Chapter - 7

2.2K 544 10
                                    

[UNICODE]

ချူယုအိပ်ယာမှ နိုးလာ​သော အချိန်တွင်​ ပြတင်း​ပေါက်မှ ​ဝင်​ရောက်လာ​သော နေ​ရောင်ခြည်များဟာ မျက်စိကျိန်း​လောက်​အောင် ဝင်းလက်​တောက်​​ပြောင်​လျက် ရှိပေသည်။ ခုဘယ်ချိန်ရှိပြီလည်း၊ ခုဘယ်​နေရာ​ရောက်​နေသလဲဆိုတာကို သူ မ​မှတ်မိနိုင်ဘူးဖြစ်​နေသည်။

သူ့လည်​ချောင်းမှာ ခံစား​ခဲ့ရ​သော ​လောင်ကျွမ်း​မတတ် ပူပြင်းနေသည့် ခံစားချက်ဟာလည်း ရုတ်တရက်ကြီး ငြိမ်ကျသွားခဲ့သည်။ သူရဲ့ခန္ဓါကိုယ်ဟာ ပြန်လည်၍ ရုတ်တစ်ရက်ကြီး အားအင်များပြည့်ဖြိုးလာခဲ့​ပေသည်။ သူ့၏ပါးစပ်ထဲမှာဆိုရင်ဖြင့်လည်း မယုံနိုင်​ဖွယ်​ကောင်း​လောက်​အောင် ချိုမြိန်​သော အရသာကစွဲထင်၍ ကျန်ရစ်​ နေခဲ့​ပေ​တော့သည်။

လူနာ နား​နေခန်း၏ မျက်နှာကျက်ကို စိုက်ကြည့်​နေပြီးနောက်၊ သူဟာ ဝိုးတိုဝါးတားဖြင့် မပြတ်မသား ပုံရိပ်များကို စတင်ပြီး မှတ်မိလာ​တော့သည်။ ဒါဟာ အိမ်မက်များလား......။

'ချူယု​ရေ ဒီ​နေ့အတွက် မက်တဲ့ မင်းရဲ့အိမ်မက်က ပုံမှန်​တော့ မဟုတ်ဖူးဘဲ'

သူ့ရဲ့အိမ်မက်ထဲမှာ သူဟာ လူနာ နား​နေခန်းထဲတွင်ဖြစ်ပြီး သူကလုရှီးကိုယ်​ပေါ်သို့ တက်၍ဖိထားသည်။ ဒါ​တွေတင်မက​သေး သူဟာလုရှီး၏ ပါစပ်​ထောင့်နားက ​သွေးထွက်​နေ​သော အနာ​ပေါ်သို့ သူ၏လျှာဖြင့် နီးကပ်စွာ လျှက်​နေပြန်​သေးသည်။ ထို့​နောက် ထိုအနာက​နေပြီး​ ​ထွက်လာတဲ့ ​သွေး​တွေကို မြင်လိုက်ရတဲ့အခါမှာ​​တော့ဖြင့် သူက ထို​သွေး​တွေကို မျိုချလိုက်သည်။ ထို့သို့မျိုချလိုက်သည်နှင့် တစ်ပြိုက်နက် သူ့ခံစား​နေခဲ့ရ​သော ပူ​လောင်​သော ​​ဝေဒနာ နှင့် ဆာ​လောင်​သော ​ဝေဒနာများသည် ချက်ခြင်းလက်ငင်းကို ကွယ်​ပျောက်၍သွားရ​တော့သည်။

သူ လု အ​ကြောင်းကို အိမ်မက် မက်​နေတာ နှစ်ကြိမ် သုံးကြိမ်မှ မက​တော့ဘဲ ချူယုအတွက် ထူးဆန်းမ​နေ​တော့ဘူး..။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ နှုတ်ခမ်းကို လျှာနှင့်လျှက်လိုက်တာတို့ ဒါမှမဟုတ် တစ်ခုခုလုပ်ချင်တာတို့ကို မက်တာက​တော့ဖြင့်......။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now