချလိုက်၏: “ငါက သူတို့ သုံးယောက်ထဲမှာ ကစားသူရှိနေမယ်ထင်ခဲ့တာ။ တကယ် အတွေးလွန်နေခဲ့တာပဲ!”


(Zawgyi)

              Chapter 20 _ အေဆာင္

မွန္၏ အေတြ႕အႀကဳံမ်ားမွာ ဘာမွ အားကိုးလို႔ရမေနေခ်။ ထို႔အျပင္ ဖုန္းသုံးေနသည့္ သုံးေယာက္မွာလည္း ကစားသူမ်ားဟုတ္မဟုတ္ ေသခ်ာအတည္ျပဳလို႔ မရႏိုင္ေသးေပ။ mission ၿပီးေျမာက္ေအာင္ လုပ္ဖို႔ရာအတြက္၊ ထိုအံဖြယ္ဒ႑ာရီမ်ားျဖင့္ စတင္ရမည့္ပုံေပၚေနသည္။

တျခားကစားသူမ်ားကိုလည္း လိုက္ရွာရဦးမယ္၊ အနည္းဆုံး mission itemတစ္ခုကိုလည္း ရွာေတြ႕ေအာင္ လုပ္ရမယ့္အခ်ိန္မွာ သ႐ုပ္မွန္ကို ဘယ္လိုဖုံးကြယ္ထားရမွာလဲ?

ရွင္ယဲ့ မွန္ကို ရင္ဘတ္အိတ္ကပ္ထဲသို႔ ျပန္ထည့္လိုက္ၿပီး ဖတ္စာအုပ္ကို ေခါင္းေပၚသို႔ တင္ထားလိုက္သည္။ ထို႔ေနာက္ ကေလကေခ်ေက်ာင္းသားပုံစံမ်ိဳးေပါက္ေအာင္ နံရံကို မွီကာ ပ်င္းရိစြာျဖင့္ ရပ္ေနလိုက္၏။

ရွင္ယဲ့ႏွင့္ ရွင္ေရွာ့တို႔ ညီအစ္ကိုႏွစ္ေယာက္စလုံးက စာေတာ္သည့္ ေက်ာင္းသားမ်ားျဖစ္ၾကကာ၊ ေက်ာင္းတုန္းကလည္း ဆရာမ်ား၏ အခ်စ္ေတာ္ေလးမ်ားျဖစ္ခဲ့ၾကသည္။ ရွင္ယဲ့မွာ အထက္တန္းေက်ာင္းတြင္ အျပစ္ေပးခံရသည့္ အျဖစ္မ်ိဳး တစ္ခါမွ မႀကဳံခဲ့ရဖူးေပ။ သို႔ေသာ္လည္း တကၠသိုလ္မွာေတာ့… ကိစၥေတြအမ်ားႀကီးျဖစ္ပြားခဲ့ၿပီး၊ ေက်ာင္းထြက္ရဖို႔ ျဖစ္လာသည့္အခ်ိန္တြင္  ရွင္ယဲ့ ေက်ာင္းသားဆိုးတစ္ေယာက္ျဖစ္ရတာ ဘယ္ခံစားခ်က္မ်ိဳးလဲဆိုတာကို နားလည္ခဲ့ရသည္။

ဂ႐ုစိုက္ေသာ္လည္း ဂ႐ုမစိုက္ဟန္ေဆာင္ခဲ့သည္။၊ ပိုၿပီး ဝမ္းနည္းေလေလ ခံစားခ်က္မဲ့စြာ ရယ္ေမာေလေလျဖစ္ခဲ့သည္။ အျခားသူမ်ားက သူ႔ကို ေက်ာင္းသားဆိုးတစ္ေယာက္လို႔ မျမင္ခင္မွာ၊ သူ႔ကိုယ္သူ အရင္ဆုံး ကယ္တင္လို႔ မရႏိုင္ေတာ့တဲ့ လူတစ္ေယာက္လို ခံစားခဲ့ရသည္။

ထိုနည္းျဖင့္ သူဟာ အ႐ိုးထဲကေန အသားအထိ ပုပ္သိုးေနတဲ့၊ ကုစားလို႔ မရႏိုင္ေတာ့တဲ့ ေက်ာင္းသားဆိုးတစ္ေယာက္ ျဖစ္လာခဲ့သည္ပင္။

သ႐ုပ္မွန္ကို ဖုံးကြယ္ဖို႔ဆိုလွ်င္ အေကာင္းဆုံးနည္းလမ္းကေတာ့ လူအုပ္ၾကားထဲမွာ ကြယ္ဝွက္ေနျခင္းပင္ျဖစ္သည္။ ထို႔အျပင္ ကစားသူသ႐ုပ္မွန္ကို ေဖာ္ထုတ္ခံရႏိုင္သည့္ အဆိုးဆုံးအေျခအေနအတြက္လည္း ျပင္ဆင္ထားသင့္သည္....

အလြန္သာယာသည့္ ရာသီဉတုႏွင့္၊ ရင္ႏွီးေနေသာ ဆရာမ၏ စာသင္သည့္ အသံေၾကာင့္ ျဖစ္မည္ထင္သည္။ ရွင္ယဲ့ အပူအပင္ကင္းသည့္ ကာလမ်ားကို ျပန္ေရာက္သြားသလို ခံစားလိုက္ရ၏။ ထို႔ေၾကာင့္ နံရံကို မွီလ်က္ပင္ အိပ္ေပ်ာ္သြားေတာ့သည္။

“ရွင္ယဲ့!” ေဒါသထြက္ေနေသာ ေအာ္ဟစ္သံတစ္ခုက ရွင္ယဲ့ကို ႏႈိးလိုက္ေလသည္။ အဂၤလိပ္စာဆရာမက ေဒါသထြက္လြန္းသျဖင့္ အေငြ႕မ်ားထြက္လာေတာ့မလိုေတာင္ ျဖစ္ေနေလ၏။ “နင္ အျပစ္ေပးခံရတာေတာင္ အိပ္ေနႏိုင္ေသးတယ္ ဟုတ္လား။ နင့္မွာ စာသင္ခ်င္စိတ္ေကာ ရွိေသးရဲ႕လား?”

ရွင္ယဲ့ ပါးစပ္ေထာင့္က သြားရည္မ်ားကို သုတ္လိုက္ၿပီးေနာက္ စႀကႍလမ္းမွာ ပြဲၾကည့္ဖို႔ ေျပးလာၾကသည့္ ေက်ာင္းသားမ်ားကို ေတြ႕လိုက္ရသည္။ ၿပီးေနာက္ ဆိုလိုက္ေလ၏: “ဆရာမ၊ အတန္းဆင္းေပးၿပီး၊ အျမန္ျပန္ၿပီး သြားနားလိုက္ပါေတာ့။ ဒီအတန္းကို စာသင္ရတာနဲ႔ ဆရာမလည္ပင္းကေန အေငြ႕ေတြေတာင္ ထြက္ေနၿပီ”

ပြဲလာၾကည့္သည့္ ေက်ာင္းသားမ်ားမွာ ပိုပိုမ်ားလာကာ၊ ဆရာမကလည္း စာႀကိဳးစားခ်င္စိတ္မရွိသည့္ ရွင္ယဲ့ကို ဒီထက္ပိုၿပီး အဖတ္မလုပ္ခ်င္ေတာ့တာေၾကာင့္ စိတ္ဆိုးဆိုးျဖင့္ပင္ ထြက္သြားေလေတာ့၏။

ရွင္ယဲ့ လွည့္ထြက္သြားေသာ သူမအား ၾကည့္ေနလိုက္သည္။ စာသင္ၾကားသည့္ အရည္အခ်င္းမွာလည္း အစစ္အမွန္ျဖစ္ၿပီး၊ ေဒါသထြက္ေနသည့္ အမူအရာကလည္း တကယ္ကို အသက္ဝင္တာေၾကာင့္ ကစားသူ ျဖစ္ႏိုင္ေခ်ကို ခဏေလာက္ ဖယ္ထားလိုက္လို႔ရႏိုင္သည္။

အကယ္၍ ဒီကစားသူက တကယ့္ကမာၻမွာလည္း  ဆရာမတစ္ေယာက္ျဖစ္မေနရင္ေပါ့။ အဲ့ေလာက္အထိေတာ့ မတိုက္ဆိုင္ႏိုင္ေလာက္ဘူးမလား?

မဟုတ္ေသးဘူး။ ကံၾကမၼာလိုက္နာအဖြဲ႕ကဆိုလွ်င္ ျဖစ္ႏိုင္ေခ်က ေသခ်ာေပါက္ ရွိမွာပင္။

ေမွာ္ဝင္မွန္ကမာၻႏွင့္ ကြဲျပားစြာပဲ ဒီကမာၻက တကယ့္ဘဝႏွင့္ ေတာ္ေတာ္ေလး နီးစပ္ေလသည္။ ႏႈိင္းယွဥ္ၾကည့္လွ်င္ေတာ့ သ႐ုပ္ေဆာင္ရသည္က ပို၍ လြယ္ကူသည္။ ထို႔ေၾကာင့္လည္း သဟဇာတမျဖစ္ဘဲ ထူျခားေနသည့္ လူကို ရွာဖို႔ ခက္ေနျပန္သည္။

အဂၤလိပ္စာဆရာမ ထြက္သြားၿပီးေနာက္တြင္၊ ေက်ာင္းသားအခ်ိဳ႕ ေရာက္ခ်လာကာ  ရွင္ယဲ့ကို ေလွာင္ၿပဳံးမ်ားျဖင့္ ဆိုလာေလ၏: “ေနာက္တစ္ေခါက္ မတ္တတ္ရပ္ အျပစ္ေပးခံရျပန္ၿပီမလား။ မင္းကို အတန္းထဲမွာ အိပ္မယ္ဆိုရင္ ဖတ္စာအုပ္နဲ႔ ကာထားပါလို႔ ဘယ္ႏွခါေျပာရမလဲ။ မင္းကမွ နားမေထာင္တာ”

သူတို႔၏ မ်က္ႏွာေပၚတြင္ “ကေလကေခ်အုပ္စု” ဆိုသည့္ စာလုံးမ်ားကို ေရးသားထားသကဲ့သို႔ပင္။ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ရွင္ယဲ့၏ ေက်ာင္းသားဆိုးသူငယ္ခ်င္းမ်ားမွန္း သိသာေလသည္။

“ကိစၥမရွိဘူး” ရွင္ယဲ့ကေတာ့ ဂ႐ုစိုက္ပုံမျပေပ။ “အျပင္ထြက္ၿပီး အိပ္ရတာ ပိုတိတ္ဆိတ္တယ္။ ေျခေထာက္နည္းနည္းေညာင္းတာက လြဲရင္ အကုန္အဆင္ေျပတယ္”

“မတ္တတ္ရပ္ၿပီး အိပ္ႏိုင္တဲ့ မင္းကို‌ေတာ့ အရမ္းေလးစားသြားၿပီ” ေက်ာင္းသားတစ္ေယာက္က ေရွ႕တိုးလာၿပီး ရွင္ယဲ့၏ ပုခုံးကို ဖက္ကာ၊ အလြန္ ရင္းႏွီးေသာေလသံျဖင့္ ေျပာလာေလ၏။

ရွင္ယဲ့လည္း ျငင္းဆန္မေနေတာ့ဘဲ၊ သူ၏ ဇာတ္႐ုပ္ကိုသာ ပီျပင္ေအာင္ ကေနလိုက္သည္။

ေနာက္တစ္ခ်ိန္က ကာယခ်ိန္ျဖစ္တာေၾကာင့္၊ ရွင္ယဲ့တို႔ အုပ္စုမွာ စုၿပီး ေလကန္ၾကေတာ့သည္။ စကားေျပာေနရင္းမွ ရွင္ယဲ့က ပါးနပ္စြာျဖင့္ သူငယ္ခ်င္းမ်ားအား ေက်ာင္းႏွင့္ပတ္သက္သည့္ အေၾကာင္းမ်ားကို ေျပာေစရန္ လမ္းေၾကာင္းေပးလိုက္သည္။

ဤပုဂၢလိက အထက္တန္းေက်ာင္းမွာ H ၿမိဳ႕ေတာ္တြင္ တက္ေရာက္မႈအျမင့္ဆုံး အထက္တန္းေက်ာင္းျဖစ္သည္။ ေက်ာင္းတြင္ ေက်ာင္းသားအမ်ိဳးအစား သုံမ်ိဳးသာရွိသည္။ အမွတ္ေကာင္းသည့္ ေက်ာင္းသား၊ အရည္အခ်င္းရွိသည့္ ေက်ာင္းသားႏွင့္၊ ပိုက္ဆံခ်မ္းသာသည့္ ေက်ာင္းသားတို႔သာ ျဖစ္ၾက၏။

ရွင္ယဲ့ကေတာ့ ပိုက္ဆံခ်မ္းသာၿပီး အသုံးမက်သည့္ ‌ေက်ာင္းသားအုပ္စုထဲမွာပါသည္။ သူနဲ႔ေပါင္းသည့္ သူငယ္ခ်င္းမ်ားမွာလည္း စိတ္ထင္ရာလုပ္တတ္သည့္ သူေဌးသားေလးမ်ားသာျဖစ္ၾကသည္။ ထုံးစံအတိုင္း ေက်ာင္းမွာ စိတ္ႀကီးဝင္ေနၾကသည့္ အဖြဲ႕ပင္ျဖစ္သည္။ သာမန္ ဆရာ၊ဆရာမမ်ားကေတာ့ သူတို႔ကို လာၿပီး ျပႆနာမရွာရဲၾကေပ။ သူတို႔ အတန္းပိုင္ အဂၤလိပ္စာဆရာမ တစ္ေယာက္ကသာ၊ မႏွစ္က ရွင္ယဲ့ ရန္ျဖစ္သည့္ကိစၥေၾကာင့္ ႏွစ္ကုန္ဆုေငြကို အျဖတ္ခံလိုက္ရသည္။ ထိုအခ်ိန္ကစၿပီး ရွင္ယဲ့ကို လုံးဝ အျမင္မၾကည္ေတာ့ေပ။ အၿမဲတမ္းလိုလို အျပစ္ရွာေနေတာ့၏။ သို႔ေပမဲ့လည္း အရမ္းေခ်ာတဲ့ ဆရာမျဖစ္တာေၾကာင့္၊ ရွင္ယဲ့တို႔အုပ္စုက မ်က္ႏွာၾကည့္ၿပီး သည္းခံေပးၾကေလသည္။

ကာယအခ်ိန္ကုန္သြားသည့္ေနာက္ အတန္းထဲသို႔ ျပန္လာခဲ့ၾက၏။ ရွင္ယဲ့က ရည္႐ြယ္ခ်က္ရွိရွိျဖင့္ပင္ အတန္းေရွ႕မွာ ေအာ္ေျပာလိုက္သည္: “ဟူး.. အခုတေလာ အရမ္းပ်င္းဖို႔ေကာင္းတာပဲ။ ဘာမွ စိတ္ဝင္စားစရာေကာင္းတာေလး မရွိေတာ့ဘူးလား?”

ထိုအျပဳအမူက ဇာတ္ေကာင္စ႐ိုက္ႏွင့္ ေတာ္ေတာ္ေလး ကိုက္ညီေလသည္။ ရွင္ယဲ့တို႔ အုပ္စုက အတန္းထဲမွာ လူမိုက္အုပ္စုအျဖစ္ သတ္မွတ္ျခင္းခံထားရတာေၾကာင့္ တျခားေက်ာင္းသားမ်ားက  သူတို႔ကို လာမရႈပ္ရဲၾကေပ။

“ဆရာမလီ ေရခ်ိဳးေနတာကို ေခ်ာင္း႐ိုက္ၾကမလား?” ေက်ာင္းသားတစ္ေယာက္က ေျပာလိုက္၏: “သူက အရမ္းလန္းတယ္! ဓာတ္ပုံ႐ိုက္လိုက္ရင္ မင္းကိုထပ္ၿပီး ျပႆနာရွာရဲမွာ မဟုတ္ေတာ့ဘူး”

ဆရာမလီက ရွင္ယဲ့ကို အျပစ္ေပးသည့္ အဂၤလိပ္စာ ဆရာမျဖစ္သည္။ ထိုေကာင္ေလးက အသံကို တိုးတိုးေျပာေနျခင္းမဟုတ္ေပ။ သူတို႔ေျပာေနတာကို ၾကားသည့္အခါ ေက်ာင္းသားမ်ားက သူတို႔ကို မ်က္ေမွာင္ၾကဳတ္လ်က္ အထင္ေသးစြာျဖင့္ ၾကည့္လာၾက၏။

ရွင္ယဲ့ ေခါင္းခါလိုက္သည္: “အိုေနၿပီ။ ပ်င္းစရာေကာင္းတယ္”

အထက္တန္းေက်ာင္းသားမ်ားအတြက္ေတာ့ ၂၆ႏွစ္အ႐ြယ္ အဂၤလိပ္စာဆရာမက အနည္းငယ္ အသက္ႀကီးၿပီျဖစ္သည္။ ေနာက္ေက်ာင္းသားတစ္ေယာက္က အႀကံေပးလာသည္: “ငယ္တဲ့သူေတြ ဆိုရင္ေရာ ဘယ္လိုလဲ? ငါတို႔ ဒီည မိန္းကေလးအေဆာင္ကို သြားလို႔ရတယ္။ ဟီ ဟီး…”

ရွင္ယဲ့လည္း ထိုစကားလုံးမ်ားကိုသာ ေစာင့္ေနျခင္းျဖစ္သည္။ ထိုေက်ာင္းသား၏ ပုခုံးကို လက္ႏွစ္ဖက္လုံးျဖင့္ ပုတ္ခ်ကာ ဆိုလိုက္သည္: “အႀကံေကာင္းတယ္။ ဒီည သြားၾကရေအာင္!”

Missionေနရာကို သြားလိုက္တာႏွင့္ သံသဃအဝင္ခံရမည္ဆိုတာကို သူသိသည္။ သို႔ေသာ္ လူမ်ားႏွင့္ ဆိုလွ်င္ေတာ့ သတိထားမိႏိုင္ေခ် နည္းသြားႏိုင္သည္။

ရွင္ယဲ့ ခုနတုန္းက သံသဃျဖစ္စရာေကာင္းသည့္ ေက်ာင္းသားသုံးေယာက္အား ျပန္ၾကည့္လိုက္၏။ သူတို႔၏ နာမည္မ်ားအား အတန္းတက္သူစာရင္းႏွင့္ အရင္လစာေမးပြဲအမွတ္စာရင္းတို႔မွာ ရွာေတြ႕ထားၿပီးၿပီျဖစ္သည္။ သူတို႔က ကြမ္းလင္၊ ေက်ာက္ဟုန္ႏွင့္ ေခ်ာင္ခ်န႔္တို႔ျဖစ္ၾကသည္။ သူတို႔၏ အမွတ္မ်ားမွာ အရမ္းမျမင့္ဘဲ၊ ပုံပန္းသြင္ျပင္မွာလည္း သာမန္မွ်သာျဖစ္ၾက‌သည္။

အတန္းေဖာ္မ်ားကို ေစာင့္ၾကည့္ရင္းျဖင့္ပင္ ေက်ာင္းမွာ တစ္ရက္နီးပါး ကုန္ဆုံးလိုက္ၿပီးေနာက္၊ ညပိုင္း၌ ရွင္ယဲ့ႏွင့္ ေက်ာင္းသားအခ်ိဳ႕မွာ မိန္းကေလးအေဆာင္ရွိ ေလွကားဆီသို႔ ခိုးထြက္ၾကေတာ့သည္။

“ငါတို႔ ဝင္သြားလို႔ ရပါ့မလား?” ေက်ာင္းသား Aက ေမးသည္။ “မိန္းကေလးအေဆာင္က အန္တီႀကီးက အရမ္းၾကမ္းတာေနာ္။ တစ္ခါ ေက်ာင္းသားတစ္ေယာက္ေတာင္ ၾကမ္းတိုက္တံနဲ႔ ၾကမ္းျပင္ေပၚမွာ လွိမ့္ေနေအာင္ အ႐ိုက္ခံလိုက္ရေသးတယ္”

ေက်ာင္းသား B:  “ဘာမွမျဖစ္ပါဘူး။ ငါ ၾကည့္ၿပီးၿပီ။ သူက ညဘက္ ၁၁ခြဲဆို အိပ္ရာဝင္တယ္။ အျပင္က ဘယ္သူေအာ္ေခၚေခၚ မထြက္လာဘူး။ ၾကည့္ရတာ မိန္းကေလးအေဆာင္က ၁၂နာရီအတိဆိုရင္ သရဲေျခာက္လို႔ျဖစ္မယ္။ ဟားဟားဟား.. အယူသည္းလိုက္ၾကတာ”

ေက်ာင္သား B၏ အမည္က ဝူယြီျဖစ္သည္။ မိန္းကေလးအေဆာင္ကို အေပ်ာ္သြားၾကည့္ရေအာင္လို႔ အႀကံေပးသည့္ လူကလည္း သူပင္ျဖစ္ေလသည္။ ေတာ္ေတာ္ေလး သံသဃျဖစ္စရာေကာင္းသည္ပင္။

ရွင္ယဲ့ ဒီကမာၻကို စေရာက္လာတုန္းက ဝူယြီ၏ အျပဳအမူကို မွတ္မိေသးသည္။ သူက ျပတင္းေပါက္အျပင္ဘက္ကိုသာ ေငးၾကည့္ေနၿပီး၊ ပုံမွန္မဟုတ္သည့္ အျပဳအမူလုပ္တာမ်ိဳး မရွိေပ။

သိထားသည့္ အခ်က္မ်ားက အလြန္နည္းေနေသးသည္။ စိတ္ရွည္မွ ျဖစ္မည္။

၁၁နာရီ ၃၀မိနစ္အေရာက္မွာေတာ့ အေဆာင္ေစာင့္ အန္တီႀကီးက တံခါးမ်ားကို ေလာ့ခ္ခ်လိုက္ၿပီး၊ အနားယူရန္အတြက္ ေက်ာင္းေစာင့္အခန္းသို႔သာ ျပန္သြားေလ၏။ မိန္းကေလးအအေဆာင္ရွိ မီးမ်ားအားလုံးကိုလည္း ပိတ္ခ်လိုက္ေတာ့၏။

ေက်ာင္းသားမ်ားက သုံးလႊာရွိ သန႔္စင္ခန္းဘက္ကို ထြက္သြားၾကၿပီး၊ အေပၚသို႔ တြယ္တက္ရန္ ပစၥည္းကိရိယာမ်ားကို ထုတ္လိုက္ၾကသည္။ ေက်ာင္းသားေလးေယာက္လုံးက ထိုအရာမွာ ကြၽမ္းက်င္ၾကေလ၏။ ရွင္ယဲ့ကလည္း ခြၽင္းခ်က္မဟုတ္ေပ။ ထို႔ေၾကာင့္  ေလးေယာက္သား ျမန္ဆန္စြာပဲ အေပၚတက္ႏိုင္သြားၾကသည္။

သုံးလႊာ၏ ျပတင္းေပါက္မ်ားမွာ လက္ရန္းမ်ား မရွိေပ။ ျပတင္းေပါက္မ်ားကိုလည္း ေႏြရာသီတြင္ ဖြင့္ထားတတ္ၾကသည္။ ဝူယြီက ျပတင္းလိုက္ကာမ်ားကို ဖယ္ရွားလိုက္ၿပီးေနာက္၊ ေလးေယာက္လုံး သန္႔စင္ခန္းျပတင္းေပါက္ကို ျဖတ္ကာ ဝင္လာၾကေတာ့သည္။

ထိုသို႔ တြယ္တက္ရသည္က အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ကုန္ဆုံးသြားေစ၏။ ရွင္ယဲ့ နာရီကို ၾကည့္လိုက္သည့္အခါ ၁၁နာရီ ၅၀မိနစ္ေတာင္ ရွိေနၿပီျဖစ္သည္။

ဝူယြီက ျပတင္းလိုက္မ်ားကို တဖန္ျပန္ခ်လိုက္သည္။ ထိုအခ်ိန္တြင္ သန္႔စင္ခန္းထဲ၌ လူတစ္ေယာက္မွ ရွိမေနေခ်။ ထို႔ေၾကာင့္ ေလးေယာက္သား ေထာင့္မွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး သန္႔စင္ခန္းထဲ မိန္းကေလးေတြ ဝင္လာတာကိုပဲေစာင့္မလား၊ အေဆာင္ထဲက ပြင့္ေနတဲ့ အခန္းေတြကိုပဲ လိုက္ေခ်ာင္းမလား၊ ေနာက္ထပ္ ဘာဆက္လုပ္မလဲဆိုတာကို တိုင္ပင္ၾကေတာ့သည္။

ရွင္ယဲ့က ဝူယြီကို ၾကည့္ကာ အႀကံေပးလိုက္၏: “ဒီမွာ ထိုင္ေစာင့္ေနရတာ အရမ္းပ်င္းဖို႔ေကာင္းတယ္။ သန္႔စင္ခန္းထဲကို ဝင္လာတဲ့ မိန္းကေလးေတြကလည္း အဲ့ေလာက္လွမွာ မဟုတ္ဘူး။ ငါတို႔ေက်ာင္းရဲ႕ … အဲ့ဒီ အလွဆုံးမိန္းကေလး၊ သူက ဘယ္အခန္းမွာလဲ?”

ရွင္ယဲ့ ဒီေက်ာင္းရဲ႕ အလွဆုံးမိန္းကေလးက ဘယ္သူလဲဆိုတာကို မသိေပ။ က်န္တဲ့သူေတြကို ေျပာျပခ်င္ေစလို႔သာ လမ္းေၾကာင္းေပးလိုက္ျခင္း ျဖစ္ေလသည္။

ေက်ာင္းတိုင္းေက်ာင္းတိုင္းမွာေတာ့ အေခ်ာအလွဆုံး မိန္းကေလး၊ ေယာက်္ားေလး တစ္ေယာက္စီကေတာ့ ရွိစၿမဲပင္။

“အာ၊ အစ္ကိုယဲ့၊ မင္းက အရင္တစ္ေခါက္က မင္းနဲ႔အတူ ဒိတ္ဖို႔ကို ျငင္းခဲ့တဲ့ ေကာင္မေလးကို ေျပာေနတာလား။ ဒုတိယႏွစ္ အတန္း၃က           က်န္းက်င့္႐ိုေလ။ သူက အခန္းနံပါတ္ ၄၀၅မွာေနတာ။ အရင္တစ္ေခါက္ မင္းသူ႔ဆီက အျငင္းခံရေတာ့ ငါမင္းကို ကူၿပီး စုံစမ္းေပးထားတာေလ” ေက်ာင္းသား C က ေျပာေလသည္။

“ဘာကို အျငင္းခံရတာလဲ?” ရွင္ယဲ့ ေက်ာင္းသား Cရဲ႕ ေခါင္းကို ႐ိုက္လိုက္သည္။ “အဲ့ဒါ ငါကိုယ္က သူက သိပ္မလွဘူးထင္လို႔ အျပင္ထြက္ဒိတ္ဖို႔ မေခၚခ်င္တာေလ”

ေက်ာင္းသား C က ၿပဳံးကာ ေမးေလသည္: “ဟီးဟီး၊ အဲ့ဒါဆို အခုေကာ သြားဦးမွာလား?”

“သြားရမွာေပါ့” ရွင္ယဲ့ မတ္တပ္ရပ္ကာ ေျပာလိုက္၏: “သူက ငါ့ကို မ်က္ႏွာသာမေပးေအာင္ ဘယ္သူ လုပ္ရဲတာလဲ”

သူတို႔ အုပ္စုမွာ ေလွာင္ၿပဳံးမ်ားျဖင့္ သန္႔စင္ခန္းထဲမွ ထြက္ခြာသြားၾကေလ၏။ အခုမွာ သုံးလႊာျဖစ္သည့္အတြက္ ေလးလႊာသို႔သြားခ်င္လွ်င္ ေသခ်ာေပါက္ ေလွကားေပၚသို႔ တက္ရမည္ ျဖစ္သည္။

Missionမွာ ေဖာ္ျပထားသည့္ ၁၂နာရီမထိုးခင္ ငါးမိနစ္အလို၌ ေလွကားေပၚသို႔ ပထမဆုံးတက္လိုက္သည့္ လူမွာ ရွင္ယဲ့ျဖစ္သည္။ သူ႔ေနာက္မွကပ္၍ ေက်ာင္းသား Aနဲ႔ C တို႔က လိုက္ပါလာၾကသည္။ ဝူယြီကေတာ့ လိုက္မလာဘဲ ေလွကားေအာက္မွာသာ ရပ္ေနေလ၏။ ေလွကားလက္ရန္းမ်ားကို ကိုင္ကာ ေတြေဝလ်က္ရွိေနသည္: “ငါတို႔ အဲ့လိုလုပ္လို႔ ေကာင္းပါ့မလာ:?”

ရွင္ယဲ့ ေလွကားထစ္ေပၚတြင္ ရပ္ကာ သူ႔ကို အထက္စီးက ၾကည့္ေနလိုက္၏။

Missionက ေျပာထားသည့္အခ်ိန္မွာ ညသန္းေခါင္ ၁၂နာရီျဖစ္သည္။ သူတို႔က ဒီအခ်ိန္မွာ တက္လိုက္လွ်င္ အေဆာင္ခန္းေရွ႕ကို ၁၂နာရီမတိုင္ခင္မွာ ေရာက္သြားမွာျဖစ္၏။

တကယ္ကစားသူသာဆိုလွ်င္ ၁၂နာရီမထိုးထိုးေအာင္ အခ်ိန္ကို အတတ္ႏိုင္ဆုံး ဆြဲထားမွာပင္။

ဝူယြီက မိန္းကေလးအေဆာင္ကို သြားဖို႔ ပထမဆုံး တိုက္တြန္းသည့္သူ ျဖစ္သည္။ သူက ေတာ္ေတာ္ေလးလည္း စိတ္မရွည္ ျဖစ္ေနတာေၾကာင့္ ကစားသူျဖစ္ႏိုင္ေခ် အလြန္မ်ားေလသည္။

“နင္တို႔ ဘာလုပ္ေနၾကတာလဲ?” သုံးလႊာရွိ အခန္းတံခါးတစ္ခု ပြင့္လာၿပီးေနာက္ ေခ်ာင္ခ်န႔္က ထြက္ေပၚလာခဲ့သည္။ သူမက ေလွကားေရွ႕မွာ စုၿပဳံရပ္‌ေနေသာ ေက်ာင္းသားတစ္စုကို ၾကည့္ကာ ေမးလိုက္ျခင္းျဖစ္၏။

“ေခ်ာင္ခ်န႔္….” ‌ေက်ာင္းသား Cက ေခါင္းကုတ္လိုက္သည္။ “မင္း႐ုပ္က သာမန္ပဲ။ ဘာမွ ေခ်ာင္းၾကည့္စရာအေၾကာင္းမရွိဘူး။ မင္းတို႔ အေဆာင္မွာ ေခ်ာတဲ့ ေကာင္မေလးေတြ မရွိဘူးလား?”

ေခ်ာင္ခ်န႔္က အတန္းထဲမွာ ဖုန္းသုံးေနခဲ့တဲ့ ေက်ာင္းသားသုံးေယာက္ထဲက တစ္ေယာက္ျဖစ္သည္။ အခု ၂၃နာရီ ၅၈မိနစ္သို႔ေရာက္ေနၿပီျဖစ္ေသာ္လည္း ညအိပ္ဝတ္စုံကို မဝတ္ထားဘဲ အားကစားဝတ္စုံကိုသာ ဝတ္ထားေလ၏။ အခ်ိန္ႏွင့္ ဝတ္ထားသည့္အဝတ္အစားမွာ သံသဃျဖစ္ဖို႔ ေကာင္းေနသည္။

“နင္တို႔ အျမန္ထြက္သြားၾကေတာ့”  ေခ်ာင္ခ်န႔္က ဆို၏။ “အတန္းေဖာ္ေတြဆိုတဲ့ မ်က္ႏွာကိုေထာက္ၿပီး ဒီတစ္ခါေတာ့ လႊတ္ေပးလိုက္မယ္။ နင္တို႔ မိန္းကေလးေတြကို ဆက္ေခ်ာင္းေနမယ္ဆိုရင္ေတာ့ ငါ မနက္ျဖန္ ဆရာမကို သြားတိုင္ရလိမ့္မယ္။ အဲ့ဒီအခါ နင္တို႔ ေက်ာင္းထုတ္ခံရဖို႔သာ ျပင္ထားလိုက္ၾက”

ေက်ာင္းသားA : “ဟားဟား၊ နင္ မသိလို႔ပါ။ အဆင့္တစ္အၿမဲရေနတဲ့ ဟယ္က်န႔္ခ်ီသာ ေက်ာင္းထုတ္ခံရင္ခံရလိမ့္မယ္။ ငါတို႔ကေတာ့ ဘာမွျဖစ္မွာ မဟုတ္ဘူး”

၂၃နာရီ၊ ၅၉မိနစ္၊ ၅၀စကၠန႔္အတိ၌၊ ရွင္ယဲ့ သာမန္ကာလွ်ံကာ ဆိုလိုက္၏။ “ဝူယြီ မင္းမလိုက္ရင္လည္း ထြက္သြားလိုက္ေတာ့။ ေခ်ာင္ခ်န႔္ မင္းလည္း ကိုယ္နဲ႔မဆိုင္တာေတြ ဝင္မပါစမ္းပါနဲ႔” ထိုသို႔‌ေျပာၿပီးေနာက္ ေလွကားေပၚသို႔သာ တက္သြားလိုက္သည္။  ဝူယြီကလည္း ေနာက္ကေန လိုက္လာၿပီး၊ ေခ်ာင္ခ်န႔္ကလည္း “ဆရာမကို သြားရွာမယ္”ဟု ဆိုကာ ေလွကားေပၚသို႔ ေျပးတက္လာေတာ့၏။ ထို လူအုပ္စုမွာ စႀကႍလမ္းမွာ တြန္းတိုက္ေနၾကေတာ့သည္။

ေက်ာင္းသား Aနဲ႔ Cက ေခ်ာင္ခ်န႔္ကို တားဖို႔ ႀကိဳးစားၾကသည္။ ရွင္ယဲ့ကေတာ့ တည္ၿငိမ္စြာပဲ နံပါတ္မ်ားကို ေရတြက္လ်က္ တက္လာခဲ့ေလသည္။ ေလွကားထစ္မွာ ၁၂ထစ္ရွိေနခဲ့သည္။ ၁၂နာရီတိတိ‌ေရာက္သည့္ အခ်ိန္မွာေတာ့ ဆယ့္သုံးထစ္ေျမာက္ ေလွကားထစ္ကို နင္းမိလိုက္ေလေတာ့၏။

ေခ်ာင္ခ်န႔္ႏွင့္ ဝူယြီတို႔လည္း တစ္ခ်ိန္တည္းမွာပင္ နင္းမိလိုက္ၾကသည္။

ထိုအခ်ိန္မွာပဲ ပတ္ဝန္းက်င္အေနအထားမွာ ႐ုတ္တရက္ ေျပာင္းလဲသြားေလေတာ့သည္။ မူလ သစ္လြင္ကာ ေတာက္ပသည့္ အေဆာင္အေဆာက္အအုံႀကီးမွာ ပ်က္စီးယို႔ယြင္းေနသဏၭာန္ျဖစ္သြားခဲ့ေလသည္။ စႀကႍလမ္းတစ္ေလွ်ာက္ မီးေခ်ာင္းမ်ားမွာလည္း ပ်က္ယြင္းေနၿပီး၊ နံရံမ်ားမွာလည္း ကြာက်ေနကာ၊ အနံ႔အသက္ကလည္း အနည္းငယ္ဆိုးဝါးေနေလသည္။ အေကာင္ပေလာင္မ်ားမွာလည္း သူတို႔ သုံးေယာက္၏ ေဘးတြင္ တဝီဝီျဖင့္ ဝဲပ်ံလ်က္ရွိ‌ေနၾကေလ၏။

ေက်ာင္းသား Aနဲ႔ Cက ႐ုတ္တရက္ ရွင္ယဲ့ လက္ေမာင္းကို လာဖက္ၾကကာ တုန္ယင္စြာျဖင့္ ေမးလာေလ၏: “ယဲ့.. အစ္ကိုယဲ့။ ဒါဘာျဖစ္သြားတာလဲ? ငါတို႔ အခု မိန္းကေလးအေဆာင္မွာ မဟုတ္ဘူးလား?

“ဟက္” ေခ်ာင္ခ်န႔္က ေလွာင္ရယ္လိုက္သည္။ “ဒီအေျခအေနမွာေတာင္ မသိခ်င္ဟန္ေဆာင္ေနၾကေသးတယ္”

ထို႔ေနာက္ သူမက အေပၚထပ္ကို ေျပးတက္သြားေတာ့သည္။ ဝူယြီကလည္း ေနာက္က လိုက္သြား၏။ ရွင္ယဲ့လည္း ေက်ာင္းသားႏွစ္ေယာက္ကို ဆြဲကာ အေပၚသို႔ တက္လိုက္သည္။

ဤအေဆာက္အအုံ၏ပုံစံမွာ အေဆာင္တစ္ခုႏွင့္ေတာ့ တူေနေသးသည္။ ေလးလႊာတြင္လည္း အေဆာင္ခန္းမ်ား ရွိေနေသးေလ၏။  ေခ်ာင္ခ်န႔္ ေလးလႊာသို႔ ေရာက္သည့္အခါ အခန္းတံခါးမ်ားကို တစ္ခုၿပီး တစ္ခု လိုက္ဖြင့္ကာ စစ္ေဆးၾကည့္သည္။ သူမလည္း ဘာကိုရွာရမလဲ သိပုံမရေပ။ ဒီအတိုင္း ေတြ႕ရာကိုသာ လိုက္ၾကည့္ေနျခင္းျဖစ္သည္။

ရွင္ယဲ့လည္း အေျခအေနကို အခြင့္ေကာင္းယူလိုက္ၿပီး ေက်ာင္းသားႏွစ္ေယာက္ကို ဖက္ထားလိုက္သည္။ ‌စိတ္ထဲမွာေၾကာက္ေနေသာ္လည္း အျပင္မွာေတာ့ တည္ၿငိမ္ဟန္ လုပ္ယူေနသည့္ပုံ ဟန္ေဆာင္လိုက္ကာ တုန္တုန္ယင္ယင္ျဖင့္ ေျပာလိုက္သည္: “အဟမ္း၊ စိတ္ဝင္စားစရာေတာ့ ေကာင္းလာၿပီပဲ”

ဝူယြီက သူတို႔သုံးေယာက္ကို ခဏေလာက္ မ်က္ေမွာင္ၾကဳတ္လ်က္ ၾကည့္လိုက္ၿပီး၊ ေခါင္းကိုသာ ခါလိုက္ေတာ့သည္။ ထို႔ေနာက္ ေခ်ာင္ခ်န႔္ေနာက္ကိုသာ လိုက္သြားေလသည္။ သူတို႔ သုံးေယာက္ကို သံသဃစာရင္းထဲက ဖယ္ရွားလိုက္သည့္ ပုံေပၚသည္။

ေက်ာင္းသား Aက ဝူယြီေျခေထာက္ကို ဆြဲကာ ဆိုေလ၏: “‌ေလာင္ဝူ၊ တစ္.. တစ္ေယာက္တည္း မသြားနဲ႔ေလ။ သရဲကားေတြထဲကလိုမ်ိဳး တစ္ေယာက္တည္းရွိေနရင္ ေသသြားလိမ့္မယ္!”

ရွင္ယဲ့လည္း ေခါင္းညိတ္လိုက္သည္: “အမွန္ပဲ။ မင္းတို႔ အကုန္လုံး ငါ့ေနာက္ကို လိုက္ခဲ့ၾက။ ၿပီးရင္ အားလုံးအတူတူ ဒီ သရဲအေဆာင္ႀကီးကေန ထြက္ဖို႔နည္းလမ္းကို စဥ္းစားၾကမယ္”

ဝူယြီက သက္ျပင္းခ်လိုက္၏: “ငါက သူတို႔ သုံးေယာက္ထဲမွာ ကစားသူရွိေနမယ္ထင္ခဲ့တာ။ တကယ္ အေတြးလြန္ေနခဲ့တာပဲ!”

Continue Reading

You'll Also Like

646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
785K 31.5K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022