Chapter - 25

2K 554 44
                                    

[UNICODE]

ချူယုသည် အားမလျော့သေးပဲ သင်္ချာစာအုပ်ကို ထုတ်လိုက်ပြန်သည်။

သူသည် ကြိုးကြိုးစားစားနှင့် ငါးမိနစ်လောက်အထိကို အတင်းဖျစ်ညှစ်ပြီး တွက်ကြည့်လိုက်သော်လည်း...။

နောက်ဆုံးတွင်တော့ ဘောပင်အဖုံးကိုသာ ပိတ်လိုက်ရတော့သည်။ သူဟာ သက်ပြင်းချလိုက်မိပြီး သူ့ကိုယ်သူ တော်တော် အသုံးမကျတဲ့ လူပါလားဟု ထင်လိုက်မိတော့သည်။ သူများတကာတွေက ကြိုးကြိုးစားစား မေးခွန်းစာရွက်များကို မျှဝေပေးထားသော်လည်း၊ အမှိုက်ပုံထဲသို့ ပန်းပွင့်လှလှလေး ပစ်ချလိုက်သည့်အတိုင်းပင် ဘာမှသူ့အတွက် အသုံးမဝင်ချေ...။

သူသည် သူ့ဘေးနားက စာရွက်လိပ်များကို လှမ်းပြီးယူလိုက်ချိန်တွင် ကွမ်ရိယမ် ပြောသော စကားများကို အမှတ်ရလိုက်မိ၏။

'မင်းအမေက မင်းအစွမ်းအစနဲ့ အဆင့်ကောင်းကောင်း မရနိုင်ဘူးဆိုတာ သိလို့များ ကျောင်းကို ဝယ်ပေးလိုက်တာလား...?၊ ဒါမှမဟုတ် မင်းက ကိုယ့်အရည်အချင်းကို ကိုယ်သိလို့ ဝယ်ပေးဖို့ ပူဆာလိုက်တာလား..?'

ထိုစကားလုံးများသည် ချူယုအတွက် အနည်းငယ် နာကျင်စေသည်။

သူသည် ဘာနေ့ဖြစ်လဲဆိုသည်ကို သိဖို့အတွက် ဖုန်းမှ ရက်စွဲကို ကြည့်လိုက်မိရာ၊ ရုတ်တရက်ကြီးသူဟာ သူ၏မေမေနှင့် တွေ့ဖို့ ရက်စွဲများရေတွက်ဖို့ မေ့နေသည်ကို သတိရလိုက်မိ၏။ မေမေနှင့် မတွေ့ရသည်မှာ ဘယ်နှစ်ရက်တောင် ရှိပြီလဲဆိုတာကို သူမမှတ်မိတော့ပေ...။

သူလက်ထဲမှ ဘောပင်အား ဘေးသို့ ချလိုက်ပြီး သူဟာ မတ်တပ်ထရပ်လိုက်ပြီး အခန်းပြင်သို့ ထွက်လာလိုက်သည်။

ထို့နောက် သူ့အခန်းဘေး၏ ကပ်ရက်အခန်ရှိ တံခါးပေါက်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့လက်ကို မြှောက်လိုက်တော့သည်။ ထို့နောက်သူသည် အနည်းငယ် စိုးရိမ်သွားမိကာ လက်ကိုအောက်ပြန်ချလိုက်ပြန်သည်။ ထိုကဲ့သို့ နှစ်ကြိမ်လောက်ဖြစ်နေပြီးနောက်၊ စိတ်ကို ဒုံးဒုံးချလိုက်ကာ ညှင်သာစွာဖြင့် အခန်းတံခါးကို သုံကြိမ်ခန့် ခေါက်လိုက်တော့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now