PET SYSTEM: BE THE FAMOUS PET...
By oniichii_henti
13.6K 1.3K 19
Original Arthur - rosella0214 Just Translation Not Own Creation More
Meow!!!
STATER
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
So Sorry!🥺🥺🥺
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Jun Ren)
Arc-1 (Final)
Arc-1 (Extra)
အဖြူရောင်နယ်မြေ
305 23 3
By oniichii_henti
Zawgyi
[Stats!
Host : xxx
Level : 2/100
Exp : 2000
စွမ်းရည် : ????
ဂုဏ်ကျက်သရည် : 50
ထက်မြတ်မှု : 45]
အခိုက်အတန့်ခဏလောက်ကြာတဲ့အခါမှာတော့
[စိတ်မပူပါနဲ့။ သင်လုံခြုံပါတယ်။ ဂရုတစိုက် သာနေပါ။]
Unicode
Host က ခေါင်းမူ‌းနောက်စွာနဲ့နိုးထလာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ကလည်း နာကျင်လို့နေသည်‌။ သူမမျက်နှာကိုရှုံ့မဲ့လိုက်ပြီး သူမမျက်လုံးတွေကိုဖွင့်လိုက်ကာ သက်သောင့်သက်သာရှိတဲ့အဖြူရောင်ကုတင်ပေါ်မှာထိုင်‌နေလိုက်သည်။ 
သူမအခုရောက်ရှိနေတဲ့နေရာက သူမပထမကမ္ဘာကိုမကူးပြောင်းမီတုန်းကရှိနေခဲ့တဲ့နေရာဘဲ။ သူမရဲ့လူသားပုံစံကဘယ်လိုပုံလဲဆိုတာကို ဆန်းစစ်ရန်ဆုံးဖြတ်လိုက်သည်။
အနက်ရောင်ရေလှိုင်းတွန့်ဆံပင်က ပုခုံးထိရှည်နေပြီး ကျောက်စိမ်းလိုမျိုးဖြူဝင်းနေတဲ့အသားအရည်ကနူးညံ့တဲ့ပုံပေါ်နေသည်။ သေးငယ်တဲ့ဗာဒံသီးလိုမျက်လုံး၊ နှာခေါင်းလုံးလုံးလေးနဲ့ ပွင့်ချပ်နဲ့တူတဲ့ပန်း‌ရောင်နှုတ်ခမ်း။ သူမကရိုးရှင်းတဲ့အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားသည်။ သူမကအရမ်းကိုချစ်ဖို့ကောင်းနေသည်။
[Host! သင်နောက်ဆုံးတော့နိုးလာခဲ့ပြီ! ငတုံးhostလေး! ဘာလို့သင်သေတာမြန်ရတာလဲ?! သင်ထိုကမ္ဘာကိုရောက်တာ တစ်နှစ်တောင်မပြည့်သေးဘူးလေ ဘာလို့အလွယ်တကူသေလိုက်ရတာလဲ?! ယုံတောင်မယုံနိုင်ဘူး!] ကြောင်စနစ်လေးက အွန်လိုင်းပေါ်တက်လာခဲ့ပြီးသူ့ရဲ့hostကို ချက်ချင်းဘဲဆူပူတော့သည်။ hostကတော့ ဆူညံပူညံလုပ်နေတဲ့ systemကိုကူရာမဲ့နေသည်။ စကားမပြောခင်သူ့ရဲ့ဒေါသကိုအရင်ဆုံး ငြိမ်းသတ်လိုက်သည်။
"ပထမကမ္ဘာကအရမ်းကိုအန္တရာယ်များလွန်းတယ်...အဲ့ဒီဇာတ်လိုက်ကောင်...ငါသူ့ကိုချစ်မိတော့မလို့။ အဲ့တာကြောင့် ငါအရှိန်မြင့်ပြီးမစ်ရှင်ကိုချက်ချင်း အဆုံးသတ်လိုက်တာလေ။ ကဲအဲ့တော့ကဘယ်လိုဖြစ်သွားလဲ။ ငါ့ရဲ့အခြေအနေလေး?" သူမမေးလိုက်သည်။
[Stats!
Host : xxx
Level : 2/100
Exp : 2000
သိမ်းဆည်းထားမှု : [ကွက်လပ်]
စွမ်းရည် : ????
ဂုဏ်ကျက်သရည် : 50
ထက်မြတ်မှု : 45]
"ဟေး! ငါ့ရဲ့ထက်မြတ်မှုကအဲ့လောက်ကြီးမနိမ့်သင့်ဘူး!"
[အဲ့တာက ပထမကမ္ဘာကဟာကိုမှတ်တမ်းတင်ထားတာ။ ဆိုလိုတာက သင်ကြောင်တစ်ကောင်ဖြစ်ခဲ့တဲ့ဟာကိုပြောတာ။ အရမ်းကြီးသိမ်မငယ်နေပါနဲ့။]
"ဒါနဲ့ ငါရုတ်တရက်ကြီးlevel-2 ရောက်သွားပြီး ပွိုင့်2000ကရှိနေသေးတာလဲ? ဘာလို့လဲ?"
[ဘာလို့လဲဆိုတော့ သင်ကမစ်ရှင်အားလုံးကိုပြီးခါနီးဖြစ်နေလို့လေ။ တစ်ခုကလွဲလို့။ ဘယ်လိုဘဲဖြစ်ဖြစ်သင်က နှလုံးသားအမှတ်ရဲ့အမြင့်ဆုံး‌အမှတ်ကို ရောက်ခဲ့တာ‌ကြောင့်ဆုကြီးကြီးတွေရပြီး သင့်ရဲ့အဆင့်မြင့်တာကမြန်သွားတာ]
"အိုး..." hostကခေါင်းသာညိမ့်လိုက်သည်။
[သင်ပြီးခဲ့တဲ့မစ်ရှင်ကမ္ဘာရဲ့ သင်သေသွားခဲ့တဲ့နောက်ပိုင်းကိုကြည့်ချင်လား?] systemကသူ့ရဲ့hostကိုမေးလိုက်သည်။ တိတ်ဆိတ်မှုကထွက်လာခဲ့သည်။ သူ့ရဲ့hostက တုန်လှုပ်နေတာကိုသူမြင်နိုင်သည်။
"ကောင်း-ကောင်းပြီ! ငါကြည့်ချင်တယ်" hostကစကားထစ်နေပြီးသူမရဲ့နောက်မှာပေါ်လာတဲ့ အပြာရောင်ပိတ်ကားကြီးကို ကြည့်လိုက်သည်။
[သင်မြင်ရသလိုဘဲ။ ဒီမှာရလဒ်တွေပါ ဒါမှမဟုတ် သင့်ရဲ့သေဆုံးခြင်းပါ :
ဇာတ်လိုက်ရူးသွပ်သွားခဲ့ပြီး ဇာတ်လိုက်မကိုသူ့ရဲ့မှန်ပြတင်းပေါက်ကနေ တွန်းထုတ်လိုက်သည်။ ငါမင်းကိုသတိပေးရရင်တော့ အဲ့တာကအထပ်သုံးဆယ်ရှိတဲ့အဆောက်အအုံကြီးပေါ့။ သူမကအသက်ရှင်နိုင်ရုံလေးသာဖြစ်ပြီး ခပ်မြော့မြော့သာရှိနေတယ်။ သူမကဇာတ်လိုက်ရဲ့အိမ်ထဲမှာလဲ ပုန်းကွယ်ထားခံရပြီး သင့်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် သူမရဲ့နောက်ဆုံးထွက်သက်အထိ သူမကိုနှိပ်စက်လို့နေသည်။ Xiu Li ကပြိုင်ပွဲမှာအနိုင်ရခဲ့ပြီး သူမအဖေရဲ့ကုန်တွေကို အဆင့်မြင့်ကာကူညီခဲ့တယ်။ အောင်မြင်တဲ့လူတစ်‌ယောက်လည်းဖြစ်လာခဲ့သည်။ သူမက ဇာတ်လိုက်ကသူတို့ကြားမှာဖန်တီးထားတဲ့ရေခဲနံရံတွေကြားထဲမှလည်း ဇာတ်လိုက်နဲ့သူငယ်ချင်းဖြစ်လာခဲ့တယ်။
ပြီးတော့ဇာတ်လိုက်က သင်နဲ့သက်ဆိုင်တဲ့မှတ်ညဏ်တွေကို အမှတ်တရတစ်ခုအနေနဲ့သလင်းကျောက်လေးကိုဖန်တီးလိုက်ပြီး သူဘယ်သွားသွားသူ့ရဲ့ကြောင်လေးကိုမှတ်မိနေအောင် သယ်ဆောင်ထားတယ်။ သူကပိုပြီးလျစ်လျူရှုလာတတ်ပြီး ပိုပြီးအေးစက်လာကာ ပိုပြီးစိတ်ဆိုးတတ်လာသည်။ ပြီးတော့နတ်ဆိုးသခင်တောင်ဖြစ်လာသေးတယ်။ *ချွေးစက်ကျ*
အင်တာနက်ပေါ်မှာလဲ သင်ရဲ့သေဆုံးကြောင်းကိုသတင်းရလိုက်ပြီး ဇာတ်လိုက်ကိုဝမ်းနည်းစကားလည်းပြောကြလေသည်။ သင့်ရဲ့ပရိတ်သတ်အချို့ကသင့်ရဲ့ ပန်းချီကားအချို့ကိုလည်းဖန်တီးခဲ့ပြီး သော့ချိတ်လေးတွေ၊ နားကပ်လေးတွေနဲ့ fanartလေးတွေက သင့်အကြောင်းကိုသူတို့နဲ့ ဇာတ်လိုက်ကိုယ်တိုင်တို့ သတိရစေအောင်ဖန်တီးခဲ့ကြတယ်။ အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုရင် hostသင့်ကိုအားလုံးကချစ်ကြတယ်။] systemကပြောလိုက်ပြီး ပိတ်ကားကိုပိတ်လိုက်လေသည်။
ထို့နောက်တိတ်ဆိတ်မှုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့hostကခါးခါးသီးသီးနဲ့ တိတ်ဆိတ်စွာငိုနေခဲ့တာဖြစ်သည်။ 
အခိုက်အတန့့််ခဏလောက်ကြာတဲ့အခါမှာတော့
"အမ်း... ငါတစ်ခုလောက်တောင်းဆိုချင်တယ်" hostကရုတ်တရက်ပြောလိုက်သည်။ systemကသူမကိုဘာလဲဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်သည်။
"ငါလိုချင်...ငါက...ငါလိုချင်တာက..." hostကရုတ်တရက်ရှက်သွားပြီး အထစ်ထစ်နဲ့ရှုပ်ထွေးသွားသည်။ systemကတိတ်ဆိတ်လျက်ရှိနေသေးပြီး သူမအတွက်အချိန်အနည်းငယ်ပေးလိုက်သည်။
"ငါ...ငါ့ရဲ့မှတ်ညဏ်တွေကိုဖျောက်ပစ်ချင်တယ်... အခြားမစ်ရှင်ကမ္ဘာကဟာတွေကောဘဲ... ငါတို့ဒီအဖြူရောင်နယ်မြေကိုပြန်လာတဲ့အချိန်တိုင်း ကျေးဇူးပြုပြီးအဲ့တာတွေကိုပိတ်ထားပေးပါ။ အကုန်လုံးကိုချိတ်ပိတ်လိုက်ပါ။" သူမကြောင်စနစ်လေးကိုကြည့်ပြီးပြောလိုက်သည်။ systemကတိတ်ဆိတ်နေသည်။
[သင်လဲသိပါတယ် အဲ့တာကလူသားအဖြစ်ရှင်သန်မှုမှာ ကူညီနိုင်တယ်လေ...အခုကဝိညာဥ်အဖြစ်နဲ့ရှိနေတယ်ဆိုပေမယ့်လဲ] systemကပြောလိုက်သည်။ hostကသူမခေါင်းကိုခါလိုက်ပြီး systemကိုသူမရဲ့ခံစားချက်တွေကိုကောင်းမွန်စွာထိန်းသိမ်းထားလျက် ပြုံးပြခဲ့သည်။
"ငါကဒီကမ္ဘာတွေအားလုံးမှာ အိမ်မွေးတိရစ္ဆာန်အနေနဲ့ဘဲရှိနေမှာဘဲလေ။ ဘယ်သူမှငါ့ကိုလူသားအဖြစ်နဲ့မြင်ပြီး ချိုမြိန်တဲ့ဆက်ဆံရေးကို လိုချင်မှာမဟုတ်ဘူး။ ဒါတွေကအလကားသတ်သတ်ပိုနေတဲ့ခံစားချက်တွေဘဲ ကျေးဇူးပြုပြီးငါ့ရဲ့မစ်ရှင်တွေမှာ မသက်ရောက်စေအောင်ချိပ်ပိတ်ပေးပါ" သူမပြောလိုက်သည်။ systemကခေါင်းညိမ့်လိုက်ပြီး သူမတောင်းဆိုတဲ့အတိုင်းလုပ်လိုက်သည်။
[အိပ်ယာပေါ်မှာလှဲလိုက်ပြီးသင့်ရဲ့မျက်လုံးကိုမှိတ်ထားလိုက်ပါ။] hostကခေါင်းညိမ့်ပြီးသူမကိုပြောတဲ့အတိုင်း လုပ်လိုက်သည်။
[ကျွန်တော်သင်ပထမကမ္ဘာမှာခံစားခဲ့ရတဲ့ ခံစားချက်တွေကိုချိပ်ပိတ်နိုင်ပါမယ်။ မှတ်ညဏ်တွေကိုတော့ သင်ယူထားနိုင်ပါတယ်။ ဒါကကျွန်တော်လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါ။]
"ကောင်းပြီ...အဲ့တာလည်းအဆင်ပြေပါတယ်။" hostကပြောလိုက်ပြီးသူမမျက်လုံးတွေကို ပိတ်လိုက်သည်။ တောက်ပတဲ့အလင်းရောင်တို့က hostရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးသူမရဲ့နှလုံးသားအပေါ်မှာ စက်လုံး‌လေးကပေါလောပေါ်လာ‌ခဲ့သည်။ Systemကစက်လုံးလေးကိုယူလိုက်ပြီး စင်မြင့်တစ်ခုပေါ်တွင်ထားလိုက်သည်။ စက်လုံးလေးက အဝါနဲ့အညိုရောင်သန်းနေသည်။ systemက အဲ့တာကအဝါ‌ရောင်မှာဆိုရင်ဝမ်းနည်းဖွယ်ကောင်းတဲ့အရောင်လို့တွေးလိုက်ပြီး အဲ့တာကhostဖြစ်လို့နေသည်။ Hostကအချိန်အနည်းငယ်လောက်ကိုမာဖြစ်သွားသည်။
ရက်သတ္တတစ်ပါတ်လောက်ကြာအောင်အိပ်ပြီးသွားတော့hostကနိုးထလာပြီး သူမကအရင်ပုံစံလိုမျိုးတည်ရှိလို့နေသည်။
"systemငါအခု အနားယူပြီးသွားပြီ။ လာမယ့်မစ်ရှင်ကမ္ဘာကဘာလဲ?" သူမမေးလိုက်သည်။
[အဲ့တာက ရှေးခေတ်ကမ္ဘာပါ။ ဆိုလိုတာကသင့်ပုံမှန်ကမ္ဘာထပ် လူနေမှုပုံစံနိမ့်ကျတဲ့ကမ္ဘာကို ကူ‌းပြောင်းရမှာပါ။ ကျွန်တော်တို့ အဲ့ကိုရောက်ရင်သင်သိပါလိမ့်မယ်။]
မလွယ်ကူလှတဲ့ခံစားချက်တွေက သူမရဲ့ဗိုက်ကိုချွေး‌ထွက်စေသည်။ ဒါက...ဆိုလိုတာကအဲ့မှာ အရိုင်းအစိုင်းတွေနဲ့ အန္တရာယ်တွေရှိနေတယ်မလား?!!!!
systemရဲ့မျက်နှာအမူအရာကပျောက်သွားပြီးhostကိုကူးပြောင်းဖို့ အသင့်ရှိပြီးနေပြီဖြစ်သည်။
[စိတ်မပူပါနဲ့။ သင်လုံခြုံပါတယ်။ ဂရုတစိုက်သာနေပါ။] 
"ငါ- ငါကြိုးစားကြည့်ပါ့မယ်။" Hostကစိတ်လှုပ်ရှားလျက်သာရှိနေသေးသည်။
[ကူးပြောင်းဖို့ အဆင်သင့်ဖြစ်ပြီလား?]
"ငါ့- ငါ့မှာရွေးချယ်စရာမှမရှိတာ။ ဟဟ...သွား- သွားရအောင်။" သူမတံတွေးမြိုချလိုက်ပြီး စိတ်ဆုံးဖြတ်ကာပြောလိုက်သည်။
Continue Reading
You'll Also Like
54.5K 4.2K 40
"Nàng nắm tay ta, theo ta nửa đời phiêu bạt. Ta hôn mắt nàng, che nàng nửa kiếp lênh đênh" (Lãnh Điện Lâu Chủ - Nhất Độ Quân Hoa)
964 139 15
Một thợ săn giỏi luôn đóng vai con mồi... Star : 24/8/2024 End : ? / ? / 2024 Đầu chap : con số Cuối chap : ý nghĩa
19.3K 2.6K 72
Tên truyện: Hai nhân cách / APP Mộng Đẹp Tác giả: Tiểu Sinh Vô Sinh Editor: Gấu Gầy
632K 87.9K 131
Tên truyện: Anh Trai Nhân Vật Chính Tác giả: Tiên Sắc Xám Thể loại: Chuyển sinh, giả tưởng, dị giới, phiêu lưu, ma thuật, nhân vật chính không yêu đư...