အခန်း ၁၃
နေ့တစ်ဝက် ကြာပြီးတဲ့ အခါမှာ ဇောင်ဖန်က အိတ်ကြီး၃လုံး သယ်လာပြီးတော့ ဆန်ဖယ်သာမြို့ထဲ ဝင်လာပါတယ်။
ဆန်ဖယ်သာမြို့ရဲ့ တောရိုင်းကောင်တွေ ရောင်းတဲ့ ဆိုင်ထဲမှာတော့ ...
"အမည်းရောင် အစက်နဲ့ တောဝက်၊ သွား၊ လက်။ အကုန်လုံးကို ငွေစ ၃၅၉ စရမယ်"
"ရွှေအစက်တွေနဲ့ မြွေက ငွေစ ၄၂၀"
"အဆိပ် ၅မျိုး ကင်းခြေများက ငွေစ ၂၁၀"
ဆိုင်ရှင်က မျက်နှာသေကြီးနဲ့ တွက်ချက် နေပါတယ်။
"သတ္ထုသိမ်းငှက် ... ဟင် ... "
ဆိုင်ရှင်မျက်နှာ ပြောင်းလဲ သွားပါတယ်။ သတ္ထုသိမ်းငှက်က သားရဲဆိုး တစ်ကောင်လောက်နီးနီး ကြမ်းတဲ့ တောရိုင်းတစ်ကောင် ဖြစ်ပါတယ်။ ဒီကောင်ကြီးက ကြမ်းပြီးတော့ ဖမ်းရ အလွန်ခက်ခဲတဲ့ အတွက် တချို့သိုင်း အဆင့် ၄ သိုင်းသမားတွေတောင် မဖမ်းနိုင်ကြပါဘူး။
ဒီအတွက်ကြောင့် သတ္ထုသိမ်းငှက် တစ်ကောင်ရဲ့ တန်ဖိုးက တခြားအဆင့်တူ တောရိုင်းတွေထက် တန်ဖိုး ပိုများပါတယ်။
"သတ္ထုသိမ်းငှက် ၃ ကောင်ကို ငွေစ ၁၁၀၀ ရမယ်"
ဆိုင်ရှင်ဟာ ခဏလောက် ကြောင်သွားပြီးတော့ ပြောလိုက်ပါတယ်။
ငွေစ ၁၁၀၀ လား ... ဇောင်ဖန်က သူတွေးထားတာထက် ပိုရနေတဲ့ အတွက် နည်းနည်း အံ့သြသွားပါတယ်။ ခေါင်းစိမ်း ကျားဘုရင်ရဲ့ အစိတ်အပိုင်းဟာ ကျန်တာတွေ အားလုံးပေါင်း လောက်ရှိတယ် ဆိုတာကို ချက်ချင်း သိလိုက်ပါတယ်။
"အကုန်လုံးပေါင်း ငွေစ ၅၈၅၀ စ ရမယ်"
ဆိုင်ရှင်က ပြောလိုက်ပါတယ်။
ငွေစ ၅၈၅၀ ... ဇောင်ဖန် နှလုံးခုန်သံတွေ မြန်လာပါတယ်။ သူ့လစဉ် ထောက်ပံကြေးမှ ငွေစ ၂၀ ထဲပါ ... ငွေစ ၁၀၀ ထက် သူပိုမကိုင်ဖူးပါဘူး။
ဒါတောင်မှ ဈေးအကြီးဆုံးဖြစ်တဲ့ ခေါင်းစိမ်း ကျားဘုရင်ကို ထည့်မတွက် ရသေးပါဘူး။
"ဒီလိုဆိုရင်ကော ငါမင်းကို အားလုံး ငွေစ ၅၉၅၀ စပေး မယ်လေ"
ဆိုင်ရှင်ရဲ့မျက်နှာမှာ ကောက်ကျစ်လိုမှုတွေ ရှိနေပါတယ်။
"ကောင်းပြီလေ"ဇောင်ဖန်က စကားတွေပြောပြီး စိတ်မရှုပ်ချင်တဲ့ အတွက် သူပြောတဲ့အတိုင်း လက်ခံလိုက်ပါတယ်။ ဇောင်ဖန်က သူရ စရာရှိတဲ့ ငွေစတွေကို ယူလိုက်ပါတယ်။
"ဒါနဲ့မင်းတို့တွေ သားရဲဆိုး တစ်ကောင်ရဲ့ အစိတ်အပိုင်းတွေကော ယူဦးလား မသိဘူး "
ဇောင်ဖန်ဟာ ဆိုင်ကို သွင်းပြီးတာနဲ့ တန်းမထွက် သွားသေးပါဘူး။
"မင်းမှာ သားရဲဆိုး တစ်ကောင်ရဲ့ အစိတ်အပိုင်းတွေ ရှိလို့လား" ဆိုင်ရှင်ဟာ ဇောင်ဖန် လက်ထဲက နောက်ဆုံးအိတ်ကို ကြည့်လိုက်ပါတယ်။
"အင်း"
ဇောင်ဖန်ဟာ သူ့အိတ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးတော့ ခေါင်းစိမ်း ကျားဘုရင်ရဲ့ အစိတ်အပိုင်းတွေကို ပြလိုက်ပါတယ်။ အိတ်ထဲကနေ အလွန် အစွမ်းထက်တဲ့ အော်ရာတွေဟာ ချက်ချင်းပဲ ထွက်လာပါတယ်။
"ခေါင်းစိမ်းကျားဘုရင် ..." ဆိုင်ရှင်က ဇောင်ဖန်ကို မယုံကြည် အံ့သြပြီး ကြည့်နေပါတယ်။
သိုင်းအဆင့် ၂ သိုင်းသမားလေး တစ်ယောက်က သားရဲဆိုး တစ်ကောင်ကို သတ်လာ လိမ့်မယ်လို့ သူတစ်ခါမှ မတွေးဖူးပါဘူး။ သားရဲဆိုး ဆိုတာဟာ အစစ်အမှန် သိုင်းပညာရှင်တွေကိုတောင် တိုက်ခိုက်နိုင်ပြီးတော့ ရွာတစ်ရွာလုံးကို တောင်မှ ဖျက်ဆီးနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
"ငါတို့မှာ လူ ၇ ယောက် ရှိတယ်လေ။ ကျားဘုရင်ကို သတ်ပြီး ဒါကို ယူတုန်းက ငါတို့ လူတစ်ယောက်တောင် ဆုံးရှုံးသွားသေးတယ်လေ"
ဇောင်ဖန်ဟာ ဆိုင်ရှင် ကျေနပ်အောင် ရှင်းပြလိုက်ပါတယ်။
ကျားဘုရင်ရဲ့ အစိတ်အပိုင်းကိုလည်း မြင်လိုက်ရော ဆိုင်ရှင်ရဲ့ မျက်လုံးတွေဟာ ဇောင်ဖန်ရဲ့ အင်္ကျီနဲ့ ဇောင် အမှတ်အသားကို ကြည့်လိုက်ပြီးတော့ ဈေးကို ပြောလိုက်ပါတယ်။
"ငွေစ ၁၆၀၀၀..." ဆိုင်မှာလုပ်နေတဲ့ အလုပ်သမားတွေဟာ သူပေးတဲ့ ဈေးကိုလည်း ကြားလိုက်ရော အသက်ရှူ အေးကုန်ပါတယ်။ ဒီလောက် ဈေးကောင်းပေးတာ သူတို့ ပထမဆုံး အကြိမ် ကြားဖူးခြင်းပဲ ဖြစ်ပါတယ်။
ဇောင်ကလန်ကနေ လာတဲ့ ဇောင်ဖန်ကို ဆိုင်ရှင်ဟာ မလှည့်စားရဲပါဘူး။ ဇောင်၊ ရှင်းနဲ့ ချင်းဆိုတာဟာ ဆန်ဖယ်သာမြို့မှာ အကြီးဆုံး ကလန်ကြီး ၃ ခုဖြစ်ပြီး ဘယ်ဆိုင်မှ သူတို့ ခွင့်ပြုချက် မရပဲ မဖွင့်ရဲပါဘူး။
"လက်ခံတယ်"ဇောင်ဖန် ပြုံးလိုက်ပါတယ်ဘ။ သူ့မျက်နှာက ပုံမှန်လို့ ထင်ရပေမဲ့ အတွင်းစိတ်ထဲမှာ ရယ်မော နေပါတယ်။
သိပ်မကြာခင်မှာပဲ ဇောင်ဖန်က ငွေစ ၂၀၀၀၀ ကိုယူပြီးတော့ ဆိုင်ထဲကနေ ထွက်သွား ပါတော့တယ်။
"ငါအခု သိုင်းအဆင့် ၃ ကို ရောက်ဖို့ တချို့ အရင်းအမြစ်တွေ သွားဝယ်လို့ ရပြီပဲ" ဇောင်ဖန်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူသွားခဲ့ လက်နက်ဆိုင်ကို သွားပါတော့တယ်။
"ကောင်လေး မင်းနောက်တစ်ခေါက် လာပြန်ပြီလား"
လွန်ခဲ့တဲ့ရက် အနည်းငယ်က ဇောင်ဖန်ဟာ ငွေစတွေ နည်းနေတဲ့အတွက် သတ္ထုလေးကြီးကို တစ်ဝက်ပေးပြီး တစ်ဝက်ကို အကြွေးနဲ့ ဝယ်ခဲ့ပါတယ်။
ဖတ်...
ဇောင်ဖန်ဟာ သူ့လက်ကို စားပွဲပေါ် တင်လိုက်ပြီးတော့ "ဒီမှာ ငွေစ ၁၀၀.. အဲဒီနေ့က ကူညီခဲ့တဲ့အတွက် ကျေးဇူးပါ"
ငွေစ ၁၀၀ လား... ဆိုင်ရှင်က အံ့သြသင့် သွားပြီးတော့ ဇောင်ဖန်ဟာ ဒီလောက် ရိုးသားလိမ့်မယ်လို့ သူလုံးဝ မထင်မိပါဘူး။ ဇောင်ဖန်က ၂ ဆပေးမယ်လို့ ပြောပေမဲ့ အခုပေးထား တာဟာ ၁၀ဆလောက် ရှိနေပါတယ်။
ဆိုင်ရှင်က ပြုံးပြီးတော့ ငွေစတွေကို ယူလိုက်ပါတယ်။ သူဆိုင်မှာ ထိုင်နေပေမဲ့ ဆိုင်ကို မပိုင်ပါဘူး။ ငွေစ ၁၀၀ ဆိုတာဟာ သူ့ အတွက်တော့ ၁ နှစ်ဝင်ငွေ ရှိပါတယ်။
အကြွေးဆပ်ပြီး သွားတော့ ဇောင်ဖန်က မထွက်သွားသေးပဲ လျှောက်ကြည့် နေပါတယ်။
"သတ္ထုလေးကြီးဟာ သုံးရ သိပ်မကောင်းဘူး"
ဇောင်ဖန်ကလေး အသစ်လိုချင် နေပါတယ်။ သူ့ဘယ်ဘက် မျက်စိကို အသုံးပြုပြီးတော့ နံရံပေါ်က လက်နက်တွေကို ကြည့်နေပါတယ်။ မကြာခင်မှာပဲ သူ့မျက်လုံးတွေဟာ ငွေလေးရှည်ကြီးကို ကြည့်နေပါတယ်။ ငွေလေးရှည်ကြီး ကနေ အေးစက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေပြီး နက်နဲ တည်ငြိမ်မှုတွေကို ခံစားနေရပါတယ်။
"ဒီလေးက ဘယ်လောက်လဲ"ဇောင်ဖန် မေးလိုက်ပါတယ်။
"မင်းမျက်လုံး တော်တော် ကောင်းတာပဲ ဒီလေးကို ထူးဆန်းတဲ့ ငွေလေးလို့ ခေါ်ပြီးတော့ ဒီဆိုင်မှာရှိတဲ့ အစွမ်းအထက်ဆုံး လက်နက် တစ်ခုပေါ့။ မြားပစ်ကျွမ်းကျင်တဲ့ အစစ်အမှန် သိုင်းပညာရှင်တွေပဲ ဒီလေးရဲ့ အစွမ်းတွေကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပြီး ငွေစ ၁၀၈၀ ကျတယ်"
သူက ဇောင်ဖန်ဒါကို ဝယ်နိုင်လိမ့်မယ်လို့ မထင်ပေမဲ့ ယဉ်ကျေးစွာ ရှင်းပြနေပါတယ်။
"ငွေစ ၁၀၈၀ လား။ ဒါဟာ အဲဒီလောက်လည်း ဈေးမကြီးပါဘူး ကျွန်တော်ယူမယ်"
ဇောင်ဖန်က ပြောလိုက်ပါတယ်။
ထူးဆန်းတဲ့ ငွေလေးဟာ အလွန်ကောင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားပြီးတော့ သူ့ရဲ့ သတ္ထုလေးကြီးထက် အဆပေါင်း များစွာ သာလွန်ပါတယ်။
"မင်းက ဒါကိုယူမယ်ဆိုတာ သေချာလား ... နောက်နေတာတော့ မဟုတ်ဘူးနော်"
ဝှစ်...
ဇောင်ဖန်က ငွေပုံကြီးကို ဆိုင်ရှင်ထံကို တွန်းပေးလိုက် ပြီးတော့
"မြန်မြန်လုပ် ငါ့မှာ အချိန်သိပ်မရှိဘူး "
ဘယ်လိုတောင်လား ... ဆိုင်ရှင်က ဇောင်ဖန် ဒီလောက်ထိ ချမ်းသာလိမ့်မယ်လို့ လုံးဝ မတွေးမိပါဘူး။ လွန်ခဲ့တဲ့ ရက်တွေတုန်းက သူကလေး တစ်ခုကို ငွေစ ၁၅ စထဲနဲ့ ဝယ်သွားခဲ့တယ်လေ။
"ကောင်းပါပြီ ... ကောင်းပါပြီ..." ဆိုင်ရှင်ဟာ ခေါင်းညိတ် လိုက်ပြီးတော့ လေးကို ယူကာ လှပတဲ့ ဘူးထဲ ထည့်ပေး လိုက်ပါတယ်။ နောက်ထပ် မြားအစင်း ၁၀၀ ကို ငွေစ ၃၀၀ နဲ့ သူထပ်ဝယ်ခဲ့ပါတယ်။
ဇောင်ဖန်က လက်နက်ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်ပြီးတော့ ဒီမြို့ရဲ့ အကြီးဆုံး ဆေးဆိုင်ကို ထွက်ခွာသွားပါတယ်။
"ဆေးတဲ ဆိုတာဟာ ဒီမြို့မှာရှိတဲ့ အကြီးဆုံး ဆေးဆိုင်ကြီး တစ်ခုဖြစ်ပါတယ်။ ဆိုင်ရှင်ဟာ အရမ်း ပဟေဠိ ဆန်ပြီးတော့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ဆိုင်ခွဲတွေ ဖွင့်ထားပါတယ်။ ဆန် ဖယ်သာမြို့ရဲ့ အကြီးဆုံး ကလန်ကြီး ၃ခုတောင်မှ သွားရန် မစရဲပါဘူး"
ဆေးဆိုင်ကို သူရောက်ရောက်ချင်း ရင်းနှီးနေ တဲ့အသံတစ်ခုကို ကြားလိုက်ပါတယ်။
အရ် ...
ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ကောင်လေးနဲ့ ကောင်မလေး တစ်ယောက်ကို ဇောင်ဖန် တွေ့လိုက်ပါတယ်။ ခရမ်းရောင် အင်္ကျီကို ဝတ်ထားတဲ့ ကြောက်မက်ဖွယ် အော်ရာတွေ ထွက်ပေါ်နေတဲ့ လူငယ်လေးဟာ စကားတွေ ပြောနေပါတယ်။
"သူတို့ပဲ .... " ဇောင်ဖန် ညည်းလိုက်ပါတယ်။
သူတို့ ၂ ယောက်ဟာ ဇောင်ရိဂျန်နဲ့ ဇောင်ဇူတို့ပဲ ဖြစ်ပါတယ်။
"အစ်ကိုဖန်" ဇောင်ဇူးဟာ ဇောင်ဖန်ကို မြင်လိုက်တဲ့ အချိန်မှာ အံ့သြသွားပြီးတော့ ပြောလိုက်ပါတယ်။
ဇောင်ဖန်ဟာ ခေါင်းညိတ် ပြလိုက်ပြီးတော့ ဆေးတဲထဲကို ဝင်သွားပါတော့တယ်။
"Hmp ဟွန် သူပြန်ပဲလား။ ဆေးတဲထဲကို ဝင်သွားတယ် ဟုတ်လား ... ဆေးတဲထဲက ပစ္စည်းတွေရဲ့ တန်ဖိုးဟာ သူ နှစ်တော်တော် များများစုပြီးမှ ဝယ်လို့ရမှာလေ"
ဇောက်ရိဂျန်ဟာ ဇောင်ဖန်ကို အထင်သေးစွာ ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။
ဇောင်ဇူက ဘာမှမပြောပေမဲ့ ဇောင်ဖန် မိသားစု အခြေအနေကို နားလည်ပါတယ်။ သူ့မိသားစုဟာ ငွေစ ၁၀၀ ကို တောင် ခက်ခက်ခဲခဲ ထုတ်ပေးရမှာပါ။ ဇောင်ရိဂျိန်နဲ့ နှိုင်းယှဉ် ရရင်တော့ သူ့အဖေနဲ့ အဘိုးတို့ဟာ သိုင်းအဆင့် ၄ ထက် မြင့်နေပြီးတော့ ကလန်ထဲမှာ တော်တော်လေးအဆင့် မြင့်ပါတယ်။ သူ့တို့ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ နှိုင်းယှဉ်လို့ မရပါဘူး။
သူတို့ ၂ယောက်ကို ဂရုမစိုက်ပဲနဲ့ ဇောင်ဖန်ဟာ ဆေးတဲထဲ ဝင်သွားပြီးတော့ သူ့တို့ရဲ့ သိုင်းပညာကို တိုးတက်စေမယ့် အရင်းအမြစ်တွေကို စတင်ရှာဖွေ ပါတော့တယ်။
"သိုင်းအဆင့် ၃ ကို ရောက်ရှိသွားရင် ခန္ဓာကိုယ်က ပိုပြီး သန်စွမ်းလာတယ်လေ။ ဒီဆေးညွှန်း အတိုင်းဆိုရင် သွေးပင်ဟာ မယုံကြည်နိုင် လောက်အောင် ကောင်းနေတာပဲ။ ဒီဟာက အသုံးပြုသူရဲ့ အခြေခံကို ခိုင်မာစေပြီးတော့ အတွင်းအားကိုလည်း နားလည် သဘောပေါက် စေတယ်လေ"
ဇောင်ဖန်က အဲဒီ အကြောင်း တွေးနေပြီးတော့ သူဘာကို ယူရမယ် ဆိုတာကို ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ရှိသမျှ အပင်တွေ အကုန်လုံးထဲမှာ သွေးပင်ကတော့ သိုင်းပညာ လေ့ကျင့်သူတွေ အသုံးအများဆုံး ဖြစ်ပါတယ်။ သွေးပင်တွေ ထဲမှာမှ အဆင့်တွေ အများကြီး ရှိပါတယ်။ သက်တမ်း ပိုကြာတဲ့ သွေးပင်က ဈေးကြီးပြီးတော့ သုံးလို့ ပိုကောင်းပါတယ်။
"နှစ် ၁၀၀ သက်တမ်းရှိတဲ့သွေးပင် ... ငွေစ ၅၀၀
နှစ် ၂၀၀ သက်တမ်းရှိတဲ့သွေးပင် ... ငွေစ ၁၂၀၀
နှစ် ၃၀၀ သက်တမ်းရှိတဲ့ သွေးပင် ... ငွေစ ၃၀၀၀
နှစ် ၅၀၀ သက်တမ်းရှိတဲ့ သွေးပင် ... ငွေစ၁၀၀၀၀ "
ဇောင်ဖန်ဟာ ဈေးနှုန်းတွေကို ကြည့်နေပါတယ်။
သက်တမ်း ပိုကြာလေ ပိုကောင်းလေ ဆိုပေမဲ့ သိုင်းပညာ လေ့ကျင့်သူတွေ အတွက် နှစ် ၅၀၀ သက်တမ်းရှိတဲ့ သွေးပင်က အမြင့်ဆုံးပါပဲ။
"အစ်ကို ရိဂျိန် ကျွန်မသာ နှစ်၂၀၀ သက်တမ်းရှိတဲ့ သွေးပင်ကို ရလိုက်ရင် သိုင်းအဆင့် ၂ ရဲ့ အထွတ်အထိပ် အဆင့်ကို နှစ်ဝက်အတွင်း ရောက်သွားမှာပဲ"
ဇောင်ဇူဟာ အသံစာစာလေးနဲ့ ပြောလိုက်ပါတယ်။
"ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ငါနှစ်၁၀၀ သက်တမ်းရှိတဲ့ သွေးပင်ပဲ မင်းကို ဝယ်ပေးနိုင်မယ်။ ငါ့အတွင်းအားကို လေ့လာဖို့ အတွက် တချို့ဈေးကြီးတဲ့ ဆေးပင်တွေ ဝယ်ရဦးမယ်"
ဇောင်ရိဂျိန်က ပြောလိုက်ပါတယ်။ သူဟာ ချမ်းသာပေမဲ့ သူ့ငွေတွေကို အလကား မသုံးပစ်ချင်ပါဘူး။
"နှစ် ၁၀၀ သွေးပင်ဆိုလည်း အဆင်ပြေပါတယ်"
ဇောင်ဇူက ရေးရေးလေး ပြုံးလိုက်မိပါတယ်။
အဲဒီအချိန်မှာပဲ ခံစားမှုမပါတဲ့ အသံတစ်ခု ကြားလိုက်ပါတယ်။
"ဆိုင်ရှင်၊ ကျွန်တော်ကို နှစ် ၂၀၀ သက်တမ်းရှိတဲ့ သွေးပင် ၂ ပင်နဲ့ နှစ် ၃၀၀ သက်တမ်းရှိတဲ့ သွေးပင် ၁ ပင်ပေးပါ"
အဲဒီအသံက လူတွေကို သတိထားမိ သွားစေပါတယ်။
"အဲဒီဒါသူပဲ ... "ဇောင်ဇူက ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ဇောင်ဖန်ကို မြင်နေရပြီး သူမ နှလုံးခုန် ထွက်သွားသလို ခံစားလိုက် ရပါတယ်။
"နှစ် ၃၀၀သွေးပင် ဟုတ်လား။ ဒီကောင် ကြွားလုံး ထုတ်နေတာနေမှာပါ ... "
ဇောင်ရိဂျိန်ဟာ အေးစက်စက် ရယ်မော လိုက်ပါတယ်။ သာမန် ကလန်ခွဲက တပည့်လေး တစ်ယောက်ဟာ နှစ် ၃၀၀ သွေးပင်ကို ဝယ်နိုင်မယ်လို့ သူလုံးဝ မယုံကြည်နိုင်ပါဘူး။
"နှစ်၂၀၀ သွေးပင် ၂ပင်နဲ့ နှစ် ၃၀၀ သွေးပင်တစ်ပင် အားလုံး ပေါင်းငွေစ ၅၄၀၀ ကျပါတယ်"
ဆိုင်ရှင်က ဈေးနှုန်းကို ပြောလိုက်ပါတယ်။
ဇောင်ဖန်က သူ့ငွေစတွေကို ထုတ်လိုက်ပြီးတော့ ဆိုင်ရှင်ကို ငွေပေးပြီး ဝယ်နေတာကို သူတို့ မြင်နေရပါတယ်။ ဇောင်ရိဂျိန်က အေးစက်စွာ ပြုံးလိုက်ပါတယ်။
"ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဇောင်ဇူဟာ လက်မခံနိုင်ပဲ အံ့သြစွာ ကြည့်နေပါတယ်။
"ဆိုင်ရှင်၊ .. ငါ အဆင်မြင့် အသက်ကယ်ဆေး ဆေးလုံးနဲ့ အဆင့်မြင့် သွေးပြန်ပြည့် ဆေး၃ ပုလင်းစီ ရနိုင်မလား"
ဇောင်ဖန်ဟာ တခြားဆေးတွေ ဝယ်လိုက်ပါတယ်။ အကုန်လုံးဟာ အဆင့်မြင့်တွေ ဖြစ်ပြီးတော့ သူနောက် ထပ်ငွေစ ၁၀၀၀ ကုန်သွားပါတယ်။
ငွေပေးချေပြီးတဲ့ အခါမှာ ဇောင်ဖန်က ဇောင်ဇူကို အေးစက်စက် နှုတ်ဆက်ပြီးတော့ ထွက်သွား ပါတော့တယ်။ ဇောင်ဇူက ဇောင်ဖန်ကို မကြည့်ပဲနဲ့ မချိပြုံး ပြုံးလိုက်ပါတယ်။
ဆေးတဲကနေ ထွက်ပြီးတော့ ဇောင်ဖန်ဟာ ဇောင်ကလန်ကို ပြန်ရမဲ့အစား သူစားသောက်ဆိုင် တစ်ဆိုင်ထဲကို ဝင်သွား ပါတော့တယ်။ သူငွေစ ဘယ်လောက်ကျန်လဲ တွက်ချက်လိုက်တဲ့ အခါမှာ ငွေစ ၁၂၀၀၀ လောက် ကျန်ပါသေးတယ်။
"ငါ ဒီငွေစတွေကို နောက်မှပဲ သုံးတော့မယ်" သိုင်းပညာ လမ်းကြောင်းကို လျှောက်တဲ့ သူတိုင်း အရင်းအမြစ် အများကြီး လိုအပ်တယ် ဆိုတာကို ဇောင်ဖန် ကောင်းကောင်း နားလည်ပါတယ်။
ညမှာတော့ သူ့မျက်လုံးတွေကို မှိတ်ထားပြီး အသက်ရှူ လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း လေ့ကျင့်နေပါတယ်။
သူ့ဘယ်ဘက် မျက်စိထဲမှာရှိတဲ့ အစိမ်းရောင် အလင်းလေးဟာ ၆၀ စင်တီမီတာကနေ ၇၀ စင်တီမီတာထိ ကြီးထွား လာပါတယ်။ သိုင်းအဆင့် ၂ ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီးတော့ သိုင်းအဆင့် ၃ကို ရောက်ဖို့ သိပ်မလိုတော့ဘူး ဆိုတာကို ဇောင်ဖန် သဘောပေါက် လိုက်ပါတယ်။
"ဒီဆေးပင် ဘယ်လောက်စွမ်းလည်း ငါသိချင်တယ်"
ဇောင်ဖန်ဟာ နှစ် ၂၀၀ သွေးပင်ကို စားထားပြီးတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နေပါတယ်။ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်မှာ အစွမ်းတွေ အလွန် များလာပြီးတော့ သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်လို့ သူခံစား နေရပါတယ်။
"ဘယ်လောက်တောင် စွမ်းတဲ့ ဆေးပင်လဲ..."
ဇောင်ဖန်က အသက်ရှူ လေ့ကျင့်ခန်းကို အပြည့်အဝ အသုံးပြုလိုက်ပြီးတော့ ဆေးပင်ရဲ့ အစွမ်းတွေကို စုပ်ယူလိုက်ပါတယ်။
နောက်တစ်နေ့ မနက်ခင်းမှာတော့
"ဒါဖြစ်နိုင်မလား ... "ဇောင်ဖန်ဟာ အစွမ်းတွေ ပေါက်ကွဲနေတယ်လို့ ခံစားနေရပါတယ်။ သူရဲ့ ကြွက်သားတွေနဲ့ အရိုးတွေအကုန်လုံး အစွမ်းတွေနဲ့ ပြည့်နေပါတယ်။
ဖောင်း...
သူလက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာ သူ့လက်သီးကနေ ၇၀၀ ကီလိုဂရမ်လောက်ရှိတဲ့ အားတွေ ထွက်ပေါ်လာပါတယ် ... သိုင်းအဆင့် ၃ ကို တက်ရတာ လွယ်လှချည်လားလို့ ဇောင်ဖန်က တွေးနေပါတယ်။
***