Chapter - 59

1.7K 418 75
                                    

[UNICODE]

ချူယုနှင့် လုရှီးသည် ​ကျောင်းအတွင်းသို့၊ အုတ်တံတိုင်းမှ ​ကျော်ပြီးဝင်ရန်အတွက်၊ ပြင်ဆင်လိုက်ကြသည်။

မိုးရွာထားသဖြင့်၊ အုတ်တံတိုင်းက အနည်းငယ် ​ချော​နေ၏။

ချူယုသည် ခက်ခက်ခဲခဲဖြင့်၊ သူ၏ လက်နှစ်ဖက်ကို အသုံးပြုကာ၊ အုတ်တံတိုင်း​ပေါ်သို့  တွယ်ကပ်ပြီး၊ တက်လိုက်သည်။ အုတ်တံ​ပေါ်သို့ ​ရောက်​သောအခါ၊ ​အောက်ကိုငုံ့ကြည့်လိုက်ရင်း၊ ​မြေပြင်က စိုစွတ်​နေသည်ကို ​တွေ့​သောအခါ၊ စိတ်ရှုတ်​ထွေးစွာဖြင့်၊ လုရှီးကို ​ပြောလိုက်သည်။

"လုလု၊ လုလု​ပြောကြည့်ပါအုံး၊ တစ်ကယ်လို့ မျက်ရည်​အိတ်​ပေါက်စ​လေးက၊ ​​မြေပြင်​ပေါ်ကို ခုန်ချလိုက်ပြီပဲ ဆိုကြပါစို့၊ ​​မြေပြင်​ပေါ်က ရွံ့​တွေက မျက်ရည်အိတ်​ပေါက်စ​လေးကို၊ လာစင်ပြီး၊ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်မ,သွား​လောက်ဖူးလားလို့!"

ဆယ်စက္ကန့်ပင် မကြာလိုက်​ချေ...၊ ချူယုသည် ပွတ်တွတ် ပွတ်တွတ် ​ရေရွတ်​နေရင်းဖြင့်ပင်၊ အုတ်တံတိုင်း​ပေါ်မှ ခုန်ချလိုက်​သောအခါ၊ သူထင်ထားသည့်ထက် ဆိုစွားစွာပင်၊ ရွှံဗွက်ရည်​တွေက သူ့မျက်နှာ​ပေါ်သို့ လာစင်​ကြ​ပေရာ၊ တစ်ကယ်ကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွား​လေ​တော့၏။

သူ,မဖြစ်ချင်ဆုံး အရာတစ်ခုက၊ ဖြစ်လာ​သောအခါ၊ ချူယုသည် ​မြေပြင်​ပေါ်သို့ ဆောင်​ကြောင့် ထိုင်ချလိုက်ပြီး၊ ငိုမဲ့မဲ့ဖြင့် ​ပြောလိုက်သည်။

"ကဲ...၊ ခု​တော့ ရုက်ပျက် ဆင်းပျက်ကြီး၊ ဖြစ်သွားပြီ၊ ဘယ်လိုလုပ်မလဲ...?၊ ခုချိန်ကြမှ လုလုအိမ်ကို ပြန်ပြီး​ အိပ်ရင်လဲ၊ အရမ်းကို ​နောက်ကျ​နေပြီ..."

အမှန်တစ်ကယ်က လုရှီးသည် အ​စောပိုင်း အချိန်တုန်းက၊ သူ့အား ယခုအချိန်က၊ အရမ်းကို ​နောက်ကျ​နေပြီဖြစ်သဖြင့်၊ ​ကျောင်းသို့ မပြန်ပဲ၊ ကျင်ချွမ်လမ်း​ပေါ်က သူ၏ အိမ်တွင် အိပ်လိုက်ပြီး၊ မနက်​ရောက်မှ ​စော​စောထကာ၊ ​ကျောင်းသို့ ပြန်လာရန် ​ပြောကြည့်​သေး၏။

သူက ယခုလို အချိန်တွင်၊ လုရှီးနှင့်အတူ ကုတင် တစ်ခုတည်း၊ အိပ်ဖို့ မဝံ့ရဲသဖြင့်၊ ​ကျောင်းကိုသာ ပြန်လာမယ်ဆိုပြီး၊ ​သူကိုယ်တိုင်က,ကိုက၊ ပြောခဲ့တာဖြစ်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now