Chapter - 71

1.4K 278 16
                                    

[Unicode]

ချူယုမှာ အိပ်ရာမှ နိုးနေသည့်တိုင်၊ သူ၏ မျက်လုံးများကို မဖွင့်နိုင်ခဲ့ပေ။ သူသည် မျက်လုံးများကို မှိတ်ထားလျက်မှပင် လုရှီး၏ နဖူးပေါ်သို့ လက်တင်ကာ၊ အပူချိန်ကို စမ်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ချူယု၏ ထိုလက်များသည် နေရာမမှန်ဘဲ၊ လုရှီး၏ ရင်ဘက်ဆီသို့ ရောက်သွားသဖြင့်၊ သူသည် ဟိုစမ်းသည်စမ်းလုပ်ကာ သူ၏ လက်များကို နေရာရွှေ့လိုက်ရသည်။ ရလဒ်အနေဖြင့် ချူယု၏ လက်တို့သည် လုရှီး၏ လည်စလုပ်မှတစ်ဆင့် မေးစေ့ဆီသို့ တဖြည်းဖြည်း ရောက်သွားလေ၏။

"ကိုယ့်ချစ်သူလေးက ဘာ‌ကို စမ်းနေတာလဲ?"

"ဟမ်?"

ထိုအခါမှ ချူယုသည် သူ၏ မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်နိုင်ပြီး၊ အိပ်ရာမှ နိုးနေပြီဖြစ်သော လုရှီးအား မြင်လိုက်ရသည်။ လုရှီး၏ နှုတ်ခမ်းများသည် ဖြူဖျော့ဖျော့ ဖြစ်လို့နေပြီး၊ အသွေးအရောင်လည်း ကင်းမဲ့လို့ နေကာ၊ သူသည် ကုတင်ပေါ်တွင် လှဲနေလျက်ကပင် ချူယုအား စိုက်ကြည့်လို့ နေ၏။

"ချစ်သူလုလုရဲ့ နဖူးကို စမ်းကြည့်တာလေ... ချစ်သူလုလုက အစောကြီး နိုးနေတာလား?"

"အင်း... ကိုယ် အိပ်လို့ မပျော်ဘူး..!"

လုရှီး၏ အသံသည် ပုံမှန်ထက် ပို၍ အက်ကွဲလို့ နေသည့်တိုင်၊ တစ်နည်းတစ်ဖုံအားဖြင့် ညှို့ဓာတ်အားပင် ကောင်းနေသေးသည်။

ချူယုသည် သူ၏ ခေါင်းအောက်မှ ခေါင်းအုံးကို ပြင်၍ အုံးလိုက်၏၊ နောက်ဆုံးတော့ သူသည် သူ၏ လက်များကို လုရှီး၏ နဖူးပေါ်သို့ မှန်ကန်စွာ တင်လိုက်နိုင်ခဲ့ပြီ။

"အာ...ကောင်းသွားပြီ..! သိပ်မပူတော့ဘူး...! လုလုရဲ့ ချစ်သူလေးက မနက်ခင်းမှာ ချစ်သူလုလု ထပ်ဖျားအုံးမှာကို အရမ်းကြောက်နေခဲ့တာ... ညတုန်းက ချစ်သူလုလုရဲ့ ခန္ဓာကိုယ်က အရမ်းပူနေခဲ့တာလေ.... လုလုရဲ့ ချစ်သူလေးဆီကိုတောင် အဲ့ဒီအပူတွေ လာပြီး ဟပ်ကြသေးတယ်..."

လုရှီးသည် ထိုအကြောင်းများကို ကောင်းကောင်း မမှတ်မိတော့။ သူဟာ ချူယုကိုသာ မေးလိုက်ရသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now