Chapter - 62

2K 408 31
                                    

[UNICODE]

​နောက်တစ်​နေ့ မနက်ခင်းမှာ​တော့ ချူယုသည် အတန်းသို့သွားဖို့အတွက် ​လှေကားမှ ဆင်းအလာ၊ ​အောက်တွင် သူ့အား မတ်တပ်ရပ် ​​စောင့်​နေသည့် အစ်ကိုမုန်ကို တွေ့လိုက်ရ၏။ သူသည် အစ်ကိုမုန်ကို ​တွေ့​တွေ့ခြင်း ​မသိစိတ်၏ အလိုအ​လျောက် ​လှေကား​ပေါ်သို့ ငုတ်တုတ်က​လေး ထိုင်ချလိုက်ရင်း ပုန်းလိုက်သည်။

'ကာကွယ်ရမယ် အစ်ကိုမုန်ရဲ့ ​ဘေးအန္တရာယ်က​နေ ကာကွယ်ရမယ်...'

သူသည် ထိုသို့​တွေးရင်းဖြင့် အစ်ကိုမုန်မမြင်​အောင် သာသာ​လေး ​ဘေးမှဖြတ်​လျောက်သွားလိုက်မည်ဟု ​တွေးလိုက်ကာ၊ အသာအယာ​လေး ထ လိုက်ချိန်မှာပဲ ကံဆိုးလှစွာဖြင့် အစ်ကိုမုန်က ဒီဘက်ကို လှည့်ကြည့်လာတာနှင့် တည့်တည့်ကြီး ဝင်တိုးသွား​လေ​တော့သည်။

အစ်ကိုမုန်သည် ချူယုကို မြင်လျှင်မြင်ခြင်း ဝမ်းသာအားရဖြင့် လက်ကို ​ဝေ့ယမ်းပြလာရင်း...။

"ဟာ... ပန်းပွင့်​လေး၊ ​​နောက်ဆုံး​တော့ မင်း လာပြီ​ပေါ့၊ ငါ မင်းကို ​စောင့်​နေတာကွ ကြာလှပြီ"

ချူယုသည် စိတ်မပါ လက်မပါဖြင့် အစ်ကိုမုန်၏ ​ဘေးနားသို့ သွားလိုက်ပြီး၊ ​ပြန်​မေးလိုက်သည်။

"ဘာလုပ်ဖို့အတွက် ငါ့ကို ​စောင့်​နေရတာလဲ...?၊ ​ပြောစမ်းပါအုံး..."

သူက​မေးလိုက်ရုံရှိ​သေးသည်၊ အစ်ကိုမုန်က အာ​ဘောင် အာရင်း သန်သန်ဖြင့် စိတ်လှုပ်ရှားစွာ ​ပြောပြလာ​တော့၏။

"ပန်းပွင့်​လေး...၊ မင်း မ​နေ့ညတုန်းက ဖုန်းအားကုန်သွားတာလား...၊ ဒါမှမဟုတ် အင်တာနက် လိုင်းကျသွားတာလား...၊ ငါ မင်းကို ပြန်​ခေါ်​သေးတယ်၊ ဘယ်လိုမှ ​ခေါ်လို့မရ​တော့ဘူး၊ အဲ့ဒါနဲ့ ငါလည်းတစ်​ယောက်တည်း အဲ့ Video ကို အစက​နေ အဆုံးထိ တစ်​​ခေါက်ပြန်ကြည့်လိုက်တယ်...၊ လုံးဝကွာ စိတ်လှုပ်ရှားဖို့​ကောင်းလိုက်တာ...၊ မင်းက​ရော ဘာလုပ်​နေတာလဲ...?"

ချူယုသည် ခုချိန်ထိ ရည်းစားတစ်​ယောက်​တောင်၊ အဖြစ်ရှိ​အောင် မလိုက်နိုင်​သော အစ်ကိုမုန်ကို သနားစွာဖြင့် ကြည့်လိုက်ရင်း စိတ်ထဲတွင် ထိုသို့​တွေးမိလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now