[UNICODE]
ချူယု၏ မေးစေ့လေးများသည်၊ လုရှီး၏ လက်ချောင်းလေးများဖြင့်၊ အကိုင်ခံထားရသဖြင့်၊ ယခုအချိန်ထိ နွေးထွေးနေဆဲ ဖြစ်သည်။
ယခုအချိန်မှာတော့ သူသည် ငါးမျှားခြင်းအပေါ် အာရုံ စူးစိုက်လို့ မရပဲ၊ လုရှီးက သူအာ့ ချစ်ရေးဆိုခဲ့သည့်၊ အခိုက်အတန့်ကိုသာ၊ အပြန်ပြန် အလှန်လှန် စဥ်းစားကြည့်နေလိုက်၏။ နောက်ဆုံးမှာတော့ သူဟာ စဥ်းစားလို့ အားရသွားပြီး၊ စိတ်ထဲမှနေ သူ့ကိုယ်သူ တစ်အံတစ်သြ ပြောနေမိလိုက်တော့သည်။
အို့! နောက်ဆုံးတော့၊ ငါက စောစောစီးစီး အချစ်မှာ ကျရှုံးသွားခဲ့ပြီပေါ့...!!!။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ချစ်သူ ရှိလာပြီဆိုတော့လည်း...၊ အင်း... ဘာလုပ်ရင် ကောင်းမလဲ...?။
အမှန်အတိုင်း ပြောရပါလျှင်၊ ချူယုသည် သူ့ကိုယ်သူ အသက် 17နှစ် အရွယ်လေးနှင့်၊ ရည်းစားထားဖြစ်လိမ့်မယ်လို့၊ တစ်ကြိမ်တစ်ခါလေးမှ မစဥ်းစားမိချေ...၊ ပြီးတော့ သူ့လို ကြည့်ကောင်းသည့် ရုပ်ရည်ရှိသော၊ လူတစ်ယောက်အဖို့၊ မည်သူတစ်ဦးတစ်ယောက်ကမှ၊ သူ့အား၊ ရည်းစားတော်ရဲလိမ့်မည် မဟုတ်ဟု၊ ထင်ထားမိတာကြောင့်လဲ ပါ၏။
လုရှီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံတုန်းကဆိုလျှင်လဲ၊ ယောင်လို့တောင်မှ၊ သူနှင့် လုရှီးက ချစ်သူတွေ ဖြစ်သွာကြလိမ့်မည်ဟု၊ မတွေးဖူးခဲ့ပါချေ...။
ချူယုသည် သူ၏ လက်ချောင်းများကို ဆုပ်လိုက် ဖျံ့လိုက်၊ လုပ်နေလိုက်ပြီးနောက်၊ သူ၏ ရင်ခုန်သံများကိုစီးချက်ညီရန် ကြိုးစားလိုက်သည်။
ယခု သူနှင့် လုရှီးက ချစ်သူတွေ ဖြစ်သွား ကြပြီဆိုတော့...၊
ချစ်သူတွေဆိုတာ တစ်ချို့ ရှက်ဖွယ်ကောင်းတဲ့ ကိစ္စတွေကိုလည်း၊ ကျေကျေနပ်နပ်ကြီး လုပ်တတ်ကြတယ်မလား...?၊
ဥပမာ လက်ကိုင်တာတို့...၊ အင်း.... ပြီးတော့ နမ်းကြတာတို့ပေါ့...?။
"ဘာတွေ စဥ်းစားနေတာလဲ...?"
သူစဥ်းစားနေတုန်း လုရှီးက ရုတ်တစ်ရက်ကြီး၊ မေးလာခဲ့သဖြင့်၊ ချူယုသည် ယောင်ယောင်ကမ်းကမ်းဖြစ်သွားပြီး၊ ပါးစပ်ထဲရှိရာ ဖြေလိုက်မိသည်။
"နမ်းတဲ့အကြောင်း"
ချူယုသည် သူပြန်ဖြေလိုက်သည့် စကားကို၊ သူပြန်ကြားမိသောအခါ၊ သူ့ပါးစပ်သူ အလျှင်အမြန် ဘရိတ်အုတ်လိုက်ရပြီး၊ လက်ဖဝါးဖြင့် ပါးစပ်ကို အုပ်လိုက်မိ၏။
ချူယု မင်းဘာတွေ လျောက်ပြောနေတာလဲ...?၊ ခုမှပြန်ပြီး စကားကို ပြန်ပြင်ပြောပြန်ရင်လဲ၊ အချိန်မမှီတော့ဘူး ချူယုရေ...၊ မင်းက ဒီလိုကြီး ပြောလိုက်မှတော့ မင်းက အဲ့နမ်းတဲ့ကိစ္စကို လုပ်ချင်နေတာလို့၊ လုလုက ထင်မသွားပေဘူးလားလို့..?။
ယခုအခါမှပင် သူအရင်က ဖတ်ဖူးခဲ့သည့် ရုပ်ပြကာတွန်း စာအုပ်များထဲမှ၊ အနမ်းဇာတ်ဝင်ခန်းများက သူ့မျက်စိထဲ အနှေးပြကွက်များသဖွယ်၊ တစ်ခုပြီး တစ်ခု၊ တန်းစီပြီး ထင်ဟပ်လာခဲ့တော့သည်။ ချစ်သူစုံတွဲများဟာဆိုရင် လမ်းသွားရင်းသော်၎င်း၊ ထိုင်နေရင်းသော်၎င်း နမ်းဖြစ်ကြပြီး ၊ ယခုအခြေအနေထက်ပို၍ အဆင့်တက်လာပါက၊ တစ်ယောက်က အခြားတစ်ယောက်၏ ပုခုံးကိုကိုင်၍၊ နံရန်ပေါ် သို့ ဖိကပ်ထားရင်း ရင်ခုန်ဖွယ်ကောင်းအောင် နမ်းနေပြီး၊ ဤသို့သော အနေအထားမှတစ်ဆင့်၊ တစ်ဖြည်းဖြည်းခြင်း အိပ်ယာပေါ်သို့၊ ရောက်သွားခဲ့ကြကာ၊ သူတို့၏ အဝတ်အစားများကို ချွတ်လိုက်ကြပြီး____။
ဟိုက်...!၊ ချူယု မင်း ဘာတွေ လျှောက်တွေးနေပြန်တာတုန်း...?။
ယခုလိုအချိန်ကြမှပင် သူ၏မှတ်ဥာဏ်များဟာ၊ လွန်စွာမှကို လာကောင်းနေသည့်၊ သူ့အဖြစ်ကို သူလဲ အရမ်းကို စိတ်ပျက်လှပါပေ၏။ ဟိုးအရင်တုန်းကတော့ သူ့ကိုယ်သူ ယခုလောက်ကြီးအထိ၊ မှတ်ဥာဏ်များ ကောင်းလိမ့်မည်ဟု၊ တစ်ကြိမ်တစ်ခါမှ မထင်ထားမိပေ...။
ထိုအခိုက်အတန့်မှာပဲ၊ ဝေ့ကောင်လိုင်၏ အသံက အဝေးမှ၊ လွင့်ပျံ့လာခဲ့သည်။
"ဝါး...၊ ငါ, ငါးအကြီးကြီး ဖမ်းမိပြီကွ!!!"
ချူယုသည် ထိုအခြေအနေကို အခွင့်ကောင်း ယူကာ၊ မတ်တပ် ထရပ်လိုက်ပြီး...။
"လု... လုလု၊ မျက်ရည်အိတ်ပေါက်စလေး ငါး အကြီးကြီးကို သွားကြည့်အုံးမယ်နော်..."
ချူယုသည် စကားပြောပြီးပြီးခြင်း၊ လုရှီး၏ အဖြေကိုတောင် မစောင့်နိုင်တော့ပဲ၊ ထိုနေရာမှနေပြီး၊ တစ်ချိုးတည်း လစ်ထွက်လာခဲ့လိုက်၏။
ဝေ့ကောင်လိုင်တို့နားသို့ ရောက်တယ်ဆိုရင်ပဲ၊ ဝေ့ကောင်လိုင်သည် သူ့လက်ထဲတွင် ကိုင်ထားသည့်၊ ငါး အကြီးကြီးကို၊ ကိုင်မြှောက်ပြလိုက်ရင်း၊ ဂုဏ်ယူဝင့်ကြွားသော အသံဖြင့်၊ ကြွားလုံး ထုတ်လာခဲ့သည်။
"ဟား ငယ်ရွယ်တဲ့သခင်လေး...၊ ငါ,ဖမ်းမိတဲ့ ငါးအကြီးကြီးကို လာကြည့်တာလား...?၊ ဘယ်လိုလဲ ငါ့ရဲ့ ငါးဖမ်းခြင်း Skill က ဆရာကျတယ်မလား...?"
ပြောနေရင်းဖြင့် ဝေ့ကောင်လိုင်သည် ကျုကျစ်ဖေဘက်သို့၊ စောင်းငဲ့ကြည့်လိုက်ရင်း...။
"တစ်ချို့ တစ်ချို့ တွေကတော့၊ ငါ ပြောတဲ့ စကားတွေကို မယုံကြည်ဘူးပေါ့ကွာ..၊ ခက်တာပဲ အဲ့ဒါတွေ တစ်ကယ်ကို ခက်တာပဲ..."
ကျုကျစ်ဖေသည် ဝေ့ကောင်လိုင်ပြောသည့် စကားများကို၊ ဘာမှ မကြားချင်ယောင် ဆောင်နေပြီး၊ ကောင်းကင်ကြီးကိုသာ မော့ကြည့်နေလိုက်၏။
ချူယုသည် ဒူးတုတ်၍ ထိုင်ချလိုက်ပြီး၊ ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ရင်း၊ ဖုန်းမီးကို ဖွင့်လိုက်ကာ၊ ဝေ့ကောင်လိုင် လက်ထဲမှ ငါးကြီးကို ကြည့်လိုက်၏။
"ဝိုး တစ်ကယ်ကို အကြီးကြီးပဲ...၊ ကြည့်ရတာတော့ လူတစ်ယောက်ရဲ့၊ လက်မောင်း တစ်လုံးစာလောက်တော့ ရှိမယ်ထင်တယ်နော်..."
ဝေ့ကောင်လိုင်သည် ငါ့ဖမ်းသည့် နေရာမှာ၊ တစ်ကယ့်ကို ဝါရင့်ငါးဖမ်း သမားလေသံကို ဖမ်းလိုက်ပြီး၊ ဒီလောက်ငါးလေးကို အရေးမစိုက်သည့်အလား...။
"ဒီ,ငါးလောက်ကတော့ အေးဆေးပါကွာ၊ မင်းသာ အိမ်ပြန်ရောက်ရင် ချည်ငံစပ် ငါးဟင်းချို၊ စားဖို့ အဆင်သင့် ပြင်ထား...၊ ငါ မင်းကို ချက်ကျွေးမယ်..."
စကားပြောနေရင်းဖြင့်၊ ဝေ့ကောင်လိုင်သည် တစ်ခုခုကို သတိရသွားဟန်ဖြင့်...။
"ဒါနဲ့ စကားမစပ်၊ မင်းနဲ့ လုကော ကရော၊ ငါး ဘယ်နှစ်ကောင် ဖမ်းမိပြီလဲ...?"
ချူယုသည် ထိုစကားကို ကြားကြားခြင်း၊ ဘာပြန်ဖြေလို့ ဖြေရမှန်း မသိတော့ချေ...။
ဒီအတိုင်း သူတို့ ချစ်သူနှစ်ယောက်က ငါးမျှားတံကို ငါးမမျှားပဲ မြေပြင်ပေါ်ကို ပစ်ချထားပြီး၊ အချစ် အကြောင်းတွေ ပြောနေကြတာလို့၊ ပြောလို့ကလည်း မဖြစ်ပြန်ဘူးလေ...၊ ဟုတ်တယ်မလား...၊ ဒီလို ချစ်သူမရှိတဲ့ လူတွေရှေ့မှာ၊ သူ့လိုမျိုး ချစ်သူရှိတဲ့လူတစ်ယောက်က အချစ်ရေး,အချစ်ရာကိစ္စတွေနဲ့ ပက်သက်ပြီး မပြောသင့်ဘူးလေ...၊ နော်။
သူ့မှာ အရှက်တစ်ရားနဲ့ အသိတရားလေးတော့ ရှိပါသေးတယ်...။
ဝေ့ကောင်လိုင်ကလည်း ချူယုပြန်ဖြေလာမည့်စကားကို၊ စိတ်မဝင်စားအားပဲ၊ မြှောက်ကြွကြီးဖြင့် သူ၏ ငါးမျှားတံကို မြစ်ထဲသို့ နောက်ထပ်တစ်ဖန် ပစ်လိုက်ပြန်သည်။
ထိုအချိန်မှာပဲ ကောင်းကင်ကြီးကို ကြည့်ကာ၊ ဘာမှ မကြားချင်ယောင် ဆောင်နေသော၊ ကျုကျစ်ဖေက စတင်ပြီး၊ သီချင်းများကို အော်ဟစ်ပြီး သီဆိုလိုက်တော့လေ၏။
သီချင်းသံကို ကြားကြားခြင်း၊ ဝေ့ကောင်လိုင်သည် ကျုကျစ်ဖေ၏ ခြေထောက်ကို လှမ်းကန်လိုက်ပြီးနောက်...။
"ချီးပဲ ဟေ့ကောင်၊ မင်း ငါ, ငါးမျှားတာကို မဖမ်းမိစေချင်လို့၊ တစ်မင်သက်သက်၊ သီချင်းကို အကျယ်ကြီး အော်ဆိုတာမလား...?"
ကျုကျစ်ဖေသည် အနည်းငယ် ရီသံသွေးလျက်ဖြင့်၊ ဝေ့ကောင်လိုင်၏ ခြေထောက်ကို သူ၏ ခြေထောက်ဖြင့်၊ ပြန်ကန်လိုက်ရင်း ပြောလိုက်သည်။
"ဟုတ်မနေဘူး...၊ ဒီအတိုင်း ငါက သီးချင် ဆိုချင်စိတ် ပေါက်လာလို့၊ အကျယ်ကြီး အော်ဆိုလိုက်တာ၊ ဟ ဟ"
သူတို့နှစ်ဦးသားသည် တစ်ဦး၏ခြေထောက်ကို၊ တစ်ဦးက ပြန်ကန်နေရင်းဖြင့်၊ အပြန်အလှန် ငြင်းခုန်နေကြပြီး၊ အော်ရီနေကြတော့၏။
ချူယုသည် သူတို့နှစ်ဦးကို ကြည်နူးစွာဖြင့် ငေးကြည့်နေလိုက်ပြီးနောက်၊ လုရှီးဘက်သို့ ခေါင်းလေးစောင်းငဲ့ပြီး၊ ကြည့်လိုက်သည်။ ထို့နောက် လုရှီးရှိရာဘက်သို့ ပြေးသွားလိုက်ပြီး၊ ခဏနေတုန်းက သူထိုင်နေခဲ့သည့်၊ နေရာမှာပင် ပြန်ထိုင်လိုက်၏။
ခု ငါက ချစ်သူရှိတဲ့ လူတစ်ယောက် ဖြစ်နေပြီ မဟုတ်လား...၊ ငါ့ချစ်သူကို ပစ်ထားပြီး တစ်ခြားနေရာမှာ သွားထိုင်တာကတော့ မဖြစ်သင့်ဘူးလေ...၊ ငါ့ချစ်သူလေး သနားပါတယ်...။
သြော်...၊ ချစ်သူရှိတာကလည်းနော်...။
ထိုသို့ စဥ်းစားလိုက်ပြီးနောက်၊ ချူယုသည် လုရှီးကို ပြောလိုက်၏။
"ကျောက်ခဲက ငါး အကြီးကြီး ဖမ်းမိထားတာတဲ့၊ အဲ့ဒါ ပြန်ရောက်ရင်၊ ငါး____"
ထိုအချိန်မှာပဲ လုရှီးသည် သူ၏ လက်ကိုမြှောက်၍ ချူယု၏ နောက်ကျောကို၊ သိုင်းဖက်လိုက်သဖြင့်၊ ချူယုခင်မျာ၊ စကားကိုတောင် ဆုံးအောင်မပြောလိုက်နိုင်ရှာပေ...။
လုရှီးက မေးလိုက်၏။
"ငါးကို ဘာလုပ်မှာ..."
ချူယုသည် ခန္ဓါကိုယ်ကို သေးသေးလေးတောင် မလှုပ်ရှားရဲပဲ၊ တောင့်ထားမိကာ၊ အထစ်ထစ် အငေါ့ငေါ့ပင် ပြန်ဖြေလိုက်သည်။
"ငါး...၊ ငါးကို ချည်ငံစပ် ချက်စားကြမလို့တဲ့"
သူပြောနေတုန်းမှပင်၊ လုရှီးသည် သူ၏ လက်များကို နေရာရွေ့လိုက်ပြီး၊ ချူယု၏ နားအဖျားလေးကို သူ၏ လက်ချောင်းလေးများဖြင့်၊ ခပ်ဖွဖွ တို့ထိရင်း၊ ကစားနေလိုက်ပြီး၊ ခေါင်းကို အနည်းငယ် ငုံ့ကာ ချူယုကို လှည့်ကြည့်၍ မေးလိုက်၏။
"အေးနေတာလား...?"
ချူယု၏ စိတ်ထဲတွင်၊ လုရှီးတစ်ယောက်တည်းကသာ စိုးမိုးနေပြီး၊ မှိုင်းမိနေသည့် လူတစ်ယောက်အလား လုရှီးက ဘာမေးမေး၊ လုရှီးစိတ်တိုင်းကျ ပြန်ဖြေချင်နေမိသည်။
"ဟုတ်၊ အေးနေတာ..."
ခဏလောက် ကြာသောအခါ၊ သူ့ခန္ဓါကိုယ်ပေါ်သို့ အနွေးအင်္ကျီတစ်ထည်က၊ ကျရောက်လာ၏။
သူ့ခန္ဓါကိုယ်ပေါ်သို့ အနွး အင်္ကျီရောက်လာသည်ဆိုရင်ပဲ၊ တစ်စုံတစ်ယောက်၏ ကိုယ်သင်းရနံ့က၊ သူ့ တစ်ကိုယ်လုံးကို၊ ရစ်ပတ်လွှမ်းခြုံလာခဲ့တော့သည်။ မသိရင်ပဲ သူ၏ ခန္ဓါကိုယ်က လုရှီး၏ ရင်ခွင်ထဲသို့ ရောက်သွားသည့် အလား...။
ဤသို့ဖြင့် သူတို့အားလုံးသည် ည 1:00 AM သို့ ရောက်သောအခါမှသာ၊ ငါးမျှားခြင်း အမှူကို ရုတ်သိမ်းရန် ပြင်လိုက်ကြ၏။
ထိုအချိန်တွင် ကျူကျစ်ဖေက အော်ပြောလာခဲ့၏။
"လုကော၊ ပန်းပွင်းလေး၊ အိပ်ပြန်ကြစို့၊ မိုးချုပ်နေပြီ"
ချူယုသည် လုရှီးနှင့် ယခုလို နှစ်ယောက်တည်း နေရသည့်အပေါ်၌၊ သာယာကြည်နူးပြီး၊ မိန်းမော တွေဝေနေစဥ်၊ ကျုကျစ်ဖေ၏ အော်သံကြောင့်၊ လန့်ဖျန့်သွားခဲ့ရသည်။
လုရှီးသည် ကျုကျစ်ဖေ၏ အသံကို ကြားသောအခါ မတ်တပ်ထရပ်လိုက်ပြီး၊ သူ၏ငါးမျှားချိတ်တံနှင့်အတူ ချူယု၏ ငါးမျှားချိတ်တံကိုပါ၊ တစ်ပါးတည်း ပေါင်း၍သိမ်းယူလိုက်၏။
သူတို့နှစ်ဦးသည် မြစ်ကမ်းဘေးတစ်လျှောက် လမ်းလျှောက်လာကြရင်း၊ တစ်နေရာသို့ ရောက်သောအခါ၊ ချူယုသည် မတော်တစ်ဆ ခလုတ်တိုက်မိလိုက်၏။ သူခလုတ် တိုက်မိသောအခါ၊ လုရှီးသည် သူ၏လှမ်းလက်စ ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်ရင်း၊ သူ့ဘက်သို့လှည့်ကာ၊ လက်ကမ်းပေးလာရင်း မေးလာ၏။
"ကိုယ့်လက်ကို ကိုင်ထားမလား...?"
ချူယုသည် အမှန်တစ်ကယ်တမ်းကျ၊ လုလုရဲ့ လက်ကို ကိုင်ဖို့မလိုပါဘူး၊ ကိုယ့်ဘာသာ လမ်းလျောက်နိုင်ပါသည်ဟု ပြောလိုက်ချင်မိ၏။
သို့သော်လည်း သူသည် ထိုသိုပြောမနေတော့ပဲ၊ ဒီအတိုင်းသာ သူ၏ လက်တစ်ဖက်ကို လုရှီးထံသို့၊ ကမ်းပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အခု ချစ်သူရှိနေတဲ့ လူတစ်ယောက်မလား...?၊ ချစ်သူ ထားမိမှတော့၊ ဒီလိုမျိုး အသားချင်း ထိတွေ့မှုတွေဆိုတာ ခွင့်ပြုပေးသင့်တာပေါ့...၊ ဟုတ်တယ်မလား...?၊ သူကတော့ ဒီလိုမျိုး အသားချင်း ထိတွေ့မှုတွေကို၊ သိပ်ပြီးတော့ မကြိုက်ဖူးဆိုပင်မဲ့ပေါ့...!။
သူတို့လေးဦးသား ဆုံကြတဲ့အချိန်မှာတောင်မှ၊ လုရှီးသည် သူ၏ လက်ကို ကိုင်ထားဆဲဖြစ်၏။
ညကလည်း မှောင်မည်းလို့နေပြန်သဖြင့်၊ ကျုကျစ်ဖေနှင့် ဝေ့ကောင်လိုင်ကတော့၊ ထိုအချင်းအရာကို သတိမထားမိပေ...။ ဝေ့ကောင်လိုင် သတိထားမိသည့် အရာမှာ၊ လုရှီးလက်ထဲမှ ငါးတစ်ကောင်မှ ပါမလာခဲ့ခြင်းပင်၊ လုရှီးက ယခုတစ်ကြိမ်၌ ငါးတစ်ကောင်မှ၊ ဖမ်းမမိခဲ့သည်ကို မြင်သောအခါ၊ ဝေ့ကောင်လိုင်သည်၊ အူမြူးနေသော လေသံဖြင့် မြှောက်ကြွကြီး မေးလိုက်သည်။
"ဟား... လုကောရ၊ မင်း ဒီတစ်ခေါက် ဘာငါးမှလည်း မဖမ်းမိခဲ့ပါလား...?"
အမှောင်ထုကို အခွင့်ကောင်းယူ၍ လုရှီးသည်၊ ချူယု၏ လက်ဖမိုးကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်ရင်း...။
"ဟုတ်တယ်...၊ တစ်ကောင်မှ မရခဲ့ဘူး၊ နောက်ကျနေပြီ၊ သွားကြမယ်လေ..."
သူတို့တွေ အိမ်ပြန်ရောက်ကြသောအခါ၊ ချူယု ပထမဆုံး လုပ်မိသည့်၊ အလုပ်မှာ ရေပူပူလေးဖြင့်၊ ရေချိုးလိုက်ခြင်း ဖြစ်သည်။ ရေချိုးပြီးသောအခါ အိမ်နေရင်း၊ ဖိနပ်အပါးလေးကို စီးထားလျှက်ဖြင့် အိပ်ခန်းအတွင်းသို့၊ ဝင်သွားရန် ပြင်လိုက်၏။ တံခါးဝသို့ ရောက်တယ် ဆိုရင်ပဲ၊ လုရှီးသည် နားကျပ်ကို နားတွင်တပ်၍ ကုတင်ဘောင်တွင် ဘေးတစ်စောင်း ထိုင်နေရင်း၊ တစ်ခုခုကို နားထောင်နေ၏။ ကြည့်ရပုံမှာ ဖန်ဝမ်ယင်၏ ဖုန်ပြောနေသော အသံကို၊ နားထောင်နေဟန် ရသည်။
လုရှီး၏ ခေါင်းမှ ဆံပင်များသည် ဖြစ်သလို ဝဲကျနေပြီး၊ ခြေထောက်ကိုလည်း သက်သောင့်သက်သာ အနေအထားဖြင့်၊ အောက်သို့ ဆန့်ချထားပုံမှာ၊ လုံးဝကို ပျင်းရိနေသည့် လူတစ်ယောက်အလား...။
ချူယုသည် အခန်းတံးခါး၏ ဘောင်တွင် လက်ပိုက်၍ မှီရပ်နေရင်း၊ လုရှီးထိုင်နေသော ကုတင်ကြီးကို ကြည့်ကာ တွေးနေမိသည်မှာ...။
လုလုနဲ့ ကုတင် တစ်ခုတည်းမှာ အိပ်ရမယ်ဆိုတော့၊ ငါတို့နှစ်ယောက်ရဲ့ အဆင့်က အရမ်းကို မြန်လွန်းမနေဘူးလား...?။
နေပါအုံး၊ မဟုတ်သေးဘူးလေ...၊ ငါနဲ့ လုလုဆိုတာ...၊ ချစ်သူတွေ မဖြစ်ကြခင်ကတည်းက၊ ကုတင် တစ်ခုတည်းမှာ၊ အတူတူအိပ်ဖူးကြတယ်လေ...၊ ဘယ်နှစ်ကြိမ်မှန်းတောင် မမှန်မိတော့တာကို...၊ ခုကြမှ ဘာတွေ အထူးအဆန်း လုပ်နေရတာတုန်း...!။
ယခုအချိန်ထိ အခန်းထဲ ဝင်မလာသေးပဲ၊ တံခါးဝဘောင်တွင် မှီပြီး ရပ်နေသော ချူယုကို မြင်သောအခါ၊ လုရှီးက မေးလိုက်၏။
"အခန်းထဲ မဝင်လာသေးဘူးလား...?"
ထိုသို့ ပြောလိုက်ပြီးနောက် လုရှီးသည် စကားလုံး သုံးလုံးကို၊ တစ်လုံးခြင်းစီ၊ ဖြည်းဖြည်းခြင်း ဖြည့်စွက်ပြီး ပြောလိုက်တော့သည်။
"ကိုယ့်ရဲ ချစ်သူလေး..."
သူ့စကားကြောင့် ချူယု၏ မျက်လုံးများက ရုတ်တစ်ရက်ကြီး၊ ပြူးကျယ် ဝိုင်းစက်သွားသည်ကို မြင်သောအခါ၊ လုရှီးသည် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးကို တွန့်ရုံမျှ တစ်ချက် ပြုံးလိုက်ပြီးနောက်...။
"ဘာဖြစ်လို့လဲ...၊ ကိုယ်က ဒီလိုခေါ်တာ မကြိုက်ဘူးလား...?၊ ကိုယ်က ဒီအတိုင်း ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒိ့ထက်ပိုပြီး ရင်းနှီးသွားစေချင်လို့ပါ..."
ချူယုသည် အိပ်ယာထက်ဆီသို့ အမြန်ပြေးသွားလိုက်ပြီး၊ သူစီးထားသည့် ဖိနပ်အပါးကို၊ ဖြစ်သလို ချွတ်ပစ်လိုက်ကာ၊ အိပ်ယာပေါ်သို့ အမြန်တက်လိုက်ရင်း၊ စောင်ကို ဆွဲခြုံလိုက်၍ ပြန်ဖြေလိုက်သည်။
"ခုချိန်က အိပ်ဖို့သင့်တဲ့ အချိန်ရောက်ပြီးနော်...၊ ချစ်သူလုလုကလေးရဲ့"
သူ့စကားကြောင့် လုရှီးက သူ့ကို ကြည့်လာသည်ကို မြင်သောအခါ၊ ချူယုသည် သူ၏ မေးစေ့လေးကို၊ မော့ချီလိုက်ပြီးနောက်၊ တက်ကြွမြူးတူးနေသော လေသံဖြင့်၊ မြောက်ကားကြီး ပြောလိုက်၏။
"ဘာဖြစ်လို့လည်း ဒီလိုကြည့် ထူးဆန်းလို့လား...?၊ မထူးဆန်းပါဘူးနော်...၊ လုလုရဲ့ချစ်သူလေး ကလည်း ချစ်သူလုလု အတိုင်း၊ ပိုပြီးတော့ ရင်းနှီးသွားအောင် ခေါ်လိုက်တာလေ...၊ မကြိုက်ဘူးလား...?"
ချူယုသည် ပထမအစတုန်းက ထင်ထားမိသည်မှာ၊ သူ၏ ချစ်သူလုလုဖြင့်၊ ယခုလို ကုတင်တစ်ခုတည်း၊ အတူတူအိပ်ပါက အိပ်လို့ မပျော်လောက်ဖူးဟု၊ တွေးထားမိသော်လည်း၊ ယခုအခါမှာတော့ သူအထင်နှင့် ခြားနားစွာ၊ ခဏလောက် ကြာသောအချိန်တွင်မှာပင်၊ တစ်ဖူးဖူး, တစ်ရှူးရှူးဖြင့် အိပ်ပျော်သွားခဲ့လေသည်။
သို့သော်လည်း ညတော်တော်နက်နက် အချိန်သို့ ရောက်သောအခါ၊ ဗိုက်ဆာလွန်းသောကြောင့် အိပ်နေရာမှ၊ နိုးလာခဲ့ရ၏။
အိပ်ယာမှ နိုးနိုးခြင်း လုရှီးက သူ့အား၊ သူ၏ နောက်ကျောဘက်မှ နေပြီး သိုင်းဖက်ထားသည်ကို သိလိုက်ရသောအခါ၊ ထူးဆန်းလှသော ကိုယ်နေဟန်ထားကြောင့်၊ သူ၏ လည်ချောင်းများက ခြောက်ကပ်လာခဲ့ပြီး၊ ခန္ဓါကိုယ် တစ်ခုလုံးက ပူလောင်လာခဲ့သဖြင့်၊ တံတွေးများကို ခပ်မြန်မြန်ပင် မျိုချလိုက်ရတော့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဗိုက်ဆာလို့ပဲလား...၊ ဒါမှမဟုတ် တစ်ခြားသော အကြောင်းကြောင့်များလားဆိုတာ၊ သူကိုယ်တိုင်၌ကလည်း မဝေခွဲတတ်တော့ပေ...။
ထို့နောက်သူသည် လုရှီးဘက်သို့ ခပ်ဖြည်းဖြည်းခြင်း လှည့်လိုက်ပြီးနောက်၊ လုရှီး၏ လည်ပင်ကို လျှာဖျားလေးဖြင့်၊ အသာအယာ လျက်လိုက်ပြီး၊ သွားဖြင့် ခပ်ဖြည်းဖြည်းခြင်း ကိုက်ချလိုက်တော့၏။ သွေးများ ထွက်လာသည်ဆိုရင်ပဲ၊ သူသည် စတင်ပြီး၊ လုရှီး၏ သွေးများကို စုပ်ယူလိုက်တော့သည်။
ထိုအချိန်မှာပဲ သူ့ကိုဖက်ထားသည့် လုရှီး၏ လက်များသည်၊ တင်းကနဲ ဖြစ်သွားခဲ့၏။ ထိုအခြေအနေကို ရိပ်မိသောအခါ၊ ချူယုသည် ခပ်မြန်မြန်လေး ခေါင်းကိုမော့၍၊ ရှင်းပြရန် ကြိုးစားလိုက်ချိန်တွင်၊ ထင်မှတ်မထားစွာဖြင့်၊ လုရှီးသည် သူ၏ လက်တစ်ဖက်ကို အသုံးပြု၍၊ ချူယု၏ ဦးခေါင်းကို သူ့လည်ပင်ဆီသို့၊ ပြန်လည်ပြီး ဖိကပ်ထားလိုက်ရင်း၊ မျက်လုံးများကို ပိတ်ထားလျှက်ကပင်၊ ခပ်တိုးတိုးလေး ပြောလိုက်သည်။
"ထပ်ပြီးတော့ ကိုယ့်ရဲ့ သွေးတွေကို စုပ်ပါအုံး..."
ချူယုသည် လုရှီးပြောသည့်အတိုင်း၊ လုရှီး၏ သွေးများကို ထပ်ပြီးတော့ စုပ်နေလိုက်၏။
ခဏလောက်ကြာသောအခါ လုရှီးထံမှ အသက်ရှုသံ ခပ်မှန်မှန်ကို ကြားလိုက်ရတော့သည်။ ထို့ကြောင့် ချူယုသည် အသံထွက်သည်ဆိုရုံလေး ထွက်လိုက်ကာ၊ လုရှီးကို မေးကြည့်လိုက်သည်။
"အိပ်ပျော်သွားပြီလား...?"
သူက ထိုသို့မေးလိုက်သောအခါ လုရှီးသည်၊ သူ၏ လက်ကို အသုံးပြု၍ ချူယု၏ နောက်ကျောပြင်ကို၊ ခပ်ဖွဖွပုတ်လိုက်ရင်း...။
"အိပ်မပျော်သေးပါဘူး၊ ကိုယ့်ရဲ့သွေးတွေကို ဖြည်းဖြည်းသာ စုပ်ပါ..."
"ချစ်သူလုလု၊ ချစ်သူလုလုကို အိပ်ယာနေက နိုးအောင်၊ လုလုရဲ့ ချစ်သူလေးက လုပ်မိသွားတာလားဆိုတာ...၊ ပြောပြ "
"မလုပ်မိပါဘူး၊ ကိုယ်ကသာ မင်းကို သွေးစုပ်ခိုင်းဖို့ မေ့သွားခဲ့တာပါ...၊ ခုက ဗိုက်ဆာလို့ နိုးလာတာလား... ဟင်?"
"ဟုတ် ဗိုက်ဆာလို့ နိုးလာ___"
သူစကားပြောနေတုန်း လုရှီး၏ လက်ချောင်းများက၊ ချူယု၏ ပါးစပ်ထဲသို့ ရောက်လာခဲ့ပြီး၊ သူ၏ လျှာထိပ်လေးကို လုရှီးက သူ့လက်ချောင်းများဖြင့် တို့ထိလာသောကြောင့်၊ ချူယုမှာ စကားတောင် ဆုံးအောင် မပြောလိုက်ရပါချေ...။
ထိုသို့သော အပြုအမူကြောင့် ချူယု၏ ရင်ခုန်သံတွေက၊ တစ်ဖန်ပြန်ပြီး တစ်ဒိတ်ဒိတ်ဖြင့် အခုန် မြန်လာခဲ့ရပြန်၏။
ချူယု တစ်ခုသတိထားမိသည်မှာ၊ လုရှီးသည် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို တရားဝင် ပြောင်းလဲ ပြီးသွားသည်ဆိုရင်ပဲ၊ သူ့ကို ဆက်ဆံသည့် အပြုအမူတွေက ပိုင်စိုးပိုင်နင်း ဆန်လွန်းလှသည်ဆိုတာကို၊ သတိထားမိပေသည်။
ဥပမာ ပေးရမည် ဆိုပါက၊ ယခုကဲ့သို့ပင်...။
ချူယုသည် လုရှီး၏ လက်ချောင်းများကို သူ၏ လျှာဖျားလေးဖြင့် ခပ်မြန်မြန်ပင် တွန်းထုန်ပစ်လိုက်ရင်း၊ ရင်ခုန်လွန်းရသဖြင့်၊ မောဟိုက်နေသော လေသံဖြင့်၊ အလောတစ်ကြီး ပြောလိုက်၏။
"ချစ်သူလုလု၊ ခုက အိပ်ချိန်ရောက်ပြီ..."
ဤသို့ဖြင့် ကျောင်းပိတ်ရက် နှစ်ရက်က လျှင်မြန်စွာ၊ ကုန်ဆုံးသွားခဲ့တော့သည်။ တနင်္ဂနွေ မနက်ခင်းသို့ ရောက်သောအခါ၊ ချူယုသည် သူ့အိမ်သို့ပြန်၍ သူဝတ်ချင်သော၊ အင်္ကျီအသစ်များကို ခရီးဆောင်အိတ် တစ်အိတ်စာ၊ အပြည့်ထည့်၍ ကျောင်းသို့ သယ်လာလိုက်သည်။
ယခုသူက ချစ်သူရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့၊ အဝတ်အစား အသစ်တွေက လိုတယ်လေ...၊ သူကတော့ လှချင်လှချီရယ်တော့ မဟုတ်ဘူးပေါ့...။
ကျောင်းသို့ရောက်သောအခါ၊ အဝတ်အစားအိတ်ကို၊ သူ့အခန်းထဲသို့ အရင်ဆုံး သွားထားလိုက်ပြီး၊ ဘေးကပ်ရက် လုလုအခန်းတံခါးရှေ့သို့ ပြန်လာလိုက်ကာ၊ အခန်းတံခါးကို ခေါက်ကြည့်လိုက်၏။
အခန်းထဲက ဘာတုန့်ပြန်မှုမှ၊ မကြားရသောအခါ၊ ချူယုသည် သူ၏ ဖုန်းကို ထုတ်၍ လုရှီးဆီသို့ ဖုန်းဆက်ကြည့်လိုက်သည်။ ဖုန်းဝင်သွားသည်ဆိုရင်ပဲ၊ တစ်ဖက်မှ လုရှီးသည် ဖုန်းကို တန်း၍ ကိုင်လာခဲ့၏။
လုရှီးသည် ဘေးနားက လူများကို အနှောင့်အယှက် မပေးချင်သည့်အလား၊ လေသံကို အနည်းငယ်နိမ့်၍ ပြန်ဖြေလာခဲ့သည်။
"ဟဲလို...၊ ကျောင်းကိုရောက်ပြီလား...၊ ကိုယ်အခု စာကြည့်တိုက်မှာ..."
လုရှီး၏ အသံကို ကြားသောအခါ၊ တစ်ဖက်မှ နားထောင်နေသည့် ချူယုသည်လည်း၊ သူ၏ဘေးပါတ်ဝန်းကျင်တွင် လူတစ်ဦးတစ်ယောက်မှ မရှိရပါပဲဖြင့်၊ သူ၏ ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်ကာ၊ လေသံခပ်တိုးတိုးလေးဖြင့်ပင်၊ ပြန်ဖြေလိုက်၏။
"ဟုတ် ခုပဲကျောင်းကိုရောက်တာ၊ စာကြည့်တိုက်ကို လာခဲ့မယ်နော်..."
ဖုန်းပြောလျှင် ပြောပြီးခြင်း၊ ချူယုသည် သူ့အခန်းထဲမှ ကာတွန်းစာအုပ်တစ်အုပ်ကို ပြေးယူ၍၊ စာကြည့်တိုက်သို့ ထွက်လာခဲ့လိုက်သည်။
စာကြည့်တိုက်သို့ ရောက်သည်ဆိုရင်ပဲ၊ ချူယုသည် အခန်းတံခါးကို ညှင်ညှင်သာသာလေး ဖွင့်လိုက်ပြီးနောက်၊ အသာအယာလေးပင် ပြန်ပိတ်လိုက်၏။ ထို့နောက် လုရှီးရှိရာသို့၊ တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့လိုက်သည်။
လုရှီသည် မှန်နံရံ၏ ဘေးနားတွင် ကပ်ရက်,ထိုင်နေလျှက်ဖြင့်၊ စာကြည့်နေပြီး၊ လုရှီး၏ရှေ့ နှစ်ခုံကျော်တွင်တော့ လူနှစ်ယောက် သုံးယောက်လောက်က ထိုင်၍၊ စာကြည့်နေကြသည်။
အချိန်ကလည်း ညနေစောင်းအချိန်ဖြစ်သဖြင့်၊ မှန်မှတစ်ဆင့် ဝင်ရောက်လာသော၊ ညနေခင်း နေရောင်ခြည်များသည်၊ လုရှီးခန္ဓါကိုယ်ပေါ်သို့ ဖျာကျနေသဖြင့်၊ ဤမြင်ကွင်းဖြင့် လုရှီးကို မြင်တွေ့ရသူအဖို့ ဒဏ္ဍာရီလာထဲက နတ်သားတစ်ပါးအလား၊ ထင်မှတ်မှားရပေ၏။ ချူယုသည် သူ၏ အကြည့်များကို လုရှီးထံမှ၊ မလွဲဖယ်လိုပေ...။
ချူယုသည် ယခုအချိန် ခံစားနေရသော၊ သူ၏ ခံစားချက်ကို မည်သို့ အဓိပ္ပါယ်ဖော်ရမလဲဆိုတာ၊ မပြောပြတတ်တော့ပေ...။
ချူယု ယခုအချိန်၌ စဥ်းစားမိသော တစ်ခုတည်းသော အရာတစ်ခုမှာ၊ လုရှီးဆိုသောလူသည် သူ၏အပိုင်၊ သူ၏ ချစ်သူဖြစ်သည် ဆိုတာကိုပဲ ဖြစ်၏။
လုရှီးသည် သူ့ဘေးနား၌ ချူယုက ဝင်မထိုင်ပဲ၊ မတ်တပ်ရပ်နေသည်ကို မြင်သောအခါ၊ လက်တစ်ဖက်ကို မြောက်၍ ချူယု၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး၊ သူ့ဘေးနားတွင် ဝင်ထိုင်စေလိုက်ကာ...။
"မတ်တပ်ရပ်ပြီး၊ ဘာတွေ,တွေးနေတာလဲ...?"
သတိလက်လွတ် ငေးကြည့်နေမိရာမှ၊ ချူယုသည် ဘာမှ ပြန်ဖြေမနေတော့ပဲ၊ ဒီအတိုင်းသာ လုရှီး၏ ဘေးနား၌၊ ဝင်ထိုင်လိုက်ပြီး၊ ရုပ်ပြ ကာတွန်းစာအုပ်ကို ဖွင့်ကာ ထိုင်ဖတ်နေလိုက်၏။
သို့သော် နှစ်မျက်နှာ သုံးမျက်နှာလောက် ဖတ်ပြီးသည့် အချိန်မှာတော့၊ ရုပ်ပြကာတွန်းစာအုပ်ကို ပိတ်ပစ်လိုက်၏။ ထို့နောက် စာကြည့်စားပွဲခုံပေါ်တွင် မျက်နှာကို ဘေးတစ်စောင်းထားကာ၊ မှောက်အိပ်လိုက်ရင်း၊ သူများမြင်မှာ စိုးသဖြင့်၊ မျက်နှာပေါ်တွင် ရုပ်ပြကာတွန်းစာအုပ်ကို တင်၍ အကာအကွယ် ယူလိုက်ကာ၊ လုရှီး၏ မျက်နှာကို တည့်တည့်ကြီး ငေးကြည့် နေလိုက်သည်။
လုရှီးသည် ချူယုက သူ့ကို ငေးပြီးကြည့်နေသည်ကို သိသောကြောင့်၊ သင်္ချာတွက်နေရာမှနေပြီး၊ ခေါင်းလေးကို စောင်းငဲ့၍၊ ချူယုကို ခပ်တိုးတိုးလေး မေးလိုက်၏။
"ဘာတွေကြည့်နေတာလဲ...?"
ချူယုသည် ပါးစပ်ကနေ ပြန်မဖြေတော့ပဲ၊ လုရှီးလက်ထဲမှ ခဲတံကို ဆွဲယူလိုက်ပြီး၊ စာရွက်အလွတ် တစ်ရွက်ပေါ်သို့၊ တစ်လုံးချင်းစီ ခပ်ဖြည်းဖြည်းခြင်း ချရေးပြလိုက်သည်။
▪ ချစ်သူတစ်ယောက် ရထားတဲ့၊ ခံစားချက်က၊ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ၊ ခံစားကြည့်ချင်လို့! ▪
လုရှီးသည် ချူယု၏ စာကို ဖတ်ပြီး,ပြီးခြင်း၊ ဘာမှ ပြန်မပြောတော့ပဲ...။
စာကြည့် စားပွဲခုံအောက်မှနေပြီး၊ သူ၏ လက်တစ်ဖက်ဖြင့် ချူယု၏ လက်တစ်ဖက်ကို၊ ဆုပ်ကိုင်လိုက်ပြီးနောက်၊ လက်ချောင်းခြင်း သွယ်ယှက်၍ ဆုပ်ကိုင်လိုက်ကာ၊ ခေါင်းလေးကို စောင်းငဲ့၍ နှစ်ကိုယ်ကြားသည် ဆိုရုံပဲ မေးလိုက်သည်။
"ကိုယ့်ရဲ့ ချစ်သူလေး၊ ခုလိုဆိုရင်ရော...၊ ချစ်သူထားရတဲ့ ခံစားချက်က၊ ဘယ်လိုမျိုး ခံစားချက်လဲဆိုတာ ခံစားလို့ရပြီလား...?"
{T/N _ မူရင်းစာရေးသူ၏ အရေးအသားအတိုင်း အတတ်နိုင်ဆုံး တူညီအောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ တစ်စုံတစ်ရာ လွဲမှားခဲ့ပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ပါသည်။}
[ZAWGYI]
ခ်ဴယု၏ ေမးေစ့ေလးမ်ားသည္၊ လုရွီး၏ လက္ေခ်ာင္းေလးမ်ားျဖင့္၊ အကိုင္ခံထားရသျဖင့္၊ ယခုအခ်ိန္ထိ ေႏြးေထြးေနဆဲ ျဖစ္သည္။
ယခုအခ်ိန္မွာေတာ့ သူသည္ ငါးမၽွားျခင္းအေပၚ အာ႐ုံ စူးစိုက္လို႔ မရပဲ၊ လုရွီးက သူအာ့ ခ်စ္ေရးဆိုခဲ့သည့္၊ အခိုက္အတန္႔ကိုသာ၊ အျပန္ျပန္ အလွန္လွန္ စဥ္းစားၾကည့္ေနလိုက္၏။ ေနာက္ဆုံးမွာေတာ့ သူဟာ စဥ္းစားလို႔ အားရသြားၿပီး၊ စိတ္ထဲမွေန သူ႔ကိုယ္သူ တစ္အံတစ္ၾသ ေျပာေနမိလိုက္ေတာ့သည္။
အို႔! ေနာက္ဆုံးေတာ့၊ ငါက ေစာေစာစီးစီး အခ်စ္မွာ က်ရွုံးသြားခဲ့ၿပီေပါ့...!!!။
ဘယ္လိုပဲျဖစ္ျဖစ္ပါေလ ခ်စ္သူ ရွိလာၿပီဆိုေတာ့လည္း...၊ အင္း... ဘာလုပ္ရင္ ေကာင္းမလဲ...?။
အမွန္အတိုင္း ေျပာရပါလၽွင္၊ ခ်ဴယုသည္ သူ႔ကိုယ္သူ အသက္ 17ႏွစ္ အရြယ္ေလးႏွင့္၊ ရည္းစားထားျဖစ္လိမ့္မယ္လို႔၊ တစ္ႀကိမ္တစ္ခါေလးမွ မစဥ္းစားမိေခ်...၊ ၿပီးေတာ့ သူ႔လို ၾကည့္ေကာင္းသည့္ ႐ုပ္ရည္ရွိေသာ၊ လူတစ္ေယာက္အဖို႔၊ မည္သူတစ္ဦးတစ္ေယာက္ကမွ၊ သူ႔အား၊ ရည္းစားေတာ္ရဲလိမ့္မည္ မဟုတ္ဟု၊ ထင္ထားမိတာေၾကာင့္လဲ ပါ၏။
လုရွီးႏွင့္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံတုန္းကဆိုလၽွင္လဲ၊ ေယာင္လို႔ေတာင္မွ၊ သူႏွင့္ လုရွီးက ခ်စ္သူေတြ ျဖစ္သြာၾကလိမ့္မည္ဟု၊ မေတြးဖူးခဲ့ပါေခ်...။
ခ်ဴယုသည္ သူ၏ လက္ေခ်ာင္းမ်ားကို ဆုပ္လိုက္ ဖ်ံ႕လိုက္၊ လုပ္ေနလိုက္ၿပီးေနာက္၊ သူ၏ ရင္ခုန္သံမ်ားကိုစီးခ်က္ညီရန္ ႀကိဳးစားလိုက္သည္။
ယခု သူႏွင့္ လုရွီးက ခ်စ္သူေတြ ျဖစ္သြား ၾကၿပီဆိုေတာ့...၊
ခ်စ္သူေတြဆိုတာ တစ္ခ်ိဳ႕ ရွက္ဖြယ္ေကာင္းတဲ့ ကိစၥေတြကိုလည္း၊ ေက်ေက်နပ္နပ္ႀကီး လုပ္တတ္ၾကတယ္မလား...?၊
ဥပမာ လက္ကိုင္တာတို႔...၊ အင္း.... ၿပီးေတာ့ နမ္းၾကတာတို႔ေပါ့...?။
"ဘာေတြ စဥ္းစားေနတာလဲ...?"
သူစဥ္းစားေနတုန္း လုရွီးက ႐ုတ္တစ္ရက္ႀကီး၊ ေမးလာခဲ့သျဖင့္၊ ခ်ဴယုသည္ ေယာင္ေယာင္ကမ္းကမ္းျဖစ္သြားၿပီး၊ ပါးစပ္ထဲရွိရာ ေျဖလိုက္မိသည္။
"နမ္းတဲ့အေၾကာင္း"
ခ်ဴယုသည္ သူျပန္ေျဖလိုက္သည့္ စကားကို၊ သူျပန္ၾကားမိေသာအခါ၊ သူ႔ပါးစပ္သူ အလၽွင္အျမန္ ဘရိတ္အုတ္လိုက္ရၿပီး၊ လက္ဖဝါးျဖင့္ ပါးစပ္ကို အုပ္လိုက္မိ၏။
ခ်ဴယု မင္းဘာေတြ ေလ်ာက္ေျပာေနတာလဲ...?၊ ခုမွျပန္ၿပီး စကားကို ျပန္ျပင္ေျပာျပန္ရင္လဲ၊ အခ်ိန္မမွီေတာ့ဘူး ခ်ဴယုေရ...၊ မင္းက ဒီလိုႀကီး ေျပာလိုက္မွေတာ့ မင္းက အဲ့နမ္းတဲ့ကိစၥကို လုပ္ခ်င္ေနတာလို႔၊ လုလုက ထင္မသြားေပဘူးလားလို႔..?။
ယခုအခါမွပင္ သူအရင္က ဖတ္ဖူးခဲ့သည့္ ႐ုပ္ျပကာတြန္း စာအုပ္မ်ားထဲမွ၊ အနမ္းဇာတ္ဝင္ခန္းမ်ားက သူ႔မ်က္စိထဲ အေႏွးျပကြက္မ်ားသဖြယ္၊ တစ္ခုၿပီး တစ္ခု၊ တန္းစီၿပီး ထင္ဟပ္လာခဲ့ေတာ့သည္။ ခ်စ္သူစုံတြဲမ်ားဟာဆိုရင္ လမ္းသြားရင္းေသာ္၎၊ ထိုင္ေနရင္းေသာ္၎ နမ္းျဖစ္ၾကၿပီး ၊ ယခုအေျခအေနထက္ပို၍ အဆင့္တက္လာပါက၊ တစ္ေယာက္က အျခားတစ္ေယာက္၏ ပုခုံးကိုကိုင္၍၊ နံရန္ေပၚ သို႔ ဖိကပ္ထားရင္း ရင္ခုန္ဖြယ္ေကာင္းေအာင္ နမ္းေနၿပီး၊ ဤသို႔ေသာ အေနအထားမွတစ္ဆင့္၊ တစ္ျဖည္းျဖည္းျခင္း အိပ္ယာေပၚသို႔၊ ေရာက္သြားခဲ့ၾကကာ၊ သူတို႔၏ အဝတ္အစားမ်ားကို ခၽြတ္လိုက္ၾကၿပီး____။
ဟိုက္...!၊ ခ်ဴယု မင္း ဘာေတြ ေလၽွာက္ေတြးေနျပန္တာတုန္း...?။
ယခုလိုအခ်ိန္ၾကမွပင္ သူ၏မွတ္ဥာဏ္မ်ားဟာ၊ လြန္စြာမွကို လာေကာင္းေနသည့္၊ သူ႔အျဖစ္ကို သူလဲ အရမ္းကို စိတ္ပ်က္လွပါေပ၏။ ဟိုးအရင္တုန္းကေတာ့ သူ႔ကိုယ္သူ ယခုေလာက္ႀကီးအထိ၊ မွတ္ဥာဏ္မ်ား ေကာင္းလိမ့္မည္ဟု၊ တစ္ႀကိမ္တစ္ခါမွ မထင္ထားမိေပ...။
ထိုအခိုက္အတန္႔မွာပဲ၊ ေဝ့ေကာင္လိုင္၏ အသံက အေဝးမွ၊ လြင့္ပ်ံ႕လာခဲ့သည္။
"ဝါး...၊ ငါ, ငါးအႀကီးႀကီး ဖမ္းမိၿပီကြ!!!"
ခ်ဴယုသည္ ထိုအေျခအေနကို အခြင့္ေကာင္း ယူကာ၊ မတ္တပ္ ထရပ္လိုက္ၿပီး...။
"လု... လုလု၊ မ်က္ရည္အိတ္ေပါက္စေလး ငါး အႀကီးႀကီးကို သြားၾကည့္အုံးမယ္ေနာ္..."
ခ်ဴယုသည္ စကားေျပာၿပီးၿပီးျခင္း၊ လုရွီး၏ အေျဖကိုေတာင္ မေစာင့္နိုင္ေတာ့ပဲ၊ ထိုေနရာမွေနၿပီး၊ တစ္ခ်ိဳးတည္း လစ္ထြက္လာခဲ့လိုက္၏။
ေဝ့ေကာင္လိုင္တို႔နားသို႔ ေရာက္တယ္ဆိုရင္ပဲ၊ ေဝ့ေကာင္လိုင္သည္ သူ႔လက္ထဲတြင္ ကိုင္ထားသည့္၊ ငါး အႀကီးႀကီးကို၊ ကိုင္ေျမႇာက္ျပလိုက္ရင္း၊ ဂုဏ္ယူဝင့္ႂကြားေသာ အသံျဖင့္၊ ႂကြားလုံး ထုတ္လာခဲ့သည္။
"ဟား ငယ္ရြယ္တဲ့သခင္ေလး...၊ ငါ,ဖမ္းမိတဲ့ ငါးအႀကီးႀကီးကို လာၾကည့္တာလား...?၊ ဘယ္လိုလဲ ငါ့ရဲ့ ငါးဖမ္းျခင္း Skill က ဆရာက်တယ္မလား...?"
ေျပာေနရင္းျဖင့္ ေဝ့ေကာင္လိုင္သည္ က်ဳက်စ္ေဖဘက္သို႔၊ ေစာင္းငဲ့ၾကည့္လိုက္ရင္း...။
"တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ ေတြကေတာ့၊ ငါ ေျပာတဲ့ စကားေတြကို မယုံၾကည္ဘူးေပါ့ကြာ..၊ ခက္တာပဲ အဲ့ဒါေတြ တစ္ကယ္ကို ခက္တာပဲ..."
က်ဳက်စ္ေဖသည္ ေဝ့ေကာင္လိုင္ေျပာသည့္ စကားမ်ားကို၊ ဘာမွ မၾကားခ်င္ေယာင္ ေဆာင္ေနၿပီး၊ ေကာင္းကင္ႀကီးကိုသာ ေမာ့ၾကည့္ေနလိုက္၏။
ခ်ဴယုသည္ ဒူးတုတ္၍ ထိုင္ခ်လိုက္ၿပီး၊ ေဘာင္းဘီ အိတ္ကပ္ထဲမွ ဖုန္းကို ထုတ္လိုက္ရင္း၊ ဖုန္းမီးကို ဖြင့္လိုက္ကာ၊ ေဝ့ေကာင္လိုင္ လက္ထဲမွ ငါးႀကီးကို ၾကည့္လိုက္၏။
"ဝိုး တစ္ကယ္ကို အႀကီးႀကီးပဲ...၊ ၾကည့္ရတာေတာ့ လူတစ္ေယာက္ရဲ့၊ လက္ေမာင္း တစ္လုံးစာေလာက္ေတာ့ ရွိမယ္ထင္တယ္ေနာ္..."
ေဝ့ေကာင္လိုင္သည္ ငါ့ဖမ္းသည့္ ေနရာမွာ၊ တစ္ကယ့္ကို ဝါရင့္ငါးဖမ္း သမားေလသံကို ဖမ္းလိုက္ၿပီး၊ ဒီေလာက္ငါးေလးကို အေရးမစိုက္သည့္အလား...။
"ဒီ,ငါးေလာက္ကေတာ့ ေအးေဆးပါကြာ၊ မင္းသာ အိမ္ျပန္ေရာက္ရင္ ခ်ည္ငံစပ္ ငါးဟင္းခ်ိဳ၊ စားဖို႔ အဆင္သင့္ ျပင္ထား...၊ ငါ မင္းကို ခ်က္ေကၽြးမယ္..."
စကားေျပာေနရင္းျဖင့္၊ ေဝ့ေကာင္လိုင္သည္ တစ္ခုခုကို သတိရသြားဟန္ျဖင့္...။
"ဒါနဲ႔ စကားမစပ္၊ မင္းနဲ႔ လုေကာ ကေရာ၊ ငါး ဘယ္ႏွစ္ေကာင္ ဖမ္းမိၿပီလဲ...?"
ခ်ဴယုသည္ ထိုစကားကို ၾကားၾကားျခင္း၊ ဘာျပန္ေျဖလို႔ ေျဖရမွန္း မသိေတာ့ေခ်...။
ဒီအတိုင္း သူတို႔ ခ်စ္သူႏွစ္ေယာက္က ငါးမၽွားတံကို ငါးမမၽွားပဲ ေျမျပင္ေပၚကို ပစ္ခ်ထားၿပီး၊ အခ်စ္ အေၾကာင္းေတြ ေျပာေနၾကတာလို႔၊ ေျပာလို႔ကလည္း မျဖစ္ျပန္ဘူးေလ...၊ ဟုတ္တယ္မလား...၊ ဒီလို ခ်စ္သူမရွိတဲ့ လူေတြေရွ႕မွာ၊ သူ႔လိုမ်ိဳး ခ်စ္သူရွိတဲ့လူတစ္ေယာက္က အခ်စ္ေရး,အခ်စ္ရာကိစၥေတြနဲ႔ ပက္သက္ၿပီး မေျပာသင့္ဘူးေလ...၊ ေနာ္။
သူ႔မွာ အရွက္တစ္ရားနဲ႔ အသိတရားေလးေတာ့ ရွိပါေသးတယ္...။
ေဝ့ေကာင္လိုင္ကလည္း ခ်ဴယုျပန္ေျဖလာမည့္စကားကို၊ စိတ္မဝင္စားအားပဲ၊ ေျမႇာက္ႂကြႀကီးျဖင့္ သူ၏ ငါးမၽွားတံကို ျမစ္ထဲသို႔ ေနာက္ထပ္တစ္ဖန္ ပစ္လိုက္ျပန္သည္။
ထိုအခ်ိန္မွာပဲ ေကာင္းကင္ႀကီးကို ၾကည့္ကာ၊ ဘာမွ မၾကားခ်င္ေယာင္ ေဆာင္ေနေသာ၊ က်ဳက်စ္ေဖက စတင္ၿပီး၊ သီခ်င္းမ်ားကို ေအာ္ဟစ္ၿပီး သီဆိုလိုက္ေတာ့ေလ၏။
သီခ်င္းသံကို ၾကားၾကားျခင္း၊ ေဝ့ေကာင္လိုင္သည္ က်ဳက်စ္ေဖ၏ ေျခေထာက္ကို လွမ္းကန္လိုက္ၿပီးေနာက္...။
"ခ်ီးပဲ ေဟ့ေကာင္၊ မင္း ငါ, ငါးမၽွားတာကို မဖမ္းမိေစခ်င္လို႔၊ တစ္မင္သက္သက္၊ သီခ်င္းကို အက်ယ္ႀကီး ေအာ္ဆိုတာမလား...?"
က်ဳက်စ္ေဖသည္ အနည္းငယ္ ရီသံေသြးလ်က္ျဖင့္၊ ေဝ့ေကာင္လိုင္၏ ေျခေထာက္ကို သူ၏ ေျခေထာက္ျဖင့္၊ ျပန္ကန္လိုက္ရင္း ေျပာလိုက္သည္။
"ဟုတ္မေနဘူး...၊ ဒီအတိုင္း ငါက သီးခ်င္ ဆိုခ်င္စိတ္ ေပါက္လာလို႔၊ အက်ယ္ႀကီး ေအာ္ဆိုလိုက္တာ၊ ဟ ဟ"
သူတို႔ႏွစ္ဦးသားသည္ တစ္ဦး၏ေျခေထာက္ကို၊ တစ္ဦးက ျပန္ကန္ေနရင္းျဖင့္၊ အျပန္အလွန္ ျငင္းခုန္ေနၾကၿပီး၊ ေအာ္ရီေနၾကေတာ့၏။
ခ်ဴယုသည္ သူတို႔ႏွစ္ဦးကို ၾကည္ႏူးစြာျဖင့္ ေငးၾကည့္ေနလိုက္ၿပီးေနာက္၊ လုရွီးဘက္သို႔ ေခါင္းေလးေစာင္းငဲ့ၿပီး၊ ၾကည့္လိုက္သည္။ ထို႔ေနာက္ လုရွီးရွိရာဘက္သို႔ ေျပးသြားလိုက္ၿပီး၊ ခဏေနတုန္းက သူထိုင္ေနခဲ့သည့္၊ ေနရာမွာပင္ ျပန္ထိုင္လိုက္၏။
ခု ငါက ခ်စ္သူရွိတဲ့ လူတစ္ေယာက္ ျဖစ္ေနၿပီ မဟုတ္လား...၊ ငါ့ခ်စ္သူကို ပစ္ထားၿပီး တစ္ျခားေနရာမွာ သြားထိုင္တာကေတာ့ မျဖစ္သင့္ဘူးေလ...၊ ငါ့ခ်စ္သူေလး သနားပါတယ္...။
ေၾသာ္...၊ ခ်စ္သူရွိတာကလည္းေနာ္...။
ထိုသို႔ စဥ္းစားလိုက္ၿပီးေနာက္၊ ခ်ဴယုသည္ လုရွီးကို ေျပာလိုက္၏။
"ေက်ာက္ခဲက ငါး အႀကီးႀကီး ဖမ္းမိထားတာတဲ့၊ အဲ့ဒါ ျပန္ေရာက္ရင္၊ ငါး____"
ထိုအခ်ိန္မွာပဲ လုရွီးသည္ သူ၏ လက္ကိုေျမႇာက္၍ ခ်ဴယု၏ ေနာက္ေက်ာကို၊ သိုင္းဖက္လိုက္သျဖင့္၊ ခ်ဴယုခင္မ်ာ၊ စကားကိုေတာင္ ဆုံးေအာင္မေျပာလိုက္နိုင္ရွာေပ...။
လုရွီးက ေမးလိုက္၏။
"ငါးကို ဘာလုပ္မွာ..."
ခ်ဴယုသည္ ခႏၶါကိုယ္ကို ေသးေသးေလးေတာင္ မလွုပ္ရွားရဲပဲ၊ ေတာင့္ထားမိကာ၊ အထစ္ထစ္ အေငါ့ေငါ့ပင္ ျပန္ေျဖလိုက္သည္။
"ငါး...၊ ငါးကို ခ်ည္ငံစပ္ ခ်က္စားၾကမလို႔တဲ့"
သူေျပာေနတုန္းမွပင္၊ လုရွီးသည္ သူ၏ လက္မ်ားကို ေနရာေရြ႕လိုက္ၿပီး၊ ခ်ဴယု၏ နားအဖ်ားေလးကို သူ၏ လက္ေခ်ာင္းေလးမ်ားျဖင့္၊ ခပ္ဖြဖြ တို႔ထိရင္း၊ ကစားေနလိုက္ၿပီး၊ ေခါင္းကို အနည္းငယ္ ငုံ႔ကာ ခ်ဴယုကို လွည့္ၾကည့္၍ ေမးလိုက္၏။
"ေအးေနတာလား...?"
ခ်ဴယု၏ စိတ္ထဲတြင္၊ လုရွီးတစ္ေယာက္တည္းကသာ စိုးမိုးေနၿပီး၊ မွိုင္းမိေနသည့္ လူတစ္ေယာက္အလား လုရွီးက ဘာေမးေမး၊ လုရွီးစိတ္တိုင္းက် ျပန္ေျဖခ်င္ေနမိသည္။
"ဟုတ္၊ ေအးေနတာ..."
ခဏေလာက္ ၾကာေသာအခါ၊ သူ႔ခႏၶါကိုယ္ေပၚသို႔ အေႏြးအကၤ်ီတစ္ထည္က၊ က်ေရာက္လာ၏။
သူ႔ခႏၶါကိုယ္ေပၚသို႔ အႏြး အကၤ်ီေရာက္လာသည္ဆိုရင္ပဲ၊ တစ္စုံတစ္ေယာက္၏ ကိုယ္သင္းရနံ့က၊ သူ႔ တစ္ကိုယ္လုံးကို၊ ရစ္ပတ္လႊမ္းျခဳံလာခဲ့ေတာ့သည္။ မသိရင္ပဲ သူ၏ ခႏၶါကိုယ္က လုရွီး၏ ရင္ခြင္ထဲသို႔ ေရာက္သြားသည့္ အလား...။
ဤသို႔ျဖင့္ သူတို႔အားလုံးသည္ ည 1:00 AM သို႔ ေရာက္ေသာအခါမွသာ၊ ငါးမၽွားျခင္း အမွူကို ႐ုတ္သိမ္းရန္ ျပင္လိုက္ၾက၏။
ထိုအခ်ိန္တြင္ က်ဴက်စ္ေဖက ေအာ္ေျပာလာခဲ့၏။
"လုေကာ၊ ပန္းပြင္းေလး၊ အိပ္ျပန္ၾကစို႔၊ မိုးခ်ဳပ္ေနၿပီ"
ခ်ဴယုသည္ လုရွီးႏွင့္ ယခုလို ႏွစ္ေယာက္တည္း ေနရသည့္အေပၚ၌၊ သာယာၾကည္ႏူးၿပီး၊ မိန္းေမာ ေတြေဝေနစဥ္၊ က်ဳက်စ္ေဖ၏ ေအာ္သံေၾကာင့္၊ လန္႔ဖ်န္႔သြားခဲ့ရသည္။
လုရွီးသည္ က်ဳက်စ္ေဖ၏ အသံကို ၾကားေသာအခါ မတ္တပ္ထရပ္လိုက္ၿပီး၊ သူ၏ငါးမၽွားခ်ိတ္တံႏွင့္အတူ ခ်ဴယု၏ ငါးမၽွားခ်ိတ္တံကိုပါ၊ တစ္ပါးတည္း ေပါင္း၍သိမ္းယူလိုက္၏။
သူတို႔ႏွစ္ဦးသည္ ျမစ္ကမ္းေဘးတစ္ေလၽွာက္ လမ္းေလၽွာက္လာၾကရင္း၊ တစ္ေနရာသို႔ ေရာက္ေသာအခါ၊ ခ်ဴယုသည္ မေတာ္တစ္ဆ ခလုတ္တိုက္မိလိုက္၏။ သူခလုတ္ တိုက္မိေသာအခါ၊ လုရွီးသည္ သူ၏လွမ္းလက္စ ေျခလွမ္းမ်ားကို ရပ္တန္႔ပစ္လိုက္ရင္း၊ သူ႔ဘက္သို႔လွည့္ကာ၊ လက္ကမ္းေပးလာရင္း ေမးလာ၏။
"ကိုယ့္လက္ကို ကိုင္ထားမလား...?"
ခ်ဴယုသည္ အမွန္တစ္ကယ္တမ္းက်၊ လုလုရဲ့ လက္ကို ကိုင္ဖို႔မလိုပါဘူး၊ ကိုယ့္ဘာသာ လမ္းေလ်ာက္နိုင္ပါသည္ဟု ေျပာလိုက္ခ်င္မိ၏။
သို႔ေသာ္လည္း သူသည္ ထိုသိုေျပာမေနေတာ့ပဲ၊ ဒီအတိုင္းသာ သူ၏ လက္တစ္ဖက္ကို လုရွီးထံသို႔၊ ကမ္းေပးလိုက္သည္။
ဘယ္လိုပဲျဖစ္ျဖစ္ သူက အခု ခ်စ္သူရွိေနတဲ့ လူတစ္ေယာက္မလား...?၊ ခ်စ္သူ ထားမိမွေတာ့၊ ဒီလိုမ်ိဳး အသားခ်င္း ထိေတြ႕မွုေတြဆိုတာ ခြင့္ျပဳေပးသင့္တာေပါ့...၊ ဟုတ္တယ္မလား...?၊ သူကေတာ့ ဒီလိုမ်ိဳး အသားခ်င္း ထိေတြ႕မွုေတြကို၊ သိပ္ၿပီးေတာ့ မႀကိဳက္ဖူးဆိုပင္မဲ့ေပါ့...!။
သူတို႔ေလးဦးသား ဆုံၾကတဲ့အခ်ိန္မွာေတာင္မွ၊ လုရွီးသည္ သူ၏ လက္ကို ကိုင္ထားဆဲျဖစ္၏။
ညကလည္း ေမွာင္မည္းလို႔ေနျပန္သျဖင့္၊ က်ဳက်စ္ေဖႏွင့္ ေဝ့ေကာင္လိုင္ကေတာ့၊ ထိုအခ်င္းအရာကို သတိမထားမိေပ...။ ေဝ့ေကာင္လိုင္ သတိထားမိသည့္ အရာမွာ၊ လုရွီးလက္ထဲမွ ငါးတစ္ေကာင္မွ ပါမလာခဲ့ျခင္းပင္၊ လုရွီးက ယခုတစ္ႀကိမ္၌ ငါးတစ္ေကာင္မွ၊ ဖမ္းမမိခဲ့သည္ကို ျမင္ေသာအခါ၊ ေဝ့ေကာင္လိုင္သည္၊ အူျမဴးေနေသာ ေလသံျဖင့္ ေျမႇာက္ႂကြႀကီး ေမးလိုက္သည္။
"ဟား... လုေကာရ၊ မင္း ဒီတစ္ေခါက္ ဘာငါးမွလည္း မဖမ္းမိခဲ့ပါလား...?"
အေမွာင္ထုကို အခြင့္ေကာင္းယူ၍ လုရွီးသည္၊ ခ်ဴယု၏ လက္ဖမိုးကို ခပ္ဖြဖြေလး ပြတ္သပ္လိုက္ရင္း...။
"ဟုတ္တယ္...၊ တစ္ေကာင္မွ မရခဲ့ဘူး၊ ေနာက္က်ေနၿပီ၊ သြားၾကမယ္ေလ..."
သူတို႔ေတြ အိမ္ျပန္ေရာက္ၾကေသာအခါ၊ ခ်ဴယု ပထမဆုံး လုပ္မိသည့္၊ အလုပ္မွာ ေရပူပူေလးျဖင့္၊ ေရခ်ိဳးလိုက္ျခင္း ျဖစ္သည္။ ေရခ်ိဳးၿပီးေသာအခါ အိမ္ေနရင္း၊ ဖိနပ္အပါးေလးကို စီးထားလၽွက္ျဖင့္ အိပ္ခန္းအတြင္းသို႔၊ ဝင္သြားရန္ ျပင္လိုက္၏။ တံခါးဝသို႔ ေရာက္တယ္ ဆိုရင္ပဲ၊ လုရွီးသည္ နားက်ပ္ကို နားတြင္တပ္၍ ကုတင္ေဘာင္တြင္ ေဘးတစ္ေစာင္း ထိုင္ေနရင္း၊ တစ္ခုခုကို နားေထာင္ေန၏။ ၾကည့္ရပုံမွာ ဖန္ဝမ္ယင္၏ ဖုန္ေျပာေနေသာ အသံကို၊ နားေထာင္ေနဟန္ ရသည္။
လုရွီး၏ ေခါင္းမွ ဆံပင္မ်ားသည္ ျဖစ္သလို ဝဲက်ေနၿပီး၊ ေျခေထာက္ကိုလည္း သက္ေသာင့္သက္သာ အေနအထားျဖင့္၊ ေအာက္သို႔ ဆန္႔ခ်ထားပုံမွာ၊ လုံးဝကို ပ်င္းရိေနသည့္ လူတစ္ေယာက္အလား...။
ခ်ဴယုသည္ အခန္းတံးခါး၏ ေဘာင္တြင္ လက္ပိုက္၍ မွီရပ္ေနရင္း၊ လုရွီးထိုင္ေနေသာ ကုတင္ႀကီးကို ၾကည့္ကာ ေတြးေနမိသည္မွာ...။
လုလုနဲ႔ ကုတင္ တစ္ခုတည္းမွာ အိပ္ရမယ္ဆိုေတာ့၊ ငါတို႔ႏွစ္ေယာက္ရဲ့ အဆင့္က အရမ္းကို ျမန္လြန္းမေနဘူးလား...?။
ေနပါအုံး၊ မဟုတ္ေသးဘူးေလ...၊ ငါနဲ႔ လုလုဆိုတာ...၊ ခ်စ္သူေတြ မျဖစ္ၾကခင္ကတည္းက၊ ကုတင္ တစ္ခုတည္းမွာ၊ အတူတူအိပ္ဖူးၾကတယ္ေလ...၊ ဘယ္ႏွစ္ႀကိမ္မွန္းေတာင္ မမွန္မိေတာ့တာကို...၊ ခုၾကမွ ဘာေတြ အထူးအဆန္း လုပ္ေနရတာတုန္း...!။
ယခုအခ်ိန္ထိ အခန္းထဲ ဝင္မလာေသးပဲ၊ တံခါးဝေဘာင္တြင္ မွီၿပီး ရပ္ေနေသာ ခ်ဴယုကို ျမင္ေသာအခါ၊ လုရွီးက ေမးလိုက္၏။
"အခန္းထဲ မဝင္လာေသးဘူးလား...?"
ထိုသို႔ ေျပာလိုက္ၿပီးေနာက္ လုရွီးသည္ စကားလုံး သုံးလုံးကို၊ တစ္လုံးျခင္းစီ၊ ျဖည္းျဖည္းျခင္း ျဖည့္စြက္ၿပီး ေျပာလိုက္ေတာ့သည္။
"ကိုယ့္ရဲ ခ်စ္သူေလး..."
သူ႔စကားေၾကာင့္ ခ်ဴယု၏ မ်က္လုံးမ်ားက ႐ုတ္တစ္ရက္ႀကီး၊ ျပဴးက်ယ္ ဝိုင္းစက္သြားသည္ကို ျမင္ေသာအခါ၊ လုရွီးသည္ သူ၏ ႏွုတ္ခမ္းေထာင့္စြန္းေလးကို တြန္႔႐ုံမၽွ တစ္ခ်က္ ျပဳံးလိုက္ၿပီးေနာက္...။
"ဘာျဖစ္လို႔လဲ...၊ ကိုယ္က ဒီလိုေခၚတာ မႀကိဳက္ဘူးလား...?၊ ကိုယ္က ဒီအတိုင္း ကိုယ္တို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကို ဒိ့ထက္ပိုၿပီး ရင္းႏွီးသြားေစခ်င္လို႔ပါ..."
ခ်ဴယုသည္ အိပ္ယာထက္ဆီသို႔ အျမန္ေျပးသြားလိုက္ၿပီး၊ သူစီးထားသည့္ ဖိနပ္အပါးကို၊ ျဖစ္သလို ခၽြတ္ပစ္လိုက္ကာ၊ အိပ္ယာေပၚသို႔ အျမန္တက္လိုက္ရင္း၊ ေစာင္ကို ဆြဲျခဳံလိုက္၍ ျပန္ေျဖလိုက္သည္။
"ခုခ်ိန္က အိပ္ဖို႔သင့္တဲ့ အခ်ိန္ေရာက္ၿပီးေနာ္...၊ ခ်စ္သူလုလုကေလးရဲ့"
သူ႔စကားေၾကာင့္ လုရွီးက သူ႔ကို ၾကည့္လာသည္ကို ျမင္ေသာအခါ၊ ခ်ဴယုသည္ သူ၏ ေမးေစ့ေလးကို၊ ေမာ့ခ်ီလိုက္ၿပီးေနာက္၊ တက္ႂကြျမဴးတူးေနေသာ ေလသံျဖင့္၊ ေျမာက္ကားႀကီး ေျပာလိုက္၏။
"ဘာျဖစ္လို႔လည္း ဒီလိုၾကည့္ ထူးဆန္းလို႔လား...?၊ မထူးဆန္းပါဘူးေနာ္...၊ လုလုရဲ့ခ်စ္သူေလး ကလည္း ခ်စ္သူလုလု အတိုင္း၊ ပိုၿပီးေတာ့ ရင္းႏွီးသြားေအာင္ ေခၚလိုက္တာေလ...၊ မႀကိဳက္ဘူးလား...?"
ခ်ဴယုသည္ ပထမအစတုန္းက ထင္ထားမိသည္မွာ၊ သူ၏ ခ်စ္သူလုလုျဖင့္၊ ယခုလို ကုတင္တစ္ခုတည္း၊ အတူတူအိပ္ပါက အိပ္လို႔ မေပ်ာ္ေလာက္ဖူးဟု၊ ေတြးထားမိေသာ္လည္း၊ ယခုအခါမွာေတာ့ သူအထင္ႏွင့္ ျခားနားစြာ၊ ခဏေလာက္ ၾကာေသာအခ်ိန္တြင္မွာပင္၊ တစ္ဖူးဖူး, တစ္ရွူးရွူးျဖင့္ အိပ္ေပ်ာ္သြားခဲ့ေလသည္။
သို႔ေသာ္လည္း ညေတာ္ေတာ္နက္နက္ အခ်ိန္သို႔ ေရာက္ေသာအခါ၊ ဗိုက္ဆာလြန္းေသာေၾကာင့္ အိပ္ေနရာမွ၊ နိုးလာခဲ့ရ၏။
အိပ္ယာမွ နိုးနိုးျခင္း လုရွီးက သူ႔အား၊ သူ၏ ေနာက္ေက်ာဘက္မွ ေနၿပီး သိုင္းဖက္ထားသည္ကို သိလိုက္ရေသာအခါ၊ ထူးဆန္းလွေသာ ကိုယ္ေနဟန္ထားေၾကာင့္၊ သူ၏ လည္ေခ်ာင္းမ်ားက ေျခာက္ကပ္လာခဲ့ၿပီး၊ ခႏၶါကိုယ္ တစ္ခုလုံးက ပူေလာင္လာခဲ့သျဖင့္၊ တံေတြးမ်ားကို ခပ္ျမန္ျမန္ပင္ မ်ိဳခ်လိုက္ရေတာ့သည္။ ထိုသို႔ ျဖစ္ရျခင္းမွာ ဗိုက္ဆာလို႔ပဲလား...၊ ဒါမွမဟုတ္ တစ္ျခားေသာ အေၾကာင္းေၾကာင့္မ်ားလားဆိုတာ၊ သူကိုယ္တိုင္၌ကလည္း မေဝခြဲတတ္ေတာ့ေပ...။
ထို႔ေနာက္သူသည္ လုရွီးဘက္သို႔ ခပ္ျဖည္းျဖည္းျခင္း လွည့္လိုက္ၿပီးေနာက္၊ လုရွီး၏ လည္ပင္ကို လၽွာဖ်ားေလးျဖင့္၊ အသာအယာ လ်က္လိုက္ၿပီး၊ သြားျဖင့္ ခပ္ျဖည္းျဖည္းျခင္း ကိုက္ခ်လိုက္ေတာ့၏။ ေသြးမ်ား ထြက္လာသည္ဆိုရင္ပဲ၊ သူသည္ စတင္ၿပီး၊ လုရွီး၏ ေသြးမ်ားကို စုပ္ယူလိုက္ေတာ့သည္။
ထိုအခ်ိန္မွာပဲ သူ႔ကိုဖက္ထားသည့္ လုရွီး၏ လက္မ်ားသည္၊ တင္းကနဲ ျဖစ္သြားခဲ့၏။ ထိုအေျခအေနကို ရိပ္မိေသာအခါ၊ ခ်ဴယုသည္ ခပ္ျမန္ျမန္ေလး ေခါင္းကိုေမာ့၍၊ ရွင္းျပရန္ ႀကိဳးစားလိုက္ခ်ိန္တြင္၊ ထင္မွတ္မထားစြာျဖင့္၊ လုရွီးသည္ သူ၏ လက္တစ္ဖက္ကို အသုံးျပဳ၍၊ ခ်ဴယု၏ ဦးေခါင္းကို သူ႔လည္ပင္ဆီသို႔၊ ျပန္လည္ၿပီး ဖိကပ္ထားလိုက္ရင္း၊ မ်က္လုံးမ်ားကို ပိတ္ထားလၽွက္ကပင္၊ ခပ္တိုးတိုးေလး ေျပာလိုက္သည္။
"ထပ္ၿပီးေတာ့ ကိုယ့္ရဲ့ ေသြးေတြကို စုပ္ပါအုံး..."
ခ်ဴယုသည္ လုရွီးေျပာသည့္အတိုင္း၊ လုရွီး၏ ေသြးမ်ားကို ထပ္ၿပီးေတာ့ စုပ္ေနလိုက္၏။
ခဏေလာက္ၾကာေသာအခါ လုရွီးထံမွ အသက္ရွုသံ ခပ္မွန္မွန္ကို ၾကားလိုက္ရေတာ့သည္။ ထို႔ေၾကာင့္ ခ်ဴယုသည္ အသံထြက္သည္ဆို႐ုံေလး ထြက္လိုက္ကာ၊ လုရွီးကို ေမးၾကည့္လိုက္သည္။
"အိပ္ေပ်ာ္သြားၿပီလား...?"
သူက ထိုသို႔ေမးလိုက္ေသာအခါ လုရွီးသည္၊ သူ၏ လက္ကို အသုံးျပဳ၍ ခ်ဴယု၏ ေနာက္ေက်ာျပင္ကို၊ ခပ္ဖြဖြပုတ္လိုက္ရင္း...။
"အိပ္မေပ်ာ္ေသးပါဘူး၊ ကိုယ့္ရဲ့ေသြးေတြကို ျဖည္းျဖည္းသာ စုပ္ပါ..."
"ခ်စ္သူလုလု၊ ခ်စ္သူလုလုကို အိပ္ယာေနက နိုးေအာင္၊ လုလုရဲ့ ခ်စ္သူေလးက လုပ္မိသြားတာလားဆိုတာ...၊ ေျပာျပ "
"မလုပ္မိပါဘူး၊ ကိုယ္ကသာ မင္းကို ေသြးစုပ္ခိုင္းဖို႔ ေမ့သြားခဲ့တာပါ...၊ ခုက ဗိုက္ဆာလို႔ နိုးလာတာလား... ဟင္?"
"ဟုတ္ ဗိုက္ဆာလို႔ နိုးလာ___"
သူစကားေျပာေနတုန္း လုရွီး၏ လက္ေခ်ာင္းမ်ားက၊ ခ်ဴယု၏ ပါးစပ္ထဲသို႔ ေရာက္လာခဲ့ၿပီး၊ သူ၏ လၽွာထိပ္ေလးကို လုရွီးက သူ႔လက္ေခ်ာင္းမ်ားျဖင့္ တို႔ထိလာေသာေၾကာင့္၊ ခ်ဴယုမွာ စကားေတာင္ ဆုံးေအာင္ မေျပာလိုက္ရပါေခ်...။
ထိုသို႔ေသာ အျပဳအမူေၾကာင့္ ခ်ဴယု၏ ရင္ခုန္သံေတြက၊ တစ္ဖန္ျပန္ၿပီး တစ္ဒိတ္ဒိတ္ျဖင့္ အခုန္ ျမန္လာခဲ့ရျပန္၏။
ခ်ဴယု တစ္ခုသတိထားမိသည္မွာ၊ လုရွီးသည္ သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးကို တရားဝင္ ေျပာင္းလဲ ၿပီးသြားသည္ဆိုရင္ပဲ၊ သူ႔ကို ဆက္ဆံသည့္ အျပဳအမူေတြက ပိုင္စိုးပိုင္နင္း ဆန္လြန္းလွသည္ဆိုတာကို၊ သတိထားမိေပသည္။
ဥပမာ ေပးရမည္ ဆိုပါက၊ ယခုကဲ့သို႔ပင္...။
ခ်ဴယုသည္ လုရွီး၏ လက္ေခ်ာင္းမ်ားကို သူ၏ လၽွာဖ်ားေလးျဖင့္ ခပ္ျမန္ျမန္ပင္ တြန္းထုန္ပစ္လိုက္ရင္း၊ ရင္ခုန္လြန္းရသျဖင့္၊ ေမာဟိုက္ေနေသာ ေလသံျဖင့္၊ အေလာတစ္ႀကီး ေျပာလိုက္၏။
"ခ်စ္သူလုလု၊ ခုက အိပ္ခ်ိန္ေရာက္ၿပီ..."
ဤသို႔ျဖင့္ ေက်ာင္းပိတ္ရက္ ႏွစ္ရက္က လၽွင္ျမန္စြာ၊ ကုန္ဆုံးသြားခဲ့ေတာ့သည္။ တနဂၤေႏြ မနက္ခင္းသို႔ ေရာက္ေသာအခါ၊ ခ်ဴယုသည္ သူ႔အိမ္သို႔ျပန္၍ သူဝတ္ခ်င္ေသာ၊ အကၤ်ီအသစ္မ်ားကို ခရီးေဆာင္အိတ္ တစ္အိတ္စာ၊ အျပည့္ထည့္၍ ေက်ာင္းသို႔ သယ္လာလိုက္သည္။
ယခုသူက ခ်စ္သူရွိတဲ့ ပုဂၢိဳလ္ဆိုေတာ့၊ အဝတ္အစား အသစ္ေတြက လိုတယ္ေလ...၊ သူကေတာ့ လွခ်င္လွခ်ီရယ္ေတာ့ မဟုတ္ဘူးေပါ့!.။
ေက်ာင္းသို႔ေရာက္ေသာအခါ၊ အဝတ္အစားအိတ္ကို၊ သူ႔အခန္းထဲသို႔ အရင္ဆုံး သြားထားလိုက္ၿပီး၊ ေဘးကပ္ရက္ လုလုအခန္းတံခါးေရွ႕သို႔ ျပန္လာလိုက္ကာ၊ အခန္းတံခါးကို ေခါက္ၾကည့္လိုက္၏။
အခန္းထဲက ဘာတုန္႔ျပန္မွုမွ၊ မၾကားရေသာအခါ၊ ခ်ဴယုသည္ သူ၏ ဖုန္းကို ထုတ္၍ လုရွီးဆီသို႔ ဖုန္းဆက္ၾကည့္လိုက္သည္။ ဖုန္းဝင္သြားသည္ဆိုရင္ပဲ၊ တစ္ဖက္မွ လုရွီးသည္ ဖုန္းကို တန္း၍ ကိုင္လာခဲ့၏။
လုရွီးသည္ ေဘးနားက လူမ်ားကို အေႏွာင့္အယွက္ မေပးခ်င္သည့္အလား၊ ေလသံကို အနည္းငယ္နိမ့္၍ ျပန္ေျဖလာခဲ့သည္။
"ဟဲလို...၊ ေက်ာင္းကိုေရာက္ၿပီလား...၊ ကိုယ္အခု စာၾကည့္တိုက္မွာ..."
လုရွီး၏ အသံကို ၾကားေသာအခါ၊ တစ္ဖက္မွ နားေထာင္ေနသည့္ ခ်ဴယုသည္လည္း၊ သူ၏ေဘးပါတ္ဝန္းက်င္တြင္ လူတစ္ဦးတစ္ေယာက္မွ မရွိရပါပဲျဖင့္၊ သူ၏ ေခါင္းေလးကို အနည္းငယ္ ငုံ႔လိုက္ကာ၊ ေလသံခပ္တိုးတိုးေလးျဖင့္ပင္၊ ျပန္ေျဖလိုက္၏။
"ဟုတ္ ခုပဲေက်ာင္းကိုေရာက္တာ၊ စာၾကည့္တိုက္ကို လာခဲ့မယ္ေနာ္..."
ဖုန္းေျပာလၽွင္ ေျပာၿပီးျခင္း၊ ခ်ဴယုသည္ သူ႔အခန္းထဲမွ ကာတြန္းစာအုပ္တစ္အုပ္ကို ေျပးယူ၍၊ စာၾကည့္တိုက္သို႔ ထြက္လာခဲ့လိုက္သည္။
စာၾကည့္တိုက္သို႔ ေရာက္သည္ဆိုရင္ပဲ၊ ခ်ဴယုသည္ အခန္းတံခါးကို ညႇင္ညႇင္သာသာေလး ဖြင့္လိုက္ၿပီးေနာက္၊ အသာအယာေလးပင္ ျပန္ပိတ္လိုက္၏။ ထို႔ေနာက္ လုရွီးရွိရာသို႔၊ တန္းတန္းမတ္မတ္ပင္ ေလၽွာက္လာခဲ့လိုက္သည္။
လုရွီသည္ မွန္နံရံ၏ ေဘးနားတြင္ ကပ္ရက္,ထိုင္ေနလၽွက္ျဖင့္၊ စာၾကည့္ေနၿပီး၊ လုရွီး၏ေရွ႕ ႏွစ္ခုံေက်ာ္တြင္ေတာ့ လူႏွစ္ေယာက္ သုံးေယာက္ေလာက္က ထိုင္၍၊ စာၾကည့္ေနၾကသည္။
အခ်ိန္ကလည္း ညေနေစာင္းအခ်ိန္ျဖစ္သျဖင့္၊ မွန္မွတစ္ဆင့္ ဝင္ေရာက္လာေသာ၊ ညေနခင္း ေနေရာင္ျခည္မ်ားသည္၊ လုရွီးခႏၶါကိုယ္ေပၚသို႔ ဖ်ာက်ေနသျဖင့္၊ ဤျမင္ကြင္းျဖင့္ လုရွီးကို ျမင္ေတြ႕ရသူအဖို႔ ဒ႑ာရီလာထဲက နတ္သားတစ္ပါးအလား၊ ထင္မွတ္မွားရေပ၏။ ခ်ဴယုသည္ သူ၏ အၾကည့္မ်ားကို လုရွီးထံမွ၊ မလြဲဖယ္လိုေပ...။
ခ်ဴယုသည္ ယခုအခ်ိန္ ခံစားေနရေသာ၊ သူ၏ ခံစားခ်က္ကို မည္သို႔ အဓိပၸါယ္ေဖာ္ရမလဲဆိုတာ၊ မေျပာျပတတ္ေတာ့ေပ...။
ခ်ဴယု ယခုအခ်ိန္၌ စဥ္းစားမိေသာ တစ္ခုတည္းေသာ အရာတစ္ခုမွာ၊ လုရွီးဆိုေသာလူသည္ သူ၏အပိုင္၊ သူ၏ ခ်စ္သူျဖစ္သည္ ဆိုတာကိုပဲ ျဖစ္၏။
လုရွီးသည္ သူ႔ေဘးနား၌ ခ်ဴယုက ဝင္မထိုင္ပဲ၊ မတ္တပ္ရပ္ေနသည္ကို ျမင္ေသာအခါ၊ လက္တစ္ဖက္ကို ေျမာက္၍ ခ်ဴယု၏ လက္ေကာက္ဝတ္ကို ဆြဲကိုင္လိုက္ၿပီး၊ သူ႔ေဘးနားတြင္ ဝင္ထိုင္ေစလိုက္ကာ...။
"မတ္တပ္ရပ္ၿပီး၊ ဘာေတြ,ေတြးေနတာလဲ...?"
သတိလက္လြတ္ ေငးၾကည့္ေနမိရာမွ၊ ခ်ဴယုသည္ ဘာမွ ျပန္ေျဖမေနေတာ့ပဲ၊ ဒီအတိုင္းသာ လုရွီး၏ ေဘးနား၌၊ ဝင္ထိုင္လိုက္ၿပီး၊ ႐ုပ္ျပ ကာတြန္းစာအုပ္ကို ဖြင့္ကာ ထိုင္ဖတ္ေနလိုက္၏။
သို႔ေသာ္ ႏွစ္မ်က္ႏွာ သုံးမ်က္ႏွာေလာက္ ဖတ္ၿပီးသည့္ အခ်ိန္မွာေတာ့၊ ႐ုပ္ျပကာတြန္းစာအုပ္ကို ပိတ္ပစ္လိုက္၏။ ထို႔ေနာက္ စာၾကည့္စားပြဲခုံေပၚတြင္ မ်က္ႏွာကို ေဘးတစ္ေစာင္းထားကာ၊ ေမွာက္အိပ္လိုက္ရင္း၊ သူမ်ားျမင္မွာ စိုးသျဖင့္၊ မ်က္ႏွာေပၚတြင္ ႐ုပ္ျပကာတြန္းစာအုပ္ကို တင္၍ အကာအကြယ္ ယူလိုက္ကာ၊ လုရွီး၏ မ်က္ႏွာကို တည့္တည့္ႀကီး ေငးၾကည့္ ေနလိုက္သည္။
လုရွီးသည္ ခ်ဴယုက သူ႔ကို ေငးၿပီးၾကည့္ေနသည္ကို သိေသာေၾကာင့္၊ သခၤ်ာတြက္ေနရာမွေနၿပီး၊ ေခါင္းေလးကို ေစာင္းငဲ့၍၊ ခ်ဴယုကို ခပ္တိုးတိုးေလး ေမးလိုက္၏။
"ဘာေတြၾကည့္ေနတာလဲ...?"
ခ်ဴယုသည္ ပါးစပ္ကေန ျပန္မေျဖေတာ့ပဲ၊ လုရွီးလက္ထဲမွ ခဲတံကို ဆြဲယူလိုက္ၿပီး၊ စာရြက္အလြတ္ တစ္ရြက္ေပၚသို႔၊ တစ္လုံးခ်င္းစီ ခပ္ျဖည္းျဖည္းျခင္း ခ်ေရးျပလိုက္သည္။
▪ ခ်စ္သူတစ္ေယာက္ ရထားတဲ့၊ ခံစားခ်က္က၊ ဘယ္လိုခံစားခ်က္မ်ိဳးလဲဆိုတာ၊ ခံစားၾကည့္ခ်င္လို႔! ▪
လုရွီးသည္ ခ်ဴယု၏ စာကို ဖတ္ၿပီး,ၿပီးျခင္း၊ ဘာမွ ျပန္မေျပာေတာ့ပဲ...။
စာၾကည့္ စားပြဲခုံေအာက္မွေနၿပီး၊ သူ၏ လက္တစ္ဖက္ျဖင့္ ခ်ဴယု၏ လက္တစ္ဖက္ကို၊ ဆုပ္ကိုင္လိုက္ၿပီးေနာက္၊ လက္ေခ်ာင္းျခင္း သြယ္ယွက္၍ ဆုပ္ကိုင္လိုက္ကာ၊ ေခါင္းေလးကို ေစာင္းငဲ့၍ ႏွစ္ကိုယ္ၾကားသည္ ဆို႐ုံပဲ ေမးလိုက္သည္။
"ကိုယ့္ရဲ့ ခ်စ္သူေလး၊ ခုလိုဆိုရင္ေရာ...၊ ခ်စ္သူထားရတဲ့ ခံစားခ်က္က၊ ဘယ္လိုမ်ိဳး ခံစားခ်က္လဲဆိုတာ ခံစားလို႔ရၿပီလား...?"
{T/N _ မူရင္းစာေရးသူ၏ အေရးအသားအတိုင္း အတတ္နိုင္ဆုံး တူညီေအာင္ ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။ တစ္စုံတစ္ရာ လြဲမွားခဲ့ပါက ဘာသာျပန္သူ၏ အမွားသာျဖစ္ပါသည္။}