God level demon(201-ongoing)

momohana_myu20

41.9K 5.2K 90

Fb page name=စူပါမုန်းတီးခြင်းစနစ် ဒီစာစဥ်လေးကတော့ စနစ်စာစဥ်လေးတစ်ခုဖြစ်ပါတယ်။ရှပင်ဆိုတဲ့အထက်တန်းကျောင်းသားလေ... Еще

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
228
229
230
231+232
233+234+235
236
237+238
239+240
241+242+243
244+245
246+247+248+249+250
251+252+253+254
255+256+257+258+259
260+261+262
163+164+165+166
267+268
269+270+271
272+273+274
275+276+277+278
279+280+281+282
283+284+285
286+287+288
289+290+291+292
293+294+295+296
297+298+299+300+301
302+303+304
305+306+307
308+309+310+311
312+313+314+315
316+317+318
319+320+321+322
323+324+325+326
327+328+329+330
331 to 350
351+352
353+354+355+356+357
358+359+360+361
362+363
364+365+366+367
368+369+370+371
372+373+374+375+376
377+378+379+380+381+382
383+384+385+386
387+388+389+390
391+392+393+394+395
396+397+398+399+400
401+402+403+404+405+406+407+408+409+410
411+412+413+414+415+416+417+418+419+420
421+422+423+424+425+426+427+428+429+430
431+432+433+434+435+436+437+438+439+440
441+442+443+444+445+446+447
448+449+450+451+452
453+454+455+456+457+458+459+460+461+462
463+464+465+466+467+468+469+470+471+472
473+474+475+476+477+478+479+480
481+482+483+484+485+486+487+488+489+490
491+492+493+494+495
496+497+978+499+500
501+502+503+504+505
506+507+508+509+510
511+512+513+514+515
516+517+518+519+520
521-525

227

439 56 1
momohana_myu20

Uni
=======
အပိုင်း( ၂၂၇)     ပါရမီရှင်တွေရဲ့စားသောက်ပွဲ

    ပါရမီရှင်တွေအတွက်စားသောက်ပွဲကျင်းပတဲ့   ဇိမ်ခံစံအိမ်ကြီးမှာတော့ -

     ရန်ကျိုးဒေသက အဓိကစာမေးပွဲဖြေဆိုသူတွေအနည်းဆုံးအယောက်တစ်သောင်းလောက် ဒီနေရာမှာ စုဝေးနေကြပါတယ် ကံကောင်းစွာနဲ့  စံအိမ်မျက်နှာပြင်ဧရိယာကအလွန်ကျယ်ပြောပါတယ် မဟုတ်ရင်ဒီလောက်လူအများကြီးကို ဆံ့နိုင်မှာမဟုတ်ပါဘူး

    ရန်ဟွမ်တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေဆိုသူတွေက များပေမယ့် အများစုကကိုယ့်မြို့နယ်အလိုက် အုပ်စုလေးတွေဖွဲ့ပြီးအသီးသီး စုဝေးနေကြပါတယ်
  
    အုပ်စုတစ်ဖွဲ့စီရဲ့အရှေ့မှာ စားပွဲခုံတွေကိုအစဥ်အတိုင်းခင်းထားပြီး စားပွဲပေါ်မှာတော့အရသာရှိတဲ့အစားစာတွေနဲ့ ရနံ့မွှေးကြိုင်တဲ့သောက်စရာများစွာကို ခင်းကျင်းထားပါတယ်

    စားသောက်ပွဲမှာရှိတဲ့အစားအစာတွေကို စာမေးပွဲဖြေဆိုသူတွေက ကိုယ့်ပန်းကန်နဲ့ကိုယ် ကြိုက်တာထည့်စားလို့ရပါတယ်
 
    "ရန်ကျိုးဒေသတစ်ခုလုံးမှာ ရန်ဟွမ်တက္ကသိုလ်စာမေးပွဲဝင်ဖြေတဲ့သူ ဒီလောက်နည်းမယ်လို့မထင်ထားဘူး " ရှပင် ကြက်ပေါင်တစ်ခုကိုတကျွက်ကျွက်နဲ့ကိုက်စားပြီး ပတ်ပတ်လည်ကိုစိတ်ကြိုက်ကြည့်လိုက်ပါတယ်

    ရန်ကျိုးပြည်နယ်တစ်ခုလုံးက မြို့ပေါင်းတစ်ရာကျော်မှာ အယောက်၁၀၀၀၀ကျော်လောက်ဘဲ စာမေးပွဲဝင်ဖြေတာက တကယ်ကိုနည်းပါတယ်

   "တကယ်ဘဲ နည်းတာတော့အမှန်ဘဲ ဘာလို့လဲဆိုတော့ရန်ဟွမ်တက္ကသိုလ်စာမေးပွဲက အရမ်းအန္တရာယ်များပြီး သေဆုံးနိုင်ချေက၅၀%အထက်ရှိတော့ ကျောင်းသားအများအပြား တွန့်ဆုတ်ပြီးဝင်မပြိုင်ရဲကြတော့ဘူးလေ" ဂျန်းရရူကလည်းလင်ဗန်းတစ်ချက်ကိုကိုင်ပြီး အနီးကစားစရာတွေကောက်ထည့်ရင်း ပြောလိုက်တယ်

    "ဟမ့် သတ္တိမရှိတဲ့ငကြောက်အုပ်စုတွေ" ချူရွန်းကလည်း သီးစုံရေခွဲ့မုန်တစ်ခွက်ကိုစားပြီး ကျေနပ်ကာ "သေချာကြည့်လိုက်လေ တခြားစာမေးပွဲဖြေဆိုသူတွေလည်း ငါတို့နဲ့ဘာမှမခြားသလို ခွန်အားလဲသိပ်မကွာဘူး"

    "တခြားမြို့တွေနဲ့ ထိရန်ရှုရီမြို့ရဲ့အတိုင်းအတာက အများကြီးမကွာခြားဘူးလေ တိုးတက်မှုလည်းတူတူလောက်ဘဲ အဲ့တာကြောင့်မို့ စာမေးပွဲဖြေဆိုသူတွေရဲ့ ခွန်အားတွေကလည်းအတူတူလောက်ဘဲ တစ်ယောက်ချင်းစီတော့မတူညီကျပေမယ့် ယေဘုယျအားဖြစ်တူတူလောက်ပါဘဲ"

     ညပွဲတက်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ နန်ဂုန်ဝူကကျက်သရေရှိစွာနဲ့အနီရောင်ဝိုင်ခွက်ကိုကိုင်ကာ "ဒါပေမယ့် ကျန်းဟွာမြို့ကတော့ အဲ့လိုမဟုတ်ဘူး ရန်ကျိုးပြည်နယ်တစ်ခုလုံးရဲ့ မြို့တော်ဖြစ်တာကြောင့် နိုင်ငံရေးစည်းပွားရေးယဥ်ကျေးမှုအချက်အချာကျပြီး လူဦးရေကလည်း ကုဋေတစ်ရာကျော်ရှိတဲ့စူပါမြို့ကြီးဖြစ်ပြီး မရေတွက်နိုင်တဲ့အထက်တန်းလွှာမိသားစု မျိုးနွယ်စုတွေက ဒီနေရာအခြေချကြတယ်"

    "ဒီနေရာမှာ သိုင်းပညာကျွမ်းကျင်သူတွေက တိမ်တွေလိုပေါများပြီး ပါရမီရှင်တွေလည်းအများကြီးဘဲ ဒီမြို့ကနေရန်ဟွမ်တက္ကသိုလ်စာမေးပွဲဝင်ဖြေတဲ့သူတွေတောင် အယောက်၁၀၀၀ကျော်ရှိပြီး ရန်ကျိုးပြည်နယ်တစ်ခုလုံးက ဖြေဆိုသူတွေရဲ့ ၁၀ပုံ၁ပုံကို နေရာယူထားတယ်"

    ရန်ကျိုးပြည်နယ်တစ်ခုလုံးက စာမေးပွဲဖြေဆိုသူတွေရဲ့၁၀ပုံ၁ပုံကို နေရာယူထားတာကိုကြည့်တာနဲ့ ကျင်းဟွာမြို့ရဲ့ အင်အားကြီးမှုကို သက်သေပြနိုင်ပါတယ် ခွန်အားဘဲဖြစ်ဖြစ် ပါရမီရှင်အရည်အတွက်ဘဲဖြစ်ဖြစ် ဒီမြို့ကတခြားမြို့တွေရဲ့အထက်မှာ လှှမျးမျိုးထားပါတယျ

     ချူရွန်းကလည်း ခေါင်းငြိမ့်လိုက်တယ် ကျင်းဟွာမြို့ကိုရောက်ပြီးနောက်မှာ အဆောက်အဦးမြင့်ကြီးတွေ အကြီးကြီးတွေကိုနေရာတိုင်းမှာတွေ့ရပြီး စည်ကားမှုက ထိရန်ရှုရီမြို့ထက်ကို၁၀ဆသာတာကို တွေ့လိုက်ရပါတယ်

    "မြန်မြန်ကြည့်လိုက်ကြစမ်း ကျင်းဟွာမြို့ရဲ့စာမေးပွဲဖြေဆိုသူတွေရောက်လာကြပြီ" ဂျန်းရရူကအဝေးကို လက်ညိုးထိုးပြလိုက်တယ်

    အဲ့ဒီ့အချိန်မှာ တခြားမြိုတွေရဲ့ စာမေးပွဲဖြေဆိုသူတွေက တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပါတယ် ဒါပေမယ့်လည်း ကျင်းဟွာမြို့ကလူတွေကတော့ နောက်ဆုံးအသုတ်ဖြစ်ပါတယ် လူတစ်ထောင်ကျော်ရှိတဲ့သူတို့အဖွဲ့က ကြီးကျယ်ခမ်းနားစွာနဲ့ ဇိမ်ခံကားတွေပေါ်ကနေခေါင်းမော့ပြီးဆင်းလာကြကာ မောက်မာစွာနဲ့တခြားကျောင်းသားတွေကိုတောင်မကြည့်ဘဲ ကျင်းဟွာမြို့ရဲ့ ကျောင်းသားတွေစုဝေးရာနေရာကို တိုက်ရိုက်သွားလိုက်ကြတယ်

    "မိုက်တယ်ကွာ တကယ်ခမ်းနားလွန်းတယ်"

    "ကျင်းဟွာမြို့ရဲ့ကျောင်းသားတွေပီသပေတယ် တစ်ယောက်ချင်းရဲ့ချီနဲ့ သွေးတွေက ကြောက်ဖို့ကောင်းတယ်"

    "ဘုရားတွေသူတို့ထဲမှာ သိုင်းပညာရှင်တွေအများကြီးဘဲ သိုင်ပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ အဆင့်၃တွေတောင်ပါပြီး ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းနဲ့တင် ငါတို့ထက်သာလွန်သွားပြီ"

    "ဒီလူတွေဘယ်လိုကျင့်ကြံလိုက်ကြတာလဲ သိုင်းပညာရှင်အဆင့်ဆိုရင် ငါတို့မြို့မှာ နံပါတ်တစ်ကျောင်းသားဖြစ်ဖို့လုံလောက်တယ် ဒါပေမယ့် ကျင်းဟွာမြို့မှာတော့ အဲ့လိုပါရမီရှင်တွေတစ်ပုံတစ်ခေါင်းဘဲ"
  
    "ဘာမှမတတ်နိုင်ဘူးလေ ကျင်းဟွာမြို့ရဲ့သဘာဝအရင်းအမြစ်တွေက အရမ်းကြွယ်ဝပြီး သိုင်းဆရာအဆင့်တွေ ဂရန်းမာစတာအဆင့်ဆရာတွေရဲ့ ညွှန်ကြားပေးမှုနဲ့ လေ့ကငြျ့ရေးပစ်စညျးတှအေမွောကျအမြားရျှိတာကိုး တန်ဖိုးကြီးဆေးဝါးပေါင်းစုံလည်း ရှိတော့ ငါတို့ကျေးလက်ဒေသကလူတွေဘယ်လိုယှဥ်နိုင်မှာလဲ"

    "အားလုံးဘဲမရယ်ကြနဲ့နော် ငါ့မြို့မှာငါက ပိုင်ဆိုင်မှုကုဋေတစ်ထောင်ကျော်ချမ်းသာတဲ့ အထက်တန်းလွှာမျိုးနွယ်စုကဘဲ ဒါပေမယ့်ဒီကျင်းဟွာမြို့က စာမေးပွဲဝင်ဖြေသူတွေနဲ့ယှဥ်ရင် ငါကမြေကြီးနာထဲကနွားချေးပိုးသာသာဘဲရှိတယ်"
 
    "ဒါရန်ကျိုးပြည်နယ်မြို့တော်က စာမေးပွဲဖြေဆိုသူရဲ့ခွန်အားဘဲ အရမ်းကြောက်စရာကောင်းတယ်"

    "အဲ့တာကြောင့်မို့လည်း မြို့တော်ကစာမေးပွဲဖြေဆိုသူတွေက နှစ်စဥ်နှစ်တိုင်းရန်ဟွမ်တက္ကသိုလ်ကို တစ်ပုံတစ်ခေါင်းဝင်နိုင်ကြတာကိုး ဒါပေမယ့်ငါတို့လိုသာမန်မြို့တွေမှာတော့ အယောက်အနည်းငယ်လောက် ဝင်နိုင်ရင်ဘဲဂုဏ်ယူစရာကောင်းနေပြီ"

     ကျင်းဟွာမြို့က စာမေးပွဲဖြေဆိုသူတွေရောက်လာတာနဲ့ လူတွေအားလုံးကတိတ်ဆိတ်သွားကြပြီး ဒီစာမေးပွဲဖြေဆိုသူတွေရဲ့ခွန်အားကိုတွေ့ကာထိတ်လန့်သွားကြတယ် ကျေးလက်တောသားတွေက အထက်တန်းလွှာတွေကိုမြင်သလို သူတို့တွေကအသက်တောင်ခပ်ပြင်းပြင်းမရှူရဲကြပါဘူး

    တစ်ဖက်လူတွေက မောကျမာမွငျ့မားတဲ့အောျရာတှရျှေိရုံမကဘဲ အရေးကြီးဆုံးက ပြိုက်ဘက်ကင်းခွန်အားရှိပါတယ် ဒီကွာခြားချက်နဲ့တင် စာမေးပွဲဖြေဆိုအများအပြားကို အံ့အားသင့်သွားစေပါတယ်

    အကြောင်းကတော့ သူတို့တွေလိုသိုင်းပညာသင်အဆင့်၈ အဆင့်၉ တွေက သိုင်းပညာရှင်တစ်အုပ်နဲ့ရင်ဆိုင်ရင် တစ်ဖက်လူရဲ့လွှမ်းမိုးခံရပြီး ကွာခြားချက်ကကြီးမားလွန်းပါတယ်

    "မြန်မြန်ကြည့်လိုက်ကြစမ်း"
     တစ်စုံတစ်ယောက်က အထိတ်တန့်နဲ့အော်လိုက်တယ် "အဲ့တာကျင်းဟွာမြို့ရဲ့နံပါတ်တစ်မျိုးနွယ်စုဖြစ်တဲ့ ရှူမိသားစုရဲ့တိုက်ရိုက်မျိုးဆက်ရှူယန်းဘဲ သူကကျင်းဟွာနံပါတ်၁အထက်တန်းကျောင်းကဖြစ်ပြီး သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၃ကိုရောက်နေကာ ခွန်အားကလည်းကြောက်ဖို့ကောင်းတဟ်တဲ့"

    သူကလူအုပ်ရှေ့ဆုံးမှာရှိတဲ့ အရပ်မြင့်မြင့်နဲ့လူငယ်လေးကို လက်ညှိုးထိုးလိုက်တယ် ဒီလူငယ်လေးကတန်ဖိုးကြီးဝတ်စုံကိုဝတ်ဆင်ထားပြီး ဘေးမှာအခြေအရံတွေဝန်းရုံထားပုံက လကိုကြယ်တွေဝန်းရံထားသလို လူထုရဲ့အာရုံစိုက်စရာဖြစ်နေပါတယ်

   "ကျင်းဟွာမြို့ရှူမိသားစုလား ဒါကကြောက်စရာကောင်းတဲ့မျိုးနွယ်စုကြီးဘဲ ငါကြားတာတော့ မိသားစုခေါင်းဆောင်ရှုအန်က ကျင်းဟွာမြို့တော်ဝန်ဖြစ်ပြီးအနာဂတ်မှာ ရန်ကျိုးပြည်နယ်ရဲ့ခရိုင်အကြီးအကဲဖြစ်လာနိုင်ဖို့အခွင့်အရေးရှိကာ သြဇာအာဏာအတော်ကြီးမားတယ်တဲ့"

    "ပြောကြတာတော့ ရှူမိသားစုမှာ ပါရမီရှင်တွေပေါများပြီး ရှူယန်းလိုခွန်အားကြီးတဲ့သူတောင် ထိပ်ဆုံးဆယ်ယောက်ဘဲဝင်တယ်တဲ့ သူ့ထက်ကိုလအနည်းငယ်ကြီးတဲ့ ဝမ်းကွဲမောင်နှမ ရှူယန်ကျီအန်က သိုင်းပညာရှင်အဆင့်၄ကိုရောက်နေပြီး ရန်ကျိုးပြည်နယ်တစ်ခုလုံးကစာမေးပွဲဖြေဆိုသူတွေထဲမှာ နံပါတ်တစ်ဘဲတဲ့ ဒါပေမယ့်ဒီစားသောက်ပွဲကို သူမကြိုက်လို့မလာဘူးတဲ့"

    "ရှူမိသားစုအပြင်ကျင်းဟွာမြို့ရဲ့ တခြားမျိုးနွယ်စုကြီးတွေက လူငယ်လေးတွေအများကြီးလာတယ် တစ်ယောက်ချင်းစီက ကျင်းဟွာမြို့အကြီးအကဲတွေရဲ့သားစဥ်မြေးဆက်တွေဖြစ်ပြီး ဟူအောင်မိသားစု လီမသားစု ချန်းမိသားစု
မမိသားစု စတဲ့ကျင်းဟွာမြို့သြဇာအကြီးဆုံးမိသားစုတွေကတဲ့ ဒီလူတွေကကျင်းဟွာမြို့ရဲ့ အနာဂတ်ဖြစ်ပြီး ရန်ကျိုးပြည်နယ်တစ်ခုလုံးရဲ့အနာဂတ်လို့တောင် ပြောလို့ရတယ်"

     "အကယ်၍ဒီလူတွေနဲ့သာ ဆက်ဆံရေးကောင်းအောင်တည်ဆောက်နိုင်ရင် အနာဂတျမှာငါတို့အတှကျပူစရာမရျှိတော့ဘူး"

     လူတွေက အချင်းချင်းပြောဆိုလိုက်ကြတယ် သူတို့အများစုက အထက်တန်းလွှာမိသားစုတွေကဖြစ်တာကြောင့် ခလေးဘဝတည်းက မိသားစုလူကြီးတွေရဲ့သင်ကြားပေးမှုကြောင့် ကျင်းဟွာမြို့အထက်တန်းလွှာမိသားစုတွေနဲ့ပက်သက်တဲ့အချက်အလက်တွေကို သိထားကြပါတယ်

    သူတို့တွေမသိချင်ရင်တောင်မှ မိသားစုလူကြီးတွေက အတင်းအကြပ်ဒီဗဟုသုတတွေကိုသင်ကြားပေးခဲ့ပါတယ်
 
    အဲ့ဒီချိန်မှာ ကျင်းဟွာမြို့စာမေးပွဲဖြေဆိုသူတွေလည်း စားသောက်ပွဲထဲကိုရောက်လာကြပြီး ဝိုင်းဖွဲ့လိုက်ကြတဟ်

    "ဟမ့် ဒီပျင်းစရာကောင်းတဲ့ပွဲကို လာရမယ်လို့မထင်ထားဘူး" ရှုယန်းက ပတ်ပတ်လည်ကလူတွေကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ကာ "ဒီလူတွေကသိုင်းပညာရှင်အဆင့်ခွန်အားတောင်မရှိဘဲနဲ့ ရန်ဟွမ်တက္ကသိုလ်စာမေးပွဲကိုလာဖြေရဲတယ် သေချင်နေကြတာဘဲ"

   "နှစ်တိုင်းနှစ်တိုင်း ရန်ဟွမ်တက္ကသိုလ်စာမေးပွဲတွေမှာ သေဆုံးမှုနှုန်းမြင့်တာ ဒီသေဖို့လာကြတဲ့ ကျေးလက်ဒေသကသောက်ရူးတွေကြောင့်ဘဲ "

   သူကတခြားမြို့က စာမေးပွဲဖြေဆိုသူတွေကိုအထင်သေးစွာနဲ့ကြည့်လိုက်ကာ ပါးစပ်ကနေလည်း မောက်မာတဲ့စကားတွေပြောလိုက်တယ်

   "သခင်လေးရှု အဲ့လိုပြောလို့မရဘူး ဒီအရူးတွေသာဝင်မပြိုင်ရင် ငါတို့ကျင်းဟွာမြို့က ခွန်အားကြီးတာကို လူတွေဘယ်လိုသိမှာလဲ"

   "ဟုတ်တယ် ဟုတ်တယ် အဲ့လောက်ထိစိတ်မပျက်နဲ့ သူတို့ဒီကိုလာမှတော့ငါတို့အတွက်ဖျော်ဖြေပေးသလိုဖြစ်တာပေါ့"

   "တခြားမြို့က စာမေးပွဲဖြေဆိုသူတွေက ခွန်အားနည်းပေမယ့် မိန်းမချောလေးတွေအများကြီးပါတယ် ဒီကျေးလက်ဒေသကနေလာတဲ့ မိန်းခလေးတွေက ကမ္ဘာကြီးကိုသိပ်ပြီးမမြင်ဖူးသေး ဘူး ဒီဆော်လေးတွေကိုငါတို့ချိတ်ပြီး အိပ်ယာပေါ်ကောက်တင်လို့ရတယ်"

   "ဒီလိုအသုံးချတာက ပိုပြီးအကျိုးသက်ရောက်မှုရှိတယ် အနည်းဆုံးတော့ပိုက်ဆံပေးစရာမလိုဘူးပေါ့"

    ကျင်းဟွာမြို့ရဲ့ အကြီးအကဲမျိုးဆက်တွေက တဟားဟားနဲ့ပြောကာ ရယ်လိုက်ကြတယ်

     "မင်းတို့ပြောတာမှန်တယ်"  ရှုယန်းက ဝိုင်တစ်ခွက်ကောက်မော့ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်တာနဲ့ အရည်သွေးကောင်းတဲ့မိန်းမချောလေးတွေကိုတွေ့ပြီး စိတ်တွေကြည်လင်သွားတယ် သူဒီကိုလာတဲ့အဓိကရည်ရွယ်ချက်က ဆော်လေးတွေကို အမဲလိုက်ဖို့ဖြစ်ပါတယ်

   
                           ..........................
Zg
=======
အပိုင္း( ၂၂၇)     ပါရမီရွင္ေတြရဲ႕စားေသာက္ပြဲ

    ပါရမီရွင္ေတြအတြက္စားေသာက္ပြဲက်င္းပတဲ့   ဇိမ္ခံစံအိမ္ႀကီးမွာေတာ့ -

     ရန္က်ိဳးေဒသက အဓိကစာေမးပြဲေျဖဆိုသူေတြအနည္းဆုံးအေယာက္တစ္ေသာင္းေလာက္ ဒီေနရာမွာ စုေဝးေနၾကပါတယ္ ကံေကာင္းစြာနဲ႕  စံအိမ္မ်က္ႏွာျပင္ဧရိယာကအလြန္က်ယ္ေျပာပါတယ္ မဟုတ္ရင္ဒီေလာက္လူအမ်ားႀကီးကို ဆံ့နိုင္မွာမဟုတ္ပါဘူး

    ရန္ဟြမ္တကၠသိုလ္စာေမးပြဲဝင္ေရာက္ေျဖဆိုသူေတြက မ်ားေပမယ့္ အမ်ားစုကကိုယ့္ၿမိဳ႕နယ္အလိုက္ အုပ္စုေလးေတြဖြဲ႕ၿပီးအသီးသီး စုေဝးေနၾကပါတယ္
  
    အုပ္စုတစ္ဖြဲ႕စီရဲ႕အေရွ႕မွာ စားပြဲခုံေတြကိုအစဥ္အတိုင္းခင္းထားၿပီး စားပြဲေပၚမွာေတာ့အရသာရွိတဲ့အစားစာေတြနဲ႕ ရနံ႕ေမႊးႀကိဳင္တဲ့ေသာက္စရာမ်ားစြာကို ခင္းက်င္းထားပါတယ္

    စားေသာက္ပြဲမွာရွိတဲ့အစားအစာေတြကို စာေမးပြဲေျဖဆိုသူေတြက ကိုယ့္ပန္းကန္နဲ႕ကိုယ္ ႀကိဳက္တာထည့္စားလို႔ရပါတယ္
 
    "ရန္က်ိဳးေဒသတစ္ခုလုံးမွာ ရန္ဟြမ္တကၠသိုလ္စာေမးပြဲဝင္ေျဖတဲ့သူ ဒီေလာက္နည္းမယ္လို႔မထင္ထားဘူး " ရွပင္ ၾကက္ေပါင္တစ္ခုကိုတကြၽက္ကြၽက္နဲ႕ကိုက္စားၿပီး ပတ္ပတ္လည္ကိုစိတ္ႀကိဳက္ၾကည့္လိုက္ပါတယ္

    ရန္က်ိဳးျပည္နယ္တစ္ခုလုံးက ၿမိဳ႕ေပါင္းတစ္ရာေက်ာ္မွာ အေယာက္၁၀၀၀၀ေက်ာ္ေလာက္ဘဲ စာေမးပြဲဝင္ေျဖတာက တကယ္ကိုနည္းပါတယ္

   "တကယ္ဘဲ နည္းတာေတာ့အမွန္ဘဲ ဘာလို႔လဲဆိုေတာ့ရန္ဟြမ္တကၠသိုလ္စာေမးပြဲက အရမ္းအႏၱရာယ္မ်ားၿပီး ေသဆုံးနိုင္ေခ်က၅၀%အထက္ရွိေတာ့ ေက်ာင္းသားအမ်ားအျပား တြန့္ဆုတ္ၿပီးဝင္မၿပိဳင္ရဲၾကေတာ့ဘူးေလ" ဂ်န္းရ႐ူကလည္းလင္ဗန္းတစ္ခ်က္ကိုကိုင္ၿပီး အနီးကစားစရာေတြေကာက္ထည့္ရင္း ေျပာလိုက္တယ္

    "ဟမ့္ သတၱိမရွိတဲ့ငေၾကာက္အုပ္စုေတြ" ခ်ဴ႐ြန္းကလည္း သီးစုံေရခြဲ႕မုန္တစ္ခြက္ကိုစားၿပီး ေက်နပ္ကာ "ေသခ်ာၾကည့္လိုက္ေလ တျခားစာေမးပြဲေျဖဆိုသူေတြလည္း ငါတို႔နဲ႕ဘာမွမျခားသလို ခြန္အားလဲသိပ္မကြာဘူး"

    "တျခားၿမိဳ႕ေတြနဲ႕ ထိရန္ရႈရီၿမိဳ႕ရဲ႕အတိုင္းအတာက အမ်ားႀကီးမကြာျခားဘူးေလ တိုးတက္မႈလည္းတူတူေလာက္ဘဲ အဲ့တာေၾကာင့္မို႔ စာေမးပြဲေျဖဆိုသူေတြရဲ႕ ခြန္အားေတြကလည္းအတူတူေလာက္ဘဲ တစ္ေယာက္ခ်င္းစီေတာ့မတူညီက်ေပမယ့္ ေယဘုယ်အားျဖစ္တူတူေလာက္ပါဘဲ"

     ညပြဲတက္ဝတ္စုံကိုဝတ္ဆင္ထားတဲ့ နန္ဂုန္ဝူကက်က္သေရရွိစြာနဲ႕အနီေရာင္ဝိုင္ခြက္ကိုကိုင္ကာ "ဒါေပမယ့္ က်န္းဟြာၿမိဳ႕ကေတာ့ အဲ့လိုမဟုတ္ဘူး ရန္က်ိဳးျပည္နယ္တစ္ခုလုံးရဲ႕ ၿမိဳ႕ေတာ္ျဖစ္တာေၾကာင့္ နိုင္ငံေရးစည္းပြားေရးယဥ္ေက်းမႈအခ်က္အခ်ာက်ၿပီး လူဦးေရကလည္း ကုေဋတစ္ရာေက်ာ္ရွိတဲ့စူပါၿမိဳ႕ႀကီးျဖစ္ၿပီး မေရတြက္နိုင္တဲ့အထက္တန္းလႊာမိသားစု မ်ိဳးႏြယ္စုေတြက ဒီေနရာအေျခခ်ၾကတယ္"

    "ဒီေနရာမွာ သိုင္းပညာကြၽမ္းက်င္သူေတြက တိမ္ေတြလိုေပါမ်ားၿပီး ပါရမီရွင္ေတြလည္းအမ်ားႀကီးဘဲ ဒီၿမိဳ႕ကေနရန္ဟြမ္တကၠသိုလ္စာေမးပြဲဝင္ေျဖတဲ့သူေတြေတာင္ အေယာက္၁၀၀၀ေက်ာ္ရွိၿပီး ရန္က်ိဳးျပည္နယ္တစ္ခုလုံးက ေျဖဆိုသူေတြရဲ႕ ၁၀ပုံ၁ပုံကို ေနရာယူထားတယ္"

    ရန္က်ိဳးျပည္နယ္တစ္ခုလုံးက စာေမးပြဲေျဖဆိုသူေတြရဲ႕၁၀ပုံ၁ပုံကို ေနရာယူထားတာကိုၾကည့္တာနဲ႕ က်င္းဟြာၿမိဳ႕ရဲ႕ အင္အားႀကီးမႈကို သက္ေသျပနိုင္ပါတယ္ ခြန္အားဘဲျဖစ္ျဖစ္ ပါရမီရွင္အရည္အတြက္ဘဲျဖစ္ျဖစ္ ဒီၿမိဳ႕ကတျခားၿမိဳ႕ေတြရဲ႕အထက္မွာ လွှမ်းမ်ိုးထားပါတယ်

     ခ်ဴ႐ြန္းကလည္း ေခါင္းၿငိမ့္လိုက္တယ္ က်င္းဟြာၿမိဳ႕ကိုေရာက္ၿပီးေနာက္မွာ အေဆာက္အဦးျမင့္ႀကီးေတြ အႀကီးႀကီးေတြကိုေနရာတိုင္းမွာေတြ႕ရၿပီး စည္ကားမႈက ထိရန္ရႈရီၿမိဳ႕ထက္ကို၁၀ဆသာတာကို ေတြ႕လိုက္ရပါတယ္

    "ျမန္ျမန္ၾကည့္လိုက္ၾကစမ္း က်င္းဟြာၿမိဳ႕ရဲ႕စာေမးပြဲေျဖဆိုသူေတြေရာက္လာၾကၿပီ" ဂ်န္းရ႐ူကအေဝးကို လက္ညိုးထိုးျပလိုက္တယ္

    အဲ့ဒီ့အခ်ိန္မွာ တျခားၿမိဳေတြရဲ႕ စာေမးပြဲေျဖဆိုသူေတြက တစ္ေယာက္ၿပီးတစ္ေယာက္ေရာက္လာၾကပါတယ္ ဒါေပမယ့္လည္း က်င္းဟြာၿမိဳ႕ကလူေတြကေတာ့ ေနာက္ဆုံးအသုတ္ျဖစ္ပါတယ္ လူတစ္ေထာင္ေက်ာ္ရွိတဲ့သူတို႔အဖြဲ႕က ႀကီးက်ယ္ခမ္းနားစြာနဲ႕ ဇိမ္ခံကားေတြေပၚကေနေခါင္းေမာ့ၿပီးဆင္းလာၾကကာ ေမာက္မာစြာနဲ႕တျခားေက်ာင္းသားေတြကိုေတာင္မၾကည့္ဘဲ က်င္းဟြာၿမိဳ႕ရဲ႕ ေက်ာင္းသားေတြစုေဝးရာေနရာကို တိုက္ရိုက္သြားလိုက္ၾကတယ္

    "မိုက္တယ္ကြာ တကယ္ခမ္းနားလြန္းတယ္"

    "က်င္းဟြာၿမိဳ႕ရဲ႕ေက်ာင္းသားေတြပီသေပတယ္ တစ္ေယာက္ခ်င္းရဲ႕ခ်ီနဲ႕ ေသြးေတြက ေၾကာက္ဖို႔ေကာင္းတယ္"

    "ဘုရားေတြသူတို႔ထဲမွာ သိုင္းပညာရွင္ေတြအမ်ားႀကီးဘဲ သိုင္ပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၂ အဆင့္၃ေတြေတာင္ပါၿပီး က်င့္ႀကံျခင္းအဆင့္တစ္ခုတည္းနဲ႕တင္ ငါတို႔ထက္သာလြန္သြားၿပီ"

    "ဒီလူေတြဘယ္လိုက်င့္ႀကံလိုက္ၾကတာလဲ သိုင္းပညာရွင္အဆင့္ဆိုရင္ ငါတို႔ၿမိဳ႕မွာ နံပါတ္တစ္ေက်ာင္းသားျဖစ္ဖို႔လုံေလာက္တယ္ ဒါေပမယ့္ က်င္းဟြာၿမိဳ႕မွာေတာ့ အဲ့လိုပါရမီရွင္ေတြတစ္ပုံတစ္ေခါင္းဘဲ"
  
    "ဘာမွမတတ္နိုင္ဘူးေလ က်င္းဟြာၿမိဳ႕ရဲ႕သဘာဝအရင္းအျမစ္ေတြက အရမ္းႂကြယ္ဝၿပီး သိုင္းဆရာအဆင့္ေတြ ဂရန္းမာစတာအဆင့္ဆရာေတြရဲ႕ ၫႊန္ၾကားေပးမႈနဲ႕ လေ့ကျင့်ရေးပစ္စည်းတွေအမြောက်အများရှ်ိတာကိုး တန္ဖိုးႀကီးေဆးဝါးေပါင္းစုံလည္း ရွိေတာ့ ငါတို႔ေက်းလက္ေဒသကလူေတြဘယ္လိုယွဥ္နိုင္မွာလဲ"

    "အားလုံးဘဲမရယ္ၾကနဲ႕ေနာ္ ငါ့ၿမိဳ႕မွာငါက ပိုင္ဆိုင္မႈကုေဋတစ္ေထာင္ေက်ာ္ခ်မ္းသာတဲ့ အထက္တန္းလႊာမ်ိဳးႏြယ္စုကဘဲ ဒါေပမယ့္ဒီက်င္းဟြာၿမိဳ႕က စာေမးပြဲဝင္ေျဖသူေတြနဲ႕ယွဥ္ရင္ ငါကေျမႀကီးနာထဲကႏြားေခ်းပိုးသာသာဘဲရွိတယ္"
 
    "ဒါရန္က်ိဳးျပည္နယ္ၿမိဳ႕ေတာ္က စာေမးပြဲေျဖဆိုသူရဲ႕ခြန္အားဘဲ အရမ္းေၾကာက္စရာေကာင္းတယ္"

    "အဲ့တာေၾကာင့္မို႔လည္း ၿမိဳ႕ေတာ္ကစာေမးပြဲေျဖဆိုသူေတြက ႏွစ္စဥ္ႏွစ္တိုင္းရန္ဟြမ္တကၠသိုလ္ကို တစ္ပုံတစ္ေခါင္းဝင္နိုင္ၾကတာကိုး ဒါေပမယ့္ငါတို႔လိုသာမန္ၿမိဳ႕ေတြမွာေတာ့ အေယာက္အနည္းငယ္ေလာက္ ဝင္နိုင္ရင္ဘဲဂုဏ္ယူစရာေကာင္းေနၿပီ"

     က်င္းဟြာၿမိဳ႕က စာေမးပြဲေျဖဆိုသူေတြေရာက္လာတာနဲ႕ လူေတြအားလုံးကတိတ္ဆိတ္သြားၾကၿပီး ဒီစာေမးပြဲေျဖဆိုသူေတြရဲ႕ခြန္အားကိုေတြ႕ကာထိတ္လန့္သြားၾကတယ္ ေက်းလက္ေတာသားေတြက အထက္တန္းလႊာေတြကိုျမင္သလို သူတို႔ေတြကအသက္ေတာင္ခပ္ျပင္းျပင္းမရႉရဲၾကပါဘူး

    တစ္ဖက္လူေတြက မောက်မာမြင့်မားတဲ့အော်ရာတွေရှ်ိရုံမကဘဲ အေရးႀကီးဆုံးက ၿပိဳက္ဘက္ကင္းခြန္အားရွိပါတယ္ ဒီကြာျခားခ်က္နဲ႕တင္ စာေမးပြဲေျဖဆိုအမ်ားအျပားကို အံ့အားသင့္သြားေစပါတယ္

    အေၾကာင္းကေတာ့ သူတို႔ေတြလိုသိုင္းပညာသင္အဆင့္၈ အဆင့္၉ ေတြက သိုင္းပညာရွင္တစ္အုပ္နဲ႕ရင္ဆိုင္ရင္ တစ္ဖက္လူရဲ႕လႊမ္းမိုးခံရၿပီး ကြာျခားခ်က္ကႀကီးမားလြန္းပါတယ္

    "ျမန္ျမန္ၾကည့္လိုက္ၾကစမ္း"
     တစ္စုံတစ္ေယာက္က အထိတ္တန့္နဲ႕ေအာ္လိုက္တယ္ "အဲ့တာက်င္းဟြာၿမိဳ႕ရဲ႕နံပါတ္တစ္မ်ိဳးႏြယ္စုျဖစ္တဲ့ ရႉမိသားစုရဲ႕တိုက္ရိုက္မ်ိဳးဆက္ရႉယန္းဘဲ သူကက်င္းဟြာနံပါတ္၁အထက္တန္းေက်ာင္းကျဖစ္ၿပီး သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၃ကိုေရာက္ေနကာ ခြန္အားကလည္းေၾကာက္ဖို႔ေကာင္းတဟ္တဲ့"

    သူကလူအုပ္ေရွ႕ဆုံးမွာရွိတဲ့ အရပ္ျမင့္ျမင့္နဲ႕လူငယ္ေလးကို လက္ညွိုးထိုးလိုက္တယ္ ဒီလူငယ္ေလးကတန္ဖိုးႀကီးဝတ္စုံကိုဝတ္ဆင္ထားၿပီး ေဘးမွာအေျခအရံေတြဝန္း႐ုံထားပုံက လကိုၾကယ္ေတြဝန္းရံထားသလို လူထုရဲ႕အာ႐ုံစိုက္စရာျဖစ္ေနပါတယ္

   "က်င္းဟြာၿမိဳ႕ရႉမိသားစုလား ဒါကေၾကာက္စရာေကာင္းတဲ့မ်ိဳးႏြယ္စုႀကီးဘဲ ငါၾကားတာေတာ့ မိသားစုေခါင္းေဆာင္ရႈအန္က က်င္းဟြာၿမိဳ႕ေတာ္ဝန္ျဖစ္ၿပီးအနာဂတ္မွာ ရန္က်ိဳးျပည္နယ္ရဲ႕ခရိုင္အႀကီးအကဲျဖစ္လာနိုင္ဖို႔အခြင့္အေရးရွိကာ ၾသဇာအာဏာအေတာ္ႀကီးမားတယ္တဲ့"

    "ေျပာၾကတာေတာ့ ရႉမိသားစုမွာ ပါရမီရွင္ေတြေပါမ်ားၿပီး ရႉယန္းလိုခြန္အားႀကီးတဲ့သူေတာင္ ထိပ္ဆုံးဆယ္ေယာက္ဘဲဝင္တယ္တဲ့ သူ႕ထက္ကိုလအနည္းငယ္ႀကီးတဲ့ ဝမ္းကြဲေမာင္ႏွမ ရႉယန္က်ီအန္က သိုင္းပညာရွင္အဆင့္၄ကိုေရာက္ေနၿပီး ရန္က်ိဳးျပည္နယ္တစ္ခုလုံးကစာေမးပြဲေျဖဆိုသူေတြထဲမွာ နံပါတ္တစ္ဘဲတဲ့ ဒါေပမယ့္ဒီစားေသာက္ပြဲကို သူမႀကိဳက္လို႔မလာဘူးတဲ့"

    "ရႉမိသားစုအျပင္က်င္းဟြာၿမိဳ႕ရဲ႕ တျခားမ်ိဳးႏြယ္စုႀကီးေတြက လူငယ္ေလးေတြအမ်ားႀကီးလာတယ္ တစ္ေယာက္ခ်င္းစီက က်င္းဟြာၿမိဳ႕အႀကီးအကဲေတြရဲ႕သားစဥ္ေျမးဆက္ေတြျဖစ္ၿပီး ဟူေအာင္မိသားစု လီမသားစု ခ်န္းမိသားစု
မမိသားစု စတဲ့က်င္းဟြာၿမိဳ႕ၾသဇာအႀကီးဆုံးမိသားစုေတြကတဲ့ ဒီလူေတြကက်င္းဟြာၿမိဳ႕ရဲ႕ အနာဂတ္ျဖစ္ၿပီး ရန္က်ိဳးျပည္နယ္တစ္ခုလုံးရဲ႕အနာဂတ္လို႔ေတာင္ ေျပာလို႔ရတယ္"

     "အကယ္၍ဒီလူေတြနဲ႕သာ ဆက္ဆံေရးေကာင္းေအာင္တည္ေဆာက္နိုင္ရင္ အနာဂတ်မှာငါတို့အတွက်ပူစရာမရှ်ိတော့ဘူး"

     လူေတြက အခ်င္းခ်င္းေျပာဆိုလိုက္ၾကတယ္ သူတို႔အမ်ားစုက အထက္တန္းလႊာမိသားစုေတြကျဖစ္တာေၾကာင့္ ခေလးဘဝတည္းက မိသားစုလူႀကီးေတြရဲ႕သင္ၾကားေပးမႈေၾကာင့္ က်င္းဟြာၿမိဳ႕အထက္တန္းလႊာမိသားစုေတြနဲ႕ပက္သက္တဲ့အခ်က္အလက္ေတြကို သိထားၾကပါတယ္

    သူတို႔ေတြမသိခ်င္ရင္ေတာင္မွ မိသားစုလူႀကီးေတြက အတင္းအၾကပ္ဒီဗဟုသုတေတြကိုသင္ၾကားေပးခဲ့ပါတယ္
 
    အဲ့ဒီခ်ိန္မွာ က်င္းဟြာၿမိဳ႕စာေမးပြဲေျဖဆိုသူေတြလည္း စားေသာက္ပြဲထဲကိုေရာက္လာၾကၿပီး ဝိုင္းဖြဲ႕လိုက္ၾကတဟ္

    "ဟမ့္ ဒီပ်င္းစရာေကာင္းတဲ့ပြဲကို လာရမယ္လို႔မထင္ထားဘူး" ရႈယန္းက ပတ္ပတ္လည္ကလူေတြကိုအထင္ေသးတဲ့အၾကည့္နဲ႕ၾကည့္ကာ "ဒီလူေတြကသိုင္းပညာရွင္အဆင့္ခြန္အားေတာင္မရွိဘဲနဲ႕ ရန္ဟြမ္တကၠသိုလ္စာေမးပြဲကိုလာေျဖရဲတယ္ ေသခ်င္ေနၾကတာဘဲ"

   "ႏွစ္တိုင္းႏွစ္တိုင္း ရန္ဟြမ္တကၠသိုလ္စာေမးပြဲေတြမွာ ေသဆုံးမႈႏႈန္းျမင့္တာ ဒီေသဖို႔လာၾကတဲ့ ေက်းလက္ေဒသကေသာက္႐ူးေတြေၾကာင့္ဘဲ "

   သူကတျခားၿမိဳ႕က စာေမးပြဲေျဖဆိုသူေတြကိုအထင္ေသးစြာနဲ႕ၾကည့္လိုက္ကာ ပါးစပ္ကေနလည္း ေမာက္မာတဲ့စကားေတြေျပာလိုက္တယ္

   "သခင္ေလးရႈ အဲ့လိုေျပာလို႔မရဘူး ဒီအ႐ူးေတြသာဝင္မၿပိဳင္ရင္ ငါတို႔က်င္းဟြာၿမိဳ႕က ခြန္အားႀကီးတာကို လူေတြဘယ္လိုသိမွာလဲ"

   "ဟုတ္တယ္ ဟုတ္တယ္ အဲ့ေလာက္ထိစိတ္မပ်က္နဲ႕ သူတို႔ဒီကိုလာမွေတာ့ငါတို႔အတြက္ေဖ်ာ္ေျဖေပးသလိုျဖစ္တာေပါ့"

   "တျခားၿမိဳ႕က စာေမးပြဲေျဖဆိုသူေတြက ခြန္အားနည္းေပမယ့္ မိန္းမေခ်ာေလးေတြအမ်ားႀကီးပါတယ္ ဒီေက်းလက္ေဒသကေနလာတဲ့ မိန္းခေလးေတြက ကမၻာႀကီးကိုသိပ္ၿပီးမျမင္ဖူးေသး ဘူး ဒီေဆာ္ေလးေတြကိုငါတို႔ခ်ိတ္ၿပီး အိပ္ယာေပၚေကာက္တင္လို႔ရတယ္"

   "ဒီလိုအသုံးခ်တာက ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိတယ္ အနည္းဆုံးေတာ့ပိုက္ဆံေပးစရာမလိုဘူးေပါ့"

    က်င္းဟြာၿမိဳ႕ရဲ႕ အႀကီးအကဲမ်ိဳးဆက္ေတြက တဟားဟားနဲ႕ေျပာကာ ရယ္လိုက္ၾကတယ္

     "မင္းတို႔ေျပာတာမွန္တယ္"  ရႈယန္းက ဝိုင္တစ္ခြက္ေကာက္ေမာ့ၿပီး ပတ္ပတ္လည္ကိုၾကည့္လိုက္တာနဲ႕ အရည္ေသြးေကာင္းတဲ့မိန္းမေခ်ာေလးေတြကိုေတြ႕ၿပီး စိတ္ေတြၾကည္လင္သြားတယ္ သူဒီကိုလာတဲ့အဓိကရည္႐ြယ္ခ်က္က ေဆာ္ေလးေတြကို အမဲလိုက္ဖို႔ျဖစ္ပါတယ္

   
                           ..........................

Продолжить чтение

Вам также понравится

123K 15.1K 200
Fb page name=God level demon ဒီစာစဥ်လေးကတော့ စနစ်စာစဥ်လေးတစ်ခုဖြစ်ပါတယ်။ရှပင်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က လူတွေရဲ့မုန်းတီးခြင်းတွေကို ရယူတဲ့...
4.7K 469 4
အကို႔ကို ခ်စ္​လိုက္​တာ... အကို့ကို ချစ်လိုက်တာ... [ SEHUN × BAEKHYUN ]
47.7K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
238K 27.6K 200
(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီး...