Is Love Real ??

By Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... More

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)

Is Love Real?? (part 24)

1K 24 5
By Sol_Sol_01


ယွန်း - သူငါ့ကိုထားသွားပြီ သူငါ့ကိုထားသွားပြီ

ကြယ်စင် - ဟမ် ဘာဖြစ်တာလဲ ရုတ်တရတ်ကြီး

ယွန်း - ငါကိုယ်တိုင်တောင် ​ေသချာမသိဘူး

ကြယ်စင် - ဟာ မဖြစ်ဘူးလေ ရအောင်ဆွဲလေ

ယွန်း - ငါဆွဲထားပြီးပြီ ဒါပေမယ့် မရဘူး

ကြယ်စင် - ဘာဖြစ်တာလဲ ငါ့ပြကြည့်

ယွန်းလည်း ss ရိုက်ပြီး ပြလိုက်တယ်

ကြယ်စင် - သူကကော ဘာထဖြစ်တာလဲ နင်ကကော ဘာလို့ နောက်ဆုံးမှာ အဲ့လိုပြောရတာလဲ

ယွန်း - ငါမသိဘူး ငါ့ခေါင်းထဲ ဘာမှမသိတော့ဘူး ငါဘာတွေပြောမိမှန်းတောင်မသိဘူး

ယွန်းစိတ်နဲ့ ကိုယ်နဲ့တောင် မကပ်ဘဲ ငိုနေတော့တယ်

ကြယ်စင် - နင်တို့နှစ်ယောက် ဒီလောက်ချစ်ကြတာကိုဟာ ဘာဖြစ်လို့လဲ နင်တို့အတွဲကို ငါဒီလောက်အားကျရတာကို ဘာလို့ဒီလိုတွေဖြစ်ကုန်ရတာလဲ

ယွန်း - မပြောပါနဲ့တော့ဟာ ငါမသိတော့ဘူး ဘာမှမသိတော့ဘူး

ကြယ်စင် - အေးပါ နင်အခုတော့အနားယူ လိုက်တော့ မနက်မှ ဆက်ပြောမယ် နင်အခု လူနဲ့စိတ်ကို ရအောင်ကပ်စမ်း နင့်ကိုယ်နင် ဘာတွေပြောလိုက်လဲတောင် မသိတော့ထိ ဖြစ်ကုန်ပြီမလား အိပ်တော့ ညနက်နေပြီ စကားသွားမပြောနဲ့တော့ အသိစိတ်ပြန်ဝင်မှပြော မဟုတ်ရင် ပိုဆိုးကုန်မယ်

ယွန်းဘာမှ မသိတော့ဘူး တကယ် ဘာမှလည်းနားထဲမဝင်တော့ဘူး ယွန်းရင်ထဲမှာ အရမ်း နာနေတယ် အဲ့ဒါဘဲ သိတယ်

ယွန်းတစ်ညလုံး အိပ်မပျော်ခဲ့ဘူး  တစ်နာရီခြား တစ်ခါနိုးပြီး ငိုနေမိတယ် "ဘာဖြစ်လို့လဲ ရုတ်တရတ်ကြီး ယွန်းအကြောက်ဆုံးအရာ တကယ်ဖြစ်လာပြီ သင်းဘာလို့လဲ" ဆိုကာ ပြောပြီး ငိုနေမိတယ် စိတ်နဲ့လူနဲ့လည်း မကပ်တော့တဲ့အတွက် ဘာမှမသိတော့ဘူး မနက်ကျလည်း ၆နာရီတည်းကထထိုင်ပြီး ငိုနေမိတယ် အဲ့လိုမျိုး ညမအိပ်ဘဲ ငိုနေမိတာကြောင့် မအိပ်ရလားဆိုပြီး အမေဆူတာပါခံလိုက်ရပါသေးတယ် အဲ့လိုဆူခံနေရချိန်မှာ ယွန်းရဲ့  engery ဖြစ်တဲ့ သင်းကိုဘဲ သတိရနေခဲ့မိတယ်

ယွန်းနိုးတော့ Facebook လည်း ပြန်ဝင်လို့ရနေပြီမလို့ ဝင်ကာ သင်း acc ကို ဝင်ကြည့်မိတယ် ဒါက နောက်ဆုံးအကြိမ် သင်းရဲ့ acc မှာ couple ပုံနဲ့ couple bio နဲ့အတူကို နောက်ဆုံးအကြိမ်မြင်လိုက်ရခြင်းပါ အဲ့လိုနဲ့ ယွန်းသိမ်းစရာရှိတာသိမ်းစည်း လုပ်ကိုင်ပြီးတော့ မနက် ၉ နာရီရောက်လာခဲ့တယ် .....

ယွန်းနဲ့သင်းတို့ တစ်ခါထပ် စကားပြောပြီးတော့  ရက် ၁၁၀ ပြည့်နေ့မှာ သင်းနဲ့ ယွန်းတို့ရဲ့ relationship ဟာ ပြီးဆုံးသွားခဲ့ပြီ ယွန်းပြင်ဆင်ထားခဲ့တာတွေအကုန်ပြီးသွားပြီ
ပြီးတော့လည်း သင်းနဲ့ ယွန်းတို့ရဲ့ couple ပုံတွေ bio တွေဟာ အကုန်ပျက်သွားခဲ့ပြီ......

ဒီလို online media ကပုံတွေသာ အကုန်ဖျက်လိုက်ပေမယ့် ယွန်းဖုန်းထဲမှာ မှတ်ထားနေကျ My bae ဆိုတဲ့ နာမည်နဲ့ ဖုန်းနံပါတ်ရယ် my bae ဆိုတဲ့ photo album ရယ် သင်းနဲ့ယွန်းတို့ anni app ဘာတစ်ခုမှ ယွန်းမဖျက်ခဲ့ပါဘူး ဒီအတိုင်းသိမ်းထားခဲ့တယ် ဘာလို့ဆို အမှတ်တရအများကြီးရှိလို့ပါ...

ကြယ်စင် - နင်တို့ တကယ်ဖြစ်သွားပြီလား

ယွန်း - ဘာကြောင့်မှန်းလည်း ငါသေချာမသိဘူး ငါအရမ်းရင်နာတယ်ဟာ ငါ့ရင်ဘက်ထဲ အရမ်း နာတာဘဲ ငါဆွဲထားလည်း သူလက်မခံတော့ဘူး ငါဘာအမှားလုပ်မိလို့လဲ

ကြယ်စင် - နင်တို့အတွဲ ဒီလောက်ချစ်ကြတာ ငါတောင်အားကျခဲ့ရတာကို ဘယ်လိုဖြစ်တာလဲ

ယွန်း - မပြောပါနဲ့တော့ဟာ" တောင်းပန်းပါတယ် မပြောပါနဲ့တော့ ငါအရမ်းရင်နာရလို့ပါ

ဆိုပြီး ယွန်းတစ်ယောက် ရင်နာနာနဲ့ တစ်ခါမငိုဖူးသောပုံစံနဲ့ အော်ဟစ်ပြီး ငိုနေခဲ့မိတယ် "သင်းဘာလို့လဲ ဘာလို့ထားသွားရတာလဲ ဘာလို့ကတိမတည်တာလဲ ယွန်းတို့ရဲ့ အနာဂတ် plan တွေကကော ဘာတွေဖြစ်ကုန်ပြီလဲ" ဆိုပြီးရေရွတ်ရင်း ငိုနေမိတယ်

တစ်မနက်လုံးငိုနေရင်းကနေ ယွန်းစိတ်နဲ့ လူနဲ့မကပ်တော့တာကြောင့် စိတ်ထဲမှာ အတွေးမှားတွေဝင်လာခဲ့​​တော့တယ်

ကြယ်စင် - နင် အဆင်ပြေရဲ့လား

ယွန်း - ဘယ်လိုလုပ်ပြေမှာလဲဟ

ကြယ်စင် - အေးပါ ငါနားလည်ပါတယ် ဒါပေမယ့် စိတ်နဲ့လူနဲ့ ကပ်အောင်နေနော် အရမ်းကြီး မလွတ်သွားနဲ့နော်

ကြယ်စင်ကတော့ ယွန်းကို စိတ်ပူပေးတာကြောင့် မှာနေပေမယ့် ယွန်းစိတ်ထဲ ကြယ်စင်ပြောတာတွေလည်းမသိတော့သလို ဘာဆိုဘာမှ မသိတော့ဘဲ သင်းရဲ့ acc ကိုသာ ထိုင်ကြည့်ပြီး ငိုနေခဲ့ပါတယ်

ညရောက်တော့ သင်းက သင်းကိုယ်တိုင်ပေးခဲ့တဲ့ nickname တွေနဲ့ chat item တွေကို သင်းကိုယ်တိုင် ပြန်ဖျက်လိုက်ပါပြီ ယွန်း ယူကျုံးမရကို ထပ်ငိုခဲ့ရတယ်

ယွန်း - တကယ်ကြီးလား တကယ်ကြီးထားသွားတော့မှာလား fix လုပ်ရအောင်ပါ အရင်တုန်းက fix တာအောင်မြင်ခဲ့တာဘဲလေ ဘာလို့လဲ

သင်း - တော်ပြီ ဘာ fix မှ ထပ်မလုပ်ချင်တော့ဘူး relationship ဆိုတာကြီးကို မကြိုက်တော့ဘူး bestie အနေနဲ့ဘဲ ဆက်ရှိနေပေးမယ်

"ဘာလို့လဲ ဘာလို့ အဲ့ bestie ဘဲပြောနေရတာလဲ ယွန်းသင်းကို bestieထဲက ကြိုက်ခဲ့တာလေ ဝန်မခံခဲ့တာဘဲရှိတာပါ ဘယ်လိုစိတ်နဲ့ ဒီလောက်အရမ်းချစ်ခဲ့ရတဲ့ကောင်မလေးကို bestie လိုမြင်နိုင်တော့မှာလဲ" "သင်းအတွက်နဲ့ဘဲ ယွန်း glow up လူပ်ခဲ့တာ သင်းအတွက်နဲ့ဘဲ ယွန်းဟင်းချက်သင်ခဲ့တာ သင်းကြောင့်နဲ့ဘဲ sf care self love တွေလုပ်လာတာ သင်းအတွက်နဲ့ဘဲ ယွန်းကြိုးစားခဲ့တာ အကုန်ဘာဖြစ်သွားပြီလဲ ဘာဆက်လုပ်ရတော့မှာလဲ ယွန်းတို့ရဲ့ Japan မှာ အခြေချပြီး တူတူကြိုးစားကျမယ်ဆိုတာတွေကကော ဘာဆက်လုပ်ရတော့မှာလဲ"........

ယွန်း - သူငါ့ကိုလုံးဝထားသွားပြီ သူငါ့ကိုမချစ်တော့ဘူး ငါသူ့ကို ဒီလောက်ချစ်ခဲ့ သူ့အတွက်နဲ့ ဒီလောက်အကုန်လုပ်ပေးခဲ့တာတောင် ငါက သူ့ရင်ထဲမှာ နေရာ တစ်နေရာလေးတောင် မရနိုင်ခဲ့ဘူးလား ဘာလို့လဲ

ကြယ်စင် - နင်သူ့ကိုအရမ်းချစ်မှန်းငါနားလည်ပါတယ် ဒါပေမယ့် နင်သူ့ကို မေ့ပစ်ဖို့ကြိုးစားတော့

ယွန်း - မရဘူး လုံးဝမမေ့နိုင်ဘူး သူက ငါ့အချစ်ဆုံးကောင်မလေး she is the best girl I've ever seen no one can't compare

ကြယ်စင် - ငါနားလည်ပါတယ် ဒါပေမယ့် နင်

ယွန်း - ထပ်မပြောနဲ့တော့ ဆိုကာ ယွန်းဆက်တိုက်ငိုနေရင်း တစ်နေ့တာ ဖြတ်သန်းခဲ့ရတယ်

နောက်နေ့နိုးလာတော့ နိုးနိုးချင်း ယွန်းရဲ့ စိတ်ထဲမှာ "ဟမ် ဒါအိမ်မက်မဟုတ်ဘူး တကယ်ဖြစ်သွားတာဘဲ ငါ့ဘေးနားမှာ အရင်လို သင်းမရှိတော့ဘူး မနက်တိုင်း ယွန်းကို ဂွတ်မောနင်းဆိုပြီး နှုတ်ဆက်နေကြသင်းမရှိတော့ဘူး" ဆိုကာ ယွန်းတစ်နေ့တာအစကို မျက်ရည်တွေနဲ့ စတင်ခဲ့ပါတယ်

ဒါပေမယ့် ဒီနေ့ ယွန်းအကြောင်းကြောင့် ကိစ္စတစ်ချို့ကို သိသွားခဲ့ပါတယ် သင်းက relationship ကြောင့် ပူလောင်တာကို မခံစားချင်တော့ဘူးတဲ့ 

အဲ့အချိန်မှာ "ငါ ဘယ်လိုပူလောင်အောင်လုပ်မိခဲ့လို့လဲလို့ မေးခွန်းထုတ်နေရင်း" ထပ်သိလိုက်တာက ယွန်းစိတ်ဆိုးလို့ စကားမပြောတဲ့အချိန်တွေဆို သင်းက တကယ့်ပူလောင်ပြီး ဘယ်လိုမှမနေနိုင်နိုင် မထိုင်နိုင် ဖြစ်တာတဲ့

"မဟုတ်ဘူး မဟုတ်ဘူး ယွန်းသင်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူး အခုတစ်ခေါက် ရပ်ဆက်တိုက် စကားမပြောတာကလည်း သူ့ကို စိတ်ဆိုးလို့မပြောခဲ့တာ မဟုတ်ဘူး သူ့အတွက်နဲ့ စဉ်းစားပြီး သင်းကို စကားမှားပြောမိပြီး ဝမ်းနည်းအောင်လုပ်မိမှာဆိုးလို့ ရှောင်ခဲ့တာပါ သင်းအတွက်ဘဲ လုပ်ခဲ့တာပါ မရှောင်ဘဲ သင်းဆီမှာ စကားပြောနေရင်ယွန်းပိုတောင်စိတ်ချမ်းသာရပါတယ် ဒါပေမယ့် သင်းကို အရင်တစ်ခေါက်လို စကားမှားပြီး ဝမ်းနည်းအောင်လုပ်မိမှာဆိုးတဲ့ စိတ်နဲ့ ပြောချင်တဲ့ စိတ်တောင်ထိန်းပြီး သင်းအတွက်နဲ့ဆိုပြီး မပြောဘဲနေခဲ့တာပါ".......

ယွန်း -သူ အထင်လွဲနေတာလားမသိဘူး

ကြယ်စင် - အဲ့တာဆို မြန်မြန်ရှင်းပြလိုက်လေ

ယွန်း - ငါသူ့ကို အတိုချုပ် ရှင်းပြပြီးပြီ ဒါပေမယ့် သူလက်မခံတော့ဘူး

ကြယ်စင် - အာ့ဆို နင် အစအဆုံးရှင်းပြလိုက်လေ

ယွန်း - အတိုချုပ်ရှင်းပြတာတောင်လက်မခံတော့တာ ငါဘယ်လိုသွားရှင်းပြရမှာလဲ

ကြယ်စင် - နင်အရမ်းခံစားနေရမှန်းသိပါတယ် အဆင်ပြေသွားမှာပါ အချိန်တစ်ခုဘဲ တောင့်ခံပေးပါ

ယွန်းတစ်နေလုံး ဘာစာမှမလုပ်နိုင် ဘာမှမလုပ်နိုင်မကိုင်နိုင်နဲ့ပေါ့ ညရောက်တော့ ယွန်းကို ရိပ်မိသွားကြတယ် ထင်ပါရဲ့ ယွန်းရဲ့ သူငယ်ချင်းအချို့ ယွန်း ဆီရောက်လာပြီး

နဒီ - နင်တို့ဘယ်လိုဖြစ်သွားတာလဲ အရင်တစ်ခေါက် ရက် ၁၀၀ ပြည့်လို့ ငါတောင်ဝမ်းသာပေးပြီး ဆုပေးခဲ့တာလေ အခုဘယ်လိုဖြစ်တာလဲ

ယွန်း - ငါ့ကို အသေးစိတ်တွေ ထပ်မမေးပါနဲ့တော​့ ငါထပ်ပြောရင် မခံစားနိုင်လို့ပါဟာ

နဒီ - တစ်ပတ်ဘဲ တောင့်ခံလိုက်ပါ နင်ခံစားနေရမှန်းနားလည်ပါတယ် ပြီးရင် မေ့လိုက်တော့

ယွန်း - နိုး ငါသူ့ကို လုံးဝမမေ့နိုင်ဘူး သူက ငါအချစ်ဆုံးကောင်မလေး the best girl ဘဲ ဘယ်သူနဲ့မှ သူ့ကိုအစားမထိုးနိုင်သလို ယှဉ်လဲ မယှဉ်နိုင်ဘူး

နဒီ - ယွန်း နင်တကယ်ချစ်မိသွားပြီဘဲ နင်တကယ်ကို you found a real love ဖြစ်သွားတဲ့အချိန်ကိုမှ...... ဖရု  တစ်ပတ်ဘဲ တောင့်ခံလိုက်ပါ နောက်ကျရင် ခံစားရတာ သက်သာသွားမှာပါ

ထိုနည်းအတူ နောက် friend  ၂ယောက်ကလည်း ယွန်းကို နှစ်သိမ့်ခဲ့ပါတယ် ယွန်းကို နှစ်သိမ့်ပေးတဲ့သူလည်းရှိသလို လှောင်တဲ့သူလည်းရှိတာပေါ့ တစ်ခြားသူမဟုတ်ပါဘူး ယွန်း သူငယ်ချင်းပါဘဲ

Someone - ဟ စော်ပစ်ခံရပြီလား စော်ပစ်မ ဘာလို့ ပစ်သွားတာလဲ ခြံခုန်လို့လား ခြံခုန်ခုန် မခုန်ခုန် စော်ပစ်ခံရတာတဲ့ နွားမ ပါဘဲ သနားပါတယ် ကျွတ်"

ယွန်း - ငါ့ကိုလှောင်လိုက်ရလို့ စိတ်ချမ်းသာသွားလား စိမ်းချမ်းသာရင် go တော့

Someone - အော် ဟုတ်သား စော်ပစ်မ က အသည်းကွဲနေမှာဘဲ မြက်များ"စား သက်သာသွားလိမ့်မယ်

အဲ့လိုမျိုး ယွန်းကို လှောင်သွားတဲ့သူက တစ်ခြားသူမဟုတ်ပါဘူး အရင်က သူစိတ်ညစ်တုန်းက ယွန်းဆီ ကပ်ပြီး အကြံညဏ်ယူခဲ့သူပါ သူဒုက္ခရောက်တုန်း ယွန်းကူပေးဖူးခဲ့တဲ့သူက ယွန်းကို ပြန်လှောင်နေတော့ ခံရတော်"ခက်ပါတယ်

ညဘက်ကြီး ယွန်းအတွေးများစွာဝင်လာခဲ့ပါတယ် "အော် ငါက ဘာတစ်ခုမှမပြောင်းလဲမသွားပါဘူး အရင်ကယွန်းပါဘဲ ငါဘာတွေ ဘယ်လောက်လုပ်ပေးခဲ့ လုပ်ပေးခဲ့ နောက်ဆုံးတော့ အဲ့ဒါတွေက အရာမထင်တဲ့အပြင် အပူတောင်ပိုပေးသလိုဖြစ်သွားတာဘဲ နောက်ဆုံးတော့ ငါဟာ အနှောင့်ယှက်ပေးခဲ့မိတဲ့သူဘဲဖြစ်သွားတာပါဘဲ" ငါ့မှာ ဘယ်သူမှမရှိတော့ဘူး ဘာလို့ငါ့ဘေးနားမှာ ဘယ်သူမှမရှိပေးကြတာလဲ ငါချစ်တဲ့သူတွေအကုန်လုံးကလည်း ငါ့ကိုထားသွားတာမဟုတ်ရင် စိမ်းကားသွားကြတာချည်းဘဲ ငါကဘာတွေများဖြစ်နေလို့ ငါ့ဘေးနားမှာ တစ်ယောက်တောင်မရှိရတာလဲ ဘာလို့အကုန်လုံး ငါ့ကိုထားသွားကြတာလဲ ငါက ဘာတွေများဖြစ်နေလို့လဲ ဘာလို့ ကိုယ်ချစ်တဲ့သူကိုတောင် မဆွဲထားနိုင်ရတာလဲ ငါကတကယ်အသုံးမကျတဲ့သူ ငါ့ဘေးနားမှာ ဘယ်သူမှမရှိသလို ငါကလည်း ဘယ်သူ့အတွက်မှလည်း အရာမဟုတ်တဲ့အတူ ငါသာမရှိတော့ရင်ကောင်းသား" ဆိုပြီး အတွေးများစွာ ဝင်လာခဲ့ပါတယ်  အဲ့အချိန်မှာဘဲ

ကြယ်စင် - နင်ဘာလုပ်နေလဲ စိတ်လိုက်မာန်ပါနဲ့ မဟုတ်တာတွေ လျှောက်မလုပ်နဲ့နော် နင်သူ့ကို အရမ်းချစ်မှန်း ငါသိပါတယ် ဒါပေမယ်​့ တစ်ပတ်လောက်အချိန်ပေးလိုက်ပါ တစ်ပတ်အတွင်း ကိုယ့်ကို ထိခိုက်အောင် ကျန်းမာရေးထိခိုက်အောင်တွေလျှောက်မလုပ်နဲ့နော်

ကြယ်စင် သတိပေးလိုက်တော့မှ ယွန်း နည်းနည်းအသိစိတ်ပြန်ဝင်ပြီး ကိုယ့်ကိုကိုယ်သတ်သေမယ် ဆိုတဲ့ အတွေးဟာပျောက်သွားတော့တယ်

"အော် အသည်းကွဲတယ်ဆိုတာ ဒါပါလား ထင်ထားတာထက် ခံရအရမ်းခက်တာဘဲ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ပထမဆုံးဘဲ"

ယွန်းအမေ - ဦးက မန္တလေးသွားတော့မှာ နောက်အပတ် လိုက်မှာလား

"မန္တလေး ....... သင်းမှမရှိတော့တာ လိုက်ပြီး ဘာလုပ်ရမှာလဲ"

ယွန်း - မလိုက်တော့ဘူး

ယွန်းအမေ - အယ် တကယ်လား

ယွန်း - omm

ယွန်း အမေ - ဘာမှားအုံးမလဲ

ယွန်း - ဘာမှမမှာတော့ဘူး

ယွန်းအမေ - ပြီးရော"

"အော် အခုလိုသာမဖြစ်ခဲ့ရင် ငါသင်းကို မန္တလေးသွားပြီး surpriseတောင်လုပ်လို့ရနေတော့မှာပါ ဒါပေမယ့် အခုတော့......."

ကြယ်စင် - တန်ဒန်ဒန်

ယွန်း - အော် မိုက်သားဘဲ

ကြယ်စင်- အရသာက တကယ်စားကောင်းတာ သိလား

ယွန်း - ဟုတ်လား နင်အစားပုံတွေလာပို့မှ ငါဘာမှ မစားတာ ၂ ရက်ရှိနေပြီ

ကြယ်စင် -ဟယ်စားလေဟဲ့ အသည်းကွဲတာက ကွဲတာ ကျန်းမားရေးကိုထိခိုက်အောင်လုပ်လို့မရဘူးလေ

ယွန်း - ငါဗိုက်မဆာတာ စားချက်စိတ်လည်းမရှိဘူး

ကြယ်စင် - စားချင်စိတ်လည်းမရှိလည်း စားရမှာဘဲလေ ကျန်းမာရေးကိုတော့ဂရုစိုက်ရမယ်လေ

ယွန်း - အေးပါ စားလိုက်ပါမယ်

ယွန်းအဲ့လိုပြောခဲ့ပေမယ့် ဘာမှ မစားခဲ့ပါဘူး ရေသောက်တာကလွဲလို့ ကျန်တဲ့အချိန်တွေကို အခန်းထဲမှာ ပိတ်နေပြီး ငိုနေမိတယ်

ယွန်းညီမ - ဘာမှမစားဘူးလား

ယွန်း - ရတယ် မစားတော့ဘူး

ယွန်းညီမ - ဒီလိုဘဲ အခန်းထဲပိတ်ပြီး သင်းသင်းဆိုပြီးဘဲ ငိုနေတော့တာမှာလား

ယွန်း -  omm

ယွန်းညီမ - ငိုတာက ငိုတာလေ အစားတော့စားအုံးမှပေါ့ ကျန်းမာရေးထိခိုက်မယ်နော်

ယွန်း - စားချင်ရင် လာစားလိုက်မယ်

ယွန်းညီမ - omm စားမယ်ဆို အပြင်ထွက်လာခဲ့

ယွန်းအဲ့လိုတွေပြောခဲ့ပေမယ့် ဘာဆိုဘာမှလည်း မစားခဲ့တာကြောင့်ရယ် အိပ်ချိန်တွေနည်းသွားတာရယ် ငိုတာတွေရယ်ကြောင့် သွေးပေါင်ချိန်တွေကျကာ အားနည်းသွားတာကြောင့် ဆေးခန်းသွားပြီး ဆေးထိုးကာ ဆေးတွေသောက်ရတဲ့အထိဖြစ်သွားပါတယ်

ယွန်းညီမ - တွေ့လား စားဆိုရင် မစားဘူး အခုဖြစ်ပြီ တစ်ချိန်လုံး သင်းဘဲပြောပြီး ငိုဖို့ဘဲ သိတယ် ကလေးလည်းမဟုတ် တကယ်စိတ်ညစ်တယ်

ယွန်းတစ်ပတ်လုံး အခြေအနေတော်"ဆိုးခဲ့ပါတယ် နေကမကောင်း ငိုနေတာကမရပ်နဲ့ပေါ့.....

ယွန်းညီမ - ငိုဘဲ ငိုမနေပါနဲ့  အစားလေးတော့စားပါအုံး တကယ်ဘဲ သူများကိုပါ ငိုအောင်လုပ်တယ်

ယွန်း - အော် မငိုပါနဲ့ စားပါမယ် အသီးဘဲ ကျွေး အသီးဘဲစားမယ်

ယွန်းညီမ - ပြီးရော

-------------------------------------------

ယွန်းက သင်းကို see first ကနေလည်း မဖြုတ်ခဲ့ပါဘူး အဲ့ဒါကြောင့် သင်းဘာ post share " ဘာဘဲ မန့်"အကုန်တွ့နေရတာပေါ့

"တကယ်ကြီးလား တကယ်နေနိုင်တာလား ယွန်းက ဒီလို ဘုန်း"လဲကျနေချိန်မှာ သင်းတကယ်နေနိုင်နေတာလား သင်း ဘယ်တုန်းတည်းက ယွန်းကိုမချစ်တော့တာလဲဟင် ဘာလို့လဲ"

ဒီလိုနဲ့ တစ်ပတ်တာအတောအတွင်းမှာ ယွန်းတော်"ကို ခံစားခဲ့ရပါတယ် တစ်ခါမှ မခံစားဖူး မဖြစ်ဖူးတဲ့အတိုင်းခံစားခဲ့ရတာပါ

ကြယ်စင် - နင် အဆင်ပြေလား

ယွန်း - omm နည်း"ပြေပါတယ်

ယွန်းလည်း ကြယ်စင့်ကို တစ်ပတ်အတွင်း တော်"အနှောင့်ယှက်ပေးခဲ့ပြီးပြီလေ ကြယ်စင်မှာလည်း သူ့ရည်းစားနဲ့ သူပျော်ဖို့အချိန်လိုသေးတယ်လေ အဲ့ဒါနဲ့ ကြယ်စင့်ကို ဒုက္ခထပ်မပေးချင်တာကြောင့် ယွန်းလိမ်လိုက်ပါတယ်

ဒီလိုနဲ့ ယွန်းဟာ အဲ့အချိန်က စပြီး စကားပြောဖော်ဆိုတာ ဘယ်သူဆိုဘယ်သူမှ မရှိတော့ဘူး ကြယ်စင်က တစ်ခါတစ်လေ အဖော်လာလုပ်ပေးပင်မယ့် သူ့မှာလည်း ရည်းစားရှိတာကြောင့် သူ့ကိုလည်း ယွန်းအရင်စကားစပြီး သွားပြောတာတွေ မလုပ်တော့ပါဘူး ယွန်းမှာ အစတည်းက စကားပြောဖော်ဆိုလို့ သင်းဘဲရှိတာပါ ကျန်တဲ့သူတွေက အကြိုက်မတူတော့ စကားမစဖြစ်ကြဘူးပေါ့ အဲ့တော့ ယွန်းတစ်ယောက်တည်းဘဲ အရင်လိုဘဲ အထီးကျန်စွာနဲ့ ဖြတ်သန်းခဲ့ရတယ်

သင်းကို မေ့ဖျောက်ဖို့အတွက် အစုံလုပ်ခဲ့တယ် ဒါပေမယ့် သင်းကို လွမ်းနေတုန်းဘဲ edit ရင်လည်း သင်းရဲ့ supportingလေးတွေ ပြန်သတိရမိတယ် anime ကြည့်ပြန်တော့လည်း အကြိုက်ဖလှယ်ခဲ့တဲ့ ပုံရိပ်တွေသတိရတယ်..... fic တို့ manhwa တို့က ပိုဆိုးတာပေါ့ အဲ့ဒါကြောင့် ယွန်း ruining man တို့လို the return of superman လို ဟာသ show တွေကြည့်ပြီး စိတ်ဖျောက်ပေမယ့်လည်း မရခဲ့ပြန်ဘူး

ဘာလို့ ဒီလောက်ထိဖြစ်နေလဲသိလား သင်းက ယွန်းစိတ်ထဲ တော်"နေရာယူခဲ့တာမလို့လေ

ယွန်း မနက်နိုးတိုင်း ယွန်းရဲ့ စိတ်ထဲမှာ ငါ့ဘေးနားမှာ သင်းမရှိတာ့ဘူးဆိုတဲ့ စိတ်နဲ့ နိုးထရသလို ညအိပ်ရင်လည်း သင်းအကြောင်း မစဉ်းစားဘဲ အိပ်တဲ့နေ့ဆိုတာ မရှိခဲ့ပါဘူး ယွန်းကို အရင်လို supporting ပေးတဲ့ကောင်မလေးမရှိတော့ဘူး ယွန်းစိတ်ညစ်နေရင် အားပေးတဲ့ ကောင်မလေးမရှိတော့ဘူး ယွန်းနဲ့ ဟာသတွေပြော anime တွေပြောပြီး အကြိုက်တွေဖလှယ်ကြတဲ့ ကောင်မလေးမရှိတော့ဘူးမနက်တိုင်း နှုတ်ဆက် ညအိပ်ရာဝင်တိုင်း နှုတ်ဆက်တဲ့ ကောင်မလေးမရှိတော့ဘူး

ယွန်းစာသင်နေရင်း စောင့်နေကြ message တွေမရှိတော့ဘူး အလုပ်လုပ်ရင်းစောင့်နေကြ message တွေမရှိတော့ဘူး မနက်နိုးတိုင်း နှုတ်ဆက်ထားတဲ့ message တွေမရှိတော့ဘူး  ........
မရှိတော့မှန်းသိနေပေမယ့်လည်း ယွန်းရဲ့ မသိစိတ်မှာ အဲ့ဒါလေးတွေကို စောင့်နေမိတုန်းဘဲ

ဒီလိုနဲ့တစ်နေ့

ကောင်းမြတ် -  အဆင်ပြေရဲ့လား

ယွန်း - ပြေတယ်လည်းမဟုတ် ပြေတယ်လည်း မဟုတ် ဒီလိုပါဘဲ

ကောင်းမြတ် - တစ်နေ့အဆင်ပြေသွားမှာပါအချိန်ဘဲလိုတယ်

ယွန်း - မပြေဘူး the best girl I've ever seen ကို ဆုံးရှုံးလိုက်ရတာဟ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး

ကောင်းမြတ် - ဒါပေမယ့်လည်း အခြေအနေတွေ အခုလိုဖြစ်သွားပြီလေ

ယွန်း - ငါသိတယ် မပြောပါနဲ့တော့

ကောင်းမြတ် - ပျော်"နေစမ်းပါဟာ တစ်ချိန်လုံး အသည်းထိုင်ကွဲနေစရာမှမလိုတာ

ယွန်း - ငါသူ့ကို ချစ်နေတုန်းဟဲ့

ကောင်းမြတ် - အဲ့တာဆို ကြိုးစားလေ အခုလို အသည်းကွဲပြီး ထိုင်ငိုနေလို့ ဘာမှ မဖြစ်လာဘူး

ကောင်းမြတ် ပြောလိုက်တာက ယွန်းကို အားရသွားစေပါတယ် ဘာလို့ဆို ယွန်းအဲ့လို စကားကို ကြားချင်နေခဲ့တာပါ ဘယ်သူမှ အဲ့လိုမပြောခဲ့ဘဲဘဲ မေ့လိုက်တော့ တစ်နေ့ အဆင်ပြေသွားမှာပါ ဆိုတာကြီးဘဲ ကြားနေခဲ့ရတာ အခု အားပေးစကားကြောင့်
"ဟုတ်တယ် ငါကြိုးစားရမယ် ငါသင်းကို မပြောပြလိုက်တာတွေ သူအထင်လွဲနေတာတွေ ရှင်းပြချင်တယ် ဘယ်လိုလုပ်ရမှာလဲ ........ဟမ် ဟုတ်ပြီ fic အဖြစ်အသွင်ပြောင်းပြီး အကုန်ရှင်းပြချင်တယ်" ဆိုကာ ယွန်း တစ်ယောက် သင်းမသိခဲ့တာတွေ ယွန်းရဲ့ စိတ်ရင်းအမှန်တွေကို fic အဖြစ်အသွင်းပြောင်းကာ fic စရေးတော့ပါတယ်
အရင်ထဲက ယွန်းမှာသင်းနဲ့ fic ရေးချင်တဲ့ ဆန္ဒရှိခဲ့တာပါ ဒီလိုမဟုတ်တဲ့ ending နဲ့ပေါ့......

ဒီလိုနဲ့ ယွန်း fic စရေးပြီး fic မှာ အမှတ်တရတွေကို တစ်ယောက်တည်း ပြန်လည်ဖန်တီးပြီး တစ်ယောက်တည်း ပျော်လိုက် ငိုလိုက်နဲ့  fic ကိုစိတ်နှစ်ကာ ရေးခဲ့ပါတော့တယ်

ယွန်းမှာ စကားပြောဖော်တောင် မရှိတော့တဲ့အတွက် fic ရေးရင်း အမှတ်တရအဟောင်းတွေကြားမှာ ပျော်မွေ့လိုက် တစ်ခုခုပြောချင်ရင် သင်းရဲ့ ပုံကိုကြည့်ပြီး ပြောလိုက် လုပ်ခဲ့တယ်

ယွန်းနောက်ပိုင်း အမြဲလုပ်လိုက်တာက သင်းရဲ့ ပုံကိုကြည့်ပြီး အရင်လို စကားတွေပြောပြီး ရင်တွေဖွင့်နေမိတယ်

"ယွန်း အမေနဲ့ ဦးတို့ မန္တလေးသွားပြီ သိလား ဒီလိုအခြေအနေသာမဖြစ်ခဲ့ရင် အဲ့မှာ ယွန်းပါနေတယ် သိလား"

"သေချာကြည့်မှ သင်းက နှာခေါင်းမှာ မှည့်လေးနဲ့ဘဲ အရမ်း kawaii တယ်သိလား"

" ယွန်းလေ စာတွေ လုပ်နေပေမယ့် အာရုံမစိုက်နိုင်တော့ဘူးသိလား စာလည်းလုပ်ချင်စိတ်တွေမရှိတော့ဘူး"

"Ohayou ဒီနေ့က ၁၈ ရက်နေ့ သိလား ယွန်းတို့သာ မပြတ်ခဲ့ရင် ၄ လပြည့်ပြီသိလား သင်း ဒီနေ့ကို မှတ်မိလားဟင် မေ့ရင်လည်း မေ့နေမှာမှာပေါ့နော် သင်းတော့ ဒီနေ့ကို ဘယ်လို ဖြတ်သန်းလည်း မသိဘူး ယွန်းတော့ မနက်နိုးတည်းက မျက်ရည်နဲ့ မျက်ခွက်ဘဲ သိလား"

" ယွန်းတို့ စာမေးပွဲဖြေနေပြီ အရမ်းခက်တာဘဲ ခေါင်းရှုပ်ပြီး stress တွေပိတာအရမ်းဘဲ သိလား"

"ယွန်းစာမေးပွဲပြီးသွားပြီ အမှတ်တော့ ကောင်းမယ်မထင်ဘူး အောင်ရင်ဘဲ ရပါပြီ"

" ယွန်းတို့ သီတင်းကျွတ်အတွက် တစ်ပတ် class ပိတ်တယ် ပြီးရင် class အချိန်တွေပြောင်းတော့မှာ အရမ်းပင်ပန်းတာဘဲ သိလား"

"ယွန်းအစာမစားလို့ နေကောင်းသက်သာအောင်ဆိုပြီး seafood hot pot လိုက်ကျွေးတယ်သိလား ဆိုင်ကအသစ်ကြီးဆိုတော့ အရမ်းမိုက်တယ် Japan food တွေဆိုအများကြီးဘဲ သိလား spicy ခေါက်ဆွဲတို့ မာလာရှမ်းကောတို့ကောဘဲရှိတယ် သင်းသာဆိုဒါတွေကို အရမ်းကြိုက်မှာ  "

"ယွန်းလေ ထလိုက်တော့ ဗီရို တံခါးစောင်းနဲ့ ခေါင်းနဲ့စောင့်မိတာ အရမ်းနာတာဘဲ သိလား ခေါင်းတောင်ပေါက်သွားတယ် အခုဆေးထည့်ထားရတယ် အဲ့တုန်းကလည်း ယွန်းတစ်ခါတည်း သေသွားရင်ကောင်းမယ်ဆိုတဲ့ အတွေးလေးပါ ဝင်လာတယ် သိလား"

"မနက်ဖြန် သီတင်းကျွတ်ပြီ ဒီနေ့ တစ်နေကုန် လူကြီးတွေကို ကန်တော့ဖို့အတွက် ပစ္စည်းတွေလိုက်ဝယ်တာနဲ့ အမေ့ကို ကူပေးရတာ အရမ်းပင်ပန်းတာဘဲ သိလား"

" ဒီနေ့ သီတင်းကျွတ် တစ်နေကုန် လူကြီးတွေလိုက်ကန်တော့တာ ပင်ပန်းပင်မယ့် မုန့်ဖိုးတော့အများကြီးရတယ် သိလား ဒီမုန့်ဖိုးနဲ့က ယွန်း အရင်ကဝယ်ချင်ခဲ့တဲ့ couple လက်ကောက်လေးကို ဝယ်လို့ရတယ်သိလား"

"ဒီနေ့ သီတင်းကျွတ် သင်း ဘာလုပ်နေလဲ  ယွန်းတော့ ထုံးစံအတိုင်း အိမ်ရှေ့ မီးထွန်းကြတယ် မီးထွန်းရင် ယွန်း တစ်ခုဆုတောင်းမိတယ်သိလား သင်းယွန်းကို ပြန်ချစ်ပြီး ယွန်းဆီပြန်လာပေးဖို့ကိုလေ"

"ယွန်းလေ ဟိုကြည့်ဒီကြည့်လုပ်ရင်း ကြက်သွန်ဖြူအသေးအလွယ်ခွာနည်းကို  တွေ့ထားတယ်သိလား သင်းကော ကြက်သွန်ဖြူခွာရတုန်းလား"

"သင်းအရင်တစ်ခါစမ်းပြီး မရလိုက်တဲ့ omelette rice လေ အဲ့ထဲက ယွန်း သင်းအတွက်ဆိုပြီး သင်လိုက် စမ်းလိုက်လုပ်နေတာ ဒီနေ့အောင်မြင်သွားပြီသိလား"

" true beauty က anime ထွက်တော့မယ်ဆို သင်းသိလား ယွန်းတော့ မကျေနပ်ဘူး တစ်ခြား webtoon ကောင်းတွေရှိနေတာကို ဘာလို့ true beauty ကိုရွေးမှန်းမသိဘူး"

"ယွန်း ဒီနေ့လည်း တစ်ယောက်တည်း အပြင်ထွက်ရတယ်သိလား ယွန်းအရမ်းကြောက်တာဘဲ"

"ယွန်း အင်ယားကန်ကို သွားခဲ့ရတယ် သိလား ယွန်းအဆုံးထိတောင် လမ်းမလျှောက်နိုင်ခဲ့ဘူး ယွန်း အမှတ်သားလုပ်ထားတဲ့ ခုံကို မြင်ရင် လမ်းလယ်ကြီးမှာ ယွန်းငိုမိမှာဆိုးလို့ အတင်းပြန်လှည့်လာပြီး ကားနောက်ထဲမှာ ဝင်ငိုနေမိတယ်သိလား"

"ဒီနေ့ Halloween နော် ဒီမှာက trick or treat တွေမရှိတော့ ပျော်ဖို့မကောင်းဘူး ယွန်းဒီည အိပ်ပျော်ပါ့မလားမသိဘူး ယွန်းသရဲအရမ်းကြောက်တယ်လေ"

"သင်း ပျော်နေတာလား သင်းရဲ့ မန့်တွေအကုန်မြင်တယ်သိလား post တွေကောဘဲ profile လည်း နေ့တိုင်းဝင်ကြည့်မိတယ်သိလား ဘာလို့ acc name ကို ချိန်းထားတာလဲ bio မှာလည်း အဓိပ္ပါယ်မသိတုန်းက လန့်သွားသေးတယ် သင်းပျော်နေပေမယ့် ယွန်းကတော့ အခုထိ သင်းကို ချစ်တုန်း သတိရတုန်း သင်းမရှိတဲ့နေ့တွေကို ငိုပြီး ဖြတ်သန်းရတုန်းဘဲ သိလား"

ဆိုပြီး သင်းပုံကိုကြည့်ပြီး ယွန်း တစ်ခုခုဖြစ်တိုင်း သင်းဆီလာပြောနေကြသလိုမျိုး သင်းပုံကိုကြည့်ပြီး ယွန်းဒီလိုအမြဲပြောဖြစ်တယ်

သူများတွေအမြင်မှာတော့ ယွန်း ရူးနေလားပေါ့ ဒါပေမယ့် ယွန်းအတွက်တော့ ဒါလေးက စိတ်ဖြေရာတစ်ခုပါဘဲ

သူများတွေက ပြောကြတယ် တစ်ပတ်နေရင် အဆင်ပြေသွားမှာပါ နှစ်ပတ်နေရင် အဆင်ပြေသွားမှာပါ အပြင်ထွက်ရင် အဆင်ပြေသွားမှာပါ တစ်လပြည့်ရင် လုံးဝအဆင်ပြေသွားမှာပါဆိုပြီး ပြောကြတယ်

ယွန်း အပြင်လည်း ထွက်သလို အချိန်တွေဟာက ကြာသထက်ကြာလာပါတယ် ဒါပေမယ့် ယွန်းသင်းကိုချစ်တာက လုံးဝမလျော့သွား တစ်ရက်မပြောနဲ့ အပြင်သွားရင်းတောင် သင်းကို သတိရတယ်

တစ်ခါတစ်လေကျ အရင်အချိန်တွေ ပြန်လွမ်းမိတယ် အပြင်သွားတိုင်း ယွန်းတစ်ခုစဉ်းစားမိတယ် အရာအားလုံးက ပုံမှန်ဖြစ်နေသလိုဘဲ ဒါပေမယ့် ငါ့အတွက်တော့ ပုံမှန်မဟုတ်တော့ဘူး ငါ့ရင်ထဲ တစ်ခုခုလိုနေတယ် ဘယ်လိုမှ ပုံမှန်လို လိုက်လျောအောင်မနေနိုင်ဘူး....

Online ကနေ တွေ့ဆုံခဲ့ကြပေမယ့် ယွန်းရဲ့စိတ်ထဲမှာတော့ တကယ်ကိုနေရာယူနိုင်ခဲ့တဲ့ တစ်ယောက်တည်းသော သူပါ အဲ့ဒါကြောင့်အရမ်းချစ်တယ် အခုထိ ချစ်တုန်းပါဘဲ

ယွန်းအခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကလေ တစ်ခုဘဲရှိပါတယ် တစ်ခြားဘာမှမတောင်းဆိုဘူး သင်း ယွန်းကို ပြန်ချစ်ပြီး ယွန်းဆီပြန်လာပေးဖို့လေးပါဘဲ

ယွန်း ဒီ fic ကို ရေးခဲ့တဲ့အဓိက အကြောင်းက သင်းမသိခဲ့တဲ့ ယွန်း..... ယွန်းရဲ့ အကြောင်းတွေ ယွန်းသင်းကို ဘယ်လောက်ချစ်ခဲ့တာတွေ အရမ်းချစ်လွန်းလို့ ကွကိုယ် အားမလိုအားမရဖြစ်တာတွေ သင်းအတွက်ဆိုတဲ့ စိတ်နဲ့ နောက်ကွယ်ကနေ ကြိုးစားခဲ့တာတွေ သင်းမသိခဲ့ အထင်လွဲခဲ့တာတွေကို ရှင်းပြချင်တာတွေရယ် အကုန်လုံးကို တစ်ယောက်တည်း အမှတ်တရအဟောင်း ပြန်လည်ပုံဖော်ရင်း စိတ်ရင်းနဲ့ ရေးခဲ့တာပါ

End ~~~

Sol ရဲ့ရေးတတ် ရေးတတ်နဲ့ fic ကို အားပေးခဲ့ကြတဲ့ reader တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 🙇‍♀️ ပထမဆုံးရေးတာမလို့ အရေးအသားမကောင်းတာတွေရှိရင် တောင်းပန်းပါတယ် 🙇‍♀️

Thank you very much❤️

Continue Reading

You'll Also Like

13.6K 400 9
When the Marauder era got a letter from golden era saying that there is second wizarding war, and they are going to watch the life of two Potter in o...
1.4K 81 7
ကမ္ဘာကုန်ကျယ်သရွှေ့ပြေးစမ်းပါ စေလေ။မေခက်ကတော့ သူမကို တွေ့အောင်ရှာမည်။ဥတုတစ်ဥတု ၌ သူမကိုပြန်ရှာတွေ့နိူင်ကောင်းပါရဲ့။ဟင်း....!ဒီနွေဦးသာဖြစ်လိုက်စမ်းစေခ...
15K 439 21
မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ
26.6K 1.2K 21
Skye Stark hopes her children, Hope and Lucas will not follow in her footsteps and create weapons and Iron suits. But when Hope starts to create her...