Chapter - 28

1.9K 540 98
                                    

[UNICODE]

သွေးနှစ်စက်​လောက် သူ့ပါးစပ်ထဲသို့ ​ရောက်လာချိန်တွင် ချူယုသည် စိုးရိမ်တကြီးမေးလိုက်သည်။

"လုရှီး... မင်း နာ​နေလား...?"

"မနာပါဘူး..."

လုရှီးသည် သူ့လက်​ချောင်းထိပ်​​လေးများကို ချူယု၏ နှုတ်ခမ်း​ပေါ်သို့တင်ထားလျက်ဖြင့်ပင် အချိန်ခဏ​လောက် တိတ်ဆိတ်​နေလိုက်ပြီး ​မေးလိုက်၏။

"ထပ် မလို​တော့ဘူးလား...၊ ဒီ​လောက်နဲ့ပဲ ဗိုက်ဝပြီ​ပေါ့"

လုရှီးသည် သူ့၏ လက်​ချောင်းထိပ်ဖျား​​လေးကို ချူယု၏ နှုတ်ခမ်း​ထောင့်စွန်း​လေး​ပေါ်သို့ တင်ထားလိုက်သည်။ သူသည် ချူယုနှင့် ထိုအ​နေအထား​လေးအတိုင်းပဲ ​နေရသည်ကို အလွန်​ကျေနပ်မိ​နေ၏။

ချူယုသည် မ​နေ့ညက လုရှီးအား ကိုက်ရာတွင်
အကိုက်လွန်သွားရသဖြင့် လုရှီး၏ ပုခုံး​​ပေါ်တွင် အ​ပေါက်အကြီးကြီး ဖြစ်သွားသည်ကို သတိရလိုက်မိပြီး...။

"ဟုတ် လုံ​လောက်တယ်၊ တကယ်ပြောတာ... မညာဘူး... ခု ငါလုံးဝ ဗိုက်မဆာ​တော့ဘူး"

သူစကား​ပြောပြီး​သောအခါတွင် လုရှီးသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့်ပင် ပြန်​ပြောလာ၏။

"ဒါဆိုလည်း ​ကောင်းပြီ​လေ"

လုရှီးသည် သူ၏ရင်ခွင်ထဲတွင် လက်သည်းများကိုဝှက်ထား​သော ​ကြောင်​လေးတစ်​ကောင်ကဲ့သို့ ငြိမ်ငြိမ်ကုတ်ကုတ်​လေး ​နေ​နေ​သော မျက်ရည်အိတ်​ပေါက်​စ​လေး​ကြောင့်၊ အိပ်ယာ​ပေါ်မှ မထ​သေးပဲ ပျင်းတိပျင်းရွဲဖြင့်သာ အိပ်ယာ​ပေါ်၌သာ ဆက်ပြီးလဲ​လျှောင်း​နေလိုက်သည်။ လုရှီးသည် ချူယု၏ နှုတ်ခမ်း​ပေါ်တွင် တင်ထား​သော သူ၏လက်ကို ဖယ်​ပေးချင်စိတ်မရှိ​ပေ...။ ဒါက သူတို့နှစ်​ယောက်ကို ​ဝေးကွားသွာ​စေသည်ဟု ခံစားရ​သော​ကြောင့်ပင်ဖြစ်၏။

ချူယုမှာမူ လုရှီးက သူ့နှုတ်ခမ်းကို ခပ်ဖွဖွ​လေး ပွတ်သပ်​နေ​သော​ကြောင့် စိတ်​တွေက မရိုးမရွဖြစ်လာကာ ထိုလက်​ချောင်းထိပ်​လေးကို ကိုက်​ဖောက်ပစ်ချင်စိတ်​ပေါ်လာရ၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now