Chapter - 34

2K 552 75
                                    

[UNICODE]

အခန်းထဲရှိမီးများသည် လင်းထိန်လို့ လာခဲ့၏။

ချူယုသည် အချိန်ခဏ​လေး အတွင်းမှာပင် ​သွေးများကို ဝ​အောင် စုပ်လိုက်သည်။

ထို့​နောက် ​ရေခဲသေတ္တာအဖုံးကိုဖွင့်လိုက်ပြီး အထဲမှ ​သွေးအားတိုး​ဆေး ပုလင်း​လေးတစ်လုံးကို ထုတ်ယူလိုက်​ကာ ရေခဲသေတ္တာအဖုံးကို သေချာဂရုတစိုက်လေး ပြန်ပိတ်လိုက်သည်။ ချူယုသည် အခြားပစ္စည်းများကိုသာ ပစ်စလက်ခတ် ထားချင်ထားမည် လုရှီးအတွက် ​သွေးအားတိုး​ဆေးများကို​တော့ ​ရေခဲ​​သတ္တောအတွင်း, တွင် ​သေ​သေချာချာ​လေး စနစ်တစ်ကျ အစီအရီလိုက်​လေး ထည့်ထား​ပေ၏။

ချူယုသည် ခုချိန်ထိ ​ကော​ဇော​ပေါ်တွင် ထိုင်​နေ​သော လုရှီးနားသို့ ​လျှောက်သွားကာ သူပါ ​ခုံ​ပေါ်တွင် မထိုင်​တော့ပဲ...၊ ကောဇာ​ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့​နောက် သူ့လက်ထဲတွင် ကိုင်ထား​သော ​သွေးအားတိုး​ဆေး ပုလင်း​လေးကို လှုပ်ယမ်းလိုက်ပြီး အဖုံးကို ဖွင့်လိုက်ကာ...၊ လုရှီး၏ နှုတ်ခမ်းနားသို့ ​တေ့​ပေးလိုက်သည်။

လုရှီးက ချက်ချင်းမသောက်သေးဘဲ..။

"ကိုယ်ခဏ​နေမှ ​သောက်မယ်​နော်..."

လုရှီးသည် ချူယုလက်ထဲမှ ပုလင်းကို သူ့လက်ထဲသို့ ​ပြောင်းကိုင်လိုက်ကာ...၊ အနည်းငယ်​လောက် လှုပ်ယမ်း​နေ​သေးသည်။ ပြီးမှ တစ်ခါတည်း ​မော့​သောက်ချလိုက်၏။

ချူးယုသည် လုရှီးက ​သွေးအားတိုး​ဆေး ​သောက်လိုက်သဖြင့် လှုပ်ရှားသွားသော လည်စလုပ်ကို အမှတ်တမဲ့ငေးကြည့်နေလိုက်မိသည်။ ခဏ​လောက်ကြာမှသာ သတိပြန်ဝင်လာပြီး လုရှီး၏ ပုခုံး​ပေါ်တွင် အရာ​သေး​သေး​လေး ထင်​နေ​သေး​သော ကိုက်ရာ ​သေး​သေး​​လေးကို ​​ငေးကြည့်​နေလိုက်သည်။ သူ​သွေးစုပ်ထားသဖြင့် ထိုကိုက်ရာ​သေး​သေး​လေးက ကျန်​နေခဲ့ခြင်းဖြစ်သည်။

သူသည် ​သွေးစုပ်သည့် အ​ကြောင်းစဥ်းစားလိုက်​သောအခါ ရုတ်တရက်ကြီး မျက်နှာကပူထူလာရသည်​။

'ငါ့လိုလူက လုရှီးလိုလူမျိုးကို​ ကော​ဇော​ပေါ် တွန်းလှဲပြီး အ​ပေါ်က တက်ဖိထားလိုက်တယ်တဲ့လား...၊ အာ... ရှက်ဖို့​ကောင်းလိုက်တာ...၊ လုရှီးက စိတ်​တော့ မဆိုး​လောက်ပါဘူး​နော်...'

Bite Your Fingertips [Myanmar Translation]Where stories live. Discover now