Zawgyi Version
"မင္းသမီး... ဒါက ဒီကြၽန္လုပ္ရမယ့္ အရာပါ"
ဖုန္းခ်ီ၏ ျပဳမူလႈပ္ရွားမႈမ်ားသည္ သူ၏ အဆင့္အတန္းနွင့္ ကိုက္ညီသည္။ မုရံုခ်ီခ်ီက စစ္သူႀကီးနဲ႔ မင္းသမီးတို႔ရဲ႕ သမီးဆိုတာ သိေသာအခါ သူသည္ အားလံုးထက္ စိတ္အလႈပ္ရွားဆံုး သူတေယာက္ပင္ ျဖစ္သည္။
ဖုန္းခ်န္၏ အစစ္အမွန္ဇာတိရုပ္ကို သိသူတေယာက္ အေနျဖင့္ ဖုန္းမ်ိဳးရိုး၏ တဦးတည္းေသာ ေသြးသားျဖစ္သူ မုရံုခ်ီခ်ီအား ေတြ႕ရွိသြားေသာအခါ ဒီဖုန္းမ်ိဳးရိုး၏ အႀကီးအကဲတေယာက္အေနျဖင့္ ထိုအရာမွာ အေပ်ာ္႐ႊင္ဆံုးနွင့္ စိတ္အလႈပ္ရွားဆံုးအရာပင္။
မုရံုခ်ီခ်ီေပၚထြက္လာမႈသည္ မူလက ျပတ္ေတာက္သြားေသာ ဖုန္းမ်ိဳးရိုးကို ဆက္လက္နိုင္ၿပီဟု အဓိပၸာယ္ရသည္။ ဖုန္းမိသားစုမွာ မ်ိဳးဆက္တခု ရွိခဲ့ၿပီ။ ဖုန္းမိသားစုတြင္ ေမြးဖြားလာခဲ့ၿပီး ဖုန္းမိသားစုတြင္ ႀကီးျပင္းလာကာ ဖုန္းမိသားစုအေပၚ မ်ိဳးဆက္တဆက္ၿပီး တဆက္ သစၥာေစာင့္သိလာသူ တဦးအေနျဖင့္ အဘယ္မွာ မေပ်ာ္႐ႊင္ဘဲ ေနအံ့သနည္း?
"ဦးေလးဖုန္း..."
ဒီလူေတြကို စိတ္ဓာတ္ကို သိသူတေယာက္အေနျဖင့္ ဒီလူေတြကို ဆက္လက္မျငင္းဆန္နိုင္ေတာ့ေပ။ ဖုန္းခ်ီရဲ႕ ပို႔ေဆာင္မႈျဖင့္ မုရံုခ်ီခ်ီသည္ အေရွ႕ခန္းမေဆာင္သို႔ ေရာက္ရွိလာသည္။
ဝမ္ရမ္လဲ့၏ က်င္းတဲ့က ေလးစားစြာ ေစာင့္ဆိုင္းေနသည္။ မုရံုခ်ီခ်ီ ထြက္လာၿပီး သူမ၏ အံ့အားသင့္ေနေသာ မ်က္နွာကို ၾကည့္ရင္း က်င္းတဲ့သည္ သူ႔ဝိညာဥ္ေတာင္ ေပ်ာက္ဆံုးမတတ္ပင္။ တခဏအတြင္းမွာပင္ က်င္းတဲ့သည္ သူ၏ အရိုအေသတန္မႈကို သတိျပဳမိလိုက္သည္။ သူက သူ႔ေခါင္းကို ျမန္ျမန္ငံု႔ကာ ေတာ္ဝင္အမိန္႔လႊာကို ကိုင္လိုက္သည္။
"အရွင္မင္းႀကီးက ဒါဟာ မင္းသမီးအတြက္ပါလို႔ ေျပာခိုင္းလိုက္ပါတယ္... မင္းသမီးအေနနဲ႔ ဒူးေထာက္ၿပီး အရိုအေသေပးစရာ မလိုသလို ကြၽန္ေတာ္မ်ိဳးအေနနဲ႔လည္း ဖတ္ေပးဖို႔ မလိုအပ္ပါဘူးတဲ့... ဒါကို မင္းသမီးကိုယ္တိုင္ တိုက္ရိုက္ဖတ္ရႈနိုင္ပါတယ္"
မုရံုခ်ီခ်ီက ေတာ္ဝင္အမိန္႔ျပန္တမ္းကို ဖြင့္လိုက္သည္။ ထိုအေပၚတြင္ ဆုလာဘ္ေတာ္နွင့္ သူမမ်ိဳးရိုးအမည္ ျပန္လည္ခံယူျခင္းမွတပါး တျခားမရွိေပ။ ဝမ္ရမ္လဲ့က မုရံုခ်ီခ်ီ၏ အေတြးကို အလြန္ဂရုစိုက္ပံု ေပၚသည္။ သူမ၏ နာမည္ကို မည္သို႔ ေခၚေစခ်င္သည္ဆိုသည့္ သူမအျမင္ကို သူက အမိန္႔ျပန္တမ္းေပၚတြင္ ကိုယ္တိုင္ ေမးျမန္းထားသည္။
"ခုနွစ္လပိုင္း ခုနွစ္ရက္ေန႔မွာ အေမက ကြၽန္မကို ရုန္းကန္ေမြးဖြားခဲ့တယ္ဆိုမွေတာ့ ကြၽန္မကို ခ်ီခ်ီပဲ ဆက္ေခၚၾကပါေစ"
ဖုန္းခ်ီခ်ီ... ဒီနာမည္လည္း မဆိုးပါဘူး! မုရံုခ်ီခ်ီကသူမစိတ္ထဲတြင္ ေတြးေတာေနသည္။
"ဟုတ္ကဲ့ပါ"
က်င္းတဲ့က လ်င္ျမန္စြာ ထိုစကားကို ေရးခ်လိုက္သည္။
ထပ္ၾကည့္မိေသာအခါ ဝမ္ရမ္လဲ့က သူမအား ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို ေပးအပ္ထားငည္။ မုရံုခ်ီခ်ီက ညင္သာစြာ ထိုစာကို ဖတ္လိုက္ရင္း
"ေဆာင္းဦးရွည္ၾကာနန္းေဆာင္ ဟုတ္လား? ၾကင္ယာေတာ္ယြဲ႕က အဲ့ဒီမွာ မေနေတာ့ဘူးလား? ကြၽန္မ အဲ့ဒီမွာ မေနခ်င္ဘူး"
မုရံုခ်ီခ်ီေဘးမွာ ရွိေနသည့္ ဝမ္ရမ္ခန္သည္ သူ႔ခမည္းေတာ္က ေဆာင္းဦးရွည္ၾကာနန္းေဆာင္အား ေပးအပ္လိုက္သည္ဟု ၾကားေသာအခါ သူ႔နွလံုးသားက စည္းခ်က္လြဲသြားသည္။ မ်ိဳးဆက္ေတြ ျဖတ္ေက်ာ္လာၿပီးေနာက္ ေဆာင္းဦးရွည္ၾကာနန္းေဆာင္က မိဖုရားေခါင္မ်ား ေနထိုင္ရာ စံအိမ္ေတာ္ ျဖစ္လာခဲ့သည္။ ထိုေနရာမွာ အေနာက္နန္းေဆာင္ထဲတြင္ ေတာ္ဝင္က်က္သေရေတာ္ကို အမ်ားဆံုး ရရွိရာ ေနရာျဖစ္သည္။ ဒါကို လုပ္ၿပီး ခမည္းေတာ္က ဘာကို ရည္႐ြယ္ခ်င္ေနတာလဲ? ခမည္းေတာ္က မုရံုခ်ီခ်ီကို အလင္းေရာင္ျမင့္ျမင့္မွာ ခ်ဳပ္ေနွာင္ထားခ်င္ေနတာလား...
"မင္းသမီး... ၾကင္ယာေတာ္ယြဲ႕က ဆံုးပါးသြားပါၿပီ... မင္းႀကီးက ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို မင္းသမီးစံအိမ္ေတာ္အေနနဲ႔ လူေတြကို သန္႔ရွင္းခိုင္းထားပါတယ္"
"ကြၽန္မ မလိုခ်င္ဘူး!"
မုရံုခ်ီခ်ီက ေခါင္းကို ခါလိုက္သည္။
"ကြၽန္မ နန္လင္းမင္းသားအိမ္ေတာ္မွာပဲ ေနခ်င္တယ္။ ကြၽန္မ တျခားအိမ္မွာ မေနခ်င္ဘူး"
ေသခ်ာသြားၿပီ... မင္းႀကီး ခန္႔မွန္းခဲ့သလိုပါပဲ... မုရံုခ်ီခ်ီက ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ မေနခ်င္ဘဲ နန္လင္းဝမ္ဖူမွာပဲ ေနခ်င္ခဲ့တယ္။ သို႔ေသာ္ မင္းႀကီးဆိုလိုတာက... က်င္းတဲ့က တံေတြးၿမိဳခ်လိုက္ကာ
"မင္းသမီး... မင္းႀကီးဆိုလိုတာက ရံဖန္ရံခါ နန္းေတာ္ထဲကို လာလို႔ ခဏေလာက္ေနခဲ့ရင္ ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ ေနလို႔ ရတယ္လို႔ ေျပာတာပါ... ေဆာင္းဦးရွည္ၾကာနန္းေဆာင္က ဂုဏ္က်က္သေရအရွိဆံုးနဲ႔ အခမ္းနားဆံုးပါ။ နန္းေတာ္ရဲ႕ အလွပဆံုးအေတာင္ပံလို ျဖစ္ၿပီး မင္းသမီးေလးနဲ႔အသင့္ေတာ္ဆံုးပါ"
"နန္းေတာ္မွာ ခဏေလာက္ ေနမယ္ဆိုရင္ ကြၽန္မက အဘြားေတာ္ရဲ႕ နန္းေဆာင္မွာ ေနလို႔ ရပါတယ္။ ျပန္ၿပီး ဦးရီးေတာ္မင္းႀကီးကိုသာ ေျပာလိုက္ပါ။ ကြၽန္မ ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ မေနခ်င္ဘူး။ လူေတြ ေသေနတဲ့ေနရာက ကံဆိုးတတ္တယ္"
မုရံုခ်ီခ်ီစကားက က်င္းတဲ့အား ကိုယ့္လွ်ာကိုယ္ ျပန္ကိုက္မိမတတ္ ထိတ္လန္႔သြားေစသည္။ ဘယ္မိန္းမကမ်ား ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ ေနၿပီး ေဆာင္းဦးရွည္ၾကာနန္းေဆာင္ရဲ႕ သခင္မ မျဖစ္ခ်င္တာ ရွိလို႔လဲ? ဒီမင္းသမီးရဲ႕ 'ျပန္သြား'ဆိုတဲ့ စကားလံုးကို သံုးၿပီး သူ႔အား ျပန္ေစလိုက္သည္။
က်င္းတဲ့ နန္းေဆာင္သို႔ ျပန္ေရာက္ေသာအခါ ေတာ္ဝင္စာၾကည့္ေဆာင္တြင္ မုရံုခ်ီခ်ီ၏ စကားလံုးအတိုင္း အတိအက်ကို ဝမ္ရမ္လဲ့အား ျပန္ေျပာလိုက္သည္။ ထို႔အတူ သူ႔နွလံုးသားသည္လည္း တုန္လႈပ္ေနသည္။ ဝမ္ရမ္လဲ့က စိတ္ေျပာင္းသြားမွာ သူစိုးရိမ္ေနသည္။ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းၿပီးေနာက္ ဝမ္ရမ္လဲ့၏ ရယ္သံၾကားလိုက္ရမည္ဟု သူ ထင္မွတ္မထားခဲ့ေပ။
"ဟား ဟား ဟား .... မင္ယြဲ႕သမီးစစ္စစ္! က်န္းရဲ႕တူမစစ္စစ္ပဲ! ေကာင္းတယ္! ေကာင္းတယ္"
မင္းႀကီးေနာက္ကို လိုက္ခဲ့တာ နွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီးေနာက္ က်င္းတဲ့သည္ သူ႔သခင္က ဝမ္းသာေနသလား ေဒါသျဖစ္ေနသလားဆိုတာကို ခြဲျခားတတ္လာသည္။ သူ႔ရယ္သံကို ၾကားေနရျခင္းျဖင့္ က်န္းေကာမင္းသမီးကို မင္းႀကီးက အမွန္ပင္ နွစ္သက္သည္ဆိုတာကို နားလည္နိုင္လာသည္။ ၾကည့္ရတာ မုရံုခ်ီခ်ီ၏ ႂကြယ္ဝခ်မ္းသာလာမည့္ ေန႔ရက္မ်ား ေရာက္လာပံုေပၚသည္။
"မင္းႀကီး... ဒါဆို ဒီေဆာင္းဦးရွည္ၾကာနန္းေဆာင္က..."
"ထိန္းသိမ္းထားလိုက္ေလ! နန္းေဆာင္အတြင္းနဲ အျပင္ကို မင္းလူေတြနဲ႔ သန္႔ရွင္းခိုင္းထားလိုက္! ဒီနန္းေဆာင္ကို ဂရုစိုက္ေပးဖို႔ လူသစ္တစုေလာက္ကို ပို႔ေပးထား! သူတို႔က အက်င့္စာရိတၱေကာင္းမြန္ၿပီး နာခံတတ္ဖို႔ လိုတယ္! က်န္းကေကာင္းကင္ဘံုရဲ႕ သားေတာ္ပဲ! ေ႐ႊပါးစပ္ကို ဖြသ့္ၿပီး ေက်ာက္မ်က္လို စကားေတြကိုပဲ ေျပာတယ္! ေဆာင္းဦးရွည္ၾကာနန္းေဆာင္က မုရံုခ်ီခ်ီအေမဘက္က သူမရဲ႕ အိမ္ပဲ! သူမ ဆႏၵရွိတဲ့အခါတိုင္း လာနိုင္တယ္"
"ဟုတ္ကဲ့ပါ"
ဘာေၾကာင့္မွန္းရယ္မသိ ဝမ္ရမ္လဲ့အစံထဲမွ က်င္းတဲ့ တခါမွ မၾကားဖူးေသာ အလိုလိုက္ျခင္းမ်ား ပါဝင္ေနသည္။ ဧကရာဇ္၏ အေတြးမ်ားကို သူ လိုက္မခန္႔မွန္းရဲပါ။ သူ႔အလုပ္ကို သူလုပ္ေနျခင္းကသာ ပိုေကာင္းပါလိမ့္မည္။
ဝမ္ရမ္လဲ့က မုရံုခ်ီခ်ီအား ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို ခ်ီးျမႇင့္လိုက္ေသာ သတင္းသည္ ခ်က္ခ်င္းဆိုသလိုပင္ ဗံုးတလံုးကဲ့သို႔ ျဖစ္သြားကာ အေနာက္နန္းေဆာင္ရွိ မိန္းမမ်ားအၾကား ရုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္လာေစသည္။
"ဘာေျပာတယ္? အရွင္မင္းႀကီးက မုရံုခ်ီခ်ီကို ေဆာင္းဦးရွည္ၾကာနန္းေဆာင္ ေပးလိုက္တယ္ဟုတ္လား?"
ဒီသတင္းကို လင္းကဲ့ရွင္း ၾကားေသာအခါ သူမသည္ ၾကက္ေသေသသြားသည္။ မူလက ယြဲ႕လန္က်စ္ေသဆံုးသြားၿပီးေနာက္ ေဆာင္းဦးရွည္ၾကာနန္းေဆာင္က သူမလက္ထဲ ေရာက္လာလိမ့္မည္ဟု သူမက ထင္ထားခဲ့သည္။ ဝမ္ရမ္လဲ့က လက္ေျပာင္းၿပီး ဒါကို မုရံုခ်ီခ်ီသို႔ ေပးခဲ့လိမ့္မည္ဆိုတာကို သူမ ထင္မထားခဲ့ေပ။
"မယ္မယ္... က်န္းေကာမင္းသမီးက သူမရဲ႕ မူလမ်ိဳးရိုးအမည္ကို ျပန္လည္ခံယူၿပီးပါၿပီ! အခု သူမက ဖုန္းခ်ီခ်ီ ျဖစ္ေနပါၿပီ!"
နို႔ထိန္းယြီက လင္းကဲ့ရွင္း၏ ေနာက္တြင္ ရပ္ေနသည္။ သူမက လင္းကဲ့ရွင္းကို ျပန္တည္ၿငိမ္ေနရန္ ျမန္ျမန္ ေနာက္ေက်ာကို နွိပ္ေပးလိုက္သည္။
"ဘန္း!"
လင္းကဲ့ရွင္းက လက္ဖက္ရည္ခြက္ကို ၾကမ္းျပင္ေပၚသို႔ ပစ္ေပါက္လိုက္သည္။
"သူမက ဘယ္သူလဲ ဘာလဲဆိုတာကို ပန္ကုန္း ဂရုမစို္က္ဘူး! နို႔ထိန္းႀကီး... ေဆာင္းဦးရွည္ၾကာနန္းေဆာင္က ဘယ္လိုေနရာအမ်ိဳးအစားလဲ? အဲ့ဒါက သမိုင္းအစကတည္းက မိဖုရားေခါင္ေတြ ေနလာခဲ့တဲ့ေနရာ မဟုတ္ဘူးလား? ငါ့ကို ေျပာစမ္း! ဒါက မင္းႀကီး ဘာကို ဆိုလိုခ်င္ေနတာလဲ?"
လင္းကဲ့ရွင္းေဒါသက နို႔ထိန္းယြီေမွ်ာ္လင့္ထားသလိုပင္။ သူမက လ်င္ျမန္စြာ ေျပာလိုက္ကာ
"မင္းႀကီးရဲ႕ ဆိုလိုခ်က္ေတြကို ဒီအေစခံက မခန္႔မွန္းရဲပါဘူး"
သို႔ေသာ္လည္း သူမစိတ္ထဲ ေတြးေနတာက ဒီေနရာက မိဖုရားေခါင္ေတြပဲ ေနရတဲ့ ေနရာဆိုတာကို နင္သိေနမွေတာ့ ဘာလို႔ အဲဒီေနရာကို နင္ဂရုစိုက္ေနေသးလဲဟုပင္!
"ဟမ့္!"
လင္းကဲ့ရွင္းက အံႀကိတ္လိုက္သည္။ သူမလက္ထဲမွ လက္ကိုင္ပဝါမွာ ႀကိဳးတေခ်ာင္းလိုပင္ လိမ္က်စ္ေနသည္။
"နို႔ထိန္း... ပန္ကုန္းကို ေျပာစမ္း! ေနာက္တက္မယ့္ မင္းႀကီးရဲ႕ မိဖုရားေခါင္ဆိုတာ ဖုန္းခ်ီခ်ီပဲ သံသယရွိစရာ မလိုဘူးလို႔ မင္းႀကီးက ေျပာခ်င္ေနတာလား? တျခားစကားနဲ႔ ေျပာရမယ္ဆို ဖုန္းခ်ီခ်ီကို ရတဲ့သူက ေနာက္တက္မယ့္ မင္းႀကီး ျဖစ္မယ္လို႔ ေျပာခ်င္တာလား?"
လင္းကဲ့ရွင္းက ထိုသို႔ ေျပာေသာအခါ နို႔ထိန္းယြီက ခဏမွ် စဥ္းစားၿပီးေနာက္ ေခါင္းညိတ္ကာ
"မယ္မယ္... မယ္မယ္ေျပာတာ အမွန္ပါပဲ! ဒါက မင္းႀကီးရဲ႕ တကယ့္ဆိုလိုရင္း ျဖစ္နိုင္တယ္! မယ္မယ္က အေတြးအေခၚေကာင္းမြန္လို႔ မင္းႀကီးရဲ႕ ဆိုလိုရင္းကို သေဘာေပါက္နိုင္တယ္"
နို႔ထိန္းယြီ၏ ဖိနပ္လွ်က္လိုက္ျခင္းက လင္းကဲ့ရွင္းကို စိတ္ေကာင္းအနည္းငယ္ ဝင္လာေစသည္။
"မင္းသမီးက ဖိတ္ၾကားခ်က္ကို လက္ခံလိုက္လားဆိုတာ ပဥၥမမင္းသားကို ေမးဖို႔ တေယာကာေယာက္ကို လႊတ္လိုက္ေခ်... ၿပီးေတာ့ ဒုတိယမင္းသားကို နန္းတြင္းဝင္ဖို႔ တေယာက္ေယာက္ကို လႊတ္ၿပီး ဖိတ္ေခၚေစ!"
က်င့္ရွင္းခန္းမေဆာင္တြင္ ဝမ္ရမ္ရီက မုရံုခ်ီခ်ီ၏ နွလံုးသားကို မည္သည့္နည္းျဖင့္ ရနိုင္ရန္ လင္းကဲ့ရွင္းက တြက္ခ်က္ေနသည္။ က်င့္တဲ့နန္းေဆာင္အတြင္းတြင္ လီပင္းက စားပြဲကို ေမွာက္ပစ္ေနသည္။
"ေဆာင္းဦးရွည္ၾကာနန္းေဆာင္တဲ့လား? မိန္းမစုတ္ေလး ေနဖို႔ တတ္နိုင္တဲ့ ေနရာမို႔လို႔လား? ဘာေၾကာင့္ သူမက သူမရဲ႕ကိုယ္ပိုင္အေလးခ်ိန္ကို မခ်င့္ခ်ိန္နိုင္ရတာလဲ?"
"မယ္မယ္... က်န္းေကာမင္းသမီးက ျငင္းပယ္တယ္လို႔လည္း ေျပာပါတယ္... အဲ့ဒီေနရာမွာ လူေတြ ေသၾကလို႔ ကံဆိုးေစတယ္လို႔ မင္းသမီးက ေျပာခဲ့ပါတယ္... သူမက အဲ့ဒီမွာ မေနခ်င္ပါဘူး"
လီပင္း၏ အေစခံ ခြၽင္းေထာင္က သူမစံုစမ္းရရွိသမွ်ကို လီပင္းအား အစီရင္ခံလိုက္သည္။
"မင္းႀကီးက စိတ္ဆိုးမသြားဘူးလား?"
ထိုစကားကို လီပင္းၾကားေသာအခါ ေနာက္ဘာဆက္ျဖစ္လဲဆိုတာကို ျမန္ျမန္ေမးလိုက္သည္။
"မဆိုးဘူး!"
ခြၽင္းေထာင္က ေခါင္းခါလိုက္သည္။
"အဲ့ဒီစကားကို ၾကားၿပီးေနာက္မွာ မင္းႀကီးက အရမ္းေပ်ာ္႐ႊင္သြားတယ္! မင္းသမီးက မင္းသမီးမင္ယြဲ႕နဲ႔ တူတယ္လို႔ေတာင္ မင္းႀကီးက ေျပာလိုက္ေသးတယ္။ ၿပီးေတာ့ မင္းႀကီးက ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို မင္းသမီးအတြက္ ထားထားမယ္လို႔ ဆိုပါေသးတယ္။ ေနာက္ဆို ေဆာင္းဦးရွည္ၾကာနန္းေဆာင္က က်န္းေကာမင္းသမီးအတြက္ မိခင္အိမ္ပါပဲတဲ့"
"မိခင္အိမ္... မိခင္အိမ္..."
လီပင္းက ထုိစကားနွစ္လံုးကို တတြတ္တြတ္ေရ႐ြတ္ေနသည္။ ရုတ္တရက္ လီပင္းမ်က္လံုးမ်ားက ျပဴးက်ယ္လာသည္။
"ပန္ကုန္း နားလည္ၿပီ!"
သူမသခင္မ၏ စိတ္လႈပ္ရွားမႈျဖင့္ ျပည့္ေနေသာ မ်က္လံုးကို ၾကည့္ရင္း ခြၽမ္းေထာင္က ပေဟဠိျဖစ္ေနသည္။
"မယ္မယ္... ဘာကို နားလည္တာလဲ?"
"မင္းႀကီးက လက္ထပ္ေပးလိုက္ျခင္းနဲ႔ ေနွာင္ႀကိဳးေဟာင္းေတြကို ျပန္ခ်ည္ေနွာင္ခ်င္ေနတာ... သူက က်န္းေကာမင္းသမီးကို သူ႔ေခြၽးမအေနနဲ႔ ေတာ္ခ်င္ေနတာ"
ထိုအေၾကာင္းကို လီပင္းက ပိုေတြးမိေလ ပိုၿပီး ျဖစ္နိုင္ေခ် ရွိလာေလပင္။ မုရံုခ်ီခ်ီ၏ အသက္က လက္ထပ္နိုင္သည့္ အ႐ြယ္သို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။ သဘာဝအားျဖင့္ သူမက လက္ထပ္သင့္ေနၿပီ။ ဝမ္ရမ္လဲ့က မုရံုခ်ီခ်ီအား အလြန္ေျမႇာက္စားေနသည္... သူသည္ ေသခ်ာေပါက္ သူ႔သားနွင့္ လက္ထပ္ေပးဖို႔ ဆႏၵရွိေနေပလိမ့္မည္။ ထို႔ေနာက္ ဘယ္သူက သင့္ေတာ္သူ ျဖစ္နိုင္သနည္း?
"ေဆာင္းဦးရွည္ၾကာနန္းေဆာင္... ေဆာင္းဦးရွည္ၾကာနန္းေဆာင္..."
လီပင္းက နွစ္ႀကိမ္တိုင္တိုင္ ေရ႐ြတ္လိုက္သည္။ ရုတ္တရက္ သူမက သိျမင္သြားသည္။
"ေဆာင္းဦးရွည္ၾကာနန္းေဆာင္ဆိုတာ အေနာက္နန္းေဆာင္ထဲ အဓိကနန္းေဆာင္သေကၤတပဲ! ဖုန္းခ်ီခ်ီက အဓိကနန္းေဆာင္ထဲကို ဝင္လာတယ္ဆိုေတာ့ ဆိုလိုတာက သူမေယာက်္ားဟာ ေနာက္တက္မယ့္ မင္းႀကီးပဲ! အရင္က မင္းႀကီးက မင္းသမီးမင္ယြဲ႕ကို အရမ္းခ်စ္တယ္... အခု သူက အိမ္ကို ခ်စ္ေတာ့ သူ႔က်ီးကိုပါ ခ်စ္တယ္... အလိုအေလ်ာက္ သူက ဖုန္းခ်ီခ်ီကို ခ်စ္လာတာေပါ့"
"အရင္တုန္းက သူက မင္းသမီးမင္ယြဲ႕လိုမ်ိဳး သမီးမ်ိဳး လိုခ်င္ၿပီး သူမကို တေလာကလံုးမွာ အေကာင္းဆံုးဆိုတဲ့ အရာေတြကို ေပးမယ္လို႔ မေျပာခဲ့ဘူးလား? အခု က်န္းေကၦမင္းသမီးကို ရွာေတြ႕ခဲ့ၿပီ။ မင္းႀကီးက ေသခ်ာေပါက္ သူမကို အလြန္အကြၽံကို ဂရုစိုက္မွာပဲ! မိန္းမတေယာက္အတြက္ အျမင့္ျမတ္ဆံုးေနရာက မိဖုရားေခါင္ရာထူးပဲ! ဒါပဲ ျဖစ္လိမ့္မယ္! ဒါပဲ ျဖစ္လိမ့္မယ္!"
ခြၽမ္းေထာင္က သူမမယ္မယ္၏ တက္ႂကြေနေသာ မ်က္လံုးမ်ားကို ၾကည့္လိုက္သည္။ ခြၽမ္းေထာင္က ထိုစကား၏ ေနာက္ကြယ္မွ အဓိပၸာယ္ကို ရွာေတြ႕မိသလို ျဖစ္လာ၏။
"က်င္းရွင္းနန္းေဆာင္က က်န္းေကာမင္းသမီးကို လက္ဖက္ရည္ေသာက္ဖိတ္ဖို႔ ပဥၥမမင္းသားကို အပ္နွင္းထားပါတယ္"
"လက္ဖက္ရည္?"
လင္းကဲ့ရွင္းလုပ္ထားသမွ်ကို ၾကားေသာအခါ လီပင္းက ေလွာင္ရယ္လိုက္သည္။
"ဖုန္းခ်ီခ်ီက မင္းႀကီးရဲ႕ မ်က္နွာသာေပးမႈကို ရရွိထားတယ္။ သူမက အလြန္အမင္း ဂုဏ္ယူေနလိမ့္မယ္... လက္ဖက္ရည္တခြက္ေလာက္ကို ဘာေၾကာင့္ သူမက ဂရုစိုက္ေနမလဲ?"
လီပင္းက ခြၽမ္းေထာင္ကို သူမအနား ေခၚလိုက္သည္။ ထို႔ေနာက္ စကားတခ်ိဳ႕ကို ခြၽမ္းေထာင္ နားနားတြင္ တီးတိုးေျပာဆိုလိုက္သည္။ ခြၽမ္းေထာင္က ေခါင္းညိတ္ကာ က်င္းတဲ့နန္းေဆာင္မွ လ်င္ျမန္စြာ ထြက္ခြာသြားသည္။
က်င့္႐ႊမ္နန္းေဆာင္တြင္... တုန္ဖန္လန္က ဝမ္ရမ္လဲ့၏ ဆံုးျဖတ္ခ်က္ကို သတင္းၾကားၿပီးေနာက္ သူမက 'စိတ္ရႈပ္လိုက္တာ'ဟု နွစ္ႀကိမ္တိုင္တိုင္ ေရ႐ြတ္လိုက္သည္။ မုရံုခ်ီခ်ီအေပၚ ထားရွိသည့္ ဝမ္ရမ္လဲ့၏ ခ်စ္ခင္မႈကို သူမ နားလည္နိုင္ပါသည္... သို႔ေသာ္ ဒီလိုလုပ္လိုက္ျခင္းက မုရံုခ်ီခ်ီအား လူတိုင္း လိုလားတပ္မက္ၾကသည့္ အရသာရွိေသာ ကိတ္တလံုးလို ျဖစ္မလာေစဘူးလား?
"ဒီလိုလုပ္လိုက္တာက မင္းသားေတြၾကားက ကြဲလဲမႈကို ပိုၿပီး နက္ရိႈင္းသြားေစတယ္ဆိုတာ မင္းႀကီးက နားမလည္လိုက္လို႔မ်ားလား? ဒါ့အျပင္ အိုက္က်ားက သူမကို ေတာ္ဝင္မိသားစုထဲကို ဝင္မလာေစခ်င္ဘူး။ အိုက္က်ားက သူမကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ေနေစခ်င္တာ..."
တုန္ဖန္လန္ ထိုသို႔ ေျပာလာတာ ၾကားၿပီးေနာက္ ခ်င္းကူက တျခားနန္းတြင္းအေစခံေတြကို အျပင္သို႔ ထြက္ေစသည္။ သူမက တုန္ဖန္လန္အနားသို႔ ေရာက္လာကာ
"သခင္မေလး... ဒီအေစခံမွာ ေျပာသင့္လား မေျပာသင့္လား ေဝခြဲမရျဖစ္ေနတဲ့ အရာတခု ရွိေနပါတယ္"
ခ်င္းကူက ထိုသို႔ ျဖစ္ေနေသာအခါ တုန္ဖန္လန္က ထိုအရာသည္ အေရးႀကီးသည္ဆိုတာကို ခန္႔မွန္းမိလိုက္သည္။ သူမက ခ်က္ခ်င္း ေခါင္းညိတ္ကာ
"ငါ့ကို ေျပာပါ... ဘယ္လိုကိစၥမ်ိဳးလဲ..."
ခ်င္းကူက သူမလက္ျဖင့္ လက္ဟန္ျပလိုက္ၿပီ သြက္လက္ကာ ဥာဏ္ေကာင္းေသာ အေစခံငယ္ေလးတေယာက္ကို တုန္ဖန္လန္ေရွ႕သို႔ ပို႔ေဆာင္လိုက္သည္။ အေစခံငယ္က တုန္ဖန္လန္အား ျမင္ေသာအခါ ခ်က္ခ်င္း ကန္ေတာ့လိုက္သည္။
"မယ္ေတာ္ႀကီးဘုရား... ကြၽန္ေတာ္မ်ိဳးမတို႔မယ္မယ္က အျပစ္ကင္းပါတယ္! ကြၽန္ေတာ္မ်ိဳးမတို႔မယ္မယ္က မင္းႀကီးကို မတိုက္ခိုက္ခဲ့ပါဘူး"
"သူမက..."
သူမမ်က္စိေရွ႕တြင္ ဒီမရင္းနွီးသည့္ နန္းတြင္းအေစခံကို ျမင္ေသာအခါ တုန္ဖန္လန္က ပေဟဠိျဖစ္သြားသည္။ ဒီနန္းတြင္းအေစခံက ဘယ္သူလဲ? သူမက ဘာေၾကာင့္ သူမေရာက္လာတာနဲ႔ မေက်နပ္ခ်က္ေတြနဲ႔ ငိုေႂကြးရတာလဲ?
"သခင္မေလး... ဒါက ေဆာင္းဦးရွည္ၾကာနန္းေဆာင္က... ဟြမ္ေကြ႕ေဖးယြဲ႕ကို ခစားရတဲ့ နန္းတြင္းအေစခံ ခြၽမ္းရွင္းဆိုတာပါ"
မေန႔က သူမက ဒဏ္ရာရေနသည့္ ဝမ္ရမ္လဲ့ဆီ သတင္းေမးသြားစဥ္က ဝမ္ရမ္မင္ယြဲ႕နွင့္ တူသည့္ မိန္းကေလးတေယာက္ကို သူမ ျမင္ခဲ့သည္။ ထိုမိန္းကေလးကို က်င္းတဲ့က သတ္ပစ္ခဲ့ေသာ္လည္း ထိုအရာက သူမနွလံုးသားထဲတြင္ သံသယတခုကို ေပါက္ဖြားလာေစခဲ့သည္။
ဟုတ္ပါသည္... ဒီမနက္ ဝမ္ရမ္လဲ့ သတိရလာေသာအခါ ေဆာင္းဦးရွည္ၾကာနန္းေဆာင္ရွိ လူအားလံုးကို ေသေစရန္ အမိန္႔ေပးခဲ့သည္။ ခ်င္းကူက အေျခအေနသည္ အေကာင္းဘက္နွင့္ ေဝးကြာေနသည္ကို သိျမင္ခဲ့သည္။ ေနာက္ဆံုးတြင္ သူမက လွည့္ကြက္ေလးတခု လုပ္ကာ ခြၽမ္ရွင္းအား ကယ္တင္ခဲ့သည္။ အခု သူမက ခြၽမ္ရွင္းအား တုန္ဖန္လန္ဆီသို႔ ေခၚေဆာင္လာခဲ့သည္။
ခြၽမ္ရွင္း၏ မ်က္လံုးမ်ားမွာ တရုတ္ဇီးသီးမ်ား ကဲ့သို႔ နီရဲေနသည္။ သူမ၏ အသံမွာ တုန္ယင္ေနၿပီး မ်က္လံုးမ်ားမွာ ေၾကာက္႐ြံ႕မႈျဖင့္ ျပည့္နွက္ေနသည္။ နန္းေတာ္အေစခံေလး၏ သနားစဖြယ္ပံုစံကို ၾကည့္ရင္း တုန္ဖန္လန္က သူမေမးခြန္းအား ေျဖခိုင္းရန္ သူမအား ထရပ္ေစသည္။ သို႔ေသာ္ ခြၽမ္ရွင္းက မတ္တပ္ရပ္ဖို႔ ျငင္းဆန္ၿပီး ယြဲ႕လန္က်စ္၏ အျပစ္ကင္းေၾကာင္းကိုသာ ေအာ္ဟစ္ေနသည္။
"ကြၽန္မတို႔မယ္မယ္က စိတ္ထားေကာင္းတဲ့သူတေယာက္ပါ... ပံုမွန္အားျဖင့္ အေစခံတေယာက္ကိုေတာင္ အျပစ္ေပးဖို႔ ဆႏၵမရွိတဲ့သူပါ... ဒီအေစခံက အမွားတခုခု လုပ္ခဲ့မိရင္ေတာင္ မယ္မယ္က ခ်ိဳသာေနေသးၿပီး စကားၾကမ္းၾကမ္းေတာင္ မေျပာခဲ့တဲ့သူပါ"
"ဒါေပမယ္... အခု ရုတ္တရက္ႀကီး မယ္မယ္ရဲ႕ အရိပ္အေယာင္ကိုေတာင္ မျမင္ရေတာ့ဘူး။ အျပင္မွာ လူတိုင္းက မယ္မယ္ကို ဖမ္းဖို႔ ရွာေနၿပီး မယ္မယ္က မင္းႀကီးကို တိုက္ခိုက္ခဲ့တယ္လို႔ ေျပာၾကပါေသးတယ္... ဒါေပမယ့္ ဒီအေစခံကေတာ့ အဲ့ဒါကို မယံုၾကည္နိုင္ပါဘူး! မယ္ေတာ္ႀကီးရွင့္... ဒီအေစခံက မယ္မယ္က ဒီလိုလူမ်ိဳးမဟုတ္ဘူးဆိုတာကို ဒီအေစခံရဲ႕ အသက္ကို သံုးၿပီး အာမခံဖို႔ ဆႏၵရွိပါတယ္! မင္းႀကီးကို သူမ ေတြ႕တဲ့အခါတိုင္း သူမက ေၾကာင္ကို ေတြ႕တဲ့ ႂကြက္လို ျဖစ္ေနတာ. ဘယ္လိုလုပ္ မယ္မယ္က မင္းႀကီးကို တိုက္ခိုက္ဖို႔ သတၱိရွိမွာလဲ?"
ေသဆံုးသြားၿပီျဖစ္ေသာ ယြဲ႕လန္က်စ္ကေတာ့ သူမေနာက္ကို လိုက္ပါတာ သိပ္မၾကာေသးတဲ့ ဒီအေစခံငယ္ေလးက တုန္ဖန္လန္ေရွ႕မွာ သူမအတြက္ တရားမွ်တမႈကို ေတာင္းဆိုေပးလိမ့္မည္ဟု ဘယ္တုန္းကမွ ေတြးမိခဲ့မည္ မဟုတ္ေပ။
ခြၽမ္ရွင္း ေျပာစကားကို နားေထာင္ၿပီးေနာက္ တုန္ဖန္လန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက ယြဲ႕လန္က်စ္ကို တခါမွ မျမင္ဖူးခဲ့ေပ။ သူမက လတ္တေလာ နန္းေတာ္ထဲတြင္ မ်က္နွာသာအေပးခံရဆံုးၾကင္ယာေတာ္ဆိုတာသာ တုန္ဖန္လန္က သိခဲ့သည္။
ဝမ္ရမ္မင္ယြဲ႕နွင့္ ဖုန္းရွဲ႔ ေသဆံုးၿပီးေနာက္ တုန္ဖန္လန္က ဗုဒၶဘုရားရွင္၏ လမ္းၫႊန္သင္ၾကားမႈမ်ားကိုသာ နွလံုးသြင္းကာ အေနာက္နန္းေဆာင္ကိစၥမ်ားတြင္ မပါဝင္ေတာ့ေပ။
တုန္ဖန္လန္က အေနာက္နန္းေဆာင္၏ တခ်ိဳ႕ကိစၥမ်ားကိုသာ ၾကားသိခဲ့သည္။ ဝမ္ရမ္လဲ့က အခ်ိန္ၾကာၿပီးေနာက္ မိန္းကေလးအသစ္တေယာက္အား မ်က္နွာသာေပးကာ အေနာက္နန္းေဆာင္တခုလံုးကို ရွာလကာရည္ျဖင့္ ျပည့္သြားေစသည္ထက္ ဘာမွမပိုေပ။ ဒါေပမယ့္ သူမမွာ ထိုကိစၥကို ထိန္းခ်ဳပ္နိုင္စြမ္းမရွိသလို သူမစိတ္ထဲတြင္ သူမကာကြယ္ေပးလိုသည့္ တေယာက္တေလမွ မရွိေပ။
အေနာက္နန္းေဆာင္ရွိ မိန္းမမ်ား၏ ထိုကိစၥမ်ားတြင္ သူမလို အႀကီးအကဲတေယာက္အေနျဖင့္ ဘာမွ လုပ္စရာမရွိေပ။ ထို႔ေၾကာင့္ ဝမ္ရမ္လဲ့အေနျဖင့္ မည္သူ႔ကို မ်က္နွာသာေပး၊ အလိုလိုက္ သို႔မဟုတ္ ခ်စ္ခင္နွစ္သက္သည္ျဖစ္ေစ တုန္ဖန္လန္အတြက္ ထူးမျခားနားပင္ ျဖစ္သည္။ ၾကင္ယာေတာ္မ်ား သူမေရွ႕တြင္ ရႈပ္ရွက္ခတ္ေနလွ်င္ပင္ သူမက ၾကားမဝင္ေပ။ အခ်ိန္ၾကာသည္နွင့္အမွ် ၾကင္ယာေတာ္မ်ားမွာ သူမဆီသို႔ ေရာက္မလာၾကေတာ့ဘဲ သူမနားမ်ားလည္း အလြန္ဆိတ္ၿငိမ္ရာရသြားေလသည္။
ယြဲ႕လန္က်စ္မဆိုထားနွင့္... ဝမ္ရမ္လဲ့ ပစားေပးခဲ့သာ ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွ ထိုမိန္းမမ်ားအားလံုးကို တုန္ဖန္လန္က မျမင္ခဲ့ဖူးပါ။
အခ်ိန္အမ်ားစုတြင္ သူမက ဘုရားေက်ာင္းတြင္သာ ရွိသည္။ သူမ ျပန္လာေသာအခါတြင္လည္း သူမက တိတ္တိတ္သာ ေနသည္။ ထို႔အျပင္ ဝမ္ရမ္လဲ့က အားနည္းေသာ မိန္းမလွမ်ားကို အထူးႀကိဳက္နွစ္သက္ပံုရသည္။ ေဆာင္းဦးရွည္ၾကာနန္းေဆာင္၏ သခင္မတိုင္းသည္ ေလတိုက္ထဲတြင္ မတ္တပ္မရပ္နိုင္ေအာင္ အားနည္းလြန္းၾကသည္။ ပူျပင္းေသာ ေန႔မ်ားတြင္ပင္ သူမတို႔ အျပင္ထြက္သည့္အခါ အဖံုးအကာမ်ားကို ဝတ္ဆင္ထားေလ့ရွိၾကသည္။ အလြန္ႏူးညံ့လြန္းသျဖင့္ တုန္ဖန္လန္မွာ သူမတို႔အား ပိုၿပီး မနွစ္ၿမိဳ႕ပင္ ျဖစ္ေစသည္။ ထို႔ေၾကာင့္ ထိုၾကင္ယာေတာ္မ်ား ပိုအားနည္းလာၿပီး ဖ်ားနာလာကာ အေမနွင့္ သားၾကားက ဆက္ဆံေရးကို ေဝးကြာေစျခင္းမ်ိဳး မျဖစ္ေစရန္ ထိုၾကင္ယာေတာ္မ်ားအား သူမက ဆင့္ေခၚရန္ ပ်င္းရိလွသည္။
အခု ခြၽမ္ရွင္းက ယြဲ႕လန္က်စ္အတြက္ တရားမွ်တမႈကို ရွာေဖြေနၿပီး သူမပံုစံမွာလည္း လိမ္ေနတာမ်ိဳး မဟုတ္တာ ျမင္ေသာအခါ တုန္ဖန္လန္က ေခါင္းညိတ္လိုက္သည္။ သူမက ဆက္ေျပာရန္ အခ်က္ျပလိုက္သည္။
သူမက ဆို႔နင့္နင့္ျဖင့္ ပံုမွန္အားျဖင့္ ယြဲ႕လန္က်စ္က ဝမ္ရမ္လဲ့အား ဘယ္လိုေတာင္ ေၾကာက္တဲ့အေၾကာင္း၊ သူ က သူမအား ဘယ္လိုအရွက္ခြဲပံု၊ သူမ ဘယ္လို ကိုယ္ဝန္ပ်က္က်ပံုနွင့္ အခ်ိန္တိုင္း ဝမ္ရမ္လဲ့က ယြဲ႕လန္က်စ္အား မည္သို႔ ညႇင္းပန္းနွိပ္စက္ပံုတို႔ကို တုန္ဖန္လန္အား တခုၿပီး တခု ေျပာျပေလသည္။
ယြဲ႕လန္က်စ္၏ ကိုယ္ဝန္ပ်က္က်မႈသည္ ဝမ္ရမ္လဲ့၏ အတင္းအက်ပ္လိင္ဆက္ဆံမႈေၾကာင့္ ျဖစ္ၿပီး ကိုယ္ဝန္ပ်က္က်ၿပီးေနာက္တြင္ ဝမ္ရမ္လဲ့သည္ ယြဲ႕လန္က်စ္၏ ရုပ္ပိုင္းဆိုင္ရာ မသက္မသာျဖစ္မႈကို ဂရုမစိုက္ဘဲ လိင္ဆက္ဆံေနေၾကာင္းကို သူမၾကားရေသာအခါ တုန္ဖန္လန္သည္ အံ့ၾသသြားခဲ့သည္။ ဒါက သူမသိတဲ့ ဝမ္ရမ္လဲ့မွ ဟုတ္ပါသလား?
"ဘာေၾကာင့္ မင္းႀကီးက ဒီလိုအရာမ်ိဳးကို လုပ္ရတာလဲ? ဒါက ဘယ္လိုေတာင္ ျဖစ္နိုင္ရတာလဲ?"
"မယ္ေတာ္ႀကီးကို ေလွ်ာက္တင္ပါတယ္... ဒီအေစခံေျပာတဲ့ စကားတိုင္းဟာ အမွန္ေတြပါပဲ... မယ္မယ္ကို ကုသေပးခဲ့တဲ့ သမားေတာ္ႀကီးက သက္ေသျပဳေပးနိုင္ပါတယ္"
တုန္ဖန္လန္က သူမစကားကို သံသယဝင္ေနတာ ျမင္ေသာအခါ ခြၽမ္ရွင္းက စိုးရိမ္သြားၿပီး ခ်က္ခ်င္း ၾကမ္းျပင္ေပၚတြင္ ျပင္းထန္စြာ ကန္ေတာ့ေလသည္။
"မယ္ေတာ္ႀကီးရွင့္... မယ္မယ္က တကယ္ကို အျပစ္ကင္းစင္ပါတယ္! အဲ့ဒီေန႔က မင္းႀကီး ေဆာင္းဦးရွည္ၾကာနန္းေဆာင္ထဲကို ဝင္ၿပီးေနာက္ မယ္မယ္က ဒီအေစခံကို လွမ္းေခၚရင္ မရွိမွာစိုးတာနဲ႔ ဒီအေစခံက အျပင္ဘက္မွာ ေစာင့္ေနခဲ့ပါတယ္။ သို႔ေပမယ့္ မယ္မယ္က တခါမွ ထြက္မလာခဲ့ေတာ့ပါဘူး။ မယ္မယ္လို ပင္ကိုအားနည္းတဲ့ သူတေယာက္ ျဖစ္တဲ့အျပင္ ကိုယ္ဝန္ပ်က္က်မႈေၾကာင့္ အားနည္းေနတဲ့ သူတေယာက္ဟာ နန္းေတာ္ထဲကေန သူမဘာသာ ထြက္ခြာနိုင္ပါ့မလား မယ္ေတာ္ႀကီးရွင့္... မင္းႀကီးကို ပိုၿပီးေတာ့ေတာင္ မတိုက္နိုင္ေသးတယ္... ဒီကိစၥကို စံုစမ္းေပးဖို႔ မယ္ေတာ္ႀကီးကို ေလွ်ာက္တင္ပါတယ္"
ခြၽမ္ရွင္းက သူမသခင္မအတြက္ တရားမွ်တမႈကို အူလိႈက္အသည္းလိႈက္ ရွာေဖြခ်င္ေနသည္။ သူမေခါင္းကို ၾကမ္းျပင္နွင့္ ျပင္းျပင္းထန္ထန္ေဆာင့္ေနသည္။ သူမနဖူးစုတ္ၿပဲသြားဖို႔အတြက္ သိပ္အခ်ိန္မယူလိုက္ရေပ။ အေရျပားက စုတ္ၿပဲလာသည္။ ေသြးမ်ားက နွာေခါင္းတေလွ်ာက္ က်ဆင္းလာေလသည္။ တစက္ၿပီး တစက္ ေျမျပင္ေပၚသို႔ က်ေရာက္သြားသည္။
"ခ်င္းကူ!"
တုန္ဖန္လန္က ခ်င္းကူကို အခ်က္ျပလိုက္သည္။ သူမက ခြၽမ္ရွင္းကို ဆြဲထူလုိက္သည္။ သူမက ဆြဲထူလိုေသာ္လည္း ခြၽမ္ရွင္းက ေခါင္းမာသည့္ မိန္းကေလးတေယာက္ ျဖစ္လိမ့္မည္ဟု သူမ ေမွ်ာ္လင့္မထားခဲ့ေပ။
"မယ္ေတာ္ႀကီးက ဒီအေစခံရဲ႕ ေတာင္းဆိုမႈကို လက္မခံမခ်င္း ဒီအေစခံက မထနိုင္ပါဘူး"
"မင္းက အခု ပုန္ကန္ခ်င္ေနတာလား?"
တုန္ဖန္လန္၏ လက္ဖဝါးက စားပြဲကို ျဖန္းခနဲ႔ ရိုက္လိုက္သည္။
"မင္းက အိုက္က်ားကို ၿခိမ္းေျခာက္ခ်င္ေနတာလား? အိုက္က်ားက ၿခိမ္းေျခာက္ခံရတာကို အမုန္းဆံုးပဲ! အေစခံေတြ... ဒီယုတ္မာတဲ့နန္းတြင္းအေစခံကို ဆြဲထုတ္ၿပီး ေသေအာင္ ရိုက္ပစ္ၾကစမ္း!"
"မယ္ေတာ္ႀကီးရယ္... ဟြမ္ေကြ႕ေဖးက တကယ္ပဲ အျပစ္မရွိပါဘူး! ေက်းဇူးျပဳၿပီး စံုစမ္းေပးဖို႔ မယ္ေတာ္ႀကီးကို ေတာင္းဆိုပါတယ္ရွင္... မယ္ေတာ္ႀကီးရွင့္... ဒီဆယ္နွစ္အတြင္း ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ ဘာေၾကာင့္ ဟြမ္ေကြ႕ေဖးကိုးေယာက္ေတာင္ ေျပာင္းခဲ့ရလဲဆိုတာ မစဥ္းစားမိခဲ့ဘူးလား? အဲ့ဒီမိန္းမေတြ ဘယ္ကို ေရာက္သြားတာလဲ? မယ္ေတာ္ႀကီးရယ္... လူ႔အသက္က တန္ဖိုးရွိပါတယ္!"
ခြၽမ္ရွင္း၏ အသနားခံမႈက တုန္ဖန္လန္၏ ညႇာတာမႈကို မရရွိေပ။ ခ်င္းကူက ခြၽမ္ရွင္းကို ကူညီခ်င္ေသာ္လည္း မယ္ေတာ္ႀကီးက အမိန္႔ေပးထားၿပီျဖစ္၍ သူမလူမ်ားကို ခြၽမ္ရွင္းအား ဆြဲထုတ္သြားေစသည္။ တခဏၾကာၿပီးေနာက္ ခြၽမ္ရွင္းအား ေသေအာင္ ရိုက္သတ္ၿပီးေၾကာင္းကို တေယာက္က တုန္ဖန္လန္အား လာေရာက္အစီရင္ခံေလသည္။
"သူမကို ျမဳွပ္နွံလုိုက္ေတာ့!"
တုန္ဖန္လန္က သူမလက္ထဲမွ ဗုဒၶပုတီးေစ့မ်ားဆီကို ေရာက္သြားသည္။ သူမေခါင္းက အခ်ိန္ေတာ္ေတာ္ၾကာ ငံု႔ထားသည္။ ခ်င္းကူက ျပန္လာၿပီး တုန္ဖန္လန္အား ေခါင္းညိတ္ျပလိုက္သည္။ ထိုမွသာ သူမလည္း စိတ္သက္သာရာရသြားေတာ့၏။
"အဲ့ဒီကေလး ေနလို႔မွ ေကာင္းရဲ႕လား? မင္းေကာ ဒီကိစၥကို အားလံုးမသိေအာင္ လုပ္နိုင္ခဲ့ရဲ႕လား?"
"အေပၚယံဒဏ္ရာေလးေတြပါ... ခဏေလာက္ ဂရုစိုက္လိုက္ရင္ ျပန္ေကာင္းလာမွာပါ။ ကြၽန္မတို႔ က်င့္႐ႊမ္နန္းေဆာင္မွာ မင္းႀကီးရဲ႕လူေတြ ရွိေနတယ္ဆိုတာ မယ္ေတာ္ႀကီးက ဘယ္လိုလုပ္ သိသြားတာလဲ?"
"ဟင္းဟင္း... ေကာင္းကင္တခုလံုးေအာက္က ေနရာတိုင္းမွာ မင္းႀကီးရဲ႕ ေျမ၊ တိုင္းျပည္ရဲ႕ နယ္ေျမတိုင္းမွာ ရွိတဲ့ လူတိုင္းက မင္းႀကီးရဲ႕ အမႈထမ္းေတြခ်ည္းပဲ! ေနရာတိုင္းက မင္းႀကီးအပိုင္ေတြပဲ ျဖစ္ေနတာ ဒီနန္းေတာ္ထဲဆို ထည့္မေျပာစရာေတာင္ မလိုဘူး!"
တုန္ဖန္လန္က ပုတီးစိပ္ျခင္းမွ ရပ္လိုက္ကာ
"ခ်င္းကူ... မင္း ကိုယ္တိုင္သြားၿပီး ခြၽမ္ရွင္းကို ဂရုစိုက္ခ်ည္... သူမကို တေယာက္မွ ရွာမေတြ႕ေပ့ေစနဲ႔! ဒီကိစၥၿပီးရင္ အိုက္က်ားကို္ယ္တိုင္ သူမကို ေဆာင္းဦးရွည္ၾကာနန္းေဆာင္အေၾကာင္း ေမးရမယ္!"
ေတာ္ဝင္စာၾကည့္ေဆာင္တြင္ က်င္းတဲ့က ဝမ္ရမ္လဲ့အနားကပ္ကာ တီးတိုးေျပာဆိုလိုက္သည္။ ဝမ္ရမ္လဲ့က သူ႔လက္ထဲမွ စုတ္တံကို ခ်လိုက္ကာ
"အိုး?! မယ္ေတာ္ႀကီးက ကိုယ္တိုင္ ခြၽမ္ရွင္းကို သတ္ပစ္လိုက္တယ္ေပါ့ ဟုတ္လား? အဲ့ဒါ တခုခုမွားေနတယ္လို႔ မျမင္ဘူးလား? ေသသြားတာေရာ ေသခ်ာရဲ႕လား?"
"မင္းႀကီးကို ေလွ်ာက္တင္ပါတယ္... သူမ ေသသြားၿပီး အသက္ရႈလည္း ရပ္သြားပါၿပီ"
"ဒါဆို အဲ့ဒါ ေကာင္းတာေပါ့! ဟား ဟား ဒီမိန္းကေလးက စိတ္ဓာတ္ႀကံ့ခိုင္ၿပီး မယ္ေတာ္ႀကီးကိုေတာင္ တိုင္လိမ့္မယ္လို႔ ထင္မထားခဲ့ဘူး"
"အရွင္မင္းႀကီး... မယ္ေတာ္ႀကီးက အရွင္မင္းႀကီးရဲ႕ ေမြးမယ္ေတာ္မဟုတ္ေပမယ့္ အရွင္မင္းၿကီးကိုေတာ့ ဆိုးဆိုး႐ြား႐ြားမဆက္ဆံဘူးေနာ္!ဒါ့အျပင္ သူမက အရွင္မင္းႀကီးကို နန္းတြင္းအေၾကာင္းေတြလည္း မေမးဘူး"
ဝမ္ရမ္လဲ့က က်င္းတဲ့စကားအား ရယ္လိုက္ကာ
"ဒါအမွန္ပဲ! မယ္ေတာ္မိဖုရားေခါင္က တကယ္မဆိုးဘူး"
ခြၽမ္ရွင္းကိစၥကေတာ့ ဝမ္ရမ္လဲ့စကားနွင့္အတူ အားလံုး၏ ေမ့ေလ်ာ့ျခင္းကို ခံခဲ့ရသည္။ ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ ဒီလိုအေစခံမ်ိဳး ရွိခဲ့တယ္ဆိုတာကို တဦးတေယာက္မွ သတိမရေတာ့ပါ။ ထို႔အတူ နန္းတြင္းသူအေစခံအား ေသဒဏ္ေပးခဲ့ေသာ မယ္ေတာ္ႀကီးအား မည္သူမွ ျပစ္တင္ရံႈ႕ခ်မည့္သူ မရွိေပ။
မုရံုခ်ီခ်ီ၏ သရုပ္မွန္ကို ေဖာ္ထုတ္ၿပီးေနာက္ မထင္မွတ္ဘဲ ဘာေကာလဟလမွ မထြက္လာသလို ဆန္႔က်င္မည့္သူလည္း မရွိေပ။ လီခ်ိဳးေ႐ႊသာယလူအမ်ား၏ အျမင္နွင့္ ဆန္႔က်င္မႈကို ခံရခဲ့သည္။ တခ်ိန္တည္းမွာပဲ လြန္ခဲ့သည့္ ဆယ့္ငါးနွစ္မွ ယန္တန္းေတာင္ တိုက္ပြဲသည္လည္း လူအမ်ားအား တုန္လႈပ္ေစသည္။ လူအမ်ားစုက ဖုန္းရွဲ႔ေသဆံုးမႈေနာက္ကြယ္မွ နက္ရိႈင္းေသာ အေၾကာင္းျပခ်က္ကို ေဖာ္ထုတ္လာၾကသည္။ ဟုတ္ပါသည္ လွ်ိဳ႕ဝွက္အစပ်ိဳးသူဖုန္းခ်န္မွ ဒါေတြကို ထိထိေရာက္ေရာက္အစပ်ိဳးခဲ့ျခင္းပင္။
ထင္းစုန္အေဆာက္အအံုအတြင္းတြင္ မုရံုခ်ီခ်ီက ဖုန္းခ်န္လက္ေမာင္းေပၚတြင္ ပ်င္းရိပ်င္းတြဲလဲေလွာင္းေနသည္။ သူမက သက္ေတာင့္သက္သာအေနအထားကို ရွာေဖြကာ ေၾကာင္ပ်င္းတေကာင္လို ေအာက္ကို လွဲေနသည္။
ယခင္က သူမသည္ နာက်င္ဖြယ္ရာ အရႈပ္အေထြးမ်ားကို ေတြ႕ႀကံဳခဲ့ရေသာ္လည္း ဖုန္းခ်န္၏ သရုပ္မွန္ကို သိၿပီးေနာက္ မုရံုခ်ီခ်ီက တိမ္မ်ားကို ဖယ္ရွားၿပီး လမင္းကို ျမင္ရသလို ခံစားရသည္။ သူမစိတ္သည္လည္း ႐ႊင္လန္းလာသည္။ ထို႔အျပင္ သူမက ေလာင္းကစားဒိုင္မ်ားမွ ေ႐ႊေငြအိုးလိုက္ အနိုင္ရထားေသာေၾကာင့္ အမွန္ပင္ သူမစိတ္အေျခအေနမွာ ေကာင္းမြန္ေနသည္။ သူမသည္ သီခ်င္းမ်ားကိုေတာင္ တတြတ္တြတ္ဆိုညည္းေနသည္။
မုရံုခ်ီခ်ီနွင့္ ႏိႈင္းယွဥ္ေသာ္ ဖုန္းခ်န္က အရာတခုကို စိုးရိမ္ေနသည္။ ၎မွာ ဝမ္ရမ္လဲ့က မုရံုခ်ီခ်ီအား ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို ေပးသည့္ ေနာက္ကြယ္မွ အေၾကာင္းျပခ်က္ပင္။ အထူးသျဖင့္ ခန္းမတုန္းက လံုဇယ္က်င့္ထ်န္းနွင့္ ဝမ္ရမ္ဟုန္တို႔ မုရံုခ်ီခ်ီအား ၾကည့္ေသာအၾကည့္က ထိုပိုင္စိုးလိုစိတ္က သူ႔အား မေပ်ာ္မ႐ႊင္ ျဖစ္ေစသည္။ ထိုနွစ္ေယာက္၏ မ်က္လံုးမ်ားကို တူးပစ္လိုစိတ္ပင္ သူျဖစ္မိသည္။
"ဝမ္ရယ္...ဘာျဖစ္လို႔လဲ?"
ေန႔တဝက္ၾကာသည့္တိုင္ ဖုန္းခ်န္က စကားမေျပာေသာအခါ မုရံုခ်ီခ်ီက သူမေခါင္းကို ေမာ့လိ္ုက္သည္။ သူမလက္က ဖုန္းခ်န္၏ ေမးအား ညစ္ကာ
"ရွင္ ဘာေတြမ်ား စဥ္းစားေနတာလဲ? ဟမ္!"
"ခ်င္းခ်င္း..."
ဖုန္းခ်န္က မုရံုခ်ီခ်ီလက္အား ကိုင္ကာ သူ႔ႏႈတ္ခမ္းေပၚတြင္ တင္လိုက္သည္။ သူက သူမလက္ေခ်ာင္းအား ဖြဖြေလးကိုက္ကာ
"ကိုယ္ စိုးရိမ္ေနတာ..."
"စိုးရိမ္တယ္?"
ဖုန္းခ်န္၏ စကားကို သူမၾကားလိုက္ေသာအခါ သူမအမႈအယာမွာ ေလးနက္လာသည္။ သူမက ထထိုင္လိုက္ၿပီး ဖုန္းခ်န္အား ၾကည့္ကာ
"ဘာျဖစ္ေနလို႔လဲ?"
*************************
Unicode Version
"မင်းသမီး... ဒါက ဒီကျွန်လုပ်ရမယ့် အရာပါ"
ဖုန်းချီ၏ ပြုမူလှုပ်ရှားမှုများသည် သူ၏ အဆင့်အတန်းနှင့် ကိုက်ညီသည်။ မုရုံချီချီက စစ်သူကြီးနဲ့ မင်းသမီးတို့ရဲ့ သမီးဆိုတာ သိသောအခါ သူသည် အားလုံးထက် စိတ်အလှုပ်ရှားဆုံး သူတယောက်ပင် ဖြစ်သည်။
ဖုန်းချန်၏ အစစ်အမှန်ဇာတိရုပ်ကို သိသူတယောက် အနေဖြင့် ဖုန်းမျိုးရိုး၏ တဦးတည်းသော သွေးသားဖြစ်သူ မုရုံချီချီအား တွေ့ရှိသွားသောအခါ ဒီဖုန်းမျိုးရိုး၏ အကြီးအကဲတယောက်အနေဖြင့် ထိုအရာမှာ အပျော်ရွှင်ဆုံးနှင့် စိတ်အလှုပ်ရှားဆုံးအရာပင်။
မုရုံချီချီပေါ်ထွက်လာမှုသည် မူလက ပြတ်တောက်သွားသော ဖုန်းမျိုးရိုးကို ဆက်လက်နိုင်ပြီဟု အဓိပ္ပာယ်ရသည်။ ဖုန်းမိသားစုမှာ မျိုးဆက်တခု ရှိခဲ့ပြီ။ ဖုန်းမိသားစုတွင် မွေးဖွားလာခဲ့ပြီး ဖုန်းမိသားစုတွင် ကြီးပြင်းလာကာ ဖုန်းမိသားစုအပေါ် မျိုးဆက်တဆက်ပြီး တဆက် သစ္စာစောင့်သိလာသူ တဦးအနေဖြင့် အဘယ်မှာ မပျော်ရွှင်ဘဲ နေအံ့သနည်း?
"ဦးလေးဖုန်း..."
ဒီလူတွေကို စိတ်ဓာတ်ကို သိသူတယောက်အနေဖြင့် ဒီလူတွေကို ဆက်လက်မငြင်းဆန်နိုင်တော့ပေ။ ဖုန်းချီရဲ့ ပို့ဆောင်မှုဖြင့် မုရုံချီချီသည် အရှေ့ခန်းမဆောင်သို့ ရောက်ရှိလာသည်။
ဝမ်ရမ်လဲ့၏ ကျင်းတဲ့က လေးစားစွာ စောင့်ဆိုင်းနေသည်။ မုရုံချီချီ ထွက်လာပြီး သူမ၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ရင်း ကျင်းတဲ့သည် သူ့ဝိညာဉ်တောင် ပျောက်ဆုံးမတတ်ပင်။ တခဏအတွင်းမှာပင် ကျင်းတဲ့သည် သူ၏ အရိုအသေတန်မှုကို သတိပြုမိလိုက်သည်။ သူက သူ့ခေါင်းကို မြန်မြန်ငုံ့ကာ တော်ဝင်အမိန့်လွှာကို ကိုင်လိုက်သည်။
"အရှင်မင်းကြီးက ဒါဟာ မင်းသမီးအတွက်ပါလို့ ပြောခိုင်းလိုက်ပါတယ်... မင်းသမီးအနေနဲ့ ဒူးထောက်ပြီး အရိုအသေပေးစရာ မလိုသလို ကျွန်တော်မျိုးအနေနဲ့လည်း ဖတ်ပေးဖို့ မလိုအပ်ပါဘူးတဲ့... ဒါကို မင်းသမီးကိုယ်တိုင် တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်"
မုရုံချီချီက တော်ဝင်အမိန့်ပြန်တမ်းကို ဖွင့်လိုက်သည်။ ထိုအပေါ်တွင် ဆုလာဘ်တော်နှင့် သူမမျိုးရိုးအမည် ပြန်လည်ခံယူခြင်းမှတပါး တခြားမရှိပေ။ ဝမ်ရမ်လဲ့က မုရုံချီချီ၏ အတွေးကို အလွန်ဂရုစိုက်ပုံ ပေါ်သည်။ သူမ၏ နာမည်ကို မည်သို့ ခေါ်စေချင်သည်ဆိုသည့် သူမအမြင်ကို သူက အမိန့်ပြန်တမ်းပေါ်တွင် ကိုယ်တိုင် မေးမြန်းထားသည်။
"ခုနှစ်လပိုင်း ခုနှစ်ရက်နေ့မှာ အမေက ကျွန်မကို ရုန်းကန်မွေးဖွားခဲ့တယ်ဆိုမှတော့ ကျွန်မကို ချီချီပဲ ဆက်ခေါ်ကြပါစေ"
ဖုန်းချီချီ... ဒီနာမည်လည်း မဆိုးပါဘူး! မုရုံချီချီကသူမစိတ်ထဲတွင် တွေးတောနေသည်။
"ဟုတ်ကဲ့ပါ"
ကျင်းတဲ့က လျင်မြန်စွာ ထိုစကားကို ရေးချလိုက်သည်။
ထပ်ကြည့်မိသောအခါ ဝမ်ရမ်လဲ့က သူမအား ဆောင်းဦးရှည်ကြာနန်းဆောင်ကို ပေးအပ်ထားငည်။ မုရုံချီချီက ညင်သာစွာ ထိုစာကို ဖတ်လိုက်ရင်း
"ဆောင်းဦးရှည်ကြာနန်းဆောင် ဟုတ်လား? ကြင်ယာတော်ယွဲ့က အဲ့ဒီမှာ မနေတော့ဘူးလား? ကျွန်မ အဲ့ဒီမှာ မနေချင်ဘူး"
မုရုံချီချီဘေးမှာ ရှိနေသည့် ဝမ်ရမ်ခန်သည် သူ့ခမည်းတော်က ဆောင်းဦးရှည်ကြာနန်းဆောင်အား ပေးအပ်လိုက်သည်ဟု ကြားသောအခါ သူ့နှလုံးသားက စည်းချက်လွဲသွားသည်။ မျိုးဆက်တွေ ဖြတ်ကျော်လာပြီးနောက် ဆောင်းဦးရှည်ကြာနန်းဆောင်က မိဖုရားခေါင်များ နေထိုင်ရာ စံအိမ်တော် ဖြစ်လာခဲ့သည်။ ထိုနေရာမှာ အနောက်နန်းဆောင်ထဲတွင် တော်ဝင်ကျက်သရေတော်ကို အများဆုံး ရရှိရာ နေရာဖြစ်သည်။ ဒါကို လုပ်ပြီး ခမည်းတော်က ဘာကို ရည်ရွယ်ချင်နေတာလဲ? ခမည်းတော်က မုရုံချီချီကို အလင်းရောင်မြင့်မြင့်မှာ ချုပ်နှောင်ထားချင်နေတာလား...
"မင်းသမီး... ကြင်ယာတော်ယွဲ့က ဆုံးပါးသွားပါပြီ... မင်းကြီးက ဆောင်းဦးရှည်ကြာနန်းဆောင်ကို မင်းသမီးစံအိမ်တော်အနေနဲ့ လူတွေကို သန့်ရှင်းခိုင်းထားပါတယ်"
"ကျွန်မ မလိုချင်ဘူး!"
မုရုံချီချီက ခေါင်းကို ခါလိုက်သည်။
"ကျွန်မ နန်လင်းမင်းသားအိမ်တော်မှာပဲ နေချင်တယ်။ ကျွန်မ တခြားအိမ်မှာ မနေချင်ဘူး"
သေချာသွားပြီ... မင်းကြီး ခန့်မှန်းခဲ့သလိုပါပဲ... မုရုံချီချီက ဆောင်းဦးရှည်ကြာနန်းဆောင်မှာ မနေချင်ဘဲ နန်လင်းဝမ်ဖူမှာပဲ နေချင်ခဲ့တယ်။ သို့သော် မင်းကြီးဆိုလိုတာက... ကျင်းတဲ့က တံတွေးမြိုချလိုက်ကာ
"မင်းသမီး... မင်းကြီးဆိုလိုတာက ရံဖန်ရံခါ နန်းတော်ထဲကို လာလို့ ခဏလောက်နေခဲ့ရင် ဆောင်းဦးရှည်ကြာနန်းဆောင်မှာ နေလို့ ရတယ်လို့ ပြောတာပါ... ဆောင်းဦးရှည်ကြာနန်းဆောင်က ဂုဏ်ကျက်သရေအရှိဆုံးနဲ့ အခမ်းနားဆုံးပါ။ နန်းတော်ရဲ့ အလှပဆုံးအတောင်ပံလို ဖြစ်ပြီး မင်းသမီးလေးနဲ့အသင့်တော်ဆုံးပါ"
"နန်းတော်မှာ ခဏလောက် နေမယ်ဆိုရင် ကျွန်မက အဘွားတော်ရဲ့ နန်းဆောင်မှာ နေလို့ ရပါတယ်။ ပြန်ပြီး ဦးရီးတော်မင်းကြီးကိုသာ ပြောလိုက်ပါ။ ကျွန်မ ဆောင်းဦးရှည်ကြာနန်းဆောင်မှာ မနေချင်ဘူး။ လူတွေ သေနေတဲ့နေရာက ကံဆိုးတတ်တယ်"
မုရုံချီချီစကားက ကျင်းတဲ့အား ကိုယ့်လျှာကိုယ် ပြန်ကိုက်မိမတတ် ထိတ်လန့်သွားစေသည်။ ဘယ်မိန်းမကများ ဆောင်းဦးရှည်ကြာနန်းဆောင်မှာ နေပြီး ဆောင်းဦးရှည်ကြာနန်းဆောင်ရဲ့ သခင်မ မဖြစ်ချင်တာ ရှိလို့လဲ? ဒီမင်းသမီးရဲ့ 'ပြန်သွား'ဆိုတဲ့ စကားလုံးကို သုံးပြီး သူ့အား ပြန်စေလိုက်သည်။
ကျင်းတဲ့ နန်းဆောင်သို့ ပြန်ရောက်သောအခါ တော်ဝင်စာကြည့်ဆောင်တွင် မုရုံချီချီ၏ စကားလုံးအတိုင်း အတိအကျကို ဝမ်ရမ်လဲ့အား ပြန်ပြောလိုက်သည်။ ထို့အတူ သူ့နှလုံးသားသည်လည်း တုန်လှုပ်နေသည်။ ဝမ်ရမ်လဲ့က စိတ်ပြောင်းသွားမှာ သူစိုးရိမ်နေသည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ဝမ်ရမ်လဲ့၏ ရယ်သံကြားလိုက်ရမည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
"ဟား ဟား ဟား .... မင်ယွဲ့သမီးစစ်စစ်! ကျန်းရဲ့တူမစစ်စစ်ပဲ! ကောင်းတယ်! ကောင်းတယ်"
မင်းကြီးနောက်ကို လိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ကျင်းတဲ့သည် သူ့သခင်က ဝမ်းသာနေသလား ဒေါသဖြစ်နေသလားဆိုတာကို ခွဲခြားတတ်လာသည်။ သူ့ရယ်သံကို ကြားနေရခြင်းဖြင့် ကျန်းကောမင်းသမီးကို မင်းကြီးက အမှန်ပင် နှစ်သက်သည်ဆိုတာကို နားလည်နိုင်လာသည်။ ကြည့်ရတာ မုရုံချီချီ၏ ကြွယ်ဝချမ်းသာလာမည့် နေ့ရက်များ ရောက်လာပုံပေါ်သည်။
"မင်းကြီး... ဒါဆို ဒီဆောင်းဦးရှည်ကြာနန်းဆောင်က..."
"ထိန်းသိမ်းထားလိုက်လေ! နန်းဆောင်အတွင်းနဲ အပြင်ကို မင်းလူတွေနဲ့ သန့်ရှင်းခိုင်းထားလိုက်! ဒီနန်းဆောင်ကို ဂရုစိုက်ပေးဖို့ လူသစ်တစုလောက်ကို ပို့ပေးထား! သူတို့က အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံတတ်ဖို့ လိုတယ်! ကျန်းကကောင်းကင်ဘုံရဲ့ သားတော်ပဲ! ရွှေပါးစပ်ကို ဖွသ့်ပြီး ကျောက်မျက်လို စကားတွေကိုပဲ ပြောတယ်! ဆောင်းဦးရှည်ကြာနန်းဆောင်က မုရုံချီချီအမေဘက်က သူမရဲ့ အိမ်ပဲ! သူမ ဆန္ဒရှိတဲ့အခါတိုင်း လာနိုင်တယ်"
"ဟုတ်ကဲ့ပါ"
ဘာကြောင့်မှန်းရယ်မသိ ဝမ်ရမ်လဲ့အစံထဲမှ ကျင်းတဲ့ တခါမှ မကြားဖူးသော အလိုလိုက်ခြင်းများ ပါဝင်နေသည်။ ဧကရာဇ်၏ အတွေးများကို သူ လိုက်မခန့်မှန်းရဲပါ။ သူ့အလုပ်ကို သူလုပ်နေခြင်းကသာ ပိုကောင်းပါလိမ့်မည်။
ဝမ်ရမ်လဲ့က မုရုံချီချီအား ဆောင်းဦးရှည်ကြာနန်းဆောင်ကို ချီးမြှင့်လိုက်သော သတင်းသည် ချက်ချင်းဆိုသလိုပင် ဗုံးတလုံးကဲ့သို့ ဖြစ်သွားကာ အနောက်နန်းဆောင်ရှိ မိန်းမများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်လာစေသည်။
"ဘာပြောတယ်? အရှင်မင်းကြီးက မုရုံချီချီကို ဆောင်းဦးရှည်ကြာနန်းဆောင် ပေးလိုက်တယ်ဟုတ်လား?"
ဒီသတင်းကို လင်းကဲ့ရှင်း ကြားသောအခါ သူမသည် ကြက်သေသေသွားသည်။ မူလက ယွဲ့လန်ကျစ်သေဆုံးသွားပြီးနောက် ဆောင်းဦးရှည်ကြာနန်းဆောင်က သူမလက်ထဲ ရောက်လာလိမ့်မည်ဟု သူမက ထင်ထားခဲ့သည်။ ဝမ်ရမ်လဲ့က လက်ပြောင်းပြီး ဒါကို မုရုံချီချီသို့ ပေးခဲ့လိမ့်မည်ဆိုတာကို သူမ ထင်မထားခဲ့ပေ။
"မယ်မယ်... ကျန်းကောမင်းသမီးက သူမရဲ့ မူလမျိုးရိုးအမည်ကို ပြန်လည်ခံယူပြီးပါပြီ! အခု သူမက ဖုန်းချီချီ ဖြစ်နေပါပြီ!"
နို့ထိန်းယွီက လင်းကဲ့ရှင်း၏ နောက်တွင် ရပ်နေသည်။ သူမက လင်းကဲ့ရှင်းကို ပြန်တည်ငြိမ်နေရန် မြန်မြန် နောက်ကျောကို နှိပ်ပေးလိုက်သည်။
"ဘန်း!"
လင်းကဲ့ရှင်းက လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
"သူမက ဘယ်သူလဲ ဘာလဲဆိုတာကို ပန်ကုန်း ဂရုမစိုက်ဘူး! နို့ထိန်းကြီး... ဆောင်းဦးရှည်ကြာနန်းဆောင်က ဘယ်လိုနေရာအမျိုးအစားလဲ? အဲ့ဒါက သမိုင်းအစကတည်းက မိဖုရားခေါင်တွေ နေလာခဲ့တဲ့နေရာ မဟုတ်ဘူးလား? ငါ့ကို ပြောစမ်း! ဒါက မင်းကြီး ဘာကို ဆိုလိုချင်နေတာလဲ?"
လင်းကဲ့ရှင်းဒေါသက နို့ထိန်းယွီမျှော်လင့်ထားသလိုပင်။ သူမက လျင်မြန်စွာ ပြောလိုက်ကာ
"မင်းကြီးရဲ့ ဆိုလိုချက်တွေကို ဒီအစေခံက မခန့်မှန်းရဲပါဘူး"
သို့သော်လည်း သူမစိတ်ထဲ တွေးနေတာက ဒီနေရာက မိဖုရားခေါင်တွေပဲ နေရတဲ့ နေရာဆိုတာကို နင်သိနေမှတော့ ဘာလို့ အဲဒီနေရာကို နင်ဂရုစိုက်နေသေးလဲဟုပင်!
"ဟမ့်!"
လင်းကဲ့ရှင်းက အံကြိတ်လိုက်သည်။ သူမလက်ထဲမှ လက်ကိုင်ပဝါမှာ ကြိုးတချောင်းလိုပင် လိမ်ကျစ်နေသည်။
"နို့ထိန်း... ပန်ကုန်းကို ပြောစမ်း! နောက်တက်မယ့် မင်းကြီးရဲ့ မိဖုရားခေါင်ဆိုတာ ဖုန်းချီချီပဲ သံသယရှိစရာ မလိုဘူးလို့ မင်းကြီးက ပြောချင်နေတာလား? တခြားစကားနဲ့ ပြောရမယ်ဆို ဖုန်းချီချီကို ရတဲ့သူက နောက်တက်မယ့် မင်းကြီး ဖြစ်မယ်လို့ ပြောချင်တာလား?"
လင်းကဲ့ရှင်းက ထိုသို့ ပြောသောအခါ နို့ထိန်းယွီက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ
"မယ်မယ်... မယ်မယ်ပြောတာ အမှန်ပါပဲ! ဒါက မင်းကြီးရဲ့ တကယ့်ဆိုလိုရင်း ဖြစ်နိုင်တယ်! မယ်မယ်က အတွေးအခေါ်ကောင်းမွန်လို့ မင်းကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်နိုင်တယ်"
နို့ထိန်းယွီ၏ ဖိနပ်လျှက်လိုက်ခြင်းက လင်းကဲ့ရှင်းကို စိတ်ကောင်းအနည်းငယ် ဝင်လာစေသည်။
"မင်းသမီးက ဖိတ်ကြားချက်ကို လက်ခံလိုက်လားဆိုတာ ပဉ္စမမင်းသားကို မေးဖို့ တယောကာယောက်ကို လွှတ်လိုက်ချေ... ပြီးတော့ ဒုတိယမင်းသားကို နန်းတွင်းဝင်ဖို့ တယောက်ယောက်ကို လွှတ်ပြီး ဖိတ်ခေါ်စေ!"
ကျင့်ရှင်းခန်းမဆောင်တွင် ဝမ်ရမ်ရီက မုရုံချီချီ၏ နှလုံးသားကို မည်သည့်နည်းဖြင့် ရနိုင်ရန် လင်းကဲ့ရှင်းက တွက်ချက်နေသည်။ ကျင့်တဲ့နန်းဆောင်အတွင်းတွင် လီပင်းက စားပွဲကို မှောက်ပစ်နေသည်။
"ဆောင်းဦးရှည်ကြာနန်းဆောင်တဲ့လား? မိန်းမစုတ်လေး နေဖို့ တတ်နိုင်တဲ့ နေရာမို့လို့လား? ဘာကြောင့် သူမက သူမရဲ့ကိုယ်ပိုင်အလေးချိန်ကို မချင့်ချိန်နိုင်ရတာလဲ?"
"မယ်မယ်... ကျန်းကောမင်းသမီးက ငြင်းပယ်တယ်လို့လည်း ပြောပါတယ်... အဲ့ဒီနေရာမှာ လူတွေ သေကြလို့ ကံဆိုးစေတယ်လို့ မင်းသမီးက ပြောခဲ့ပါတယ်... သူမက အဲ့ဒီမှာ မနေချင်ပါဘူး"
လီပင်း၏ အစေခံ ချွင်းထောင်က သူမစုံစမ်းရရှိသမျှကို လီပင်းအား အစီရင်ခံလိုက်သည်။
"မင်းကြီးက စိတ်ဆိုးမသွားဘူးလား?"
ထိုစကားကို လီပင်းကြားသောအခါ နောက်ဘာဆက်ဖြစ်လဲဆိုတာကို မြန်မြန်မေးလိုက်သည်။
"မဆိုးဘူး!"
ချွင်းထောင်က ခေါင်းခါလိုက်သည်။
"အဲ့ဒီစကားကို ကြားပြီးနောက်မှာ မင်းကြီးက အရမ်းပျော်ရွှင်သွားတယ်! မင်းသမီးက မင်းသမီးမင်ယွဲ့နဲ့ တူတယ်လို့တောင် မင်းကြီးက ပြောလိုက်သေးတယ်။ ပြီးတော့ မင်းကြီးက ဆောင်းဦးရှည်ကြာနန်းဆောင်ကို မင်းသမီးအတွက် ထားထားမယ်လို့ ဆိုပါသေးတယ်။ နောက်ဆို ဆောင်းဦးရှည်ကြာနန်းဆောင်က ကျန်းကောမင်းသမီးအတွက် မိခင်အိမ်ပါပဲတဲ့"
"မိခင်အိမ်... မိခင်အိမ်..."
လီပင်းက ထိုစကားနှစ်လုံးကို တတွတ်တွတ်ရေရွတ်နေသည်။ ရုတ်တရက် လီပင်းမျက်လုံးများက ပြူးကျယ်လာသည်။
"ပန်ကုန်း နားလည်ပြီ!"
သူမသခင်မ၏ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသော မျက်လုံးကို ကြည့်ရင်း ချွမ်းထောင်က ပဟေဠိဖြစ်နေသည်။
"မယ်မယ်... ဘာကို နားလည်တာလဲ?"
"မင်းကြီးက လက်ထပ်ပေးလိုက်ခြင်းနဲ့ နှောင်ကြိုးဟောင်းတွေကို ပြန်ချည်နှောင်ချင်နေတာ... သူက ကျန်းကောမင်းသမီးကို သူ့ချွေးမအနေနဲ့ တော်ချင်နေတာ"
ထိုအကြောင်းကို လီပင်းက ပိုတွေးမိလေ ပိုပြီး ဖြစ်နိုင်ချေ ရှိလာလေပင်။ မုရုံချီချီ၏ အသက်က လက်ထပ်နိုင်သည့် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သဘာဝအားဖြင့် သူမက လက်ထပ်သင့်နေပြီ။ ဝမ်ရမ်လဲ့က မုရုံချီချီအား အလွန်မြှောက်စားနေသည်... သူသည် သေချာပေါက် သူ့သားနှင့် လက်ထပ်ပေးဖို့ ဆန္ဒရှိနေပေလိမ့်မည်။ ထို့နောက် ဘယ်သူက သင့်တော်သူ ဖြစ်နိုင်သနည်း?
"ဆောင်းဦးရှည်ကြာနန်းဆောင်... ဆောင်းဦးရှည်ကြာနန်းဆောင်..."
လီပင်းက နှစ်ကြိမ်တိုင်တိုင် ရေရွတ်လိုက်သည်။ ရုတ်တရက် သူမက သိမြင်သွားသည်။
"ဆောင်းဦးရှည်ကြာနန်းဆောင်ဆိုတာ အနောက်နန်းဆောင်ထဲ အဓိကနန်းဆောင်သင်္ကေတပဲ! ဖုန်းချီချီက အဓိကနန်းဆောင်ထဲကို ဝင်လာတယ်ဆိုတော့ ဆိုလိုတာက သူမယောကျ်ားဟာ နောက်တက်မယ့် မင်းကြီးပဲ! အရင်က မင်းကြီးက မင်းသမီးမင်ယွဲ့ကို အရမ်းချစ်တယ်... အခု သူက အိမ်ကို ချစ်တော့ သူ့ကျီးကိုပါ ချစ်တယ်... အလိုအလျောက် သူက ဖုန်းချီချီကို ချစ်လာတာပေါ့"
"အရင်တုန်းက သူက မင်းသမီးမင်ယွဲ့လိုမျိုး သမီးမျိုး လိုချင်ပြီး သူမကို တလောကလုံးမှာ အကောင်းဆုံးဆိုတဲ့ အရာတွေကို ပေးမယ်လို့ မပြောခဲ့ဘူးလား? အခု ကျန်းက္ဆေမင်းသမီးကို ရှာတွေ့ခဲ့ပြီ။ မင်းကြီးက သေချာပေါက် သူမကို အလွန်အကျွံကို ဂရုစိုက်မှာပဲ! မိန်းမတယောက်အတွက် အမြင့်မြတ်ဆုံးနေရာက မိဖုရားခေါင်ရာထူးပဲ! ဒါပဲ ဖြစ်လိမ့်မယ်! ဒါပဲ ဖြစ်လိမ့်မယ်!"
ချွမ်းထောင်က သူမမယ်မယ်၏ တက်ကြွနေသော မျက်လုံးများကို ကြည့်လိုက်သည်။ ချွမ်းထောင်က ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှာတွေ့မိသလို ဖြစ်လာ၏။
"ကျင်းရှင်းနန်းဆောင်က ကျန်းကောမင်းသမီးကို လက်ဖက်ရည်သောက်ဖိတ်ဖို့ ပဉ္စမမင်းသားကို အပ်နှင်းထားပါတယ်"
"လက်ဖက်ရည်?"
လင်းကဲ့ရှင်းလုပ်ထားသမျှကို ကြားသောအခါ လီပင်းက လှောင်ရယ်လိုက်သည်။
"ဖုန်းချီချီက မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိထားတယ်။ သူမက အလွန်အမင်း ဂုဏ်ယူနေလိမ့်မယ်... လက်ဖက်ရည်တခွက်လောက်ကို ဘာကြောင့် သူမက ဂရုစိုက်နေမလဲ?"
လီပင်းက ချွမ်းထောင်ကို သူမအနား ခေါ်လိုက်သည်။ ထို့နောက် စကားတချို့ကို ချွမ်းထောင် နားနားတွင် တီးတိုးပြောဆိုလိုက်သည်။ ချွမ်းထောင်က ခေါင်းညိတ်ကာ ကျင်းတဲ့နန်းဆောင်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။
ကျင့်ရွှမ်နန်းဆောင်တွင်... တုန်ဖန်လန်က ဝမ်ရမ်လဲ့၏ ဆုံးဖြတ်ချက်ကို သတင်းကြားပြီးနောက် သူမက 'စိတ်ရှုပ်လိုက်တာ'ဟု နှစ်ကြိမ်တိုင်တိုင် ရေရွတ်လိုက်သည်။ မုရုံချီချီအပေါ် ထားရှိသည့် ဝမ်ရမ်လဲ့၏ ချစ်ခင်မှုကို သူမ နားလည်နိုင်ပါသည်... သို့သော် ဒီလိုလုပ်လိုက်ခြင်းက မုရုံချီချီအား လူတိုင်း လိုလားတပ်မက်ကြသည့် အရသာရှိသော ကိတ်တလုံးလို ဖြစ်မလာစေဘူးလား?
"ဒီလိုလုပ်လိုက်တာက မင်းသားတွေကြားက ကွဲလဲမှုကို ပိုပြီး နက်ရှိုင်းသွားစေတယ်ဆိုတာ မင်းကြီးက နားမလည်လိုက်လို့များလား? ဒါ့အပြင် အိုက်ကျားက သူမကို တော်ဝင်မိသားစုထဲကို ဝင်မလာစေချင်ဘူး။ အိုက်ကျားက သူမကို ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တာ..."
တုန်ဖန်လန် ထိုသို့ ပြောလာတာ ကြားပြီးနောက် ချင်းကူက တခြားနန်းတွင်းအစေခံတွေကို အပြင်သို့ ထွက်စေသည်။ သူမက တုန်ဖန်လန်အနားသို့ ရောက်လာကာ
"သခင်မလေး... ဒီအစေခံမှာ ပြောသင့်လား မပြောသင့်လား ဝေခွဲမရဖြစ်နေတဲ့ အရာတခု ရှိနေပါတယ်"
ချင်းကူက ထိုသို့ ဖြစ်နေသောအခါ တုန်ဖန်လန်က ထိုအရာသည် အရေးကြီးသည်ဆိုတာကို ခန့်မှန်းမိလိုက်သည်။ သူမက ချက်ချင်း ခေါင်းညိတ်ကာ
"ငါ့ကို ပြောပါ... ဘယ်လိုကိစ္စမျိုးလဲ..."
ချင်းကူက သူမလက်ဖြင့် လက်ဟန်ပြလိုက်ပြီ သွက်လက်ကာ ဉာဏ်ကောင်းသော အစေခံငယ်လေးတယောက်ကို တုန်ဖန်လန်ရှေ့သို့ ပို့ဆောင်လိုက်သည်။ အစေခံငယ်က တုန်ဖန်လန်အား မြင်သောအခါ ချက်ချင်း ကန်တော့လိုက်သည်။
"မယ်တော်ကြီးဘုရား... ကျွန်တော်မျိုးမတို့မယ်မယ်က အပြစ်ကင်းပါတယ်! ကျွန်တော်မျိုးမတို့မယ်မယ်က မင်းကြီးကို မတိုက်ခိုက်ခဲ့ပါဘူး"
"သူမက..."
သူမမျက်စိရှေ့တွင် ဒီမရင်းနှီးသည့် နန်းတွင်းအစေခံကို မြင်သောအခါ တုန်ဖန်လန်က ပဟေဠိဖြစ်သွားသည်။ ဒီနန်းတွင်းအစေခံက ဘယ်သူလဲ? သူမက ဘာကြောင့် သူမရောက်လာတာနဲ့ မကျေနပ်ချက်တွေနဲ့ ငိုကြွေးရတာလဲ?
"သခင်မလေး... ဒါက ဆောင်းဦးရှည်ကြာနန်းဆောင်က... ဟွမ်ကွေ့ဖေးယွဲ့ကို ခစားရတဲ့ နန်းတွင်းအစေခံ ချွမ်းရှင်းဆိုတာပါ"
မနေ့က သူမက ဒဏ်ရာရနေသည့် ဝမ်ရမ်လဲ့ဆီ သတင်းမေးသွားစဉ်က ဝမ်ရမ်မင်ယွဲ့နှင့် တူသည့် မိန်းကလေးတယောက်ကို သူမ မြင်ခဲ့သည်။ ထိုမိန်းကလေးကို ကျင်းတဲ့က သတ်ပစ်ခဲ့သော်လည်း ထိုအရာက သူမနှလုံးသားထဲတွင် သံသယတခုကို ပေါက်ဖွားလာစေခဲ့သည်။
ဟုတ်ပါသည်... ဒီမနက် ဝမ်ရမ်လဲ့ သတိရလာသောအခါ ဆောင်းဦးရှည်ကြာနန်းဆောင်ရှိ လူအားလုံးကို သေစေရန် အမိန့်ပေးခဲ့သည်။ ချင်းကူက အခြေအနေသည် အကောင်းဘက်နှင့် ဝေးကွာနေသည်ကို သိမြင်ခဲ့သည်။ နောက်ဆုံးတွင် သူမက လှည့်ကွက်လေးတခု လုပ်ကာ ချွမ်ရှင်းအား ကယ်တင်ခဲ့သည်။ အခု သူမက ချွမ်ရှင်းအား တုန်ဖန်လန်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ချွမ်ရှင်း၏ မျက်လုံးများမှာ တရုတ်ဇီးသီးများ ကဲ့သို့ နီရဲနေသည်။ သူမ၏ အသံမှာ တုန်ယင်နေပြီး မျက်လုံးများမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ နန်းတော်အစေခံလေး၏ သနားစဖွယ်ပုံစံကို ကြည့်ရင်း တုန်ဖန်လန်က သူမမေးခွန်းအား ဖြေခိုင်းရန် သူမအား ထရပ်စေသည်။ သို့သော် ချွမ်ရှင်းက မတ်တပ်ရပ်ဖို့ ငြင်းဆန်ပြီး ယွဲ့လန်ကျစ်၏ အပြစ်ကင်းကြောင်းကိုသာ အော်ဟစ်နေသည်။
"ကျွန်မတို့မယ်မယ်က စိတ်ထားကောင်းတဲ့သူတယောက်ပါ... ပုံမှန်အားဖြင့် အစေခံတယောက်ကိုတောင် အပြစ်ပေးဖို့ ဆန္ဒမရှိတဲ့သူပါ... ဒီအစေခံက အမှားတခုခု လုပ်ခဲ့မိရင်တောင် မယ်မယ်က ချိုသာနေသေးပြီး စကားကြမ်းကြမ်းတောင် မပြောခဲ့တဲ့သူပါ"
"ဒါပေမယ်... အခု ရုတ်တရက်ကြီး မယ်မယ်ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ဘူး။ အပြင်မှာ လူတိုင်းက မယ်မယ်ကို ဖမ်းဖို့ ရှာနေပြီး မယ်မယ်က မင်းကြီးကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြပါသေးတယ်... ဒါပေမယ့် ဒီအစေခံကတော့ အဲ့ဒါကို မယုံကြည်နိုင်ပါဘူး! မယ်တော်ကြီးရှင့်... ဒီအစေခံက မယ်မယ်က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကို ဒီအစေခံရဲ့ အသက်ကို သုံးပြီး အာမခံဖို့ ဆန္ဒရှိပါတယ်! မင်းကြီးကို သူမ တွေ့တဲ့အခါတိုင်း သူမက ကြောင်ကို တွေ့တဲ့ ကြွက်လို ဖြစ်နေတာ. ဘယ်လိုလုပ် မယ်မယ်က မင်းကြီးကို တိုက်ခိုက်ဖို့ သတ္တိရှိမှာလဲ?"
သေဆုံးသွားပြီဖြစ်သော ယွဲ့လန်ကျစ်ကတော့ သူမနောက်ကို လိုက်ပါတာ သိပ်မကြာသေးတဲ့ ဒီအစေခံငယ်လေးက တုန်ဖန်လန်ရှေ့မှာ သူမအတွက် တရားမျှတမှုကို တောင်းဆိုပေးလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမိခဲ့မည် မဟုတ်ပေ။
ချွမ်ရှင်း ပြောစကားကို နားထောင်ပြီးနောက် တုန်ဖန်လန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက ယွဲ့လန်ကျစ်ကို တခါမှ မမြင်ဖူးခဲ့ပေ။ သူမက လတ်တလော နန်းတော်ထဲတွင် မျက်နှာသာအပေးခံရဆုံးကြင်ယာတော်ဆိုတာသာ တုန်ဖန်လန်က သိခဲ့သည်။
ဝမ်ရမ်မင်ယွဲ့နှင့် ဖုန်းရှဲ့ သေဆုံးပြီးနောက် တုန်ဖန်လန်က ဗုဒ္ဓဘုရားရှင်၏ လမ်းညွှန်သင်ကြားမှုများကိုသာ နှလုံးသွင်းကာ အနောက်နန်းဆောင်ကိစ္စများတွင် မပါဝင်တော့ပေ။
တုန်ဖန်လန်က အနောက်နန်းဆောင်၏ တချို့ကိစ္စများကိုသာ ကြားသိခဲ့သည်။ ဝမ်ရမ်လဲ့က အချိန်ကြာပြီးနောက် မိန်းကလေးအသစ်တယောက်အား မျက်နှာသာပေးကာ အနောက်နန်းဆောင်တခုလုံးကို ရှာလကာရည်ဖြင့် ပြည့်သွားစေသည်ထက် ဘာမှမပိုပေ။ ဒါပေမယ့် သူမမှာ ထိုကိစ္စကို ထိန်းချုပ်နိုင်စွမ်းမရှိသလို သူမစိတ်ထဲတွင် သူမကာကွယ်ပေးလိုသည့် တယောက်တလေမှ မရှိပေ။
အနောက်နန်းဆောင်ရှိ မိန်းမများ၏ ထိုကိစ္စများတွင် သူမလို အကြီးအကဲတယောက်အနေဖြင့် ဘာမှ လုပ်စရာမရှိပေ။ ထို့ကြောင့် ဝမ်ရမ်လဲ့အနေဖြင့် မည်သူ့ကို မျက်နှာသာပေး၊ အလိုလိုက် သို့မဟုတ် ချစ်ခင်နှစ်သက်သည်ဖြစ်စေ တုန်ဖန်လန်အတွက် ထူးမခြားနားပင် ဖြစ်သည်။ ကြင်ယာတော်များ သူမရှေ့တွင် ရှုပ်ရှက်ခတ်နေလျှင်ပင် သူမက ကြားမဝင်ပေ။ အချိန်ကြာသည်နှင့်အမျှ ကြင်ယာတော်များမှာ သူမဆီသို့ ရောက်မလာကြတော့ဘဲ သူမနားများလည်း အလွန်ဆိတ်ငြိမ်ရာရသွားလေသည်။
ယွဲ့လန်ကျစ်မဆိုထားနှင့်... ဝမ်ရမ်လဲ့ ပစားပေးခဲ့သာ ဆောင်းဦးရှည်ကြာနန်းဆောင်မှ ထိုမိန်းမများအားလုံးကို တုန်ဖန်လန်က မမြင်ခဲ့ဖူးပါ။
အချိန်အများစုတွင် သူမက ဘုရားကျောင်းတွင်သာ ရှိသည်။ သူမ ပြန်လာသောအခါတွင်လည်း သူမက တိတ်တိတ်သာ နေသည်။ ထို့အပြင် ဝမ်ရမ်လဲ့က အားနည်းသော မိန်းမလှများကို အထူးကြိုက်နှစ်သက်ပုံရသည်။ ဆောင်းဦးရှည်ကြာနန်းဆောင်၏ သခင်မတိုင်းသည် လေတိုက်ထဲတွင် မတ်တပ်မရပ်နိုင်အောင် အားနည်းလွန်းကြသည်။ ပူပြင်းသော နေ့များတွင်ပင် သူမတို့ အပြင်ထွက်သည့်အခါ အဖုံးအကာများကို ဝတ်ဆင်ထားလေ့ရှိကြသည်။ အလွန်နူးညံ့လွန်းသဖြင့် တုန်ဖန်လန်မှာ သူမတို့အား ပိုပြီး မနှစ်မြို့ပင် ဖြစ်စေသည်။ ထို့ကြောင့် ထိုကြင်ယာတော်များ ပိုအားနည်းလာပြီး ဖျားနာလာကာ အမေနှင့် သားကြားက ဆက်ဆံရေးကို ဝေးကွာစေခြင်းမျိုး မဖြစ်စေရန် ထိုကြင်ယာတော်များအား သူမက ဆင့်ခေါ်ရန် ပျင်းရိလှသည်။
အခု ချွမ်ရှင်းက ယွဲ့လန်ကျစ်အတွက် တရားမျှတမှုကို ရှာဖွေနေပြီး သူမပုံစံမှာလည်း လိမ်နေတာမျိုး မဟုတ်တာ မြင်သောအခါ တုန်ဖန်လန်က ခေါင်းညိတ်လိုက်သည်။ သူမက ဆက်ပြောရန် အချက်ပြလိုက်သည်။
သူမက ဆို့နင့်နင့်ဖြင့် ပုံမှန်အားဖြင့် ယွဲ့လန်ကျစ်က ဝမ်ရမ်လဲ့အား ဘယ်လိုတောင် ကြောက်တဲ့အကြောင်း၊ သူ က သူမအား ဘယ်လိုအရှက်ခွဲပုံ၊ သူမ ဘယ်လို ကိုယ်ဝန်ပျက်ကျပုံနှင့် အချိန်တိုင်း ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်အား မည်သို့ ညှင်းပန်းနှိပ်စက်ပုံတို့ကို တုန်ဖန်လန်အား တခုပြီး တခု ပြောပြလေသည်။
ယွဲ့လန်ကျစ်၏ ကိုယ်ဝန်ပျက်ကျမှုသည် ဝမ်ရမ်လဲ့၏ အတင်းအကျပ်လိင်ဆက်ဆံမှုကြောင့် ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျပြီးနောက်တွင် ဝမ်ရမ်လဲ့သည် ယွဲ့လန်ကျစ်၏ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုကို ဂရုမစိုက်ဘဲ လိင်ဆက်ဆံနေကြောင်းကို သူမကြားရသောအခါ တုန်ဖန်လန်သည် အံ့သြသွားခဲ့သည်။ ဒါက သူမသိတဲ့ ဝမ်ရမ်လဲ့မှ ဟုတ်ပါသလား?
"ဘာကြောင့် မင်းကြီးက ဒီလိုအရာမျိုးကို လုပ်ရတာလဲ? ဒါက ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ?"
"မယ်တော်ကြီးကို လျှောက်တင်ပါတယ်... ဒီအစေခံပြောတဲ့ စကားတိုင်းဟာ အမှန်တွေပါပဲ... မယ်မယ်ကို ကုသပေးခဲ့တဲ့ သမားတော်ကြီးက သက်သေပြုပေးနိုင်ပါတယ်"
တုန်ဖန်လန်က သူမစကားကို သံသယဝင်နေတာ မြင်သောအခါ ချွမ်ရှင်းက စိုးရိမ်သွားပြီး ချက်ချင်း ကြမ်းပြင်ပေါ်တွင် ပြင်းထန်စွာ ကန်တော့လေသည်။
"မယ်တော်ကြီးရှင့်... မယ်မယ်က တကယ်ကို အပြစ်ကင်းစင်ပါတယ်! အဲ့ဒီနေ့က မင်းကြီး ဆောင်းဦးရှည်ကြာနန်းဆောင်ထဲကို ဝင်ပြီးနောက် မယ်မယ်က ဒီအစေခံကို လှမ်းခေါ်ရင် မရှိမှာစိုးတာနဲ့ ဒီအစေခံက အပြင်ဘက်မှာ စောင့်နေခဲ့ပါတယ်။ သို့ပေမယ့် မယ်မယ်က တခါမှ ထွက်မလာခဲ့တော့ပါဘူး။ မယ်မယ်လို ပင်ကိုအားနည်းတဲ့ သူတယောက် ဖြစ်တဲ့အပြင် ကိုယ်ဝန်ပျက်ကျမှုကြောင့် အားနည်းနေတဲ့ သူတယောက်ဟာ နန်းတော်ထဲကနေ သူမဘာသာ ထွက်ခွာနိုင်ပါ့မလား မယ်တော်ကြီးရှင့်... မင်းကြီးကို ပိုပြီးတော့တောင် မတိုက်နိုင်သေးတယ်... ဒီကိစ္စကို စုံစမ်းပေးဖို့ မယ်တော်ကြီးကို လျှောက်တင်ပါတယ်"
ချွမ်ရှင်းက သူမသခင်မအတွက် တရားမျှတမှုကို အူလှိုက်အသည်းလှိုက် ရှာဖွေချင်နေသည်။ သူမခေါင်းကို ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန်ဆောင့်နေသည်။ သူမနဖူးစုတ်ပြဲသွားဖို့အတွက် သိပ်အချိန်မယူလိုက်ရပေ။ အရေပြားက စုတ်ပြဲလာသည်။ သွေးများက နှာခေါင်းတလျှောက် ကျဆင်းလာလေသည်။ တစက်ပြီး တစက် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
"ချင်းကူ!"
တုန်ဖန်လန်က ချင်းကူကို အချက်ပြလိုက်သည်။ သူမက ချွမ်ရှင်းကို ဆွဲထူလိုက်သည်။ သူမက ဆွဲထူလိုသော်လည်း ချွမ်ရှင်းက ခေါင်းမာသည့် မိန်းကလေးတယောက် ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
"မယ်တော်ကြီးက ဒီအစေခံရဲ့ တောင်းဆိုမှုကို လက်မခံမချင်း ဒီအစေခံက မထနိုင်ပါဘူး"
"မင်းက အခု ပုန်ကန်ချင်နေတာလား?"
တုန်ဖန်လန်၏ လက်ဖဝါးက စားပွဲကို ဖြန်းခနဲ့ ရိုက်လိုက်သည်။
"မင်းက အိုက်ကျားကို ခြိမ်းခြောက်ချင်နေတာလား? အိုက်ကျားက ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ! အစေခံတွေ... ဒီယုတ်မာတဲ့နန်းတွင်းအစေခံကို ဆွဲထုတ်ပြီး သေအောင် ရိုက်ပစ်ကြစမ်း!"
"မယ်တော်ကြီးရယ်... ဟွမ်ကွေ့ဖေးက တကယ်ပဲ အပြစ်မရှိပါဘူး! ကျေးဇူးပြုပြီး စုံစမ်းပေးဖို့ မယ်တော်ကြီးကို တောင်းဆိုပါတယ်ရှင်... မယ်တော်ကြီးရှင့်... ဒီဆယ်နှစ်အတွင်း ဆောင်းဦးရှည်ကြာနန်းဆောင်မှာ ဘာကြောင့် ဟွမ်ကွေ့ဖေးကိုးယောက်တောင် ပြောင်းခဲ့ရလဲဆိုတာ မစဉ်းစားမိခဲ့ဘူးလား? အဲ့ဒီမိန်းမတွေ ဘယ်ကို ရောက်သွားတာလဲ? မယ်တော်ကြီးရယ်... လူ့အသက်က တန်ဖိုးရှိပါတယ်!"
ချွမ်ရှင်း၏ အသနားခံမှုက တုန်ဖန်လန်၏ ညှာတာမှုကို မရရှိပေ။ ချင်းကူက ချွမ်ရှင်းကို ကူညီချင်သော်လည်း မယ်တော်ကြီးက အမိန့်ပေးထားပြီဖြစ်၍ သူမလူများကို ချွမ်ရှင်းအား ဆွဲထုတ်သွားစေသည်။ တခဏကြာပြီးနောက် ချွမ်ရှင်းအား သေအောင် ရိုက်သတ်ပြီးကြောင်းကို တယောက်က တုန်ဖန်လန်အား လာရောက်အစီရင်ခံလေသည်။
"သူမကို မြုှပ်နှံလိုက်တော့!"
တုန်ဖန်လန်က သူမလက်ထဲမှ ဗုဒ္ဓပုတီးစေ့များဆီကို ရောက်သွားသည်။ သူမခေါင်းက အချိန်တော်တော်ကြာ ငုံ့ထားသည်။ ချင်းကူက ပြန်လာပြီး တုန်ဖန်လန်အား ခေါင်းညိတ်ပြလိုက်သည်။ ထိုမှသာ သူမလည်း စိတ်သက်သာရာရသွားတော့၏။
"အဲ့ဒီကလေး နေလို့မှ ကောင်းရဲ့လား? မင်းကော ဒီကိစ္စကို အားလုံးမသိအောင် လုပ်နိုင်ခဲ့ရဲ့လား?"
"အပေါ်ယံဒဏ်ရာလေးတွေပါ... ခဏလောက် ဂရုစိုက်လိုက်ရင် ပြန်ကောင်းလာမှာပါ။ ကျွန်မတို့ ကျင့်ရွှမ်နန်းဆောင်မှာ မင်းကြီးရဲ့လူတွေ ရှိနေတယ်ဆိုတာ မယ်တော်ကြီးက ဘယ်လိုလုပ် သိသွားတာလဲ?"
"ဟင်းဟင်း... ကောင်းကင်တခုလုံးအောက်က နေရာတိုင်းမှာ မင်းကြီးရဲ့ မြေ၊ တိုင်းပြည်ရဲ့ နယ်မြေတိုင်းမှာ ရှိတဲ့ လူတိုင်းက မင်းကြီးရဲ့ အမှုထမ်းတွေချည်းပဲ! နေရာတိုင်းက မင်းကြီးအပိုင်တွေပဲ ဖြစ်နေတာ ဒီနန်းတော်ထဲဆို ထည့်မပြောစရာတောင် မလိုဘူး!"
တုန်ဖန်လန်က ပုတီးစိပ်ခြင်းမှ ရပ်လိုက်ကာ
"ချင်းကူ... မင်း ကိုယ်တိုင်သွားပြီး ချွမ်ရှင်းကို ဂရုစိုက်ချည်... သူမကို တယောက်မှ ရှာမတွေ့ပေ့စေနဲ့! ဒီကိစ္စပြီးရင် အိုက်ကျားကိုယ်တိုင် သူမကို ဆောင်းဦးရှည်ကြာနန်းဆောင်အကြောင်း မေးရမယ်!"
တော်ဝင်စာကြည့်ဆောင်တွင် ကျင်းတဲ့က ဝမ်ရမ်လဲ့အနားကပ်ကာ တီးတိုးပြောဆိုလိုက်သည်။ ဝမ်ရမ်လဲ့က သူ့လက်ထဲမှ စုတ်တံကို ချလိုက်ကာ
"အိုး?! မယ်တော်ကြီးက ကိုယ်တိုင် ချွမ်ရှင်းကို သတ်ပစ်လိုက်တယ်ပေါ့ ဟုတ်လား? အဲ့ဒါ တခုခုမှားနေတယ်လို့ မမြင်ဘူးလား? သေသွားတာရော သေချာရဲ့လား?"
"မင်းကြီးကို လျှောက်တင်ပါတယ်... သူမ သေသွားပြီး အသက်ရှုလည်း ရပ်သွားပါပြီ"
"ဒါဆို အဲ့ဒါ ကောင်းတာပေါ့! ဟား ဟား ဒီမိန်းကလေးက စိတ်ဓာတ်ကြံ့ခိုင်ပြီး မယ်တော်ကြီးကိုတောင် တိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"အရှင်မင်းကြီး... မယ်တော်ကြီးက အရှင်မင်းကြီးရဲ့ မွေးမယ်တော်မဟုတ်ပေမယ့် အရှင်မင်းကြီးကိုတော့ ဆိုးဆိုးရွားရွားမဆက်ဆံဘူးနော်!ဒါ့အပြင် သူမက အရှင်မင်းကြီးကို နန်းတွင်းအကြောင်းတွေလည်း မမေးဘူး"
ဝမ်ရမ်လဲ့က ကျင်းတဲ့စကားအား ရယ်လိုက်ကာ
"ဒါအမှန်ပဲ! မယ်တော်မိဖုရားခေါင်က တကယ်မဆိုးဘူး"
ချွမ်ရှင်းကိစ္စကတော့ ဝမ်ရမ်လဲ့စကားနှင့်အတူ အားလုံး၏ မေ့လျော့ခြင်းကို ခံခဲ့ရသည်။ ဆောင်းဦးရှည်ကြာနန်းဆောင်မှာ ဒီလိုအစေခံမျိုး ရှိခဲ့တယ်ဆိုတာကို တဦးတယောက်မှ သတိမရတော့ပါ။ ထို့အတူ နန်းတွင်းသူအစေခံအား သေဒဏ်ပေးခဲ့သော မယ်တော်ကြီးအား မည်သူမှ ပြစ်တင်ရှုံ့ချမည့်သူ မရှိပေ။
မုရုံချီချီ၏ သရုပ်မှန်ကို ဖော်ထုတ်ပြီးနောက် မထင်မှတ်ဘဲ ဘာကောလဟလမှ မထွက်လာသလို ဆန့်ကျင်မည့်သူလည်း မရှိပေ။ လီချိုးရွှေသာယလူအများ၏ အမြင်နှင့် ဆန့်ကျင်မှုကို ခံရခဲ့သည်။ တချိန်တည်းမှာပဲ လွန်ခဲ့သည့် ဆယ့်ငါးနှစ်မှ ယန်တန်းတောင် တိုက်ပွဲသည်လည်း လူအများအား တုန်လှုပ်စေသည်။ လူအများစုက ဖုန်းရှဲ့သေဆုံးမှုနောက်ကွယ်မှ နက်ရှိုင်းသော အကြောင်းပြချက်ကို ဖော်ထုတ်လာကြသည်။ ဟုတ်ပါသည် လျှို့ဝှက်အစပျိုးသူဖုန်းချန်မှ ဒါတွေကို ထိထိရောက်ရောက်အစပျိုးခဲ့ခြင်းပင်။
ထင်းစုန်အဆောက်အအုံအတွင်းတွင် မုရုံချီချီက ဖုန်းချန်လက်မောင်းပေါ်တွင် ပျင်းရိပျင်းတွဲလဲလှောင်းနေသည်။ သူမက သက်တောင့်သက်သာအနေအထားကို ရှာဖွေကာ ကြောင်ပျင်းတကောင်လို အောက်ကို လှဲနေသည်။
ယခင်က သူမသည် နာကျင်ဖွယ်ရာ အရှုပ်အထွေးများကို တွေ့ကြုံခဲ့ရသော်လည်း ဖုန်းချန်၏ သရုပ်မှန်ကို သိပြီးနောက် မုရုံချီချီက တိမ်များကို ဖယ်ရှားပြီး လမင်းကို မြင်ရသလို ခံစားရသည်။ သူမစိတ်သည်လည်း ရွှင်လန်းလာသည်။ ထို့အပြင် သူမက လောင်းကစားဒိုင်များမှ ရွှေငွေအိုးလိုက် အနိုင်ရထားသောကြောင့် အမှန်ပင် သူမစိတ်အခြေအနေမှာ ကောင်းမွန်နေသည်။ သူမသည် သီချင်းများကိုတောင် တတွတ်တွတ်ဆိုညည်းနေသည်။
မုရုံချီချီနှင့် နှိုင်းယှဉ်သော် ဖုန်းချန်က အရာတခုကို စိုးရိမ်နေသည်။ ၎င်းမှာ ဝမ်ရမ်လဲ့က မုရုံချီချီအား ဆောင်းဦးရှည်ကြာနန်းဆောင်ကို ပေးသည့် နောက်ကွယ်မှ အကြောင်းပြချက်ပင်။ အထူးသဖြင့် ခန်းမတုန်းက လုံဇယ်ကျင့်ထျန်းနှင့် ဝမ်ရမ်ဟုန်တို့ မုရုံချီချီအား ကြည့်သောအကြည့်က ထိုပိုင်စိုးလိုစိတ်က သူ့အား မပျော်မရွှင် ဖြစ်စေသည်။ ထိုနှစ်ယောက်၏ မျက်လုံးများကို တူးပစ်လိုစိတ်ပင် သူဖြစ်မိသည်။
"ဝမ်ရယ်...ဘာဖြစ်လို့လဲ?"
နေ့တဝက်ကြာသည့်တိုင် ဖုန်းချန်က စကားမပြောသောအခါ မုရုံချီချီက သူမခေါင်းကို မော့လိုက်သည်။ သူမလက်က ဖုန်းချန်၏ မေးအား ညစ်ကာ
"ရှင် ဘာတွေများ စဉ်းစားနေတာလဲ? ဟမ်!"
"ချင်းချင်း..."
ဖုန်းချန်က မုရုံချီချီလက်အား ကိုင်ကာ သူ့နှုတ်ခမ်းပေါ်တွင် တင်လိုက်သည်။ သူက သူမလက်ချောင်းအား ဖွဖွလေးကိုက်ကာ
"ကိုယ် စိုးရိမ်နေတာ..."
"စိုးရိမ်တယ်?"
ဖုန်းချန်၏ စကားကို သူမကြားလိုက်သောအခါ သူမအမှုအယာမှာ လေးနက်လာသည်။ သူမက ထထိုင်လိုက်ပြီး ဖုန်းချန်အား ကြည့်ကာ
"ဘာဖြစ်နေလို့လဲ?"